မြေလတ်အသံ - Myaelatt Athan
✔
34.7K subscribers
33.4K photos
189 videos
13 files
14.7K links
Sharing Information to the local
Download Telegram
⁨အမြန်လမ်းမှာ ၁ ရက်တည်း ယာဥ်တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်ကာ ၁၄ ဦးဒဏ်ရာရ

ပျော်ဘွယ်၊ နိုဝင်ဘာ ၃၊ ၂၀၂၆။

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်နဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ၁ ရက်တည်း ယာဥ်တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်ကာ ၁၄ ဦးဒဏ်ရာရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မနက် ၈ နာရီခန့်မှာ ရန်ုကုန်ဘက်နေ မန္တလေး ဘက်ကို လူ ၄ ဦးလိုက်ပါ မောင်းလာတဲ့ Pickup ယာဉ်ဟာ ကားလမ်းမိုင်တိုင်အမှတ် ၂၄၇/၇- ၂၄၈/၀ အကြားအရောက်မှာ ရှေ့ဘီးပေါက်ပြီး လမ်းလယ်ကျွန်းက သစ်ပင်ကို တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။

"ယာဥ်ရဲ့ ဘယ်ဘက်ရှေ့ဘီးယာဥ်ပေါက်ပြီး သစ်ပင်တိုက်တာ။ အရှိန်များတော့ သစ်ပင်တိုက်တဲ့ အရှိန်ကြောင့် ကားပေါ်ပါမှာတဲ့ ၄ ယောက်ပါတာမှာ ၃ ယောက် စိုးရိမ်ရပြီး ၁ ယောက်ကို မစိုးရိမ်ရဘူး။"လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးသူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26828/
🔥13❤8😱3👍2
⁨ပေါက်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ၇ ဦးသေ ၁၅ ဦးဒဏ်ရာရ

ပေါက်၊ နိုဝင်ဘာ ၄၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးရွာ ၃ ရွာ လေကြောင်းတိုက်ခိုက်ခံပြီး ပြည်သူ ၇ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရတယ်လို့ ပေါက်မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၂ နာရီခန့်က ညောင်ဦးကနေ တက်လာတဲ့ စက်တပ်လေထီး ၃ စီး၊ Mi-35 တစီးတို့ဟာ ကျောက်ခွက်၊ အိုင်ကျယ်နဲ့ လယ်လန်းကျေးရွာတွေကို ဗုံး ၉ လုံးအပါအဝင် ရောကက်တွေနဲ့ ၄ ကြိမ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"အရင်ကင်းထောက်ပြီးမှ ကြဲတာ။ ပြည်သူ နေအိမ်ပေါ်ကျလို့ ပျက်စီးထိခိုက်သေဆုံးကြတာ။ တိုက်ပွဲတော့မရှိဘူး။ အဲနားတဝိုက်မှာ ကပစ ၂၂ ကထွက်လာတဲ့ စစ်ကြောင်းတွေတော့ ရှိနေတယ်။ ပုံတောင်ပုံညာဘက် တက်ဖို့ကြိုးစားနေကြတယ်"လို့ ပေါက်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26836/
🤬29❤6👍2👎1
ရဲစခန်းနဲ့ မြို့တော်ခန်းမဘေးမှာ ဘီယာဆိုင်ထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ မိန်းမပစ်သတ်ခံရ

တောင်သာ၊ နိုဝင်ဘာ ၄၊ ၂၀၂၆။

မန္တလေးတိုင်း၊ တောင်သာမြို့၊ အမှတ် ၅ ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့တော်ခန်းမအနီးက ဘီယာဆိုင်မှာ ထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ကို PDF အဖွဲ့တွေက ဝင်ရောက်ပစ်ခတ်လို့ သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ညနေ ၅ နာရီခန့်က တောင်သာမြို့နယ် ပြည်သူစစ်အဖွဲ့ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ပြည့်ဖြိုးမောင်နဲ့ ဇနီးဖြစ်သူ မရွှေယမင်းဦးတို့ဟာ ဆိုင်အတွင်း ရှိနေစဥ် PDF အဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သူတို့လင်မယားက မြို​ပေါ်မှာ တော်တော်လေး ထောင်ထောင်ဖြစ်နေလို ဒီဘက်က အဖွဲ့တွေ သွားရှင်းလိုက်တာလို့တော့ သိရတယ်။ လင်မယားနှစ်ယောက်လုံး ဆိုင်ထဲမှာတင်သေတယ်။"လို့ ဒေသခံတဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26845/
👏37❤14👍8😁1
ပေါ်တာလိုက်ဆွဲနေတဲ့ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရ

တောင်တွင်းကြီး၊ နိုဝင်ဘာ ၅၊ ၂၀၂၆။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားမြို့အနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းမှာ ကင်းလှည့်ပြီး၊ ပေါ်တာလိုက်ဆွဲနေတဲ့ ရဲတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရတယ်လို့ နိုဝင်ဘာလ ၄ ရက်နေ့က နေပြည်တော် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကုက္ကိုကုန်း ရဲစခန်းကနေ အင်အား ၆ ဦး၊ ဆိုင်ကယ် ၃ စီးနဲ့ ဆတ်သွားဘက်ကို ထွက်လာတဲ့ ရဲအဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပစ်ခတ်မှုဖြစ်တာက ၁၅ မိနစ်လောက်ပါပဲ။ ပေါ်တာဆွဲဖို့နဲ့ ကင်းပတ်ဖို့ထွက်လာတဲ့ သဘောရှိပါတယ်။ ပစ်ခတ်မှုဖြစ်တော့ သူတို့ဘက်က သေတဲ့သူတွေပစ်ထားပြီး ကျန်တဲ့သူတွေ ထွက်ပြေးသွားတယ်"လို့ ရိုးမဖိုက်တာ စစ်ကြောင်းမှူး ကိုဇေကြီးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26848/
👏24❤8👍8😁1
ရန်ကုန်ကနေ အညာကို မိခင်နာရေးပြန်လာတဲ့ သားအဖ နှစ်ဦး မိုင်းထိပြီး သေဆုံး

ဂန့်ဂေါ၊ နိုဝင်ဘာ ၅၊ ၂၀၂၆။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါနဲ့ မောက်ရွာသွားလမ်းပိုင်းမှာ မိခင်နာရေးကို ပြန်လာတဲ့ သားအဖနှစ်ဦး မိုင်းထိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က အသက် ၄၀ ကျော်အရွယ် ကိုအောင်မျိုးလွင်နဲ့ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူတို့ဟာ ဂန့်ဂေါကနေ မောက်ရွာကို လမ်းလျှောက် ပြန်လာစဉ် စိုင်တူးတံတားအနီးမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။

"ကိုအောင်မျိုးလွင်က (သူ့) အမေဆုံးလို့ ရန်ကုန်က သားအဖ နှစ်ယောက် ပြန်လာကြတာ။ ဂန့်ဂေါရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ၊ ခလရ ၅၀ ဂိတ်ကို သူတို့ မေးသေးတယ်။ ပြန်လို့ရလားပေါ့။ ရတယ် ပြန်ဆိုတော့ လမ်းလျှောက် ပြန်ကြတာ။ မိုင်းကွဲသံကြားတော့ ရွာသားတွေက ပထမအကြိမ် သွားကြည့်ကြသေးတယ်။ မတွေ့ဘူး။ ဒုတိယအကြိမ် သွားကြည့်မှ ကလေး ဖိနပ်လေးတွေ့လို့ လိုက်ရှာမှ တံတားအောက်မှာ သားအဖ နှစ်ယောက်ကို တွေ့ရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26854/
😢39❤12🔥3
ဆားလင်းကြီးမှာ စစ်ကြောင်းဝင် မီးရှို့လို့ နေအိမ် ၅၀ မီးလောင်

ဆားလင်းကြီး၊ နိုဝင်ဘာ ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးဝင်ရှို့တာကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၆ ရက် မနက် ၁၀ နာရီခန့်မှာ အင်အား ၈၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ ပုလဲမြို့နယ်ဘက်ကနေ ကျိုင်းခမောက်ရွာကိုဝင်ရောက်ပြီးနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"ပွဲက(တိုက်ပွဲက) ချောင်းရိုးရွာဘက် ရှေ့ရက်က ဖြစ်တယ်။ အဲဒါကို အငြိုးထားပြီး ကျိုင်းခမောက်နဲ့ နီးတာဆိုတော့ ရွာကို မီးလာရှို့တာ။ ခုမီးရှို့ခံရတဲ့ရွာကလည်း ပုလဲနယ်နဲ့ကပ်တယ်။ တိုက်ပွဲဖြစ်တာလည်း နှစ်ရက်သုံးရက်လောက်ရှိနေပြီ။ PDF တွေက ဒီဘက်ကလာတယ်ဆိုတဲ့ပုံစံနဲ့ လာရှို့သွားတာ"

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26865/
🤬9❤2