People's Spring
✔
58.3K subscribers
74K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥15👍7👏2🤣2❤1
👍18💩4❤2🔥1🤣1
စစ်တပ်က မြောက်ဦးမြို့ကိုညပိုင်းမှာဗုံးထပ်ကြဲ၊တစ်ရက်တည်းဗုံးနှစ်ကြိမ်ကြဲလို့ပြည်သူ ၂၀ဦးထက်မနည်းသေဆုံး၊၃၀ဦးခန့်ဒဏ်ရာရ

■တရက်အတွင်း ဒေသသုံးခုကို စစ်တပ်ဗုံးကြဲလို့ ၄၄ ဦးထက်မနည်းသေဆုံး

နိုဝင်ဘာ-၂၉၊၂၀၂၆။​ဇော်ဝမ်း၊ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊မြောက်ဦးမြို့ကိုစစ်တပ်ကနိုဝင်ဘာ ၂၈ရက်မှာ ဂျက်ဖိုက်တာနဲ့နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့ရာ ကနဦးသတင်း​တွေအရအရပ်သား ပြည်သူ ၂၀ဦး သေဆုံးပြီး ၃၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

မြောက်ဦးမြို့၊မြို့သစ်ရပ်ကွက်ကိုညနေ
၄နာရီ၃မိနစ် နဲ့ ​​ည ၇နာရီ ၅၀မိနစ်နာရီမှာ ဂျက်ဖိုက်တာနဲ့ ဗုံး၅၀၀ဗုံး နှစ်လုံးစီး စုစု
ပေါင်း လေးလုံးကြဲတာလို့အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၂၈ ညသန်း​ခေါင်မှာသတင်းထုတ်ပြန်ပါတယ်။

ပထမအကြိမ် ဗုံးကြဲမှုအတွင်းအမျိုးသမီးအချို့အပါအဝင်ဒေသခံ ကိုးဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရခဲ့သလို ဒုတိယအကြိမ်ဗုံးကြဲမှု​ကြောင့် ဒေသခံ ၁၀ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့ကလည်း​ပြောပါတယ်။

"ဆက်တိုက်လာတာ။ ကယ်ဆယ်ရေးလုပ်လို့တောင်မရဘူး။ ထိခိုက်တဲ့စာရင်းများသလို ‌စိုးရိမ်ရတဲ့လူနာတွေရှိတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ အပြစ်မဲ့အရပ်သားပြည်သူ ကလေးသူငယ် သက်ကြီးရွယ်အို စုစုပေါင်း (၂၀) ဦးခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ဦးခန့်ရှိတယ်လို့ ကနဦးစာရင်းကို AA က​ဖော်ပြပါတယ်။

သေဆုံးဒဏ်ရာရရှိသူနဲ့ နေအိမ်ပျက်စီးမှုအသေးစိတ်အား ဆက်လက်ထုတ်ပြန်သွားမယ်လို့လည်းအသိ​ပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရက္ခိုင်ပြည်နယ်ကမြို့ရွာတွေသာမက နိုင်ငံတဝန်း အရပ်သား ပြည်သူနေထိုင်ရာ ရွာတွေ၊ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေ၊ အလှူပွဲ၊နဲ့ မင်္ဂလာ
ဆောင်ပွဲတွေကို ပစ်မှတ်ထားလေကြောင်း
တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်​​နေပါတယ်။

နိုဝင်ဘာ၂၈ရက် တရက်တည်းမှာ စစ်တပ်ကဗုံးကြဲလို့ကချင်၊ ရက္ခိုင်နဲ့ ကရင်နီဒေသက ပြည်သူ ၄၅ ဦးထက်နည်းအသက်ဆုံးရှုံးကာ ပြည်သူ ၈၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မိုးဗြဲဒေသမှာမင်္ဂလာဆောင်အခမ်းအနား ပြင်ဆင်နေချိန် ဗုံးကြဲလို့ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးကာ ၄၀ ဦးခန့် ဒဏ်ရာရရှိခဲ့သလို KIA ဌာနချုပ် လိုင်ဇာအနီး အရပ်ဘက် ဘိန်းဖြတ်စခန်းနေရာကို လေကြောင်း တိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ဦးသေဆုံးကာ ၁၀ဦး ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ၂၆ရက်ကလည်း မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာကို စစ်တပ်က လေ
ကြောင်းဗုံးကြဲတာအပြင် လက်နက်ကြီး နဲ့ တိုက်ခိုက်တာ၊ဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့​ကျောင်း
သား ကလေးငယ် အများအပြား အပါအဝင် ၃၀ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တပ်ကဗုံးကြဲအပြီး တိုက်
ခိုက်မှုတွေလုပ်တာ၊ လေယာဉ်၊ ဒရုန်းတို့ ပျံဝဲခြိမ်းခြောက်တာတွေ လုပ်လို့အလောင်း​တွေကောက်တာနာရေးကျင်းပတာတွေ ကို​သေ
ချာမလုပ်နိုင်သေးဘဲသေဆုံးသူဟာ ၃၀​ကျော်ထက်အရေအတွက်ပိုများနိုင်တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး ဗုံးကြဲနေတဲ့အတွက် ဒေသခံတွေဟာ အသက်အန္တရာယ်ရင်ဆိုင်နေရပြီး နိုင်ငံတကာကလည်း စစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုတွေမလုပ်တဲ့အတွက် အခုလို အကြမ်းဖက်သတ်ဖြတ်နေတာလို့ ရခိုင်စစ်ဘေးရှောင်တွေအရေးဆောင်ရွက်နေတဲ့ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။
🤬28❤3👏2💔2👍1🔥1
စစ်တပ်က နိုဝင်ဘာ ၂၈ ညမှာ​မြောက်ဦးမြို့ကိုဒုတိယအကြိမ်ဗုံးကြဲပြီး​နောက်မြင်ကွင်း။
ဓါတ်ပုံ-AA Info Desk
🔥13🤬12😢6👏2🤮2❤1
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ စုဝေးရာကို ပြင်းအားမြင့် ဗုံးတွေနဲ့တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုလုပ်ရပ်လို့ IEC ထုတ်ပြန်

နိုဝင်ဘာ-၂၉၊ ၂၀၂၆။ဇော်၀င်း/ People's Spring

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ စုဝေးရာ မင်္ဂလာအခမ်းအနားနေရာကို ပြင်းအားမြင့် ပေါင် (၅၀၀) ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှု လုပ်ရပ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) နဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေကိုပြောင်ပြောင် တင်းတင်း ချိုးဖောက်ကျူးလွန်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်တပ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ ရှုတ်ချရုံသာမက ထိရောက်ပြင်းထန်တဲ့ အရေးယူမှုတွေ အမြန်ဆုံးချမှန်ပေးဖို့လည်း IEC က တိုက်တွန်းပါတယ်။

မနေ့က(နို၀င်ဘာ ၂၈ ရက်)က ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ဘက်ခြမ်း လကျ်ိုလုံကျေးရွာမှာ ဒေသခံပြည်သူများ စုဝေးပြီး မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်နေစဉ် စစ်တပ်က တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀) ဗုံး ၅ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုစာရင်းတွေအရ KG တန်း ကျောင်းသား ၁ ဦး၊ Grade 1 ကျောင်းသား ၁ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂၀ကျော် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော် ရှိကာ အသက် (၂၆)နှစ်အရွယ် ပညာရေးဝန်ထမ်းဆရာမ ၁ ဦး အပါအဝင် ပြည်သူတချို့မှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။

လက်ရှိ မြေပြင်မှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လက်ဆောင်ရွက်လျက်နေပြီး ထိခိုက်သေဆုံးသူ စာရင်းအတိအကျကို ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ IEC က အသိပေးပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၄ နာရီ၀န်းကျင်မှာ ကရင်နီပြည်နယ် ‌ဖားဆောင်းမြို့နယ်မော်ချီးဒေသက ၁၃ ကုန်းလို့ ဒေသခေါ်တဲ့ နေရာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း(နို၀င်ဘာ ၂၆ ရက်)ကလည်း ကရင်နီဒေသ ဒီးမော်ဆိုနဲ့မော်ချီး ကားလမ်းပိုင်းတစ်နေရာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး၀န်းကျင် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ နိုဝင်ဘာ ၂၆ရက်ကလည်း မကွေးတိုင်းဝ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာမှာ အလှူပွဲပြုလုပ်နေစဉ် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာ၊ အသေခံ ဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့လို့ ကလေးငယ် အများအပြား အပါအဝင် ပြည်သူ သေဆုံးထိခိုက်များပြားခဲ့ပါတယ်။ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကနဦး သတင်းထုတ်ပြန်ချက်မှာ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၀ဦး ၊ ဒဏ်ရာရသူ ၂၁ဦး ရှိကြောင်း ဖော်ပြထားပေမဲ့ ဒေသခံတွေကတော့ သေဆုံးသူတွေဟာ ၅၀ ဦးဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။


(မိုးဗြဲအနောက်ဘက်ခြမ်း လကျ်ိုလုံကျေးရွာမှာ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်စ​ဉ် စစ်တပ်က ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ -ပေးပို့)
🤬21👍3😢2🤣2❤1🤮1🖕1
🤬23😭6❤2👏2😱1😢1🤮1
ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာအလှူပွဲ PDF ပစ်ခတ်တာလို့ စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်

နိုဝင်ဘာ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာကို PDF တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီက ဗြောင်လိမ်ကာ ဒဏ်ရာရသူတွေကို အားပေးစကား ပြောကာ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၆ရက်က အင်ရုံကျေးရွာ အလှူပွဲကျင်းပနေချိန် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ပြီး လက်နက်ကြီးတွေ ဒရုန်းတွေနဲ့တပြိုင်တည်း တိုက်ခိုက်ခဲ့လို့ ကလေးငယ်အများအပြားအပါအဝင် ပြည်သူ ၃၀ကျော်သေဆုံးကာ ဒဏ်ရာရသူများစွာ ရှိခဲ့ရာ အဲဒီဖြစ်စဉ်ကို PDF တွေက ကျူးလွန်တာလို့ စစ်အုပ်စုက ဒီကနေ့ နိုဝင်ဘာ ၂၉ရက်မှာ လိမ်ညာဝါဒဖြန့်ခဲ့တာပါ။

မကွေးတိုင်းစစ်ကောင်စီဌာနဆိုင်ရာသတင်းတွေ ဖော်ပြနေတဲ့ မကွေးတိုင်းဒေသကြီးအတွင်း လှုပ်ရှားဆောင်ရွက်မှုများ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်တိုက်နယ်ဆေးရုံမှာ ဆေးကုသနေတဲ့ အင်ရုံကျေးရွာက ဒဏ်ရာရ သူတွေကို ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်၊ မြို့နယ် ပညာရေးမှူးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီလို ထုတ်ပြန်ရာမှာ ဒေသခံတွေ ဒဏ်ရာရတာဟာ အင်ရုံရွာကို PDF တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာကြောင့်လို့ ဗြောင်လိမ်ထားပါတယ်။

ဒေသခံတွေကတော့ စစ်တပ်ဟာ နိုဝင်ဘာ ၂၆ရက် နေ့လည်ပိုင်းမှာလေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် အဲဒီလို တိုက်ခိုက်မှုအပြီး ဒရုန်းတွေ နဲ့ လေယာဉ်တွေ ပျံဝဲခြိမ်းခြောက်တာကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို ကောင်းမွန်စွာ စနစ်တကျ ကောက်ယူပြီး နာရေးမလုပ်နိုင်တဲ့အပြင် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ အသိပေးပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဝန်းကျင်မှာ အလောင်းတွေ ပြန့်ကြဲခဲ့ပြီး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်တောက်တာ၊ မည်သူမည်ဝါမှန်း မခွဲခြားနိုင်တဲ့ အလောင်းတွေ တွေ့ရတာ ရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ် လေကြောင်းရန်ကြောင့် ရုပ်အလောင်းတွေကို စနစ်တကျ မကောက်ယူနိုင်တာကြောင့် အမြင်မတော်သူတွေက အလောင်းတွေကို စုစည်း မြေမြှုပ်ခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရ တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာလည်း စစ်တပ်ဟာ အင်ရုံရွာအလှူပွဲကို မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်နဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံး၊ ကပစ(၈) စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂လုံး၊ဧကရာဇ်ရွာ ရဲစခန်းက အသေခံ ဒရုန်း ၇စီး အသုံးပြု အချိန်ကိုက် ညှပ်ပူးညှပိတ် တိုက်ခိုက်ခဲ့တဲ့အပြင် အင်ရုံရွာနဲ့ အနီးရှိ နဘဲ့ရွာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒဏ်ရာရသူတွေကို ဆေးကုသဖို့ သယ်ဆောင်ရွှေ့ပြောင်း တဲ့ ရွာတွေအထိ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ၊ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာ၊ ကူညီကယ်ဆယ်ရေးလမ်းတွေ ပိတ်ဆို့တာကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ လတ်တလော မှာ ကလေးတွေအပါအဝင် ပြည်သူ ၂၀ဦး၊ ကာကွယ်ရေးရဲဘော် ၉ဦးသေဆုံးကာ ကလေး ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေနဲ့ ဆက်သွယ်ရေး ဖြတ်တောက်ခံရမှုကြောင့် ပြည်သူတွေ ထွက်ပြေးနေရသလို ကယ်ဆယ်ရေးနဲ့ ဆေးဝါးကုသရေး အခက်အခဲ တွေကြောင့် သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေ ပြောပြချက်အရ သေဆုံးသူဟာ ၂၀ဦးထက် ကျော်လွန်ပြီး ၃၀ ဦးနဲ့ ၅၀ ဦးအကြား ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ကျောင်းချိန်အတွင်း လေကြောင်း တိုက်ခိုက်ခံရတာဖြစ်လို့ သေဆုံးထိခိုက်သူအများစုဟာ ကျောင်းသားကျောင်းသူ ကလေးငယ်တွေဖြစ်ကြောင်း ဒေသခံတွေက ပြောပြပါတယ်။
🤬33❤2🤣2👎1😢1🎉1🤮1
🤬32🎉1🤣1