Myanmar Environmental Education Team
2.23K subscribers
5.48K photos
161 videos
45 files
1.52K links
Love Nature, Love Our World !
Download Telegram
၂၀၂၆ ခုနှစ်​နှောင်းပိုင်းမှာဖြစ်​ပေါ်လာမယ့် El Niño ရာသီဥတုဖြစ်စဉ်​ကြောင့် မြန်မာနိုင်ငံဟာ

၁။အပူချိန်မြင့်တက်မှု
၂။သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု
၃။စားနပ်ရိက္ခာဖူလုံရေးနှင့်တောင်သူ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာအခက်အခဲများ
၄။တောမီး​လောင်ကျွမ်းခြင်းနှင့် အခြားရာသီဥတုဆိုင်ရာ အန္တရာယ်များကို ကြုံ​တွေ့လာနိုင်ဖွယ်ရှိ​နေပါတယ် ..

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ရဲ့ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ၊ ၁၁ ရက်​နေ့ ထုတ်ပြန်ချက်အရ El Niño ဟာ အားကောင်းသောအခြေအနေကို ရောက်ရှိနေပြီး ၂၀၂၆ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ​တွေမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်..

ဒါ​ကြောင့်လာမယ့် နွေရာသီ​မှာ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းနှင့် ရေရှားပါးခြင်း စတဲ့ အ​ခြေအ​နေ​တွေ အတွက်လည်း ကြိုတင်သတိထားကြဖို့ လိုအပ်ပါတယ် ..

ဒီပြသနာ​တွေကို Environmental Educator တယောက်က ကျောင်းသူ​ကျောင်းသား​တွေ၊ ပရိသတ်​တွေ၊ learners ​တွေကို အန္တရာယ်အကြောင်းကို ပြောပြ​နေရုံနဲ့ မလုံလောက်ပါဘူး ..

Environmental Education (EE) ဆိုတာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ​တွေကို သင်ပေးရုံသာမက..

သက်သေအထောက်အထား​တွေကို ဆန်းစစ်တတ်​စေခြင်း၊ ပြဿနာအကြောင်းရင်းနဲ့ အကျိုးဆက်​တွေကို နားလည်​ပြီး တာဝန်ယူတတ်၊ တန်ဖိုးထားတတ်မှု​တွေကို တည်ဆောက်​ပေးခြင်းနဲ့အတူ ပြသနာ​တွေကို လက်တွေ့ဖြေရှင်းနိုင်​အောင် ပျိုးထောင်ပေးတဲ့ ပညာရေးဖြစ်ပါတယ် ..

El Niño ကို EE subject အဖြစ် သင်ကြားကြမယ်ဆိုရင် ..

၁။ ရာသီဥတုဖြစ်စဉ်ကို နားလည်စေခြင်း (Knowledge)

El Niño ဘယ်လိုဖြစ်ပေါ်လာသလဲ။ ကမ္ဘာ့ရာသီဥတုအပေါ် ဘယ်လိုသက်ရောက်သလဲ။ အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ခြင်းတို့က ဘယ်လိုဆက်နွှယ်​နေသလဲ။

၂။ မိမိ​နေထိုင်ရာဒေသရဲ့ အန္တရာယ်ကို ဆန်းစစ်တတ်စေခြင်း (Systems Thinking)

မကွေးတိုင်း၊မန္တ​လေးတိုင်း၊စစ်ကိုင်းတိုင်း​အောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မိုး​ခေါင်​ရေရှား​ဒေသ​တွေဟာ ရေရှားပါးမှုပြသနာအတွက် ဘာကြောင့်ပိုပြီးစိုးရိမ်စရာအ​ခြေအ​နေ​တွေရှိ​နေသလဲ။

ဧရာဝတီမြစ်ဝကျွန်းပေါ်​ဒေသ​မှာ ရေချိုရှားပါးမှုနဲ့ ပင်လယ်ရေငန် တိုးဝင်​နေမှု​တွေကို ဘယ်လိုခွဲခြားနားလည်ရမလဲ။

ရာသီဥတု၊ သစ်တော၊ မြေဆီလွှာ၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝတို့အကြား ဆက်နွှယ်မှုကို ဘယ်လိုလေ့လာရမလဲ။

၃။ Environmental Ethics နှင့် Civic Education ကို ချိတ်ဆက်ပေးခြင်း (Values & Citizenship)

ရေရှားပါး​နေချိန်မှာ ရေကို ဘယ်သူ​တွေက ဦးစားပေးအ​နေနဲ့ ရရှိသင့်သလဲ။

သဘာဝအရင်းအမြစ်​တွေကို အသုံးပြုကြတဲ့အခါ မိမိအကျိုးအတွက်ပဲ စဉ်းစားသင့်သလား။

ကလေး​တွေ၊ သက်ကြီးရွယ်အို​တွေ၊ ဆင်းရဲနွမ်းပါးတဲ့ တောင်သူ၊လယ်သမား​တွေနဲ့ အကူအညီလိုအပ်​နေသူ​တွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ။

၄။ လက်တွေ့ဖြေရှင်းဆောင်ရွက်တတ်စေခြင်း (Action Competence)

​ကျောင်းသူ​ကျောင်းသား​တွေ၊ ​ဒေသခံ​တွေ၊ Learners ​တွေကို မိမိတို့ကျေးရွာ/ရပ်ကွက်​တွေရဲ့ ရေအရင်းအမြစ်​တွေကို စာရင်းကောက်စေခြင်း၊ ရေသုံးစွဲမှုကို လေ့လာစေခြင်း၊ မိုးရေစုဆောင်းရေးအစီအစဉ် ရေးဆွဲစေခြင်းနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်စေခြင်း​တွေကို လက်တွေ့လေ့ကျင့်ပေးနိုင်ပါတယ်..

၅။ သက်သေအထောက်အထားကို အခြေခံ၍ ဆုံးဖြတ်တတ်စေခြင်း (Evidence-based Decision-making)

ခန့်မှန်းချက်​တွေနဲ့ အတည်ပြုထားတဲ့ အချက်အလက်​တွေကို ခွဲခြားနားလည်တတ်လာစေပါတယ်..

(DMH ရဲ့ မိုးလေဝသသတင်း​တွေ၊ ရေအရင်းအမြစ်အခြေအနေ​တွေနဲ့ ဒေသတွင်းလေ့လာတွေ့ရှိချက်​တွေကို အသုံးပြုပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်​တွေကို ချမှတ်တတ်လာစေနိုင်ပါတယ်)

ဒီလိုသင်ကြားပေးနိုင်မှသာ Environmental Education ဟာ သဘာဝပတ်ဝန်းကျင်အကြောင်း သိရှိမှုကနေတဆင့် လူမှုအသိုက်အဝန်းအတွက် တာဝန်ယူဆောင်ရွက်နိုင်တဲ့ ပညာရေးအဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

ဒီလို အရည်အချင်း​တွေရှိတဲ့ Environmrntal Educators ​တွေ မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်လာဖို့အတွက် Environmental Education Training for Educators(Basic Course) ကို အွန်လိုင်းသင်တန်းအ​နေနဲ့ မကြာခင် ဖွင့်လှစ်​ပေးပါ​တော့မယ် ..

ဒီသင်တန်းမှာ သင်တန်းသူ သင်တန်းသား များအနေနဲ့..

Environmental Education(EE) ၏ သဘောတရားနှင့် သင်ကြားရေးနည်းလမ်းများ

မြန်မာနိုင်ငံ၏ လက်ရှိပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာပြဿနာများ

Science, Environmental Ethics, Civic Education နှင့် Education for Sustainable Development (ESD) တို့၏အ​ခြေခံသ​ဘောတရားများအပြင်

မိမိတို့ရဲ့ ​ကျောင်းသူ​ကျောင်းသား​တွေကိုအလွတ်ကျက်မှတ်​စေခြင်းထက် စဉ်းစားတွေးခေါ်တတ်ခြင်း၊ ဆွေးနွေးတတ်ခြင်း၊ သက်သေရှာဖွေတတ်ခြင်းနဲ့ လက်တွေ့လုပ်ဆောင်တတ်ခြင်း​တွေကို ဦးတည်သင်ကြားရမယ့်နည်းလမ်း​တွေကို သိရှိနားလည်လာနိုင်မှာဖြစ်ပါတယ် ..

#ဒီသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ?

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေးကို စိတ်ဝင်စားသူများ
❤1
စာသင်ကျောင်းများနှင့် အဖွဲ့အစည်းအသီးသီးမှ ဆရာ၊ ဆရာမများ

လူငယ်ပညာပေးသူများနှင့် အသိုင်းအဝိုင်းဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများ

#သင်တန်းအသေးစိတ်အချက်အလက်များ

သင်ကြားပို့ချမည့်အချိန်စုစု​ပေါင်း - နာရီ ၂၀
သင်တန်းရက်များ - စ​နေနှင့် တနင်္ဂ​နွေ​နေ့တိုင်း
သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ

#သင်တန်းစတင်မည့်ရက်နှင့်အချိန်
၇၊၁၁၊၂၀၂၆(စ​နေ​နေ့)ည(၇း၀၀)နာရီ

#သင်တန်းရက်များ -
နိုဝင်ဘာလ ၇၊၈၊၁၄၊၁၅၊၂၈၊၂၉
ဒီဇင်ဘာလ ၅၊၆၊၁၂၊၁၃
(နိုဝင်ဘာ ၂၁ ရက်၊ ၂၂ရက်၊တန်​ဆောင်တိုင်ပွဲ​တော်ရက်များတွင်သင်တန်း မရှိပါ)

#သင်တန်းဆရာကိုယ်ရေးအကျဥ်း
https://www.facebook.com/share/p/18oujvwNcc/

#သင်တန်းကြေး ၈၀,၀၀၀ (ရှစ်​သောင်းကျပ်)

#သင်တန်းကြေးပေးသွင်းရန်
Kpay : 09965642416 (Nang Than Myint)
Note တွင် EETE fee ဟု ​ရေး​ပေးပါရန်

(​ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့​ပေးပါရန်)

#စာရင်းပေးသွင်းရန်
သင်တန်းတက်​ရောက်ရန်အတွက် Google Form ကို ​အောက်ပါ link မှတဆင့် ဝင်​ရောက်ပြီး ဖြည့်စွက်​ပေးကြရမည်ဖြစ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSfz4mvjbDTtnWUJhM7IwVeNmjEDh1HgeyfCwt9DdkjIsfZqyA/viewform?usp=header

သင်တန်း​ကြေး​ပေးသွင်းပြီး၊ စာရင်း​ပေးပြီးပါက- Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့​ပေးပါမည်။

Myanmar Environmental Education Team
❤3
ဆရာကြီး ဦးမောင်မောင်သန်း (၁၉၅၃–၂၀၂၆) အား ဂုဏ်ပြုအမှတ်တရ

မြန်မာနိုင်ငံ၏ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်တွင် GIS နည်းပညာကို ရှေ့ဆောင်အသုံးချခဲ့သူ၊ သစ်တောပညာရှင်၊ Remote Sensing နှင့် GIS အထူးပြု အမျိုးသားပညာရှင် ဆရာကြီး ဦးမောင်မောင်သန်းသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်ုပ်တို့ Farm Digest Journal မိသားစုမှ ဆရာကြီး၏ ဘဝနှင့် လုပ်ဆောင်ချက်များကို ဂုဏ်ပြုအမှတ်တရ ရေးသားအပ်ပါသည်။

ဆရာကြီး ဦးမောင်မောင်သန်းကို ၁၉၅၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ သစ်တောဗေဒဘွဲ့ကို ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ ITC မှ GIS သစ်တောစစ်ဆေးရေး Post-Graduate Diploma ကို ရရှိခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ သစ်တောဌာနတွင် Remote Sensing and GIS Section ၏ Staff Officer၊ Assistant Director၊ Planning and Statistics Division ၏ Deputy Director နှင့် Training and Research Development Division ၏ Director အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဆရာကြီးသည် သစ်တောစီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်စောင့်ကြည့်စစ်ဆေးမှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်နေရာများ၏ အန္တရာယ်စီမံခန့်ခွဲမှုတို့တွင် GIS နည်းပညာကို ကျယ်ပြန့်စွာ အသုံးချခဲ့သည်။

ကမ္ဘာ့သစ်တော အရင်းအမြစ် အကဲဖြတ်မှုများ (၁၉၉၀၊ ၂၀၀၀၊ ၂၀၀၅၊ ၂၀၁၀)၊ မြစ်ဆုံဆည်များ အကဲဖြတ်မှုတွင် နည်းပညာအဖွဲ့ခေါင်းဆောင်၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်တမ်းအဖွဲ့ခေါင်းဆောင်၊ ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုအတွက် အမျိုးသား အလုပ်အဖွဲ့ ခေါင်းဆောင်၊ UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ၏ ဘေးအန္တရာယ်စီမံခန့်ခွဲမှု အတိုင်ပင်ခံ၊ ပတ်ဝန်းကျင်ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

UNEP၊ ADB နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနတို့အတွက် ပတ်ဝန်းကျင်အစီရင်ခံစာများ၊ Environmental Performance Assessment နှစ်စောင်နှင့် State of Environment Report များ ပြုစုရေးတွင် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကျွမ်းကျင်သူအဖြစ် ပါဝင်ခဲ့သည်။

၂၀၂၂ ခုနှစ်မှ ကွယ်လွန်ချိန်အထိ ဇာမဏီမြန်မာနိုင်ငံကြီးသားအသိပညာပေးရေးအဖွဲ့ (ZMPACC) ၏ အဖွဲ့ဝင်နှင့် အကြီးတန်းအကြံပေးအဖြစ် ဆောင်ရွက်ရင်း ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်း ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များ အတွက် ဒေသဆိုင်ရာ Risk Map နှင့် ထိခိုက်လွယ်ဒေသများ အာရုံစိုက်သည့် ဂြိုဟ်တု အချက်အလက် update များကို အခမဲ့ဖြန့်ဝေ ပညာဒါနပြုခဲ့သည်။

လူငယ်မျိုးဆက်သစ် ပညာရှင်များစွာကိုလည်း GIS နည်းပညာဖြင့် အခမဲ့ လေ့ကျင့် သင်ကြားပေးခဲ့သည်။

MIMU ၏ အရေးပေါ်မြေပုံနှင့် GIS လုပ်ငန်းများအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာစေရန် ၂၀၁၅ ရေကြီးမှုကာလတွင် ကူညီဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် MIMU ၏ geospatial symposium တွင်လည်း မြန်မာနိုင်ငံ၏ geospatial ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကို ရှင်းလင်း တင်ပြခဲ့သည်။

ဆရာကြီးသည် မြန်မာ့ဆိုင်းနှင့် မြန်မာ့ဂန္ထဝင်ဂီတတို့တွင် ကျွမ်းကျင်ပြီး ရန်ကုန်တက္ကသိုလ် အနုပညာအသင်း တည်ထောင်ခဲ့သော ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည်။

BaganNet ခေတ်ကတည်းက ဂီတအဖွဲ့များနှင့် စာမျက်နှာများကို အွန်လိုင်းတွင် ဖန်တီးခဲ့သည်။ သူသည် မြန်မာနိုင်ငံ၊ နီပေါ၊ လာအို၊ ထိုင်းနှင့် နယ်သာလန်နိုင်ငံတို့တွင် လုပ်ငန်း အတွေ့အကြုံများ ရှိခဲ့သည်။

ဆရာကြီး ဦးမောင်မောင်သန်း၏ သစ်တော၊ ပတ်ဝန်းကျင်နှင့် GIS နယ်ပယ်အတွက် စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့မှုများ၊ ပညာဒါနပြုခဲ့မှုများနှင့် လူငယ်ပညာရှင်များ ပြုစုပျိုးထောင်ပေးခဲ့မှုများကို ကျွန်ုပ်တို့ Farm Digest Journal မိသားစုမှ လေးလေးနက်နက် ဂုဏ်ပြုအမှတ်တရ ဖြစ်ပါသည်။

ဆရာကြီး၏ ဘဝနောက်ဆုံးခရီးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါစေ။ ဆရာကြီးနှင့် မိသားစု၊ ဆွေမျိုးမိတ်ဆွေများအားလုံးအတွက် ကျွန်ုပ်တို့၏ အနှစ်သာရအရှိဆုံး ဝမ်းနည်းကြောင်း စကားဖြင့် ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်။

Farm Digest Journal https://farmdigest.info/ မှာ Forest and Environment Editor အနေနဲ့ အကို့အတွက် ဂုဏ်ပြုအမှတ်တရ စာ နဲ့ ဒီဇိုင်း ကို မျှဝေလိုက်ပါတယ်။

Credit : U Ohn Lwin
https://www.facebook.com/share/1A9bR3W44p/
❤7
READ NOW!

UNDP’s new report finds that many of the region's greatest security risks now emerge through climate shocks, cybercrime, economic insecurity, and distrust.

The report calls for a broader understanding of security that places people, communities and resilience at its centre.

Download report: https://go.undp.org/xWw

Press release: https://go.undp.org/xmm
မြို့ပြအိမ်ရာတိုးချဲ့မှုတွေကြား ကွယ်ပျောက်သွားခဲ့ရတဲ့ သဘာဝနေရာငယ်​တွေဘယ်လောက်တောင်များနေပြီလဲ

လွန်ခဲ့သော ဆယ်စုနှစ် တခုကျော်က ဆရာကျော်မျိုးနိုင်ရဲ့ ဆောင်းပါးတစ်ခုကို ပြန်တွေ့လို့ ဖော်ပြပေးလိုက်ပါတယ်။

ရေပျော်ငှက်တို့ရဲ့ အနိစ္စဘုံ

၂၆၊ ဇူလိုင်လ၊ ၂၀၁၃ ရက်နေ့ဟာ Wild Wings Photography Group အတွက်တော့ မင်္ဂလာအပေါင်း ခညောင်းတဲ့နေ့ တစ်နေ့ဖြစ်တယ်။ မနက် ၇နာရီ ရန်ကုန်က ထွက်ခဲ့ကြတာ။ မပြန်လမ်းလို့ နာမည်ကြီးနေတဲ့ အမြန်လမ်းမှာ ကားအရှိန်ကို ထိန်းမောင်းရင်း မန္တလေးရွှေမြို့တော်ကြီးကို ညနေ ၃နာရီခွဲမှာ အသက်နဲ့ ကိုယ်တွဲလျက် ရောက်ရှိခဲ့ကြတယ်။ တည်းခိုမည့်နေရာကို မသွားကြသေးဘဲ “ ရေပျော်ငှက်တို့ရဲ့ အနိစ္စဘုံ” လို့ စာရေးသူနာမည်ပေးထားတဲ့ မန္တလေး-ပြင်ဦးလွင်ကားလမ်းမကြီးရဲ့ အနောက်ဖက် ၃၀ နဲ့ ၃၅ လမ်းကြားက Wetlands ဆီကို တန်းမောင်းခဲ့ကြတယ်။
ပုဂ္ဂလိကပိုင်မြေဖြစ်သွားတဲ့ မြေနေရာမှာ ရေဝပ်ရာက ကိုင်းပင်တွေ၊ ကြာပင်တွေ၊ ပိတ်စွယ်ပင်တွေနဲ့ တကယ့်ကို
“ ကြာနှယ်ကြိုင်သင်း၊ ငှက်ချင်းပျော်ကြ၊ ကန်တော်မှာသာ . . . ငှက်တွေမှာလည်း ရေနိုင်ပဲ အိုင်ထဲ ပျော်စံ၊ ဝဲကာရွှင်”
လို့ ဆိုရမလောက် ငှက်ပေါင်းစုံ အထူးသဖြင့် ရေပျော်ငှက်ပေါင်းစုံ ပျော်မြူးနေကြတာ မြင်လိုက်တော့ ကျွန်တော်တို့လို ငှက်ချစ်သူတစ်စုက ဝမ်းသာ ဝမ်းနည်း ဖြစ်ခဲ့ကြရတယ်။
ဝမ်းသာတာက သားပေါက်ချိန်မှာ အမြီးကြီးတွေ ရှည်ထွက်လာပြီး လည်ပင်းနဲ့ ခေါင်းတဝိုက်က အရောင်အသွေးနဲ့ ပုံသဏ္ဌာန်တွေ ပြောင်းသွားကြတဲ့ Pheasant-tailed Jacana ဘီကျားတွေရဲ့ ပုံကို မှတ်တမ်းရိုက်နိုင်ခဲ့တာရယ်၊ ဥကနေ ပေါက်ခါစ ငှက်ပေါက်လေးတွေရဲ့ပုံကို ရခဲ့တာရယ်ကြောင့် ဝမ်းသာခဲ့ရတယ်။ ကျွန်တော်တို့ မရောက်မီရက်တွေက ကိုဖြိုး ကြိုပြီး ရိုက်ထားခဲ့တဲ့ ဘီကျားရဲ့ ဥနဲ့ အသိုက်ပုံရယ်၊ အထီးအမ မိတ်လိုက်နေကြပုံတွေရယ်နဲ့ ပေါင်းလိုက်တော့ တော်တော်လေး ပြီးပြည့်စုံတဲ့ မှတ်တမ်းလေးတွေ ရခဲ့ကြတာပေါ့ဗျာ။ အဲဒီတောမှပဲ ဒီငှက်တွေမှာ အထီးရဲ့ကိုယ်လုံးကိုယ်ထည်က သေးပြီး၊ အမရဲ့ကိုယ်လုံး ကိုယ်ထည်က ကြီးတာကိုလည်း မှတ်တမ်းတင်နိုင်ခဲ့တယ်။

ဝမ်းနည်းတာကတော့ အဲဒီနေရာကြီးက ဒီဇင်ဘာလလောက်မှာ အဆောက်အဦတွေ ဆောက်ကြမယ်ဆိုပြီး သတင်းထွက်နေတယ်။ အဲဒီအချိန်မှာ ဒီငှက်တွေ ဘယ်ရောက်သွားကြမှာလဲ၊ ဘယ်လိုရွှေ့ပြောင်းကြမှာလဲ စသဖြင့်ပေါ့ဗျာ။ တခြားကျီးကန်းတို့ ခိုတို့လိုလည်း ဝေးဝေးကို ကြာကြာမပျံနိုင်ကြရှာတဲ့ ငှက်မျိုးတွေဆိုတော့ ပတ်ဝန်းကျင်းထိန်းသိမ်းရေး အသင်းအဖွဲ့ တခုခုကများ စဉ်းစားပေးပြီး ကျွမ်းကျင်သူတွေနဲ့ ရွှေ့ပြောင်းပေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ စသဖြင့် တွေးရင်း စိတ်မကာင်း ဖြစ်မိတာပါ။ တရားသဘောနဲ့ ရှုရင်တော့ အနိစ္စပေါ့ဗျာ။ ဘယ်အရာမှ မမြဲပါဘူး။ ဒါကြောင့်လည်း ရေပျော်ငှက်တို့ရဲ့ အနိစ္စဘုံလို့ နာမည်ပေးခဲ့တာပေါ့ဗျာ။

ရေပျော်ငှက်တို့ရဲ့အနိစ္စဘုံမှာ တွေ့ရတဲ့ ငှက်မျိုးစိတ် (၂၄)မျိုးခန့်ထဲက သားပေါက်လေးတွေနဲ့ ၃မျိုး တွေ့ခဲ့ရတယ်။ ဘီကျား Pheasant-tailed Jacana ၊ ရေကြက် Common Moorhen နဲ့ မျက်ခုံးဖြူရေငုံး White-browed Crake တို့ ဖြစ်ကြတယ်။ ရေကြက်အပေါက်လေး နှစ်ကောင်ကိုတော့ အထီးက ထိန်းတာ တွေ့ရတယ်။

မျက်ခုံးဖြူရေငုံး သားပေါက်လေးကတော့ တစ်ကောင်ထဲ။ တစ်ကိုယ်လုံး နက်မှောင်နေတယ်။ မျက်ခုံးဖြူရေငုံးကတော့ မြန်မာနိုင်ငံမှာ အသစ်တိုးလာတဲ့ မှတ်တမ်းဝင်ငှက်ဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းရတာ မကြာသေးဘူးလို့ သိရတယ်။ မြန်မာအမည် သတ်သတ်မှတ်မှတ် တွင်တွင်ကျယ်ကျယ် သုံးထားတာ မတွေ့ရသေးဘူးလို့ သိရတယ်။

နောက်ထပ်ရေပျော်ငှက်တို့ရဲ့ အနိစ္စဘုံမှာ တွေ့ရတာတော့ ချုံတိုးဗျိုင်း နဲ့ ဗျိုင်းအောက်တွေပဲ။ သူတို့လည်း မကြာခင်မှာ အနိစ္စသဘောနဲ့ ကိစ္စချောရမဲ့ အခြေအနေ ရောက်နေကြပြီ။ ဒီလိုရှားပါးငှက်တွေဟာ ဒီလောက်အိမ်ခြံမြေတွေကြားက ကားလမ်းဘေး ဆူဆူညံညံမှာ နေလာပြီး ပေါက်ဖွားကြီးပြင်းရတာကို ကြည့်ရင် တော်တော်တော့ နေစရာ ရှားနေကြပြီလို့ ယူဆလို့ရတာပေါ့ဗျာ။ ဒီနေရာလေးလဲ မကြာခင်မှာ ပျက်စီးရဦးတော့မှာ . . . .။
ကျော်မျိုးနိုင်
ဇူလိုင်၊ ၂၀၁၃။

Wild Wings Group

https://www.facebook.com/share/p/1DravBTbz7/
❤3
ကျန်းမာ၊ ရွှင်လန်း၍ ​ဘေးကင်း၊လုံခြုံ​သော သီတင်းကျွတ်လပြည့်​နေ့ ဖြစ်ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်ပါသည် ..

၁၃၈၈ခုနှစ်၊ သီတင်းကျွတ်လပြည့်၊တနင်္လာ​နေ့

၂၆၊​အောက်တိုဘာလ၊၂၀၂၆
❤6
၂၀၂၆ ခုနှစ်​နှောင်းပိုင်းမှာဖြစ်​ပေါ်လာမယ့် El Niño ရာသီဥတုဖြစ်စဉ်​ကြောင့် မြန်မာနိုင်ငံဟာ ..
၁။အပူချိန်မြင့်တက်မှု
၂။သောက်သုံးရေနှင့် စိုက်ပျိုးရေ ရှားပါးမှု
၃။စားနပ်ရိက္ခာဖူလုံရေးနှင့်တောင်သူ လယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာအခက်အခဲများ
၄။တောမီး​လောင်ကျွမ်းခြင်းနှင့် အခြားရာသီဥတုဆိုင်ရာ အန္တရာယ်များကို ကြုံ​တွေ့လာနိုင်ဖွယ်ရှိ​နေပါတယ် ..

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ရဲ့ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ၊ ၁၁ ရက်​နေ့ ထုတ်ပြန်ချက်အရ El Niño ဟာ အားကောင်းသောအခြေအနေကို ရောက်ရှိနေပြီး ၂၀၂၆ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ​တွေမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်..

ဒါ​ကြောင့် လာမယ့် နွေရာသီ​မှာ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံ မမှန်ခြင်းနှင့် ရေရှားပါးခြင်း စတဲ့ အ​ခြေအ​နေ​တွေ အတွက်လည်း ကြိုတင်သတိထားကြဖို့ လိုအပ်ပါတယ် ..

ဒီပြသနာ​တွေကို Environmental Educator တယောက်က ကျောင်းသူ​ကျောင်းသား​တွေ၊ ပရိသတ်​တွေ၊ learners ​တွေကို အန္တရာယ်အကြောင်းကို ပြောပြ​နေရုံနဲ့ မလုံလောက်ပါဘူး ..

Environmental Education (EE) ဆိုတာသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ​တွေကို သင်ပေးရုံသာမက..

သက်သေအထောက်အထား​တွေကို ဆန်းစစ်တတ်​စေခြင်း၊ ပြဿနာအကြောင်းရင်းနဲ့ အကျိုးဆက်​တွေကို နားလည်​ပြီး တာဝန်ယူတတ်၊ တန်ဖိုးထားတတ်မှု​တွေကို တည်ဆောက်​ပေးခြင်းနဲ့အတူ ပြသနာ​တွေကို လက်တွေ့ဖြေရှင်းနိုင်​အောင် ပျိုးထောင်ပေးတဲ့ ပညာရေးဖြစ်ပါတယ် ..

El Niño ကို EE subject အဖြစ် သင်ကြားကြမယ်ဆိုရင် ..

၁။ ရာသီဥတုဖြစ်စဉ်ကို နားလည်စေခြင်း (Knowledge)

El Niño ဘယ်လိုဖြစ်ပေါ်လာသလဲ။ ကမ္ဘာ့ရာသီဥတုအပေါ် ဘယ်လိုသက်ရောက်သလဲ။ အပူချိန်မြင့်တက်ခြင်းနှင့် မိုးခေါင်ခြင်းတို့က ဘယ်လိုဆက်နွှယ်​နေသလဲ။

၂။ မိမိ​နေထိုင်ရာဒေသရဲ့ အန္တရာယ်ကို ဆန်းစစ်တတ်စေခြင်း (Systems Thinking)

မကွေးတိုင်း၊မန္တ​လေးတိုင်း၊စစ်ကိုင်းတိုင်း​အောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မိုး​ခေါင်​ရေရှား​ဒေသ​တွေဟာ ရေရှားပါးမှုပြသနာအတွက် ဘာကြောင့်ပိုပြီးစိုးရိမ်စရာအ​ခြေအ​နေ​တွေရှိ​နေသလဲ။

ဧရာဝတီမြစ်ဝကျွန်းပေါ်​ဒေသ​မှာ ရေချိုရှားပါးမှုနဲ့ ပင်လယ်ရေငန် တိုးဝင်​နေမှု​တွေကို ဘယ်လိုခွဲခြားနားလည်ရမလဲ။

ရာသီဥတု၊ သစ်တော၊ မြေဆီလွှာ၊ ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝတို့အကြား ဆက်နွှယ်မှုကို ဘယ်လိုလေ့လာရမလဲ။

၃။ Environmental Ethics နှင့် Civic Education ကို ချိတ်ဆက်ပေးခြင်း (Values & Citizenship)

ရေရှားပါး​နေချိန်မှာ ရေကို ဘယ်သူ​တွေက ဦးစားပေးအ​နေနဲ့ ရရှိသင့်သလဲ။

သဘာဝအရင်းအမြစ်​တွေကို အသုံးပြုကြတဲ့အခါ မိမိအကျိုးအတွက်ပဲ စဉ်းစားသင့်သလား။

ကလေး​တွေ၊ သက်ကြီးရွယ်အို​တွေ၊ ဆင်းရဲနွမ်းပါးတဲ့ တောင်သူ၊လယ်သမား​တွေနဲ့ အကူအညီလိုအပ်​နေသူ​တွေကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ။

၄။ လက်တွေ့ဖြေရှင်းဆောင်ရွက်တတ်စေခြင်း (Action Competence)

​ကျောင်းသူ​ကျောင်းသား​တွေ၊ ​ဒေသခံ​တွေ၊ Learners ​တွေကို မိမိတို့ကျေးရွာ/ရပ်ကွက်​တွေရဲ့ ရေအရင်းအမြစ်​တွေကို စာရင်းကောက်စေခြင်း၊ ရေသုံးစွဲမှုကို လေ့လာစေခြင်း၊ မိုးရေစုဆောင်းရေးအစီအစဉ် ရေးဆွဲစေခြင်းနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်စေခြင်း​တွေကို လက်တွေ့လေ့ကျင့်ပေးနိုင်ပါတယ်..

၅။ သက်သေအထောက်အထားကို အခြေခံ၍ ဆုံးဖြတ်တတ်စေခြင်း (Evidence-based Decision-making)

ခန့်မှန်းချက်​တွေနဲ့ အတည်ပြုထားတဲ့ အချက်အလက်​တွေကို ခွဲခြားနားလည်တတ်လာစေပါတယ်..

(DMH ရဲ့ မိုးလေဝသသတင်း​တွေ၊ ရေအရင်းအမြစ်အခြေအနေ​တွေနဲ့ ဒေသတွင်းလေ့လာတွေ့ရှိချက်​တွေကို အသုံးပြုပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက်​တွေကို ချမှတ်တတ်လာစေနိုင်ပါတယ်)

ဒီလိုသင်ကြားပေးနိုင်မှသာ Environmental Education ဟာ သဘာဝပတ်ဝန်းကျင်အကြောင်း သိရှိမှုကနေတဆင့် လူမှုအသိုက်အဝန်းအတွက် တာဝန်ယူဆောင်ရွက်နိုင်တဲ့ ပညာရေးအဖြစ် ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

ဒီလို အရည်အချင်း​တွေရှိတဲ့ Environmrntal Educators ​တွေ မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်လာဖို့အတွက် Environmental Education Training for Educators(Basic Course) ကို အွန်လိုင်းသင်တန်းအ​နေနဲ့ မကြာခင် ဖွင့်လှစ်​ပေးပါ​တော့မယ် ..

ဒီသင်တန်းမှာ သင်တန်းသူ သင်တန်းသား များအနေနဲ့..

Environmental Education(EE) ၏ သဘောတရားနှင့် သင်ကြားရေးနည်းလမ်းများ

မြန်မာနိုင်ငံ၏ လက်ရှိပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာပြဿနာများ

Science, Environmental Ethics, Civic Education နှင့် Education for Sustainable Development (ESD) တို့၏အ​ခြေခံသ​ဘောတရားများအပြင်

မိမိတို့ရဲ့ ​ကျောင်းသူ​ကျောင်းသား​တွေကိုအလွတ်ကျက်မှတ်​စေခြင်းထက် စဉ်းစားတွေးခေါ်တတ်ခြင်း၊ ဆွေးနွေးတတ်ခြင်း၊ သက်သေရှာဖွေတတ်ခြင်းနဲ့ လက်တွေ့လုပ်ဆောင်တတ်ခြင်း​တွေကို ဦးတည်သင်ကြားရမယ့်နည်းလမ်း​တွေကို သိရှိနားလည်လာနိုင်မှာဖြစ်ပါတယ် ..

#ဒီသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ?

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေးကို စိတ်ဝင်စားသူများ
👍1
စာသင်ကျောင်းများနှင့် အဖွဲ့အစည်းအသီးသီးမှ ဆရာ၊ ဆရာမများ

လူငယ်ပညာပေးသူများနှင့် အသိုင်းအဝိုင်းဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများ

#သင်တန်းအသေးစိတ်အချက်အလက်များ

သင်ကြားပို့ချမည့်အချိန်စုစု​ပေါင်း - နာရီ ၂၀
သင်တန်းရက်များ - စ​နေနှင့် တနင်္ဂ​နွေ​နေ့တိုင်း
သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ

#သင်တန်းစတင်မည့်ရက်နှင့်အချိန်
၇၊၁၁၊၂၀၂၆(စ​နေ​နေ့)ည(၇း၀၀)နာရီ

#သင်တန်းရက်များ -
နိုဝင်ဘာလ ၇၊၈၊၁၄၊၁၅၊၂၈၊၂၉
ဒီဇင်ဘာလ ၅၊၆၊၁၂၊၁၃
(နိုဝင်ဘာ ၂၁ ရက်၊ ၂၂ရက်၊တန်​ဆောင်တိုင်ပွဲ​တော်ရက်များတွင်သင်တန်း မရှိပါ)

#သင်တန်းကြေး ၈၀,၀၀၀ (ရှစ်​သောင်းကျပ်)

#သင်တန်းကြေးပေးသွင်းရန်
Kpay : 09965642416 (Nang Than Myint)
Note တွင် EETE fee ဟု ​ရေး​ပေးပါရန်

(​ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့​ပေးပါရန်)

#စာရင်းပေးသွင်းရန်
သင်တန်းတက်​ရောက်ရန်အတွက် Google Form ကို ​အောက်ပါ link မှတဆင့် ဝင်​ရောက်ပြီး ဖြည့်စွက်​ပေးကြရမည်ဖြစ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSfz4mvjbDTtnWUJhM7IwVeNmjEDh1HgeyfCwt9DdkjIsfZqyA/viewform?usp=header

သင်တန်း​ကြေး​ပေးသွင်းပြီး၊ စာရင်း​ပေးပြီးပါက- Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့​ပေးပါမည်။

သင်တန်းကိုတာဝန်ယူပို့ချမည့်သင်တန်းဆရာကိုယ်ရေးအကျဥ်း

ဦးစည်သူလွင်
သိပ္ပံဘွဲ့(သစ်​တော)၁၉၉၂ ခုနှစ်
သစ်​တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်

လုပ်ငန်းအ​တွေ့အကြုံများ

​တောအုပ်ကြီး(Range Officer )
သစ်​တောဦးစီးဌာန၊ ​ကျောက်ဖြူ/အမ်းမြို့နယ်၊ ရခိုင်ပြည်နယ်(၁၉၉၃ - ၁၉၉၅)

သစ်​တောကျွမ်းကျင်သူ(Forestry Specialist)

UNDP/FAO/MYA/008 Project, Bogale Township (1996 to 1998)

သစ်​တောကျွမ်းကျင်သူ(Forestry Specialist)

Forest Resources and Environment Development Association (FREDA) (1998 to 2000)

သစ်​တောနှင့်သဘာဝပတ်ဝန်းကျင်ပညာဆိုင်ရာအသိပညာ​ပေးကျွမ်းကျင်သူ
Freelance Environmental Educator
Self-Employed (2008 to Present)

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး​နောက်ပိုင်းတွင် မုန်တိုင်းဒဏ်သင့်​ဒေသများရှိ စာသင်​ကျောင်းများ၊ ​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ခဲ့သည်။(၂၀၀၈ မှ ၂၀၁၀)

UNDP, Lutheran World Federation, UNICEF, Action Aid Myanmar, and World Vision အစရှိ​သော INGO များနှင့် ပူး​ပေါင်း၍ ဧရာဝတီတိုင်းအတွင်းရှိစီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၀ မှ ၂၀၁၂)

UNDP/Inle Lake Conservation and Rehabilitation Project မှ စီမံကိန်း​ကျေးရွာများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အသိပညာ​ပေး​ဟော​ပြောပွဲများနှင့် သင်တန်းများ ပြုလုပ်ခဲ့သည်။(၂၀၁၂ မှ ၂၀၁၅)

၂၀၀၈ ခုနှစ်မှ စတင်၍ က​လောင်အမည် "ကိုရင်လှ" ဖြင့် သစ်​တောထိန်းသိမ်း​ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း​ရေး ​ဆောင်းပါးများကို စာ​စောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများတွင် ​ရေးသားခဲ့သလို စာအုပ်များလည်း ​ရေးသားထုတ်​ဝေခဲ့ပါသည်။

၂၀၁၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပပြုလုပ်ခဲ့​သော စာ​ပေ​ဟော​ပြောပွဲများတွင်လည်း သစ်​တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအကြောင်းအရာများကို ​ဟော​ပြောခဲ့ပါသည်။

၂၀၁၈ မှ ၂၀၂၀ အတွင်း ရန်ကုန်တိုင်းနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် စွန့်ပစ်အမှိုက်ဆိုင်ရာသင်တန်းများ၊ ​ဟော​ပြောပွဲများကို ဦး​ဆောင်ကျင်းပခဲ့ပါသည်။

၂၀၂၀ တွင် ကိုဗစ်ကပ်​ရောဂါ ဖြစ်ပွားခဲ့​သော ကာလမှ စတင်၍ လက်ရှိအချိန်အထိ

Environmental Education for Kids Training
Environmental Education Training for Educators
Green Skills for Youth Training များကို

online မှ လည်း​ကောင်း၊ INGO များ၊ NGO များ၊ အရပ်ဘက်အဖွဲ့အစည်းများအတွက် in person သင်တန်းများအဖြစ်လည်း​ကောင်း သင်ကြားပို့ချ​​ပေးနေပါသည်။

Myanmar Environmental Education Team
❤4👍1
နိုဘယ်ဆုရ သိပ္ပံပညာရှင်ကြီးတွေ၊ နာမည်ကြီး သုတေသနအဖွဲ့အစည်းကြီးတွေဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ဂေဟစနစ်ပျက်စီးမှု အန္တရာယ်တွေကို သိပ္ပံနည်းကျ အချက်အလက် (Data) တွေ၊ ဂရပ်ဖ်တွေနဲ့ သက်သေပြနေကြတာ နှစ်ပေါင်းမနည်းတော့ပါဘူး ..

ဒါပေမယ့် မေးစရာမေးခွန်းတစ်ခု ရှိလာပါတယ်။အဲဒါက ဘာလဲဆို​တော့ “သိပ္ပံနည်းကျ အမှန်တရားတွေကို သိနေပါလျက်နဲ့ ကမ္ဘာကြီးရဲ့အခြေအနေက ဘာလို့ ဆက်ပြီး ဆိုးရွားလာနေရတာလဲ?” ဆိုတာပဲဖြစ်ပါတယ် ..

မကြာသေးမီက စိတ်ပညာ၊ လူမှုဗေဒနဲ့ အပြုအမူဆိုင်ရာ သိပ္ပံ (Behavioral Science) သုတေသနတွေရဲ့ အထောက်အထားတွေအရ “သိပ္ပံပညာ (Science) တခုတည်းကို သိရုံနဲ့ လူတွေရဲ့ အပြုအမူတွေ ပြောင်းလဲမလာစေပဲ၊ သဘာဝပတ်ဝန်းကျင်ပညာ (Environmental Education EE) ကသာ လက်တွေ့အပြောင်းအလဲကို ဖန်တီးနိုင်တယ်” ဆိုတာ အခိုင်အမာ သက်သေပြထားပါပြီ..

EE ဟာ Science ထက် ဘာလို့ ပိုမိုထိရောက်ပြီး ရေရှည်တည်တံ့မှုအတွက် ပိုမိုအရေးကြီးရတာလဲဆိုတာ သိပ္ပံနည်းကျ အထောက် အထား (၃) ခု နဲ့ ကြည့်လိုက်ရအောင်ပါ..

၁။ “Information Deficit Model” ပျက်စီးသွားခြင်း (အချက်အလက်သိရုံနဲ့ အပြုအမူ မပြောင်းလဲပါ)

သိပ္ပံပညာရဲ့ ချဉ်းကပ်ပုံဟာ “လူတွေ အချက်အလက်မသိသေးလို့ သဘာဝတရားကို ဖျက်ဆီးနေကြတာ၊ အချက်အလက် ပေးလိုက်ရင် ပြောင်းလဲသွားမယ်” ဆိုတဲ့ အယူအဆ (Information Deficit Model) အပေါ် အခြေခံပါတယ်။

ဒါပေမယ့် အပြုအမူဆိုင်ရာ စိတ်ပညာ (Behavioral Psychology) သုတေသနတွေ အရ အချက်အလက် အမှန်အကန် ပေးနေရုံနဲ့ လူတွေရဲ့ အလေ့အကျင့်​တွေက မပြောင်းလဲကြကြောင်း သက်သေပြခဲ့ပါတယ်။

Environmental Education (EE) ကတော့ အသိပညာအပြင် တန်ဖိုးထားမှု (Values)၊ ကျင့်ဝတ် (Ethics) နဲ့ စိတ်ခံစားမှု (Emotional Connection to Nature) တို့ကိုပြုစု ပျိုးထောင်ပေးတာကြောင့် လူတွေရဲ့ နေ့စဉ်အပြုအမူတွေကို လက်တွေ့ပြောင်းလဲလာစေပါတယ်။

၂။ Value-Action Gap ကို တံတားထိုးပေးနိုင်ခြင်း

Yale Program on Climate Change Communication ရဲ့ သုတေသနတွေအရ ကမ္ဘာ့လူဦးရေအများစုဟာ ရာသီဥတုပြောင်းလဲမှုကို သိပ္ပံနည်းကျ နားလည်ကြတယ် (Science Aware)၊ ဒါပေမယ့် နေ့စဉ်လူနေမှုဘဝမှာ လက်တွေ့ပါဝင်ဆောင်ရွက်မှု မရှိကြပါဘူး။ ဒါကို Value-Action Gap လို့ ခေါ်ပါတယ်။

Science ဘာသာရပ်က ပြဿနာရဲ့ အကြောင်းအရင်း (Cause & Effect) ကိုပဲ သင်ကြားပေးပေမယ့်၊ EE ကတော့ “Action Competence” (လက်တွေ့ ပါဝင်ဆောင်ရွက်နိုင်သည့် စွမ်းရည်) ကို အဓိကထား သင်ကြားပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတခုကို မိသားစုအဆင့်၊ ရပ်ရွာအဆင့်ကနေ စတင်ပြီး ဘယ်လိုပူးပေါင်း ဖြေရှင်းရမလဲဆိုတဲ့ “လက်တွေ့စွမ်းရည်” ကို EE ကသာ ပေးနိုင်တာပါ။

၃။ ပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်စိတ်လွန်ကဲမှု (Eco-Anxiety) မှသည် ​ကောင်း​သောမျှော်လင့်ချက်နှင့် ​ရေရှည်တည်တံ့ခိုင်မြဲ​သောအပြောင်းအလဲဆီသို့

Science ရဲ့ ဒေတာအချက်အလက်တွေ (ဥပမာ- ကာဗွန်ထုတ်လွှတ်မှု မြင့်တက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း) ကိုချည်းပဲ သင်ကြားရသောအခါ လူငယ်တွေနဲ့ ကလေးတွေမှာ Eco-Anxiety (ပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်စိတ်လွန်ကဲမှု) နဲ့ ကိစ္စအဝဝကို လက်လျှော့လိုက်ချင်တဲ့ စိတ်ဓာတ်များ ဝင်ရောက်စေပါတယ်။

UNESCO ရဲ့ ESD (Education for Sustainable Development) မူဘောင်များအရ EE သည် ပြဿနာကိုပဲ ထောက်ပြရုံတင်မကဘဲ၊ Solution-oriented (ဖြေရှင်းနည်းဗဟိုပြု) စနစ်ဖြင့် သင်ကြားပေးတာကြောင့် သင်ယူသူများကို စိုးရိမ်စိတ်မှသည် အပြောင်း အလဲဖန်တီးသူများ (Change Makers) အဖြစ်သို့ ကူးပြောင်းပေးနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရ​သော် Science (သိပ္ပံပညာ) ဆိုတာ “ကမ္ဘာကြီး ဘာဖြစ်နေသလဲ” (What is happening) ဆိုတဲ့ အမှန်တရားကို လမ်းညွှန်ပြသပေးတဲ့ မြေပုံ (Map) တခုဖြစ်ပါတယ်။

Environmental Education (သဘာဝပတ်ဝန်းကျင်ပညာ) ကတော့ “ငါတို့ ဘာဆက်လုပ်ကြမလဲ” (What should we do) ဆိုတာကို ဦးဆောင်လမ်းပြပေးပြီး ကမ္ဘာကြီးကို လျှောက်လှမ်းစေတဲ့ ခြေလှမ်းများ (Actions) ဖြစ်ပါတယ်။

မြေပုံတခုတည်းရှိရုံနဲ့ ခရီးမရောက်နိုင်သလို၊ သိပ္ပံပညာတခုတည်းနဲ့လည်း ရေရှည်တည်တံ့တဲ့ အနာဂတ်ကို မတည်ဆောက်နိုင်ပါဘူး။

ဒါကြောင့် အနာဂတ်မျိုးဆက်သစ်တွေအတွက် Environmental Education ဟာ မရှိမဖြစ် ပိုမိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ တည်ရှိနေတာဖြစ်ပါတယ်။

ဒါ့​ကြောင့် Myanmar Environmental Education Team က "ပတ်ဝန်းကျင်ပညာကို ပြန်လည်သင်ကြား​ပေးဖို့ စိတ်ပါဝင်စား​သူများနှင့် သင်ကြား​ရေးနယ်ပယ်မှ ဆရာဆရာမများနှင့် အတွက် (အ​ခြေခံအဆင့်) သင်တန်း"
Environmental Education Training for Educators , (Basic Course) ကို ဖွင့်လှစ်​ပေးသွား​တော့မှာ ဖြစ်ပါတယ် ..

#သင်တန်းမှာဘာတွေလေ့လာရမလဲ?

ပတ်ဝန်းကျင်ပညာရေး၏ အခြေခံသဘောတရားနှင့် သီအိုရီများ

ကမ္ဘာ့ပတ်ဝန်းကျင် အကျပ်အတည်းများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ပတ်ဝန်းကျင်စိန်ခေါ်မှုများ

သဘာဝပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုနှင့် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားတွေးခေါ်မှုများ

တာဝန်သိ နိုင်ငံသားဖြစ်မှုနှင့် လူမှုအသိုင်းအဝိုင်းအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်နည်းများ
#သင်တန်းရည်ရွယ်ချက်

ပတ်ဝန်းကျင်ကို အသိပညာအရ နားလည်သူများ သာမကဘဲ၊ သဘာဝတန်ဖိုးကို နားလည်ပြီး တာဝန်သိစွာ လက်တွေ့ပါဝင် ပြောင်းလဲနိုင်သည့် လူငယ်များနှင့် အနာဂတ်မျိုးဆက်များကို ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

#မည်သူတွေတက်ရောက်သင့်ပါသလဲ?

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ပညာရေးကို စိတ်ဝင်စားသူများ

စာသင်ကျောင်းများနှင့် အဖွဲ့အစည်းအသီးသီးမှ ဆရာ၊ ဆရာမများ

လူငယ်ပညာပေးသူများနှင့် အသိုင်းအဝိုင်းဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများ

#သင်တန်းအသေးစိတ်အချက်အလက်များ

သင်ကြားမည့်ပုံစံ - Zoom platform ဖြင့် online မှ တဆင့် သင်ကြားပါမည်။

သင်ကြားပို့ချမည့်အချိန်စုစု​ပေါင်း - နာရီ ၂၀

သင်တန်းရက်များ - စ​နေနှင့် တနင်္ဂ​နွေ​နေ့တိုင်း

သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ

#သင်တန်းစတင်မည့်ရက်နှင့်အချိန်
၇၊၁၁၊၂၀၂၆(စ​နေ​နေ့)ည(၇း၀၀)နာရီ

#သင်တန်းရက်များ -
နိုဝင်ဘာလ ၇၊၈၊၁၄၊၁၅၊၂၈၊၂၉
ဒီဇင်ဘာလ ၅၊၆၊၁၂၊၁၃
(နိုဝင်ဘာ ၂၁ ရက်၊ ၂၂ရက်၊တန်​ဆောင်တိုင်ပွဲ​တော်ရက်များတွင်သင်တန်း မရှိပါ)

#သင်တန်းဆရာကိုယ်ရေးအကျဥ်း

https://www.facebook.com/share/p/1NH8sWSSae/