ကျွန်တော်တို့ Store မှ ရောင်းချလျက်ရှိသော Product များ၏ ဈေးနှုန်းများနှင့် ဝယ်ယူရရှိနိုင်မှု အခြေအနေများကို လာရောက်စုံစမ်းမေးမြန်းရာတွင် မိမိတို့၏ ကိုယ်ပိုင် Personal Account (အကောင့်အစစ်) များဖြင့်သာ လာရောက်ဆက်သွယ်ပေးကြရန် အလေးအနက် အသိပေးအပ်ပါသည်။ မည်သူမှန်း အတိအကျမသိရသော အကောင့်တု (Fake Accounts) များဖြင့် လာရောက်စုံစမ်းခြင်းသည် လုံးဝ Professional မဆန်သောကြောင့် ကျွန်တော်တို့ဘက်မှ လုံးဝ (လုံးဝ) ပြန်လည်ဖြေကြားပေးမည် မဟုတ်ပါ။
ကျွန်တော်တို့အနေနဲ့ အလုပ်တစ်ခုကို ဆောင်ရွက်ရာမှာ "ရောင်းပေးတာ၊ မရောင်းပေးတာ" ဆိုတဲ့ ကိစ္စထက် "Professional ဆန်ဆန် လုပ်ကိုင်ခြင်း" ကိုသာ အဓိက တန်ဖိုးထားပါတယ်။ အကယ်၍ အလုပ်တစ်ခုကို စနစ်တကျနဲ့ Professional ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် လုံးဝ မလုပ်ဘဲနေတာကမှ ပိုကောင်းပါလိမ့်မယ်။
Professional မဆန်တဲ့ လုပ်ရပ်တွေ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေဟာ လုပ်ငန်းရဲ့ ပုံရိပ်ကို အကျည်းတန်စေရုံသာမက၊ အပြန်အလှန် ဆက်သွယ်လုပ်ကိုင်ရသူတွေအတွက်ပါ မလိုအပ်ဘဲ ခေါင်းကိုက်ရတဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အဲ့ဒီလို ပရော်ဖက်ရှင်နယ် မဆန်တဲ့သူတွေ၊ အကောင့်တုတွေနဲ့ ရည်ရွယ်ချက်မရှိ လာရောက်နှောင့်ယှက်သူတွေအနေနဲ့ ကျွန်တော်တို့ဆီကို လာရောက်ဆက်သွယ်ခြင်းမျိုး လုံးဝ မပြုလုပ်ကြဖို့ ပြတ်သားစွာ အသိပေးအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ စည်းကမ်းရှိပြီး၊ တန်ဖိုးထားမှုချင်းတူညီတဲ့ Professional ဆန်သူတွေနဲ့သာ သန့်ရှင်းပြီး ယုံကြည်ရတဲ့ အသိုင်းအဝိုင်း (Professional Community) တစ်ခုကို တည်ဆောက်သွားဖို့ ဖြစ်ပါတယ်။ မှန်ကန်သော စိတ်သဘောထားနှင့် Professional ဆန်စွာ ဆက်သွယ်လုပ်ကိုင်လိုသူများကိုသာ အစဉ်အမြဲ နွေးထွေးစွာ ကြိုဆိုလျက်ရှိပါသည်။
#MPX #MPXStore #ProfessionalCommunity #NoFakeAccounts #BusinessEthics
Please open Telegram to view this post
VIEW IN TELEGRAM