ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
အကြမ်းဖက်စစ်အုပ်စု၏ MNHRC အား SEANF အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ကြောင်း
တရားဝင် ဆုံးဖြတ်ထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
အကြမ်းဖက်စစ်အုပ်စု၏ လက်ဝေခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အဖွဲ့ဝင်အဖြစ်မှ ဆက်လက်ပါဝင်ခွင့် အရည်အချင်း ပြည့်မီခြင်း မရှိကြောင်း တရားဝင် သုံးသပ်ဆန်းစစ်ချက်များ ပြုလုပ်၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည့် SEANF ၏ ဆုံးဖြတ်ချက် အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံအပ်ပါသည်။
MNHRC သည် ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စ၍ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မပြုမူမှုများ၊ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ ပြည်သူလူထုကို ကာကွယ်ပေးနိုင်ခြင်း မရှိသည့်အပြင် စစ်အုပ်စု၏ ကျူးလွန်မှုများကို ဖုံးကွယ်ပေးရာ အကာအကွယ်တစ်ခုအဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံတကာစံနှုန်းဖြစ်သည့် ပါရီအခြေခံမူများ (Paris Principles) ကို လိုက်နာရန် ပျက်ကွက်ခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်များမဟာမိတ်အဖွဲ့ (GANHRI-SCA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် MNHRC ၏ အသိအမှတ်ပြုမှုကို ရုပ်သိမ်းခဲ့ပြီး အာရှ-ပစိဖိတ်ဖိုရမ် (APF) ကလည်း ၂၀၂၅ ခုနှစ်၊ မေလတွင် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ပါသည်။
ယခုကဲ့သို့ SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့မှ အကြမ်းဖက်စစ်အုပ်စု၏ MNHRC ကို အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခွင့် အရည်အချင်းကို တရားဝင်ဆန်းစစ်၍ ထုတ်ပယ်ရေး ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းသည် ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ MNHRC ၏ မသမာမှုများနှင့် ပတ်သက်၍ GANHRI၊ ANNI နှင့် SEANF တို့ထံ အချက်အလက်ပေါင်း များစွာကို မဆုတ်မနစ် စနစ်တကျ ပေးပို့တိုက်တွန်း ဆောင်ရွက်ပေးခဲ့ကြသည့် လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)(The CSO Working Group on Independent NHRI Burma/Myanmar) အပါအဝင် ဒေသတွင်း လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စိစစ်ကြိုးပမ်းမှုများကြောင့် ဖြစ်ကြောင်း လှိုက်လှဲစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၏ SEANF သဘာပတိ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင် (SUHAKAM) ၏ ဦးဆောင်မှုနှင့်အတူ အင်ဒိုနီးရှား (Komnas HAM)၊ ဖိလစ်ပိုင် (CHRP)၊ ထိုင်း (NHRCT) နှင့် တီမော-လက်စတီ (PDHJ) စသည့် SEANF အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင် ကော်မရှင်များ အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အသံကို လေးစားနားထောင်ပြီး အာဆီယံဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် ပါရီအခြေခံမူများကို ခိုင်မာစွာ ကိုင်စွဲကာ အမှန်တရားဘက်မှ ရပ်တည်၍ ၂၀၂၆၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် တာဝန်ယူမှုရှိသော သဘောထား ထုတ်ပြန်ချက်ကို ဖြောင့်မတ်မှန်ကန်စွာ ထုတ်ပြန်ပေးခဲ့သည့်အတွက် အထူးပင် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
စစ်အုပ်စု၏ လက်ဝေခံ MNHRC သည် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်ဆင့်မှ တရားဝင် ထုတ်ပယ်ခံရသည့်ဖြစ်စဉ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ စနစ်တကျ တုံ့ပြန်တွန်းအားပေးမှုများ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (ဟောင်း) နှင့် တော်လှန်ရေး မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း (UHRC Bill) အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။
စစ်မှန်သော ပြည်သူ့လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်မည့် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (UHRC) အမြန်ဆုံး ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် CSO Working Group၊ EROs များ၊ ဖက်ဒရယ်ယူနစ်များ၊ NUCC နှင့် CRPH တို့နှင့် အရှိန် အဟုန်မြှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တွင် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် လူ့အခွင့်အရေးယန္တရားများ ပေါ်ထွန်းလာစေရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လေးနက်စွာ ထုတ်ပြန်အပ်ပါသည်။

National Unity Government of Myanmar
Home - National Unity Government of Myanmar
Welcome to National Unity Government Portal The optimal location for accessing government services and information. Stay Informed, Stay Connected! Subscribe to our government newsletter for the latest updates, news, and important announcements. Subscribe…
❤13👍1
Republic of the Union of Myanmar
National Unity Government
www.nugmyanmar.org
Statement Welcoming the Official Decision of SEANF to Terminate the Membership of the Terrorist Military Junta-Controlled Myanmar National Human Rights Commission (MNHRC)
20 October 2026
The National Unity Government (NUG) warmly welcomes and strongly supports the official decision announced by the Southeast Asia National Human Rights Institutions Forum (SEANF) on 19 October 2026, following its formal assessment that the Myanmar National Human Rights Commission (MNHRC), which operates as a proxy of the terrorist military junta, no longer meets the eligibility requirements for continued membership of SEANF.
Since the terrorist military junta’s unlawful attempted coup in 2021, the MNHRC has failed to protect the people of Myanmar from the atrocities and grave human rights violations that the terrorist military junta led by Min Aung Hlaing continues to perpetrate against the civilian population in multiple ways. Rather than fulfilling its mandate to protect and promote human rights, the MNHRC has served as a shield for the terrorist military junta , concealing its violations. Furthermore, owing to its complete failure to comply with the internationally recognised Paris Principles, the MNHRC had already faced significant consequences at the international and regional levels. In December 2024, the Global Alliance of National Human Rights Institutions Sub-Committee on Accreditation (GANHRI-SCA) withdrew the MNHRC’s accreditation, and in May 2025, the Asia Pacific Forum (APF) expelled the MNHRC from its membership.
The National Unity Government wholeheartedly recognises and commends the sustained and systematic efforts of regional human rights organisations, particularly the CSO Working Group on Independent NHRI Burma/Myanmar. Since 2021, the Working Group has persistently and tirelessly advocated for accountability, submitting extensive evidence to the Global Alliance of National Human Rights Institutions (GANHRI), Asia Pacific Forum of National Human Rights Institutions (APF) and SEANF on the terrorist military junta’s grave human rights violations and the misconduct of the MNHRC. These collective efforts have been instrumental in bringing about SEANF’s formal assessment of the MNHRC’s eligibility and its subsequent decision to terminate the MNHRC’s membership.
The National Unity Government also expresses its sincere appreciation to the Human Rights Commission of Malaysia (SUHAKAM), which chairs SEANF in 2026, for its leadership, as well as to the other members of the SEANF Governing Board, including the national human rights institutions of Indonesia (Komnas HAM), the Philippines (CHRP), Thailand (NHRCT) and Timor-Leste (PDHJ). By listening to the voices of civil society organisations, upholding the dignity and credibility of national human rights institutions in Southeast Asia, remaining firmly committed to the Paris Principles, and standing firmly on the side of truth, these institutions have demonstrated their commitment to justice and accountability. The National Unity Government extends its profound gratitude for their principled and responsible decision, formally announced on 19 October 2026.
The formal expulsion of the MNHRC, the proxy of the terrorist military junta, at the regional and international levels, together with the sustained and coordinated advocacy of civil society organisations, provides powerful momentum and impetus for the earliest possible adoption and enactment of the Union Human Rights Commission Bill (UHRC Bill). In this regard, the National Unity Government, through the former Ministry of Human Rights and in cooperation with its revolutionary partner organisations, continues to work towards establishing an independent and credible national human rights institution for Myanmar, and calls for the earliest possible adoption of the UHRC Bill.

👍6
The National Unity Government solemnly declares that it remains firmly committed to accelerating its cooperation with the CSO Working Group, Ethnic Resistance Organisations (EROs), federal units, the National Unity Consultative Council (NUCC) and the Committee Representing Pyidaungsu Hluttaw (CRPH), so that a Union Human Rights Commission (UHRC) capable of fully protecting and safeguarding the genuine human rights of the people may emerge as soon as possible. The National Unity Government further reaffirms that it will do its utmost to ensure that human rights mechanisms in line with international standards are established in the future Federal Democratic Union of Myanmar.
National Unity Government
National Unity Government
National Unity Government of Myanmar
Home - National Unity Government of Myanmar
Welcome to National Unity Government Portal The optimal location for accessing government services and information. Stay Informed, Stay Connected! Subscribe to our government newsletter for the latest updates, news, and important announcements. Subscribe…
👍11
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းအများအပြားသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် သဘောသဘာဝရှိရာ ယင်းကိုအခွင့်ကောင်းယူ၍ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အာဏာရှင်များနှင့် အကြမ်းဖက်သမားများအပါအဝင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက အလွဲသုံးစားပြုလုပ်နိုင်၊
မြန်မာနိုင်ငံတွင်တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်အုပ်စုသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများကို အကြိမ်ကြိမ်အလွဲသုံးစားပြုလုပ်ခဲ့၊
မြေပြင်မှရရှိသည့်သတင်းအစီရင်ခံစာများအရ စစ်တပ်မှ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့စဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ်ဖော့စ်ဖိုက် (Aluminum Phosphide) တို့ ပါဝင်သော ဓာတုဗုံးများ ကြဲချအသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်ဖြစ်စဉ်မှတ်တမ်းများရှိ၊
စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှု ကင်းမဲ့ခြင်း၊ လူ့အခွင့်အရေးများကို အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူ ရှုခြင်းတို့ကြောင့် စစ်တပ်က ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဆိုသည့်စွပ်စွဲချက်များကို ပိုမိုအသေးစိတ်စိစစ်စုံစမ်းရန် လိုအပ်လျက်ရှိ၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အဆိုပါစိုးရိမ်ဖွယ်ရာ အခြေအနေများကို အနီးကပ်စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန် တိုက်တွန်းအပ်၊
မြန်မာပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဝင်ရောက်ရှိနေမှုကို ဖြတ်တောက်ရပ်တန့်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို အလေးအနက်မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ(ပထမကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်တစ်ခုဖြစ်သော “အခြားအဖျက်စွမ်းအားပြင်းလက်နက်များ”ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ လ (၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏မိန့်ခွန်းတွင် အောက်ပါအချက်များအဓိကပါဝင်ပါသည်-
(က) မြန်မာနိုင်ငံသည် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်(CWC) နှင့် ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ် (BWC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ ဇီဝလက်နက်များနှင့် ဓာတုလက်နက်များအသုံးပြုမှုကို တားမြစ်ရေးစံနှုန်းများ လိုက်နာထိန်းသိမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုကြောင်းနှင့် အဆိုပါစာချုပ်များကို နိုင်ငံအားလုံးက တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လိုက်နာကျင့်သုံးကြရန် တိုက်တွန်းကြောင်း၊
(ခ) ဇီဝလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အတည်ပြု စစ်ဆေးရေး ယန္တရားမရှိခြင်းသည် ကွန်ဗင်းရှင်း၏ ထိရောက်မှုကို ဆက်လက်အဟန့်အတား ဖြစ်စေလျက်ရှိရာ အတည်ပြု စစ်ဆေးရေး၊ လိုက်နာဆောင်ရွက်မှုနှင့် အဖွဲ့အစည်းယန္တရားများအပါအဝင် ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ဇီဝလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ် ပိုမိုအားကောင်းစေရေးလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံအနေဖြင့် ထောက်ခံအားပေးကြောင်း၊ မည်သည့်နေရာ၊ မည်သည့်အခြေအနေတွင် မည်သူကမျှ ဓာတုလက်နက်များ အသုံးပြုခြင်းကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း၊
(ဂ) ကြေညာထားပြီးဖြစ်သည့် ဓာတုလက်နက်အားလုံးကို အပြီးတိုင် ဖျက်ဆီးနိုင်ရေးအတွက် ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ဆောင်ရွက်ချက်များကို မိမိတို့အနေဖြင့် အားပေးဂုဏ်ပြုကြောင်း၊ ပြီးခဲ့သည့်ဩဂုတ်လအတွင်း ပထမဆုံးအကြိမ် ဓာတုလက်နက်များ အတည်ပြုစစ်ဆေးမှုဖြင့် ဖျက်ဆီးနိုင်ခဲ့ခြင်းအပါအဝင် ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက်ဆိုင်ရာကိစ္စရပ်တွင် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားပါကြောင်း၊

👍9
(ဃ) ဓာတုလက်နက်များ တားဆီးပိတ်ပင်ရေးစာချုပ်တွင် အကျုံးဝင်သည့် ဓာတုပစ္စည်းအများ အပြားသည် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့်သဘောသဘာဝရှိရာ ယင်းကိုအခွင့်ကောင်းယူ၍ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အာဏာရှင်များနှင့် အကြမ်းဖက်သမားများအပါအဝင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက အလွဲသုံးစား ပြုလုပ်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုသည် အရပ်ဘက်နှင့် စစ်ဘက်နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများကို အကြိမ်ကြိမ်အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း၊
(င) မြေပြင်မှ ရရှိသည့် သတင်းအစီရင်ခံစာများအရ စစ်တပ်မှ မျက်ရည်ယိုဓာတ်ငွေ့ ပါဝင်မှုမြင့်မားသည့် ဓာတုပစ္စည်းများ၊ ဖော့စဖရပ်ဖြူ (White Phosphorus) နှင့် အလူမီနီယမ် ဖော့စ်ဖိုက် (Aluminum Phosphide) တို့ပါဝင်သော ဓာတုဗုံးများကြဲချအသုံးပြုခဲ့သည့် စိုးရိမ်ဖွယ်ဖြစ်စဉ်မှတ်တမ်းများရှိကြောင်း၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုအငွေ့များ ပျံ့နှံ့မှုဖြစ်ပွားပြီးနောက် မူးဝေခြင်း၊ အော့အန်ခြင်း၊ အောက်ဆီဂျင်ပြတ်လပ်ခြင်းနှင့် ခန္ဓာကိုယ်တစ်ရှူးများ လျင်မြန်စွာ ပုပ်သိုးပျက်စီးခြင်းစသည့်ရောဂါလက္ခဏာများကို မှတ်တမ်းတင်ထားရှိခဲ့ရာ အဆိုပါသတင်းအစီရင်ခံစာများ၏ဖော်ပြချက်များကို ထပ်မံအထောက်အထား ပြုထားကြောင်း၊
(စ) ယခုနောက်ပိုင်း ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များမတိုင်မီကပင် မြန်မာစစ်တပ်သည် ၁၉၈၀ ပြည့် လွန်နှစ်များအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၏တောင်ဘက်အရပ်၌ ဓာတုလက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ခုကို လည်ပတ်လုပ်ကိုင်ခဲ့ကြောင်းနှင့် ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ အလယ်ပိုင်း၌ နောက်ထပ်ဓာတုလက်နက်ထုတ်လုပ်ရေးစက်ရုံတစ်ရုံကို တည်ဆောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပါကြောင်း၊ ပထမစက်ရုံတွင် ဓာတုလက်နက်များတားဆီးပိတ်ပင်ရေးစာချုပ်၏ နောက်ဆက်တွဲ ဇယား(၁) တွင်ပါဝင်သည့် ဆာလဖာမတ်စတာဒ် (Sulfur Mustard) ဓာတုပစ္စည်းများကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ယင်းဓာတုလက်နက်များကို ဖျက်ဆီးပြီးစီးကြောင်း အတည်ပြုစစ်ဆေးနိုင်မှု မရှိသည့်အတွက် စစ်တပ်က ဓာတုလက်နက်များကို သိုလှောင်လက်ဝယ်ထားရှိနေခြင်း ရှိ-မရှိ ဆိုသည့်ကိစ္စရပ်မှာ ယနေ့တိုင်ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း၊
(ဆ) အလားတူပင် စစ်တပ်၏ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားဖြောင့်မတ်မှုကင်းမဲ့ခြင်း၊ လူ့အခွင့် အရေးများကို အကြိမ်ကြိမ်ချိုးဖောက် ကျူးလွန်ခြင်းနှင့် နိုင်ငံတကာဥပဒေကို လုံးဝလျစ်လျူရှုခြင်းတို့ကြောင့် စစ်တပ်က ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ပိုမိုအသေးစိတ် စိစစ်စုံစမ်းရန် လိုအပ်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အဆိုပါစိုးရိမ်ဖွယ်ရာအခြေအနေများကို အနီးကပ် စောင့်ကြည့်ကြရန်နှင့် ယင်းဖြစ်စဉ်များအား မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုစစ်ဆေးခြင်းတို့ဆောင်ရွက်ရာတွင် မြန်မာပြည်သူများအတွက် လိုအပ်သည့်အကူအညီများ ပံ့ပိုးပေးကြရန် တိုက်တွန်းအပ်ပါကြောင်း၊
(ဇ) ယခုအချိန်တွင် စစ်အုပ်စုသည် အရပ်သားပြည်သူများကို ခွဲခြားမှုမရှိဘဲ အပြစ်ပေးအရေးယူရန်အတွက် ၎င်းတို့လက်လှမ်းမီသည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုသွားမည်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားစေလိုကြောင်း၊
(ဈ) မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်နိုင်ရေးအတွက် စစ်အုပ်စုထံသို့ လက်နက်ခဲယမ်းများ၊ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် အခြားပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဝင်ရောက်ရှိနေမှုကို ဖြတ်တောက်ရပ်တန့်ပေးကြရန် အဖွဲ့ဝင်နိုင်ငံအားလုံးကို အလေးအနက် မေတ္တာရပ်ခံပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၀ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲရုံး၊
နယူးယောက်မြို့။

👍12
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Thematic Discussion on Other Weapons of Mass Destruction of the First Committee at the Eighty-first Session of the UN General Assembly
(New York, 20 October 2026)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and NAM.
Mr. Chair,
As a state party to the BWC and the CWC, Myanmar reaffirms our commitment to uphold norms against biological and chemical weapons, and underscores the importance of their universal adherence.
The lack of a verification mechanism continues to hinder the effectiveness of the BWC. Against this backdrop, Myanmar supports the Working Group on strengthening the BWC in addressing structural and operational gaps, including verification, compliance and institutional mechanisms.
Mr. Chair,
Myanmar strongly condemns the use of chemical weapons anywhere by anyone under any circumstance.
We commend the work of the OPCW in the complete destruction of all declared chemical weapons. At the same time, Myanmar took note of the progress in the Syrian chemical weapons file, including the first verified destruction of chemical weapons in August this year.
Mr. Chair,
Many chemicals under the CWC are dual-use in nature. We are of the view that this very nature of dual-use chemicals is readily exploited by malicious actors, including dictators and terrorists in conflict settings.
Unfortunately, in my country, Myanmar, dual-use, industrial chemicals have been repeatedly misused by the military junta, especially after the 2021 military coup.
Reports on the ground have recorded alarming incidents of chemical bombs dropped by the military junta, involving high-content tear gas, white phosphorus and aluminum phosphide.
Diziness, vomiting, oxygen depletion and rapid necrosis are some of the symptoms documented in the aftermath of toxic chemical fumes, further corroborating these reports.
Mr. Chair,
Prior to these recent incidents, the military was reportedly to be operating a chemical weapon production facility in southern-central Myanmar in the 1980s, and constructing another one in central Myanmar in 2009. The former produced sulfur mustards - an Annex I chemical.
In the absence of a verified destruction, the possession of a chemical weapons stockpile by the military remains unresolved.
In the same vein, the alleged use of chemical weaposn by the military warrants additional scrutiny due to their lack of transparency and sincerity, their repeated human rights violations and their complete disregard for international law.
As such, I urge the international community to closely monitor these concerning developments in Myanmar and provide necessary support to our people in documenting and verifying such incidents.
It should be abundantly clear by now that the military junta will use any illegal means available to punish civilians indiscriminately.
Taking this opportunity, I appeal to all Member States to cut the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta to save the lives of the people of Myanmar.
I thank you.
*****
Please visit the official website of Permanent Mission of Myanmar to the United Nations: https://www.myanmarmissionnewyork.org/.../statement-by...

👍11❤3🥰2