ရေး အမြောက်တပ်အနီးတွင် တပ်ကြပ်ကြီးတစ်ဦးကို ရေးဘီလူး အရှင်ဖမ်းမိ
4 Nov 2026 By MPA
မွန်ပြည်နယ်၊ရေးမြို့နယ်အခြေစိုက် အမှတ်၃၁၆အမြောက်တပ်ရင်းက တပ်ကြပ်ကြီးကို လက်ပစ်ဗုံးတစ်လုံးနှင့် အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၄ရက်)ညနေ ၅နာရီခန့်တွင် ရေး-ထားဝယ်လမ်းပိုင်းပေါ်ရှိ အမှတ်၃၁၆ အမြောက် တပ်ရင်းအနီးတွင် တပ်ကြပ်ကြီးကျော်သူဝင်းကို အရှင်ဖမ်းမိခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14194/

👏11❤3👍3😁1
MPA နံနက် ၇ နာရီသတင်း (၅ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
ICJ စီရင်ချက်ကို မလိုက်နာရင် မြန်မာကို ကုလလုံခြုံရေးကောင်စီက အရေးယူနိုင်
ရိုဟင်ဂျာ တစ်သန်းကျော်အရေး ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တရုတ်ကို အကူအညီတောင်း
မိုင်းလားမှာ အတုအယောင်ကြားဖြတ်ရွေးကောက်ပွဲလုပ်ချင်လို့ NDAA ကို ဖားနေတဲ့ စစ်ကောင်စီ
မြန်မာမူးယစ်ဆေးဝါးခေါင်းဆောင်ဟု စွပ်စွဲခံရသူကို ထိုင်းရဲဖမ်းဆီးပြီး စစ်ကောင်စီထံ လွှဲပြောင်း
လေအေးနဲ့ လေနွေးဆုံတွေ့မှုကြောင့် မြောက်ပိုင်းဒေသတွေမှာ မိုးကြိုးနဲ့ လေပြင်းသတိပြုဖို့လို
အင်ဒိုနီးရှားသမ္မတနဲ့ အစိုးရအရာရှိတွေကို ဖုန်းကြားဖြတ်နားထောင်ခဲ့တဲ့ ရဲအရာရှိ ၃ဦး ဖမ်းဆီးခံရ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/0l3KEF_E0Mk

YouTube
MPA 7 AM News Update | November 5, 2026
- ICJ စီရင်ချက်ကို မလိုက်နာရင် မြန်မာကို ကုလလုံခြုံရေးကောင်စီက အရေးယူနိုင်
- ရိုဟင်ဂျာ တစ်သန်းကျော်အရေး ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တရုတ်ကို အကူအညီတောင်း
- မိုင်းလားမှာ အတုအယောင်ကြားဖြတ်ရွေးကောက်ပွဲလုပ်ချင်လို့ NDAA ကို ဖားနေတဲ့ စစ်ကောင်စီ…

🔥3👍2
လှိုင်သာယာတွင် ဇနီးဖြစ်သူကို အလုပ်ပို့ပြီး ပြန်လာသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးပျောက်ဆုံးနေ
5 Nov 2026 By MPA
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရိုးလေး၊ ဂန္ဓမာလမ်းတွင် နေထိုင်သူ အသက် ၂၃နှစ်အရွယ် မောင်ချစ်မင်းနိုင်သည် နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီကျော်မှစ၍ အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေသဖြင့် မိသားစုက ကူညီရှာဖွေပေးရန် တောင်းဆိုထားသည်။
မောင်ချစ်မင်းနိုင်သည် ပျောက်ဆုံးသည့်နေ့ နံနက်ပိုင်းတွင် ဇနီးဖြစ်သူကို စက်ဘီးဖြင့် စက်ရုံသို့ လိုက်ပို့ခဲ့ပြီးနောက် နေထိုင်ရာအဆောင်သို့ ပြန်လာခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14197/

🔥3❤2👍1
စစ်တပ်ဖိအား၊ အွန်လိုင်းဂိမ်းနှင့် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် စစ်မှုထမ်း လူစားထိုး ဝင်ရောက်သူများရှိလာ
5 Nov 2026 By Bywar Oo / MPA
စစ်တပ်၏ ဖိအားပေးမှုများရှိနေသည့်အပြင် အွန်လိုင်းဂိမ်းရှုံးသူ၊ စားဝတ်နေရေး အကျပ်အတည်းနှင့် မိသားစု ငွေကြေးအခက်အခဲတွေနေ့သူ လူအချို့သည် လူစားထိုးအဖြစ် စစ်မှုထမ်းရန် ဝင်ရောက်လာသူများ ရှိလာကြောင်း စစ်မှုထမ်း ခေါ်ယူစုဆောင်းသူများနှင့် စစ်ရေးလေ့လာသူများထံမှ သိရသည်။
နိုင်ငံအတွင်း စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာချိန်တွင် အချို့မှာ အွန်လိုင်း ကာစီနိုဂိမ်းများကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးအကျပ်အတည်းကို ဖြေရှင်းရန် စစ်မှုထမ်း လူစားထိုး စာရင်းအတွင်း ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14200/

🔥3❤2💔1
ရွှေပြည်သာမြို့နယ်ဆေးရုံတွင် အခမဲ့တီဘီဆေးကို အလှူခံခေါင်းစဉ်တပ်ကာ ဆေးရုံအုပ်က အကျိုးအမြတ်ရှာနေ
5 Nov 2026 By MPA
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ဒေါက်တာနေဇော်အောင်က လူနာများထံမှ အလှူကြေးအမည်ခံ ငွေကြေးတောင်းခံမှုများနှင့် ဆေးကုသမှုဆိုင်ရာ ငွေကြေးဖိအားပေးမှုများ ရှိနေကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက MPA သို့ပြောသည်။
အခမဲ့ရရှိသင့်သည့် တီဘီဆေးလာထုတ်သူများပင် ဆေးရရှိရန်အတွက် ငွေကြေးထည့်ဝင်နေရပြီး ဆင်းရဲနွမ်းပါးသည့် လူနာများအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14203/

🤬6😁1
ကလေကချေများဖြင့် ဖွဲ့စည်းထားသော မွန် လုံနယ်ပြုတ်၏ ခါးပိုက်ဆောင်တပ် ပြန်ပေးဆွဲခြင်းဖြင့် ငွေရှာလာ
5 Nov 2026 By MPA
ဒေသတွင်း ကလေကချေများဖြင့် ဖွဲ့စည်းထားသော မွန်ပြည်နယ် လုံနယ်ဝန်ကြီးပြုတ် ကျော်စွာမြင့် ၏ ခါးပိုက်ဆောင်တပ် ပြည်သူ့စစ်များသည် ရပ်တည်ရခက်ခဲလာသဖြင့် ပြန်ပေးဆွဲ ငွေညှစ်ခြင်းဘက်သို့ ဦးလှည့်လာနေကြောင်း သိရသည်။
လုံနယ်ဝန်ကြီးပြုတ် ကျော်စွာမြင့်ဖွဲ့စည်းခဲ့သော ပြည်သူ့စစ်အဖွဲ့သည် အင်အား၈၀၀မှ ၁၀၀၀ကြား အထိ ရှိပြီး ယခင်က လောင်းကစားဝိုင်းများကို လုံခြုံပေးခြင်း၊ ဂိတ်ဖွင့်ဓားပြတိုက်ခြင်းတို့ဖြင့် ဝင်ငွေ ကောင်းခဲ့သော်လည်း ယခုအခါတွင်မူ ယင်းဝင်ငွေများ သိသိသာသာ လျော့ကျသွားသဖြင့် ပြည်သူကို ပြန်ပေးဆွဲရန် အားထုတ်လာကြောင်း မွန်ပြည်နယ်အစိုးရတုအဖွဲ့ရုံးနှင့် နီးစပ်သူက ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14206/

🤬5❤1🔥1
ဘန်ကောက်မှာ ဖမ်းမိခဲ့သည့် အောင်ဇော်မင်းခန့်ကို ထိုင်းနှင့် စစ်ကောင်စီ သတင်းဖလှယ်ပြီး တစ်လအတွင်း လွှဲပြောင်းပေး
5 Nov 2026 By MPA
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ မူးယစ်ဆေးဝါးမှုဖြင့် စစ်ကောင်စီက အလိုရှိနေသည့် အောင်ဇော်မင်းခန့်အား ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် တစ်လခန့်အကြာတွင် စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အသက် ၄၂ နှစ်အရွယ် အောင်ဇော်မင်းခန့်ကို ယခုနှစ် အောက်တိုဘာ ၄ ရက်တွင် ဘန်ကောက်မြို့၊ ဟွေ့ခွမ်းနယ်မြေအတွင်း၌ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) နှင့် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရှုရန် >>> https://mpanews.info/headline/14209/

🔥4😁2
MPA နေ့လယ် ၁၂ နာရီသတင်း (၅ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
တိုက်ပွဲတွေ ပြင်းထန်နေချိန် နိုင်ငံ တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဘယ်လာရုစ်မှာ သွားလိမ်
‘သား ဘာမှမလုပ်ဘူး’ဆိုပြီး ရုန်းကန်အကူအညီတောင်းခဲပေမဲ့ စမ်းချောင်းက ၁၅ နှစ်သား စစ်အုပ်စု ပေါ်တာဆွဲတာခံရ
မြန်မာကလေးငယ်တွေရဲ့ သေဆုံးမှုကို ကမ္ဘာကျော်အဆိုတော် Zayn Malik ထပ်ဆင့်မျှဝေ
စားဝတ်နေရေးအခက်အခဲနဲ့ စစ်မှုထမ်းရေးဖိအားကြား လူငယ်တွေရဲ့ အနာဂတ် ပိတ်မိနေ
ရွေးကောက်ပွဲရှုံးနိမ့်မှုနောက်ပိုင်း ထရမ့်ရဲ့ မူဝါဒလမ်းကြောင်း ပြောင်းလဲဖို့ ရီပတ်ဘလစ်ကန်တွေ ဖိအားပေး
အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/zogiiM7Yxig

MPA 12 PM News Update | November 5, 2026
- တိုက်ပွဲတွေ ပြင်းထန်နေချိန် နိုင်ငံ တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဘယ်လာရုစ်မှာ သွားလိမ်
- ‘သား ဘာမှမလုပ်ဘူး’ဆိုပြီး ရုန်းကန်အကူအညီတောင်းခဲပေမဲ့ စမ်းချောင်းက ၁၅ နှစ်သား စစ်အုပ်စု ပေါ်တာဆွဲတာခံရ
- မြန်မာကလေးငယ်တွေရဲ့ သေဆုံးမှုကို…

🔥4👍1
ရန်ကုန်တွင် အမျိုးသမီးငယ်များ ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်နေ
5 Nov 2026 By Ko Myo / MPA
ရန်ကုန်မြို့တွင် အမျိုးသမီးငယ်များ ပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ပျောက်ဆုံးသွားသော အမျိုးသမီးငယ်တို့၏ မိသားစုနှင့် နီးစပ်သူတို့က လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံသော လူပျောက်ကြော်ငြာများအရ ယခုရက်ပိုင်းအတွင်း ဗိုလ်တထောင်၊ စမ်း ချောင်းနှင့် သင်္ဃန်းကျွန်းတို့က အမျိုးသမီး ၄ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14212/

🔥4❤2👍1🤬1
တိုက်ပွဲမဖြစ်ဘဲ ကောလင်း ကျေးလက်ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦး သေဆုံး
5 Nov 2026 By MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း ဒေသခံများကို ဆေးကုသပေးနေသော ဆေးရုံကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာ၄ရက်၊ည၇နာရီခန့်တွင် ကောလင်းမြို့နယ်အရှေ့ခြမ်း၊လျှော်ဖြူကုန်းကျေးရွာရှိ ဆေးရုံကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆေးရုံ၌ ဆေးကုသမှုခံယူနေသော ပြည်သူများလည်း ဒဏ်ရာရရှိ ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Kawlin Revolution- KR က သတင်းထုတ်ပြန်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14215/

🤬6🔥2💔1
ဖုန်းဆိုင်ထဲ သေနတ် ၂ ချက်ပစ်ဖောက်ကာ ဟန်းဆက် ၄ လုံး လုယက်မှု မန်းတွင် ဖြစ်ပွား
5 Nov 2026 By Ko Myo / MPA
မန္တလေးမြို့တွင် ဖုန်းဆိုင်ထဲ သေနတ်ပစ်ဖောက်ကာ ဟန်းဆက်များ လုယက်သွားမှု နိုဝင်ဘာ၄ရက်၊ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊၅၈လမ်း၊ ၃၂လမ်းနှင့် ၃၂(A)ကြားရှိ ‘Lwin’ ဖုန်းဆိုင်တွင် နိုဝင်ဘာ၄ရက်၊ညနေ၅နာရီခွဲကျော်က အမျိုးသားတစ်ဦး တစ်ကိုယ်တော်ဝင်ရောက်လာကာ သေနတ် ပစ်ဖောက်၍ ဟန်းဆက်များ လုယက်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14218/

🔥5😁2
ဘာသာရေးအဖွဲ့ဖွဲ့မှုနှင့် စည်းရုံးလှုံ့ဆော်မှု စွပ်စွဲချက်ဖြင့် ‘ဝ’ ဒေသတွင် ၄၂ ဦးဖမ်းဆီးခံရသည့်အနက် အမျိုးသမီး ၄ ဦးကို ထောင်ချခံရ
5 Nov 2026 By MPA
‘ဝ’ ပြည်နယ်အတွင်း တရားမဝင်ဘာသာရေးအဖွဲ့ဖွဲ့စည်းမှုနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရသူ ၄၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အမျိုးသမီး ၄ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း ‘ဝ’ ပြည်နယ် တရားစီရင်ရေးဌာနက နိုဝင်ဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ ယေ့ချင်း (Ye Qing)၊ ယေ့ရုန်း (Ye Rong) နှင့် အိုမင် (Ouming) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14221/

အလှူငွေအလွဲသုံးမှုဖြင့် ထိုင်း ‘ပရဟိတမိခင်မင်းသမီးကြီး’ ဘွမ်နှင့် ဆက်နွှယ်သူများ၊ ပိုင်ဆိုင်မှုများ ထိန်းသိမ်းစစ်ဆေးခံနေရ
5 Nov 2026 By Khaosod/Matichon/Thai Rath
ထိုင်းနိုင်ငံတွင် ‘ပရဟိတမိခင်မင်းသမီးကြီး’ အဖြစ် လူသိများသည့် သရုပ်ဆောင်နှင့် အလှမယ်ဟောင်း ဘွမ် ပနတ်ဒါ ဝေါင်ဖူဒီနှင့် ခင်ပွန်းဖြစ်သူ ဂေါ့တ် အထိပ်တို့ ဦးဆောင်နေသည့် Good Deeds Foundation ၏ အလှူငွေလက်ခံရရှိမှုနှင့် သုံးစွဲမှုဆိုင်ရာ မသင်္ကာဖွယ်ရာများကို ထိုင်းစီးပွားရေးမှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့အပါအဝင် မိသားစုဝင်များနှင့် ဆက်စပ်သူများ၏ ဘဏ်စာရင်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်းစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14224/

😁8🔥3
၂၃ နှစ်ကြာ တာဝန်ကျေပွန်ခဲ့အပြီး ပေါ်တူဂီအသင်းမှ အနားယူကြောင်း ရိုနယ်ဒို ကြေညာ
5 Nov 2026 By Sky News
အသက် ၄၁ နှစ်အရွယ်ရှိ ရိုနယ်ဒိုက လူမှုကွန်ရက် ပို့စ်တစ်ခုတွင် "ဒီနေ့မှာတော့ နောင်အနာဂတ်မျိုးဆက်တွေဆီ လက်လွှဲပေးရမယ့် အချိန်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး" ဟု ရေးသားခဲ့သည်။
၎င်းက ဆက်လက်၍ "ဒီ ၂၃ နှစ်တာကာလအတွက် ကျေးဇူးတင်ပါတယ်" နှင့် "ပေါ်တူဂီဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေမှာပါ" ဟု ထည့်သွင်းရေးသားခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14227/

👍5😁2
လူထုခေါင်းဆောင်ကို ဒေါ်စုကြည်ဟု သုံးနှုန်းပြီး သားဖြစ်သူနှင့် ဖုန်းပြောခွင့်ရခြင်းမှာ ဥပဒေနှင့်မညီဟု ဘူးလက်လှဆွေ ပြော
5 Nov 2026 By MPA
စစ်ကောင်စီက ဖွဲ့စည်းထားသည့် အတုအယောင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဘူးလက်လှဆွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလေးမစားသည့်သဘောဖြင့် ဒေါ်စုကြည်ဟု သုံးနှုန်းပြောဆိုခဲ့ပြီး သားဖြစ်သူနှင့် ဖုန်းပြောခွင့်ရရှိခြင်းသည် အခြားအကျဉ်းသားများနှင့် တန်းတူညီမျှမှုမရှိကြောင်း ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း သားဖြစ်သူ ကိုထိန်လင်း (Kim Aris) နှင့် ဖုန်းပြောခွင့်ရခဲ့သော်လည်း အခြားအကျဉ်းသားများမှာ အကျဉ်းထောင်လက်စွဲအရ ဖုန်းဆက်သွယ်ခွင့်မရှိသည့်အတွက် ယင်းအခြေအနေသည် အခြေခံဥပဒေပါ တန်းတူညီမျှရေးမူနှင့် ကိုက်ညီမှုရှိမရှိ လူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ကြောင်း ဘူးလက်လှဆွေက ပြောဆိုခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14230/

🤬9❤3😁2🖕1
မြန်မာရွှေ့ပြောင်းလုပ်သားများ မရှိပါက ထိုင်းစီးပွားရေး ရပ်တန့်သွားနိုင်ဟု ဆူရတ် သတိပေး
5 Nov 2026 By Khaosod English
မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရပါက ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုကဏ္ဍများ အကြီးအကျယ် ထိခိုက်နိုင်ပြီး စီးပွားရေးလည်ပတ်မှု ရပ်တန့်သွားနိုင်ကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူ ဆူရတ်က သတိပေးပြောဆိုလိုက်သည်။
ထို့ပြင် မြန်မာနိုင်ငံသားများ၏ အထောက်အထားစိစစ်ရေးလုပ်ငန်းစဉ် (Certificate of Identity - CI) ကို ထိုင်းအစိုးရက ပြန်လည်သုံးသပ်ပြုပြင်ရန်နှင့် ထိုင်းနိုင်ငံအတွင်း ကိုယ်ပိုင်အလုပ်သမားမှတ်ပုံတင်စနစ်တစ်ရပ် ပြန်လည်ကျင့်သုံးရန်လည်း ၎င်းက တောင်းဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14233/

👍7❤2🔥1🥰1😁1
MPA ည ၇ နာရီသတင်း (၅ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
ရန်ကုန်မှာ အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်နေ
အခမဲ့တီဘီဆေးကို အလှူငွေအမည်တပ်ပြီး ဂွင်ရှာနေတဲ့ ရွှေပြည်သာ ဆေးရုံအုပ်
ထိုင်းဘက်ကို ရောက်တဲ့ လက်နက်ကြီးကျည် KNU၊ NUG နဲ့ PDFတွေ လုပ်တာလို့ စစ်ကောင်စီ အရှက်မရှိပြော
FATF အမည်ပျက်စာရင်းကနေ မြန်မာလွတ်မြောက်ဖို့ မကြိုးပမ်းခဲ့ဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန ငြင်းဆို
ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူ ဂျိုရွှာဝေါင်ကို ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်
အဲဒီလို ညပိုင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/mJiu1qb7nvk

MPA 7 PM News Update | November 5, 2026
- ရန်ကုန်မှာ အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်နေ
- အခမဲ့တီဘီဆေးကို အလှူငွေအမည်တပ်ပြီး ဂွင်ရှာနေတဲ့ ရွှေပြည်သာ ဆေးရုံအုပ်
- ထိုင်းဘက်ကို ရောက်တဲ့ လက်နက်ကြီးကျည် KNU၊ NUG နဲ့ PDFတွေ လုပ်တာလို့ စစ်ကောင်စီ အရှက်မရှိပြော
- FATF အမည်ပျက်စာရင်းကနေ …

👍5🔥3
ယောဒေသရှိ အင်အားကြီးတော်လှန်ရေးတပ်ဖွဲ့ YDF နှင့် YA တို့ တပ်ပေါင်းစုဖွဲ့စည်းရေး သဘောတူညီမှုရရှိ
5 Nov 2026 By MPA
ယောဒေသအတွင်း စစ်ရေးနှင့် နိုင်ငံရေးအင်အား ပိုမိုစုစည်းနိုင်ရန် ယောကာကွယ်ရေးတပ် (YDF) နှင့် ယောတပ်တော် (YA) တို့အကြား တပ်ပေါင်းစည်းရေး သဘောတူညီချက် ၇ ချက် ရရှိခဲ့ကြောင်း တပ်ပေါင်းစည်းရေးကော်မတီက ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
ယောကာကွယ်ရေးတပ် (YDF) နှင့် ယောတပ်တော် (YA) တို့မှ တာဝန်ရှိသူများသည် ယောဒေသလွတ်မြောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ယောပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုကာ ယောအမျိုးသားတပ်များ ပေါင်းစည်းနိုင်ရေးအတွက် အောက်တိုဘာ ၂၆ ရက်တွင် ယောဒေသတစ်နေရာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14236/

❤12👍8🔥2🥰1
Telenor အား တာဝန်ခံမှုရှိစေရေး ကြိုးပမ်းခဲ့သည့် JAI ဥက္ကဋ္ဌ ဦးရဲလင်းမြင့် Magnitsky လူ့အခွင့်အရေးဆု ရရှိ
5 Nov 2026 By MPA
Justice and Accountability Initiative (JAI) အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ ဦးရဲလင်းမြင့်သည် လူ့အခွင့်အရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် တာဝန်ခံမှုရရှိရေး ကြိုးပမ်းမှုများအတွက် ၂၀၂၆ ခုနှစ် Magnitsky လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။
ဦးရဲလင်းမြင့်သည် အဆိုပါဆုကို လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14239/

👏12👍3🔥1😁1
MPA နံနက် ၇ နာရီသတင်း (၆ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
- မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရင် ထိုင်းစီးပွားရေး ရပ်တန့်သွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ သတိပေး
- လူထုခေါင်းဆောင်ကို ဒေါ်စုကြည်လို့ ခေါ်ဆိုပြီး သားနဲ့ဖုန်းပြောခွင့်ရတာကို ဘူးလက်ဝေဖန်
- မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ပေးရန် ဖိလစ်ပိုင်အစိုးရနှင့် အာဆီယံကို လန်ဒန်ရောက်မြန်မာများ တောင်းဆို
- စစ်ကောင်စီကို တော်လှန်နေတဲ့ ယောဒေသက တပ်ဖွဲ့တွေ တစ်ပေါင်းတစ်စည်းတည်းဖြစ်လာတော့မယ်
- လေပွေလှိုင်းနဲ့ တရုတ်ဘက်က လေစီးကြောင်းတွေကြောင့် နိုဝင်ဘာ ၉ရက်ကစ မြန်မာမှာ အခါလွန်မိုးများနိုင်
- အင်ဒိုနီးရှား ဒုသမ္မတရဲ့ ပညာအရည်အချင်းကို စုံစမ်းစစ်ဆေးဖို့ ပါတီတွေ ဆွေးနွေးနေ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/0Rg-e-_bztI

MPA 7 AM News Update | November 6, 2026
- မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရင် ထိုင်းစီးပွားရေး ရပ်တန့်သွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ သတိပေး
- လူထုခေါင်းဆောင်ကို ဒေါ်စုကြည်လို့ ခေါ်ဆိုပြီး သားနဲ့ဖုန်းပြောခွင့်ရတာကို ဘူးလက်ဝေဖန်
- မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ပေးရန် ဖိလစ်…

🔥5❤1👍1