Myanmar Update News
31.4K subscribers
35.9K photos
3.36K videos
447 files
3.14K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
Forwarded from Popular Journal
တတိယမြောက် ချားလ်စ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် နှင့် စာများ ဒေါ်အောင်ဆန်းစုကြည် ထံသို့ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ ၁၉

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားလ်စ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ထားသည်။
❤8👍8💯2🤔1
Forwarded from Yangon Media Group
#Local_News
ဗြိတိန်ဘုရင် ချားလ်စ်၏ ပေးပို့စာအုပ် ၂ အုပ်နှင့် စာများဒေါ်အောင်ဆန်းစုကြည်ထံပေးအပ်
++++++++++++++++++
Published 19 October 2026

ဗြိတိန်နိုင်ငံ တတိယမြောက် ချားလ်စ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ်၊ အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့ကို ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများက ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်မှ ၁၀ နာရီ ၅၀ မိနစ်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပေးအပ်သည့် စာအုပ်များမှာ The Land Gardeners – Soil to Table နှင့် Soil: The World at Our Feet တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#YMG/SW #Yangon_Times
👍17❤8🤩2👏1🤔1
Forwarded from Popular Journal
မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကတတ်နိုင်သည့်ဘက်မှကူညီကြိုပမ်းဆောင်ရွက်ပေးသွားမည်

မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကတတ်နိုင်သည့်ဘက်မှကူညီကြိုပမ်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA တို့ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌက ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.facebook.com/share/p/1FdvLNeoZ7/
👍26❤6👀3
Forwarded from Yangon Media Group
❗️❗️❗️❗️❗️
အပူလှိုင်းမုန်တိုင်းများခေတ် - အကြီးမားဆုံးမုန်တိုင်းကြီး
ဧရာမ ‘အပူလှိုင်းမုန်တိုင်းကြီးများ’ က ကမ္ဘာမြေကို ပူပြင်းလောင်ကျွမ်းစေလျက်ရှိသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် စံချိန်တင် အကြီးမားဆုံး အပူလှိုင်းမုန်တိုင်းကြီးအကြောင်း ဖြစ်သည်။

၂၀ အောက်တိုဘာ၊၂၀၂၆-

ရိုက်တာ (Reuters) သတင်းဌာန၏ လေ့လာဆန်းစစ်ချက်အရ ယခင်က သီးခြားဖြစ်ပေါ်လေ့ရှိသော သာမန် "အပူလှိုင်း (Heat waves)" များသည် ယခုအခါ ကမ္ဘာ့မျက်နှာပြင် ကျယ်ပြန့်စွာကို လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ ဖုံးလွှမ်းနိုင်သည့် ဧရာမ "အပူလှိုင်းမုန်တိုင်းများ (Heat storms)" အဖြစ် အသွင်ကူးပြောင်းလာပြီဖြစ်ကြောင်းဖော်ပြထားသည်။
————————
❇️❇️❇️❇️❇️❇️
https://yangonmediagroup.com/index.php/local-news/world/the-age-of-heat-storms
Please open Telegram to view this post
VIEW IN TELEGRAM
😭18❤7👍4🎉2🙏2
Forwarded from Guide4U
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်တက္ကသိုလ်က ဖွင့်လှစ်မည့် နိုင်ငံရေးဆိုင်ရာ ဒီပလိုမာသင်တန်း (၂) ခု

https://www.edge.com.mm/article/6ad73963ed2d1.html





#EducationIndustryGuide
👍16❤8👀1
Forwarded from Yangon Media Group
#Local_News
မြန်မာ့ပေါ်ဆန်းဆန်ကို အမျိုးသားအဆင့်အရည်အသွေးမြင့်ထုတ်ကုန်အဖြစ်ဖော်ဆောင်ရန် သမ္မတတိုက်တွန်း
++++++++++++++++++++++++++++++
Published 22 October 2026

■ ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရရှိထားသည့် မြန်မာ့ပေါ်ဆန်းဆန်ကို အမျိုးသားအဆင့် အရည်အသွေးမြင့်ထုတ်ကုန်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိက၊ ပညာရှင်များနှင့် တောင်သူများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

■ ၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်ဆုရရှိခဲ့သည့် မြန်မာ့ပေါ်ဆန်းဆန်ကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအား ဂုဏ်ပြုသည့်အခမ်းအနားနှင့်ဆန်ကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

■ အဆိုပါအခမ်းအနားတွင် “မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းစေရမည်” ဆိုသည့် ရည်မှန်းချက်ကို လက်တွေ့အောင်မြင်မှုအဖြစ် ဖော်ဆောင်နိုင်ရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပူးပေါင်းဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းခဲ့ခြင်းဖြစ်‌ကြောင်းသိရသည်။

#YMG/SW #Yangon_Times
👍15❤5🏆2
Forwarded from Dr Khaing Khaing Soe
ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၄၃၀ အချိန်မှ ၁၄၅၀ အချိန်ထိ သူမ၏ သားငယ်ဖြစ်သူ Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် တယ်လီဖုန်းဖြင့် အပြန်အလှန် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
👍27❤4👀2