လေလှိုင်းပေါ်မှ ငိုသံများ
လက်နက်ကိုင်ပြီးတောင် လူသတ်ရဲ သေရဲတဲ့ ထိုင်းရောက် အမာခံတွေက သမ္မတကြီး မသွားခင်မှာ ဟိုလိုဆန္ဒပြမယ်၊ အကျီအမဲ ဝတ်မယ်၊ ICJ ပို့မယ် လို့ ကြုံးဝါးနေကြပေမယ့် တကယ်တမ်း သမ္မတကြီး ရောက်သွားချိန်မှာတော့ လှုပ်တောင် မလှုပ်ရဲဘူး။
ထိုင်းမှာရှိတဲ့ တလရ ထောက်ပို့တွေ နောက်ဆုံးကျတော့ တရားဝင်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို လက်မခံချင်လည်း လက်ခံရတာပါပဲ။ ကိုယ်တောင် ဒီထိုင်းရဲလောက်ကို ကြောက်နေတယ်ဆိုရင် တောထဲက လက်နက်ကိုင်ထားတဲ့ ကလေးတွေကို မြှောက်ထိုးပင့်ကော်လုပ်ပြီး အသေခံခိုင်းနေတာ တရားရဲ့လား ပြန်စဉ်းစားကြပေါ့။
ကကြိုးကကြောင်လုပ်မယ့်အဖွဲ့တွေ ထိုင်းရဲက ဘာမှ မလုပ်ရင်တောင် ထိုင်းမှာ ပဝေသဏီက နေလာကြတဲ့ ကောင်းရောင်းကောင်းဝယ်မြန်မာတွေက လက်သင့်ခံမယ်မထင်။ တရားဝင်သမ္မတတစ်ယောက်ရဲ့ နှုတ်ထွက်စကားက ဘယ်လောက်ထိ တာသွားမလဲဆိုတာ နားလည်ကြရင်ပေါ့လေ။
အဲ့ဒီတော့လည်း အွန်လိုင်းကမ်ပိန်းတို့ ဘာတို့လုပ်ပြီး လေလိုင်းပေါ်ကနေ ငိုကြပေါ့။
(ပိုင်စိုး)

👍92👏8😁4🤬1💘1
Forwarded from Head of State
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်ပထမရက် ရုပ်သံမှတ်တမ်း
Facebook
YouTube
TikTok
X(Twitter)
Telegram
YouTube
TikTok
X(Twitter)
Telegram
👍49❤13🥰1😁1💘1
အာဆီယံကို ဗျာများစေမယ့်ခရီးစဉ်
သမ္မတကြီးရဲ့ ဒီတစ်ခေါက် ရုရှားခရီးစဉ်ဟာ ဒေသတွင်းနိုင်ငံတွေအတွက်တော့ မူနေရမယ့်အချိန်ကုန်ပြီဆိုတာ ခေါက်လိုက်တဲ့ အချက်ပေးခေါင်းလောင်းပဲ။
မြန်မာရေနက်ဆိပ်ကမ်းတွေ၊ သဘာဝဓာတ်ငွေ့သိုက်တွေသာ အပြည့်အဝထုတ်ယူသုံးစွဲနိုင်ခဲ့မယ်ဆိုရင် အရှေ့တောင်အာရှမှာ မြန်မာကို ဘယ်နိုင်ငံမှ လိုက်မမှီမယ့်အကြောင်းကိုလည်း ရေးခဲ့ကြတာလည်း လက်အံသေနေပါပြီ။
အခုတော့ တကယ်လုပ်နိုင်မယ့်သူတွေနဲ့ တကယ်လုပ်ဖို့ စတင်နေကြပြီဆိုတော့ အာဆီယံထဲက နိုင်ငံတစ်ချို့လည်း သူ့ထက်ငါ အပြိုင် ဖိတ်ခေါ်နေကြလေရဲ့။
ဒီပုံအတိုင်းဆို အာဆီယံမှာ အနောက်ယိမ်းပြီး မြန်မာကို ဖိအားပေးမယ့်အဖွဲ့ရယ် ကိုယ့်နိုင်ငံအကျိုးကိုယ်ကြည့်ပြီး မြန်မာနဲ့ ပူးပေါင်းမယ့်အဖွဲ့ရယ် နှစ်ဖွဲ့ကွဲသွားတော့မှာပါ။
စကားမစပ် ဒီသတင်းအပေါ် အမျိုးသမီးတစ်ယောက်ကို အမည်မပေါ် လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်တဲ့သတင်းနဲ့ ဖုံးဖို့ကြိုးစားနေတာလည်း တွေ့မိပါတယ်။ အဲ့လိုကြိုးစားကာမှ ပဒက်တွေ အရင်က ရက်ရက်စက်စက်လုပ်ထားတဲ့ ဗီဒီယိုအဟောင်းတွေပါ ပြန်တင်လာကြတာ သူ့ရှူးသူပတ်တယ်လို့ပဲ မြင်မိတယ်။

👍100❤25🥰2😁1💘1
နိုင်ငံရေး တာဝေးပြေးလမ်း
တာဝေးအပြေးပြိုင်ပွဲတစ်ခုမှာ တာထွက်ထက် သက်လုံကောင်းကောင်း ခြေလှမ်းမှန်မှန် ပြေးနိုင်ဖို့က ပိုပြီးအရေးကြီးတယ်။
တစ်ချို့လူတွေက တာထွက်မှာ ရှေ့ရောက်ချင်ဇောနဲ့ ရှိသမျှအားကို အကုန်သုံးပြီး ပြေးထွက်တဲ့အခါ ရှေ့တော့ ခဏရောက်သွားပါရဲ့။ ကိုယ့်ရဲ့ အရှိန်နဲ့ လုံလောက်တဲ့ သက်လုံမရှိနေတော့ ဟောဟဲဆိုက်ပြီး ဆက်မပြေးနိုင်တော့ဘူး။
နိုင်ငံရေးဆိုတာ တာဝေးပြိုင်ပွဲတစ်ခုလိုပဲ၊ လုံလောက်တဲ့ သက်လုံ၊ နည်းစနစ်နဲ့ အရေးအကြီးဆုံး ပန်းဝင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ရှိရတယ်။
လက်ရှိအစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ နိုင်ငံရေးပြေးလမ်းပေါ်က အနေအထားအရ အခုအချိန်မှာ ပြိုင်ဘက်တွေလို့တောင် ပြောလို့မရတော့တဲ့ အနေအထား ဖြစ်ရလောက်အောင် ကွာခြားသွားခဲ့ပြီ။ ဒါဟာ အပေါ်ကပြောသလို သက်လုံ၊ နည်းစနစ် နဲ့ စိတ်ဓာတ်တွေ ကွာခြားသွားကြလို့ပဲ။
ဒီလိုဖြစ်ရတာကလည်း စကတည်းက ယဉ်သကို တိုင်းပြည်အတွက် စေတနာရှိကြလို့ တော်လှန်ခဲ့ကြတယ်ဆိုတာထက် ဖြစ်လာတဲ့အခြေအနေကို အသုံးချပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့လူက ပိုများခဲ့တာကြောင့် အခုလို တာဝေးပြေးလမ်းပေါ်ကနေ ထွက်ခဲ့ကြရတာပေါ့။
ပြိုင်ဖက်မဖြစ်နိုင်မှန်း သိလို့ ဖျက်မြင်းပဲ လုပ်ကြတာပေါ့လေ။

👍87💯12❤10😁2
ထိုင်းတောင်ပိုင်းနဲ့ မြင်မိသမျှ
----------------
(၂၄-၈-၂၀၂၆)
တနေ့က ထိုင်းတောင်ပိုင်း နေရာ ၅၁ ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဘယ်အဖွဲ့တွေ လုပ်ပါတယ်လို့ မပေါ်သေးပဲ ထိုင်းတောင်ပိုင်းအဖွဲ့တွေ စုပေါင်းလုပ်ကြတယ်ဆိုတဲ့ ခန့်မှန်းချက်တွေတော့ ရှိပါတယ်။
အခုပြဿနာဖြစ်နေတဲ့ ထိုင်းတောင်ပိုင်း ပတာနီ မလေးရှားနယ်စပ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက သမိုင်းကြောင်းပြဿနာတွေရှိခဲ့တယ်ဆိုပေမယ့် ၁၉၀၉ ခုနှစ်မှာ ဗြိတိန်က ထိုင်းလက်အောက်ကို တရားဝင်ထည့်ပေးခဲ့ပြီး ဒီနေ့ခေတ်မှာလည်း ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်တဲ့ နယ်မြေတွေဖြစ်ပါတယ်။
ဒါပေမယ့် လူမျိုးရေး/ ဘာသာရေးကို အကြောင်းပြလို့ ထိုင်းအစိုးရကို တော်လှန်ပြီး ပတာနီကိုယ်ပိုင်နယ်မြေ ထူထောင်ချင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ပြီး တစ်ဖွဲ့ပေါ်လာရာကနေ ထိုင်းမြေမှာ မငြိမ်းချမ်းတဲ့ နေရာတွေ ဖြစ်လာခဲ့ပါတယ်။
နဂိုရ်ကလည်း ဆွန်နီမူဆလင်တွေ ကြီးစိုးတဲ့နေရာဖြစ်လို့ ထိုင်းဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်မှုတွေရှိနေခဲ့သလို လက်နက်ကိုင်တွေအတွက်ကလည်း ဘာသာတူတဲ့ မလေးရှားနိုင်ငံနယ်နိမိတ်ကို ခွထိုင်နေတာဖြစ်လို့ ထိုင်းအစိုးရအတွက် ဒီနေ့အထိ မငြိမ်းသက်နိုင်သေးတဲ့ ဖွဲမီးဖြစ်နေခဲ့တာပါ။
၂၀၀၄ ခုနှစ်မှာတော့ ဒီလက်နက်ကိုင်အဖွဲ့တွေက ထိုင်းစစ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာကနေ ထိုင်းတောင်ပိုင်းပြဿနာကို လူသိများလာခဲ့ပါတယ်။
အာရှမှာ မြန်မာနဲ့ ထိုင်းရဲ့ တူညီတဲ့အချက်ကတော့ နှစ်နိုင်ငံလုံးမှာ မလက္ကာရေလက်ကြားကို ပြိုင်ဖိုက်နိုင်တဲ့ ကမ်းရိုးတမ်းတွေရှိနေပေမယ့် အကောင်အထည်ဖော်ဖို့ ခက်ခဲအောင် အမျိုးမျိုး နှောင့်ယှက်နေကြတဲ့ ပြည်တွင်း ပြည်ပ လက်နက်ကိုင်အဖွဲ့တွေပါပဲ။
ထိုင်းရဲ့ ရနောင်း-ချွန်ဖွန်ကိုဖြတ်ပြီး ပင်လယ်ထွက်ပေါက် Landbridge လမ်းကြောင်းဖောက်မယ့် စီမံကိန်းဟာလည်း မြန်မာ ထားဝယ်ရေနက်ဆိပ်ကမ်းလိုပဲ အမျိုးမျိုးသော အနှောင့်အယှက်တွေရှိနေတဲ့အပြင် ဟိုဘက် ဒီဘက်ရေနက်ဆိပ်ကမ်းနှစ်ခုတည်ဆောက်မယ့် စားရိတ်၊ လူနေဧရိယာတွေ အများအပြား ရွှေ့ပြောင်းရမယ့်ဒုက္ခတွေကြောင့် လောလောဆယ် ရုရှားအကူအညီနဲ့ အကောင်အထည်ပေါ်လာမယ့် မြန်မာရဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးပေါင်းဖို့ ဦးစားပေးလာတယ်လို့ မြင်ရတယ်။
မြန်မာကလည်း ဒီထားဝယ်ရေနက်ဆိပ်ကမ်းကြီးသာ ဖြစ်မြောက်ခဲ့ရင် ထိုင်း-လာအို-ကမ္ဘောဒီးယား-ဗီယက်နမ်-တရုတ် နိုင်ငံတို့အထိ လွယ်လွယ်ကူကူ ကုန်စည်စီးဆင်းနိုင်တယ်။ အဓိက ကတော့ မလက္ကာကို ဖြတ်ရမယ့် အချိန် သက်သာခြင်းနဲ့ ဒီမလက္ကာရေလက်ကြားတစ်ခုတည်းကို အားကိုးနေရတဲ့ ပထဝီဝင်အားနည်းချက်တစ်ခုကို လျှော့ချနိုင်တာပေါ့။ ဒါကြောင့် ထိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက မဖြစ်မနေ လိုအပ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှု အောင်မြင်ခဲ့ရင် အကျိုးယုတ်မယ့်နိုင်ငံတွေတော့ သုံးလေးနိုင်ငံ ရှိနေတာပေါ့လေ။
အခု မြန်မာ-ထိုင်းက ပူးပေါင်းဆောင်ရွက်မယ်လို့ ဆွေးနွေးနေတုန်းရှိသေးတယ်။ ထိုင်းတောင်ပိုင်းမှာ ပညာပေး သွေးတိုးစမ်းလေးတွေ လုပ်လာတာက အခါတော်ပေးနိုင်ငံတွေကြောင့်လို့ သတ်မှတ်မယ်ဆိုရင်လည်း သတ်မှတ်နိုင်ပါတယ်။ မီဒီယာတွေကလည်း အချိန်ကိုက် ထိုင်းဝန်ကြီးချုပ် အနုတင်ကို မကျေနပ်လို့ လုပ်သယောင်ယောင် သတင်းနဲ့ဖွကြတယ်။ ဒါက အနုတင် မကဘူး ဘယ်သူ တက်လာလာ ဒီကလင်ဒါကျအတိုင်းသွားမှာပဲ။
ပတာနီနယ်မြေတွေကို ကိုယ်ပိုင်နိုင်ငံတစ်ခုဖြစ်လာ လိမ့်မယ်ဆိုတဲ့ ဆိုက်ကိုတစ်ခုထည့်ပေးထားပြီး လက်နက်ငွေကြေးထောက်ပံ့ထားလိုက်ရင် အနည်းဆုံး ဆယ်စုနှစ် သုံးလေးခုစာလောက် ထိုင်းကို အလုပ်ပေးထားလို့ရပြီလေ။ မြန်မာလက်နက်ကိုင် တော်လှန်ရေးသမားတွေကို မသိကျိုးကျွံပြုပေးခဲ့တဲ့၊ ထောက်ပို့တွေ လက်နက်စီးဆင်းမှုတွေ လွှတ်ပေးခဲ့တဲ့ အကုသိုလ်တွေ ပြန်အကျိုးပေးနေတာလို့ မပြောတော့ပါဘူး။
မြန်မာဘက်က ရခိုင်ပြည်နယ်တို့ ကရင်ပြည်နယ်တို့ကို သင်ခန်းစာယူ၊ ဆေးခါးတိုက်သင့်ရင် တိုက်၊ လက်နက်တွေ ထိမ်းသိန်းမရကာမှ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းနေရမယ် ခွန်ထိုင်းတို့ရေ။

👍111❤22👏2🥰1😁1
မေ့မထားသင့်တဲ့ သဘာဝဘေး
————————————-
နီပေါ-တရုတ်နယ်စပ်မှာ ရုတ်တရက် ရေထိုးဆင်းလာလို့ ထရီရှူလီမြစ်ဘေးတစ်လျှောက်က ရွာတွေ ရေအောက်ရောက်ပြီး လူပေါင်း ထောင်နဲ့ချီပျောက်ဆုံးနေပါတယ်။ နိုင်ငံခြားသားခရီးသွားတွေပါ ပျောက်ဆုံးနေပြီး လူပေါင်း ၁၆၀ ကျော် သေဆုံးထားပါတယ်။
ဖြစ်စဉ်ခန့်မှန်းချက်တွေကတော့ ၂၆ ရက်နေ့ မနက်ပိုင်းက ရေခဲတောင်တွေပေါ်မှာ လှုပ်ခဲ့တဲ့ ၄.၄ စကေးရှိတဲ့ ငလျင်ကြောင့် မြေပြိုမှုတွေဖြစ်ခဲ့ပြီး ပြိုကျခဲ့တဲ့ မြေတွေနဲ့ရေခဲတွေက မြစ်ကြောင်းပေါ်မှာ ပိတ်ဆို့ခဲ့လို့ သဘာဝတမံပုံစံမျိုး ဖြစ်သွားခဲ့တယ်။ ပုံမှန်စီးနေတဲ့ရေက တမံမှာ တဖြည်းဖြည်းစုလာရင်းကနေ ပမာဏများလာတဲ့အခါမှာ ဖိအားပြင်းပြင်းနဲ့ ပိတ်ဆို့နေတဲ့ မြေသားတွေပြိုကျပြီး အခုလို ရုတ်တရက် ရေကြီးခြင်း flash flood ဖြစ်ရတယ်လို့ ကနဦးခန့်မှန်းကြပါတယ်။
ရေဘေးဒုက္ခတွေထဲမှာ အခုလို Flash flood တွေက ပြေးချိန်မရလို့ ရိုးရိုးရေတက်လာတာထက် ပိုပြီး အဆုံးအရှုံးများပါတယ်။
မြန်မာမှာလည်း လွန်ခဲ့တဲ့ နှစ်တွေက နေပြည်တော်မှာ ဒီလို ရုတ်တရက်ရေကြီးခဲ့ဖူးတယ်။ ရေကြီးလေ့ကြီးထ မရှိတဲ့နယ်မြေမို့ ပျက်စီးဆုံးရှုံးမှုများခဲ့သလို အရှိန်နဲ့ ဆင်းလာတဲ့ရေတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။အရင်က ရေကြီးတာဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် ရှမ်းရိုးမပေါ်က သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေကြောင့် တောင်ပေါ်မြေတွေမိုးရွာတိုင်း ပြိုကျရာကနေ ချောင်းတွေကောပြီး နှစ်တိုင်း ရေကြီးတဲ့ ဒဏ်ကို ခံလာနေရပါတယ်။
နေပြည်တော်မှ မဟုတ်ပါဘူး၊ ရန်ကုန်၊ မန်းလေးတို့ မြို့ကြီးတွေအပြင် ပြင်ဦးလွင် လားရှိုးလို တောင်ပေါ်မြို့တွေပါ ရေကြီးနေတာက ရေနဲ့ ပက်သတ်ပြီး နိုင်ငံတော်အဆင့် ဖြေရှင်းဖို့ လိုလာပြီဆိုတာ ပြနေတယ်။
အဓိကကတော့ မြစ်တွေ၊ ချောင်းတွေ ကောလာတဲ့ ပြဿနာပါ။ မြစ်တွေချောင်းတွေရဲ့ အထက်ပိုင်းမှာ ရွှေမျောတွေ၊ မြေရှားတွေ ထုတ်ပြီးရင် ထွက်လာတဲ့မြေတွေကို မြစ်ထဲပဲပြန်မျောလိုက်တာတွေ၊ မြစ်ကမ်းပါးတွေ အခိုင်အမာမရှိတော့ ရေတိုက်စားပြီး မြေပြိုကျတာတွေကြောင့် မြစ်တွေက ကောတယ်။ မြစ်တွေကောတော့ အရင်က ရေမတက်တဲ့နေရာတွေပါ ရေရောက်လာတာပေါ့။
မြို့ထဲတွေ ရေကြီးတာကတော့ မိုးရွာချိန်မှာ မြောင်းတွေရေမဆင်းတဲ့ ပြဿနာပါ။ အမှိုက်တွေပိတ်ဆို့တာ၊ ရေမြောင်းတွေ စနစ်မကျတာအလုပ်မလုပ်တာတွေကြောင့် မိုးလေးနည်းနည်းလောက် များတာနဲ့ ရေကြီးကုန်ရော။ ဒါကျတော့ မြို့တော်ဝန်တွေ တိုင်း/ပြည်နယ်လွှတ်တော်အမတ်တွေဆီကို လူထုက တင်ပြပြီး စုပေါင်းအဖြေရှာဆောင်ရွက်ကြရင် ရပါတယ်။ ဥပမာ အဆိုတော် ယုန်လေးဦးဆောင် ပရဟိတအဖွဲ့နဲ့ ရန်ကုန်စည်ပင်နဲ့ ပေါင်းပြီး အမှိုက်ပုံကြီး ရှင်းနေကြသလိုမျိုးပေါ့။
နွေနဲ့ဆောင်းဆို ငြိမ်သွားပြီး မိုးရောက်လို့ ရေကြီးပြီဆိုတာနဲ့ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးတွေထိုးပြီး ညည်းငြူနေကြတာက အဖြေမဟုတ်ပါဘူး။ တစ်ယောက်ချင်းစီတိုင်းက အမှိုက်ပစ်တာလေးက စပြီး သစ်ပင်ခုတ်တာ၊ ရွှေတူးတာတွေအထိ နောက်ဆက်တွဲပြဿနာတွေကို သိဖို့လိုသလို ပူးပေါင်းကာကွယ်ဖို့လည်းလိုပါတယ်။ လမ်းတစ်လမ်းချင်း၊ ရပ်ကွက်တစ်ခုချင်း၊ မြို့နယ်တစ်ခုချင်းကနေ ပြည်နယ်အစိုးရတွေအထိ ချိတ်ဆက်ပူးပေါင်းလို့ တက်ညီလက်ညီဆောင်ရွက်ကြရင် အနည်းဆုံးတော့ မိုးရွာတာနဲ့ အိမ်ထဲလမ်းထဲ ရေဝင်တဲ့ ဒုက္ခကနေ လွတ်တာပေါ့။
အပေါ်က ဗီဒီယိုကြည့်မိတော့လည်း ပုရွက်ဆိတ်တွင်းကို ရေပိုက်နဲ့ ထိုးလိုက်သလိုပါပဲလားလို့ တွေးမိပါရဲ့။ သဘာဝဘေးဆိုတော့လည်း သံဝေဂ ရယုံမှ အပ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူးလေ။

👍73❤16😢10
၄၉၂၆ စစ်ဆင်ရေးမှသည်
--------------
(၇-၉-၂၀၂၆)
စက်တင်ဘာလ ၄ ရက်နေ့က စပြီး ရခိုင်ဘက်ကို စစ်ဆင်ရေး သိသိသာသာ အရှိန်မြင့်တင်တာနဲ့ ပတ်သက်ပြီး ၄၉၂၆ စစ်ဆင်ရေးလို့ တပ်ဘက်ထောက်ခံသူတွေ ကြားထဲ နာမည်ကြီးနေတယ်။
ဒီ အမည်နာမက တရားဝင် ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ဒါပေမယ့် တပ်မတော်သားတွေ စိတ်ထဲ နာနာကျည်းကျည်းဖြစ်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးကို မကျေခဲ့သမျှ ပြန်နွှဲလိုတဲ့ စိတ်တွေက တော်တော်များများမှာ ရှိနေကြလေတော့ ၄၉၂၆ ဟာ တပ်ထောက်ခံသူတွေကြား နှစ်ထောင်းအားရဖြစ်ကြမှာ မလွဲပါဘူး။
၄၉၂၆ နဲ့အတူ တစ်ဖက်မှာလည်း ဗန်းမော်ဘက် စစ်ရေယာဉ်တွေ ရောက်ရှိသွားတာကလည်း KIA တွေအတွက် ရတက်မအေးစရာဖြစ်နေတယ်။
ဒါဟာ အခု အစိုးရသစ်တက်လာတဲ့ ရက် ၁၀၀ စီမံကိန်းတွေအပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို အပြောနဲ့ အလုပ် ညီအောင်လုပ်ပြနေသလားလို့ မေးချင်စရာပါပဲ။
ရေးခဲ့ကြသလို ရက် ၁၀၀ အတွင်းမှာ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖိတ်ခေါ်ခဲ့ပေမယ့် KIA,AA, KNU စတဲ့ EAO ဂျိုးတွေကတော့ နေပြည်တော်ကို မလာခဲ့ကြပါဘူး။
မလာတော့ ဘာဖြစ်လဲဆိုရင် ငယ်ငယ်တုန်းက အိပ်ယာကနေ နှိုးမရတဲ့အခါ မွေးသမိခင်ကြိမ်းသလို “မင်းမလာရင် ငါလာပြီ” ဆိုပြီး တုတ်နဲ့ လာမယ့် ကိန်းမျိုး ဆိုက်တာပေါ့။ ဒီတစ်ခေါက်မှာ ၄၉၂၆ ရော ကချင်ဘက်က စစ်သင်္ဘောတွေရောဟာ ဆိုက်ဝါးတစ်ခုထက် ပိုတဲ့ အရွေ့ဆိုတာကို အနီအားပေးတွေရဲ့ သတင်းစာမျက်နှာတွေကြည့်ရုံနဲ့ သိသာနေပါတယ်။
စင်းခမ်း တံတားကို အောက်ကနေမိုင်းထောင်ဖျက်စီး၊ ခေတ်သစ်တို့ ဧရာဝတီတို့ကနေ လေကြောင်းတိုက်ခိုက်မှုလို့ အော်၊ ပုံတွေကြည့်လိုက်တော့ အောက်က မိုင်းနဲ့ခွဲထားတဲ့ပုံတွေနဲ့ AI သုံးထားတဲ့ပုံတွေ။ ပလောင်တွေ ဂုတ်ထိပ်ချိုးတုန်းက အကွက်တွေ မြင်နေရပြီဆိုတော့ မကြာခင် တပ်ကအဲ့နေရာကို ရောက်လာတော့မယ့် သဘောလို့ မှတ်ယူနိုင်ပါတယ်။
နိုင်ငံတကာ ဆက်ဆံရေးဘက်မှာ ပထမဆုံး အိန္ဒိယနိုင်ငံခရီးစဉ်ကနေ အခုနောက်ဆုံး ဗီယက်နမ်၊ နောက်အပတ်မှာ ကမ္ဘောဒီးယား အထိ အောင်မြင်နေတာမို့ အနည်းငယ် စိတ်အေးသွားရပြီဖြစ်ပေမယ့် ပြည်တွင်းအေးချမ်းရေးကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်လာစေချင်ပါတယ်။
EAO တွေနဲ့ တစ်ပွဲတစ်လမ်း အကဲစမ်းတာအပြင် ပြည်သူတွေကြားထဲက လက်နက်ကိုင် ဓားပြတွေကိုလည်း ရှင်းလင်းဖို့က လိုသေးတယ်။ အစကတော့ တော်လှန်ရေးအကြောင်းပြပြီး လက်နက်ကိုင်တာ၊ နောက်မှ ဓားပြတွေဖြစ်သွားတဲ့ ပဒက်အဖွဲ့တွေကိုလည်း တပ်၊ ရဲ၊ ပြည်သူ အားလုံးပူးပေါင်းနှိမ်နင်းရဦးမယ်။
ဒါကြောင့် အခု ၄၉၂၆ လို့ နာမည်ကြီးနေတဲ့ စစ်ဆင်ရေးတစ်ခုကနေ တစ်နိုင်ငံလုံးခြုံငုံပြီး ဘယ်အနေအထားထိ သွားနိုင်မလဲ၊ ဘယ်လိုစီမံကိန်းတွေရှိနေမလဲ ဆိုတာကတော့ ပိတ်ကားပြင်ကနေ ဆက်လက်စောင့်ကြည့်ရမှာပါ။

👍107❤38🔥1😁1
စုံမ မရှိတော့ဘူး။ ဆီကို QR နဲ့ ခွဲတမ်းနဲ့ဝယ်ရတဲ့ စနစ်ကိုတော့ ဆက်လက်အသုံးပြုမယ်။ ဖြစ်စေချင်မိတဲ့ ဆန္ဒလေးတစ်ခုပေါ့။
👍38❤5🥰3😁1
Forwarded from Dr Khaing Khaing Soe
Media is too big
VIEW IN TELEGRAM
မော်တော်ယာဉ်များ စုံ/မ စနစ်ဖြင့် မောင်းနှင်သုံးစွဲခြင်းအား ယနေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
👍56❤13👏4🥰2😁1
အမေရိကန်က မြန်မာရဲ့ ဒီမိုကရေစီကို လက်ခံဖို့ ခြေလှမ်းစနေပြီ...
အရာအားလုံး အပေါင်းဖက်သွားနိုင်ဖို့သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ်လောက် ကြိုးစားနေကြလဲ ...
မြင်နိုင်ကြားနိုင်သိနိုင်ကြပါစေ...

👍100❤22👏3🥰2😁1
ကမ္ဘာကျော်မဂ္ဂဇင်းဆိုတာကြီးကလည်း ခေတ်သစ်ဖတ်နေရသလိုပဲ
တစ်ပုံစံတည်း ရေးတတ်ပုံများ ရိုင်းရိုင်းပြောရရင် တစ်ဖအေတည်း မွေးထားသလိုမျိုးလို့တောင် ပြောလို့ရမလားပဲ။
ရှောင်တာနယ်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်တာဗျူးနဲ့ ဘာမှ မဆိုင်ပဲ ထည့်ရေးကတည်းက ဒီမိုအစွန်းရောက်အဖွဲ့တွေ လက်ချက်ဆိုတာ မေးရင် လွဲနေဦးမယ်။
သေချာတာက နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတကို အင်တာဗျူးမယ်ဆိုရင် တင်မယ့်စာက အစ လုပ်ထုံးလုပ်နည်းတွေနဲ့ ဂရုစိုက်ရသလို မဗျူးခင်မှာလည်း အဆင့်ဆင့် ခွင့်တောင်းရတာတွေရှိပါတယ်။
အခြေခံစိတ်ဓာတ်မကောင်းတဲ့လူတွေမှသာ ဒီလိုတော့ လုပ်လိုက်မယ်လို့ ကြိုတင်ကြံစည်ပြီး အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ကြတာပါ။ အခု ထုတ်ပြန်တဲ့စာအရ သူတို့ဘက်ကပဲ ကျိုးကျိုးနွံနွံခွင့်တောင်းခဲ့သလို အင်တာဗျူးနေချိန်မှာလည်း အဆင်ပြေပြေပဲ ပြောဆိုနေခဲ့တာ မြင်ရပါတယ်။
တင်တဲ့အချိန်ကျမှ အင်တာဗျူးနဲ့ မသက်ဆိုင်၊ ကိုယ်လိုရာ ဆွဲရေး၊ ဓာတ်ပုံကို တမင်ကြည့်ရဆိုးအောင် တင်တာကျ အောက်တန်းကျတာလို့ ခေါ်တာပေါ့။
ဘယ်သူထင်မှာလဲ။ ဒီလို ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးရဲ့ နာမည်အကြီးဆုံး သတင်းစာတိုက်က တို့ဆီက ခေတ်သစ်နဲ့ နင်လားငါလား ဖြစ်နေမယ်ဆိုတာကို။

👍91❤11💯3😁1
မလေးရှားကတော့ ကော်ဇောနီနဲ့ ကြိုဖို့ပြင်နေတယ်။ နဂိုရ်ကမှ မလေးရှားမှာ အဖမ်းအစီးကြမ်းပါတယ်ဆိုမှ NUG အဖွဲ့တွေမြှောက်ပေးတိုင်း လိုက်မလုပ်မိစေနဲ့။ အခြေအနေနဲ့ အချိန်ခါကို နားလည်ကြပါ။
(ပိုင်စိုး)
(ပိုင်စိုး)
👍31❤10🥰1😁1
Forwarded from Head of State
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မလေးရှားနိုင်ငံက ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
Website
Facebook
YouTube
TikTok
X(Twitter)
Telegram
Website
YouTube
TikTok
X(Twitter)
Telegram
❤31👍17😁1💘1
အခုနောက်ပိုင်း စာတွေအများကြီး မရေးဖြစ်တော့တာက လက်ရှိအစိုးရရဲ့ အရွေ့တွေကို မျက်မြင် တွေ့နေရလို့လည်း ပါတယ်။
မပြောတော့ဘူး၊ အလုပ်နဲ့ သက်သေပြနေတာက ဘေးထိုင် ဘုပြော အပြစ်ရှာနေတဲ့ အဖွဲ့တွေအားလုံးကို နိုင်ငံရေးပြေးလမ်းပေါ်ကနေ လွင့်သွားစေခဲ့တာပဲ။
အမေရိကန်က အခုနောက်ပိုင်း မီးစိမ်းတွေ တစ်ခုပြီးတစ်ခုပြနေတာ... ကိုယ့်နိုင်ငံအတွက် အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။
အခု ဆန်ရှင်ချထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို ပြန်ရုတ်သိမ်းလိုက်တာ၊ ကိုယ့်ဘက်က အမေရိကန် အကျဉ်းသားတစ်ယောက်ကို ပြန်လွှဲပြောင်းပေးခဲ့တာတွေက နောက်လာမယ့် အလုပ်တွေအတွက် ရှေ့ပြေးတွေပါ။
အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေ ဝင်မညှော်စေဖို့ပဲ ဆန္ဒပြုပါတယ်။

👍85❤16😁1🕊1💘1