People's Spring
✔
58.3K subscribers
74K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - လက်ပံတောင်းတောင်ပင်မသပိတ်
❤29🥰7👏4🔥2🤮1🖕1
လှိုင်သာယာမှ ကျားဖြန့်တွေ စစ်အုပ်စုကိုတိုင်​ပေမယ့်မဖမ်းဘဲအကာအကွယ်​ပေး​နေဟုပြည်သူ​တွေ​ပြော

နိုဝင်ဘာ-၂၇၊၂၀၂၆။မိထက်/People's Spring

လှိုင်သာယာမြို့နယ်ထဲကဟိုတယ်တွေအပါ
အဝင် အဆောက်အအုံတွေမှာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတာကို သတင်းပေးပေမယ့် စစ်ကောင်စီက အရေးမယူဘဲ အကာအကွယ်ပေးထားတယ်လို့ စစ်
တပ်ခန့်အုပ်ချုပ်ရေးမှူးအချိုနဲ့ဒေသခံတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းအများအပြားရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ကျားဖြန့်ငွေလိမ်ဂိုဏ်း ရောက်ရှိလာပြီး အခုအခါမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလို့ ၎င်းတို့ကပြောပါတယ်။

"ကျွန်တော်တို့ သတင်းပေးပေမယ့် မြို့နယ်နဲ့ခရိုင်အဆင့်က အရေးမယူဘူးဗျ။ ကျနော်တို့ကလည်းအမိန့်အတိုင်းလုပ်ရတာ။ သူတို့(မြို့
နယ်နဲ့ခရိုင်အဆင့် ထွေအုပ်)ကမကြိုက်ရင် ကျွန်​​တော်တို့ကိုပြန်ပြီး ဒုက္ခပေးချမှာ။ လှိုင်သာယာထဲမှာက ကျားဖြန့်တွေအများကြီးရှိတယ်"လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ဒီနိုဝင်ဘာလ၂၇ရက်နေ့မနက်ပိုင်းမှာပြောပါတယ်။

လှိုင်သာယာမြို့နယ်ကို ဖြတ်သွားတဲ့ ရန်ကုန်
-ပုသိမ်လမ်းမကြီးနဲ့ ရွှေပြည်သာမြို့နယ်၊ တွံတေးမြို့နယ်တွေနဲ့ချိတ်ဆက်ထားတဲ့ လမ်း
မတန်းတွေအပြင် အတွင်းပိုင်းလမ်းတွေမှာ တရုတ်နိုင်ငံသားပိုင်ဟိုတယ်နဲ့အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တွေ အများအပြားရှိနေပါတယ်။ဟိုတယ်နဲ့ အဆောက်
အအုံတွေမှာ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေတဲ့သံသယတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကျွန်​တော်တို့တွေက လူစိမ်းလား လူကျက်လား သိတယ်။ ‌ကျားဖြန့်လုပ်သူတွေကို ကောင်းကောင်းသိတာပေါ့။ ဟိုတယ်တွေကိုဝင်စစ်ကြည့်လိုက်ဗျာ။ တစ်ရက်မစစ်ရဘူးတွေ့လိမ့်မယ်"လို့ လှိုင်သာယာမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဒေသခံတွေရဲ့အကူအညီနဲ့ လှိုင်သာယာမြို့နယ်ထဲက ဟိုတယ်အချို့ကို People's Spring က ‌စုံစမ်းရာမှာလည်း တည်းခိုခကို ‌ပုံမှန်ထက် နှစ်ဆနီးပါး သတ်မှတ်ထားသလို အမြဲလိုလို လူပြည့်နေတယ်လို့သာ ဖြေကြားကြပါတယ်။ အဲ့ဒီအခြေအနေ​တွေ​ကြောင့် ဒေသ
ခံတွေကပိုပြီးသံသယရှိနေကြပါတယ်။

"ဆီဒိုးနားဟိုတယ်လို ဈေးယူထားတာဗျ။ ရန်ကုန်ထဲက three star ဟိုတယ်တောင် ၁ သိန်းခွဲလောက်ဆိုတည်းလို့ရပေမယ့် လှိုင်သာယာက ဟိုတယ်တွေကတော့ ၂သိန်းခွဲလောက် သတ်မှတ်ထားတယ်။သဘောကတော့အ
ပြင်လူအဝင်မခံချင်လို့ပေါ့ဗျာ။ အခန်းပြတ်တွေ ပေးထားပြီး ကျားဖြန့်လုပ်နေတယ်လို့ပဲထင်တယ်"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

လှိုင်သာယာမြို့ဟာအင်းစိန်၊ မရမ်းကုန်း၊ လှိုင်မြို့နယ်၊ တွံတေးမြို့နယ်၊ထန်းတပင်မြို့နယ်တွေနဲ့ဆက်စပ်နေပါတယ်။စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းပြီးနောက်ပိုင်းလှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တွေကို ရှင်း
လင်းပြီး အစိုးရဌာနဆိုင်ရာရုံးတွေ ဆောက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတွေလည်း ပိုများလာတာပါ။

၂၀၂၆ ခုနှစ် မေလမှာ အာဏာသိမ်းခေါင်း
ဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လှိုင်သာယာမြို့ကို လာရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ ကျားဖြန့်လုပ်ငန်းတွေရှိနေပေမယ့် လုံးဝမပြောဘဲ မြို့ဖွံ့ဖြိုးအောင်လုပ်ဖို့ မှာသွားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငန်းတွေအများအ
ပြားရှိတဲ့ လှိုင်သာယာမှာ ကျားဖြန့်လုပ်ငန်းတွေ ရှိနေကြောင်း သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ဖော်ပြနေပေမယ့် စစ်အုပ်စုကဖမ်းဆီးခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့ရက်အနည်းငယ်က မရမ်းကုန်းနဲ့ ရန်ကင်းမြို့နယ်ကအိမ်ယာတချို့ကိုစစ်အုပ်စုစီးနင်း
ခဲ့ပြီး ကျားဖြန့်လုပ်ကိုင်သူ ရာနှင့်ချီပြီး ဖမ်း
ဆီးခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေကို ဦးဆောင်လုက်ကိုင်နေသူတွေဟာ ရှမ်းမြောက် နဲ့ ကရင်ပြည်နယ်ရှိကျားဖြန့်လုပ်ငန်း​တွေက​ရွေ့​ပြောင်းလာတဲ့ တရုတ်နိုင်
ငံသားတွေဖြစ်ပြီး စစ်ကောင်စီအရာရှိ တွေက ငွေကြေးရယူကာကွယ်ပေးထားတာလို့ ​​ဒေသခံပြည်သူ​တွေက ​ပြောကြပါတယ်။

ဒါ့အပြင်မြန်မာ-ထိုင်းနယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေဟာ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ ရွှေ့ပြောင်းသွားပြီး တခြားလုပ်ငန်းတွေ ပုံစံမျိုး အသွင်ယူ လည်ပတ်နေတယ်လို့ လေ့လာစောင့်ကြည့်သူ အမေရိကန် ဥပဒေ ပညာရှင် တစ်ဦးက လည်းအခုရက်ပိုင်းမှာသတိပေးခဲ့ပါတယ်။

အမေရိကန် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်ပြီး ငွေကြေးလိမ်လည်မှုတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို စောင့်ကြည့်တဲ့ Operation Shamrockကို ထူထောင်ထားသူ အီရင်ဝက်စ်က ထိုင်း-မြန်မာ နယ်စပ်တလျှောက် နာမည်
ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖြန့် ခြံဝင်းတွေ ဖြိုချခံလိုက်ရပေမယ့်အဲဒီလုပ်ငန်းတွေ ရပ်ဆိုင်း
မသွားဘဲ မြန်မာနိုင်ငံ အတွင်းပိုင်းဆီ နေရာရွေ့သွားတယ်လို့ ပြောကြားခဲ့ပါတယ်။
👍13🥰11❤2👎2
လှိုင်သာယာမြို့နယ်အတွင်း သွားလာ​နေကြတဲ့ ယာဥ်​တွေ။ဓါတ်ပုံ-​ပေးပို့
👍24❤1👎1🌚1
ကောလင်းက ပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်ခဲ့တဲ့ တပ်မ၃၃ စစ်ကြောင်း မန္တလေးနန်းတွင်းထဲ ဝင်ရောက်

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ နေ့သစ်/People's Spring

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်တို့ကို စစ်ကြောင်းထိုးခဲ့တဲ့ တပ်မ၃၃ စစ်ကြောင်း မနေ့က ညပိုင်းမှာ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ- နန်းတွင်း)ထဲ ဝင်ရောက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

တပ်မ၃၃ စစ်ကြောင်းဟာ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းမှစတင်ကာ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက်ကတဆင့် ကောလင်းမြို့နယ်အရှေ့ခြမ်းကို ဝင်ခဲ့ပြီး ဒေသခံပြည်သူ ၁၇ဦးကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ကန့်ဘလူမြို့နယ်ကိုပါ ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၂၀ရက်က ၆၀၀၆တပ်ထဲကို ဝင်ရောက်ကာ ရဟတ်ယာဉ်တွေနဲ့ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်(တတက-၁၃)ထဲကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြန်ဝင်ခဲ့တာလို့ သိရပါတယ်။

တွင်းငယ်(တတက-၁၃)ကနေ စစ်ကားတွေ အဆက်မပြတ် မန္တလေးနဲ့ အသွားအပြန်လုပ်နေပြီး မနေ့က ညပိုင်းမှာ တပ်မ၃၃ ဘတ်တံဆိပ်ပါ စစ်ကားတွေ နန်းတွင်းကို ဝင်ရောက်လာတာလို့ သိရပါတယ်။

"ညက ၆စီး(နှစ်ကြိမ်)နဲ့ နောက်တကြိမ်က ဘယ်နှစီးလဲမသိဘူး။ သုံးကြိမ်ပြန်ဝင်ပါတယ်။ ကားတွေမှာ လူတော့ သိပ်မပါဘူး။ တချို့ကားတွေမှာ လူများတာလည်း တွေ့ရပေမယ့် ကားတိုင်းလူအပြည့် တော့မဟုတ်ဘူး"လို့ မျက်မြင် တွေ့သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ တပတ်ခန့်ကပဲ တတက-၁၃က သင်တန်းဆင်းထားတဲ့ စစ်မှုထမ်း (အပတ်စဉ်-၂၈)ကိုလည်း လပခ-နန်းတွင်းထဲ ပို့ထားတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ နန်းတွင်းထဲမှာ စုဖွဲ့မှုပြန်လုပ်နေတယ်လို့ သိရပြီး ဒီနေ့ မနက်ပိုင်းမှာ စဉ့်ကူးမြို့နယ်ကနေ မြောက်ဘက်ကို စစ်ကား ၁၆စီး ထပ်မံဖြတ်သန်းသွားတယ်လို့ သိရပါတယ်။
🤬28👍4❤2👎2👏1🎉1🤮1
🤬31🖕4❤1👍1👎1👏1🤩1🤮1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(နိုဝင်ဘာ ၂၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဆင်ပေါင်ဝဲမြို့နယ် စာသင်ကျောင်း စစ်တပ်ဗုံးကြဲမှု ကလေးငယ် ၃၀ကျော်အပါအဝင် အများအပြား သေဆုံး

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှာရှိတဲ့ အင်ရုံကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ အများအပြားသေဆုံးထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က နိုဝင်ဘာ ၂၆ရက် နေ့လယ်ပိုင်းမှာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သူ ၅၀ ထက်မနည်းရှိခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူအရေအတွက်များတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်တပ်က တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ သေဆုံးထိခိုက်အရေအတွက် အတိအကျ မသိရသေးဘဲ အလောင်းတွေ မကောက်ရဲဖြစ်နေတယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမတယောက်လည်းလက်ပြတ်သွားတယ်လို့ ဆိုပါတယ်။ ဒေသခံတစ်ဦးကတော့ စစ်တပ်ဟာ နိုဝင်ဘာ၂၆ရက် နေ့လယ်၂နာရီလောက်မှာ လေယာဥ်နဲ့ ဗုံးနှစ်လုံးကြဲချခဲ့လို့ ကလေး အယောက် ၃၀ အပါအဝင် သေဆုံးသူ ၄၀နီးပါးရှိတယ်လို့ ပြောပါတယ်။ ကျောင်းစာ သင်နေချိန်မှာ ရုတ်တရက်ဗုံးကြဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးထိခိုက်အရေအတွက်များပေမယ့် စစ်တပ်က ရွာထဲကသူတွေကို အပြင်ထွက်ခွင့်မပေးသလို အပြင်က လူမူကူညီရေးလုပ်သူတွေကို ဝင်ရောက် ကယ်ထုတ်ခွင့် မပေးဘူးလို့ အောင်လံခရိုင်က သတင်းရင်းမြစ်က ပြောပါတယ်။ အခြေအနေ အတော်ဆိုးနေပြီး ဆက်သွယ်ရေးလိုင်းတွေလည်း ဖြတ်ခံထားရတယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ဆေးဝါးကုသခွင့်မရတာကြောင့် စိုးရိမ်စရာဖြစ်ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှု မြန်မာနိုင်ငံက ကျူးလွန်ကြောင်း အမိန့်ချမှတ်အပြီး တစ်ပတ်ကျော်အကြာမှာပဲ စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ထပ်မံကျူးလွန်ပြတာလည်း ဖြစ်ပါတယ်။

◾️ကောလင်းမှာ အရပ်သား ၁၇ယောက်ထက်မနည်း သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်ရဲ့တပ်မ ၃၃စစ်ကြောင်းဟာ ဒေသခံပြည်သူ ၁၇ယောက်ထက်မနည်းကို သတ်ဖြတ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၄ရက် မနက်ပိုင်းကစလို့ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ မဲဇာဘက်ကတဆင့် ကောလင်းမြို့နယ်အရှေ့ခြမ်းကို စစ်တပ်စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဝင်လာကာ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။ စစ်ကြောင်းထိုး ဝင်ရောက်မှုများအတွင်း ကျေးရွာအချို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရကာ အရပ်သားပြည်သူနဲ့ စစ်ဘေးရှောင် ၁၇ယောက်ကျော်ကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများရှိခဲ့ကြောင်း ကောလင်းမြို့နယ်ပအဖက ထုတ်ပြန်ပါတယ်။ စစ်တပ်စစ်ကြောင်းဟာ ပြည်သူပိုင် ပစ္စည်းအများအပြားကိုလည်း အတင်းအဓမ္မ ယူငင်သွားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ ကောလင်းမြို့နယ်အရှေ့ခြမ်း ညောင်ပင်သာရွာက အမျိုးသမီးတစ်ယောက်အပါအဝင် ၄ယောက်၊ ဂွေ့ကုန်းမှာ ၃ယောက်နဲ့ ဥတုံးပင်ရွာ၊ တောင်ပုံရွာ၊ ညောင်ကုန်းရွာတို့က ပြည်သူတွေ သတ်ဖြတ်ခံထားရပြီး ‌‌ ဥတုံးပင်နဲ့ တောင်ပုံရွာတို့မှာ အလောင်းအများအပြားကို တွေ့ခဲ့ရတာလို့ သိရပါတယ်။ အခုထိလည်း ရွာတချို့မှာ စစ်ကြောင်းတွေရဲ့ အထိုင်စခန်းတွေရှိနေသေးပြီး ကားလမ်းတွေလည်းပြန်မဖွင့်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကြောင်းဟာ တွေ့သမျှပြည်သူ အကုန်သတ်သွားတယ်လို့ သူက ဆိုပါတယ်။

◾️မြန်မာအ​ပေါ် ICJစီရင်ချက်ကို လေးစားမယ်လို့ အင်ဒိုနီးရှားပြော

မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်ခဲ့တဲ့ စီရင်ချက်အပေါ် လေးစားလိုက်နာမယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။ နိုဝင်ဘာ ၁၉ ရက်က နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ပြစ်မှုထင်ရှားကြောင်း စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ဂျာကာတာမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗားဒ်နာဘီလ် မူလာချယ်လာက အင်ဒိုနီးရှားအစိုးရဟာ ICJရဲ့ စီရင်ချက်ကို လေးစားအသိအမှတ်ပြုကြောင်း ပြောကြားသွားပါတယ်။ ကုလသမဂ္ဂ (UN) လက်အောက်ခံ တရားရုံးရဲ့ ရပ်တည်မှုကိုရော၊ နိုင်ငံတကာ ဥပဒေတွေကိုပါ အင်ဒိုနီးရှား အနေနဲ့ ဆက်လက် လေးစားနေမှာ ဖြစ်တယ်လို့ သူက ဆက်​ပြောပါတယ်။ လောလောဆယ် အရေးအကြီးဆုံးကိစ္စဟာ ရိုဟင်ဂျာ ပြည်သူတွေရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို စောင့်ရှောက် ဖြည့်ဆည်းပေးဖို့၊ ပြီးတော့ ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ကြုံတွေ့နေသူတွေ အပါအဝင် မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

◾️ICJမှာ ဒေါ်အောင်ဆန်းစုကြည် လျှောက်လဲချက် စစ်တပ်ကို ကာကွယ်တာ မဟုတ်ဘူးလို့ သားဖြစ်သူပြော
👍16❤2🔥1🥰1👌1🤣1🖕1
ဒေါ်​အောင်ဆန်းစုကြည်အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံလျှောက်လဲပေးခဲ့တာဟာ စစ်တပ်ကို ကာကွယ်ဖို့ လုံးဝမဟုတ်ဘဲ သူ့မိခင်ရဲ့ ရည်ရွယ်ချက်ဟာ အရမ်းနုနယ်​တဲ့ နိုင်ငံ့ရဲ့ဒီမိုက​ရေစီကို ကာကွယ်ဖို့သာ ဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက ပြောပါတယ်။ Euronewsရဲ့ The World Conversation အစီအစဉ်မှာ ကိုထိန်လင်းက ၂၀၁၉ ခုနှစ်တုန်းက သူ့မိခင်ရဲ့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ခရီးစဉ်ဟာ စစ်တပ်ကို ကာကွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ကြောင်း စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်တဲ့ အင်အား ရှိခဲ့ကြောင်း၊ တကယ်လည်း ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ကိုထိန်လင်းက ဆက်​ပြောပါတယ်။ ICJ မှာ စတင်တရားစွဲဆိုခံရတဲအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး တရားစွဲဆိုခံရတဲ့ နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် သွားရောက် အမှုရင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

◾️ICJ စီရင်ချက်လက်မခံဖို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံတုဖန်တီးဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် ထွက်လာတယ်ဆိုကာ အသံတုနဲ့ဖန်တီးထားတဲ့ အသံဖိုင်ကို စစ်တပ်ဝါဒဖြန့် ချန်နယ်တွေမှာ နိုဝင်ဘာ ၂၇ရက်က ဖြန့်ဝေနေပါတယ်။ အဲဒီ အသံဖိုင်တုမှာ ICJ စီရင်ချက် လက်မခံဘဲ ညီညွတ်ရမယ် ၊ လက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းဘဲ ဆွေးနွေးဖြေရှင်းရမယ်စတာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတဲ့ပုံစံ အသံတုကို AI နည်းပညာနဲ့ အသုံးပြု ဖန်တီးဖြန့်ဝေနေတာလည်းဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းစစ်တပ်ဘက်က အသံဖိုင်တု ဖြန့်ဝေလာတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြန်လည်ရှင်းလင်းခဲ့ပြီး ပညာရှင်တွေရဲ့ အကူအညီနဲ့ အသံဖိုင်ကို စစ်ဆေးလေ့လာကြည့်ရာမှာ AI မှန်းမရိပ်မိအောင် သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်နေတာတွေ့ရကြောင်း အသိပေးပါတယ်။ အရင်ကလည်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံဖိုင် အသုံးပြု ဝါဒဖြန်ခဲ့တာမျိုးရှိပြီး ဒီတခါကတော့ အရင်လို အသံတုမျိုးမဟုတ်ဘဲ သေချာပြင်ဆင်ထားတဲ့ အသံဖိုင်ဖြစ်အောင် လုပ်ဆောင်ထားတာလို့ဆိုပါတယ်။ အသံဖိုင် အတု ၂ခု မှာ တစ်ခုက တီးလုံးပါပြီး နောက်တစ်ခုက တီးလုံး မပါကြောင်း ရှင်းပြပါတယ်။

◾️တပ်မဟာ(၉)ကို KNU တိုးချဲ့ဖွဲ့စည်း

ကရင်အမျိုးသားအစည်းအရုံး(KNU)က တပ်မဟာ အသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းလိုက်ပြီး တပ်မဟာ(၉)အဖြစ် အမည်ပေးထားကြောင်း KNU သတင်းရင်းမြစ်က ပြောပါတယ်။ KNU မှာ ခရိုင် ၇ခု၊ တပ်မဟာ ၇ခု ရှိရာ အခု အသစ်ဖွဲ့လိုက်တဲ့ တပ်မဟာ(၉)ကို KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)လက်အောက်ရှိ တပ်ရင်းအချို့၊ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆) လက်အောက်ရှိ တပ်ရင်းအချို့နဲ့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။ တပ်မဟာ(၈)တော့ မရှိသေးဘဲ နံပါတ်(၈) မကြိုက်လို့ နံပါတ်(၉) ထည့်လိုက်တာလို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ တပ်မဟာ(၉) ဖွဲ့ထားတာ သုံးလေးငါးလရှိပြီလို့လည်း သူက ရှင်းပြပါတယ်။ တပ်မဟာ(၉)ဟာ လတ်တလောမှာ KNU မြိတ်ထားဝယ်ခရိုင်အောက်က တပ်မဟာတခုအဖြစ် တည်ရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ ခရိုင်သစ်ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ ခရိုင်နဲ့ တပ်မဟာ အသစ်ထပ်မံတိုးချဲ့ဖို့ လျာထားတာ ရှိတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

◾️KTLA ရဲဘော် ၂၄ဦး လက်နက်တွေနဲ့ KNLAတပ်မဟာ(၉)ထံ အလင်းဝင်

ဗိုလ်စောထီးမူးဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင် ၂၄ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်မဟာ(၉) တပ်ရင်း(၁၂)ထံသို့ လက်နက်ချအလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၆ရက်မှာ ဗိုလ်စောထီးမူးနဲ့ KTLA တာဝန်ရှိသူတွေ၊ တပ်ခွဲ ၂ခု အပါအဝင် တပ်သား စုစုပေါင်း ၂၄ဦး ဟာ လက်နက် ၁၈လက်နဲ့အတူ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။ ဗိုလ်ကော်လာဖိုးရဲ့ KTLA ဟာ KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။

◾️ကျိုက်ထိုတိုက်ပွဲ စစ်တပ်မှဗိုလ်ကြီး အပါအဝင် ၂ဦးသေ၊ ၁ဦး ဖမ်းမိ
👍13👏3❤1🔥1🤣1🖕1
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းရွာအနီးဝန်းကျင် တိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိ အပါဝင် သေဆုံးမှု ရှိခဲ့ပြီး လက်နက်မျိုးစုံ ၁၀ လက်ထက်မနည်း၊ ခဲယမ်းတွေနဲ့ ကား၁စီး သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၇)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၀ရက်က နည်းဗျူဟာ ၃၇နဲ့ ကညှင်အိုင်ကျေးနယ်တို့ ပူးပေါင်းပြီး ပြောက်ကျား စစ်ဆင်မှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု မှတ်တမ်းတွေဖြစ်ကြောင်း သိမ်းရတဲ့ကား၊ စစ်တပ်က ဗိုလ်ကြီး ရဲ့ ရုပ်အလောင်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေရဲ့ မှတ်တမ်းကို ဖော်ပြထားတာပါ။ သေဆုံးခဲ့တဲ့ စစ်တပ်အရာရှိဟာ အမှတ်(၇၀၄) ခြေမြန်တပ်ရင်းက ဗိုလ်ကြီး ဇေယျာထက် ဖြစ်ပြီး အခြားတဦးလည်း သေဆုံးခဲ့ကြောင်း အသိပေးပါတယ်။ သိမ်းရတဲ့ကားနဲ့ လက်နက်မျိုးစုံ ၁၀လက်ထက်မနည်း နဲ့ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း မှတ်တမ်းပုံတွေနဲ့တကွ နိုဝင်ဘာ ၂၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

◾️မြင်းခြံက စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အေးရွာ(အေးမြသီတာရွာ)ရှိ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦး သေဆုံးပြီး သေနတ် ၁လက်သိမ်းဆည်းရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ၂၅ ရက်က မြင်းခြံမြို့ရဲ့ အနောက်တောင်ဘက် မြင်းခြံတက္ကသိုလ်အနီးရှိ အေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်သား ၆ဦး သေဆုံးကာ ရုပ်အလောင်း၄ လောင်းရခဲ့ပြီး သေနတ် ၁လက်သိမ်းယူနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်အားလုံး အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ စစ်သား အလောင်း၂လောင်း သယ်သွားတာကိုလည်း မြင်လိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

◾️စင်ကာပူအခြေစိုက် ပီဇာကုမ္ပဏီ Pezzo လည်း ပြန်လည်ထွက်ခွာ

စင်ကာပူနိုင်ငံအခြေစိုက် ပီဇာကုမ္ပဏီ Pezzo က မြန်မာမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ဒီနေ့ကစပြီး ပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။ ၂၀၂၆ နိုဝင်ဘာ ၂၇ ရက်ကစပြီး လှည်းတန်းဆိုင်ခွဲအပါအဝင် ဆိုင်ခွဲအားလုံးကို အပြီးတိုင် ပိတ်သိမ်းတော့မှာလို့ Pezzo Pizza Myanmar က လူမှုကွန်ယက်ကတဆင့် အသိပေးထားပါတယ်။ အဆုံးသတ်နှုတ်ဆက်ရတာဟာ အလွန်ပင်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းလှတယ်လို့ Pezzo Pizza Myanmar က အသိပေးပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၆ က မြန်မာနိုင်ငံကို ၀င်ရောက်ခဲ့တဲ့ Pezzo Pizza Myanmarရဲ့ ဆိုင်ခွဲတွေက လှည်းတန်းစင်တာ၊ မြေနီကုန်းစီးတီးမတ်နဲ့သာကေတ ကယ်ပီတယ်တွေမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မလေးရှားနိုင်ငံအခြေစိုက် ​ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌တော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

◾️လှိုင်သာယာမှ ကျားဖြန့်တွေကို စစ်အုပ်စု တိုင်​ပေမယ့် မဖမ်းဘဲအကာအကွယ်​ပေး​နေလို့ဆို

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက ဟိုတယ်တွေအပါအဝင် အဆောက်အအုံတွေမှာ အွန်လိုင်း​ငွေလိမ်လုပ်ငန်း(ကျားဖြန့်)ဂိုဏ်းတွေ ရှိနေတာကို သတင်းပေးပေမယ့် စစ်ကောင်စီက အရေးမယူဘဲ အကာအကွယ်ပေးထားတယ်လို့ စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးအချိုနဲ့ ဒေသခံတွေက ပြောပါတယ်။ တရုတ်နိုင်ငံသားပိုင်လုပ်ငန်းအများအပြားရှိနေတဲ့ လှိုင်သာယာမြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ကျားဖြန့်ငွေလိမ်ဂိုဏ်း ရောက်ရှိလာပြီး အခုအခါမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီလို့ သူတို့ကပြောပါတယ်။ လှိုင်သာယာမြို့နယ်ကို ဖြတ်သွားတဲ့ ရန်ကုန်-ပုသိမ်လမ်းမကြီးနဲ့ ရွှေပြည်သာမြို့နယ်၊ တွံတေးမြို့နယ်တွေနဲ့ချိတ်ဆက်ထားတဲ့ လမ်းမတန်းတွေအပြင် အတွင်းပိုင်းလမ်းတွေမှာ တရုတ်နိုင်ငံသားပိုင် ဟိုတယ်နဲ့ အိမ်ခြံမြေလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တွေ အများအပြားရှိနေပါတယ်။ ဟိုတယ်နဲ့ အဆောက်အအုံတွေမှာ ကျားဖြန့်လုပ်ငန်းလုပ်ဆောင်နေတဲ့သံသယတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

◾️မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန် ခဲယမ်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် မြန်မာ ၃ နှစ်ဆက်တိုက်ရပ်တည်
👍13❤4🖕2🔥1🤣1
မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန် ခဲယမ်း (UXO)တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် မြန်မာက ဆက်လက် ရပ်တည်နေကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ UXOကြောင့် ထိခိုက်သေဆုံးသူ ၁၈၉၁ ဦးထိ ရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အများဆုံးလို့ မြေမြှုပ်မိုင်း စောင့်ကြည့်မှု အစီရင်ခံစာ ၂၀၂၆ (Landmine Monitor 2026)ထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အခုလို စိတ်မချမ်းမြေ့စရာ စာရင်းအချက်အလက်မှာ မြန်မာရဲ့ ၃ နှစ်ဆက်တိုက် ဦးဆောင်မှု အနေနဲ့လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့ (ICBL)က ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ UXOကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ဟာ ၂၀၂၂ မှာ ၅၄၅ ဦး၊ ၂၀၂၃ မှာ ၁၀၀၃ ဦး၊ ၂၀၂၄ မှာ ၂၀၂၉ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၄ နဲ့ယှဉ်ရင် ၂၀၂၅ ခုနှစ်မှာ အရေအတွက် နည်းနည်း ကျသွားပေမယ့် ကမ္ဘာ့ဦးဆောင် နိုင်ငံဆိုတဲ့ မလိုလားချင်စရာ နေရာကနေတော့ အပြောင်းအလဲ မဖြစ်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုနောက်ပိုင်း အရှိန်မြင့်လာတဲ့ ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ဟာ စစ်စခန်းတွေ၊ ကင်းစခန်းတွေ၊ ဆက်သွယ်ရေး တာဝါတိုင်တွေ၊ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ ရေနံပိုက်လိုင်းတွေနားမှာ မိုင်းတွေ ထောင်ထားကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ တခြားတော်လှန်ရေး အင်အားစုတွေကလည်း မြေမြှုပ်မိုင်း အသုံးပြုမှုတွေ ရှိနေတာကို ICBLက မှတ်တမ်းတင်ထားပါတယ်။
👍13❤3🔥2🤣2
👍16🔥2❤1😁1🖕1
👍18👎1🔥1😁1🌚1