■ဆောင်းပါး
အင်ရုံံမှာ ကြွေခဲ့ရတဲ့ ပန်းကလေးများ
နေ့သစ်/People's Spring
တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက် နိုဝင်
ဘာ ၂၆ ရက်နေ့က မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ကထိန်အလှူပွဲတစ်ခု ကျင်းပနေခဲ့တယ်။ စာသင်ကျောင်းဘေးမှာတော့ ဘုန်းကြီးကျောင်းက ကပ်ရပ်ပါ။ ကထိန်မှာ ပျော်ပွဲရွှင်ပွဲအနေနဲ့ ချောတိုင်တက်တာတို့၊ ဆန်ကောရွက်ပြိုင်တာတို့ ကျင်းပနေခဲ့ပါတယ်။ ခြံစည်းရိုးက အုတ်တံတိုင်းမလုပ်ဘူး။ တိုင်လေးတွေစိုက်ထားတာ။
အဲဒီအချိန်မှာဘဲ ကြီးမားတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ ကျောင်းဝင်းတစ်ခုလုံး ဝုန်းဒိုင်းကြဲသွားတော့တယ်။လူတွေ လွင့်ထွက်ကုန်တယ်။ အဆောက်အအုံတွေ ပွင့်ထွက်သွားတယ်။ ကလေးတွေရော လူကြီးတွေပါ နားတွေ အူကုန်တယ်။ အာဏာသိမ်းစစ်တပ်က ကထိန်ပွဲကို လေကြောင်းတိုက်ခိုက်သွားခဲ့တာပါ။
အဲဒီနောက် ကျောင်းဝန်းကျင်တစ်ခုလုံး မီးခိုးတွေ၊ ဖုံတွေနဲ့ ဖုံးလွှမ်းသွားတယ်။ ကျောင်း
သားကျောင်းသူလေးတွေရဲ့ ခန္ဓာကိုယ်တွေဟာ ကျောင်းနဲ့ခပ်ဝေးဝေး ခြံစည်းရိုးဘေးတွေ၊ ဘုန်းကြီးကျောင်းထဲတွေ လွင့်စင်ကုန်တယ်။ တချို့ဆို မလှမ်းမကမ်းက ချောင်းထဲက သဲခုံပြင်ပေါ်ထိ သွားကျတယ်။ နေရာအနှံ့မှာလည်း ခြေပြတ်လက်ပြတ်တွေနဲ့။
ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ အလောင်းတွေကို မြင်မြင်သမျှကောက်ကြရတယ်။တစ်ဦးစီတူးမြှုပ်ဖို့ အဆင်မပြေလို့ တွင်းကြီးတစ်တွင်းတူးပြီး မြှုပ်လိုက်ကြရတယ်။ ဘုန်းကြီးလည်းမပါ သရဏံဂုဏ်လည်းမတင်နိုင်။ သက်ပျောက်ဆွမ်းလည်းမကပ်နိုင်တော့ဘူး။ အဲဒီလိုတစစီဖြစ်နေတဲ့အလောင်းတွေ လိုက်ကောက်နေတုန်းမှာပဲ ဒရုန်းနဲ့ ဂျက်ဖိုက်တာလည်း ထပ်လာဝဲလို့ ရွာသူရွာသားတွေ ဆက်မလုပ်ရဲတော့လို့ ထားပြီးပြေးပုန်းကြရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကျောင်း
သူကျောင်းသား ၃၀ ကျော်အပါအဝင် ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
"၃၀ဦးကတော့ မကဖို့ပဲရှိတယ်။ အလောင်းတွေ မကောက်နိုင်ဘူး။ အတည်မပြုနိုင်သေးဘူး။ အတည်ပြုနိုင်တယ်ဆိုတာ ရွာသားတွေဆုံမှ။ ရွာသားတွေက ဘေးတွေရှောင်နေကြတော့"လို့ ဒေသခံတစ်ဦးက ပြောတယ်။
အဲဒီဒေသမှာတိုက်ပွဲမရှိဘဲလေကြောင်းတိုက်
ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ သေဆုံးသူတွေထဲ ကာကွယ်ရေးရဲဘော် ၉ ဦးလည်း သေဆုံးခဲ့ပါတယ်။ အင်ရုံကျေးရွာဟာ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ဒေသ မဟုတ်ဘဲ ကျောင်းဟာလည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်က ကျောင်းတစ်ကျောင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
တချို့ကတော့ မိသားစုဝင် ရှိတာမှသုံးလေးယောက်။ တစ်ယောက်ပဲ ကျန်ခဲ့သူတွေရှိတယ်။ အဲဒီကျန်ခဲ့သူလည်း ဒီအဖြစ်ဆိုးကြီးဒဏ် ဘယ်ခံနိုင်မလဲ။ စိတ်တွေလွတ်ထွက်သွားပြီး ဟိုအော်ဒီအော် တကြော်ကြော်ပေါ့။
အင်ရုံရွာအလှူပွဲဗုံးကြဲမှုမှာ ကလေးတွေအပါအဝင် ပြည်သူ ၂၀ဦးနဲ့ PDF ရဲဘော် ၉ဦး သေဆုံးပြီး၂၁ဦး ဒဏ်ရာရကြောင်း NUGနဲ့
မကွေးဖက်ဒရယ်ယူနစ် ထုတ်ပြန်ခဲ့ပါတယ်။
မြေပြင်ကနဦး စိစစ်ချက်များအရ မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဖျက်အားပြင်းဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင်ကပစ (၈) မှ လက်နက်
ကြီး (၁၂) လုံး ပစ်ခတ်တာ၊ ဧကရာဇ်ရွာ ရဲစခန်းမှ အသေခံဒရုန်း (၇) စီးအသုံးပြု အချိန်ကိုက် ညှပ်ပူးညှပ်ပိတ် ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်မှုအပြီးတွင်လည်း အင်ရုံကျေးရွာနဲ့ အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ သာမဏေငယ်တပါး
(ကိုရင်တပါး) အပါအဝင် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးများ၊ အခြားအရပ်သားပြည်သူများ ပါဝင်သလို အရပ်
သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် (၉) ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၄) ဦး၊ အသက် (၁၈) နှစ်အထက် အမျိုးသမီး (၆) ဦးနဲ့ အမျိုးသား (၁) ဦး၊ စုစုပေါင်း အရပ်သားပြည်သူ (၂၁) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ သေဆုံးသူတွေဟာ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့ရဲ့ ထုတ်ပြန်ချက်ထက် ပိုများပြားပါတယ်။ လေကြောင်းဗုံးကြဲမှုအပြီး စစ်တပ်ရဲ့ ဒရုန်း လက်နက်ကြီးတွေကြောင့် သေဆုံးအလောင်းတွေ စနစ်တကျ ကောက်ယူနိုင်ခြင်းမရှိသလို နာရေးကိုလည်း ကောင်းမွန်စွာ မလုပ်နိုင်တာကြောင့် အရေအတွက်စိစစ်ဖို့ ခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူ အရေအတွက် ၃၀နဲ့ ၅၀ ဦးအကြား ရှိနိုင်ကြောင်း ခန့်မှန်းသူတွေရှိသလို အဲဒီထက် ပမာဏ ပိုများနိုင်ကြောင်း ပြောဆိုတဲ့ ဒေသခံလည်းရှိပါတယ်။
NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ထုတ်ပြန်ချက်မှာလည်း “အဆက်မပြတ် ပစ်ခတ်မှုများနှင့် ဆက်သွယ်ရေး ဖြတ်တောက်ခံထားရမှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာ(၂)ရွာမှ ဒေသခံပြည်သူ (၄၀၀) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရပြီး ကယ်
ဆယ်ရေးနှင့် ဆေးဝါးကုသရေးလုပ်ငန်းများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသဖြင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်သည့် အခြေအနေ ရှိနေပါသည်” လို့ ဖော်ပြထားပါတယ်။

🔥2👍1🖕1
မြေပြင်ရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ ကျန်းမာရေးနဲ့ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းကာ ဒဏ်ရာရရှိသူများအား အရေးပေါ်ဆေးဝါးကုသပေးခြင်း၊ စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးခြင်းနဲ့ ကျဆုံးသူများရဲ့ အမည်စာရင်းအသေးစိတ်ကို စနစ်တကျ စိစစ်အတည်ပြုခြင်းတို့ကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း ဖော်ပြပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ အရပ်သားပြည်သူပိုင် မော်တော်ယာဉ်၊ ဆိုင်ကယ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်း စစ်ရေးနဲ့ နိုင်ငံရေးအရ အဘက်ဘက်မှ ပြိုလဲရှုံးနိမ့်နေပြီဖြစ်သော အကြမ်း
ဖက် စစ်အုပ်စုဟာ အရပ်သားပြည်သူများအား အကြောက်တရားလွှမ်းမိုးစေရန် ရည်
ရွယ်ပြီး နိုင်ငံတကာ ဥပဒေအရ အထူးအ
ကာအကွယ်ပေးထားသော စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံများကို စစ်ရေးပစ်မှတ်သဖွယ် အင်အားအလွန်အကျွံ သုံးစွဲတိုက်ခိုက်တာ၊ ဒဏ်ရာရ လူနာများနဲ့ ကယ်
ဆယ်ရေး လုပ်ငန်းများကိုပါ ထပ်မံတိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ ဂျီနီဗာသဘောတူညီချက်များနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း လည်း NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်တို့က ထုတ်ပြန်ကာ စစ်တပ်လုပ်ရပ်ကို ရှုတ်ချထားပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ICJ ကစီရင်ချက်ချမှတ်ပြီး ရက်ပိုင်းအတွင်း ယခုကဲ့သို့ ထပ်မံ ကျူးလွန်လာခြင်းဟာ နိုင်ငံတကာတရားစီရင်ရေးနဲ့ လူ့အသက်တန်ဖိုးများအပေါ် စစ်အုပ်စုရဲ့ ပြောင်ပြောင်
တင်းတင်း စိန်ခေါ်ချိုးဖောက်မှုပင် ဖြစ်
ကြောင်းလည်း ဖော်ပြထားပါတယ်။
အခုဖြစ်စဉ်မှာ အမိန့်ပေးစေခိုင်းသူ စစ်အုပ်စု ခေါင်းဆောင်များမှသည် မကွေးလေတပ်စခန်း၊ ကပစ (၈)နဲ့ ဧကရာဇ်ရွာ ရဲစခန်းတို့မှ လက်တွေ့ပါဝင်ကျူးလွန်သူများအထိ ပြစ်
ဒဏ်ကင်းလွတ်ခွင့် မရရှိစေဘဲ ပြည်တွင်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုယန္တရားများ၊ နိုင်ငံတကာတရားစီရင်ရေး ယန္တရားများမှ တစ်ဆင့် ထိရောက်စွာ အ
ရေးယူအပြစ်ပေးနိုင်ရေး ခိုင်လုံတဲ့ သက်သေအထောက်အထားများကို စနစ်တကျ မှတ်တမ်းတင် စုဆောင်းလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်
အရေးဆိုင်ရာဦးစီးဌာန၏ မှတ်တမ်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ အောက်တိုဘာလကုန်အထိစစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၆,၆၅၃) ခု၊ အကြိမ်ရေ (၁၅,၃၂၇) ကြိမ် ကျူးလွန်ခဲ့ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ် (၈၅၃) ဦးအပါအဝင် အရပ်သားပြည်သူ (၆,၄၆၇) ဦး သေဆုံးခဲ့ကာ စာသင်ကျောင်း (၅၆၂) ကျောင်း၊ ဘာသာရေးအဆောက်အအုံ (၈၄၈) ခု ထိခိုက်ပျက်စီးခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီး
ချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် စိုးရိမ်ကြောင်း ထုတ်ပြန်ရုံမျှဖြင့် ရပ်တန့်မနေဘဲ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းနေတဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်း၊ ဒရုန်းနဲ့ စစ်ဘက်နည်းပညာ ထောက်ပံ့မှုလမ်းကြောင်းများကို ပြတ်ပြတ်သားသား ဖြတ်တောက်ပိတ်ဆို့ဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။ဒါ့အပြင်နိုင်ငံတကာတရားစီ
ရင်ရေးလုပ်ငန်းစဉ်များကိုလက်တွေ့အ
ကောင်အထည် ဖော်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ ကလေးတွေထဲ ရှင်ပြုထားတာမှ မကြာသေးတဲ့ သားကလေးတွေ ပါပါတယ်။ နားသထားတဲ့ ညီအစ်မအရင်းကလေးနှစ်ယောက်လည်း ပါပါတယ်။ တကယ်တော့ ကလေးတွေရဲ့ မိဘတွေက ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်နေကြရတာပါ။ ကလေးတွေ အနာဂတ်အတွက် လူလားမမြောက်သေးတဲ့ သားသမီးတွေကို ရှင်ကွဲခွဲကာ ကြိုးစားနေကြရတာပါ။ ခုတော့ သေကွဲပါ ကွဲခဲ့ရပါပြီ။
ကလေးအမေလေးတစ်ယောက်ဆို လသားကလေး ခါးထစ်ခွင်ချီရင်း ကထိန်ပွဲ လာကြည့်တယ်။ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးမိခင်လည်း ဦးခေါင်းနောက်ပိုင်း ပွင့်ထွက်လို့။ သူ့ရင်သွေးလေးကလည်း သူ့နောက်မှာ အသက်မဲ့လို့။

🔥4😢4👍1🖕1
မိုးဗြဲမြို့အနီး စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၂၀ ကျော်လာ
■မော်ချီးမြို့လည်း စစ်တပ် ဗုံးကြဲ
နိုဝင်ဘာ-၂၈၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း-ကရင်နီပြည်ဒေသအစပ် မိုးဗြဲမြို့အနီး စစ်တပ်ဗုံးကြဲမှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိလာပြီး မော်ချီးမြို့လည်း ထပ်မံဗုံးကြဲမှုမှာလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသ
ခံနဲ့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။
ဒီကနေ့(နို၀င်ဘာ ၂၈ ရက်) နေ့လယ်ပိုင်း မိုးဗြဲအနောက်ခြမ်းက ကျေးရွာကို စစ်တပ်က လေ
ကြောင်းတိုက်ခိုက်မှုကြောင့်ညနေ ၆ နာရီ ၄၀ မိနစ်အထိ ကလေးငယ်တွေ အပါအ၀င် အ
ရပ်သား သေဆုံးစာရင်းဟာ ၂၁ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။
"၂၁ ဦးသေတယ်။၃၅ ထိခိုက်တယ်။သေဆုံးသူ အသက်အရွယ်နဲ့ နာမည်တွေက စိစစ်နေတုန်းပဲ"လို့ မိုးဗြဲ-ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ ညနေ ၄နာရီ၀န်းကျင်မှာလည်း ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ၁၃ ကုန်းလို့ ဒေသခေါ်တဲ့ နေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတာကြောင့်ထိခိုက်သေဆုံးသူ တွေရှိတယ်လို့ သိရပါတယ်။
"နှစ်ဦး သေဆုံးတယ်လို့ လတ်တလော သိရတယ်။ထိတာ လည်း လေးဦးလောက်ရှိတယ်"
လို့ ဖြစ်စဉ်ကို သိရှိထားသူက ပြောပါတယ်။
ဒီကနေ့ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ မိုးဗြဲ PDF တာ၀န်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကို လူထုနွေဦးက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ကရင်နီပြည်နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု မကြာခဏဖြစ်နေပြီး ပြီးခဲ့တဲ့ ၂လအတွင်းမှာဘဲ လေကြောင်း၊ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်
သား၊ စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း နို၀င်ဘာ ၂၆ ရက်ကလည်း ကရင်နီဒေသ ဒီးမော်ဆိုနဲ့မော်ချီး ကားလမ်းပိုင်းတစ်နေရာမှာ စစ်တပ်ရဲ့လေ
ကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။

🤬3👍2👏1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(နိုဝင်ဘာ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မိုးဗြဲမြို့အနီး စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၂၀ ကျော်လာ
ရှမ်း-ကရင်နီပြည်ဒေသအစပ် မိုးဗြဲမြို့အနီး စစ်တပ်ဗုံးကြဲမှုအတွင်း သေဆုံးသူ ၂၀ ကျော်ရှိလာပြီး မော်ချီးမြို့ကို ထပ်မံဗုံးကြဲမှုမှာလည်း ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံနဲ့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်း မိုးဗြဲအနောက်ခြမ်းက ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ညနေ ၆ နာရီ ၄၀ မိနစ်အထိ ကလေးငယ်တွေ အပါအ၀င် အရပ်သား သေဆုံးစာရင်းဟာ ၂၁ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၄၀ ၀န်းကျင်ရှိတယ်လို့ ဆိုပါတယ်။ ၂၁ ဦး သေဆုံးပြီး ၃၅ ဦး ထိခိုက်တယ်လို့ မိုးဗြဲ-ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ ညနေ ၄နာရီ၀န်းကျင်မှာလည်း ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသက ၁၃ ကုန်းလို့ ဒေသခေါ်တဲ့ နေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဥ်မှာ သေဆုံးသူ နှစ်ဦးရှိပြီး ထိခိုက်တာ လေးဦးလောက်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
◾️မြောက်ဦးမြို့ကို စစ်တပ်ဗုံးကြဲ၊ ၉ ဦိး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ
အာဏာသိမ်းစစ်တပ်ဟာ မြောက်ဦးမြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၉ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ နို၀င်ဘာ ၂၈ ရက် ညနေ ၄ နာရီ၀န်းကျင်မှာ မြောက်ဦးမြို့ပေါ် မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဟာ မြောက်ဦးမြို့ကို ဗုံးကြဲခဲ့တဲ့အပြင် ဒီနေ့ ည ၇ နာရီ၀န်းကျင်မှာလည်း ပေါက်တောမြို့နယ်အတွင်းက နေရာတွေကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။ အဲဒီဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
◾️စစ်တပ်ရဲဲ့လေကြောင်း ထပ်မံခြိမ်းခြောက်မှုကြောင့် ပြည်သူတွေ နာရေးမလုပ်နိုင်
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပြည်သူအများအပြား သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပြီး လတ်တလောမှာ စစ်တပ်ရဲ့ လေယာဉ်ပျံဝဲတာ၊ ဒရုန်းတွေလွှတ်တာကြောင့် သေဆုံးသူတွေရဲ့ နာရေး မလုပ်နိုင်သလို ဒဏ်ရာရသူတွေလည်း ဆေးကုသမှု ခံယူဖို့ အခက်အခဲ ဖြစ်နေတယ်လို့ အသိပေးပါတယ်။ နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာမှာ ကထိန်ပွဲနဲ့ ကျောင်းအားကစားပွဲ လုပ်နေချိန် စစ်တပ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနေရာတွေကို ဗုံးကြဲခဲ့တာလို့ ဒေသခံက ပြောပါတယ်။ စစ်တပ်က လေကြောင်း တိုက်ခိုက်ပြီးနောက်မှာလည်း လက်နက်ကြီးနဲ့ တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ဆက်လုပ်လို့ အလောင်းကောက်ဖို့၊ ဆေးကုသဖို့တောင် အခက်အခဲတွေ ဖြစ်ရပြီး ဒေသခံတွေ တိမ်းရှောင်ကြရတာလည်းရှိတယ်လို့ သိရပါတယ်။ ကောင်းကင်ယံမှာ လေယာဥ်နဲ့ ဒရုန်းတွေ ပျံဝဲကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာ ၂၇ရက် မနေ့ကတော့ အမြင်မတော်တဲ့သူတွေက မောင်ဖြူမောင်မဲရယ်မသိဘဲ အကုန်လုံးကောက်တင်ပြီး တွင်းကြီးတတွင်းထဲ မြုပ်ရတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။ ဘာသာရေးအရလည်း နာရေးပြုလုပ်နိုင်တာမရှိဘဲ သေဆုံးသွားသူတွေထဲ ကိုရင်လေးတစ်ပါး ပါဝင်တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး ဒဏ်ရာရသူလည်း များပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️အင်ရုံရွာအလှူပွဲဗုံးကြဲမှု NUGနဲ့ မကွေးဖက်ဒရယ်ယူနစ် ပူးတွဲထုတ်ပြန်

❤1🥰1
မကွေးဖက်ဒရယ်ယူနစ်၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ ဆရာဆရာမတွေ အပါအဝင် ပြည်သူ ၂၀ဦး သေဆုံးကာ ကလေးငယ် ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က နိုဝင်ဘာ ၂၈ရက် ညနေပိုင်းမှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ကာ ထိခိုက်ဆုံးရှုံးခဲ့ရသူများ မိသားစုဝင်များနဲ့ထပ်တူဝမ်းနည်းကြောင်း ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများက မြန်မာ့ဓလေ့ ရိုးရာအလှူပွဲ ကျင်းပနေစဉ် စစ်အုပ်စုက တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ အသိပေးပါတယ်။ မြေပြင်ကနဦး စိစစ်ချက်များအရ မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဖျက်အားပြင်းဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ကပစ (၈) မှ လက်နက်ကြီး (၁၂) လုံး ပစ်ခတ်တာ၊ ဧကရာဇ်ရွာ ရဲစခန်းမှ အသေခံဒရုန်း (၇) စီးအသုံးပြု အချိန်ကိုက် ညှပ်ပူးညှပ်ပိတ် ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြပါတယ်။ တိုက်ခိုက်မှုအပြီးတွင်လည်း အင်ရုံကျေးရွာနဲ့ အနီးဝန်းကျင်ရှိ နဘဲ့ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ သာမဏေငယ်တပါး(ကိုရင်တပါး) အပါအဝင် ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးများ၊ အခြားအရပ်သားပြည်သူများ ပါဝင်သလို အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် (၉) ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၄) ဦး၊ အသက် (၁၈) နှစ်အထက် အမျိုးသမီး (၆) ဦးနဲ့ အမျိုးသား (၁) ဦး၊ စုစုပေါင်း အရပ်သားပြည်သူ (၂၁) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
◾️အင်ရုံရွာ ဗုံးကြဲတဲ့ စစ်တပ်လုပ်ရပ် ချင်းတပ် CNF ရှုတ်ချ
မကွေးဖက်ဒရယ်ယူနစ်၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်တပ် လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာမှာ အလှူပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာ၊ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့လို့ ကလေးငယ် အများအပြား အပါအဝင် ပြည်သူ သေဆုံးထိခိုက်များပြားခဲ့ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်များနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း CNFက ထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့ထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့အရပ်သားများအပေါ် ထပ်ခါထပ်ခါ ကျူးလွန် လျက်ရှိတဲ့ စစ်ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
◾️လိုင်ဇာအနီး စစ်တပ်ဗုံးကြဲမှု ပြည်သူ ၃ဦးသေဆုံး၊ ၁၀ဦးကျော် ဒဏ်ရာရ
ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီး စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦးသေဆုံးခဲ့ရကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂၈ရက် မနက်အစောပိုင်းမှာ လိုင်ဇာမြို့ကနေ ၂မိုင်ကျော်လောက်ဝေးတဲ့ အရပ်ဘက် ဘိန်းဖြတ်စခန်းတခုကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဘိန်းဖြတ်နေတဲ့ ပြည်သူလူထု ၁၀ဦးကျော် ဒဏ်ရာရပြီး ၃ဦး သေဆုံးသွားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံပျက်စီးမှုများလည်းရှိတယ်လို့ အသိပေးပါတယ်။
◾️နတ်ရေကန်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စစ်မျက်နှာ ပဇီရွာဝန်းကျင်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရုပ်အလောင်း ၁၀ကျော်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရထားတယ်လို့ အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက်ကစပြီး ပဒါန်းကနေ အင်အားအများအပြားနဲ့ ပဇီကျေးရွာဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ AAတို့ တိုက်ပွဲရက်ဆက်ပြင်းထန်နေခဲ့တာလို့ ဆိုပါတယ်။ နိုဝင်ဘာ၂၇ ရက်နဲ့ နိုဝင်ဘာ ၂၈ရက် ဒီနေ့ မနက်တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ ရုပ်အလောင်းနဲ့ သုံ့ပန်းတွေဖမ်းဆီးရမိခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ နတ်ရေကန်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ တပတ်ခန့်ကလည်း နတ်ရေကန် စစ်မျက်နှာဂုတ်ကြီးရွာဝန်းကျင်မှာ AA ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းလိုက် အထိနာပြီးပြန်ဆုတ်ခဲ့ရကြောင်း သတင်းရင်းမြစ်တွေက ပြောထားပါတယ်။ အဲဒီလို ဂုတ်ကြီးဘက်လမ်းကြောင်းအထိနာတာကြောင့် ပဇီဘက်ကနေ နတ်ရေကန်ပင်မဗျူဟာကုန်းဆီ စစ်ကူပို့နိုင်ဖို့ လမ်းကြောင်းထိုးဖောက်ဖို့ ထပ်မံကြိုးစားနေတာလို့ သိရပါတယ်။

🔥2
◾️မန္တလေး-ဗန်းမော်လမ်းတိုက်ပွဲ စစ်သား ၁၇ဦးထက်မနည်း သေဆုံး
မန္တလေး-ဗန်းမော်ကားလမ်းမကြီးဘေးမှာ အခြေပြုလှုပ်ရှားနေတဲ့ စစ်တပ်ရဲ့ ခလရ (၁၄၈) တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေအစိုးရ(NUG) အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ PDF တပ်ရင်းတွေနဲ့ ဒေသခံ ပကဖ တပ်တွေ ပေါင်းပြီး နိုဝင်ဘာ ၂၆ နဲ့ ၂၇ရက်တွေမှာ စစ်ရေး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၆ ရက် မနက်အစောပိုင်းမှာ ဆိပ်ငူလမ်းခွဲနဲ့ သဲဖြူချောင်းနေရာတွေမှာ စစ်သား ၈ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ လက်နက်ငယ် ၅လက်နဲ့ ခဲယမ်းကျည်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၂၇ ရက် မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
◾️ကသာခရိုင် ညောင်ခြေထောက်ရွာအနီးတိုက်ပွဲ စစ်တပ် ၇ဦး သေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၇ဦးသေဆုံးကာ လက်နက် ၇လက် သိမ်းရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက နိုဝင်ဘာ ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။ ကသာခရိုင် အမှတ်(၁) တပ်ရင်း ကာကင်းယူထားတဲ့ ညောင်ခြေထောက်ရွာအနီးကို စစ်တပ်ရဲ့ ခမရ(၃၀၉) တပ်နဲ့ တပ်မ(၃၃) လက်အောက်ခံ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်က ထိုးစစ်ဆင်လာလို့ ခုခံတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ အခုထုတ်ပြန်တဲ့ တိုက်ပွဲဟာ မေလ ၈ရက်က ဖြစ်ပွားခဲ့တာလို့ အသိပေးထားပြီး တိုက်ပွဲဟာ နေ့လယ်ပိုင်းကနေ ညအထိ ၆နာရီခွဲလောက်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က အလောင်းတွေ နဲ့ လက်နက် ၇လက် သိမ်းရခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံဖော်ပြ အသိပေးပါတယ်။
◾️KNLA တပ်မဟာ(၉)ဖွဲ့စည်းမှု KNU မြိတ်ထားဝယ်ခရိုင် တရားဝင် ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၉) ဖွဲ့စည်းမှုကို KNU မြိတ်ထားဝယ်ခရိုင်က နိုဝင်ဘာ ၂၇ရက်မှာ စတင်အသိပေးခဲ့ပါတယ်။ KTLA တပ်ဖွဲ့ဝင် ၂၄ဦး မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၉) အတွင်း အလင်းဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်ကို မြိတ်ထားဝယ်ခရိုင်က နိုဝင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ခဲ့တာဟာ တပ်မဟာ(၉)ဖွဲ့စည်းထားမှုကို ပထမဆုံးစတင်အသိပေးတာဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ တပ်မဟာအသစ် အဖြစ်တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ KNLA တပ်မဟာ(၉)မှာ တပ်ရင်း ၄ရင်း ပါဝင်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ KNLA တပ်ရင်း(၁၂)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၂၇)နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈) တို့ ပူးပေါင်းပြီး တပ်မဟာ (၉)ကို ဖွဲ့စည်းလိုက်တာလို့ ပြောပါတယ်။
◾️ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားတဲ့ဘွဲ့ သုံးခု မင်းအောင်လှိုင် ပြန်ရုပ်သိမ်း
စစ်ကောင်စီလက်အောက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုကို မင်းအောင်လှိုင်က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။ ပြန်လည်ရုပ်သိမ်းခံရတဲ့ ဘွဲ့တွေကတော့ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့တို့ ဖြစ်ပါတယ်။ စည်သူဘွဲ့ဟာ အခုနှစ် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ကမှ သူ့ကို ချီးမြှင့်ထားတာ ဖြစ်ပါတယ်။ ဘွဲ့တွေကို ဘာကြောင့် ပြန်လည်ရုပ်သိမ်းရသလဲဆိုတဲ့ တရားဝင်အကြောင်းရင်းကိုတော့ မြန်မာနိုင်ငံပြန်တမ်းထဲမှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုရုပ်သိမ်းခံရတာဟာ စစ်ကောင်စီထိပ်ပိုင်း ရာထူးကြီးကြီးယူထားသူ အချင်းချင်းကြား နေရာလုကြရာကနေ ဖြစ်ပွားခဲ့တာလို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ ဒေါ်သန်းသန်းဆွေဟာ စစ်တပ်အာဏာမသိမ်းခင်က ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌ တာဝန်ယူစဉ်က ပြည်တွင်းဘဏ်တွေကို အဓိက ကိုင်တွယ်ခဲ့ပြီး ဘဏ်တွေထဲက အများပြည်သူငွေတွေကို ကန့်သတ်တာ၊ CDM ဘဏ်ဝန်ထမ်းတွေကို အရေးယူဖို့ ဖိအားပေးတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့ ဘဏ်အသိုင်းအဝိုင်းက ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဧပြီ ၇ ရက်မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာက သူ့ရဲ့နေအိမ်ထဲအထိ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သူတို့လင်မယားနှစ်ယောက်လုံး သေနတ်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေထဲမှာ ပထမဆုံး သေနတ်နဲ့ ပစ်ခတ်ခံရသူ ဖြစ်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူကာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ သေနတ်နဲဲပစ်ခတ်ခံရပြီးလေးလအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအထိ တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။

👍3🔥1