ပေါင်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည်

ပေါင်၊ နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ တောင်သူများကို ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူများ ချေးငွေရရှိစေရန်နှင့် ချေးငွေထုတ်ချေးမှု စနစ်တကျရှိစေရန် မြို့နယ်ချေးငွေအကြံပေးအဖွဲ့က နိုဝင်ဘာ ၅ ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ချေးငွေထုတ်ချေးရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) နှင့် သက်ဆိုင်ရာ မြေယာအထောက်အထားများကို စိစစ်ပြီး အထောက်အထားမှန်ကန်သူများကိုသာ ထုတ်ချေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မှာကြားခဲ့သည်။ ပုံစံ (၇) အတုတွေ့ရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ ပယ်ဖျက်ရေးနှင့် အရေးယူရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

ထို့ပြင် နှစ်နှစ်ဆက်တိုက် စိုက်ပျိုးလုပ်ကိုင်ထားခြင်းမရှိသည့် လယ်ယာမြေများကို ပြန်လည်သိမ်းယူပြီး အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအား ပုံစံ (၇) ပြန်လည်ထုတ်ပေးရေးကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
👏3❤2👍2
မြန်မာ့အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် အရေးပေါ်ဆေးကုသမှုစံနှုန်း မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်

ရန်ကုန်၊ နိုဝင်ဘာ ၆

FIFA ၏ အလုပ်သင်အစီအစဉ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုယ်စား ပါဝင်ခဲ့သည့် ဒေါက်တာ ယုနန္ဒာထွန်းသည် မြန်မာ့အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုစံနှုန်း မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း အဖွဲ့ချုပ်က အသိပေးထားသည်။

ဒေါက်တာ ယုနန္ဒာထွန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့ရှိ FIFA ရုံးချုပ်တွင် ရှစ်ပတ်ကြာ အလုပ်သင်အစီအစဉ်ကို ပြီးမြောက်ခဲ့သည်။ FIFA အဖွဲ့ဝင်နိုင်ငံ ၂၀ မှ အလုပ်သင်များ ပါဝင်ခဲ့သည့် အဆိုပါအစီအစဉ်တွင် ဘောလုံးအားကစားဆေးပညာကို အဓိကထား၍ ကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြိုင်ပွဲအတွင်း အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို လေ့လာခဲ့သည်။

စီမံကိန်းကို FIFA ဆေးဘက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အင်ဒရူး မက်ဆီ (Dr. Andrew Massey) ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲများတွင် ကစားသမားများအတွက် အရေးပေါ်ဆေးကုသမှုစနစ် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ပြီး နိုင်ငံတကာ အားကစားဆေးပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အဖွဲ့ချုပ်က ဆိုသည်။

ဒေါက်တာ ယုနန္ဒာထွန်းသည် စက်တင်ဘာလအတွင်း ပိုလန်နိုင်ငံ၌ ကျင်းပခဲ့သည့် FIFA အသက် ၂၀ နှစ်အောက် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း လက်တွေ့အတွေ့အကြုံ ရရှိရန် အရေးပေါ်ဆေးဘက်ဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
👍4❤3👏1🎉1
ဗန်ကောက်မြို့ မြန်မာသံရုံးက ပတ်စ်ပို့သက်တမ်းပြတ် ဒ-ဏ်ကြေးကောက်ခံမှုပြောင်းလဲသတ်မှတ်၊

(၂) နှစ်မှ (၅) နှစ်အထိ သက်တမ်းပြတ်တောက်နေသူများ ဒ-ဏ်ကြေး ထိုင်းဘတ် ၅၅၀ ပေးဆောင်ရမည်

ဗန်ကောက်၊ နိုဝင်ဘာ ၆

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ သာမန်မြန်မာနိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုး လျှောက်ထားရာတွင် သက်တမ်းပြတ်ဒဏ်ကြေး ကောက်ခံမှုများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဗန်ကောက်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးက နိုဝင်ဘာလ ၅ ရက်နေ့တွင် အသိပေး ကြေညာထားသည်။

အဆိုပါ သတ်မှတ်ချက်အသစ်ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်၍ ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်သက်တမ်း (၂) နှစ်မှ (၅) နှစ်အတွင်း ပြတ်တောက်နေသူများ အနေဖြင့် သက်တမ်းပြတ်ဒဏ်ကြေးအဖြစ် ထိုင်းဘတ်ငွေ ၅၅၀ဘတ် အား ပေးဆောင်ရမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထိုပြင် နိုင်ငံကူးလက်မှတ်သက်တမ်း (၅) နှစ်နှင့်အထက် ပြတ်တောက်နေသူများ အနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို  မြန်မာနိုင်ငံသို့ ပြန်လည်၍ ဆောင်ရွက်နိုင်ရန်အတွက် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ကိုသာ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်
👍3❤1👏1
ဒီဇင်ဘာလူထုအားကစား စာပေနှင့် ဓာတ်ပုံပြိုင်ပွဲ ပထမဆု ကျပ် ၁၀ သိန်းစီ ချီးမြှင့်မည်

နေပြည်တော်၊ နိုဝင်ဘာ ၆

၂၀၂၆ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လက်ရာများကို ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထား ပေးပို့နိုင်ကြောင်း ပြိုင်ပွဲဖိတ်ခေါ်ချက်အရ သိရသည်။ ပြိုင်ပွဲတစ်မျိုးစီအတွက် ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၈ သိန်း၊ တတိယဆု ကျပ် ၆ သိန်းနှင့် နှစ်သိမ့်ဆု ကျပ် ၅ သိန်း ချီးမြှင့်မည်ဖြစ်သည်။

စာပေပြိုင်ပွဲဝင်များသည် လူထုအားကစားတွင် ပြည်သူများ ပိုမိုပါဝင်လာရေး၊ အားကစားနှင့် ကျန်းမာရေး၊ လူငယ်ဖွံ့ဖြိုးရေး၊ ရပ်ရွာအခြေပြု အားကစားဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးတို့အတွက် အကြံပြုချက်များကို မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသားရမည်။ စာမူများကို Microsoft Word တွင် Unicode Pyidaungsu စာလုံးအရွယ် ၁၃ ဖြင့် ရေးသားရမည်ဖြစ်ပြီး A4 စာမျက်နှာအရေအတွက်ကို ဝတ္ထုတို ၁၁ မှ ၁၂ မျက်နှာ၊ ဆောင်းပါး ၉ မှ ၁၀ မျက်နှာနှင့် ကဗျာ ၅ မှ ၆ မျက်နှာ သတ်မှတ်ထားသည်။

ဓာတ်ပုံပြိုင်ပွဲတွင် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုများနှင့် ၂၀၂၇ ခုနှစ် (၇၉) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၏ မှတ်တမ်းဓာတ်ပုံများကို တင်သွင်းနိုင်သည်။ ရောင်စုံဓာတ်ပုံများကို ၁၀ လက်မ × ၁၄ လက်မ အရွယ်ဖြင့် ခေါင်းစဉ်တပ်၍ ပေးပို့ရမည်။ ယခင်နှစ်များက ဆုရရှိခဲ့သည့် ဓာတ်ပုံကို ထပ်မံတင်သွင်းကြောင်း စိစစ်တွေ့ရှိပါက အဆိုပါပြိုင်ပွဲဝင်၏ အခြားဓာတ်ပုံများကိုပါ ပယ်ဖျက်မည်ဖြစ်သည်။ စာမူနှင့် ဓာတ်ပုံများကို အရေအတွက်ကန့်သတ်ချက်မရှိ တင်သွင်းနိုင်သည်။

ပြိုင်ပွဲဝင်လက်ရာများကို Soft Copy တစ်ချပ်၊ Hard Copy တစ်စုံဖြင့် ညွှန်ကြားရေးမှူး၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Cluster 5-1) သို့ ပေးပို့ရမည်။ ပြိုင်ပွဲဝင်သူ၏ လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူမှန်တစ်စောင်နှင့် လက်ရာကို ကိုယ်တိုင်ရေးသားထားကြောင်း သို့မဟုတ် ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံချက်တို့ကို ပူးတွဲတင်ပြရမည်။

သတ်မှတ်ရက်ကျော်လွန်၍ ပေးပို့သည့် လက်ရာများနှင့် အထောက်အထား မပြည့်စုံသည့် လက်ရာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။ ဆုရစာမူများကို နေ့စဉ်ထုတ်သတင်းစာများ၊ ဌာန၏ လစဉ်သတင်းလွှာနှင့် အားကစားဂျာနယ်များတွင် ဖော်ပြမည်ဖြစ်ပြီး ပြိုင်ပွဲအသေးစိတ်ကို ၀၉ ၂၅၅၈၃၂၄၉၉၊ ၀၉ ၄၂၀၁၃၄၂၈၀ နှင့် ၀၉ ၄၂၈၇၁၀၇၀၀ တို့သို့ ဆက်သွယ်မေးမြန်းနိုင်သည်။သိရသည်။
❤3👍2👏1🤩1
ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်

နေပြည်တော်၊ နိုဝင်ဘာ ၅

ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်တွင် အသိပေးကြေညာထားသည်။

အဆိုပါအခွန်ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျှော့ချနိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အခွန်ကင်းလွတ်ခွင့်ကာလကို အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခွန်ကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာနတွင် Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
❤5👍1👏1👌1🍓1
Media is too big
VIEW IN TELEGRAM
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစားထိုးလဲလှယ်ခြင်းနှင့် ဥပဒေမူကြမ်းတင်သွင်း

ယနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဗိုလ်မှူးကြီးကျော်ကျော်ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အစားထိုးခန့်အပ်ခဲ့ပြီး ယစ်မျိုးအခွန်ဥပဒေ၊ ဆားနှင့်ဆားထွက်ပစ္စည်းဆိုင်ရာ ပြင်ဆင်တဲ့ဥပဒေမူကြမ်းကို တင်သွင်းဆွေးနွေးခဲ့ပါတယ်။
❤6👍2👏1👌1🍓1
Media is too big
VIEW IN TELEGRAM
ပါဝင်ယှဉ်ပြိုင်သူ ၁၅၀၀ ထဲမှာ ဆုရဖို့ယုံကြည်ချက်ရှိ‌နေတဲ့ နေပြည်တော် အထက(၁၈) မှ ကျောင်းသားလေး မောင်ကောင်းခန့်လင်း

“အာကာသအိမ်မက်ဆိုတဲ့ခေါင်းစဉ်နဲ့ ပန်းချီပြိုင်မှာပါ။ ကျောင်းတွင်းပြိုင်ပွဲဝင်တွေအများကြီးမှာ ရွေးချယ်ခံရလို့ ပျော်လည်းပျော်သလို ပီတိလည်းဖြစ်ပါတယ်။ ၃ နာရီအတွင်းဆွဲနိုင်ဖို့ယုံကြည်ချက်ရှိသလို လူပေါင်း ၁၅၀၀ ထဲမှာလည်း ဆုရဖို့ ယုံကြည်ချက်ရှိပါတယ်” မောင်ကောင်းခန့်လင်း (Grade 5) - အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ နေပြည်တော်
❤13🍓4👍1🥰1👏1
ပွဲတော်ပထမရက်၌ပင် တိုးမပေါက်အောင်စည်ကားခဲ့သည့် မြန်မာ့ရိုးရာပွဲဈေး

ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) မှ ဦးစီးကျင်းပ‌သည့် မြန်မာ့ရိုးရာပွဲဈေး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “မြန်မာ့ရိုးရာပွဲဈေး”ကို မြန်မာ့ရိုးရာပွဲဦးအလင်္ကာ အကအလှဖြင့် တင်ဆက်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ပွဲတော်များနှင့်အတူ ယှဉ်တွဲပါလာတဲ့ "ပွဲဈေး" ဆိုသည်မှာ ရိုးရာကုန်စည်များ၊ ဒေသထွက်ကုန်များ၊ လက်မှုအနုပညာပစ္စည်းများနှင့် မြန်မာ့ရိုးရာ မုန့်ပဲ သရေစာများကို တစုတဝေးတည်း တွေ့မြင်ဝယ်ယူနိုင်သည့် ဒေသတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရာနေရာတစ်ခုကြောင်း၊ ဒါ့အပြင် ဒေသခံ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဧည့်သည်တော်များ စည်းလုံးညီညွတ်စွာဖြင့် ချစ်ခင် ရင်းနှီးစွာတွေ့ဆုံပျော်ရွှင်ကြသည့် လူမှုရေးပေါင်းကူးတံတား စစ်စစ်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာ့ရိုးရာပွဲဈေးကို ပျော်ပွဲရွှင်ပွဲ အဖြစ်သတ်မှတ်လို့မရဘဲ မြန်မာ့လူမှုအသိုက်အဝန်း၏ ဘာသာတရား ယုံကြည်မှု၊ အစဉ်အလာအလေးထားမှု၊ လူမှုဘဝ၊ အနုသုခုမပညာ၊ လက်မှုပညာ၊ တီထွင်ဖန်တီးမှုနှင့် အစားအစာ ယဉ်ကျေးမှုတို့ကိုပါ တစ်စုတစ်စည်းတည်း အသက်ဝင်စေသည့် ရိုးရာအမွေအနှစ် တစ်ခုမှတ်ယူရန် ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှလည်း မြန်မာ့ရိုးရာပွဲဈေးများ၏ ထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ ဝိသေသနများမှာဘာသာရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်းကူးပေးရာနေရာ၊ ဒေသထွက်ကုန်စည်နှင့်လက်မှုအနုပညာများ ဖော်ထုတ်ရာနေရာ၊ လူမှုရေးပေါင်းစည်းမှုနှင့် ချစ်ကြည်ရင်းနှီးမှုနေရာ၊ မျိုးဆက်သစ်တို့အား ယဉ်ကျေးမှု အမွေအနှစ် လက်လွှဲပေးရာနေရာ ဖြစ်သဖြင့် မြန်မာ့ရိုးရာပွဲဈေးများသည် အရောင်းအဝယ်ပြုလုပ်ရာနေရာမျှသာ မဟုတ်ဘဲ မြန်မာတို့ရဲ့ အမျိုးသားယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် စိတ်ဓာတ်ရေးရာ တန်ဖိုးများကိုရောင်ပြန်ဟပ်နေသည့် ယဉ်ကျေးမှုရတနာတစ်ပါး ဖြစ်‌ေကြာင်း၊ ခေတ်ကာလများပြောင်းလဲလာသည်နှင့်အမျှ ခေတ်မီဈေးဝယ်စင်တာများနှင့် ဒစ်ဂျစ်တယ်စနစ်များခေတ်စားလာသော်လည်း မြန်မာတို့၏ နွေးထွေးသော ရိုးရာပွဲဈေး၏ အငွေ့အသက်နှင့်ယဉ်ကျေးမှုတန်ဖိုးများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အားလုံး၏ တာဝန်ဖြစ်ကြောင်း အကြံပြုကာ ဝမ်းမြောက် စကားပြောကြားခဲ့သည်။

အဆိုပါ “မြန်မာ့ရိုးရာပွဲဈေး”အား နိုဝင်ဘာလ ၆ ရက်မှ ၈ ရက်ထိ (၃) ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာအစားအစာတွေ၊ ရိုးရာအဝတ်အထည်တွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေကို ရောင်းချသွားမှာဖြစ်သလို ရိုးရာမုန့်ပြုလုပ်နည်း သရုပ်ပြပွဲတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေနဲ့ အနုပညာဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
❤10👍3👏2🎉1

❤15👏3👍2🎉1