People's Spring
✔
58.3K subscribers
74K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍16🔥2❤1😁1🖕1
👍18👎1🔥1😁1🌚1
မော်လူးမြို့အနီးတိုက်ပွဲဆက်လက်ပြင်းထန်

■စစ်တပ်ကကားသမားတွေကိုပါလိုက်ပစ်ပြီး
လေ​ယာဥ်နဲ့ ဗုံးကြဲပစ်ကူ​ပေး​နေ

နိုဝင်ဘာ-၂၇၊၂၀၂၆။ကတ်သရင်း/People's Spring

စစ်ကိုင်းတိုင်း၊မော်လူးမြို့အနီးတိုက်ပွဲ ဆက်
လက်ပြင်းထန်နေပြီး စစ်တပ်က ကားသမား တွေကိုပါ လိုက်လံပစ်ခတ်​နေသလို စစ်တပ်ကလက်နက်ကြီးပစ်ခတ်လို့ လယ်သမားတဦးလည်းဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာလ၂၆ရက်နေ့ ၊​နေ့ခင်းပိုင်းကစပြီး မော်လူးမြို့ နဲ့ နန့်စီးအောင်ဂိတ်ကြားထဲမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ဆင်းလာတဲ့ ကားသမားတချို့ပါ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

"လိုက်အပစ်ခံရတာ။ကံကောင်းလို့ လွတ်လာတာ။ကားတွေထားပြီး ပြေးခဲ့ရတာ။ ဒီနေ့
(နိုဝင်ဘာ ၂၇)တော့ကချင်ပြည်နယ်ထဲကို ပြန်ရောက်ပါပြီ"လို့ယာဉ်မောင်းတဦးကပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်မှာတိုက်ပွဲဖြစ်ပြီး ညနေပိုင်းမှစကာ စစ်တပ်က နေ့ရောညပါ​လေ​ကြောင်းက​နေ ဗုံးကြဲတာ ၊ပစ်ကူ​ပေးတာတွေလုပ် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒါ့အပြင်နိုဝင်ဘာ၂၇ရက်၊မနက်ပိုင်းမှာ မော်လူးမြို့ရှိ တောင်ကျောင်း(ဘုန်းကြီး ကျောင်း)
ကို တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လယ်ကွင်းအတွင်း ကျပြီး လယ်ရိတ် နေတဲ့​ဒေသခံ​တောင်သူတဦးကိုထိမှန်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

"စီပိန်းဘက်မှာတိုက်ပွဲပြင်းနေတယ်လို့ကြားတယ်ဗျ။လေယာဉ်တွေကတော့အခုထိ ဆက်
တိုက်ကြဲနေတယ်"လို့ ဒေသခံတဦးက နိုဝင်ဘာ ၂၇ ရက်မှာပြောပါတယ်။

ဒီနေ့ည နေပိုင်းမှာလည်း ထပ်မံတိုက်ပွဲဖြစ် ပွားနေပြီး ည၈နာရီအထိလက်နက်ကြီး၊လက်
နက်ငယ်အသံ တွေဆူညံ နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။တိုက်ပွဲအ​ခြေအ​နေ ကို​တော့ မသိရ​သေးပါဘူး ။

နိုဝင်ဘာလ ၃ ရက်နေ့ကစပြီး မော်လူးမြို့အနီးတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု ၊ ဒရုန်း၊လေယာဉ်​တွေနဲ့ ဗုံးကြဲမှုတွေကြောင့် ဒေသခံ ၅ ဦးထပ်မနည်း သေဆုံးခဲ့သလို ကား​တွေလည်းမီး​လောင်ပျက်စီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။
👎17👍9❤6🤬6🔥2👏2😢2😁1
မော်လူးမြို့အနီးရှိ စက်သုံးဆီ​ရောင်းဝယ်တဲ့ခြံတခြံကိုစစ်တပ်က နိုဝင်ဘာလအတွင်းဗုံးကြဲပြီး​နောက်မီးလောင်နေစဥ်။ဓါတ်ပုံ-CJ
👎18🤬9😡9👍3🔥2👏2😁1🤮1
စစ်​ကောင်စီရာထူးကြီးပိုင်းထဲပထမဆုံး​သေ
နတ်နဲ့အပစ်ခံရတဲ့ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဒေါ်သန်းသန်းဆွေကိုချီးမြှင့်ထားတဲ့ဘွဲ့ သုံးခု မင်း​အောင်လှိုင် ပြန်ရုပ်သိမ်း

နိုဝင်ဘာ-၂၈၊၂၀၂၆။People's Spring

​စစ်ကောင်စီလက်အောက်မှာ ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါ်သန်းသန်းဆွေကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုကို မင်းအောင်လှိုင်က ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၆ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။

​ပြန်လည်ရုပ်သိမ်းခံရတဲ့ ဘွဲ့တွေကတော့ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့နဲ့ ဝဏ္ဏကျော်ထင်ဘွဲ့တို့ ဖြစ်ပါတယ်။ စည်သူဘွဲ့ဟာ အခုနှစ် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ကမှ သူ့ကို ချီးမြှင့်ထားတာ ဖြစ်ပါတယ်။ ဘွဲ့တွေကို ဘာကြောင့် ပြန်လည်ရုပ်သိမ်းရသလဲဆိုတဲ့ တရားဝင်အကြောင်းရင်းကိုတော့ မြန်မာနိုင်ငံပြန်တမ်းထဲမှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ ဒီလိုရုပ်သိမ်းခံရတာဟာ စစ်ကောင်စီထိပ်ပိုင်း ရာထူးကြီးကြီးယူထားသူ အချင်းချင်းကြား နေရာလုကြရာကနေ ဖြစ်
ပွားခဲ့တာလို့လည်းပြောဆိုမှုတွေရှိနေပါတယ်။ဒါ့အပြင် ပြင်သစ်နိုင်ငံအ​ခြေစိုက် နိုင်
ငံတကာ​ငွေ​ကြေးခဝါချမှုတိုက်ဖျက်​ရေးအ
ဖွဲ့(FATF)က မြန်မာနိုင်ငံကိုအမည်ပျက်စာ
ရင်းစာရင်းသွင်းခံထားရပြီး ​၂၀၂၆ နိုဝင်
ဘာလက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီလအထိအချိန်​ပေးပြီး ​ငွေ​ကြေးခဝါချမှုတိုက်ဖျက်​ရေးလုပ်ငန်းအ​ခြေအ​​နေတိုးတက်လာ​အောင်လုပ်ခိုင်းထားပါတယ် ။တကယ်လို့ အ​ခြေအ​နေမတိုးတက်လာရင် အပြင်းထန်ဆုံးအ​ရေးယူခံရမှာဖြစ်ပြီးမြန်မာဟာအ​ခြေအ​နေမ​ကောင်းဘူးလို့ လုပ်ငန်းရှင်အချို့က​ပြောပါတယ် ။

​ဒေါ်သန်းသန်းဆွေဟာ စစ်တပ်အာဏာမသိမ်းခင်က ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။ ဒုတိယဥက္ကဋ္ဌ တာဝန်ယူစဉ်က ပြည်တွင်းဘဏ်တွေကို အဓိက ကိုင်တွယ်ခဲ့ပြီး ဘဏ်တွေထဲက အများပြည်သူငွေတွေကို ကန့်သတ်တာ၊ CDM ဘဏ်ဝန်ထမ်းတွေကို အရေးယူဖို့ ဖိအားပေးတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့ ဘဏ်အသိုင်း
အဝိုင်းဆီကနေ သိရပါတယ်။

​ဒါ့အပြင် ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့ မနက် ၉ နာရီလောက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာက သူ့ရဲ့နေအိမ်ထဲအထိ သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သူတို့လင်မယားနှစ်ယောက်လုံး သေနတ်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေထဲမှာ ပထမဆုံး သေနတ်နဲ့ ပစ်
ခတ်ခံရသူ ဖြစ်ခဲ့ပေမဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပြီး အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

​သေနတ်နဲဲပစ်ခတ်ခံရပြီး​လေးလအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးအထိ တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် ဧပြီလမှာတော့ ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး အခု အောက်တိုဘာလမှာတော့ ချီးမြှင့်ခံထားရတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ ၃ ခုစလုံးကိုပါ ပြန်လည်ရုပ်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
🤣23❤12😁3👏2🔥1🥰1💩1🖕1
မင်း​အောင်လှိုင်နဲ့ ဒေါ်သန်းသန်းဆွေတို့ကိုအတူတွေ့ရစဥ်။ ။ဓါတ်ပုံ-စစ်​ကောင်စီ
😁31🖕12💩6❤1👍1😘1
မင်းတုန်းမြို့နယ် ရခိုင်ရိုးမအ​ခြေမှာ
တိုက်ပွဲပြင်းထန်​နေ

နိုဝင်ဘာ-၂၈၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့မြေပြင်သတင်း
ရင်းမြစ်တွေကပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းရခိုင်ရိုးခြေမှာ အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးလှုပ်
ရှားလာလို့ အခုရက်ပိုင်းတိုက်ပွဲဆက်တိုက်ဖြစ်နေတာလို့ သိရပါတယ်။

"၂၃ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်နေတာ။ရိုးအခြေတွေမှာပါ။ ​ေးတွေရှေ့တိုးလာလို့ ဖြစ်နေတာ"လို့ မင်းတုန်းမြို့နယ်မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်က ရိုးခြေအနီးမှာရှိတဲ့ ၀က်ကော်ကျေးရွာအုပ်စု ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းငယ်တခုကို AA က သိမ်းပိုက်ခဲ့ပါတယ်။အဲဒီစခန်းမှာ စစ်
တပ်ကအင်အားငါးဆယ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စိန်ပြောင်းတွေအပါအ
ဝင် လက်နက်ခဲယမ်းတွေသိမ်းရခဲ့တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောထားပါတယ်။

AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်စခန်းဟာ မကွေးတိုင်း မင်းတုန်းနဲ့ ရခိုင်ပြည်နယ် တလိုင်းတောင် သစ်ထုတ်လမ်းပေါ်၊ မင်းတုန်းမြို့နယ် သဖန်ရောင်နဲ့ ခြောက်မိုင်ဝန်းကျင်အကွာမှာ တည်ရှိပြီး စစ်တပ်က အခိုင်အမာအခြေချဖို့ ပြင်ဆင်နေတဲ့ တပ်စခန်းတခုဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သဖန်ရောင်နဲ့ ငါးမိုင်ဝန်းကျင်အကွာက ကံကြိုးရွာဝန်းကျင်မှာလည်း စစ်တပ်နဲ့ AAတို့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ရိုးမပေါ်ကိုထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ စစ်
တပ်စစ်ကြောင်းတွေနဲ့ တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်ရိုးမပေါ်ကို ခြေကုပ်ရယူဖို့ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်(ပစ)အများအပြားကိုအသုံးပြုပြီး အသေခံ တက်ခိုင်းနေပေမယ့် တိုက်ပွဲ​တွေအတွင်းသေဆုံးဒဏ်ရာရသူများနေတယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင် ပြည်နယ်တောင်ကုတ်မြို့ကို ပြန်သိမ်းဖို့ အနီးဆုံးနေရာဖြစ်တဲ့မင်းတုန်းမြို့နယ်အ
နောက်ဘက်ကနေတဆင့် အာဏာသိမ်းစစ်
တပ်က ၀င်ရောက်ဖို့ အင်အားအလုံးအရင်းနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းတုန်းမြို့နယ်အနောက်ခြမ်းက ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်၊ထိန်ကိုင်းနဲ့ တမာကျေးရွာတွေမှာလည်း စစ်တပ်ရဲ့နောင်ချန် အင်အားတစ်ထောင်၀န်းကျင်နဲ့ တပ်စွဲ ဖြန့်ကျက်ထားတယ်လို့ ‌ဒေသတွင်းစစ်ရေးတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။

အဲဒီအင်အားတွေကို တပ်မ(၅၅)က ဗျူဟာမှူးအဆင့်(ဗိုလ်မှူးကြီး အောင်ဇော်မင်း)ဦးစီးပြီး ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ပါတယ်။တိုက်ပွဲတွေအတွင်း ထွက်ပြေးသူ၊ထိ
ခိုက်သူ နဲ့သေဆုံးသူများတာကြောင့် ဩ
ဂုတ်လ နောက်ဆုံးပတ်မှာ စစ်တပ်က နောက်
ထပ်စစ်ကူ တွေ ထပ်ပို့ခဲ့တာတွေရှိခဲ့ပါတယ်။
🔥18👍6❤5👏2👎1🫡1
၂၀၂၆ စက်တင်ဘာလက ရခိုင်ရိုးမအ​ခြေ သဖန်း​ရောင်အနီးတိုက်ပွဲမှာ စစ်တပ်ထံက
လက်နက်ခဲယမ်း​တွေကို AA ကသိမ်းပိုက်ရရှိခဲ့စဥ်။ ။ဓါတ်ပုံ-AA Info Desk
👍24🔥10👎1🥰1🖕1🫡1
ရခိုင်မှာ ငွေလွှဲငွေထုတ်အေးဂျင့်တွေရဲ့
ဘဏ်အကောင့်တွေ ထပ်အပိတ်ခံရပြန်

နိုဝင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်မှာပုဂ္ဂလိကငွေလွှဲ၊ငွေထုတ်
ဝန်​ဆောင်မှု​ပေး​နေသူတွေရဲ့ဘဏ်အကောင့်တွေကိုထပ်ပြီး အပိတ်ခံ​နေရတယ်လို့ ဒေသခံတွေနဲ့ ငွေလွှဲ၊ ငွေထုတ်လုပ်ကိုင်နေသူ တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ဘဏ်အကောင့်တွေဟာ ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း တကြိမ်အပိတ်ခံခဲ့ရပြီး အခုအခါ ထပ်မံအပိတ်ခံကြရတာဖြစ်ပါတယ် ။နိုဝင်ဘာလကုန်ပိုင်းဘဏ်
အကောင့်ပိတ်ခံရမှုမှာ အ​ကောင့်ဆယ်ချီပါသွားပြီး ကျပ်သိန်းသောင်းချီ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ​ပြောကြပါတယ်။

“အရင်ပိတ်တဲ့အကောင့်တွေထဲကတချို့ ပြန်ပွင့်တယ်။အခုအဲဒီအကောင့်တွေပဲ အခုပြန်ပါသွားတာ။အကောင့်အသစ်တွေလည်းထပ်ပါသွားတယ်။ဒီတကြိမ်အရင်ကထက်များမယ်ထင်တယ်။မြို့နယ်တိုင်းကအကောင့်တွေပါတယ်။မြေပုံ၊ ကျောက်တော်၊ မင်းပြားဘက်တွေကလည်းပါကုန်တယ်။ကျနော့်အကောင့်လည်းပါသွားတယ်”လို့မြေပုံမြို့နယ်မှ ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတဦးကပြောပါတယ်။

အဲဒီလို ဘဏ်အကောင့်တွေ အပိတ်ခံရတာကြောင့် ဘဏ်အကောင့်ထဲရှိနေတဲ့ ကျပ်သိန်းထောင်ချီပါသွားကြသူ​တွေရှိတယ်လို့ သိရပါတယ်။

“တချို့မှာသိန်းလေးထောင်၊ငါးထောင်ရှိကြတယ်။ အလွှဲ၊ အထုတ်အမြဲတမ်းလုပ်နေကြတဲ့ အကောင့် တွေဆိုတော့ ငွေအများကြီးရှိတယ်” လို့ ကျောက်တော်မြို့နယ်မှ ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းကဒေသခံတွေ အဓိကအသုံးများတဲ့ KBZ Pay နဲ့ KBZ Mobile Banking အကောင့်တွေ အပိတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ဘဏ်အကောင့်တွေ အပိတ်ခံရစဉ်က ရခိုင်ပြည်နယ်အပြင် ချင်းပြည်နယ်အတွင်းမှဘဏ်အ
ကောင့်တွေလည်း ပါဝင်ခဲ့ပါတယ်။

အခုလိုဘဏ်အကောင့်တွေပိတ်ခံရတာကြောင့် ရခိုင်မြို့နယ်တွေမှာငွေသားထုတ်
ခတွေဟာလည်း အရင်က ကျပ်တစ်သိန်းကို ကျပ် ၄၅၀၀ ဝန်းကျင်ရှိခဲ့ရာကနေ ကျပ် ၅၀၀၀၊ ၅၅၀၀ ဝန်းကျင်ထိ စျေးတက်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

“အကောင့်တွေ မနေ့က အပိတ်ခံရတာပြောပါတယ်။ဒီနေ့ချက်ချင်းငွေထုတ်ခ တက်သွားတယ်။ ပုံမှန် ၄၅၀၀ နဲ့ ထုတ်နေတာ ၅၅၀၀ ပေးခဲ့ရတယ်” လို့ ငွေအလွှဲ၊ အထုတ်ပုံမှန်လုပ်နေတဲ့ မင်းပြားမြို့နယ်မှ ဆိုင်သည်တဦးက ပြော ပါတယ်။

ပြီးခဲ့တဲ့တခေါက် ဘဏ်အကောင့်တွေ ပိတ်ခံရတုန်းကလည်း ရခိုင်ပြည်နယ်မှာ ငွေသားထုတ်ခဟာ တသိန်းကို ကျပ် ၇၀၀၀ ဝန်းကျင်ထိစျေးတက်နေခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ပြီနောက်
ပိုင်း ဘဏ်တွေ ပိတ်သွား တာကြောင့် ဒေသခံတွေဟာ ငွေလွှဲ၊ ငွေထုတ်အတွက် KBZ Pay အပါအဝင် Mobile Banking တွေအသုံးပြု ငွေသား ထုတ်ပေးတဲ့ ငွေလွှဲ၊ ငွေထုတ်အေး
ဂျင့်တွေကို အဓိကအားကိုးနေခဲ့ကြရတာဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ရခိုင်မှာကိုယ်
ပိုင်ဘဏ်စနစ်တခုလည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး လက်ရှိမှာ ဝန် ထမ်းတွေခေါ်ယူထားပြီဖြစ်ပါတယ်။
🔥19❤4👏3🤬2
ရခိုင်ပြည်နယ်မှာ ငွေသားထုတ်နေသူတဦးက​ငွေကို​ရေတွက်​​နေစဉ်။ ။ဓါတ်ပုံ - CJ
❤9👍7👏3🔥2🤬1
နေပြည်တော်မှာ လူငယ်တစ်ဦး အိမ်စီးကားနဲ့ ပျောက်ဆုံးနေ

နိုဝင်ဘာ-၂၈၊ ၂၀၂၆။ ဟာနာဆန်/People's Spring

​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ကနေ အလုပ်ကိစ္စနဲ့ ကားနဲ့ထွက်သွားတဲ့ အသက် (၃၃)နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေတာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အကူအညီတောင်းခံနေပါတယ်။

နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်လောက်က ​နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆိတ်ဖူးတောင်ပေါ်ကနေ သူ့ရဲ့ နက်ပြာရောင် Honda Fit ကားနဲ့ ဆင်းသွားခဲ့ကြောင်း၊ အဲဒီနေ့ ညနေ ၆ နာရီလောက်အထိ အဆက်အသွယ်ရခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူးလို့ ပျောက်ဆုံးသူရဲ့ ညီမဖြစ်သူက သူ့အစ်ကိုကို ပြန်ရှာတွေ့ဖို့ TikTok လူမှုကွန်ရက်ကနေတစ်ဆင့် အကူအညီတောင်းခံနေရပါတယ်။

"အခုက ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး။ စက်တွေလည်း ပိတ်ထားတယ်"လို့ ၎င်းအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် အခုလို မိသားစုတွေ သောကရောက်နေချိန်မှာ ကိုသန့်ဇင်ဦးဆိုပြီး ဖုန်းဆက်ကာ စစ်မှုထမ်းကျောင်းရောက်နေလို့ ငွေနဲ့ ရွေးထုတ်ဖို့ဆိုကာ လာရောက်လိမ်လည်တာတွေနဲ့ပါ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့ထိန်းချုပ်ရာ ဒေသတွေမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လူငယ်တွေ မကြာခဏ ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် လုယက်မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း နေပြည်တော်က အသက် ၃၄ နှစ်အရွယ် ကားအငှားဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့ အမျိုးသားတစ်ဦး ကားလုယက်သတ်ဖြတ်ခံခဲ့ရပါသေးတယ်။
🔥16😢4❤1👎1
🔥11😢7👎2
■အ​တွေးအမြင်

စစ်အာဏာရှင်​​လုပ် ကျရှုံးနိုင်ငံဆီမှ
လာအို သို့ မုဒိတာပွားခြင်း

-ကိုး ရေးသားသည်။

အာဏာရှင်တကာ့အာဏာရှင်ထဲမှာပညာအမဲ့ဆုံး၊ဆင်ခြင်ဉာဏ်အမဲ့ဆုံးအာဏာရှင်ရဲ့ လက်အောက်မှာ ဖွတ်ဖွတ် ညက်ညက်ကြေနေပြီဖြစ်တဲ့ မြန်မာလူထု မုဒိတာပွားစေမယ့်သတင်းကောင်းတစ်ပုဒ် ဒီရက်ထဲမှာ ထွက်လာပါ တယ်။

အဲဒါကတော့ “ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းကနေ လာအိုနိုင်ငံ လွတ်မြောက်ပြီ”ဆိုတဲ့သတင်းပါ။ ကုလသမဂ္ဂကနေ ဒီသတင်း
ကောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်တုန်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံငယ်လာအိုဟာ ဒီလို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်း(LDCs)မှာ ၁၉၇၁ ခုနှစ်ကတည်းကပါဝင်ခဲ့တာဖြစ်ပြီး ၅၅ နှစ်အကြာမှာ လွတ် မြောက်လာခဲ့တာပါ။ တဲ့တိုးပြောရရင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းကနေ လွတ်မြောက်သွားခြင်းပါ။

အခုတော့ အရှေ့တောင်အာရှထဲမှာ ကမ္ဘော
ဒီးယား၊ အရှေ့တီမောနဲ့ ကျွန်တော်တို့မြန်မာ
နိုင်ငံသာ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများစာ
ရင်း(LDCs)မှာ ဆက်လက်ကျန်ရှိနေပါတော့တယ်။ အဲဒီသုံးနိုင်ငံထဲက ကမ္ဘောဒီးယားဟာဆိုရင် လည်း မကြာခင်ဒီဘဝကနေလွတ်
မြောက်တော့မယ်ဆိုတဲ့ သတင်းကောင်းတွေလည်း ရှိထားပါတယ်။

ဒီလာအိုသတင်းလေးအပေါ် မုဒိတာပွားရင်း ကျွန်တော်တို့ ကိုယ်စီကိုယ်ငှဆီရောက်လာတာက “မင်းအောင်လှိုင်သာ အာဏာရူးပြီး အာဏာမသိမ်းခဲ့ရင် ကျွန်တော်တို့မြန်မာနိုင်ရဲ့ လက်ရှိအခြေအနေကရော”ဆိုတဲ့ယှဉ်တွဲအတွေး ကို တွေးမိကြပါလိမ့်မယ်။ ဒီအတွေးမျိုးကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တကွ အပေါင်းအပါတွေ၊ သူ့ကို မြှောက်ပင့်ပေးနေတဲ့စစ်တပ်လော်ဘီတွေကတော့ တွေးချင်ကြမှာမဟုတ်ပါဘူး။

ဟုတ်ပါတယ်။ မင်းအောင်လှိုင်သာ အာဏာမရူးခဲ့၊ အာဏာမသိမ်းခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာလည်း လာအို လိုပဲ LDC ဘဝကနေလွတ်မြောက်တော့မယ့် ရောင်နီသန်းတဲ့နိုင်ငံတစ်ခုအဖြစ် မြင်တွေ့နေရမှာဖြစ်ပါတယ်။ အာဏာရှင်နေဝင်းလက်ထက် ၁၉၈၇
ခုနှစ်မှာ ပြည်ပကြွေးမြီတွေ ပြန်မဆပ်နိုင်တာကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC)အဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက်နှစ်ပေါင်း ၃၀ ကျော် LDC ဘဝနဲ့ရပ်တည်ခဲ့ရတဲ့ ကျွန်တော်တို့ မြန်
မာနိုင်ငံဟာ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်၂၀၁၈ ခုနှစ်မှာတော့ အဲဒီဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်ကနေ လွတ်မြောက်
ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနဲ့ ပထမဦးဆုံးအကြိမ်ပြည့်မီခဲ့ပါတယ်။

အဲဒီကာလကနေသာ ​ရွေး​ကောက်ခံအစပ်သားအစိုးရ​တွေရဲ့ ဦး​ဆောင်မှုနဲ့ရှေ့ကိုပုံမှန်အတိုင်းခရီးဆက်နိုင်ခဲ့မယ်ဆိုရင် ဒီကနေ့ကာလမှာ LDC ဘဝကလွတ်မြောက်​နေမှာ
အ​သေအချာပဲဖြစ်တယ်လို့ယုံကြည်ပါတယ်။ သို့သော်လည်း အာဏာရှင်လက်သစ်မင်းအောင်လှိုင်ရဲ့ အာဏာရူးမှု ကြောင့် ဒီကနေ့ကာလမှာတော့ LDC ဘဝက လွတ်မြောက်ဖို့နေနေသာသာ ကျရှုံးနိုင်ငံ(Failed State) ဘဝကိုပါ ရောက်ဖို့ လက်တစ်လုံးအလိုသာရှိတော့တဲ့အနေအထားပါ။ တချို့လေ့လာချက်တွေမှာတော့ ကျရှုံးနိုင်ငံအဆင့်ကို တောင် ရောက်ရှိနေပြီလို့ သတ်မှတ်ကြပါတယ်။

လက်ရှိမှာတင်ပဲလာအိုနိုင်ငံရဲ့ကောင်းသ
တင်းအပေါ် မုဒိတာပွားနေရင်း ကိုယ့်နိုင်ငံထဲမှာ သတင်းဆိုးပေါ် သတင်း ဆိုးတွေဆင့်နေခဲ့ပါတယ်။ အဲဒီသတင်းဆိုးတွေထဲမှာ ကုမ္ပဏီသက်တမ်း ၁၀ နှစ်ကျော်ရှိတဲ့ ဆောက်လုပ်ရေးနဲ့ပတ် သက်တဲ့ တိုမိုမြန်မာဂရု(ပ်)ကုမ္ပဏီလီမိတက်နဲ့ မော်တော်ယာဉ်အစိတ်အပိုင်းရောင်း ၀ယ်ရေးကုမ္ပဏီဖြစ်တဲ့ DR.D တို့ အပြီးပိတ်သိမ်းတော့မယ်ဆိုတဲ့သတင်း၊ ၂၀၁၀ ခုနှစ်ကတည်းက လုပ်ငန်းစတင်တည်ထောင်ခဲ့တဲ့အထည်ချုပ် စက်ရုံ TAILOR GARMENT MANUFACTURING ကုမ္ပဏီ၊ UNI အင်တာနေရှင်နယ် ထရိတ်ဒင်းကုမ္ပဏီတို့ စာရင်း ရှင်းလင်းဖျက်သိမ်းတော့မယ်ဆိုတဲ့သတင်း၊ မလေးရှားနိုင်ငံအခြေစိုက် ပင်
လယ်စာစားသောက်ဆိုင်လုပ်ငန်း The Manhattan FISH MARKET က မြန်မာနိုင်ငံမှာရှိတဲ့ ဆိုင်ခွဲအားလုံးကို ပိတ်‌သိမ်းတော့မယ်ဆိုတဲ့သတင်း၊ ဗြိတိန်အခြေစိုက် စားသောက်
ကုန်လုပ်ငန်းစုကြီးဖြစ်တဲ့ Unilever ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်း ရှယ်ယာတွေကို ရောင်းချပြီး မြန်မာ့ဈေးကွက်ကနေရုပ်သိမ်းတော့မယ်ဆိုတဲ့သတင်း၊ လန်
ဒန်အခြေစိုက် ကမ္ဘာ့ အကြီးဆုံးစာရင်းကိုင်နဲ့ စီးပွားရေးအကြံပေးဝန်ဆောင်မှုလုပ်ငန်းကွန်
ရက် PricewaterhouseCoopers (PwC)က လည်း မြန်မာက ထွက်ခွာတော့မယ်ဆိုတဲ့သတင်း၊ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကြီး Itochu Corporation လက် အောက်ခံ Isuzu မော်တော်ယာဉ်လုပ်ငန်းက ထရပ်ကားထုတ်
လုပ်မှု ရပ်ဆိုင်းကြောင်းကြေညာတဲ့သတင်း၊ စင်ကာ ပူအစိုးရလက်အောက်ခံ မြို့ပြစီမံ
ကိန်း၊ အင်ဂျင်နီယာနဲ့ အတိုင်ပင်ခံ Surbana International Consultants ကုမ္ပဏီ‌ကလည်း ထွက်ခွာတော့မယ်လို့ ကြေညာလိုက်တဲ့သတင်း၊ Pezzo Pizza Myanmar ကလည်း မြန်မာမှာ လာဖွင့်ထားတဲ့ ပီဇာဆိုင်အားလုံး ပိတ်သိမ်းတော့မယ်ဆိုတဲ့သတင်းတွေဟာ ဒီရက်ပိုင်းထဲမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။
🤣12👍4❤3🔥2🖕2
ဒါ့အပြင် မန္တလေးမြို့ပေါ်က စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အလှကုန်နဲ့ အဝတ်အထည်ဆိုင်တွေဟာ လက်ရှိဖြစ် ပေါ်နေတဲ့ စီးပွားရေးအ
ကျပ်အတည်းနဲ့ ဆိုင်ခန်းငှားရမ်းခ မြင့်တက်မှုဒဏ်ကို မခံနိုင်တော့တာကြောင့် လုပ်ငန်းရပ် နားကာ ဆိုင်ဖြုတ်သိမ်းမှုတွေ သိသိသာ
သာ များပြားလာတယ်ဆိုတဲ့ သတင်း​တွေကိုလည်း ဒီရက်ထဲမှာ ဖတ်လိုက် ရပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။

ဒီရက်ထဲမှာပဲ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေက လည်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာနေသလို ကုန်စျေးနှုန်းဟာလည်း နေ့စဉ်နဲ့အမျှ အတက်ကြမ်းနေတဲ့ အနေအထားမှာရှိပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့ငမိုက်သား တစ်စုဟာ အာဏာ
သိမ်းပြီးနောက်ပိုင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထက် တစ်နေ့ တစ်နေ့ တိုင်းပြည်ထဲက ဘယ်အိမ်ကို ဘယ်ပုံမီးရှို့ပစ်ရမလဲ၊ ဘယ်နေရာကိုတော့ဖြင့် ဘယ်လိုဗုံးကြဲသတ်ဖြတ်ရမလဲ၊ဘယ်ပြည်သူကိုတော့ ဘယ်နည်းဘယ်ပုံ ညှဉ်းပန်းနှိပ်စက်ပစ်ရမလဲဆိုတာမျိုး ကိုသာ စူးစူးစိုက်စိုက် အာရုံစိုက်ခဲ့ကြပါတယ်။ အဲဒီကနေပဲ LDC ဘဝကလွတ်မြောက်ရေးရောင်နီတွေ မှေးမှိန် ပျောက်ကွယ်သွားခဲ့ရသလို ကျရှုံးနိုင်ငံဆိုတဲ့အရပ်မျက်နှာဆီ ဦးတည်နေစေတာပါ။

ရှင်းရှင်းပြောရရင်တော့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့ အာဏာရူးသူတို့က အာဏာရှင်စနစ်ကို ရူးရူးမိုက် မိုက်အသက်သွင်းလိုက်ခြင်းရဲ့ဆိုးကျိုးတွေ ဆက်တိုက်ဆိုသလိုသက်ရောက်လာနေတာပဲဖြစ်ပါတယ်။
🤣13👍5🖕3🔥2