Myanmar Update News
31.3K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from PPIB.Official
Media is too big
VIEW IN TELEGRAM
မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်

PPIB Links
Youtube | Tiktok | Telegram | Website |  X(Twitter)
👍58❤15🎉1
Forwarded from Yangon Media Group
Media is too big
VIEW IN TELEGRAM
မော်တော်ယာဉ် စုံ/မ စနစ်ဖြင့် မောင်းနှင်ရမှု ယနေ့မှစ၍ ပယ်ဖျက်
https://www.tiktok.com/@yangonmediagroup/video/7683511823387184392?is_from_webapp=1&sender_device=pc
👍51❤13
Forwarded from News Of Myanmar
This media is not supported in your browser
VIEW IN TELEGRAM
ဂျော်ဒန်ရှိအမေရိကန်ရဟတ်ယာဉ်များအီရန်ဒုံးကျည်ထိ
NOM
အီရန်၏လက်စားချေတိုက်ခိုက်မှုအတွင်းဂျော်ဒန်နိုင်ငံရှိအမေရိကန်လေတပ်စခန်းကိုအီရန်ဒုံးကျည်များထိမှန်အမေရိကန်၏ဘလက်ဟောက်ခ်တိုက်ခိုက်ရေးရဟတ်ယာဉ်များထိမှန်ပျက်စီးခဲ့သည်။
👍55❤14👏6🤔1
Forwarded from Head of State
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲ ဆမ်ဒက်ဟွန်ဆင်နှင့် တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ(နိုင်ငံတော်ယာယီအကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်၊ နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးသည်။

Website

Facebook

YouTube

TikTok

X(Twitter)

Telegram
👍49❤18👏2
Forwarded from Popular Journal
ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင် (ဟောင်း)ဦးဝင်းအောင် ကွယ်လွန်

ခေါင်းတိုက်သွင်းဂိုးများဖြင့်နာမည်ကျော်ခဲ့သည့် မြန်မာ့လက်ရွေးစင်(ဟောင်း)ဦးဝင်းအောင်(၆၀)နှစ်သည် ယ နေ့ စက်တင်ဘာ ၁၃ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ဦးဝင်းအောင် ကွယ်လွန်ခြင်းအတွက် ကျန်ရစ်သူမိ သားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့၊ မြန်မာ့ဘောလုံးမိသားစုများအားလုံးမှ ဆုတောင်းမေတ္တာပို့သခဲ့ကြောင်း သိရသည်။

ဦးဝင်းအောင်သည် ခေါင်းတိုက်သွင်းဂိုးများဖြင့် နာမည်ကျော်ခဲ့သူဖြစ်ကာ ၁၉၉၀-၉၉ ဝန်းကျင် ဘောလုံးရာ သီများတွင် မြန်မာနှင့် စင်ကာပူဘောလုံးပရိသတ်များ ၏ အားပေးမှုကိုရရှိခဲ့သော တိုက်စစ်မှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဝင်းအောင်သည် ၁၉၉၃ ဆီးဂိမ်းငွေတံဆိပ်ဆုရှင်၊ ဆောက်လုပ်ရေး၊ ဘဏ္ဍာအခွန်၊ စင်ကာပူလိဂ်ပရော်ဖက်ရှင်နယ် ကစားသမားဟောင်းနှင့် မြန်မာ့လက် ရွေးစင်တိုက်စစ်မှူး(ဟောင်း)တစ်ဦးဖြစ်ကြောင်း သိရသည်။
😭40👍21❤13🥰2
Forwarded from Yangon Media Group
🔹🔹🔹🔹🔹
🚨 [တောင်ကိုရီးယား]နိုင်ငံ့ဝန်ထမ်းအင်တာဗျူးမှာ ဂျင်းဘောင်းဘီဝတ်လို့ရပြီ၊လည်စည်းနဲ့ အခမ်း အနားသုံးဖိနပ် မဝတ်ရ

ဆိုးလ်၊ တောင်ကိုရီးယား | ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၁ ရက် — တောင်ကိုရီးယား လူမှုဝန်ထမ်းစီမံခန့်ခွဲရေးဝန်ကြီးဌာနက နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး လူတွေ့မေးမြန်းပွဲများတွင် အနောက် တိုင်းဝတ်စုံအပြည့် ဝတ်ဆင်ရသည့် အစဉ်အလာကို လျှော့ချရန် ဆုံးဖြတ်လိုက်ပြီး ဂျင်းဘောင်းဘီ၊ အားကစားဖိနပ်၊ ရှပ်အင်္ကျီ၊ ချည်ထိုးအင်္ကျီနှင့် ရိုးရိုးရှင်းရှင်း ဘောင်းဘီများအပါအဝင် သပ်ရပ်သည့် ပေါ့ပေါ့ပါးပါးဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုမည်ဖြစ်သည် 👖👟🇰🇷၊

စည်းမျဉ်းသစ်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ စတင်ကျင့်သုံးမည်ဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး နှစ်ဖက်စလုံးကို အနောက်တိုင်းဝတ်စုံအပြည့် ဝတ်လာရန် မတိုက်တွန်းတော့ဘဲ လည်စည်းနှင့် အခမ်း အနားသုံး သားရေဖိနပ်များကို မဝတ်ဆင်ရန် သတ်မှတ်ထားသည် 📢၊

လည်စည်းဝတ်လာသူများကို ဖြုတ်ခိုင်းမည်ဖြစ်သလို အခမ်းအနားသုံးဖိနပ် စီးလာပါက ဖိနပ်အဖုံး စွပ်ခိုင်း မည်ဖြစ်ပြီး အာဏာပိုင်များက ယင်းပြောင်းလဲမှုသည် လူတွေ့မေးမြန်းခန်းအတွင်း တင်းကျပ်သည့် အခြေအနေကို လျှော့ချရန်၊ ဖိနပ်သံကြောင့် အနှောင့်အယှက်ဖြစ်မှုကို ကာကွယ်ရန်နှင့် အလုပ် လျှောက်ထားသူများ၏ ငွေကြေးကုန်ကျမှုနှင့် စိတ်ဖိစီးမှုကို လျှော့ချရန် ရည်ရွယ်ထားကြောင်း ပြောကြား ထားသည်။ Source: WION
Please open Telegram to view this post
VIEW IN TELEGRAM
👍30❤15🥰4😭1
Forwarded from Popular Journal
အမှတ် (၈) အစုန် DEMU အမြန်ရထားနှင့်တရားမဝင်လမ်းကူးမှ ဖြတ်ဝင်လာသည့် ထွန်စက် တို-က်မိ၊ ၂ ဦး‌ေ-သဆုံး

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် DEMU အမြန်ရထားနှင့် တရားမဝင် လမ်းကူးမှ ဖြတ်သန်းလာသည့် ထွန်စက်တို့ တို-က်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၄ ရက်၊ နေ့လည် ၁၂ နာရီခွဲတွင် နေပြည်တော်မှ ထွက်ခွာလာသော အမှတ် (၈) အစုန် DEMU အမြန်ရထားသည် ညောင်လေးပင်-ပဲခူး လမ်းပိုင်းရှိ ပြွန်တန်ဆာနှင့် ဒိုက်ဦးဘူတာအကြားသို့ရောက်ရှိစဉ် တရားမဝင် လမ်းကူးမှ ရုတ်တရတ် ဖြတ်သန်းမောင်းနှင်လာသည့် ထွန်စက်နှင့် တို-က်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တို-က်မိမှုကြောင့် ထွန်စက်မောင်းနှင်လာသူ ၂ ဦးမှာ ပြင်းထန်သော ဒ-ဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့သည်။

ရထား၏ရှေ့မျက်နှာစာလည်း ပျ-က်စီးမှုများ ရှိခဲ့သည်။

အလားတူ စက်တင်ဘာ ၁၃ ရက် နံနက် ၇ နာရီကလည်း ရန်ကုန်မှ ထွက်ခွာလာသည့် အမှတ် (၅) အဆန် DEMU အမြန်ရထားသည် ရုတ်တရတ် လမ်းကူးလာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးကို တို-က်မိခဲ့သေးသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/အမှတ်-၈-အစုန်-demu-အမြန်ရထားန/
👍27🤔9❤8👀1
Forwarded from Yangon Media Group
❗️❗️❗️❗️❗️❗️
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ တစ်ရက်ကြာ လာရောက်ခဲ့
နေပြည်တော် စက်တင်ဘာ ၁၆၊
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ သို့သော် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူများ ပါဝင်ခဲ့သည်၊ နေပြည်တော်၌ မည်သူများနှင့် တွေ့ဆုံခဲ့သည်နှင့် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်တို့ကို လက်ရှိရရှိထားသည့် အချက်အလက်များအရ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ Kyaw Minဆိုငသည့်ဖေ့စ်ဘုတ်ခ်အကောင့်တွင်ဖောပြထားခြင်းဖြစ်သည်။

ခရီးစဉ်အတွက် အမေရိကန်လေတပ် (United States Air Force) ၏ Beech C-12D Huron အမျိုးအစား လေယာဉ်တစ်စင်းကို အသုံးပြုခဲ့ပြီး လေယာဉ်မှတ်ပုံတင်အမှတ်မှာ 83-0498 ဖြစ်ကြောင်း လေကြောင်းပျံသန်းမှုဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။ အဆိုပါလေယာဉ်သည် ပျံသန်းရာတွင် “SPAR14” Call Sign ကို အသုံးပြုထားကြောင်းလည်း မှတ်တမ်းများအရ သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် အဆိုပါလေယာဉ်သည် နေပြည်တော်လေဆိပ် (NYT) မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (DMK) သို့ ပျံသန်းခဲ့ကြောင်း ပျံသန်းမှုခြေရာခံမှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ဖွဲ့စည်းပုံ၊ ခရီးစဉ်ရည်ရွယ်ချက်၊ တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို အတည်ပြုနိုင်သည့် တရားဝင်သတင်းထုတ်ပြန်ချက် သို့မဟုတ် သီးခြားအတည်ပြုနိုင်သည့် အချက်အလက်များကို လက်ရှိအချိန်အထိ မရရှိသေးပေ။
SPAR14 ဆိုသည်မှာ အမေရိကန် လေတပ် (USAF) က အဆင့်မြင့်အရာရှိကြီးများ သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များအား သယ်ယူပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည့် စစ်ဘက်ဆိုင်ရာ လေယာဉ်ခေါ်ဆိုမှုအမှတ်အသား (Flight Callsign) တစ်ခု ဖြစ်ကြောင်းသိရသည်။
——————
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/us-delegation-in-npt
Please open Telegram to view this post
VIEW IN TELEGRAM
👍52❤14🤔2💯2
Forwarded from Yangon Media Group
❗️❗️❗️❗️❗️❗️
U.S. Delegation Makes One-Day Visit to Naypyitaw

NAYPYITAW, Sept. 16 — A U.S. delegation arrived in Naypyitaw on the evening of Sept. 15 and departed the Myanmar capital the following evening after a visit lasting about one day, according to information posted on a Facebook account under the name “Kyaw Min.”

The identities of the delegation members, the individuals or officials they met in Naypyitaw, and the subjects discussed during the visit could not be independently verified based on information currently available.
———————
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/eng-section/u-s-delegation-makes-one-day-visit-to-naypyitaw
Please open Telegram to view this post
VIEW IN TELEGRAM
👍21🎅3❤1
Forwarded from Yangon Media Group
😀😀😀😀
မြန်မာ-အမေရိကန်ချစ်ကြည်ရေးရှေးရှု၍ အမေရိကန်နိုင်ငံသား Adam Michael Castillo အား ပြည်နှင်စေလွှတ်
နေပြည်တော်၊ စက်တင်ဘာ ၁၆
အမေရိကန်နိုင်ငံသား Adam Michael Castillo အား စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်နှင်စေလွှတ်ခဲ့ကြောင်း သိရသည်။
၎င်းသည် နိုင်ငံကူးလက်မှတ်အမှတ် ၅၆၅၄၄၈၄၄၉ ကိုင်ဆောင်ထားသူဖြစ်ပြီး The American Chamber of Commerce in Myanmar (မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း)၏ ဖွဲ့စည်းပုံစည်းမျဉ်းပါ ကန့်သတ်ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအတွက် ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ပန်းဘဲတန်းမြို့မရဲစခန်း၌ (ပ)၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်လှစ် အရေးယူထားခဲ့ပြီး၊ အဆိုပါအမှုတွင် တရားခံအဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို ရှေးရှု၍ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ Adam Michael Castillo အား ပြည်နှင်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ပြီး တစ်ရက်ခန့်ကြာမြင့်သည့် ခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြောင်း စောစောပိုင်းသတင်းများတွင်ဖော်ပြထားသည်။
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/deportation-of-us-citizen
Please open Telegram to view this post
VIEW IN TELEGRAM
👍40❤17🤔3💋1
Forwarded from Yangon Media Group
မြန်မာ့မော်တော်ယာဉ်နှင့်အပိုပစ္စည်းပြပွဲ ဒုတိယအကြိမ်မြောက်ကျင်းပမည်

ဒုတိယအကြိမ်မြောက် မြန်မာ့မော်တော်ယာဉ်နဲ့ အပိုပစ္စည်းပြပွဲ(Myanmar Auto & Parts Expo 2026 )ကို ရန်ကုန်မြို့ရှိ YCC ခန်းမမှာ စက်တင်ဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်။


#Local_News
Published 17 September 2026
#မြန်မာ့မော်တော်ယာဉ်
#YMG/NN #Yangon_Times
WatchVideo>>>https://www.youtube.com/watch?v=btWuQmmUAz4
👍25❤5🤓2
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
မြန်မာအစိုးရနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြော

စက်တင်ဘာ ၁၈၊၂၀၂၆
အမေရိကန်အစိုးရတာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် Adam Castillo လွတ်မြောက်ရေးအတွက် မြန်မာအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားချက်ကိုကိုးကား၍ Reuters သတင်းဌာနက စက်တင်ဘာ ၁၇ ရက်တွင် သတင်းရေးသားသည်။

Reuters ၏ ဖော်ပြချက်အရ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ ကိုယ်စားပြုမှုကို ဆက်လက်ထားရှိထားပြီး မြန်မာအစိုးရအပါအဝင် နိုင်ငံအတွင်းရှိ အဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ ဆက်ဆံလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ယင်းထိတွေ့ဆက်ဆံမှုများတွင် နေပြည်တော်ရှိ အာဏာပိုင်များနှင့် အမေရိကန်အကျိုးစီးပွားများအပေါ် သက်ရောက်မှုရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
—————————-
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/us-engeges-myanmarnpt
Please open Telegram to view this post
VIEW IN TELEGRAM
👍42❤8🎉2