Forwarded from Yangon Media Group
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီး ဆုချီးမြှင့်ပွဲ နိုင်ငံတော်သမ္မတတက်ရောက်
၂၉၊အောက်တိုဘာ၊၂၀၂၆
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ယနေ့ အောက်တိုဘာ ၂၉ရက်က ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ (ပုံများ)
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍13❤8💘1
Forwarded from Yangon Media Group
Media is too big
VIEW IN TELEGRAM
နေပြည်တော်မှာ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲ ဘယ်လိုကျင်းပမှာလဲ
Please open Telegram to view this post
VIEW IN TELEGRAM
👍15❤7🥰4
Forwarded from Popular Journal
မြန်မာယူ-၁၅ အသင်းကို FIFA ဥက္ကဋ္ဌ တွေ့ဆုံအားပေး
အဇာဘိုင်ဂျန်နိုင်ငံတွင်ကျင်းပလျက်ရှိသည့် FIFA U-15 Youth World Cup & Festival 2026 ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်နေသော မြန်မာယူ-၁၅ အသင်းမှက စားသမားများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို ကလာရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့သည်။

❤29👍25💋3👏1
Forwarded from Myanmar Newspapers
ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာဝင်ရောက်နိုင်ရေးအစည်းအဝေးကျင်းပ
👍28🍓3❤2👏1🤔1
Forwarded from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်အတွင်း မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ လေဆိပ်အဝင်လမ်းသစ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်တို့ အဆင့်မီစွာ တည်ဆောက်ရေး လမ်းညွှန်
နေပြည်တော်၊ အောက်တိုဘာ ၃၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် မြို့ပြတစ်ခုအဖြစ် တည်ဆောက်ရေး၊ လမ်းတံတားနှင့် အထင်ကရအဆောက်အဦများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရေးတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးစဉ် လမ်းညွှန်မှာကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ၏ အဓိက လမ်းညွှန်မှာကြားချက်များမှာ -
၁။ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်လမ်းသစ် နှင့် လမ်းတံတားများ အဆင့်မြှင့်တင်ရေး
• လေဆိပ်အဝင်လမ်းသစ်နှင့် ရုံးပင်ချောင်းတံတားတို့ကို အနာဂတ်ယာဉ်အသွားအလာ တိုးတက်လာနိုင်မှုအပေါ် ထည့်သွင်းတွက်ချက်၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ တည်ဆောက်ရန်။
• လေဆိပ် ဝင်ထွက်လမ်းများ၊ လမ်းတံတားကြံ့ခိုင်မှု၊ လမ်းပခုံးမြေသားနံရံများကို စနစ်တကျ စီမံတည်ဆောက်ရန်။
၂။ ပြည်သူ့ရင်ပြင်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ တည်ဆောက်ရေး
• ပြည်သူ့ရင်ပြင်တွင် အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်ရုပ်လုံးရုပ်ကြွများ၊ ပန်းခြံများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်၊ Shop House များနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်။
• ရုပ်တုနှင့် ရုပ်လုံးရုပ်ကြွများအတွက် မြန်မာမှုအနုပညာရှင်ကြီးများ၏ အကြံဉာဏ်များရယူရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေး ဆောင်ရွက်ရန်။
၃။ ပြည်ထောင်စုဂုဏ်ပြုဗိမာန် ခမ်းနားအဆင့်မီစွာ တည်ဆောက်ရေး
• ပြည်ထောင်စုနိုင်ငံတော်ကို တည်ထောင်ခဲ့ကြသူများနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး ကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများအား ဂုဏ်ပြုရန် ရည်ရွယ်တည်ဆောက်သည့် ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ခမ်းနားအဆင့်မီစွာ တည်ဆောက်ရန်။
• ပြည်တွင်းပြည်ပမှ လာရောက်ဂုဏ်ပြုသူများအတွက် ပန်းစည်းချဂုဏ်ပြုမည့်နေရာများနှင့် ယာဉ်ရပ်နားရန်နေရာများကို စနစ်တကျ စီမံထားရှိရန်။
၄။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေး
• နေပြည်တော်အတွင်း အဓိကလမ်းမကြီးများ၊ လေဆိပ်အဝင်လမ်းသစ်နှင့် အထင်ကရအဆောက်အဦများ၏ ပတ်ဝန်းကျင်တွင် အရိပ်ရလေကာပင်များ၊ အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များ စနစ်တကျစိုက်ပျိုးရန်။
• မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးကို အလေးထားဆောင်ရွက်ရန်။
နိုင်ငံတော်သမ္မတသည် လေဆိပ်မှ ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် သစ်ပင်စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

👍14❤6👏2🙏1