Myanmar Update News
31.3K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
နေမမြင်အင်ပါယာ ပရိသတ်တွေဆီ ဒီနေ့ စနေနေ့မှာ အကယ်ဒမီအေးချမ်းမောင် နဲ့ ဗညာဘုန်းပြည့်တို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါတယ်။

မနက်ဖြန် အောက်တိုဘာ ၄ ရက် တနင်္ဂနွေနေ့မှာ လှိုင်သာယာ ဝဇီယာ၊ ရွှေပြည်သာ နဲ့ စံရိပ်ငြိမ် ဂမုန်းပွင့်မင်္ဂလာရုပ်ရှင်ရုံတွေကို အနုပညာရှင်တွေ လာရောက်အားပေးကြမှာပါ။

​မကျော့တဖြစ်လဲ အကယ်ဒမီ အေးမြတ်သူကတော့ မန္တလေးမှာ ပရိသတ်တွေနဲ့ အတူရှိနေမယ်နော်။

တနင်္ဂနွေ စက်ရုံပိတ်ရက် ရုံးပိတ်ရက်မှာ ဘဝကိုမိသားစုအတွက် ရုန်းကန်လှုပ်ရှားပေးနေကြတဲ့ မြန်မာအမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ဇာတ်ကား - နေမမြင်အင်ပါယာ
👍22❤9🙏2
တစ်နိုင်ငံလုံး ရုံပြည့်ရုံလျှံအားပေးကြတဲ့ နေမမြင်အင်ပါယာ ပရိသတ်များထံ အပြေးအလွှားရုံပတ်နေကြတဲ့ နေမမြင်အင်ပါယာ အဖွဲ့သားများ
👍13👏9❤4🎅4🥰2
Forwarded from Yangon Media Group
▫️▫️▫️▫️▫️
နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ့ယုံကြည်အားကိုးမှု ရရှိမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နေပြည်တော်၊ အောက်တိုဘာ ၅
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်နိုင်မှသာ ပြည်သူ လူထု၏ ယုံကြည်အားကိုးမှုရရှိပြီး နိုင်ငံသည် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၌ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းညွှန်မှာကြားစဉ် ပြောကြားသည်။
အချက်အလက်များအရ နိုင်ငံ၏ ဂျီဒီပီ ၃ ရာခိုင်နှုန်းခန့် တိုးတက်လာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း နှေးကွေးနေဆဲဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှုအားနည်းကာ နိုင်ငံ့စီးပွားရေးတိုးတက်မှု နှေးကွေးနေရသကဲ့သို့ ကုန်ထုတ် လုပ်ငန်းများ စွမ်းအားပြည့် လုပ်ကိုင်ခြင်းမရှိမှုကလည်း စီးပွားရေးအားနည်းမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားသည်။
———————-
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/myanmar/myanmar-economy-president
Please open Telegram to view this post
VIEW IN TELEGRAM
❤24👍12🤔2💘1
ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး ၉၆ ပါးရောဂါနဲ့ ယနေ့ကွယ်လွန်

၆.၁၀.၂၀၂၆
Written By Thandar

ထပ်ဆင့်အကယ်ဒမီများရှင် ဂီတမှူးဦးခင်မောင်ကြီး အသက် ၈၆ နှစ်ဟာ ၉၆ ပါးရောဂါနဲ့ ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၀၀:၂၅မိနစ်က ကွယ်လွန်ခဲ့ပါတယ်။

“ဦးခင်မောင်ကြီးက ယနေ့ မနက်အစောပိုင်း ၀၀:၂၅ နာရီက ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီဖြစ်ပါတယ်”လို့ ကျန်ရစ်သူမိသားစုက ဝမ်းနည်းစွာပရိသတ်ကို အသိပေးလာပါတယ်။

ဂီတမှူး ဦးခင်မောင်ကြီးဟာ မြန်မာ့ရုပ်ရှင်နဲ့ ဂီတလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ဝါရင့်ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်ရှင်နောက်ခံတေးဂီတ ဖန်တီးမှုတွေမှာ ထူးချွန်ပြောင်မြောက်လှပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (၃) ဆုအထိ ဆွတ်ခူးရရှိထားသူ ဖြစ်ပါတယ်...

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=148183

#ဂီတမှူး #ဦးခင်မောင်ကြီး #KhinMaungGyi #ဂီတမှူးဦးခင်မောင်ကြီး #RIP
😭18❤3👍3🎉2🤩1💋1
Forwarded from Eleven Media Group
■ သာယာဝတီတွင် ကျေးရွာဒေသခံများ တိုင်ကြား၍ အံဂလုံးနှင့်ဂျင် လောင်းကစားပြုလုပ်နေသူ ၁၁ ဦး ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာတွင် အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း ကျေးရွာဒေသခံများ၏ တိုင်ကြားချက်အရ အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားပြုလုပ်သူ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာရှိ ဦးအာထစ် (ခ) ဦးကုလားနှင့် ဒေါ်ဌေးမာတို့ လင်မယားပိုင် ခြံဝန်းအတွင်း အံဂလုံးနှင့်ဂျင် လောင်းကစားဝိုင်းပြုလုပ်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ပခရ (မှုကူ) အဖွဲ့မှ ရဲအုပ် ဖုန်းဝေဦး ဦးစီးအဖွဲ့က ပူးပေါင်းအဖွဲ့များ၊ သက်သေများနှင့်အတူ ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်စီးနင်းရာ ခြံဝန်းအတွင်း ဂျင်လောင်းကစားပြုလုပ်နေပြီး လောင်းကစား အလျော်အစားပြုလုပ်သူနှင့် လာရောက်လောင်းကစားသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

■ Website Link >>>> https://news-eleven.com/article/315792
👍18❤16🥰1🙏1🤝1
Forwarded from Popular Journal
Media is too big
VIEW IN TELEGRAM
Esports လောကမှာ မြန်မာ့ရွှေခေတ်ဖြစ်အောင် ဆက်ကြိုးစားမယ်ဆိုတဲ့ Team Zanaka

"ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြားပဲကြားခဲ့ဖူးတဲ့ ဘောလုံးရွှေခေတ်ကို မမီခဲ့ဘူး၊ ငါတို့အလှည့်ကျရင် ငါတို့ တတ်ကျွမ်းတဲ့ အားကစားနည်းတစ်ခုခုနဲ့ ရွှေခေတ်ကို ပြန်ရောက်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်ချက်ရှိခဲ့တယ်။ အခုတော့ Esports နဲ့အတူ ဒီလိုမျိုး ရွှေတံဆိပ်ဆု ယူနိုင်ပြီဆိုတော့ နောက်ထပ်နှစ်ပေါင်းများစွာ ရွှေတံဆိပ်ဆုတွေ ထပ်ယူပြီးတော့ Esports ကို မြန်မာ့ရွှေခေတ်ဖြစ်အောင် အကောင်းဆုံးကြိုးစားသွားပါမယ်။ ကျွန်တော်တို့ရှေ့မှာ သူတို့အသင်းကို ၂ ခေါက်ရှုံးထားတယ်။ သူတို့အသင်းကို နိုင်ချင်တယ်၊ အဲဒီအတွက် ကျွန်တော်တို့ သူတို့အသင်းကို နိုင်ချင်တယ်။ အဲဒီအတွက် အများကြီးပြင်ဆင်တယ်။ သူတို့ရဲ့အားနည်းချက်ကတော့ ကျွန်တော်တို့အသင်းကို အထင်သေးတယ်လို့ပဲ ထင်ပါတယ်" - Team Zanaka
❤37👍17😘4👏1
Forwarded from Popular Journal
အမေရိကန်အစိုးရနှင့် မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း ရိုက်တာကသတင်း ဖော်ပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ယင်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သည့် အမေရိကန်၏ သံတမန်ရေးမူဝါဒတွင် အပြောင်းအလဲတစ်ရပ်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက အောက်တိုဘာလ ၈ ရက်တွင် သတင်းဖော်ပြ ခဲ့သည်။

အဆိုပါဆွေးနွေးမှုများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးကို အဓိကထားသော်လည်း မြန်မာနိုင်ငံ၏ မြေရှားသတ္တုသယံဇာတများနှင့် ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်မှုများအထိ တိုးချဲ့လာနိုင်ကြောင်း လက်ရှိနှင့် ယခင်အမေရိကန်တာဝန်ရှိသူများအပါအဝင် ဆွေးနွေးမှုအခြေအနေကို သိရှိသူ ခုနစ်ဦး၏ ပြောကြားချက်များကို ကိုးကား၍ ရိုက်တာ က သတင်း ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.facebook.com/share/p/19YsSD7NsT/
👍47❤16🤗2