ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ ဒေသခံ ၂ဦး သေပြီး ၄ ဦးဒဏ်ရာရ
နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People's Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်မှာ မိုးကြိုးပစ်ခံရတာကြောင့် ဒေသခံ ၂ဦးသေပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(နို၀င်ဘာ ၅ ရက်)မှာ ပင်လောင်းမြို့နယ်က ထီတလိကျေးရွာ၊ဘုရားဖြူ နဲ့ ဘုရားမဲကျေးရွာတွေမှာ မိုးကြိုးပစ်ခံခဲ့ရတာလို့ ဆိုပါတယ်။
သေဆုံးသူ ၂ဦးက ထီတလိရွာသား နဲ့ဘုရားဖြူ ရွာခံတွေ ဖြစ်ပြီး အမျိုးသား ၂ဦး အမျိုးသမီး ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
"ဖြစ်စဉ်သုံးခုစလုံးက မနေ့က နေ့လယ် ၁ နာရီလောက်မှာဖြစ်တာ။ထီတလိမှာက ခရမ်းချဉ်သီးစိုက်ခင်းထဲ ထိတာ ။ ခွန်မိုးသိန်းဇော်မိုးက မီးလောင်တဲ့ဒဏ်ရာတွေနဲ့ ဆုံးသွားတယ်"လို့ ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လွယ်မောအုပ်စု ဘုရားဖြူရွာဖြစ်စဉ်မှာ အသက် ၅၇ နှစ်အရွယ် ဦးအောင် သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
အခုအချိန်ဟာ မုတ်သုံရာသီမဟုတ်ပေမယ့် အယ်နီညိုကြောင့် လေထုစိုထိုင်းဆနဲ့ အပူချိန်တွေ ကမောက်ကမဖြစ်ပြီး မိုးကြိုးပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတယ်လို့ မိုးလေ၀သ ပညာရှင်တချို့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းထဲမှာပဲ မွန်ပြည်နယ် မုဒုံမြို့နဲ့ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တွေမှာ မိုးကြိုးပစ်ခတ်မှုကြောင့်လူသေဆုံးမှုတွေရှိခဲ့ပါတယ်။
ရုပ်သံ - Pa-O LOYWEl
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #ပင်လောင်းမြို့နယ် #ရှမ်းပြည်နယ်တောင်ပိုင်း #မိုးကြိုးပစ်ခံရမှု #သဘာဝဘေးအန္တရာယ် #ဒေသခံများ #မြန်မာ့သတင်း #Pinlaung #SouthernShanState #LightningStrike #NaturalDisaster #LocalCasualties #MyanmarNews

🔥12😢9👍4❤1🍌1
■အတွေးအမြင်
ကျမတို့ရဲ့ အော်သံကို ကြားပေးကြပါ
-မသီတာ-စမ်းချောင်းရေးသားသည်။
နိုဝင်ဘာ ၁ ရက် မနက်မှာ ဆစ်ဒနီက ခရစ်
ယာန်ဘုန်းတော်ကြီး ဘီလ်ခရူရဲ့ မနက်ခင်း ဝတ်ပြုဆုတောင်းပွဲဟာ ဘာသာပေါင်းစုံကြား သတိရအောင်းမေ့ခြင်းအဖြစ် မြန်မာတွေအတွက် သတိရအောင်းမေ့ခြင်းနေ့ ကာ့ဒစ်ရှ်တွေအတွက် ရိုးရာအစဉ်အလာနေ့တစ်နေ့ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ ပြီးပြည့်စုံခဲ့ပါတယ်။
ကာ့ဒ်ကွန်မြူနတီက ဘရန်ဆိုဂတ်၊ ဆစ်ဒနီရောက် မြန်မာကွန်မြူနတီကိုယ်စား ကိုကိုအောင်နဲ့ နောင်နောင်တို့က ပြည့်စုံထိရောက်တဲ့ တင်ပြမှုတွေအပြီးမှာ မေရီ ဦးဆောင်တဲ့ ဩစတြေလျန်းတွေက “ကမ္ဘာမကြေဘူး”
သီချင်းကို အုပ်စုလိုက် သီဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘီလ်ခရူဖောင်ဒေးရှင်းရဲ့ ခန်းမကြီးထဲမှာ မြန်မာ့မနက်စာလက်ဘက်ရည်ပွဲကိုသုံးဆောင်ရင်းကွန်မြူနတီတွေ့ဆုံပွဲလေး လုပ်ခဲ့ပါတယ်။အဲဒီမှာ ပါမောက္ခရှောင်တာနယ်၊ လက်ထောက်ပါမောက္ခ ဆူဇန်ဘန်ကီ၊ လူ့ရပိုင်ခွင့်ရှေ့နေ ပက်ထရစ်ဘာဂက်စ်၊ လူ့အခွင့်အရေးရှေ့နေ အဲလီဆွန်ဘက်တီဆွန်နဲ့ ဂရင်းပါတီကောင်စီဝင် အစ္စမတ်တာ့စ်တန်တို့က သူတို့ တွေးမြင်ဆင်ခြင်မိသမျှတွေကို တင်ပြပြောဆိုပါတယ်။
ကျမကလည်း မြန်မာတစ်ယောက်အနေနဲ့ ပြောဆိုတင်ပြရမှာမို့ ပုဝါလေးတစ်ထည်ကိုကောက်ခြုံပြီး ပွဲဆီ ရောက်သွားခဲ့တာပေါ့။ ဘာပြောမလဲဆိုတာကတော့ တခြားသူတွေ ပြောတာကို နားထောင်နေရင်းမှ ကွဲပြားခြားနားမှာလေးတွေကို ရွေးပြောမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ အချိန်တိုတိုလေးအတွင်း လက်
တန်းပြောဖြစ်ခဲ့တာမို့ မှတ်တမ်းဖြစ်အောင် မှတ်မိသလောက် မြန်မာလို ပြန်ရေးလိုက်ပါတယ်။
“ကျမက လတ်တလောမှာ ဦးထုတ်တွေအ
များကြီး ဆောင်းထားသူပါ။ အဲဒီထဲက ဦးထုတ်တစ်လုံးကတော့ ပဲန်အင်တာနေရှင်နယ်ရဲ့ အကျဉ်းကျစာရေးဆရာများကော်မတီဥက္ကဌ ဖြစ်ပါတယ်။ပဲန်ရဲ့ ဥက္ကဌက ကာ့ဒစ်ရှ်စာရေးဆရာဘူရ်ဟန်ဆိုမက်စ်ဖြစ်တာကြောင့်ရော ကျမရဲ့တာဝန်စားပွဲပေါ်မှာ ကမ္ဘာ
အရပ်ရပ်က လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကိုကာကွယ်မြှင့်တင်ရင်းအန္တ
ရာယ်သင့်ရ ထောင်ဒဏ်သင့်ရတဲ့ စာရေးဆ
ရာတွေအရေးက အမြဲရှိနေတာမို့ ကာ့ဒစ်ရှ်ကွန်မြူနတီကိုလည်းစာနာသတိပြုမိပါတယ်။ တကယ်တော့ ကျမက ကော်မတီဥက္ကဌအဖြစ် အရွေးခံဖို့ ပြည်ပကို ထွက်လာရာက ခု ဆစ်ဒနီမှာ ကမ်းတင်နေဖြစ်တာပါ။ကျမရဲ့ခရီးက နာမည်ပေးရရင် "အိမ်မှသည် အိမ်ဆီသို့"ဆိုတဲ့ ခရီးစဉ်ပါ။
“ကျမ အိမ်ကနေထွက်လာပြီးနိုင်ငံတွေအများကြီးမှာ လှည့်လည်နေထိုင်ခဲ့ပါတယ်။အိမ်ကနေ ထွက်ခဲ့ရပေမဲ့ခရီးပန်းတိုင်ဟာလည်း အိမ်ပါပဲ။ ကျမတို့ ပြည်ပရောက် မြန်မာတွေဟာ ကိုယ့်အိမ် ကိုယ့်နိုင်ငံကို အမြဲပူပန်ကြောင့်ကြနေကြရတာပါ။ ကျမတို့က ဒီမှာ အဖမ်းအဆီး အသတ်အဖြတ် အနှိပ်အစက် မခံကြရပေမဲ့ စစ်အာဏာရှင်လက်ကနေပြေးမလွတ်သေးပါဘူး။ ကျမတို့ရဲ့ မိသားစုဝင်တွေ ဆွေမျိုးသား
ချင်းမိတ်ဆွေသူငယ်ချင်းတွေကိုထိခိုက်မှာ စိုးရိမ်လို့တိတ်တဆိတ်လှုပ်ရှားနေကြရ ကြေ
ကွဲနေကြရသူတွေ အများကြီးပါ။ ဒါကြောင့် ပြည်ပမှာ ကျမတို့ မြန်မာလူထုက မျှော်လင့်တာက မေတ္တာတရားတောင်မှ မဟုတ်ပါဘူး။ အပြန်အလှန် လေးစားမှုကလေးရရင်ကို ကျမတို့ရဲ့ “အိမ်ကနေ အိမ်သို့ ခရီး"ကို ခွန်အားရှိရှိ လျှောက်နိုင်ကြမှာပါ။
“တကယ်တော့ ခုနက ပြောသွားတဲ့ ပါမောက္ခရှောင်ဟာ သူ့စာအုပ်ကို "မထင်ရတဲ့ အကျဉ်း
သား"လို့ နာမည်ပေးခဲ့ပါတယ်။တကယ်လည်း သူလိုလူမျိုး ထောင်ကျမယ်လို့ ဘယ်လိုမှ မထင်ရနိုင်ဘူးလေ။ ကျမကတော့ "ဖြစ်နိုင်လွန်းတဲ့ အကျဉ်းသား"လို့ ဆိုရမယ့်သူမျိုးပါ။ အင်းစိန်ထောင်မှာ ၅ နှစ် ၆ လ ၆ ရက် အ
ကျဉ်းကျခဲ့ဖူးပါတယ်။ တီဘီနဲ့ တခြားဝေဒနာတွေကြောင့် ထောင်ဝင်စာခန်းဆီ သွားတဲ့ လျှောက်လမ်းတိုတိုလေးကို သွားဖို့တောင် သူများက ချီမပေးမှ ရတဲ့အထိ ကျန်းမာရေး မကောင်းဖြစ်ခဲ့လွန်းလို့ အများစုက ကျမကို ထောင်ထဲမှာ သေသွားနိုင်တယ်လို့ ခန့်မှန်းတာ ခံခဲ့ရဖူးသူပါ။ ဒါပေမဲ့ ထောင်ထဲမှာ ဘယ်လိုအသက်ရှင်သန်အောင် နေရမလဲဆိုတာ ကျမ ကောင်းကောင်းသိခဲ့သူပါ။ ရှင်အောင်နေနိုင်မယ်လို့ ယုံကြည်တာကြောင့်လည်း ထောင်ကို ကျမက မကြောက်လှပါဘူး။
“ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေအနေကတော့ အတော်ဆိုးပါတယ်။ လူငယ်ဘုန်း
ကြီးလေးတစ်ပါးဟာ လွတ်ရက်စေ့ပြီးတာတောင် ကျောင်းကို ပြန်မရောက်လာလို့ ဒကာတွေ ဒကာမတွေက စုံစမ်းကြတဲ့အခါ ထောင်ဘက်က လွှတ်ပေးလိုက်ပြီလို့ ဆိုပါတယ်။ အဲဒါ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဖြစ်ပြီး ခုထိ ပျောက်ဆုံးနေဆဲပါ။ အဲဒီလိုပဲ ကျမ သိတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ယောက်ဆိုရင်လည်း ထောင်ပြောင်းရင်း ထွက်ပြေးရန် ကြံစည်တယ်လို့ စွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ ကျမ အဲဒီလို ဖြစ်မှာကိုတော့ ကြောက်မိ စိုးရိမ်မိပါတယ်။ ကျမက ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ထင်
မြင်ယူဆတာတွေကို မထုတ်ပြောဘဲ တိတ်
တဆိတ် နေနိုင်သူ မဟုတ်လို့ ဘာဆိုဘာမှ မပြောနိုင်တော့မှာ မလုပ်နိုင်တော့မှာကို ကြောက်တာကိုး။
“တကယ်တော့ မနက်ပိုင်းမှာရော ခုနကပါ ပြောသွားကြသလို ပြည်တွင်းက အခြေအနေက အတော့်ကို ဆိုးဝါးနေချိန်ပါ။ လေကြောင်းကနေ ဗုံးကြဲတာတွေက စိပ်လွန်းပြီး အပြစ်မဲ့ပြည်သူတွေအများကြီး သေဆုံးနေရပါတယ်။ မကြာသေးခင်က ခန့်အပ်ခံရတဲ့ ကာကွယ်

👍23😢3❤2🖕2🔥1
ရေးဝန်ကြီး စစ်ဗိုလ်ချုပ်က လေကြောင်းတိုက်ခိုက်မှုလို စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ ပြောလိုက်ပါတယ်။ ချက်သမ္မတ ဗာဆလဗ်ဟာလ်ဗဲလ်ရဲ့ ရသစာတစ်ပုဒ် ခေါင်းစဉ်က “ငြိမ်းချမ်းရေးကို အနှောက်အယှက် ပေးခြင်း”လို့ ဆိုပါတယ်။ အာဏာရှင်တွေက ပြည်သူတွေကို မဆန့်ကျင် မပုန်ကန်နိုင်အောင် ငြိမ်ဝပ်ပိပြားအောင် လုပ်တာကို ငြိမ်းချမ်းရေးရအောင် လုပ်တာလို့ ဆိုတတ်ကြသကိုး။ ကျမတို့က အဲဒီလို"ငြိမ်းချမ်းရေး"မျိုးကို အနှောက်အယှက် ပေးချင်ကြတာပါ။
"ကျမတို့ မြန်မာပြည်သူတွေရဲ့ လက်ရှိနွေဦးတော်လှန်ရေးဟာ ကျမတို့ ဆန့်ကျင်ပုန်ကန်နိုင်စွမ်းကို ပြသကြဖို့ မဟုတ်ရပါဘူး။ ကျမတို့ရဲ့ ဆုံးရှုံးသွားတဲ့ရပိုင်ခွင့်တွေကို ပြန်လည်အရယူချင်လို့ပါ။လာမယ့် နိုဝင်ဘာလလယ် ဖိလစ်ပိုင်မှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပတဲ့အခါ မြန်မာက စစ်ခေါင်းဆောင်ကို တက်ခွင့်ပေးပြီး စစ်အာဏာရှင်စနစ်ကို လက်
ခံတဲ့သဘော၊ ပုံမှန် ဘာမှ မဖြစ်သလိုသဘောမျိုး မပြသကြဖို့ ဩစတြေလျကအစိုးရအနေနဲ့ရော လူထုအနေနဲ့ပါ အာဆီယံနိုင်ငံတွေကို ထောက်ပြပြောဆိုကြဖို့ လိုပါတယ်။ လာမယ့် နိုဝင်ဘာ ၇ ရက်မှာတော့ ဆစ်ဒနီက မြန်မာကွန်မြူနတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်း
သားအားလုံး လွတ်မြောက်ရေးအတွက် စု
ပေါင်းတောင်းဆိုကြမှာပါ။ အဲဒီမှာလည်း လာရောက်ပူးပေါင်းပေးကြပါ။ နိုင်ငံရေးအကျဉ်း
သားတွေရဲ့ အခြေအနေကို ကျမဟာ ကိုယ်ချင်းစာစွာနဲ့ စိုးရိမ်ပူပန်နေပါတယ်။
"မနေ့ညက ဒီမှာ Halloween day ကျင်းပကြတော့ ကျမ ခေါင်းထဲကို ဝါကျတစ်ကြောင်း ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေ
အနေဟာ ၂၀၂၁ ဖေဖော်ဝါရီကတည်းက နေ့စဉ် ညစဉ်နဲ့အမျှ သေဆုံးသူများနဲ့ ရှင်ကျန်သူများကြားက နယ်နမိတ်ဆိုတာ ဝေဝါးသွားလောက်အောင် ဖြစ်နေပါတယ်လို့ ကမ္ဘာကို သိစေချင်ပါတယ်။ ကျမတို့ရဲ့ အသံကို ကြားပေးကြပါ။တကယ်တော့ ကျမတို့က အော်ပြီး ပြောနေကြတာမို့ ကျမတို့ရဲ့ အော်သံကို ကြားပေးကြပါ။ ကျေးဇူးတင်ပါတယ်။”
ကျမ ယူလာတဲ့ ပုဝါပေါ်က ပန်းချီကျော် အက်ဒ်ဒွပ်မန့်ချ်ရဲ့ “အော်သံ”ပန်းချီကို ဖြန့်ပြပြီး စကားပြောစင်ကလေးကနေ ဆင်းလာခဲ့ပါတယ်။ လူနှစ်ရာနီးပါးလောက်တောင် တက်ရောက်တဲ့ ဒီပွဲလေးက ကျမတို့ရဲ့ အော်သံကို ကမ္ဘာကြီးက ကြားပေးကြမယ်လို့ တကယ်ပဲ မျှော်လင့်နေမိပါတယ်။

👍30❤7🖕2🔥1
ကရင်နီပြည်မှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေ နေရာရွှေ့ပြောင်းရ
နို၀င်ဘာ-၆၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်မှာ စစ်တပ်ရဲ့ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်းနေကြရတယ်လို့ စစ်ရှောင်အရေးကူညီသူတချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့နေရာတွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ လုံခြုံမယ်ထင်တဲ့နေရာတွေကို ထပ်မံရွှေ့ပြောင်းနေရကြရတာလို့ ဆိုပါတယ်။
"မိသားစုလိုက် ထပ်ပြီး ရွှေ့နေကြရတဲ့သူတွေထဲမှာ စားနပ်ရိက္ခာ မလုံလောက်ကြတာတွေများတယ်။ဒါတွေအတွက် သူတို့ရှိတဲ့နေရာထိ ကျွန်တော်တို့သွားကူရတာတွေ ရှိတယ်"လို့ ကရင်နီပြည်နယ်က လင်းလက်စစ်ဘေးရှောင်အရေးကူညီရေးအသင်းအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
တိုက်ပွဲမဖြစ်တဲ့နေရာတွေကို စစ်တပ်ရဲ့ ဗုံးကြဲသတ် ဖြတ်မှုတွေက နေ့စဉ်ရှိနေပြီး ကလေးငယ်တွေပါသေဆုံးမှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
"စစ်ရှောင်ရတဲ့ကာလ ကလည်းကြာလာသလို အခုနောက်ပိုင်း စားနပ်ရိက္ခာအခက်အခဲက ပိုများလာတယ်"လို့ ကရင်နီပြည်နယ်စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်က အောက်တိုဘာ ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းစာသင်းကျောင်းက ကျောင်းသား ၃ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင် စစ်တပ်ရဲ့ လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူ ၂ သိန်းကျော်ပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ၂၀၂၆ ဩဂုတ်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က သူတို့ရဲ့အုပ်ချုပ်မှုနယ်မြေအတွင်း ပြည်သူတွေ ပြန်လာအောင် အရပ်သားတွေကို အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လက်တလောမှာ စစ်တပ်က လွိုင်ကော်မြို့ကို အခြေပြုပြီးအုပ်ချုပ်ရေး ယန္တရားကိုလည်ပတ်နေပေမယ့် ဒေသခံပြည်သူအနည်းစုသာပြန်လည်၀င်ရောက်ပြီး အများစုက စစ်တပ်မိသားစု၀င်တွေနဲ့ သူတို့ကိုထောက်ခံသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

😢16🔥9❤2🤬2🤣2😁1
အောင်လအန်ဆန်ရဲ့ Python MMA ကလပ် သွားလည်ပတ်ရင်း လေ့ကျင့်နေတဲ့ ဂျိုရှုအာဗန်
နိုဝင်ဘာ ၆ ၊၂၀၂၆။သုည/Peoples Spring
UFC ရဲ့ ဖလိုင်းဝိတ်တန်း လက်ရှိချန်ပီယံ ဂျိုရှုအာဗန်ဟာ One Championship ရဲ့ ချန်ပီယံဟောင်း အောင်လအန်ဆန်ရဲ့ Python MMA ကလပ်ကို သွားရောက်လည်ပတ်ရင်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အောင်လအန်ဆန်ရဲ့ Python MMA ကလပ်ဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဂျိုရှုအာဗန်ဟာ အောင်လအန်ဆန်၊ ချင်းတိုင်းရင်းသား တီရယ်ထန်၊ အီရတ်လူမျိုး ဖိုက်တာ အာမက်ခါလစ် တို့နဲ့အတူ နည်းစနစ်ပိုင်း မျှဝေရင်း အတူတူလေ့ကျင့်ခဲ့တာလည်း မြင်တွေ့ရပါတယ်။
UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ တတိယမြောက် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လာမယ့် ၂၀၂၇ ဇန်နဝါရီ ၃၁ ရက်မှာ ပေါ်တူဂီဖိုက်တာ မာနယ်ကပ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ် လို့ UFC က ထုတ်ပြန်ထားပါတယ်။
ပခုံးဒဏ်ရာက ပြန်လည်သက်သာလာတဲ့ ဗန်ဟာ မာနယ်ကပ်နဲ့ ထိုးသတ်မယ့် ချန်ပီယံကာကွယ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။
ဂျိုရှူအာဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၇ရက်က ကျင်းပခဲ့တဲ့ UFC 232 ပြိုင်ပွဲမှာ ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာကို အနိုင်ယူပြီး ချန်ပီယံသစ် ဖြစ်ခဲ့ပြီးနောက် ချန်ပီယံကာကွယ်ပွဲ နှစ်ကြိမ်ထိုးသတ်ရာ စိန်ခေါ်သူ တက်ဆူရိုနဲ့ ပန်တိုဂျာတို့ကို အနိုင်ရကာ နှစ်ကြိမ်တိုင် ချန်ပီယံခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့ပါတယ်။
ရုပ်သံ - Aung La Nsang instagram
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #အောင်လအန်ဆန် #ဂျိုရှုအာဗန် #PythonMMA #MMAလေ့ကျင့်မှု #မြန်မာဖိုက်တာများ #ကစားသမားများ #အားကစားသတင်း #AungLaNsang #JoshuaVan #PythonMMAClub #MMATraining #MyanmarFighters #Athletes #SportsNews

👍25❤7🔥1👌1
မော်လူးမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်
အိမ်သွင်/People's Spring
စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးဒီနေ့မနက်ပိုင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေ
ကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တာတွေပိုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"ပေါက်ကွဲသံတွေ၊ လေယာဉ်သံတွေက အ
ဆက်မပြတ်ပဲ။လက်နက်ကြီးက မြို့ထဲကနေပစ်နေတာ။ပိတ်မိနေတဲ့ကားတွေလည်း အ
ဆင်ပြေသလို နေကြရတယ်" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မန္တလေး -မြစ်ကြီးနားလမ်းအတိုင်း တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။
မော်လူးမြို့အနီးဝန်းကျင်ကို စစ်တပ်ကနိုဝင်
ဘာလ ၃ရက်နေ့ကစပြီးဗုံးကြဲနေတာပါ။ စစ်တပ်ကနိုဝင်ဘာလ ၅ရက်မှာ ဗုံးကြဲတာမှာ ကားတစ်စီးမီးလောင်သလို စာသင်ကျောင်းကို ဒရုန်းဗုံးချလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေ
ကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းကြဖို့အင်းတော်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းက ကသာ - ထီးချိုင့် အမှတ် ( ၃ ) ကားလမ်း၊ ကသာ - မော်လူး ကားလမ်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းမှာဖြစ်လို့ နိုဝင်ဘာလ၅ရက်ကစပြီး ခရီးသွားပြည်သူတွေ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ ကသာခရိုင် အမှတ် ( ၁ ) တပ်ရင်းကလည်း သတိပေးထားပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်မှာ တိုက်
ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လမှာ မန္တလေးထီးချိုင့်- အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေ
ကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီးစစ်
ကြောင်းတွေဝင်ရောက်လာပြီးစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
၂၀၂၅ မေလအတွင်းကတိုက်ပွဲတွေမှာလည်း မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်း တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်တပ်အထိနာခဲ့ပါတယ်။

🤬21👍5🔥4❤3👏1
လှည်းတန်းမှာ ဆိုင်ရှေ့ဖုန်းပြောနေတဲ့လူငယ်ကို ကားနဲ့ ရောက်လာသူတွေက ဖမ်းဆီးဖို့ ကြိုးပမ်း
နိုဝင်ဘာ ၆၊ ၂၀၂၆။ဟာနာဆန်/People's Spring
ရန်ကုန်မြို့၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ဆိုင်ရှေ့ ဖုန်းပြောနေတဲ့ ဆိုင်ဝန်ထမ်းကို ကားနဲ့ ရောက်ရှိလာသူတွေက ပေါ်တာဆွဲ ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။
ကမာရွတ်မြို့နယ်၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက ညဘက် ဆိုင်ရှေ့ဖုန်းထွက်ပြောနေတဲ့ ဝန်ထမ်းအမျိုးသားငယ် ၁ဦးကို ပေါ်တာဆွဲသူတွေလို့ ယူဆရတဲ့ လူတစ်စုက ကားနဲ့ ရောက်ရှိလာပြီး ဓားကိုင်ကာ လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းရုပ်သံကို ဆိုင်ရှင်ဖြစ်သူက ၎င်းရဲ့ TikTok လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်မျှဝေထားတာဖြစ်ပါတယ်။
ဖြစ်စဥ်မှာ ညဘက် ဆိုင်ဝန်ထမ်းအမျိုးသားငယ်ဟာ ဆိုင်ရှေ့ ထွက်ပြီး ဖုန်းပြောနေစဥ် ကား ၁စီး ရောက်ရှိလာပြီး မရပ်မီကပင် အော်ဟစ်ဆဲဆိုခဲ့ကြောင်း၊ ဆိုင်ဝန်ထမ်းငယ်မှာ အန္တရာယ်ရှိတာကို ရိပ်မိပြီး ဆိုင်အတွင်းသို့ အမြန်ဝင်ရောက်ပြေးလွှားနိုင်ခဲ့ပြီး ကားပေါ်မှ ဆင်းလာသူမှာ လက်ထဲ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ဆိုင်ရှေ့အထိ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရပါတယ်။
"ယောကျာ်းလေးတွေ ညဘက်မှာ ကိုယ့်ဆိုင်ရှေ့ပေမဲ့၊ ကိုယ့်အိမ်ရှေ့ပေမဲ့ ထွက်ထိုင်တာက အန္တရာယ်များလာတယ်။ ဒီမှာကြည့် ကျမဆိုင်ရှေ့မှာ ကျမဆိုင်က ဝန်ထမ်းက ထွက်ပြီးတော့ ဖုန်းပြောနေတာ။ အဲဒီအချိန်မှာ ကားတစ်စီးနဲ့ ရောက်ချလာပြီး ကားမရပ်ခင်ကတည်းက အော်ဆဲလာတော့ ကလေးက သိသွားတော့ ဝင်ပြေးလိုက်တယ် ဆိူင်ထဲကို။ သူက ဆိုင်အထိ ဓါးကြီးနဲ့ လိုက်လာတာနော်။ လက်ထဲမှာ ဓါးပါတယ်။ ကိုယ့်ဆိုင်ဖြစ်နေလို့ပေါ့။ လမ်းဘေးမှာသွားနေတဲ့ ကလေးတွေသာဆို ဘယ်လိုလုပ်မလဲ"လို့ဆိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှာ သတိပေး ပြောထားပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ရန်ကုန်မြို့ နေရာအချို့မှာ ညဘက်လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။
"အရင်က လှည်းတန်းမှာနေတုန်းကဆိုရင် လှိုင်သာယာ အဝေးပြေးနားမှာ ဆွဲခံရဖူးတယ်။ အဲဒီတုန်းက ကျောင်းသားပါဆိုပြီး ကျောင်းသားကတ်တွေပါ ပြလိုက်ရလို့ လွတ်လာတာ။ အားလုံး လက်တွေ့မှာ ဂရုစိုက်ကြပါ"လို့ အဆိုပါ လှည်းတန်းဖြစ်စဥ်ရုပ်သံအောက်မှာ မှတ်ချက်ပြု ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် ညကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဂွဈေးအနီးမှာ လူငယ် ၁ဦးကို စစ်အုပ်စုက ကား ၂စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရုပ်သံမှတ်တမ်းပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ရုပ်သံဖိုင်မှာ ကားပေါ်အသင်းဆွဲတင်ခံနေရတဲ့လူငယ်လေးကအော်ဟစ်ငြင်းဆန်နေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လှည်းတန်း #ကမာရွတ် #ရန်ကုန် #ပေါ်တာဆွဲမှု #မတရားဖမ်းဆီးမှု #စစ်မှုထမ်းဥပဒေ #လူငယ်များ #စစ်ကောင်စီ #မြန်မာ့သတင်း #Hledan #Kamayut #Yangon #ForcedConscription #IllegalArrest #MilitaryDraft #MyanmarYouths #Junta #MyanmarNews

👍19❤5👎3🤬3🔥2🤮1
တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲပြီး စစ်တပ်က ပြည်သူ ၃ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ မတရားချမှတ်
နို၀င်ဘာ-၆၊၂၀၂၆။မိုမို/People's Spring
တော်လှန်ရေးတပ်ဖွဲ့တွေထံ သတင်းပေးပို့တယ်လို့ စွပ်စွဲခံရတဲ့ ပြည်သူ ၃ဦးကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ် ၃၄ နှစ်ကနေ ၅၄ နှစ်အထိ အသီးသီး မတရားချမှတ်လိုက်ပါတယ်။
ရွှေဘိုမြို့နယ် ဘုရင်ကားဂိတ်က ဂိတ်မှူး နဲ့ စာရေးမ ၂ ဦဟာ စစ်တပ်နဲ့ စစ်တပ်မိသားစု၀င်တွေရဲ့ ခရီးစဉ်သတင်းကို တော်လှန်ရေးတပ်တွေထံ ပေးပိုံတယ်ဆိုပြီး အခုနှစ် ဩဂုတ် တတိယပတ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီ စွပ်စွဲချက်နဲ့ စစ်တပ်ရဲ့စစ်ခုံရုံးက ဂိတ်မှူး ကိုဇေယျာ၀င်းကို ထောင်ဒဏ် ၅၄ နှစ်၊မသိမ့်သိမ့်သူနဲ့ မအေးမြင့်ဆွေတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ မတရား အမိန့်ချလိုက်တာလို့ သိရပါတယ်။
"ယာဉ်ပေါ်မှာ ဘယ်သူတွေ လိုက်လာတယ်ဆိုတာ သတင်းပေးတယ်ဆိုပြီး ဖမ်းခံရတာ။ထောင်ချတာ နမခ(မုံရွာ)မှာ သိရတယ်"လို့ ဘုရင်ကားဂိတ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ထောင်ချခံရတဲ့ ပြည်သူ ၃ဦးနဲ့ပတ်သက်လို့လည်း စစ်တပ်ဝါဒဖြန့်သူတချို့ရဲ့ တယ်လီဂရမ်အကောင့်တွေမှာ ဒီကနေ့ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး ပြည်သူ ၃သောင်းထက်မနည်း ဖမ်းဆီးခဲ့ပြီး တသက်တကျွန်းထောင်ချခံရသူတွေရှိသလို သေဒဏ်ပေးခံရသူတချို့လည်း ရှိပါတယ်။
မနေ့က ထောင်ချခဲ့ရသူတွေနဲ့ ဆက်စပ်တဲ့ ဘုရင်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးယာဥ်လိုင်းက ရန်ကုန်- မန္တလေး - ရွှေဘိုမြို့ကို အဓိကပြေးဆွဲနေတဲ့ ယာဉ်လိုင်းလို့ သိရပါတယ်။
ရွှေဘိုမြို့အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အမှတ်(၄၂)ခြေလျင်တပ်ရင်း ၊ အမှတ်(၈)လေ့ကျင့်ရေးတပ်နဲ့ အမှတ်(၂)ထောက်ပို့တပ်တွေ ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကစလို့ စစ်တပ်ဟာ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း စိုးမိုးဖို့ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုတွေရှိခဲ့ပါတယ်။

🤬27❤6👎4🔥4👏3🤮2😁1
တောင်ကိုရီးယားရောက် EPS လုပ်သားတွေကို ၂၅ရာခိုင်နှုန်းငွေမလွှဲရင် အရေးယူမယ်လို့ စစ်အုပ်စု ခြိမ်းခြောက်
နို၀င်ဘာ-၆၊၂၀၂၆။မီးအိမ်/People's Spring
တောင်ကိုရီးယားနိုင်ငံကို EPSစနစ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေကို မိသားစုထံလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့တာ မလုပ်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။
စစ်တပ်လက်အောက်ခံအလုပ်သမားညွန်ကြားရေးဦးစီးဌာနက ပြည်ပရောက်နိုင်ငံအသီးသီးကအလုပ်သမားတွေကိုလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲပို့ဖို့နဲ့ ဝင်ငွေခွန်၂ရာခိုင်နှုန်းပေးသွင်းဖို့ ဖိအားပေးတာတွေ ပိုလုပ်လာနေတာဖြစ်ပါတယ်။ဒါပေမယ့် တောင်ကိုရီးယားနိုင်ငံရောက် EPS လုပ်သားတွေကို အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။
"ကိုရီးယားက သူတို့နိုင်ငံရောက် စစ်အုပ်စုအန္တရာယ်ကျနိုင်တဲ့မြန်မာတွေကိုအကာအ
ကွယ်ပေးထားတော့ အပျော့နည်းနဲ့မပြောပဲ ပြင်းပြင်းထန်ထန်အာဏာရှင် အမိန့်သုံးပြီး ခြိမ်းခြောက်ပြတာလို့မြင်တယ် "လို့ ဘူဆန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ တရားဝင်မဟုတ်တဲ့ ဟွန်ဒီကနေငွေလွှဲရင် ထောင်ဒဏ် ၃နှစ်အထိချနိုင်ပြီး လွှဲပို့ငွေပမာဏအပေါ်မူတည်ကာ ဝမ်သန်း ၃၀၀ အထိ ပြစ်ဒဏ်ချမှတ်နိုင်သလို ပြည်နှင်ဒဏ်ပါ ပေးခံရနိူင်တယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ပါတယ်။
ဒါပေမယ့် ကိုရီးယားရောက်လုပ်သားအများစုက စစ်အုပ်စုရဲ့အမိန့်ကို မလိုက်နာပဲဆန့်ကျင်ကြတယ်လို့မြန်မာလုပ်သားတွေက ပြော
ပါတယ်။
" သူတို့ရွေးကောက်ပွဲမှာ မဲပေးတဲ့သူအခြေအ
နေပြန်ကြည့်လေ။သိပ်ကြာသေးတာမဟုတ်ဘူး။ ဒါကသူတို့ပြောတာကိုနားထောင်မယ်ထင်လို့လား မပြောတတ်ဘူး "လို့ နွေဦးတော်လှန်ရေးထောက်ပို့လုပ်နေသူတစ်ဦးက ပြောပါတယ်။
ဆိုးလ်မြို့က စစ်တပ်သံရုံးမှာ အာဏာသိမ်းကာလအတွင်း ကိုရီးယားကနေ နွေဦးတော်
လှန်ရေးလုပ်နေသူတွေကို စောင့်ကြည့်မှတ်
သားကာအမည်ပျက်စာရင်းသွင်းတာ၊ စာရင်း
ထဲပါသူတွေပြည်တွင်းပြန်ဝင်ရင် လေဆိပ်မှာ စောင့်ဖမ်းနိုင်အောင်စာရင်းပို့ထားတာမျိုးတွေရှိခဲ့တယ်လို့ အဝေးရောက်တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
စစ်အုပ်စုက တခြားပြည်ပရောက်မြန်မာလုပ်သားတွေကိုလည်း သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရင် အနီးစပ်ဆုံး ၃လစာ အခွန်ဆောင်ဖို့ဖိအားပေးထားသလို ပြည်တွင်းခွင့်နဲ့ပြန်ဝင်လာပြီးလို့ ပြန်ထွက်မယ့်သူတွေကိုလည်း လွှဲပို့ငွေနဲ့ အခွန်ဆောင်ထားတဲ့အထောက်အထားပြနိုင်သူကိုသာ ပြန်ထွက်
ခွင့်ပေးမယ်လို့ ဖိအားပေးအကြပ်ကိုင်တာတွေကိုလည်း လုပ်ထားပါတယ်။

🤣29❤7🤬5👎3🤮3👏2😁2
စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ မြန်မာသံအမတ်ကြီး ပြော
▪️ICJ ရဲ့တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်၊ စီရင်ချက်ကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ပါလိုအပ်
နိုဝင်ဘာ-၆၊ ၂၀၂၆။ People’s Spring
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်း အစီအစဥ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီမှာ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂတရားရုံးလည်းဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ လာမယ့် နိုဝင်ဘာ ၁၉ရက်မှာ ရုံးတော်က စီရင်ချက်ချမှတ်ဖို့ သတ်မှတ်လျာထားတဲ့အပေါ် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း နိုင်ငံတကာတရားမျှတရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်ထားရှိမှုကို အစဉ်တစိုက် ထုတ်ဖော်ပြသခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ NUG ဟာ ICJ ရဲ့ စီရင်ချက်တွေကို လက်ခံကာ ပဏာမကန့်ကွက်ချက်တွေအားလုံးကိုလည်း ရုပ်သိမ်းခဲ့ပြီး ရုံးတော်ရဲ့အမိန့်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။
ဂမ်ဘီယာနဲ့ မြန်မာအမှုကိစ္စအပေါ် ICJ က စီရင်ဆုံးဖြတ်တဲ့အခါမှာ ရိုဟင်ဂျာများနဲ့ မြန်မာပြည်သူတရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ဖို့ လေးလေးနက်နက် မျှော်လင့်ထားကြောင်းနဲ့ အဲဒီလို ဆောင်ကြဥ်းနိုင်မှသာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအမှုကိစ္စမှာ တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက အဲဒီစီရင်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြဆွေးနွေးပါတယ်။
ICJရဲ့ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်းဟာ ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ အလားတူ နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေဖို့ တားဆီးရာမှာ အဓိကသော့ချက် ဖြစ်လာမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော် အရေးယူဖို့ ပျက်ကွက်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံတဝန်းမှာ အချိန်နဲ့အမျှ လက်တွေ့ မြင်တွေ့ ခံစားနေရကြောင်း သံအမတ်ကြီးက ဆက်ပြောပါတယ်။
စစ်အုပ်စု တရားမဝင်စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း စစ်အုပ်စုဟာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများနဲ့ ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းများကို ထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ အစီရင်ခံပါတယ်။
စစ်အုပ်စုဟာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကိုလည်း စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆက်လက်တင်ပြပါတယ်။
အလားတူ စစ်အုပ်စုဟာ ပြည်သူများ အကြောက်တရား စိုးမိုးစေဖို့နဲ့ ပြည်သူများကို ဖိနှိပ်ဖို့ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ကြောရေးစခန်းများမှာ ဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့စီရင်ကွပ်မျက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိသော နည်းဗျူဟာများအဖြစ် တစိုက်မတ်မတ်အသုံးချခဲ့ကြောင်းလည်း သံအမတ်ကြီး ကုလအစည်းအဝေးမှာ ပြောပါတယ်။
ဒါကြောင့် စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို အပြီးတိုင် ရပ်တန့်နိုင်ဖို့နဲ့ တရားမျှတမှုအပေါ် ထားအပ်သော ကတိကဝတ်များကို ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် စစ်အုပ်စုဆီ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းနဲ့ ငွေကြေး ထောက်ပံ့နေမှုတို့ကို ဖြတ်တောက်ဖို့လည်း သံအမတ်ကြီးက တောင်းဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေးတစုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းတင်သွင်းပေးဖို့ သံအမတ်ကြီးက ထပ်မံတောင်းဆိုပါတယ်။

❤31🥰4👍2👏2🤮1🖕1
မြန်မာစစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာကနေ အပြီးတိုင် ချုပ်ငြိမ်းဖို့လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ မဖြစ်မနေ ထွန်းကားရမှာ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
❤30👏3🥰2👍1🤮1🖕1