Myanmar Update News
31.3K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
နိုင်ငံတော်သမ္မတအား ပလက်ခါနောဗ်ရုရှားစီးပွားရေတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့အပ်နှင်း
၁၉၊ဩဂုတ် ၂၀၂၆ (မော်စကို)

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၉ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပလက်ခါနော့ဗ် ရုရှား စီးပွားရေး တက္ကသိုလ်" Plekhanov Russian University of Economics က အပ်နှင်းသည့် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို လက်ခံရယူခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ပလီခါနော့ဗ်စီးပွားရေးတက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထုးဆောင်ပါမောက္ခဘွဲ အပ်နှင်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်တွင်ကျင်းပသည့် ဘွဲ့အပ်နှင်းသည့်အခမ်အနားတွင် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ပလက်ခါနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်သည် ရုရှားအင်ပါယာခေတ် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရှေးအကျဆုံးနှင့် အကြီးဆုံး စီးပွားရေးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပြီး ရုရှား၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ကာ ဩဇာလွှမ်းမိုးမှုရှိသည့် ရုရှား၏ထိပ်တန်း စီမံခန့်ခွဲသူများနှင့် စီးပွားရေးခေါင်းဆောင်များကိုမွေးထုတ်ပေးခဲ့ကြောင်းသိရသည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍42❤21
ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရုက မြန်မာနိုင်ငံမှာ ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းကို သွားရောက်ပြီး ကလေးငယ်တွေနဲ့ တွေ့ဆုံ

သက်တံ့
၁၉. ၈. ၂၀၂၆

မြန်မာနိုင်ငံမှာ ဆောက်လုပ်လှူဒါန်းထားတဲ့ စာသင်ကျောင်းကို သွားရောက်ပြီး ကျောင်းသားလူငယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာ တခဲရု စဲဂါဝါက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

လူမှုကွန်ရက်မှာ တခဲရုဟာ ကျောင်းသူကျောင်းသား ကလေးငယ်တွေရှေ့ ကစ်ဘောက်ဆင် ခြေစွမ်းပြခဲ့သလို ဆရာမတွေ၊ ကလေးငယ်တွေနဲ့ ကစ်ဘောက်ဆင် ဆော့ပြ သင်ကြားပြတဲ့အပြင် ကလေးငယ်တွေနဲ့ ပျော်ရွှင်နေတဲ့ ရုပ်သံဖိုင်လည်း တင်ထားတာ တွေ့ရပါတယ်။

"လွန်ခဲ့တဲ့နှစ်က ကျွန်တော် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းမှ ကလေးငယ်တွေနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့...

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=144359

ပုံစာ။ တခဲရု လာရောက် လှူဒါန်းမှုပုံရိပ်များ (Movies & Photo Credit)

#Takeru #စာသင်ကျောင်း #ဆောက်လုပ် #လှူဒါန်း #K1Champion #Kickboxing #တောင်ကြီး #အေးသာယာ #MT #mtnews #MyanmarTransparency
❤51👍40👏4
Forwarded from Yangon Media Group
😀😃😄😁😆
နိုင်ငံတော်သမ္မတ ဘီလာရုစ်သို့တရားဝင်ခရီးစတင်၊ ဘီလာရုစ်ဝန်ကြီးချုပ်ကတွေ့ဆုံ၊စီးပွားရေး ဖိုရမ် တက်ရောက်၊ကျဆုံးသူရဲကောင်းဂုဏ်ပြု
၂၀ ဩဂုတ်၊၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတ နိုင်ငံ၊ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့ဩဂုတ်၂၀ရက် နံနက်ပိုင်းတွင် မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဘယ်လာ ရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ကြိုဆိုခဲ့ကြသည်။

ဘီလာရုစ်ဝန်ကြီးချုပ်နှင့်တွေ့
နိုင်ငံတော် သမ္မတ ထံ ဘီလာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို၊ President  ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံသည်။

စီးပွားရေးဖိုရမ်တက်
ထို့နောက်မြန်မာ -ဘယ်လာရုစ် စီးပွားရေးဖိုရမ်အား ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် မင့်စ်မြို၊ President  ဟိုတယ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။

ကျဆုံးသူရဲကောင်းဂုဏ်ပြု
ထို့အပြင် နိုင်ငံတော်သမ္မတသည် ယနေ့ ဩဂုတ် ၂၀ ရက်တွင် မင့်စ်မြိုရှိ  Victory Monument သို သွားရောက်၍ ကျဆုံးခဲ့သည့်သူရဲကောင်းများအား ဂုဏ်ပြုလွမ်းသူ့ပန်းခွေချခဲ့ကြောင်းသိရှိရသည်။
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
❤32👍20👏2
Forwarded from Yangon Media Group
😀😃😄😁😆
ဘီလာရုစ်ရင်းနှီးမြှုပ်နှံမှုများ မြန်မာ့စီးပွားရေးကဏ္ဍစုံသို့ ဝင်ရောက်ရန် ဖိတ်ခေါ်
ဩဂုတ်၂၀၊၂၀၂၆ (မင့်စ်)
မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး၊ စက်မှုကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံ၊ ဒီဂျစ်တယ်နည်းပညာနှင့် AI အပါအဝင် စီးပွားရေးကဏ္ဍများတွင် ဘီလာရုစ် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မဟာဗျူဟာမြောက် တိုးချဲ့ရန် ဩဂုတ် ၂၀ ရက်က ဘီလာရုစ်နိုင်ငံ မင့်စ်မြို့၌ ကျင်းပသည့် မြန်မာ-ဘီလာရုစ် စီးပွားရေးဖိုရမ်တွင် တိုက်တွန်းခဲ့သည်။

President ဟိုတယ်၌ ကျင်းပသည့် ဖိုရမ်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဘီလာရုစ်ဝန်ကြီးချုပ် Alexander Turchin၊ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး B2B ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစီးပွားရေးစီမံကိန်းများ ဖော်ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မျှဝေရေးနှင့် ကုန်သွယ်ရေးအတားအဆီးများ ဖြေရှင်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

—————-
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/myanmar-belarus-business-forum
Please open Telegram to view this post
VIEW IN TELEGRAM
👍39❤6👏6
Forwarded from Popular Journal
စက်တင်ဘာ ၁ ရက်မှ အိမ်ခြံမြေ အရောင်းအဝယ် အမည်ပြောင်းရာတွင် ရောင်းသူ၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါ တင်ပြရမည်
👍27👏20❤1