People's Spring
✔
58.3K subscribers
74K photos
1.33K videos
10 files
3.18K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏20❤2👍1😢1🤣1🖕1
ဖားကန့်မှာအရပ်သားရှိရာနေရာတွေကို စစ်တပ် ဗုံးကြဲ

နိုဝင်ဘာ-၂၉၊၂၀၂၆။ဇော်ရမ်း/People's Spring

ဖားကန့်မှာ ဒီနေ့ မနက်ပိုင်းမှာ မြို့ထဲက နှစ်နေရာကို စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲသွားပါတယ်။

တောမှော်ရွာနဲ့ဆန်ခါရွာက ကုမ္မဏီလုပ်ကွက်တွေအနီးကို မနက်၁၁နာရီခန့်မှာ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲရော စစ်ရေးအခြေအနေရော ဘာမှမရှိဘဲ ကြဲသွားတာ။ကံကောင်းလို့ မသေတယ်"
လို့ဒေသခံတစ်ဦးကပြောပါတယ်။

မြေပြင်မှာ အရပ်သားထိခိုက်မှုရှိပြီး အသေး
စိတ် မသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ဝါဒဖြန့်ချီရေး လူမှုကွန်ယက်​တွေက ကျောက်စိမ်းကုမ္မဏီတွေကို ဗုံးကြဲဖို့ လူမှုကွန်ရက်ကနေ သတင်းအမှားတွေနဲ့ လှုံ့ဆော်နေတဲ့အတွက် သတိပြုကြဖို့ ကချင်လွတ်
လပ်ရေးတပ်မတော်( KIA) ပြောရေးဆိုခွင့်
ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒီ‌နေ့ မနက်ပိုင်းမှာ သတိပေးပါတယ်။

"ပိုက်ဆံလိုချင်လို့ သတင်းအမှားပေးပြီး ဗုံးကြဲခိုင်းနေတာ။ ဒေသခံတွေ ယခုရက်ပိုင်း ပိုပြီး ဂရုစိုက်ဖို့လိုအပ်တယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လာကြဲတဲ့ လေယာဉ်ကို KIAနဲ့ ပူးပေါင်းတပ်တွေက ပြန်ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်မှာ အောက်တိုဘာလဆန်းကတည်းက စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေပြီး KIAနဲ့ ပူးပေါင်းတပ်တွေက လည်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းနဲ့ ဗုံးကြဲတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ရက် နေ့လယ်က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လုံးခင်းကျေးရွာအုပ်စု၊ရပ်ကွက်(၂)ထဲကို ကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ ၁၈ရက်နေ့က စစ်ကောင်စီစခန်းတခုကို KIA) နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ဗုံးကြဲခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း စစ်ကောင်စီကလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။@
👏11🤬8❤2👍1👎1😡1
စစ်တပ်​တိုက်​လေယာဥ် ၂ စင်း​လေ့
ကျင့်ပျံသန်းစဥ်။ ဓါတ်ပုံ-AFP
👎17🤬4❤1👏1
ဘုတ်ပြင်းရှိ စစ်တပ်ရဲ့ မဆုတ်တမ်းခံစစ်စခန်းက စစ်မှုထမ်းတပ်သားသစ် ၂ဦး ထွက်ပြေးအလင်းဝင်လာ

နိုဝင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်က အာဏာသိမ်းစစ်တပ်ရဲ့ မဆုတ်တမ်းခံစစ် စခန်းတစ်ခုကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ် ၂ဦးကို သွားရောက်ကြိုဆို ခေါ်ဆောင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ခဲ့ပြီး တပ်သားတွေ ဝှက်ခဲ့တဲ့ လက်နက် ၂လက်ကိုပါ ရှာဖွေ သိမ်းဆည်းခဲ့ကြောင်း အသိပေးပါတယ်။

နိုဝင်ဘာ ၂၀ရက်မှာ ဘုတ်ပြင်းမြို့နယ် ရတနာပုံ နယ်ခြားစောင့်မဆုတ်တမ်းခံတပ်စခန်းမှ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သား ၂ဦးကို PDF နည်းဗျူဟာ(၃၅)၊ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်း ၊အမှတ်၈၁၈၄ Dragon Squad -TNIဒရုန်းတပ်ရင်းနဲ့ ဘုတ်ပြင်းမြို့နယ် ပကဖ တို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ နိုဝင်ဘာ ၂၁ရက်မှာ ခေါ်ဆောင်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ထွက်ပြေးလာစဉ် တောအတွင်း လက်နက် ၂လက် ဝှက်ထားခဲ့ကြောင်း ထွက်ဆိုတာကြောင့် လိုက်လံရှာဖွေရာ MA1 (၂)လက်နဲ့ ကျည် ၄၀၀ ကျော်၊ ကျည်ကာ ၂ထည် သိမ်းရခဲ့ကြောင်း ဖော်ပြပါတယ်။

နိုဝင်ဘာ ၂၃ရက်မှာ အတူခေါ်ဆောင်ပြီး သွားရောက်ရှာဖွေခဲ့တာလို့လည်း အသိပေးပြီး ပူးပေါင်းအဖွဲ့များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
👍19❤4🔥1🤣1🖕1
👍21❤2🔥1🤣1🖕1
နေပြည်​တော်-မ​ကွေးလမ်းမှာစစ်တပ်ယာဥ်တန်းကို​တော်လှန်​ရေးတပ်တိုက်ခိုက်၊အရာရှိအပါအဝင်စစ်သားအနည်းဆုံး ၈ဦး​သေပြီးလက်နက်ခဲယမ်း​တွေ​သိမ်းရ

■ကားတစ်စီး ၊ကျပ်သိန်း ၁၅၀၀ ​ကျော်နဲ့မူးယစ်​​ဆေးဝါး​တွေပါ သိမ်းဆည်းရရှိ

နိုဝင်ဘာ-၂၉၊၂၀၂၆။ဖိုးသား/People's Spring

နေပြည်တော်-မကွေးလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်
ကြီးအဆင့်အပါအ၀င် သေဆုံးသူများခဲ့ကာ ကားတစ်စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်း
ဆည်းရရှိတယ်လို့ ဖြစ်စဉ်ကို စစ်​ရေးသတင်းရင်းမြစ်အချို့ကလူထုနွေဦးကိုပြောပါတယ်။

နို၀င်ဘာ ၂၇ ရက် ည ၆ နာရီခွဲ ၀န်းကျင်မှာ နေပြည်တော်က ထွက်လာတဲ့ ကားသုံးစီးပါတဲ့ စစ်တပ်ယာဉ်တန်းကို နေပြည်တော် -မကွေးလမ်းပိုင်းမှာ ​တော်လှန်​ရေးတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကားတစီး နဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်ကြီး အဆင့် အပါအ၀င် အလောင်းရှစ်လောင်း သိမ်းဆည်းရရှိတယ်လို့ သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ကနဦးရရှိတဲ့ သတင်းအချက်အလက်အရ လက် နက်ငယ် ၁၆ လက် ၊ TNT ၂ တန်၊ ၁၂၀ မမ ဗုံးသီး ၃၀ လုံး ၊ RPG ဗုံးသီး ၂၀ နဲ့ ငွေကျပ်သိန်း ၁,၅၀၀ ရရှိတယ်လို့ သိရပါတယ်။

" ရာမဆေးပြားလဲပါတယ်။ရေတွက်ခိုင်းထားတယ်"လို့ စစ်ယာဉ်တန်းတိုက်ခိုက်မှုဖြစ်စဉ်အကြောင်းသိရှိသူက ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ ကားနဲ့ ပစ္စည်းတွေ အပါအ၀င်တော်လှန်ရေးတပ်ဖွဲ့၀င်တွေ လုံခြုံတဲ့ နေရာရောက်ပြီလို့လည်း အသိပေးပါတယ်။

လွန်ခဲ့တဲ့ သုံးလ၀န်းကျင်ကလည်း မကွေး
တိုင်းနဲ့နေပြည်တော်အစပ်က ရဲစခန်းနဲ့ စစ်
တပ်ဂိတ်စခန်းကို ၀င်ရောက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဗိုလ်မှူး အပါအ၀င် ကိုးဦးသေဆုံးပြီး လက်နက် ခြောက်လက် ရရှိခဲ့တာရှိပါတယ်။
👏6👍3🤣3
မင်းဘူး-အမ်းလမ်းပိုင်းမှာစစ်တပ်ရဲ့​ထောက်ပို့ကား​တန်းကို ​တော်လှန်​ရေးတပ်​တွေက ၂၀၂၆ ​မေလကုန်ပိုင်းကတိုက်ခိုက်ပြီးသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့စစ်သုံ့ပန်းအချို့ကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-NUG၊MOD
👍6🤣4👏3
အင်ရုံရွာဗုံးကြဲတိုက်ခိုက်ခံရမှု တရားမျှတမှုရရှိရေးလုပ်ဆောင်မယ်လို့ PDF သရက်ခရိုင်စစ်ဌာန ထုတ်ပြန်

လူစုလူဝေးနဲ့ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေရှောင်ဖို့ တိုက်တွန်း

နိုဝင်ဘာ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းများနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သရက်ခရိုင် စစ်ဌာန ကြေညာချက် ထုတ်ပြန်ခဲ့ရာ တရားမျှတမှု ရှရိရေးနဲ့ စစ်အာဏာရှင်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေး တော်လှန်ရေးအင်အားစုအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။

စစ်တပ်က နိုဝင်ဘာ ၂၆ရက်မှာ အင်ရုံရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေ၊ ဆရာ၊ဆရာမတွေ အပါအဝင် အရပ်သား ပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှု ဖြစ်စဉ်မှာ အမိန့်ပေးစေခိုင်းသူ စစ်ခေါင်းဆောင်တွေနဲ့ မကွေးလေတပ်စခန်း၊ ကပစ(၈)၊ ကပစ (၁၅) (အောင်လံ)နဲ့ ဧကရာဇ်ကျေးရွာ ရဲစခန်းတို့မှ လက်တွေ့ပါဝင်ကျူးလွန်သူများအထိ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေဘဲ ပြည်တွင်းအသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ယန္တရားများနဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများမှ တဆင့်ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ဖို့ ခိုင်လုံသော သက်သေအထောက်အထားများကို စနစ်တကျ မှတ်တမ်းတင် စုဆောင်းလျှက်ရှိကြောင်းလည်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အင်ရုံရွာကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၄လုံးကြဲချတိုက်ခိုက်တဲ့အပြင် လက်နက်ကြီး ၁၂လုံး၊ အသေခံဒရုန်း ၇စီး တို့နဲ့ အချိန်ကိုက် ညှပ်ပူး၊ ညှပ်ပိတ် ပူးပေါင်းတိုက်ခိုက်ခဲ့သလို တိုက်ခိုက်မှုအပြီးမှာလည်း လက်နက်ကြီး ဆက်လက်ပစ်ခတ်တာ၊ ဒဏ်ရာရလူနာတွေ ဆေးကုသဖို့ သယ်ဆောင်ရွှေ့ပြောင်းတဲ့ ရွာတွေအထိ အသေခံ ဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်တာ၊ ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်တာ၊ ကူညီကယ်ဆယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့တာ စတာတွေကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်မှာ ကလေးငယ်တွေအပါအဝင် ၂၀ဦး သေဆုံးခဲ့တဲ့အပြင် အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ သရက်ခရိုင် တပ်ရင်းမှ တော်လှန်ရေးရဲဘော် (၉)ဦးလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပြီး ကလေး ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသူနဲ့ ထိခိုက်သူအရေအတွက်ဟာ ထုတ်ပြန်ထားတာထက်ပိုများတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ကယ်ဆယ်ရေးနဲ့ ဆေးဝါး ကုသရေးလုပ်ငန်း အခက်အခဲတွေကြောင့် သေဆုံးသူဦးရေမြင့်တက်လာနိုင်ကြောင်းလည်း အသိပေးထားပါတယ်။

အသက်ပေးလှူသွားကြရသော အနာဂါတ်မျိုးဆက်သစ် ကလေးငယ်များ၊ သာသနာ့အနွယ်ဝင် သာမဏေငယ် ၊ ပညာရေးဝန်ထမ်းများ ၊ ပြည်သူများနဲ့ ရဲဘော်များရဲ့ ကျန်ရစ်သူမိသားစုဝင်များ ဒေသခံပြည်သူများနဲ့အတူ လွန်စွာဝမ်းနည်းကြေကွဲရကြောင်းလည်း သရက်ခရိုင်စစ်ဌာနက ဖော်ပြပါတယ်။

ပြည်သူတစ်ရပ်လုံးအနေနဲ့လည်း လူစုလူဝေးနဲ့ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေကို အထူးသတိပြု ရှောင်ကြဉ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာဖို့လည်း သရက်ခရိုင်စစ်ဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။


(ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
❤6🫡5😢3👍2🤣1
😢10🫡3🤬1🤣1
စစ်တပ်က တစ်နေ့တည်း နေရာ ၅ခုကို လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၄၅ဦးသေဆုံးပြီး ၉၀ကျော် ဒဏ်ရာရ

နိုဝင်ဘာ ၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ တနေ့တည်းမှာ မင်္ဂလာပွဲ နဲ့ အရပ်သားပြည်သူစုဝေးရာ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ပြည်သူ ၄၅ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၈ရက်မှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သား နေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်ခဲ့ရာ တနေ့တည်း နေရာ ၅ခုအထိ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ ကြောင်း ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အထဲက အထိအခိုက် အဆိုးရွားဆုံး ဒေသ (၃) ခုကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မင်္ဂလာဆောင်ပွဲ ဗုံးကြဲခံရမှု၊ မြောက်ဦးမြို့ ကို နှစ်ကြိမ်တိုင်ဗုံးကြဲမှု၊ ကချင်ပြည်နယ် လိုင်ဇာမြို့ မူးယစ်ဖြတ်စခန်း တိုက်ခိုက်ခံရမှု တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကရင်နီပြည်နယ် မော်ချီးနဲ့ မကွေးတိုင်း ပခုက္ကူမြို့တွေလည်းလည်းလေကြောင်း တိုက်ခိုက်ခံခဲ့ရပါတယ်။

ဖယ်ခုံမြို့နယ် မင်္ဂလာပွဲ ဗုံးကြဲခံရမှုမှာ ပြည်သူ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သလို၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နဲ့ မြို့သစ်ရပ်ကွက် နှစ်ကြိမ်တိုင် ဗုံးကြဲခံရမှုမှာ ပြည်သူ (၁၉) ဦးထက်မနည်း သေဆုံးကာ ၂၄ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ လိုင်ဇာမြို့ မူးယစ်ဖြတ်စခန်း တိုက်ခိုက်ခံရမှုမှာလည်း ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးပါတယ်။

စစ်တပ်ဟာ နိုဝင်ဘာ ၂၈ရက်မှာ ကရင်နီပြည်နယ်၊ မော်ချီးမြို့ကို ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို မကွေးတိုင်း ပခုက္ကူမြို့နယ် လေကြောင်း တိုက်ခိုက်ခံရမှုမှာလည်း ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် လူနေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။

" ကနဦး အတည်ပြုနိုင်တဲ့ သေဆုံးသူစာရင်းထဲမှာ အသက် ၁ နှစ် (၅) လအရွယ် ရင်ခွင်ပိုက် ကလေးငယ်လေး (၁) ဦး အပါအဝင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၅) ဦး ကြေကွဲဖွယ် ပါဝင်နေပြီး မြေပြင်အခြေအနေအရ သေဆုံးထိခိုက်သူ စာရင်းက ထပ်တိုးလာနိုင်ခြေ ရှိနေပါသေးတယ်” လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၆ ရက်ကလည်း မကွေးဒသ၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူလူထု အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရပါတယ်။ သေဆုံးသူ ၃၀နဲ့ ၅၀ ကြားရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ NUGနဲ့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကနဦးထုတ်ပြန်ချက်မှာတော့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၀ဦး၊ PDF ရဲဘော် ၉ဦးသေဆုံးကာ ကလေးငယ် ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

" မင်္ဂလာဆောင်ပွဲတွေ၊ ဆေးကုသရေး နဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေ၊ ပြီးတော့ အေးချမ်းစွာ နေထိုင်နေကြတဲ့ အရပ်သား ရပ်ကွက်တွေ အဲဒီနေရာတွေက အမှန်တကယ်ပဲ စစ်ရေးပစ်မှတ်တွေ ဖြစ်ပါသလား။ အရပ်သားပြည်သူတွေအပေါ် အခုလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေ (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ (Crimes Against Humanity) မြောက်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို ချက်ချင်း ပိတ်ပင်တားဆီးဖို့၊ ICC၊ ICJ နဲ့ Universal Jurisdiction တရားစီရင်ရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့နဲ့ ဒေသတွင်း ရှေ့တန်းလူသားချင်းစာနာမှု ကွန်ရက်တွေကနေတစ်ဆင့် တိုက်ရိုက် အကူအညီတွေ ပေးပို့ဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အလေးအနက် တောင်းဆိုကြောင်းလည်း ဖော်ပြထားပါတယ်။


(ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🔥5