ကျွန်တော်ရေးသောဆောင်းပါးများ
12.6K subscribers
761 photos
3 videos
5 links
Download Telegram
“ တ ကယ့် တန် ကြေး လား “

နိုင် ငံ တ ကာ မှာ စား သောက် ကုန် တွေ ကို သာ မန် ထက် ဈေး ပို ကြီး ယူ ရင် စောင့် ကြည့် အ ရေး ယူ တဲ့ အ ဖွဲ့ တွေ ရှိ တယ် ။

မြန် မာ နိုင် ငံ မှာ ရော ရှိ လား ။

သိ ရ သ လောက် အ ရင် က တော့ အဲ့ ဒီ အ ဖွဲ့ မျိုး ရှိ ခဲ့ တယ် အ ခု တော့ မ သိ တော့ ဘူး ။

မြန် မာ နိုင် ငံ မှာ စား သောက် ကုန် တွေ ဈေး ကြီး ရောင်း နေ တာ စား နိုင် တဲ့ သူ တွေ ဝယ် စား ကြ လိမ့် မ ပေါ့ ဆို ပြီး ဒီ အ တိုင်း ထား တာ မျိုး တွေ့ ရ တယ် ။ ထူး ခြား တဲ့ ကိ စ္စ မျိုး ဆို ထား သာ မန် က တော့ ထိန်း သင့် တယ် ။

ပန်း သေး ခေါက် ဆွဲ တ ပွဲ ကို ၁၉၀၀၀ ( တ သောင်း ကိုး ထောင် ) ကျပ် ရောင်း တယ် ။ အဲ့ ဒီ ဆိုင် မှာ ပဲ စ မူ စာ သုတ် တ ပွဲ ၇၅၀၀ ကျပ် ။

ဒါ ဟို တယ် မှာ တက် စား တာ မ ဟုတ် ဘူး လမ်း ဘေး မှာ ဖွင့် ထား တဲ့ လက် ဘက် ရည် ဆိုင် မှာ ဝင် စား တာ ။

ပန်း သေး ခေါက် ဆွဲ တ ပွဲ ရဲ့ အ မှန် တ ကယ် ကုန် ကျ စ ရိပ် က ဘယ် လောက် ရှိ မ လဲ ။ အ လွန် ဆုံး ငါး ထောင် ခု နှစ် ထောင် ပေါ့ ။ တ သောင်း နဲ့ ရောင်း ရင် တောင် တော် လှ ပြီ ။

သူ့ ဖာ သာ သူ ရောင်း တာ မ စား ချင် မ စား နဲ့ ပေါ့ လို့ ပြော လို့ ရ တယ် ။ ငွေ တန် ဖိုး တွေ ကျ သ ထက် ကျ ကုန် လိမ့် မယ် ။ နောက် ဆို ပန်း သေး ခေါက် ဆွဲ တ ပွဲ ငါး သောင်း တ သိန်း ဆို တာ ကြား လာ ရ လိမ့် မယ် ။

အ စိုး ရ မှာ လုပ် စ ရာ တွေ အ များ ကြီး ရှိ တယ် ။ ဒါ လည်း လုပ် စ ရာ ပဲ ။ တ ယောက် တည်း မ နိုင် ရင် နောက် တ ယောက် ခေါ် ခိုင်း ၊ နောက် တ ယောက် နဲ့ မ နိုင် သေး ရင် နောက် နှစ် ယောက် ခေါ် ခိုင်း ရ မှာ ပေါ့ ။

အ စိုး ရ သ တိ လွတ် နေ ရင် အ ကြံ ပေး က ပြော ပြ ပေါ့ ။ မ ကြာ ခင် က အ ခွန် ဆောင် မှ passport ပေးမယ် ဆို တာ မျိုး မ ဖြစ် သင့် ဘူး လို့ အ ကြံ ပေး ဆ ရာ မ ကြီး ဒေါိ ရင် ရင် နွယ် ပြော တာ ကြည့် လိုက် ရ တယ် ။

ဖြစ် ချင် သ လို ဖြစ် ၊ ရောင်း ချင် သ လို ရောင်း တတ် နိုင် တဲ့ သူ ဝယ် လိမ့် မယ် ၊ စား လိမ့် မယ် ငါ အ ခွန် ရ တယ် လို့ နေ လို့ မ ရ ဘူး ။ မ ဝယ် နိုင် မ စား နိုင် တဲ့ သူ တွေ အ တွက် လည်း ထည့် စဉ်း စား ရ မှာ ပဲ ။

ထုတ် ထား တဲ့ ပိုက် ဆံ က အဲ့ လောက် ပဲ တန် တယ် လို့ လက် ဘက် ရည် ဆိုင် တွေ ပ စ္စည်း ပိုင် ရှင် တွေ က သတ် မှတ် နေ တာ သိပ် တော့ အ ဆင် မ ပြေ ဘူး ။

မြန် မာ နိုင် ငံ ကုန် ဈေး နှုန်း က တန်း တ ခု ရောက် ဖူး သွား ရင် ပြန် မ ဆင်း ချင် တော့ ဘူး ။

ဘာ ကြောင့် ညာ ကြောင့် ဈေး တက် ရ ပါ တယ် ဆို ပေ မယ့် ဘာ တွေ ညာ တွေ ပြန် ကျ သွား လည်း တင် ထား တဲ့ ကုန် ဈေး နှုန်း က ပြန် မ ကျ ချင် တော့ ဘူး ။ ရ ဖူး သွား တာ ကိုး ။

မ တန် တ ဆ ဈေး နှုန်း တွေ ပြော နေ ရောင်း နေ ကြ တာ တွေ ကို အ လွန် အ ကျွံ မ ဖြစ် အောင် သက် ဆိုင် ရာ တွေ ထိန်း ပေး သင့် တယ် ။

မ ဟုတ် ရင် ပိုက် ဆံ ရှိ တဲ့ သူ ပိုက် ဆံ မ ရှိ တဲ့ သူ ၊ စား နိုင် တဲ့ သူ မ စား နိုင် တဲ့ သူ ဆို ပြီး လူ တန်း စား တွေ အ ရမ်း ကွာ သွား လိမ့် မယ် ။

လူ တန်း စား အ ရမ်း ကွာ သွား ရင် ထိန်း ရ ခက် တဲ့ ပြ ဿ နာ တွေ ဖြစ် လာ လိမ့် မယ် ။

အ စား အ သောက် တ ခု တည်း အ တွက် ရေး တာ မ ဟုတ် ဘူး ။ ကိုယ် ပိုင် ကျောင်း တွေ ၊ သင် တန်း ကျောင်း လ ခ တွေ က အ စ ရေ ခဲ သေ တ္တာ အဲ ကွန်း အ လယ် ကား အိမ် ခြံ မြေ ထိ မြန် မာ နိုင် ငံ မှာ ဖြစ် သင့် ရဲ့ လား ဆို တာ တွေ လေ့ လာ စေ ဖို့ အ တွက် ရေး တာ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၁ ၊ ၁၀ ၊ ၂၀၂၆

မိုး တင့် ဆွေ
၂၇ ၊ ၁၀ ၊ ၂၀၂၆
အ င်္ဂါ ။
( 2819 )
👍413❤70💯18👏8🕊1
“ အား နာ လို့ မ ရ ဘူး “

နေ့ လည် ဖက် ကိ စ္စ ရှိ လို့ လမ်း လျှောက် ပြီး ထွက် လာ တော့ သူ ဌေး အိမ် တ အိမ် ဘေး မှာ အိမ် ဖော် လုပ် တဲ့ တ ယောက် အ မှိုက် တွေ ကို မီး ရှို့ နေ တယ် ။

အဲ့ အိမ် က အ မြဲ မီး ရှို့ တယ် ။

သူ ရှို့ တဲ့ အ မှိုက် တွေ က အ စို တွေ ဆို တော့ မီး ခိုး တွေ အူ ပြီး ထွက် နေ တယ် ။

ဒါ နဲ့ မင်း အ မှိုက် မီး မ ရှို့ ရ ဘူး လို့ ပြော ထား တာ မ သိ ဘူး လား ၊ နောက် မင်း ရှို့ တဲ့ အ မှိုက် တွေ က အ စို တွေ မီး ခိုး တွေ မ တ ရား ထွက် နေ တာ တ ရပ် ကွက် လုံး မီး ခိုး မွှန် နေ ပြီ ပြန် ငြိမ်း လိုက် ပါ လို့ ပြော တော့ ရီ နေ တယ် ။

ကိုယ် က ရီ မ နေ နဲ့ အ ခု ပြန် ငြိမ်း လို့ ခပ် မာ မာ ပြော တော့ မှ ဟုတ် ကဲ့ ငြိမ်း ပါ့ မယ် လို့ ပြော တယ် ။ မ လို ချင် ဘူး အ ခု ချက် ချင်း ငြိမ်း ဆို ရပ် ကြည့် နေ လိုက် တယ် ။ အဲ့ ဒီ ကောင် မ လေး လည်း အ မှိုက် တွေ ပြန် ဖွ ပြီး ငြိမ်း လိုက် တယ် ။

ကိုယ် လည်း မ လှမ်း မ ကမ်း မှာ ရှိ တဲ့ ရပ် ကွက် သာ ရေး နာ ရေး ကော် မ တီ ရုံး ဘေး က ဂိတ် စောင့် တွေ ကို မင်း တို့ မ တွေ့ ဘူး လား ဘာ လို့ မ ငြိမ်း ခိုင်း တာ လဲ လို့ ပြော တော့ ဘာ မှ ပြန် မ ပြော ဘူး ။

ရပ် ကွက် ထဲ မီး မ ရှို့ ရ ဘူး လို့ ရပ် ကွက် သာ ရေး နာ ရေး ကော် မ တီ အ ဖွဲ့ အ သစ် ရွေး တော့ အ သစ် ဖြစ် တဲ့ အ ဖွဲ့ က စာ ထုတ် တယ် ။ စာ ပဲ ထုတ် ထာ လိုက် တော့ မ ကြည့် ဘူး ။

ရပ် ကွက် ထဲ မှာ မ နက် မိုး လင်း ရင် အ မှိုက် မီး ရှို့ တဲ့ အိမ် လည်း ရှိ တယ် ။

မ နက် မိုး လင်း ရင် တ ချို့ က လေ့ ကျင့် ခန်း လုပ် လမ်း လျှောက် ကြ တယ် ။ သူ တို့ ရှို့ ထား တဲ့ မီး ခိုး ငွေ့ တွေ ကြောင့် အ သက် ကောင်း ကောင်း ရှု လို့ မ ရ ကြ တော့ ဘူး ။ အ ကုန် နှာ ခေါင်း ပိတ် ပြီး အ ဝေး ထွက် သွား ရ တယ် ။

အ ရင် လမ်း ထဲ က အိမ် တ ခု လည်း အဲ့ လို မ နက် မီး ရှို့ တယ် ။ ရှို့ ချင် ရင် ည ဖက် ရှို့ ပါ မ နက် မှာ အ သက် ရှု ရ တာ အ ဆင် မ ပြေ လို့ ပါ လို့ သွား ပြော လိုက် တော့ နောက် ပိုင်း မ ရှို့ တော့ ဘူး ။

ကိုယ် လည်း အ ရင် က တ လ တ ခါ လောက် ည နေ ဆို အ မှိုက် မီး ရှို့ ခဲ့ ဖူး တယ် ။ နောက် ပိုင်း တွေး ပြီး မ ရှို့ တော့ ဘူး ။

သူ ဌေး အိမ် က မီး ရှို့ တဲ့ ကောင် မ လေး က နောက် ၂ ရက် လောက် နေ တော့ အဲ့ ဒီ နေ ရာ မှာ ပဲ မီး ထပ် ရှို့ ပြန် တယ် ။

ဒီ တ ခါ တော့ ငါ မ ရှိ တော့ တာ မင်း တို့ ကံ ကောင်း တယ် မ ဟုတ် ရင် မင်း တို့ ကို ငါ တ ရား စွဲ တယ် လို့ ပြော လိုက် တယ် ။

ကိုယ် ဘာ ပြော ပြော လည်း သူ့ အိမ် ရှင် က ရှို့ ဆို ရှို့ နေ မှာ ပဲ ။ အိမ် ရှင် ကို ရပ် ကွက် လူ ကြီး တွေ သွား တား ရ မယ့် ကိ စ္စ ပါ ။

ရပ် ကွက် ထဲ မှာ သူ ဌေး တွေ ချည်း ပဲ အ ကုန် သိန်း ပေါင်း သိန်း သောင်း ချီ ချမ်း သာ တဲ့ တွေ ချည်း ပဲ ။ သို့ ပေ မဲ့ တ ချို့ မ တွေး ကြ ဘူး ။ ကိုယ့် လုပ် ရပ် အ များ ကို ထိ ခိုက် တယ် ဆို တာ ။

မီး ခိုး ငွေ့ တွေ ကြောင့် အင် ဒို နီး ရှား နဲ့ စ င်္ကာ ပူ တင်း မာ မှု တွေ ဖြစ် နေ ပြီး အင် ဒို နီး ရှား က စ င်္ကာ ပူ ကို လျှပ် စစ် အ တွက် ပေး နေ တဲ့ ဓာတ် ငွေ့ တွေ လျော့ ချ လိုက် တယ် ။

မီး ခိုး ငွေ့ တွေ က က မ္ဘာ ကြီး ပူ နွေး လာ ရ တာ ရဲ့ အ ဓိ က အ ကြောင်း အ ရင်း ပဲ ။

က မ္ဘာ အ ဆင့် နိုင် ငံ အ ဆင့် မ တွေး တတ် လို့ မ တွေး နဲ့ အုံး ရပ် ကွက် ထဲ နေ လူ တွေ အ ဆင် မ ပြေ ဖြစ် နေ စေ တယ် လောက် တော့ တွေး နိုင် သင့် တယ် ။

ရပ် ကွက် ထဲ မှာ အ မှိုက် ကို တွင်း တူး ပြီး မြေ ဆွေး လုပ် တတ် တဲ့ သူ ရှိ တယ် ။ ရပ် ကွက် ဥ က္က ဌ ရွေး ပွဲ မှာ ကိုယ် တိုင် အဲ့ လို လူ တွေ က အိမ် တွေ မှာ မြေ ဆွေး ကန် တွေ လိုက် လုပ် ပေး ဖို့ အ ကြံ ပေး ခဲ့ တယ် ။

ရွေး ချယ် ခံ ရ တဲ့ သူ တွေ ဥ က္က ဌ အ တွင်း ရေး မှူး ခန့် ပြီး သွား တော့ လည်း စာ ထုတ် ပြီး မီး မ ရှို့ ဖို့ တာ ခဲ့ ကြ တယ် ။

တ ကယ် ရှို့ တော့ ဘာ မှ မ လုပ် မ ပြော ကြ ဘူး ။ မြေ ဆွေး ကန် လုပ် ဖို့ လည်း စိတ် မ ပါ ကြ ဘူး ။ ဒါ ကြောင့် ရပ် ကွက် ထဲ လ စဉ် ကြေး ပေး ရင် တ ဝက် ပဲ ပေး တာ ။ ပေး တဲ့ အ ကြံ ဘာ မှ မ လုပ် ဘူး လေ ။

ဒါ မြန် မာ နိုင် ငံ အ စဉ် အ လာ ပဲ ။

တာ ဝန် ရှိ သူ က ဝတ် ကြေ တန်း ကြေ ( အ ထင် ကြီး အောင် ) အ မိန့် ထုတ် တယ် ။ အ ကောင် အ ထည် ဖော် ရ မယ့် သူ ရော အ မိန့် ထုတ် တဲ့ သူ ရော ရှေ့ မှာ လုပ် နေ တောင် မ သိ ဟန် ဆောင် တယ် ။

မ လုပ် ရ မယ့် သူ က လည်း ဘာ အ မိန့် မှ ဂ ရု မ စိုက် ဘူး ခပ် တည် တည် လုပ် တယ် ။ ဘေး က လူ တွေ က လည်း ဘာ မှ ဝင် မ ပြော ကြ ဘူး ။ အ ဆင် ပြေ အောင် လုပ် တတ် တဲ့ သူ ကို လည်း ခေါ် အ သုံး မ ချ ဘူး ။

အဲ့ တော့ မြန် မာ နိုင် ငံ ဘာ မှ ဖြစ် မ လာ တာ မ ထူး ဆန်း ပါ ဘူး ။ အ ဆင့် ဆင့် ဒီ လို တွေ ချည်း ပဲ ။

မြန် မာ နိုင် ငံ မှာ နေ ရာ သာ လို ချင် တာ ပြော ရဲ ဆို ရဲ တာ ဝန် ယူ ရဲ တဲ့ သူ မ ရှိ သ လောက် နည်း တယ် ။

အိမ် ရှင် မ က ဘာ လို့ အ မုန်း ခံ နေ တာ လဲ တဲ့ ။ ငါ မ ပြော ရင် ပြော မယ့် သူ လည်း ရှိ မှာ မ ဟုတ် ဘူး မြန် မာ နိုင် ငံ ကြီး က အဲ့ လို ပဲ ဆို တဲ့ အ ဆင့် က တက် မှာ မ ဟုတ် တော့ ဘူး လို့ ပြန် ဖြေ လိုက် တယ် ။
👍233❤63💯26👏3😱1🕊1
မြန် မာ တွေ ကိုယ့် တာ ဝန် ကိုယ် မ ယူ ရင် ဘာ မှ မျှော် လင့် မ နေ ကြ နဲ့ ပေါ့ ။ ဒီ မို က ရေ စီ တို့ လူ့ အ ခွင့် အ ရေး တို့ ဆို တာ အ ဝေး ကြီး မှာ ပါ ။

ရပ် ကွက် ထဲ မိုး လင်း တာ နဲ့ မီး ရှို့ တာ တောင် မ ဖြစ် အောင် လုပ် နိုင် လို့ လား လို့ ကိုယ့် ဖာ သာ ကိုယ် မေး အုံး ။ အ မှန် တော့ ဘေး အိမ် တွေ က လည်း သ ဘော ရိုး နဲ့ သ တိ ပေး ရ တား ရ မှာ ။

ဒါ မှ လူ့ အ ဖွဲ့ အ စည်း ( institutions ) တွေ အား ကောင်း လာ မှာ ။ တ ချို့ ကိ စ္စ တွေ က အ စိုး ရ ထက် လူ့ အ ဖွဲ့ အ စည်း တွေ လုပ် တာ ပို ထိ ရောက် တယ် ။

ရပ် ကွက် ထဲ င ပွ ကြီး ဘာ လို့ ဖြစ် နေ ရ တာ လဲ ဆို တာ အဲ့ လို ဟာ တွေ ကြောင့် ပေါ့ ။

တ ကယ် ကောင်း ချင် တယ် ဆို လူ တိုင်း တာ ဝန် ယူ တတ် ဖို့ လို တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၈ ၊ ၁၀ ၊ ၂၀၂၆

မိုး တင့် ဆွေ
၂၈ ၊ ၁၀ ၊ ၂၀၂၆
ဗု ဒ္ဓ ဟူး ။
( 2820 )
👍407❤65👏10💯8🕊2😱1🙏1
“ ဂျ ပန် ၊ အ မေ ရိ ကန် ၊ တ ရုတ် နဲ့ မြန် မာ “

“ အ ကျိုး ဆက် များ အား လုံး အ ပေါ် လူ ကြီး မင်း တို့ ၏ SSJAC ဖက် မှ သာ အ ပြည့် အ ဝ တာ ဝန် ယူ ရ မည် ဖြစ် ကြောင်း တန် ပြန် သ တိ ပေး အပ် ပါ သည် “ လို့ ရှမ်း မြောက် ကို သိမ်း ထား တဲ့ သူ ပုန် MNDAA အ ဖွဲ့ က စာ ထုတ် တယ် ။

စာ က ငါ့ မှာ သေ နတ် ရှိ တယ် ဆို တဲ့ အ သံ ထွက် နေ တယ် ။

ပုံ မှန် ဆို အဲ့ လို မ ဟုတ် ကြောင်း ဖြေ ရှင် ပါ သည် ဖြစ် ရ မှာ ။

ကိုး ကန့် သူ ပုန် တွေ ရှမ်း မြောက် မှာ လုပ် ( လူး ပါး ဝ ) နေ တာ ကို ကန့် ကွက် လို့ ဖြစ် တာ ။

ကိုယ့် နေ ရာ မ ဟုတ် ဘဲ လာ ချယ် လှယ် နေ တဲ့ သူ ကို မ ကြိုက် ဘူး ပြော တာ အ ကြောင်း ပြ စ ရာ မ လို ဘူး ။ စ က တည်း က ကိုး ကန့် က မ ဟုတ် တာ လုပ် ထား တာ ။

ကိုး ကန့် နဲ့ မ ဆိုင် တဲ့ သိ န္နီ ကွတ် ခိုင် အ ပါ အ ဝင် ရှမ်း မြောက် ဒေ သ မှာ လာ လုပ် နေ တဲ့ ဘယ် ကိ စ္စ မှ တ ရား မ ဝင် ဘူး ။

နိုင် ငံ မှာ တော် လှန် ရေး ဆို တာ ( က နေ စီး ပွါး ရေး ဖက် ရောက် သွား တဲ့ ဗ မာ လက် နက် ကိုင် တွေ ) ကြောင့် အား နည်း နေ တဲ့ အ ချိန် မှာ တ ရုတ် ရဲ့ နောက် က ရပ် တည် ပေး မှု ကြောင့် ရှမ်း မြောက် ဖက် ကို ကိုး ကန့် သူ ပုန် တွေ ထင် သ လို လုပ် နေ တာ ထိုင် ကြည့် နေ ကြ ရ ပေ မယ့် တ ချိန် ပြန် မောင်း ထုတ် ပစ် မယ် ဆို တာ မြန် မာ အား လုံး စိတ် ထဲ မှာ ရှိ တယ် ။

ပြော မ ရ ရင် ရှမ်း မြောက် က ပြန် တိုက် ယူ ရ မှာ ပဲ ။ မြန် မာ နိုင် ငံ ပျက် စီး ရင် ပျော် တဲ့ သူ တွေ နည်း သွား မှ မြန် မာ ပြန် အင် အား စု ပြီး တိုက် ယူ ကြ ပေါ့ ။

ပြီး ခဲ့ တဲ့ စာ ထဲ မှာ ရေး ခဲ့ ပြီး ပြီ ကိုး ကန့် လုပ် ရပ် တွေ ကို မြန် မာ တွေ တ ရုတ် နဲ့ တွဲ မြင် တယ် လို့ ။

အ ခု ရက် ပိုင်း အ တွင်း တ ရုတ် လော် ဘီ မ တ ယောက် ရဲ့ မြန် မာ အ ပေါ် အ ထက် စီး က စော် ကား ရိုင်း စိုင်း ခြိမ်း ခြောက် တဲ့ ပြ ဿ နာ ဖြစ် ခဲ့ တော့ မီး လောင် ရာ လေ ပင့် ပို ဆိုး ဝါး တဲ့ အ မြင် တွေ ဖြစ် စေ တယ် ။

အဲ့ ဒီ လော် ဘီ မ က ရှမ်း မြောက် မှာ နောက် တ ကြိမ် စစ် ပြန် ဖြစ် လာ မယ် လို့ နှပ် ကြောင်း ပေး ပြော ခဲ့ တယ် ။ ဖြစ် တော့ လည်း ချ ကြ တာ ပေါ့ ။ နာ တတ် တဲ့ သူ တွေ ပါ လာ လိမ့် မယ် ။

မြောက် ပိုင်း မှာ တ သက် လုံး စစ် ဖြစ် နေ ပြီး တ ရုတ် ကုန် စည် တွေ ပိတ် ထား ၊ BRI ဆက် မ လုပ် နဲ့ ဆို တဲ့ အ နေ အ ထား ကို တ ရုတ် တို့ ကြိုက် မယ် ဆို လည်း အဲ့ ဒီ လမ်း ရွေး ပါ စေ ။ မြန် မာ တွေ အ တွက် မ ထူး ဘူး ။

အ လွန်း ဆုံး နောက် တ ခါ စစ် အုပ် ချုပ် ရေး ပြန် ဖြစ် ရုံ ပေါ့ ။ မြန် မာ နိုင် ငံ ပြို ကွဲ သွား ရုံ ပေါ့ ။ တ ရုတ် က မြန် မာ နိုင် ငံ နဲ့ အ လုပ် ဆက် လုပ် ဖို့ မေ့ လိုက် ရုံ ပေါ့ ။ မြန် မာ နိုင် ငံ ကို ဖြတ် ထွက် မယ့် ကိ စ္စ လည်း ပြီး သွား တာ ပေါ့ ။

ရု ရှား ရဲ့ North stream ပိုက် လိုင်း ကြီး ဖောက် ခွဲ တဲ့ သူ လည်း ရှိ ခဲ့ တာ ပဲ လေ ။

တ ရုတ် လော် ဘီ က ပြော တယ် ။ မြန် မာ လော် ဘီ တွေ ကြောင့် တ ချို့ တွေ တ ရုတ် ကို မုန်း နေ တာ တဲ့ ၊ ကျန် တဲ့ သူ တွေ က တော့ တ ရုတ် တွေ ကို ချစ် ပါ တယ် တဲ့ ။ အ မှန် တော့ သူ့ ကြောင့် မြန် မာ တွေ တ ရုတ် ကို အ မြင် စောင်း နေ ကြ တာ ။

စ ကား တ ခု ရှိ တယ် ။ ဗ မာ တွေ မ ထူး ပါ ဘူး ကွာ ဆို ရင် ပြေး တော့ တဲ့ ။ ဗ မာ တွေ အဲ့ ဒီ စိတ် ဖြစ် သွား ရင် ဘာ ဖြစ် ဖြစ် လုပ် တော့ မယ် တဲ့ ။

တ ရုတ် ကိုး ကန့် နဲ့ လော် ဘီ တွေ လုပ် နေ တာ ဗ မာ တွေ စိတ် ထဲ မ ထူး ပါ ဘူး ကွာ ဆို တဲ့ စိတ် ဖြစ် ဖို့ တွန်း အား ပေး သ လို ဖြစ် နေ တယ် ။

တ ရုတ် ပြည် ဖက် က အ မိုး နီး ယမ်း နိုက် ထ ရိုတ် တို့ ယမ်း တို့ ကို ကိုး ကန့် နဲ့ က ချင် ဖက် ကို အ တား အ ဆီး မ ရှိ သယ် ဆောင် ခွင့် ပြု လိုက် ပြီ လို့ VOM သ တင်း ဌာ န က ရေး ထား တယ် ။

တ ရုတ် မှာ နယ် စပ် ဒေ သ ပြ ဿ နာ ၁၇ ခု လောက် ရှိ တယ် ။ အား လုံး နဲ့ ပတ် ဖြစ် နေ တာ ။

ရှမ်း မြောက် ကို တ ရုတ် ဖြစ် ဖြစ် ကိုး ကန့် ဖြစ် ဖြစ် အ ပြီး သိမ်း လိုက် လည်း က မ္ဘာ မ ကျေ သာ ဖြစ် လိမ့် မယ် မြန် မာ တွေ ဦး ညွှတ် မှာ တော့ မ ဟုတ် ဘူး ။

တ ခု ရှိ တယ် ။ ဒေ သ ခံ တွေ လက် မ ခံ ဘူး လို့ ဆ န္ဒ ပြင်း ပြင်း ထန် ထန် ပြ ရင် ကိုး ကန့် တို့ နောက် ဆုတ် သွား ရ လိမ့် မယ် ။ အဲ့ တော့ ဒေ သ ခံ တွေ စည်း လုံး ဖို့ လို တယ် ။

မြန် မာ အ စိုး ရ နဲ့ တ ရုတ် အ စိုး ရ ၊ မြန် မာ စစ် တပ် နဲ့ ကိုး ကန့် သူ ပုန် ဘယ် လို သ ဘော တူ ညီ ချက် တွေ ရှိ ထား ကြ လဲ မ သိ လို့ အ များ ကြီး မ ပြော ချင် ပေ မယ့် ရှမ်း မြောက် က ကိုး ကန့် နဲ့ ဘာ မှ မ ဆိုင် ဘူး ။

အ မေ ရိ ကန် ကာ ကွယ် ရေး ဝန် ကြီး က ဖိ လစ် ပိုင် မှာ အ မေ ရိ ကန် အာ ဆီ ယံ ကာ ကွယ် ရေး မူ ဘောင် ထူ ထောင် ဖို့ အ ဆို ပြု တယ် ။ မြန် မာ သွား မ တက် ပေ မယ့် လုပ် ဖြစ် ရင် ဝင် ပါ သင့် တယ် ။

ဂျ ပန် စစ် အင် အား တည် ဆောက် လာ တာ ကို လို နီ ဖြစ် ခဲ့ ဖူး တဲ့ မြန် မာ နိုင် ငံ အ နေ နဲ့ စိုး ရိမ် စ ရာ လို့ ရေး ခဲ့ ဖူး တယ် ။ ခု တော့ အား ပေး ရ တော့ မယ် ။ ဂျ ပန် ဆို တ ရုတ် က နား ထင် ကြော ထဲ ထိ စိမ့် စိမ့် သွား တာ ကိုး ။
👍242❤58👏8
ရှမ်း မြောက် ကို ( တ ရုတ် နောက် ခံ နဲ့ ) ကိုး ကန့် တွေ ဆက် အ နိုင် ကျင့် နေ မယ် ဆို ဂျ ပန် နဲ့ အ မေ ရိ ကန် တို့ လုပ် မယ် လုပ် ငန်း တွေ အ မြန် အောင် မြင် ပါ စေ လို့ ဆု တောင်း ရုံ ပေါ့ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၈ ၊ ၁၀ ၊ ၂၀၂၆

မိုး တင့် ဆွေ
၃၀ ၊ ၁၀ ၊ ၂၀၂၆
သော ကြာ ။
Photo online
( 2821 )
👍444❤67💯23👏9
“ ဘယ် သူ တန် ဖိုး သတ် မှတ် လဲ “

သား မွေး နေ့ ဒ ဂုံ မြို့ နယ် ဟယ်လ် ပင် က မေ ရီ ချက် မန်း ကျောင်း မှာ နေ့ လည် စာ ထ မင်း ကျွေး ကို သွား ဖို့ Taxi ငှါး တာ ဂက်စ် ကား က ၂၅၀၀၀ ကျပ် တောင်း တယ် ။

ခင် ဗျား ကား က ဂက်စ် ကား ပဲ ၂၅၀၀၀ များ တာ ပေါ့ ဆို တော့ ဆီ ၂ နာ ရီ တန်း စီ ရ တယ် မ လိုက် နိုင် ဘူး ဆို ပြီး မှန် ပြန် တင် ပြီး မောင်း ထွက် သွား တယ် ။

ကား ဆ ရာ က Air con ဖွင့် မောင်း တာ ။

ဒါ နဲ့ နောက် တ စီး ထပ် တား ပြီး ၂ သောင်း နဲ့ သွား ခဲ့ ရ တယ် ။ နောက် တ စီး က ဓာတ် ဆီ ကား ။ ဂက်စ် ကား က ၂၅၀၀၀ တောင်း တော့ ဆီ ကား ကို ၂ သောင်း ပေး ရ တော့ တာ ပေါ့ ။

Cousin တ ယောက် က ပြော တယ် ။ အ ရင် ပဲ ပြုတ် ဖိုး က ၅၀၀ ။ အ ခု ၁၀၀၀ ပေး ရ တာ တောင် အ ရင် ၅၀၀ ဖိုး လောက် မ ရ ဘူး တဲ့ ။

ကွမ်း ယာ တွေ အ ရင် က တ ရာ ဖိုး ၃ ယာ က နေ အ ခု ကွမ်း တ ယာ ကို ၂၀၀ ကျပ် ။ ဟို နေ့ က လည်း ရေး ခဲ့ တယ် ပန်း သေး ခေါက် ဆွဲ တ ပွဲ ၁၉၅၀၀ ကျပ် ဆို တာ ။

အဲ့ ဒီ ဈေး တွေ ဘယ် သူ သတ် မှတ် နေ တာ လဲ ။ တ ကယ် အဲ့ ဒီ တန် ကြေး ရှိ လား ။

ပြီး ခဲ့ တဲ့ နေ့ တွေ က မြန် မာ နိုင် ငံ စီး ပွါး ရေး နဲ့ ပတ် သက် ပြီး ဗီ ယက် နမ် နိုင် ငံ ကို ကိုး ကား ပြီး စာ တ ပုဒ် ရေး ခဲ့ တယ် ။ တ ယောက် က တော် တော် လွဲ နေ တယ် ဆို ပြီး Comment လာ ပေး တယ် ။ မြန် မာ နိုင် ငံ က ပိတ် ဆို့ အ ရေး ယူ ခံ ထား ရ တာ မ သိ ဘူး လား တဲ့ ။

ကြုံ လို့ ထည့် ပြော အုံး မယ် ။ ဗီ ယက် နမ် က အ ခု ၂၀၂၆ ခု နှစ် အ တွင်း အင် ဒို နီး ရှား ရဲ့ GDP ကို ကျော် တော့ မယ် လို့ IMF က ပြော တယ် ။

စာ ဆို တာ အ ကုန် ထည့် ရေး လို့ မ ရ ဘူး ။ အ ကုန် ထည့် ရေး ရင် အ ဖမ်း ခံ ရ မှာ ။ သိ ထား တာ တွေ နဲ့ ဖြည့် တွေး ပေါ့ ။

Cousin ကို မင်း ကို ငါ ပိုက် ဆံ ထုတ် ပေး မယ် ကု မ္ပ ဏီ ထောင် ပြီး လုပ် ငန်း တ ခု လုပ် ၁၀ % အ မြတ် ကျန် မ လား ဆို တော့ ဘယ် ကျန် မ လဲ တဲ့ ၃ % တောင် ကျန် ဖို့ မ လွယ် ဘူး တဲ့ ။

ဟုတ် တယ် ဘဏ် တိုး တောင် မ ရှုံး အောင် မ နည်း လုပ် နေ ရ တယ် ဘဏ် တိုး က ပြား ၈၀ ပဲ ရှိ တယ် လို့ ပြန် ပြော လိုက် တယ် ။

ဒါ ကြောင့် ငွေ တိုး ချေး စား နေ ကြ တာ ။

အ ခု အ လုပ် လုပ် နေ တဲ့ ( အ ထူး သ ဖြင့် စား သောက် ကုန် လုပ် ငန်း နဲ့ နိုင် ငံ ခြား က ပ စ္စည်း တင် သွင်း တဲ့ ) သူ တွေ က ၅၀ က နေ ၁၀၀ % လောက် အ မြတ် ကျန် ချင် နေ ကြ တယ် လို့ ပြန် ပြော လိုက် တယ် ။

ခေါက် ဆွဲ ကျော် တ ပွဲ ၂ သောင်း ရောင်း နေ ရင် တော့ ပဲ ပြုတ် သည် က လည်း ၁၀၀၀ တောင်း တော့ မှာ ပဲ ။ ကွမ်း ယာ က လည်း ၂၀၀ ရောင်း ပြီး ကား သ မား က ၂၅၀၀၀ တောင်း ပြီ ပဲ ။

သူ တို့ အ ရင်း အဲ့ လောက် မ ရှိ ပါ ဘူး ။ ထိန်း မယ့် သူ မ ရှိ လို့ လုပ် လို့ ရ လို့ လုပ် နေ ကြ တာ ။

အိမ် ခြံ မြေ အ ခွန် တွေ ကို နေ ပြည် တော် ထိ ခေါ် ပြီး စည်း ကြပ် တောင်း ခံ နေ တယ် ။ အောက် ခြေ က ကိ စ္စ တွေ က အဲ့ လို တွေ ဖြစ် နေ တယ် ဆို တာ သိ ကြ ရဲ့ လား တော့ မ ပြော တတ် ဘူး ။

အဲ့ ဒါ တွေ ကြီး ကြပ် ရ မယ် ဆို တာ လည်း သိ လား မ ပြော တတ် ဘူး ။

မြန် မာ ငွေ ကြေး တန် ဖိုး ကို ဘယ် သူ တွေ တန် ဖိုး သတ် မှတ် နေ တာ လဲ ။

ကန် စွန်း ရွက် ဈေး က ဒေါ် လာ ဈေး တက် လို့ တက် သွား တာ လို့ သေ ချာ ပေါက် သတ် မှတ် ရ မှာ မ ဟုတ် ဘူး ။ ကန် စွန်း ရွက် ဈေး တက် လို့ ဒေါ် လာ ဈေး တက် သွား နိုင် တာ မြင် ဖို့ လို တယ် ။

ဆန် ကို ဈေး နှုန်း သတ် မှတ် ထား တော့ တက် လို့ မ ရ ဘူး ။ ခေါက် ဆွဲ ကျော် တ ပွဲ ၂ သောင်း တောင်း နေ ရင် ကွမ်း ယာ က လည်း ခေါက် ဆွဲ ကျော် စား ရ ဖို့ တ ထောင် ဖိုး ၅ ယာ ရောင်း တော့ မှာ ပဲ ။

ကု မ္ပ ဏီ ထောင် ပြီး အ လုပ် လုပ် ရင် ၅ % ကျန် အောင် မ နည်း ရုန်း နေ ရ တဲ့ အ ချိန် မှာ ပ စ္စည်း ရောင်း စား ရင် ၅၀ % ၁၀၀ % လောက် မြတ် မယ် ဆို ဘယ် သူ က နိုင် ငံ တိုး တက် ဖို့ အ လုပ် လုပ် ကြ တော့ မှာ လဲ ။

ရှမ်း မြောက် က ၁၀၂၇ ကိ စ္စ တ ရုတ် လုပ် တာ လို့ ပြော ခဲ့ တုန်း က လည်း ကိုယ့် ကို လွဲ တယ် လို့ ပြော ခဲ့ ကြ တယ် ။ လွဲ ချင် လည်း လွဲ မှာ ပေါ့ Option တ ခု အ နေ နဲ့ တော့ မှတ် ထား ပါ လို့ ပြန် ပြော ခဲ့ တယ် ။

အ ခု စီး ပွါး ရေး ကိ စ္စ လည်း လွဲ တယ် ပြော ကြ တာ ပဲ ။

မြန် မာ ငွေ ကြေး တန် ဖိုး ကို ကြိုက် တဲ့ သူ က ကြိုက် သ လို သတ် မှတ် နေ တာ မြင် အောင် တော့ ကြည့် ပေါ့ ။ မင်း ထုတ် တဲ့ ပိုက် ဆံ က ဒီ လောက် ပဲ တန် တယ် လို့ ကွမ်း ယာ ဆိုင် က တောင် သတ် မှတ် လို့ ရ နေ တယ် ။

ကိုယ် လွဲ တယ် ပဲ ထား လိုက် ပါ တော့ ။

( လိုက် မ လုပ် နဲ့ ။ လိုက် လုပ် ရင် ဦး ဏှောက် ဖောက် စား တယ် လို့ ပြော မယ် ။ )

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃၁ ၊ ၁၀ ၊ ၂၀၂၆

မိုး တင့် ဆွေ
၁ ၊ ၁၁ ၊ ၂၀၂၆
တ န င်္ဂ နွေ ။
( 2822 )
👍404❤65💯18👏8🙏3🤔2🔥1🕊1
“ လွဲ လွဲ လေး တိုင်း မ ကောင်း ဘူး “

နိုင် ငံ တော် သ မ္မ တ က အ ခွန် အ သစ် တွေ ကောက် စ ရာ မ လို ဘူး ရှိ ပြီး သား ရ သင့် တဲ့ အ ခွန် တွေ ရ အောင် ကောက် ခံ ရင် ရ ပြီ လို့ ဆို တယ် ။

အဲ့ တော့ ကောက် ရ မယ့် အ ခွန် တွေ ကို စ နစ် တ ကျ ရ အောင် ကောက် ရ မှာ ပေါ့ ။

ညှစ် ယူ မယ် ဆို တာ တော့ မ ဖြစ် တာ ကောင်း တယ် ။

ရေး ခဲ့ ပြီး ပြီ ။ လေ ဆိပ် က ယူ လာ တဲ့ ဖုန်း တွေ ကို တ ခါ တည်း လေ ဆိပ် မှာ အ ခွန် ကောက် လိုက် နိုင် ရင် ရ သင့် တဲ့ အ ခွန် အ ချိန် နဲ့ တ ပြေး ညီ အ ကုန် စ နစ် တ ကျ ရ တယ် ဆို တာ ။

အဲ့တော့ လေ ဆိပ် မှာ အ ခွန် အ ပြီး ကောက် လို့ ရ အောင် သက် ဆိုင် ရာ က စီ စဉ် ပေး လိုက် ရုံ ပဲ ။ ဒါ ဆို စ နစ် ကျ သွား ပြီ ။

အိမ် ခြံ မြေ ရောင်း ဝယ် ခွန် ကောက် တော့ အ ခွန် ဦး စီး ဌာ န က သတ် မှတ် ထား တဲ့ အ ခွန် တွေ သက် မှတ် ဘက် ဂျက် နှစ် အ တွင်း အ ကုန် ရ အောင် ကောက် ခံ နိုင် ရင် ပြီး တယ် ။

မ ရ ဘူး ဒီ လောက် ဆောင် ဆို ပြီး ပို တောင်း ရင် လွဲ ပြီ ။

အ ကောက် ခွန် မှာ Assessing value ဆို တာ ရှိ တယ် ။ နိုင် ငံ ခြား က တင် သွင်း လာ တဲ့ ပ စ္စည်း တွေ ကို အ ခွန် ကောက် ဖို့ သတ် မှတ် ထား တဲ့ ဈေး နှုန်း ။

အ ခွန် ဆောင် မယ့် သူ က သူ့ ပ စ္စည်း ဘယ် လောက် တန် ပါ တယ် ဆို ပြော တာ သတ် မှတ် ထား တဲ့ ဈေး ထက် နည်း နေ ရင် သူ ပြော တဲ့ ဈေး နဲ့ အ ခွန် မ ဆောင် ခိုင် ပဲ ဌာ န က သတ် မှတ် ဈေး နဲ့ ဆောင် ခိုင်း တယ် ။ များ ရင် တော့ ငြိမ် နေ လိုက် ပေါ့ ။

အဲ့ လို ပဲ အိမ် ခြံ မြေ ဆို လည်း ဘယ် မြို့ နယ် မှာ ဘယ် လောက် ဆို သတ် မှတ် ထား တာ ရှိ တယ် ။

နိုင် ငံ တော် ရဲ့ တ ရား ဝင် ဝန် ကြီး ဌာ န က တ ရား ဝင် သတ် မှတ် ထား တာ ကို မ ရ ဘူး နည်း တယ် များ တယ် လို့ လုပ် လို့ မ ရ ဘူး ။

အိမ် ခြံ မြေ ကိ စ္စ တွေ မှာ ရောင်း သူ က အိမ် ခြံ မြေ ဈေး က စား ပြီး ရောင်း တဲ့ သူ လား ၊ ဝယ် ရောင်း လား ၊ သူ့ မှာ အ များ ကြီး ရှိ လို့ ရောင်း တဲ့ သူ လား ၊ အ ကြွေး ဆပ် စ ရာ ရှိ လို့ နေ တဲ့ အိမ် ရောင်း ရ တဲ့ သူ လား ဆို တာ ရှိ တယ် ။

နေ တဲ့ အိမ် ရောင်း တဲ့ သူ က နောက် တ အိမ် နေ ဖို့ ပြန် ဝယ် ရ အုံး မယ် ။ ဦး G1 လည်း ငါး ကျပ် မ ဖြစ် ဖို့ လို တယ် ။

နိုင် ငံ ခြား က ဝယ် လာ တဲ့ တယ် လီ ဖုန်း ကို အ ကောက် ခွန် က ( ဥ ပ မာ iPhone 17 ဆို ဘယ် လောက် ၊ iPhone 18 ဆို ဘယ် လောက် ဆို ပြီး အ ခွန် ဆောင် ခိုင်း တယ် ။ ဒါ ပုံ မှန် ပဲ ။

iPhone မှ မ ဟုတ် ဘူး ကား လည်း အ တူ တူ ပဲ ၊ ရေ ခဲ သေ တ္တာ လည်း အ တူ တူ ပဲ ။

ဒါ ကို မင်း iPhone က အ ပြင် မှာ သိန်း တ ရာ လောက် ရှိ တယ် အဲ့ တော့ အ ခွန် သိန်း ၂၀ ဆောင် ။ မင်း ရေ ခဲ သေ တ္တာ ပြန် ရောင်း ရင် သိန်း ၂၀ လောက် ရ မှာ အဲ့ တော့ ငါး သိန်း ဆောင် ဆို ပြီး လက် တန်း တောင်း ရင် သူ ပုန် တွေ လုပ် တဲ့ လုပ် ရပ် မျိုး ဖြစ် သွား လိမ့် မယ် ။

နိုင် ငံ တော် လို့ တ ရား ဝင် သတ် မှတ် ရင် ဥ ပ ဒေ နဲ့ အ ညီ ပဲ ဆောင် ရွက် ရ တယ် ။ ဥ ပ ဒေ ဆို တာ လည်း ပါး စပ် က ပြော ချင် တိုင်း ပြော လို့ မ ရ ဘူး ။ စ နစ် တ ကျ လွှတ် တော် တင် ပြီး အ တည် ပြု လုပ် ဆောင် ရ တယ် ။

တ ချို့ ဌာ န ဆိုင် ရာ ဥ ပ ဒေ တွေ ၊ Standing order တွေ က တော့ လွှတ် တော် တင် စ ရာ မ လို ဘူး သက် ဆိုင် ရာ ဌာ န အ ကြီး အ ကဲ လက် မှတ် ထိုး ပြီး ပြ ဌာန်း လို့ ရ တယ် ။ ဥ ပ မာ

လေ ဆိပ် က ခ ရီး သည် တ ယောက် အ ခွန် မ ပေး ပဲ သယ် ဆောင် ခွင့် ရှိ တဲ့ ပု ဂ္ဂ လိ က အ သုံး အ ဆောင် ကို အ ကောက် ခွန် ညွှန် ကြား ရော မှူး ချုပ် က လက် မှတ် ထိုး ပြီး ပြ ဌာန်း ပိုင် ခွင့် ရှိ တယ် ။

အိမ် ခြံ မြေ အ ခွန် ဆောင် ဖို့ ကို အ ခွန် ဦး စီး ဌာ န က ဘယ် မြို့ နယ် မှာ 1 sq/ft ကို ဘယ် လောက် လို့ တ နှစ် တ ခါ ထုတ် ပြန် တယ် ။ အ ခွန် ဆောင် ရမယ့် သူ တွေ က အဲ့ ဒီ အ ပေါ် တွက် ချက် ပြီး ပေး ဆောင် ရ တယ် ။

ဒါ ကို မင်း အိမ် က အ ပြင် ပေါက် ဈေး ဒီ လောက် ရှိ တယ် ဒီ လောက် အ ခွန် ဆောင် လို့ လုပ် ရင် သ မ္မ တ ကို တော့ ကျွန် တော် တို့ အ ခွန် ဒီ လောက် ပို ကောက် လို့ ရ ပါ တယ် လို့ တင် ပြ လို့ ရ တာ ပေါ့ ။ အောက် ခြေ မှာ ဝ ရုန်း သုန်း ကား ဖြစ် ကုန် လိမ့် မယ် ။

စ နစ် တ ကျ ဆို တာ စ နစ် နဲ့ အ ညီ လို့ ပြော တာ ။ တ ယောက် တ ပေါက် မ ဟုတ် ဘူး ။

အ ပြင် မှာ ပေါက် ဈေး ဘယ် လောက် ဖြစ် ဖြစ် တ ရား ဝင် သက် ဆိုင် ရာ က ဥ ပ ဒေ စည်း ကမ်း နဲ့ အ ညီ ပဲ ဆောင် ရွက် ရ မယ် ။ ပို လို ချင် နောက် နှစ် အ ခွန် သတ် မှတ် ချက် ပို တင် ပေါ့ ။

အ များ ကြီး ပြော လို့ မ ကောင်း ဘူး ။ အ ခွန် ရ ချင် တာ လား စ နစ် ကျ ချင် တာ လား ရွေး ရ မယ် ။

ထူး အိမ် သင် က တော့ လွဲ လွဲ လေး လည်း ကောင်း ပါ တယ် ဆို ပေ မယ့် လွဲ နေ တိုင်း မ ကောင်း ဘူး ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃ ၊ ၁၁ ၊ ၂၀၂၆

မိုး တင့် ဆွေ
၃ ၊ ၁၁ ၊ ၂၀၂၆
အ င်္ဂါ ။
( 2823 )
👍393❤67💯12👏5🤡1👀1
“ ဘီ လူး ဆိုင်း တီး လည်း က မှာ ပဲ “

အ မေ ရိ ကန် နိုင် ငံ ခြား ရေး ဝန် ကြီး ဌာ န က မြန် မာ နိုင် ငံ နဲ့ ပတ် သက် တဲ့ Mission for Burma ဆို တဲ့ သ ဘော ထား ထုတ် ပြန် ခဲ့ တယ် ။

ထုတ် ပြန် တဲ့ ထဲ မှာ ၂၀၃၀ မှာ ငြိမ်း ချမ်း ရေး ရ ဖို့ အ တွက် လည်း ပါ တယ် ။

“ to increase U.S. influence and create an environment for U.S. investment over other regional actors.” ဒေ သ တွင်း မှာ တ ခြား သူ တွေ ထက် အ မေ ရိ ကန် နိုင် ငံ က ဩ ဇာ လွှမ်း မိုး မှု မြင့် တင် ပြီး ပို ပြီး ကောင် မွန် တဲ့ ပတ် ဝန်း ကျင် တည် ဆောက် သွား မယ် လို့ လည်း ပါ တယ် ။

ကောင်း တယ် ။ ဒါ ဆို မြန် မာ နိုင် ငံ က တ ရုတ် လက် ဝေ ခံ တွေ ဒု က္ခ ပေး နေ တာ တွေ လက် က လွတ် သွား နိုင် မယ့် အ နေ အ ထား ရှိ တယ် ။ ဖြစ် စေ ချင် တာ ကြာ ပြီ လို့ ပြော ရ မယ် ။

ငြိမ်း ချမ်း ရေး က လို ချင် ရင် ချက် ချင်း ရ တယ် ။ မ လို ချင် လို့ တ မင် တိုက် နေ ကြ တာ ။ မြှောက် ပေး တဲ့ သူ ရှိ နေ လို့ တိုက် နေ တာ ။ လော ဘ ကြီး ကြ လို့ တိုက် နေ တာ ။ သ ယံ ဇာ တ ခိုး ချင် လို့ တိုက် နေ တာ ။

ဒါ ကြောင့် အ မေ ရိ ကန် ငြိမ်း ချမ်း ရေး လုပ် ငန်း ထဲ ဝင် ပါ မယ် ဆို တာ ကို စိတ် ဝင် စား တယ် ။

မြန် မာ နိုင် ငံ ငြိမ်း ချမ်း ရေး ကို တ ရုတ် တ သက် လုံး လုပ် လာ တာ ရှမ်း မြောက် ကို ကိုး ကန့် သိမ်း လိုက် ပြီ ။ တ ရုတ် ဆက် ပြီး မြန် မာ နိုင် ငံ ငြိမ်း ချမ်း ရေး ကိ စ္စ ကို ဝင် ပါ နေ ရင် နေ ပြည် တော် နဲ့ ရန် ကုန် ကို ဘယ် သူ သိမ်း မ လဲ လို့ တွေး လာ ရ လိမ့် မယ် ။

တ ရုတ် နိုင် ငံ ခြား ရေး ဝန် ကြီး ဝမ် ယီ က မြန် မာ နိုင် ငံ ရဲ့ နိုင် ငံ ရေး ရင် ကြား စေ့ ရေး ကို ထောက် ခံ အား ပေး တယ် လို့ နို ဝင် ဘာ လ ၃ ရက် နေ့ က ဘေ ဂျင် ၁၁ ကြိမ် မြောက် လန် ချန်း မဲ ခေါင် ပူး ပေါင်း ဆောင် ရွက် ရေး အ စည်း အ ဝေး မှာ မြန် မာ ကိုယ် စား လှယ် အ ဖွဲ့ က ဝန် ကြီး ဦး အောင် ကျော် ဟိုး ကို ပြော တယ် ။

မြန် မာ နိုင် ငံ ထဲ မှာ ကိုး ကန့် တို့ လုပ် ရပ် တွေ ကို နိုင် ငံ တော် အ ဆင့် မ ဟုတ် တဲ့ သူ တောင် နား လည် နိုင် နေ ရင် တ ရုတ် ဗ ဟို အ စိုး ရ က မ သိ ဘဲ မ နေ ဘူး ။

အဲ့ တော့ အ ပေါ် က ပြော တာ နဲ့ အောက် က လုပ် ရပ် တွေ ကို ပြန် ဆန်း စစ် ကြည့် ရင် တ ရုတ် ဗ ဟို အ စိုး ရ ရဲ့ အ ပြော နဲ့ ယူ နမ် ပြည် နယ် အ စိုး ရ လုပ် ရပ် မ တူ ညီ တာ မျိုး တွေ့ ရ တယ် ။

တ ရုတ် ဗ ဟို အ စိုး ရ က မြန် မာ ကို ကောင်း စေ ချင် တာ တ ကယ် ပါ ဆို ရင် တ ရုတ် ဗ ဟို အ စိုး ရ က ယူ နမ် ပြည် နယ် အ ပေါ် ဩ ဇာ မ လွှမ်း နိုင် ဘူး လား ဆို တဲ့ မေး ခွန်း ရှိ လာ လိမ့် မယ် ။

၁၀၂၇ ကိ စ္စ အ ပါ အ ဝင် တ ရုတ် နဲ့ ပတ် သက် တဲ့ အ ကြောင်း အ ရာ တွေ ကို ခန့် မှန်း တာ လွဲ နေ တယ် လို့ ဆို ကြ တယ် ။ ကိုယ် က အ တွင်း သ တင်း ဘာ မှ မ သိ ဘူး ခန့် မှန်း ရေ ရ တာ ဆို တော့ မ ငြင်း တော့ ဘူး ။

တ ကယ် သာ ရှမ်း မြောက် ကိ စ္စ ခန့် မှန် နေ တာ မှား တယ် ဆို ရင် တ ရုတ် ဗ ဟို အ စိုး ရ က ယူ နမ် ပြည် နယ် အ စိုး ရ အ ပေါ် ဩ ဇာ လွှမ်း မိုး မှု မ ရှိ ဘူး လို့ သတ် မှတ် မယ် ။

KIA တွေ မြေ ရှား ခိုး ရောင်း သ လို ၊ UWSA တွေ ဗ ဟို အ စိုး ရ ကို ဘာ အ ခွန် မှ မ ပေး ဘဲ သံ ရိုင်း ခိုး ရောင်း နေ သ လို မျိုး ကို မြန် မာ ဗ ဟို အ စိုး ရ မ ထိန်း ချုပ် နိုင် ဘူး ။

အဲ့ လို သ ဘော မျိုး ယူ နမ် အ စိုး ရ ကိုး ကန့် နဲ့ ပေါင်း ပြီး မြန် မာ နိုင် ငံ ကို ထိန်း ချုပ် ထား တာ တ ရုတ် CCCP ပါ တီ အ စိုး ရဘာ မှ ပြော ပိုင် ခွင့် မ ရှိ ဘူး ဖြစ် နေ လို့ လား ဆို တဲ့ တွေး စ ရာ လမ်း ကြောင်း တ ခု ပေါ် လာ တယ် ။

အ မေ ရိ ကန် ရဲ့ ၂၀၃၀ မှာ ငြိမ်း ချမ်း ရေး ဆို တာ ကြာ တယ် ။ ဒီ ကြား ထဲ မ ငြိမ်း ချမ်း သေး ဘူး ဆို တဲ့ သ ဘော ပါ တယ် ။

မ ငြိမ်း ချမ်း သေး ရင် တ ရုတ် နယ် စပ် ကုန် သွယ် ရေး နဲ့ BRI လုပ် ငန်း ကြန့် ကြာ နေ ရ အုံး မယ် ။

အ မေ ရိ ကန် သ ဘော က ၂၀၃၀ ထိ BRI အ ပါ အ ဝင် တ ရုတ် လုပ် ချင် တာ တွေ ကောင်း ကောင်း လုပ် ခွင့် မ ရ စေ သေး ဘူး ဆို တာ မျိုး လည်း ဖြစ် နေ တယ် ။

အဲ့ တော့ တ ရုတ် ဖက် က ယူ နမ် ပြည် နယ် ကို ဖိ အား ပေး ပြီး ကိုး ကန့် တွေ သူ့ နေ ရာ သူ ပြန် အောင် အ ရင် လုပ် နိုင် ရင် အ မေ ရိ ကန် ထက် လက် ဦး မှု ရ နိုင် မယ် ။ မ ဟုတ် ရင် တော့ ၂၀၃၀ ထိ ဒီ အ တိုင်း ပဲ သွား ပေါ့ ။

ဒီ ထက် ပို ပြီး လေး နက် တဲ့ ဗျူ ဟာ တွေ လည်း ရှိ သေး တယ် ။

အ မေ ရိ ကန် က မြန် မာ နိုင် ငံ မှာ ရေ ရှည် တည် ငြိမ် အေး ချမ်း မှု တွေ ရ လာ ရင် အ မေ ရိ ကန် စီး ပွါး ရေး လုပ် ငန်း တွေ ပြန် ဝင် လာ မယ် လို့ လည်း ပြော တယ် ။

မြေး ရှား ခိုး ရောင်း တာ ဝယ် နေ တဲ့ တ ရုတ် ဒီ ကိ စ္စ က လည်း ထည့် စဉ်း စား ရ မယ် ။ အ မေ ရိ ကန် က မြေ ရှား ကို တ ရား ဝင် ဝယ် မယ် တ ရုတ် က ခိုး ဝယ် မယ် ဆို တ ရား ဝင် ဝယ် မယ့် ဖက် က အ သာ ရ လာ မှာ ပဲ ။

KIA ထိန်း ချုပ် ထား တယ် ဆို တာ အ မေ ရိ ကန် လို ချင် ရင် မ ရ ပါ ဘူး ။
👍206❤47💯12
အ မေ ရိ ကန် ရဲ့ ထုတ် ပြန် ကြေ ညာ ချက် က တ ရုတ် အ တွက် မြန် မာ နိုင် ငံ မြောက် ပိုင်း မှာ လုပ် နေ တဲ့ ကိ စ္စ တွေ ပြန် စဉ်း စား ရ မယ့် ကိ စ္စ ဖြစ် လာ တယ် ။ စစ် နဲ့ ရိုး သား မှု ကိုယ် တိုင် ရွေး ရ ဖို့ ဖြစ် လာ တယ် ။

တ ရုတ် က ကိုး ကန့် ကို ခေါင်း တည် ပြီး စစ် ပြန် ဖြစ် စေ ရင် ရှမ်း မြောက် ကို ဆက် ( အ ပြီး ) ပိတ် လိုက် ရုံ ပဲ ။ ကိုး ကန့် နဲ့ ပတ် သက် ပြီး ( တ ရုတ် အ ပေါ် ) ခံ စား ချက် ရှိ နေ တဲ့ မြန် မာ တိုင်း ရင်း သား တွေ အ တွက် လည်း နောက် ထပ် ဆူး တ ချောင် ထက် ဖြစ် လာ လိမ့် မယ် ။

ကိုး ကန့် ကို သူ့ နေ ရာ သူ ပြန် စေ ပြီး မူ ဆယ် ကုန် သွယ် ရေး လမ်း ပုံ မှန် ပြန် ဖြစ် စေ ရင် တော့ တ ရုတ် လုပ် ချင် တဲ့ ကိ စ္စ တွေ အ တွက် အ ချိန် နဲ့ လုပ် ခွင့် ရ လာ လိမ့် မယ် ။

တ ရုတ် ရွေး ချယ် မှု မှန် ပြီး အ မှန် တ ကယ် ရိုး သား ဖို့ လို လာ ပြီ ။

ရွေး ချယ် တဲ့ တီး လုံး ဘီ လူး ဆိုင်း ဖြစ် လည်း တီး လုံး အ တိုင်း မြန် မာ နိုင် ငံ ဆက် က ရ မှာ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၃ ၊ ၁၁ ၊ ၂၀၂၆

မိုး တင့် ဆွေ
၄ ၊ ၁၁ ၊ ၂၀၂၆
ဗု ဒ္ဓ ဟူး ။
Photo online
( 2824 )
👍418❤65💯23🥰4👏2
“ အ နာ ဂါတ် တ ရား ခံ “

အ ကြွင်း မဲ့ လက် နက် ချ မှ ဆွေး နွေး ခွင့် ပေး မယ် ဆို တဲ့ စ ကား တ ခု ထွက် လာ တယ် ။

မှန် မ မှန် မ သိ ပေ မယ် ရ ခိုင် AA တွေ နဲ့ ပတ် သက် တဲ့ မြန် မာ စစ် တပ် က မူ လို့ လည်း ဆို တယ် ။

လက် နက် ချ တာ ဆွေး နွေး တာ တွေ ကို မ ပြော သေး ခင် မှာ အ ခု အ တိုင်း ဆက် သွား ရင် ရ ခိုင် ပြည် နယ် ဘ င်္ဂါ လီ တွေ လက် ထဲ သေ ချာ ပေါက် ရောက် ရ တော့ မယ် လို့ အ တပ် ပြော နိုင် တယ် ။

၂၀၀၄ ခု နှစ် က ဘူး သီး တောင် မောင် တော နယ် စပ် ဒေ သ လူ ဝင် မှု ကြီး ကြပ် ရေး စ ခန်း ( န စ က ) မှာ တာ ဝန် ကျ တယ် ။

ဘူး သီး တောင် မောင် တော က ရာ သီ ဥ တု လည်း မ မျှ တ သ လို စီး ပွါး ရေး ဆက် သွယ် ရေး မ ကောင်း လို့ ရ ခိုင် အ ပါ အ ဝင် မြန် မာ နိုင် ငံ သား တွေ သိပ် မ နေ ကြ ဘူး ။

အဲ့ ဒီ အ ချိန် အဲ့ ဒီ နေ ရာ တွေ မှာ ဘ င်္ဂါ လီ လူ မျိုး ၉၀ % ကျော် ရှိ တယ် ။ စား စ ရာ ဝတ် စ ရာ မ ရှိ ဖြစ် နေ တာ တောင် ဘ င်္ဂါ လီ အိမ် တ အိမ် မှာ အ နည်း ဆုံး လူ ၁၀ ယောက် အ ထက် ရှိ တယ် ။

ယော က်ျား တ ယောက် မှာ မိန်း မ လေး ယောက် နဲ့ အ နည်း ဆုံး က လေး ခု နှစ် ယောက် ရှစ် ယောက် ရှိ တယ် ။ တ ချို့ အိမ် မှာ ၂၅ ယောက် ထိ ရှိ တယ် ။ က လေး အ များ စု မှာ အ ဝတ် မ ရှိ ဘူး ။

အဲ့ လို ဘ င်္ဂါ လီ တွေ ပေါက် ဖွား နှုန်း များ လွန်း လို့ မြန် မာ ဗု ဒ္ဓ ဘာ သာ တွေ ရှိ ဖို့ လို တယ် ဆို ပြီး သက် ဆိုင် ရာ တာ ဝန် ရှိ လူ တွေ ထောင် သား တွေ ကို လွှတ် ပေး ပြီး မောင် တော မှာ အိမ် နဲ့ လို အပ် တဲ့ အ သုံး အ ဆောင် အ ပြင် အိမ် ထောင် ရှိ ရင် မိန်း မ ပါ ခေါ် ပေး ထား တယ် ။

လို အပ် တဲ့ ပ စ္စည်း ဆို တာ အိမ် ၊ အိမ် ထောင် ပ ရိ ဘော ဂ အ ပြည့် အ စုံ ၊ အိမ် မီး ရ ဖို့ မီး စက် တွေ ၊ အ လုပ် လုပ် ဖို့ ထော် လာ ဂျီ တွေ အ ထိ အ ကုန် ဖြည့် စည်း ပေး ခဲ့ တယ် ။ သုံး ဖို့ ပိုက် ဆံ လည်း ပေး ခဲ့ တယ် ။

သူ တို့ လို တာ ဖြည့် ဆည်း ပေး ဖို့ အဲ့ တုန်း က အာ ဏာ ထွား ခဲ့ တဲ့ ထောက် လှမ်း ရေး က ရဲ ၊ အ ကောက် ခွန် နဲ့ လ ဝ က ဝန် ထမ်း တွေ စု ပြီး န စ က အ နေ နဲ့ အ ဖွဲ့ ဖွဲ့ နေ ထိုင် ခဲ့ တယ် ။

ထောင် ကျ ရာ ဇ ဝတ် သား တွေ ကို နေ ရာ ပေး ပြီး သူ တို့ လို တာ ဖြည့် ဆည်း ပေး ဖို့ အ စိုး ရ ဌာ န ဝန် ထမ်း အ ရာ ရှိ တွေ ရာ ချီ အ ဆင် သင့် စောင် နေ ပေး တာ တောင် ဘယ် ထောင် သား မှ ကြာ ကြာ မ နေ ဘူး ပြေး ကြ တာ ပဲ ။ ဘာ လုပ် စား စ ရာ မှ မ ရှိ တာ ။

အဲ့ တော့ ဘူး သီး တောင် မောင် တော မှာ ဒေ သ ခံ ရ ခိုင် တွေ ရော မြန် မာ ဗု ဒ္ဓ ဘာ သာ တွေ ပါ မ နေ နိုင် လို့ တ ချိန် နေ နိုင် တဲ့ ဘ င်္ဂါ လီ တွေ ပဲ ရှိ နေ ကြ လိမ့် မယ် ။ ဒီ ကိ စ္စ နှစ် ပေါင်း များ စွာ ထဲ က ရေး ခဲ့ ပြီး ပြီ ။

အ ခု ရ ခိုင် ဒေ သ မှာ ဒေ သ ခံ ရ ခိုင် တွေ က မ နေ ချင် တဲ့ သူ ၊ မ နေ နိုင် တဲ့ သူ တွေ အ ပြင် စစ် ဘေး ရှောင် တွေ ပါ များ လာ ပြီး AA စစ် တိုက် လို့ ပို ပြီး ရ ခိုင် လူ မျိုး ရှား လာ တယ် ။

အ တည် ပြု လို့ မ ရ တဲ့ သ တင်း တွေ အ ရ AA အ ဖွဲ့ ထဲ မှာ ခေါင်း ဆောင် ပိုင်း ကိ စ္စ တွေ ရှိ နေ တယ် လို့ ဆို တယ် ။ ခေါင်း ဆောင် ထွန်း မြတ် နိုင် လူ လုံး ထွက် မ ပြ တာ လ အ တော် ကြာ ပြီ ။ AA ကို ညို ထွန်း အောင် ဦး ဆောင် နေ တာ တွေ့ ရ တယ် ။

ရ ခိုင် တွေ အား လုံး AA ပဲ ဆို တဲ့ သူ တွေ က ညို ထွန်း အောင် ထက် ထွန်း မြတ် နိုင် ကို ပို ကိုး ကွယ် ကြ တယ် ။ ဒီ တော့ AA အ ဖွဲ့ ရဲ့ နောက် ပိုင်း ကိ စ္စ တွေ က စိတ် ဝင် စား ဖို့ ကောင်း တယ် ။

သို့ ပေ မဲ့ လက် ရှိ အ နေ အ ထား အ တိုင်း စစ် ဆက် တိုက် နေ ရင် AA တ သိန်း မြန် မာ စစ် တပ် တ သိန်း ဆ တူ ပဲ ကျ ဆုံး တယ် ထား ။ မ ကြာ ဘူး ဘ င်္ဂါ လီ တွေ ရ ခိုင် ဒေ သ ကို ရ သွား တော့ မယ် ။ ရ ခိုင် တွေ ဘ င်္ဂါ လီ တွေ နှိပ် စက် တာ ပြန် ခံ ကြ ရ တော့ မယ် ။

လိုင်း ပေါ် မှာ ရ ခိုင် ကို မ ပြော နဲ့ လို့ တက် ကြွ နေ တဲ့ သူ တွေ က မ လေး ရှား နဲ့ ထိုင်း မှာ ။ တာ မွေ ကျောက် မြောင်း က လည်း ပါ မှာ ပေါ့ ။

ရ ခိုင် အ တွက် မ ပူ ပါ နဲ့ လို့ အ မြဲ လာ ပြော လို့ မ ပူ ပါ ဘူး ။ စစ် ဖြစ် နေ တာ ထက် စာ ရင် ချုပ် ငြိမ်း သွား တာ ပို ကောင်း တယ် ။

စစ် ပွဲ တွေ ချုပ် ငြိမ်း မ လား လူ တွေ ချုပ် ငြိမ်း မ လဲ ဆို တာ တော့ ရွေး ချယ် မှု နဲ့ ပဲ ဆိုင် မယ် ။ ကြား ရ တဲ့ အ သံ က အ ကြွင်း မဲ့ လက် နက် ချ ရ မယ် လို့ ကြား နေ လို့ ။

ရ ခိုင် က သူ တို့ တိုက် လို့ နိုင် သွား ပြီး ရ ခိုင် နိုင် ငံ ဖြစ် သွား ရင် တောင် ဘ င်္ဂါ လီ ( ARSA ) တွေ နဲ့ ရော မြန် မာ စစ် တပ် နဲ့ ရော ရ ခိုင် မ ကုန် မ ချင်း ဆက် တိုက် နေ ရ မယ် ဆို တာ ထည့် မှ မ တွေး တတ် ကြ တာ ။

မြန် မာ နိုင် ငံ သား အား လုံး တ ယောက် ကို မှ မ ထိ ခိုက် စေ ချင် ဘူး ။ အာ ဏာ အ တွက် အ နာ ဂါတ် မှာ တ ရား ခံ တွေ မ ဖြစ် ကြ စေ နဲ့ ပေါ့ ။

ရ ခိုင် အ တွက် မ ပူ ပါ ဘူး ။ သ နား တာ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၄ ၊ ၁၁ ၊ ၂၀၂၆

မိုး တင့် ဆွေ
၅ ၊ ၁၁ ၊ ၂၀၂၆
ကြာ သ ပ တေး ။
Photo online
( 2825 )
👍395❤58💯19👏4