အစိုးရစက်မှုလက်မှုသိပ္ပံ ၃၂ ကျောင်းအတွက် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

နိုဝင်ဘာ ၂၁ ရက်အထိ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ဖြင့် ရွေးချယ်မည်

နေပြည်တော်၊ နိုဝင်ဘာ ၅

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (A.G.T.I) ပထမနှစ်သင်တန်းများကို ကျောင်း ၃၂ ကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို နိုဝင်ဘာ ၂ ရက်မှ ၂၁ ရက်အထိ လက်ခံနေကြောင်း သိရသည်။

လျှောက်ထားသူများသည် ကျန်းမာရေးကောင်းမွန်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ထားသူများ ဖြစ်ရမည်။ သင်တန်းသားများကို အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်နှစ်ခု၏ စုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။

သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး အောင်မြင်ပြီးဆုံးပါက ဒီပလိုမာလက်မှတ် ပေးအပ်မည်ဖြစ်သည်။ ထူးချွန်စွာအောင်မြင်၍ သတ်မှတ်အရည်အချင်းပြည့်မီသူများသည် B.Tech နှင့် B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်နိုင်ရန် လျှောက်ထားခွင့်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်မည့် ကျောင်းများမှာ မိုးညှင်း၊ ပူတာအို၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ တီးတိန်၊ မော်လမြိုင်၊ တောင်ကြီး၊ အင်းစိန်၊ ရွှေပြည်သာ၊ သန်လျင်၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကန့်ဘလူ၊ ခန္တီး၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ တောင်ငူ၊ ပဲခူး၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ ထားဝယ်နှင့် နေပြည်တော်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းတို့ ဖြစ်သည်။

ဝင်ခွင့်သတ်မှတ်ချက်နှင့် လျှောက်ထားရန် လိုအပ်ချက်များကို မိမိတက်ရောက်လိုသည့် ကျောင်း၌ အသေးစိတ်စုံစမ်းကာ သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
👍9❤6👏2
ရန်ကုန်မြို့၌ ယနေ့(နိုဝင်ဘာ ၅ ရက်)တွင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း

ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်မြို့တွင် ယနေ့ နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းအချိန်က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ် ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုမှာ မိနစ်၃၀ ကျော်ကြာမြင့်ခဲ့ပြီး မိုးရွာသွန်းနေချိန်အတွင်း လျှပ်စီးလက်ခြင်းများနှင့် မိုးကြိုးပစ်မှု သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မိုးလေဝသဦးစီးဌာနက အသိပေးထုတ်ပြန်ချက်တွင်လည်းတနင်္သာရီ တိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်ဟု အသိပေးထားသည်။

ထို့အပြင် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေ အနေကြောင့် ကရင်ပြည်နယ်တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန်ရာနှုန်း ၆၀ ဖြစ်ကြောင်း သိရသည်။

မိုးရွာပြီးစ ရန်ကုန်မြို့တွင်းမြင်ကွင်းများ(ဓာတ်ပုံ-ပေါ်ပြူလာနယူးစ်)
❤7👍5👏2
ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေး၌ အစားထိုးပြောင်းလဲခန့်အပ်မည့် နယ်လုံဝန်ကြီးအမည်ကို လွှတ်တော်၏ သဘောတူညီချက်ရယူမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ပထမနေ့)ကို မနက်ဖြန် နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည့်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။

အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုင်းအစိုးရအဖွဲ့၌ အစားထိုးပြောင်းလဲခန့်အပ်မည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို လွှတ်တော်၏သဘောတူညီချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥပဒေကြမ်းကော်မတီတွင် ကော်မတီဝင်အသစ်များထပ်မံထည့်သွင်းခြင်းနှင့် အစားထိုးတာဝန်ပေးအပ်ခြင်းကို လွှတ်တော်၏အတည်ပြုချက်ရယူခြင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကပေးပို့သည့် ၂ဝ၁၅ ခုနှစ်၊ ရန်ကုန်တိုင်း ဆားနှင့် ဆားထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းတို့ကိုလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ဥပဒေကြမ်းကော်မတီက ရန်ကုန်တိုင်း ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပ ဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
👍3❤2👏1
ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၅

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ် ၅၅ ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်အမှတ် (၆၈/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် FPTP မဲဆန္ဒနယ် ၃၄ နယ်၊ အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် ၅ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ် ၁၆ နယ် ပါဝင်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များမှာ တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ မြိတ်၊ ညောင်လေးပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ချောက်၊ မင်းဘူး၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်၊ ကျိုက်မရော၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှည်းကူး၊ တာမွေ၊ ကိုကိုးကျွန်း၊ လှိုင်သာယာ (အနောက်ပိုင်း)၊ ကျောက်မဲ၊ မိုင်းဖြတ်၊ မိုင်းပန်၊ မအူပင်၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိနှင့် ဥတ္တရသီရိမြို့နယ်တို့ ဖြစ်သည်။

အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃)၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) နှင့် (၅)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) တို့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တွန်းဇံ၊ ဖလမ်း၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကောလင်း၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ရွှေဘို၊ ဇီးကုန်း၊ သဲကုန်း၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးကုတ်နှင့် ရေကြည်မြို့နယ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ နှင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ (ဂ)၊ နည်းဥပဒေ ၁၆ (က) တို့အရ ကျင်းပရန် သတ်မှတ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
❤6👍3👏3
ဖိုးလမော်ကမ်းခြေ နေဝင်ဆည်းဆာအလှ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာရှိ ဖိုးလမော်ကမ်းခြေ၏ ရှုမဝသည့် နေဝင်ဆည်းဆာအ လှကို အောက်တိုဘာ ၁၇ ရက်နှင့် နိုဝင်ဘာ ၂ ရက်တို့ကမြင်တွေ့ရစဥ်-

Photo-Ko Bo Bo Win
❤11👍1👏1