Myanmar Update News
31.4K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Eleven Media Group
■ အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေရိကန်နှင့် မြန်မာကြား ထိတွေ့ဆက်ဆံမှုကို ထိုင်းနိုင်ငံက ကြိုဆိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောက အောက်တိုဘာ ၂၃ ရက်တွင် ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံထိပ်သီးအစည်းအ‌ဝေးများမှ တားမြစ်ခံခဲ့ရသည့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆက်လက်လုပ်ဆောင်ရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် နိုဝင်ဘာလအတွင်း ကျင်းပမည့် အာဆီယံအစည်းအ‌ဝေးတွင် ဆွေးနွေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့်သီတင်းနှစ်ပတ်က အမေရိကန်နှင့် မြန်မာအစိုးရတို့ကြား ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယင်းသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့သည်။

■ Read more >>>>> https://news-eleven.com/article/316324
❤25👍14
Forwarded from News Of Myanmar
မန္တလေး-ပြင်ဦးလွင်တွင်ခရီးသည်တင်ယာဥ်နှင့်အိမ်စီးယာဥ်တိုက်မိ သေဆုံးသူ ၃၀ ဝန်းကျင်ရှိနိုင်
NOM၊အောက်တိုဘာ၂၄၊၂၀၂၆
မန္တလေး-ပြင်ဦးလွင် ၁၉ မိုင်အဆင်း မီးသတ်ကွေ့တွင်ခရီးသည်တင်ယာဥ်တစ်စီးနှင့် အိမ်စီးယာဥ်တစ်ဦး တိုက်မိခဲ့‌ရာလူ၃၀ဦးခန့်သေဆုံးနိုင်ကြောင်းလူမှုကူညီရေးအဖွဲ့များထံမှသိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ညနေ ၆နာရီကခရီးသည်တင်ယာဥ်တစ်စီးနှင့် အိမ်စီးယာဥ်တိုက်မိရာ ခရီးသည်တင်ယာဉ် ချောက်ထဲထိုးကျပြီး လူထိခိုက် သေဆုံးမှု များပြားကြောင်း၊ခရီးသည်တင်ယာဥ်၊ယာဉ်မောင်း​သေဆုံးခဲ့‌ကြောင်း၊လက်တလောတွင်‌သေဆုံးသူ ၂၇ ဦးဝန်းကျင်၏ရုပ်အလောင်းများရထား‌ကြောင်းလူမှုကူညီရေးအဖွဲ့မှတာ၀န်ရှိသူတစ်ဦးက‌ ပြောသည်။
အဆိုပါခရီးသည်တင်ယာဥ်၌ဒဏ်ရာရသူများကို ကယ်ထုတ်ပြီး အရေးပေါ်ကုသမှုများပြုလုပ်ကာ ဆေးရုံသို့ပို့ဆောင်နိုင်ရန်‌ဆောင်ရွက်လျက်ရှိ‌ ကြောင်းသိရသည်။
😭42👍10❤5🤔2
Forwarded from Yangon Media Group
❗️❗️❗️❗️❗️
စူပါအယ်လ်နီညို ..အပြင်းထန်ဆုံးဖြစ်လာမည်လား
ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းကို အေးမြနေအောင် ကူညီပေးတဲ့ သဘာဝပန်ကာကြီးတစ်လုံး ရုတ်တရက် အလုပ်မလုပ်တော့ဘူးဆိုရင် ဘယ်လိုဖြစ်မလဲလို့ စိတ်ကူးကြည့်ပါ။ အခု ဖြစ်နေတဲ့အခြေအနေကလည်း အဲဒီအတိုင်းပါပဲ။ ဒါကို အယ်လ်နီညိုလို့ ခေါ်ပါတယ်။ ဒီတစ်ကြိမ်ဖြစ်စဉ်ကိုတော့ “စူပါ အယ်လ်နီညို” လို့တောင် ခေါ်နေကြပါပြီ
——————
❗️❗️❗️❗️❗️
https://vt.tiktok.com/ZSgHwNKkJ/
Please open Telegram to view this post
VIEW IN TELEGRAM
👍20❤8😭4👏1
Forwarded from Yangon Media Group
Media is too big
VIEW IN TELEGRAM
သီတင်းကျွတ်ဆုတောင်းလွှာ
=================
သီတင်းကျွတ်အခါသမယတွင်
မြန်မာပြည်သူပြည်သားအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။
မြန်မာပြည်တစ်ဝန်း အေးချမ်းသာယာပါစေဟု
ရန်ကုန်မီဒီယာအုပ်စု YMGက
ဆုတောင်းမေတ္တာကပို့သပါသည်။
🙏🙏🙏🙏🙏
🙏41❤29👍12🎉1
Forwarded from News Of Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှုများကိုတက်ရောက်ကြည့်ရှုအားပေး

NOM၊အောက်တိုဘာ၂၅၊၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဆင်ဖြူရှင်ခန်းမနှင့် ပုဗ္ဗသီရိ တပ်နယ်အားကစားခန်းမတို၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို တက်ရောက် ကြည့်ရှုအားပေးကြကြောင်းသတင်းရရှိသည်။
👍32❤12👏2🤔1
Forwarded from Burmese TV Pro
ဟယ်ရီကိန်း — ၂၅ နှစ်အကြာမှာ Ballon d’Or ဆုရရှိတဲ့ ပထမဆုံး အင်္ဂလန်သား! 🏆🏴

လန်ဒန်မြို့မှာ ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ ဟယ်ရီကိန်းဟာ ၂၀၀၁ ခုနှစ်က မိုက်ကယ်အိုဝင်နောက်ပိုင်း Ballon d’Or ဆုကို ရရှိတဲ့ ပထမဆုံး အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။
👍50❤9👏4😍2
Forwarded from Yangon Media Group
#Local_News
ဆန်စပါးကဏ္ဍ၏ အောင်မြင်မှုကို နမူနာယူ၍ စီးပွားရေးကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌတိုက်တွန်း
+++++++++++++++++++++++
Published 27 October 2026

မြန်မာ့ဆန်စပါးကဏ္ဍ၏ အောင်မြင်မှုကို နမူနာယူကာ အခြားစီးပွားရေးကဏ္ဍများတွင်လည်း သက်ဆိုင်ရာအသင်းအဖွဲ့များ စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (ဗ-၆/၂၅-၃၀) တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
______
ReadMore>>>https://www.facebook.com/share/p/1JdzLXZiKi/
👍24❤4🎉4
Forwarded from Dr Khaing Khaing Soe
နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရဖြစ်စေရေး၊ စီးပွားရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နေပြည်တော်၊ အောက်တိုဘာ ၂၈

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေးအတွက် တိုင်းပြည်သာယာဝပြောရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ပညာတတ်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက အစိုးရ၏ အဓိကတာဝန်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖော်ဆောင်ရေးဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းကြောင်းများမှ သင်ခန်းစာယူ၍ နိုင်ငံ့အရင်းအမြစ်များကို ထိရောက်စွာအသုံးချကာ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက အဓိကထား ပြောကြားခဲ့သည်များမှာ -

■ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေး
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းပညာနှင့် သုတေသနရလဒ်များ အသုံးချ၍ လိုအပ်သည့် သွင်းအားစုနှင့် ချေးငွေများ ဖြည့်ဆည်းပေးရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ကာ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်လျှော့ချရေးနှင့် ပို့ကုန်ဈေးကွက်ချဲ့ထွင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

■ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းနေရမှု၊ ငွေကြေးတန်ဖိုးမတည်ငြိမ်မှုတို့ကို ဖြေရှင်းရန်၊ CMP အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစေရေးနှင့် ပြည်တွင်းထုတ်လုပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ရေး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

■ လူသားအရင်းအမြစ်နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးရေး
အရည်အသွေးမြင့်လုပ်သားအင်အား မွေးထုတ်၍ ကုန်ထုတ်စွမ်းအား၊ ပို့ကုန်နှင့် GDP တိုးတက်စေရန်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်အထက် အလယ်တန်းပညာပြီးဆုံးသူ ၈ သန်းခန့်အတွက် အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် အမျိုးသမီးများ၊ အလုပ်လုပ်ကိုင်နိုင်သည့် လူလတ်ပိုင်းများကို ကုန်ထုတ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်စေရန် မှာကြားခဲ့ပါသည်။

■ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
နယ်စပ်ဒေသများ၌ တရားမဝင်ကုန်သွယ်မှုနှင့် ငွေကြေးစီးဆင်းမှုများကို ထိရောက်စွာတားဆီး၍ နိုင်ငံ့အခွန်ဘဏ္ဍာဆုံးရှုံးမှု လျှော့ချရန်၊ တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းများ မြှင့်တင်ကာ ပြည်ပဈေးကွက်သစ်များ ရှာဖွေရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။

■ ပညာရေးကွာဟချက်လျှော့ချရေးနှင့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်ရေး
KG+9 မသင်မနေရပညာရေးစနစ် အကောင်အထည်ဖော်၍ မြို့ပြနှင့် ကျေးလက်အကြား ပညာရေးနှင့် လူနေမှုအဆင့်အတန်းကွာဟမှု လျှော့ချရန်၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ လက်လှမ်းမီစေရန်နှင့် လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးလက္ခဏာ မြှင့်တင်ရေးအတွက် သမိုင်းနှင့် ယဉ်ကျေးမှုပြတိုက်များသို့ လေ့လာရေးခရီးစဉ်များ စီစဉ်ရန် မှာကြားခဲ့ပါသည်။

■ အားကစားကဏ္ဍ မြှင့်တင်ရေး
နိုင်ငံ့အားကစားအဆင့်အတန်း မြှင့်တင်ရန် အားကစားသမားများကို နည်းစနစ်နှင့် ကြံ့ခိုင်ရေးနည်းပြများဖြင့် စနစ်တကျလေ့ကျင့်ပေးရန်၊ အားကစားကွင်းများ အဆင့်မြှင့်တင်ရန်နှင့် ဆောင်းရာသီတွင် ကျောင်း၊ ဌာန၊ မြို့နယ်နှင့် ကျေးလက်အလိုက် အားကစားပြိုင်ပွဲများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျင်းပရန် မှာကြားခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး နိုင်ငံတော်သမ္မတက ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
👍19❤12🤔1🤩1👀1🎅1
Forwarded from News Of Myanmar
အီရတ်တွင် မြန်မာနိုင်ငံသူ ပြုတ်ကျသေဆုံးမှု အမှုမှန်ပေါ်ရေး ဆောင်ရွက်နေ
👍19❤6😭2🤗1
Forwarded from News Of Myanmar
ဂါဇာတွင် အစ္စရေးစနိုက်ပါက ပါလက်စတိုင်းကလေးငယ်တစ်ဦး၏ ဦးခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ပစ်ခတ်ခဲ့

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း အယ်လ်ဘူရိုက်ဂျ် (Al-Bureij) ဒုက္ခသည်စခန်း၏ အရှေ့ဘက်တွင် အစ္စရေးစနိုက်ပါသမားတစ်ဦးသည် ပါလက်စတိုင်းကလေးငယ် အီးမတ်ဒ် ဆာလမ် ဇာဟ်ရာ (Imad Salem Zahra) ၏ ခေါင်းကို ချိန်ရွယ်ပစ်ခတ်ခဲ့သော်လည်း ကလေးငယ်မှာ ကံကောင်းထောက်မစွာဖြင့် ကျည်ရှပ်မှန်ဒဏ်ရာသာရရှိခဲ့သည်။
🤔10❤4☃3👍3🕊2
အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲ” ကို နေပြည်တော်တွင် သုံးရက်တိုင်တိုင် ကျင်းပမည်

MT News
၂၉. ၁၀. ၂၀၂၆

နေပြည်တော်ကောင်စီနှင့် မြန်မာအာကာသအေဂျင်စီတို့က ကြီးမှူး၍ “အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ ပိုစတာပြိုင်ပွဲ” ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ နိုဝင်ဘာ ၁ဝ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို အခြေခံပညာ မူလတန်းအဆင့်အတွက် အာကာသအိပ်မက်၊ အခြေခံပညာ အလယ်တန်းအဆင့်အတွက် လူသားနှင့် အနာဂတ်အာကာသ၊ အခြေခံပညာ အထက်တန်းအဆင့်အတွက် အသုံးချလေ့လာ အာကာသနည်းပညာ စသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ၊ အာကာသသိပ္ပံနှင့် နည်းပညာများကို စိတ်ဝင်စားပြီး အနုပညာမှတစ်ဆင့် သိပ္ပံဆိုင်ရာစိတ်ကူး၊ စိတ်သန်းများ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအားလုံးအတွက် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်း တီထွင်ဖန်တီးမှု အနုပညာလက်ရာနှင့် ကျွမ်းကျင်မှု၊ ရုပ်ပုံဖွဲ့စည်းမှု၊ အမျိုးအစားပေးလိုသော သတင်းစကားနှင့် ထူးခြားမှု၊ မြန်မာအငွေ့အသက်နှင့် အာကာသနယ်ပယ် ဟန်ချက်ညီညီ ပေါင်းစပ်ထားရှိမှု စသည့်အချက်များအပေါ်တွင် အမှတ်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်များ ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်သည့်အပြင် ပါဝင်ယှဉ်ပြိုင်သူအားလုံးကိုလည်း Certificate များ၊ အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။

အခြေခံပညာ မူလတန်းအဆင့် ဆုရရှိသူများအား ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု လေးသိန်းကျပ်၊ တတိယဆု သုံးသိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ငွေကျပ် နှစ်သိန်းစီဖြင့် လည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့်တွင် ပထမဆု ခုနစ်သိန်းကျပ်၊ ဒုတိယဆု ခြောက်သိန်းကျပ်၊ တတိယဆု ငါးသိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်သုံးသိန်းစီဖြင့် လည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် ဆုရရှိသူများအား ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ကိုးသိန်းကျပ်၊ တတိယဆု ရှစ်သိန်းကျပ်၊ အထူးဆု ၁၀ ဆုအတွက် တစ်ဆုလျှင် ကျပ်ငါးသိန်းစီဖြင့် လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် အခြေခံပညာ မူလတန်းအဆင့်၊ နိုဝင်ဘာ ၁၁ ရက်တွင် အခြေခံပညာ အလယ်တန်းအဆင့်နှင့် နိုဝင်ဘာ ၁၂ ရက်တွင် အခြေခံပညာ အထက်တန်းအဆင့်တို့မှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကျောင်းများမှတစ်ဆင့် နိုဝင်ဘာ ၄ ရက် နောက်ဆုံးထား၍ နေပြည်တော် တိုင်းပညာရေးမှူးရုံးသို့ စာရင်းပေးသွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=149629

#နေပြည်တော် #နေပြည်တော်ကောင်စီ #အာကာသအေဂျင်စီ #အခြေခံပညာအဆင့် #ပြိုင်ပွဲ #ပန်းချီ #ကာတွန်း #ပိုစတာ #MT #mtnews #MyanmarTransparency

 


👍9❤5🎉3
Forwarded from Yangon Media Group
#World_Health
Screen Time လွန်ကဲခြင်းက ကလေးများ၏ သင်ယူမှုနှင့် ဘာသာစကား စွမ်းရည်ကို ထိခိုက်စေနိုင်ကြောင်း လေ့လာမှုတစ်ရပ်ဖော်ပြ 
++++++++++++++++++++++++++++++++
Published 29 October 2026

■ ကမ္ဘာတစ်ဝန်းက ကလေးတွေအပေါ် ပြုလုပ်ထားတဲ့ လေ့လာမှုကြီးတစ်ခုအရ ကလေးတွေ screen time ကြည့်ချိန် များလွန်းတာရဲ့ သက်ရောက်မှုဟာ မိဘတွေရဲ့ အပြုအမူနဲ့ ကလေးတွေ လမစေ့ဘဲ မွေးဖွားခြင်းတို့ရဲ့ သက်ရောက်မှုနဲ့ တန်းတူလောက်ရှိနိုင်သလို၊ အဲဒီထက်တောင် ပိုများနိုင်တယ်လို့ သိရပါတယ်။

■ သုတေသီတွေဟာ နိုင်ငံပေါင်း ၆၄ နိုင်ငံက ကလေး ၂၈ သိန်းကျော်ရဲ့ အချက်အလက်တွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ အဲဒီအခါ screen timeကြည့်ချိန် များလွန်းတာဟာ ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုနဲ့ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ အပါအဝင် ကဏ္ဍအတော်များများအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။

■ ဒီလေ့လာမှုဟာ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အကြီးမားဆုံးလေ့လာမှုတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
______________________________________
ReadMore>>>https://yangonmediagroup.com/index.php/local-news/world/mmh05-29-10-2026
👍11🥰3❤2
Forwarded from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြား ၊ ရိုးရာအနုပညာအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် မျိုးဆက်သစ်အနုပညာရှင်များ ပြုစုပျိုးထောင်ရေး တိုက်တွန်း

နေပြည်တော်၊ အောက်တိုဘာ ၂၉

မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာအမွေအနှစ်များကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရေး၊ တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး မြှင့်တင်ရေး၊ ခေတ်မီဒီဂျစ်တယ် နည်းပညာများ အသုံးချ၍ ရိုးရာအနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ယခင်နှစ် မန္တလေးငလျင်ကြီးကြောင့် မကျင်းပနိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစားအချို့အပါအဝင် ဝါသနာရှင်အဆင့်၊ ဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲများကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်းကျင်းပနိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်လူငယ်များ၏ ပါဝင်ယှဉ်ပြိုင်မှုနှင့် ဆုရရှိမှု တိုးမြင့်လာခြင်းသည် မြန်မာ့ရိုးရာအနုပညာအပေါ် စိတ်ဝင်စားမြတ်နိုးမှု တိုးတက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၏ အဓိကလမ်းညွှန်မှာကြားချက်များမှာ—

မြန်မာ့ရိုးရာယဉ်ကျေးမှုသည် ဝတ်စားဆင်ယင်မှု၊ ဘာသာစကားနှင့် ရိုးရာဓလေ့ထုံးတမ်းများသာမက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်း၊ မြန်မာ့မူဟန်အက၊ ရိုးရာတူရိယာ၊ ဇာတ်သဘင်နှင့် ရုပ်စုံသဘင်တို့အပါအဝင် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသည့် အနုပညာအမွေအနှစ်များဖြစ်သဖြင့် ရိုးရာအနှစ်သာရ မပျောက်ပျက်စေဘဲ ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြရန်၊ ဝါရင့်အနုပညာရှင်များ၏ အတွေ့အကြုံနှင့် အတတ်ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းပေးရန်မှာကြားခဲ့ပါသည်။

ထို့အပြင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများသည် အနုပညာပြိုင်ပွဲများသာမက တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ်အနုပညာရှင်များ ပေါင်းကူးဆက်သွယ်သည့်ပွဲဖြစ်သဖြင့် မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသကဲ့သို့ အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကိုလည်း အပြန်အလှန်လေးစား၍ ပြည်ထောင်စုစည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရန်မှာကြားခဲ့ပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝသယံဇာတ၊ ခေတ်မီနည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များသာမက အမျိုးသားယဉ်ကျေးမှုအခြေခံများ ခိုင်မာရန်လည်း လိုအပ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် မြန်မာ့သမိုင်းအစဉ်အလာ၊ ရိုးရာယဉ်ကျေးမှုနှင့် လူမှုကျင့်ဝတ်တန်ဖိုးများကို သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ရှင်သန်ခိုင်မာလာစေရန် မှာကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ဆုရရှိသည့် အနုပညာရှင်များအနေဖြင့် မိမိတို့၏ အနုပညာအရည်အသွေးများ ပိုမိုတိုးတက်စေရန် ဆက်လက်လေ့လာလေ့ကျင့်ကြရန်နှင့် ဆုမရရှိသေးသူများအနေဖြင့်လည်း ဇွဲလုံ့လမလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြရန် အားပေးတိုက်တွန်းခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနုပညာရှင်များနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
👍20❤6🤓1