Forwarded from Пул Первого
Media is too big
VIEW IN TELEGRAM
💬 «Это придает импульс отношениям Беларуси и Мьянмы».
🇲🇲 Мин Аун Хлайн о важности визита Лукашенко.

❤35👍23🥰1😁1😎1
ဘုန်းကံဆိုတာ
ဒီပုံလေးကို တွေ့တော့ ၂၀၂၁ မဲမသမာမှုကြောင့် အာဏာစထိန်းတဲ့အချိန်တုန်းက လက်ရှိသမ္မတကြီး ဘုန်းကံနိမ့်အောင်ဆိုပြီး ဓာတ်ပုံတွေကို လမ်းတွေမှာ ချခင်းပြီး ခြေထောက်နဲ့ နင်းခဲ့ကြတာကို သတိရတယ်။
ရာဇပလ္လင်ထိုင်ရမယ့်ဇာတာ ပါလာရင် ခွာချတောင် မရဆိုတဲ့ ဆိုရိုးအတိုင်းပဲ ဘယ်လောက်တိုက်ခိုက်ကြပါစေ... ဖြစ်ချိန်တန်တော့ ဖြစ်သွားတာပါပဲ။
တကယ်တော့ လူတွေက သမ္မတဘယ်သူဖြစ်ရမှဆိုတဲ့ အစွဲကြီးနေလို့သာ.... အမည်နာမတွေ ခဏမေ့ထားပြီး မြန်မာ့သမ္မတ ဘာတွေလုပ်နေသလဲ၊ ဒီလို အခြားသောနိုင်ငံတွေနဲ့ ဘာတွေပူးပေါင်းဆောင်ရွက်မလဲဆိုတာကိုသာ မြင်အောင် ကြည့်တတ်ရင် ကိုယ်တွေအတွက်ရွှေခေတ်က မဝေးတော့ပါဘူး။
ဒါပေမယ့် စိတ်မကောင်းစရာက ပြောရေးဆိုခွင့်ရှိသူ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်နိုင်ငံနဲ့ပတ်သက်ပြီး ပြည်သူတွေအပေါ်သဘောတူညီပြီးသား အကူအညီတွေ ဆက်လက်ပေးဖို့တောင်းဆိုချက်ကိုတောင် လက်မခံပါနဲ့လို့ အော်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေ ရှိနေသေးတာပဲ။ တကယ့် ဂဏာန်းတွေ။
ဘာပဲပြောပြော ၂၀၂၁ ကတည်းကနေ ဒီအချိန်ထိ သူလျှောက်နေတဲ့ လမ်းက မှန်နေတော့ တိုက်ခိုက်ဆဲဆိုသူတွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့တစ်ယောက်ပြီးတစ်ယောက် လွင့်ပါးကုန်ပေမယ့် သူ့ဇာတာကတော့ မြင့်သထက်မြင့်လာတာအရှိတရားပါပဲ။
(ပိုင်စိုး)

👍93❤20💯5🥰1😘1
ဂြိုဟ်တုတွေ ဘာကြောင့်အရေးပါသလဲ
မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘောတစ်စင်း ပြုပြင်တည်ဆောက်နေတဲ့အကြောင်း Janes လို့ခေါ်တဲ့ အဖွဲ့အစည်းက ဂြိုဟ်တုဓာတ်ပုံတစ်ပုံ ကိုးကားပြီး ရေးသားထားကြောင်း ခေတ်သစ်က ဝမ်းသာအားရတင်တယ်။
ကိုယ့်နိုင်ငံကသာ ပြည်တွင်းစစ်၊ ကုန်ဈေးနှုန်း အပူပေါင်းသောင်းခြောက်ထောင်နဲ့ သူများနိုင်ငံအကြောင်း စိတ်မဝင်စားနိုင်ကြတာ၊ သူတို့တွေကတော့ မြန်မာအကြောင်း သုတေသနတွေ လုပ်လိုက် စာတမ်းတွေတင်လိုက်နဲ့ ဂုဏ်ယူရမလိုလိုဖြစ်နေပြီ။
အာကာသနည်းပညာအသာစီးရထားတဲ့ နိုင်ငံတွေဆိုတော့လည်း ကိုယ့်နိုင်ငံကို လျှို့ဝှက်ထောက်လှမ်းနေတာဟာ လုပ်ပိုင်ခွင့်လို ဖြစ်နေတာပေါ့။
အနောက်နိုင်ငံတွေမှာ ကျောင်းသားတွေတောင် သုတေသနလုပ်ရင်း ဂြိုဟ်တုလွှတ်တင်ခွင့်ရှိနေပေမယ့် မြန်မာမှာတော့ ဒီနည်းပညာရဖို့ နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံကြီးတွေဆီရောက်တိုင်း ရရင်ရသလို ကြိုးပမ်းနေရတဲ့အဆင့်ပဲရှိပါသေးတယ်။
အာကာသနည်းပညာလို့ ပါလာရင် ခေတ်သစ်လို သခင်အားရကျွန်ပါးဝ မီဒီယာတွေ တိုင်ပေးတဲ့လမ်းအတိုင်း လိုက်ပြီး ဟာသလုပ်နေကြတာ တွေ့ရတော့ ကိုယ့်နိုင်ငံသားတွေ ဂြိုဟ်တုတွေရဲ့ အရေးပါပုံကို မသိသေးပါလားလို့ တွေးမိတယ်။

👍79❤57🥰3👏1😁1
အစိုးရသစ်ရဲ့ ရက်(၁၀၀)
------------------
(၂၂-၇-၂၀၂၆)
ဒီအတောအတွင်းစာမရေးဖြစ်ပေမယ့် သတင်းတွေကိုတော့ ဟိုဖက် ဒီဖက် မျှပြီး ဖတ်ဖြစ်ပါတယ်။ ဒီသတင်းတွေထဲမှာ TNLA အဖွဲ့ နေပြည်တော်အထိ လာရောက်ဆွေးနွေးရတဲ့ ခေါင်းစဉ်အကြီးကြီးတွေ ပါသလို မြစ်ကြီးနား-မိုးညှင်း ရထားသစ်ပြေးဆွဲလို့ ပြည်သူတွေပျော်နေကြတဲ့ သတင်းတွေလည်း ပါတာပေါ့။
အစိုးရသစ် တက်ပါပြီဆိုကတည်းက အနီအားပေးမီဒီယာတွေကိုရော NUG ကိုရော ဘောင်မဝင်တော့ဘူးဆိုပြီး လျစ်လျူရှုထားခဲ့တာပါ။ အနီဆယ်လီတွေရဲ့ စကားအတိုင်းပြောရရင် ကိုယ့်ရဲ့ အင်နာဂျီတွေကို အဲ့လို မကောင်းတဲ့အရာတွေအတွက် မသုံးချင်တော့တာကြောင့် လက်ရှိအစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကိုပဲ အာရုံစိုက်ခဲ့ပါတယ်ပေါ့။
ဒါပေမယ့် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်တွေနဲ့ ပတ်သက်ပြီး အနီမီဒီယာတွေက အားလုံး ကျရှုံးဆိုပြီး တွင်တွင်အော်နေကြတော့ အမှားကို အမှန်ထင်မှာစိုးလို့ ရက် ၁၀၀ စီမံချက်တွေ ပြီး/မပြီး ဆန်းစစ်ကြည့်ရအောင်။
ပြီးခဲ့တဲ့ ၆ လပိုင်း ၃၀ ရက်နေ့မှာ သမ္မတပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့ စကားအရ ဝန်ကြီးဌာနတွေက ဒီရက် ၁၀၀ အတွင်းမှာ သက်ဆိုင်ရာအလိုက် အကောင်အထည်ဖော်မယ့်လုပ်ငန်းပေါင်း ၆၀၀ နီးပါးရှိပြီး တော်တော်များများကတော့ ပြီးစီးနေပြီဖြစ်ပါတယ်။
ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဆိုရင် ၁၀၀ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်ပြီး ဘဏ္ဍာ/အခွန် ဌာန တစ်ခုသာလျှင် ၂၈ ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ တစ်ချို့စီမံချက်တွေက ပြီးစီးတဲ့အထိ ဆောင်ရွက်လို့ရပြီး တစ်ချို့ကတော့ စတင်အကောင်အထည်ဖော်နေပြီဆိုတာမျိုးလည်း ရှိတာပေါ့။
ဥပမာ ပြောရမယ်ဆိုရင် ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-ပြည် စသဖြင့် ရထားလမ်းပိုင်းအဆင့်မြှင့်ခြင်းနဲ့ လေအိတ်ရထားပြေးဆွဲခြင်း လုပ်ငန်းတွေနဲ့ မနေ့က ဖွင့်လှစ်တဲ့ မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်း လုပ်ငန်းတွေက ဖွင့်ပြီးတာနဲ့ အပြီးပြလို့ရပြီး လဝက ရဲ့ တစ်နိုင်ငံလုံး မှတ်ပုံတင်ရေး လမင်းစီမံချက်လိုမျိုး ကာလကြာရှည် လုပ်ရမယ့်စီမံချက်ကတော့ လုပ်ငန်းအပြီးပြလို့ မရသေးတာမျိုးပေါ့။
ငြိမ်းချမ်းရေးပိုင်းမှာဆိုရင်လည်း သတင်းဖုံးထားကြလို့ PDF တွေ အလင်းဝင်နေတာနဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေ ဆွေးနွေးပွဲလုပ်ခဲ့တာ သတိမထားမိကြပေမယ့် ထုံးတို့ထားမယ်ဆိုတဲ့ TNLA နေပြည်တော်ရောက်လာတာတော့ အားလုံး သိမယ်ထင်တာပဲ။ လုပ်ငန်း ပြီးမြောက်ခြင်းကို သမ္မတကိုယ်တိုင် တစ်မြို့ပြီးတစ်မြို့ သွားရောက်စစ်ဆေးနေတာဖြစ်တဲ့အတွက် မပြီးပဲနဲ့တော့ ဘယ်ဝန်ကြီးဌာနမှ မလိမ်ညာရဲတာ အသေအချာပဲ။
ဒါတောင် ဒီကာလမှာ ကမ္ဘာ့မီဒီယာတွေအထိအောင်မြင်ခဲ့တဲ့ သမ္မတကြီးရဲ့ ခရီးစဉ်တွေအကြောင်း ထည့်မပြောသေးဘူး။ ယာယီသမ္မတကာလအတွင်း ဆောင်ရွက်ခဲ့တာတွေ ထားလိုက်ဦး၊ ဒီ ၃ လအတွင်းမှာတင် အကောင်အထည်ဖော်နေတဲ့ စီမံချက်တွေ နည်းမှ မနည်းတာ။
လက်ရှိ မြင်ရသလောက်တော့ NUG တို့ တော်လှန်ရေးသမားတွေသာ တစ်ယောက်ပြီး တစ်ယောက် အနားယူတာတွေ (ပန်ဆယ်လို ကအစ)၊ မျိုးရန်နောင်သိမ်းနဲ့ ငဇွဲ ဆဲဆိုနေတာတွေ၊ တပ်ဖွဲ့တွင် အချင်းချင်း အာဏာလုနေတာတွေကြောင့် တကယ်တမ်း ကျရှုံးနေတာ ဘယ်ဘက်လဲဆိုတာ အသိသာကြီးပါ။
တကယ်တမ်း သူပုန်အားပေးတွေအနေနဲ့ အစိုးရသစ်ရဲ့ ရက် ၁၀၀ ကိုစိတ်ပူရမှာမဟုတ်ဘူး၊ တလရကနေ တစ်ယောက်ပြီးတစ်ယောက် အချိုသတ်/အကြောင်းရှာပြီး အနားယူနေတဲ့ အကြောင်းအရင်းကိုသာ စိတ်ပူရမှာ။ စကားမစပ် လောလောလတ်လတ် မီဒီယာတွေမှာ အီအီကို အရမ်းတွေအ မွှမ်းတင်နေကြတာ မရိုးတော့မရိုးဘူး၊ ရေကြီးလို့ ဒုက္ခရောက်နေတာတောင် တုနှိုင်းမမှီ ဒို့အီအီ လုပ်နေတာ ထွန်းမရတ်နိုင် ရှောသွားပြီဆိုတဲ့ သတင်းကို ဖုံးချင်လို့လား မသိဘူး။ ဟုတ်/မဟုတ် အတည်ပြုပေးကြပါဦး။

👍80❤22😁3
This media is not supported in your browser
VIEW IN TELEGRAM
မရိုးရှင်းတဲ့ ရိုးရှင်းမှု
အိန္ဒိယမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ NEET စာမေးပွဲ မေးခွန်းပေါက်တာနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ဆန္ဒပြနေကြတယ်။
အစပိုင်းမှာတော့ BJP အစိုးရဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်တာ၊ စာမေးပွဲကိုတာဝန်ယူထားတဲ့ NTA အေဂျင်စီရဲ့ DG ကို ဖယ်ရှားတာ၊ စာမေးပွဲ ဥပဒေထုတ်တာ စသဖြင့် ဆောင်ရွက်သင့်သလောက် လိုက်လံဆောင်ရွက်ပေးပါတယ်။
သို့သော်လည်း NEET စာမေးပွဲ တစ်ခုလုံးရဲ့ ရလဒ်ကို မပယ်ဖျက်ပဲ ပေါက်ကြားခဲ့တဲ့ မြို့အနည်းငယ်ကိုသာ ပယ်ဖျက်ခဲ့တာကို မကျေနပ်လို့ဆိုရာကနေ အခုဆိုရင် ပညာရေးဝန်ကြီးကို နှုတ်ထွက်ဖို့ တောင်းဆိုလာကြပါတယ်။
ဒီနေရာမှာ အတိုက်အခံ ကွန်ဂရက်ပါတီ ဥက္ကဌ ခါဂျီကပါ ဝင်ပြီး ဆွမ်းကြီးလောင်းတဲ့အနေနဲ့ ပါလီမန်မှာ ဖိအားဝင်ပေးနေပါတယ်။ ပညာရေးဝန်ကြီး နှုတ်ထွက်ဖို့၊ မိုဒီကို တာဝန်ခံဖို့ပေါ့။
ရိုးရိုးရှင်းရှင်း ပညာရေးဝန်ကြီး နှုတ်ထွက်လိုက်ရင်ပြီးနေပြီလို့ ထင်စရာရှိပေမယ့် BJP အစိုးရအနေနဲ့ကလည်း အခု ဆန္ဒပြပွဲတွေရဲ့ လားရာဟာ ပညာရေးဝန်ကြီးနှုတ်ထွက်ယုံနဲ့မပြီးပဲ တမင်တကာ ပွဲဆူအောင်လုပ်နေတယ်လို့ ယူဆတဲ့အတွက် လက်မခံနိုင်ဘူးဖြစ်နေတယ်။
နိုင်ငံရေးသမားတွေရဲ့ ကစားကွက်တွေပေါ့လေ။

👍98❤9💯4😁1
ပျက်အစဉ် ပြင်ခဏ
--------------------------
(၂၄-၇-၂၀၂၆)
မြန်မာစကားပုံတစ်ခုရှိတယ်၊ ပျက်အစဉ်ပြင်ခဏတဲ့။ အဓိပ္ပာယ်က ပျက်နေတဲ့အရာကို ဒီအတိုင်းထားရင် ပျက်မြဲပျက်နေမှာဖြစ်ပေမယ့် ပြင်လိုက်မယ်ဆိုရင် ခဏနဲ့ ကောင်းသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကိုယ့်နိုင်ငံမှာ စနစ်တွေပျက်တာကို လူတွေက ထောက်ပြဝေဖန်ကြပေမယ့် လူတွေ ပျက်နေတာကိုတော့ တော်ရုံသတိမထားမိကြဘူး။ စနစ်တွေကောင်းခဲ့ရင်တောင် လူတွေပျက်နေကြရင် ဒုံရင်းပဲဖြစ်နေမှာ မဟုတ်လား။
မန္တလေး-မြစ်ကြီးနားလမ်းမှာ ရထားသံလမ်းမူလီတွေဖြုတ်ခိုးထားတယ်တဲ့၊ ကံကောင်းလို့ ကင်းလှည့်ရထား လမ်းချော်မှ သိရတာ။ တကယ့်ခရီးသည်တွေသာပါတဲ့ ရထားဆိုရင် လူတွေ ရာချီပြီး ဒုက္ခရောက်သွားနိုင်တယ်။
လေအိတ်ရထားမှာ အုပ်စုလိုက် ကွမ်းတွေစားပြီး ခုံတွေကို ထုံးတွေသုတ်တယ်တဲ့။ သွားနေတဲ့ ရထားကို ရွှံ့ဗွက်တွေနဲ့ ပေါက်တယ်တဲ့။ ဒါတွေကျတော့ စနစ်ပျက်တာထက် လူတွေကိုယ်၌က တွေးခေါ်နိုင်မှု Level တစ်ခုနိမ့်ကျနေသေးတာကို တွေ့ရတယ်။
အဲ့ဒီလို ပျက်နေတဲ့လူတွေကို လူအချင်းချင်းကသာ ထိန်းသိမ်းပြုပြင်ပြီး စနစ်ထဲရောက်အောင် ဆွဲခေါ်ရမယ်။ ဥပမာ ဆိုကြပါစို့။ မန္တလေးမှာ ဆိုင်ကယ်ရိုက်လုတဲ့ အမှုတွေပေါ့၊ ဆိုင်ကယ်ကောင်းကောင်းလေး စီးလာရင် ဆိုင်ကယ်ကို လဲအောင်လုပ်ပြီး လူကို ဒဏ်ရာရအောင်လုပ်မယ်၊ ပြီးမှ ဆိုင်ကယ်ကို လု၊ တစ်ခါတည်း တစစီဖြုတ်တဲ့ သတင်းတွေ ကြားကြမှာပါ။ ပြန်ရဖို့နေနေသာသာ လူမသေရင်တောင် ကံကောင်းလှပါပြီဆိုတဲ့အခြေအနေမျိုး။
ဘာလို့ ဒီအခြေအနေရောက်သလဲဆိုရင် မြို့ခံတွေ လက်ခံနေလို့ လို့ပဲ ဖြေရမှာပါ။ ဒါက ရဲတွေလုပ်ရမယ့်အလုပ်၊ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်နေကြတဲ့ လူတွေလည်း ရှိပါလိမ့်မယ်။
တကယ်ဆို ရဲဝန်ထမ်းအင်အားနဲ့ တာဝန်ယူထားရတဲ့ နယ်မြေအကျယ်အဝန်း အချိုးမညီတာရယ်၊ ဒီကာလမှာ လုံခြုံရေးအင်အားထုတ်နှုတ်ထားရတာတွေရယ်ကို ထည့်တွက်ကြည့်ရင် ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက် ကိုယ့်မြို့လုံဖို့ ကိုယ့်မှာလည်း တာဝန်ရှိတာကို မြင်လာပါလိမ့်မယ်။
ဒီနေရာမှာ ကျွန်တော်တို့တွေဟာ အစိုးရဆီက ရရမယ်လို့ထင်တဲ့ လုံခြုံမှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ပညာရေးဝန်ဆောင်မှုတွေကို အပြည့်အဝမရရှိလို့ မြည်တွန်တောက်တီးနေတတ်ကြပေမယ့် တစ်ဦးချင်းစီက အစိုးရဆီ သွင်းရမယ့် အခွန်ဆိုတဲ့ တာဝန်ကိုတော့ မေ့လျော့နေကြပါတယ်။
အမေရိကန်လိုနိုင်ငံမှာ အစိုးရက ပေးတဲ့ ဝန်ဆောင်မှုမှန်သမျှဟာ နိုင်ငံသားတိုင်းရဲ့ အခွန်အခတွေကနေ ပြန်လာပါတယ်။ အခွန်ကြမ်းချက်ကတော့ ဝင်ငွေရဲ့ ပျှမ်းမျှ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းလောက်အထိရှိပြီး ဆိုင်ထိုင်၊ ဈေးဝယ်ထွက်တာနဲ့ စားသောက်ခွန်တွေ ကလည်း ထပ်ပြီးပေးရပါတယ်။
ကိုယ့်နိုင်ငံမှာ အစိုးရဆီ အဲ့လောက် အခွန်အခ ပေးနေရပြီလား။ ကိုယ်ထိုင်သမျှ စားသောက်ဆိုင်တိုင်းမှာ တံဆိပ်ခေါင်းကပ်ပြီး စားသောက်ခွန်ဆောင်နေရပြီလား။ ကောက်ရမယ့်ဆိုင်တွေက အလုပ်ပိုလို့ ပျက်ကွက်ကြသလို ပေးရမယ့်လူတွေကလည်း ပေးရကောင်းမှန်းမသိ ပျက်ကွက်ကြတယ်။ အစိုးရကို လုံလောက်အောင် မပံ့ပိုးနိုင်ရင် အစိုးရရဲ့ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုတွေ ဘယ်လိုလုပ်ပြီး အပြည့်အဝရနိုင်မလဲ။
ဒီတော့ ကိုယ်တွေနိုင်ငံမှာ ပျက်နေတာက စနစ်မဟုတ်ဘူး။ လူတွေပါ။ မနေ့က ထုံးသုတ်တဲ့ အမျိုးသမီးတွေ ဒီနေ့ အရေးယူနိုင်အောင် ဗီဒီယိုနဲ့တကွ တိုင်တန်းတာမျိုး၊ ပခုက္ကူ ဓာတ်အားလိုင်းဖျက်ဆီးတာကို တစ်ရက်နဲ့ အပြီး ပြန်ပြင်နိုင်အောင် ဝန်ထမ်းတွေကို ကူညီပေးတာမျိုး များများဆောင်ရွက်ရင်း ပျက်နေတဲ့ လူတွေကို ပြင်သွားကြမယ်ဆိုရင် စနစ်တွေပြန်ကောင်းလာဖို့ အချိန်ခဏပဲကြာပါလိမ့်မယ်။ ကိုယ်တိုင်လည်း ကောင်းအောင်နေပါ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေ မကောင်းရင်လည်း ထုတ်ပြောဖို့ ဝန်မလေးပါနဲ့။

👍74❤17💯14😁1💘1
အညာမြေရဲ့ လူသတ်ကောင်တွေ
စစ်ကိုင်းကန့်ဘလူမှာ ရွာကိုကင်းစောင့်နေတဲ့ ရွာသားတစ်ယောက်ကို ပကဖ တစ်ယောက်က ရွာသားယောင်ဆောင်ပြီး ကွမ်းလာကျွေးသလိုလိုနဲ့ အတိုနဲ့ ပစ်သတ်သွားတယ်။
စစ်သား/စစ်စခန်းလိုမျိုးကို သွားလုပ်ခဲ့ရင်တောင် အဲ့ဒီပကဖအနေနဲ့ တလရ ရဲဘော်တွေကြား နာမည်ရနိုင်ပေမယ့် အခုဟာက ကိုယ့်ရွာကိုယ် ကင်းစောင့်နေတဲ့ ရွာသားတစ်ယောက်မို့လို့ မိန်းမလိုမိန်းမရ လုပ်ပြီး ဂုဏ်ဆာနေတယ်ဆိုပြီး ပြည်သူတွေ ဝိုင်းဆဲနေပါတယ်။
စစ်ကိုင်းနဲ့ မကွေးဘက်က တစ်ချို့မြို့တွေမှာ အခုချိန်ထိ ပြည်သူတွေ ဆိုင်ကယ်နှစ်ယောက်စီးခွင့်မရတာ၊ ဂိတ်တွေမှာ တင်းတင်းကြပ်ကြပ်အစစ်ခံနေရတာ ဘာလို့လဲဆိုတာ တစ်ချို့ပြည်သူတွေ သဘောပေါက်ဖို့ လိုတယ်။
စစ်တိုက်နေတဲ့ စစ်သားတွေတောင် ဒီကောင်တွေလောက် သတ်ချင်ဖြတ်ချင်စိတ်မရှိဘူး။ ဒီလူသတ်ကောင်တွေရှိနေသရွေ့လည်း အညာဟာ အေးချမ်းမှာမဟုတ်ဘူး။

👍97🤬17❤7💯6😁1
Forwarded from Dr Khaing Khaing Soe
အာကာသအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နေသည့် မြန်မာအာကာသအေဂျင်စီ
"အာကာသနည်းပညာဟာ ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရဘူး၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ဂုဏ်သိက္ခာအတွက် မဖြစ်မနေ လုပ်ရမယ့်အလုပ်ဖြစ်လို့ ဆက်လက်ပြီး ရင်းနှီးမြှုပ်နှံသွားရမှာပါ"
ဒါဟာ မြန်မာနိုင်ငံရဲ့ အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာကြောင့် မဖြစ်မနေ လုပ်ရလဲဆိုတာကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့ ရက်(၁၀၀) စီမံချက်အတွင်း မြန်မာအာကာသအေဂျင်စီက အကောင်အထည်ဖော်ခဲ့တဲ့ ဦးစားပေးအာကာသနည်းပညာစီမံကိန်းတွေကို အပ်နှံခြင်းနဲ့ လက်တွေ့သရုပ်ပြပွဲ အခမ်းအနားမှာ သမ္မတက အခုလို ပြောကြားခဲ့တာပါ။
တကယ်တော့ မြန်မာနိုင်ငံရဲ့ အာကာသအိပ်မက်က ဒီနေ့မှ စတာမဟုတ်ပါဘူး။ ယခင်ကတည်းက အာကာသနည်းပညာဆိုင်ရာ ပညာရှင်တွေ မွေးထုတ်ခဲ့သလို အခြေခံပြင်ဆင်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခုအနေနဲ့ စနစ်တကျ အကောင်အထည်ဖော်နိုင်တာကတော့ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှာ မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။
ဖွဲ့စည်းပြီး တစ်နှစ်ကျော်အတွင်းမှာပဲ မြန်မာအာကာသအေဂျင်စီဟာ နိုင်ငံရဲ့ အာကာသနည်းပညာအခြေခံအဆောက်အအုံတွေကို အရှိန်အဟုန်နဲ့ တည်ဆောက်လာနိုင်ခဲ့ပါတယ်။
ရက်(၁၀၀) စီမံချက်အတွင်း အထင်ရှားဆုံး လုပ်ဆောင်ချက်ကတော့ Multi-Mission Operation Command and Control (MOCC) စနစ်နဲ့ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ကနေ ဂြိုဟ်တုလမ်းကြောင်းတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မယ်၊ လမ်းကြောင်းကြိုတင်ခန့်မှန်းနိုင်မယ်၊ ဂြိုဟ်တုအချက်အလက်တွေကို လက်ခံရယူနိုင်မယ်၊ ဂြိုဟ်တုပုံရိပ်တွေကို ခွဲခြမ်းစိတ်ဖြာနိုင်မယ့် စွမ်းရည်တွေ ရရှိလာမှာဖြစ်ပါတယ်။
ဒါတင်မကသေးပါဘူး။ Digital Elevation Intelligence Platform (DEIP) နဲ့ ERS Application Platform ကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
ဂြိုဟ်တုကရလာတဲ့ ဒေတာတွေကို AI နည်းပညာနဲ့ ပေါင်းစပ်အသုံးပြုပြီး စိုက်ပျိုးရေး၊ သစ်တော၊ ရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ခန့်မှန်းရေးနဲ့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးချနိုင်အောင် ဖော်ဆောင်ထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကတော့ ဒီ ERS Application Platform ကို နောင်မှာ နိုင်ငံတော်အဆင့် Data-driven Decision Support Platform အဖြစ် ဆက်လက်တိုးချဲ့ဖော်ဆောင်ဖို့ လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်အဆင့် မူဝါဒချမှတ်ရာမှာ ဒေတာအခြေခံ ဆုံးဖြတ်ချက်တွေ ချနိုင်မယ့် နည်းပညာစနစ်တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
နောက်ထပ် ရည်မှန်းချက်ကြီးတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Nano Satellite တွေ တည်ဆောက်နိုင်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်းနည်းပညာတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး အခြေခံနည်းပညာတွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်နေသလို အာကာသယာဉ်မှူးလောင်းတွေကိုလည်း ရွေးချယ်လေ့ကျင့်ပေးနေပြီး ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
အာကာသနည်းပညာဆိုတာ ဓာတ်ခွဲခန်းထဲက ပညာရပ်တစ်ခုတည်း မဟုတ်ဘဲ မျိုးဆက်သစ်လူငယ်တွေ စိတ်ဝင်စားလာဖို့လည်း လိုပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ အာကာသပြတိုက် ဖွင့်လှစ်ထားသလို ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ ခန့် ပါဝင်တဲ့ အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနဲ့ ပိုစတာပြိုင်ပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။
"ဒီလမ်းကြောင်းက မသွေဖည်ဘဲ တစ်စိုက်မတ်မတ် ဆက်လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းပညာနိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ပါတယ်။"
ဒီစကားဟာ မြန်မာအာကာသအေဂျင်စီရဲ့ အနာဂတ်ခရီးလမ်းအတွက် နိုင်ငံတော်သမ္မတက ပေးလိုက်တဲ့ ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခုလည်း ဖြစ်ပါတယ်။

👍65❤18😁1💘1
ခရီးသွားလုပ်ငန်းနဲ့ ဒေသခံစီးပွားရေး
-------------
၃၀-၇-၂၀၂၆
မနေ့က ဝါဆိုလပြည့်နေ့မှာ မိုးညှင်း သံဗုဒ္ဓေဘုရားကြီးဆီ ဘုရားဖူးတွေ ပြန်ဝင်လာလို့ ဘုရားမှာ နေထိုင်ကြတဲ့ ဒေသခံဈေးသည်တွေ၊ သုံးဘီးသမားတွေ ဝမ်းသာနေကြတယ်။ ဒါတောင် မုံရွာမြို့ခံတွေပဲ လပြည့်နေ့မှာ အရဲစွန့်ပြီး လာကြလို့ ဘုရားဖူးတွေ တွေ့ရတာပါ။
မုံရွာဆိုတာကလည်း အရင်ကတည်းက ရဲရဲတောက်တွေ များပြီး အကြမ်းဖက်တွေရဲ့ အမာခံရွာတွေ ပတ်လည်ဝိုင်းနေတဲ့နေရာဖြစ်လို့ မုံရွာပတ်လည် ဘယ်ပြည်သူမှ လွတ်လွတ်လပ်လပ် မသွားရဲ မလာရဲတာ ကြာပါပြီ။မုံရွာ ပတ်လည်က အလောင်းတော်ကဿပတို့ ဖိုလ်ဝင်တောင်တို့ဆိုရင်လည်း အကြမ်းဖက်တွေ သစ်ခိုးထုတ်လိုက် ရွှေခွာလိုက်လုပ်နေတာ ကြားကြမှာပါ။
ဘုရားဖူးမလာကြတော့ ဒီဘုရားဖူးတွေပေါ် အခြေတည်ထားတဲ့ စီးပွားရေးတွေ ပျက်ကုန်တာပေါ့၊ ပန်းရောင်းတဲ့သူကအစ စားသောက်ဆိုင်၊ ကယ်ရီသမားတွေ အဆုံး ဝင်ငွေမရှိတော့လို့ ဆိုင်တွေပိတ်ရ၊ ကြုံရာလုပ်ရနဲ့ ဘဝတွေ ခက်ခဲကုန်ကြတယ်။
ဒီနေရာမှာ NUG ဝါဒမှိုင်းမိနေကြတဲ့ အကြမ်းဖက်တွေရဲ့ လွဲမှားနေတဲ့ လော့ဂျစ်တစ်ခုက ကိုယ့်နိုင်ငံက မအေးချမ်းဘူးဆိုတဲ့ ပြယုဒ်ကို တစ်ကမ္ဘာလုံးကို ပြချင်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေရဲ့ ပုံရိပ်ကို ဖျက်ဆီးပြီး ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု ဘာသာရေးပွဲတွေကိုပါ ပိတ်ပင်ဖို့ကြိုးစားတာပဲ။
ဘုရားဖူးသွားရင်/ ပျော်ပွဲရွှင်ပွဲသွားရင်/ လူတွေ ပျော်နေကြရင် သူတို့ရဲ့ တလရကြီး ကမ္ဘာက စိတ်မဝင်စားတော့မှာ စိုးရိမ်လို့ ပြန်ပေးဆွဲတာတွေ၊ အကြမ်းဖက်လုပ်ငန်းတွေကို အားပေးအားမြှောက်ပြုခဲ့သလို ပြည်သူတွေကိုလည်း ပြစ်တင်ဆဲဆိုတာတွေ လုပ်ခဲ့ကြတယ်။
ဟိုတလောကပဲ ပုဂံ၊ ပုပ္ပါးဘက်ကို ခရီးသွားတွေ မလာကြတော့လို့ အဆင်မပြေဘူးလို့ ဒေသခံတွေ ငြီးငြူတာ တွေ့လိုက်ရတယ်၊ ပုဂံဆိုတာ ခရီးသွားတွေကို အားထားရတဲ့ မြို့မို့လို့ ခရီးသည်မလာတဲ့အခါ ဆိုင်တွေပိတ်ပြီး ဗိုက်မှောက်နေရမှာပေါ့။
ဒါပေမယ့် မနေ့ကပဲ ပုပ္ပါးမှာ ခရီးသွား ၁၁ ယောက် ပြန်ပေးဆွဲသွားပြန်တယ်တဲ့၊ ပုဂံသွားတဲ့ ကားတစ်စီး အဆက်အသွယ်ပြတ်တယ်တဲ့။ တကယ်စိတ်မကောင်းဘူး။ ရွာခံတွေကိုယ်တိုင်က ဓားပြတွေဖြစ်ကုန်ရင် သေချာသလောက်က ပုဂံ/ပုပ္ပါးကို ပြည်သူတွေ Boycott ကြတော့မှာ။ ဒါဆိုရင် အဲ့ဒီက ဒေသခံတွေ အပြင် မျောက်တွေပါ ငတ်ကြတော့မယ့် အဖြစ်ပါ။
တစ်ချို့ကလည်း သွားကြတဲ့ ပြည်သူတွေကို အပြစ်တင်နေကြတာလည်း တွေ့ပါတယ်။ လူတိုင်းက ဒီအကြမ်းဖက်တွေရှိနေသေးလို့ အိမ်မှာပဲ နေကြမယ်၊ ဘယ်ခရီးမှ မထွက်ဖူးဆိုရင် အကြမ်းဖက်တွေလိုလားတဲ့ ကိုယ့်နိုင်ငံက မအေးချမ်းပါဘူးဆိုတဲ့ အကွက်ထဲရောက်သွားမှာဖြစ်သလို ခရီးသွားလုပ်ငန်းကို အားထားရတဲ့ ပြည်သူတွေအကုန် ဒုက္ခရောက်သွားမှာ ဖြစ်ပါတယ်။
အခုဆို နိုင်ငံခြားသားခရီးသွားတွေ တော်တော်များများ မြန်မာဟာ သူတို့ ကြားထားတဲ့သတင်းတွေနဲ့ မတူပဲ အေးချမ်းပါတယ်လို့ promote လုပ်နေချိန်မှာ နိုင်ငံတွင်းက ဝါဒမှိုင်းမိနေတဲ့ အကြမ်းဖက်တွေကတော့ ကိုယ့်ဒေသခံတွေ ခွက်စွဲရဖို့ ဓားပြတိုက်ပြ၊ ပြန်ပေးဆွဲပြနေကြတယ်။
လူတွေကတော့ ဒီနေရာ မသွားရရင် သွားလို့အဆင်ပြေတဲ့နေရာကို သွားကြမှာပဲ။ ကိုယ့်ဒေသ လူမစည်တော့တာ ကိုဗစ်တွေ ကိုစစ်တွေဆိုတာထက် ကိုယ့်မြို့ခံတွေရဲ့ ခံယူချက်အပေါ် အများကြီး မူတည်တယ်။

👍66❤9💯6😁1
This media is not supported in your browser
VIEW IN TELEGRAM
တရားဥပဒေစိုးမိုးမှုဆိုတာ
အခုတလော နာမည်ကြီးနေတဲ့ DEMU လေအိတ်ရထားတွေပေါ်မှာ စည်းကမ်းမဲ့ စီးနှင်မှုကြောင့် အရေးယူရတာတွေ ရှိသလို ရထားကို ခဲနဲပေါက်တဲ့ အဖြစ်တွေလည်း တွေ့လာရတယ်။
အခုချိန်ထိတော့ ရထားရဲတွေဟာ ဖြစ်စဉ်ဖြစ်တာနဲ့ ချက်ခြင်းအရေးယူနိုင်တာတွေ့ရပြီး တစ်ချို့နေရာတွေမှာ ရထားရပ်ပြီး ချက်ခြင်းလိုက်ဖမ်းတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။
ဒါပေမယ့် ရထားနဲ့ပတ်သက်ပြီး ဥပဒေတွေကို ပြည်သူလူထု ထဲထဲဝင်ဝင်သိနိုင်ဖို့ အသိပေးကြေငြာချက်တွေ လိုအပ်နေသေးတယ်။ ရထားပေါ်မှာပဲ ကြေငြာတာထက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပညာပေးလုပ်ငန်းတွေလုပ်ပြီး ကျူးလွန်သူတွေကို ဘယ်လိုအရေးယူတယ်ဆိုတာမျိုးကို ထိထိရောက်ရောက် ပညာပေးဖို့လိုတယ်။
အခုဗီဒီယိုကတော့ အထူးသဖြင့် အိန္ဒိယမှာ လူတွေရဲ့ အလစ်အငိုက်ကို အခွင့်ကောင်းယူပြီး ဖုန်းတွေလုတာကို ရိုက်ထားကြတာ။ အရေးယူမှုမလုပ်နိုင်တော့ လူတိုင်းက ဒါကို လွယ်လွယ်ကူကူကျူးလွန်လာကြတယ်။ အမှုများလာလေ အစိုးရအနေနဲ့ကိုင်တွယ်ရခက်လေ ဖြစ်လာပြီး မိမိပစ္စည်း မိမိတာဝန် ပုံစံမျိုးဖြစ်လာတယ်။ ပတ်ဝန်းကျင်ရဲ့ ကိုယ်နဲ့မဆိုင်သလို နေတာကြောင့်လည်း ပါတာပေါ့။
ကိုယ့်နိုင်ငံမှာ အဲ့လိုမဖြစ်စေချင်ရင် ကိုယ်နဲ့မဆိုင်သလို မနေကြပါနဲ့။

👍81❤27💯2
တောင့်တလွန်းတော့လည်း ကိုယ်ထင်ပြရတာပေါ့လေ။ အာဆီယံထက်အရင်
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ ကို ပေးတွေ့တာတော့ ထူးတာပေါ့။

👍79🤔5❤3
အာဆီယံအတွက် Message တစ်စောင်
-------------
(၄-၈-၂၀၂၆)
မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ကိုယ်စားလှယ်ကို တွေ့ခွင့်ပေးခဲ့တဲ့အပေါ် ပွဲဆူနေကြတယ်။ အထူးသဖြင့် အနီတွေပေါ့။
သတင်းစထွက်တော့ ပုံကအတုပါဆိုပြီး ဖွကြသလို ICRC က အတည်ပြုပေးလိုက်တော့လည်း သူတို့ရဲ့ ဖိအားတွေ ကမ်ပိန်းတွေကြောင့် ထုတ်ပြရတာပါဆိုပြီး ဂုဏ်ဆာနေကြပြန်ပါတယ်။
တကယ်တော့ လက်ရှိအစိုးရအနေနဲ့ ဒီကမ်ပိန်းတွေကိုရော NUG ကိုရော ဘယ်ကြားမှ ညှပ်မထားတာ မသိရှာကြ။ လောလောလတ်လတ် အာဆီယံရဲ့ မူ(၅) ချက်ထဲမှာ တစ်ချက်ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေးဆိုတာကို ပါးပါးနပ်နပ် ကိုင်တွယ်လိုက်တာပါပဲ။
ပထမအချက်အနေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းဟာ ဘယ်နိုင်ငံ ဘယ်အဖွဲ့လက်အောက်ခံဖြစ်မနေတဲ့အပြင် ကမ္ဘာကိုပါ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြတာ။ ဒုတိယအချက်က ICRC ရဲ့ အကျဉ်းထောင်/အကျဉ်းသားဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တွေ့ဆုံတာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်ဆိုတာပါ ကမ္ဘာကို သတိပေးရာရောက်ပါတယ်။
အကျဉ်းသားဆိုပေမယ့် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်သိက္ခာအရ၊ သူမရဲ့ ဂုဏ်သိက္ခာအရ သာမန်အကျဉ်းသားတွေလို မထားပဲ ဧည့်ဂေဟာလို နေရာမျိုးမှာ ကောင်းကောင်းမွန်မွန်ထားရှိတယ်ဆိုတာ ကိတ်ခွဲနေတဲ့ ပုံကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ဒီလို တွေ့ဆုံခွင့်ပေးလိုက်တာက မကြာခင် သမ္မတကြီး တရားဝင်ခရီးစဉ်သွားရောက်မယ့် ထိုင်းနိုင်ငံခရီးစဉ်မှာ အာဆီယံအကြောင်း ဆွေးနွေးခဲ့မယ်ဆိုရင် ကိုယ့်ဘက်က လုပ်ပေးနိုင်တာ လုပ်ပေးနေတယ်ဆိုတဲ့ သတင်းကို အာဆီယံကို ပေးလိုက်နိုင်မှာပါ။
ပဋိဉာဉ်ကို ချိုးဖောက်ပြီး ကိုယ့်နိုင်ငံပြည်တွင်းရေးကို ဝင်စွက်ဖက်မယ့် မူ(၅) ချက်ဟာ လိုက်လျောဖို့ အဆင်မပြေဘူး၊ ဒို့နိုင်ငံရဲ့ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ တောင်းဆိုချက်ဆိုရင်တော့ လိုက်လျောဖို့ အဆင်သင့်ပဲဆိုတဲ့ မက်စေ့ကို ပေးလိုက်တာပေါ့။
အနှစ်နှစ်အလလ “အမေ့ကျန်းမာရေးကို စိတ်ပူတယ်၊ ေ- သ သွားပြီလား မသိဘူး” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဖဘပေါ် ပိုက်ဆံရှာနေကြတဲ့အဖွဲ့တွေကတော့ မပြတော့လည်း မပြလို့၊ ပြတော့လည်း ထုံးစံအတိုင်း မစားရ ဝမခန်း သူတို့အော်နေလို့ ထုတ်ပြရသလိုလို ရေးကြပြန်ပြီ။
ကိုယ့် အဆင့်လည်း ကိုယ်မသိကြတာ သနားစရာပါ။

👍97❤17🥰3😁2
အရှုံးထဲက အမြတ်များ
----------------
(၅-၈-၂၀၂၆)
ပြီးခဲ့တဲ့ အပတ်တုန်းက တောင်ကြီးမြို့၊ အထက (၇) ကကပြည် အောက်က တပ်တွင်းကျောင်းတစ်ခုမှာ ကျောင်းအုပ်ဖြစ်တဲ့ အရာရှိ ပြောင်းရွှေ့သွားလို့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေက နှုတ်ဆက် ကန်တော့တာနဲ့ ပတ်သက်ပြီး အနီမီဒီယာတွေရော ဆယ်လီတွေရော CDM သမားတွေရော သူတို့လိုရာ ခေါင်းစဉ်အမျိုးမျိုးနဲ့ အပုပ်ချနေတာ တွေ့မိပါတယ်။
သူတို့အဆိုအရ စစ်ဖိနပ်စီးထားသူကို ဆရာ/ဆရာမတွေက အစ ထိုင် ကန်တော့ရတယ်ပေါ့ဗျာ။ မီဒီယာအားကောင်းကောင်းနဲ့ ဒီဓာတ်ပုံတွေကို အသုံးချပြီး လော်လိုက်ကြတာ ဖြစ်ရိုးဖြစ်စဉ် ကျောင်းအုပ်ပြောင်းလို့ နှုတ်ဆက်ကန်တော့ပွဲကနေ နိုင်ငံတော် ပုန်ကန်မှုလောက် ကြီးသွားသလိုပဲ။
ကြားထဲ CDM သမားတွေကလည်း ဝင်ပြီး အာချောင်တယ်၊ သူတို့ CDM လုပ်ခဲ့တာ မှန်ပါတယ်ပေါ့။ နဂိုရ်ကမှ တပ်ယူနီဖောင်းမြင်ရင် ဘယ်တွေပဲ ကောင်းအောင်လုပ်နေပါစေ ပြောချင်ဆိုချင်ရပ်ကွက်ဆိုတော့လည်း ဝိုင်းပြီးဆွမ်းကြီး လောင်းကြတာပေါ့။
တပ်အတွက်ကတော့ မီဒီယာစာမျက်နှာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရိုက်ခံလိုက်ရတာ အမှန်ပါပဲ။ တပ်မတော်ကျောင်းတွေရဲ့အစဉ်အလာတွေ၊ ကျောင်းအုပ်ကြီးတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ စေတနာအနစ်နာတွေ အားလုံးကို လျစ်လျူရှုပြီး သူတို့ပုံဖော်ချင်တဲ့ စကားလုံးတွေနဲ့ ပုံဖော်ခွင့်ရကြတာကိုး။
ဒါပေမယ့် ဒီလို ထိုးနှက်မှုတွေကြောင့်လည်း တပ်မတော်သားကျောင်းအုပ်ကြီး တွေကို ချစ်ကြတဲ့ ကျောင်းသားတွေရဲ့ ရင်တွင်းခံစားချက်တွေနဲ့ အဖြစ်မှန်တွေ ပေါ်ပေါက်လာခဲ့ကြတယ်။
အခု ပြောင်းရွှေ့ကြတဲ့ ကျောင်းအုပ်ကြီးတွေဟာ ကျောင်းတွေမှာ ဆယ်စုနှစ်တစ်ခုစာလောက် သူတို့ရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အဆင့်မြှင့်တင်ခဲ့တာတွေ၊ ကျောင်းသားတွေကို သားသမီးသဖွယ် နွေးနွေးထွေးထွေး စောင့်ရှောက်ပညာသင်ပေးခဲ့တာတွေ တစ်ယောက်ပြီးတစ်ယောက် လိုင်းပေါ်မှာ တင်ပေးလာကြတယ်။
ကျောင်းသားတွေရော ဆရာတွေရော ဘယ်သူကမှ ပေးမပြောင်းချင်တဲ့အထိ ချစ်ကြတဲ့ ကျောင်းအုပ်တွေ တစ်နိုင်ငံလုံးမှာ မရှိဘူးလို့ မပြောပါဘူး။ ဒါပေမယ့် လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီလို ရှားပါးလှတဲ့ ကျောင်းအုပ်ကောင်းတွေထဲမှာ တပ်မတော်သားကျောင်းအုပ်တွေ ပါတယ်ဆိုတာကို ဒီပြဿနာတက်မှ ကျောင်းသားတွေရဲ့ ရင်ဖွင့်သံကတဆင့် ကြားခွင့်ရတာ တပ်မတော်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒါအမြတ်ပါပဲ။
အခု တက်နေတဲ့ ကျောင်းသားတွေသာမက သူတို့မွေးထုတ်ပေးလိုက်လို့ အထက်တန်းအောင်ခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေကပါ နွေးထွေးတဲ့မှတ်ချက်တွေနဲ့ မီဒီယာတွေကို ပြန်လည်တိုက်ခိုက်နေတာ မြင်ရတော့ မေတ္တာရဲ့ အသွားအပြန်ကိုလည်း ခံစားမိပါတယ်။ ကြည့်မိသူတိုင်းလည်း မျက်ရည်ဝဲကြမယ်ထင်ပါရဲ့။
ကလေးတွေကို ကျောင်းမတက်နဲ့ကျောင်းထွက်လို့ အော်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်/လက်နက်ကိုင်ဘဝရောက်အောင် တွန်းပို့ခဲ့ကြတဲ့ CDM ကျောင်းဆရာတွေက ဒီတပ်မတော်သား ကျောင်းအုပ်တွေကို ဝေဖန်ဖို့မပြောနဲ့၊ မော်ကြည့်ဖို့တောင် မထိုက်တန်ဘူး။

❤75👍46💯6😁2💘1