PRF - People Revolution Supply Family
1.14K subscribers
885 photos
160 videos
491 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
ကိုအနဂ္ဂမေးတဲ့ သင့်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကိုယ်ပိုင်နံပါတ်ရှိပြီးပြီလား ?

PDF အတွက် PRF ရှိနေမယ်။

#လာပါငါတို့အတူတူရုန်းမယ်
#PRF4PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
fb.me/prf4pdf
m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤22👍4🫡4
Media is too big
VIEW IN TELEGRAM
• တော်လှန်ပုခုံးများ Ep - 3 • Shorts
👍8❤3
PRF - People Revolution Supply Family
• တော်လှန်ပုခုံးများ Ep - 3 • Shorts
• တော်လှန်ပုခုံးများ Ep - 3 •

"မင်္ဂလာနှစ်သစ်ရောက်နိုင်ဖို့ နိုင်ရာအားနဲ့ ဒို့ထောက်ပို့” စကားဝိုင်းမှာ ပါဝင်ထားတဲ့ထဲက အပိုင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

လာပါ... ငါတို့ အတူတူရုန်းကြစို့
PRF for PDF

It’s not an option. It’s “Duty”
Report your duty !

#prf4pdf
#တော်လှန်ပုခုံးများ
#မင်္ဂလာနှစ်သစ်ရောက်နိုင်ဖို့နိုင်ရာအားနဲ့ဒို့ထောက်ပို့
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤21
၂၀၂၄ ခုနစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များ
❤25
PRF - People Revolution Supply Family
၂၀၂၄ ခုနစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များ
ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။

၂၀၂၄ ခုနစ် မတ်လအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

It’s not an option.It is "Duty”
Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဧပြီလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤22👍2
• ဧပြီလ အတွက် သင်ထောက်ပို့တာဝန်ထမ်းဆောင်ပြီးပြီလား ? •

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

လကုန်တော့မှာ ဖြစ်လို့ ဧပြီလအတွက် ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ရက်အနည်းငယ်ပဲ ကျန်ပါတော့တယ်။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ?

လာပါ... ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
👍26❤13
PRF - People Revolution Supply Family
Photo
"ပျက်ကွက်မှုမရှိ" ဂုဏ်ပြုလက်ဆောင် ပန်းချီကားနဲ့ တသက်တာ အမှတ်တရ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနစ် ဒီဇင်ဘာလတုန်းက ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ရဲ့ ၂ နှစ်ပြည့်အနေနဲ့ လေးစားချစ်ခင်ရတဲ့ ကိုမင်းကိုနိုင်ရဲ့ "ပျက်ကွက်မှုမရှိ" ပန်းချီကားတွေကို ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ စတင်ချိန်မှစပြီး ၂နှစ်အတွင်း ပျက်ကွက်မှုမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထောက်ပို့ရဲဘော်တွေအားလုံးကို လက်ဆောင်အနေနဲ့ Digital Artwork အီးမေးလ်ပို့ပေးခဲ့ပြီး အားလုံးထဲက ငါးဦးကိုတော့ မဲနှိုက်ရွေးချယ်ကာ ပန်းချီကားလက်ဆောင် ပို့ပေးခဲ့ပါတယ်။

ခုကတော့ ကံထူးသွားတဲ့ ထောက်ပို့ရဲ‌ဘော်ထဲက တဦးဖြစ်တဲ့ Australia မှ ထောက်ပို့တပ်သားအမှတ် PRF - 0000056 ( OFP Fundraiser - Supporting 4 Myanmar မှ ပါဝင်သူ ) ရဲ့ တသက်တာ အမှတ်တရလေးအဖြစ် ပန်းချီကားနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးကို ထောက်ပို့ရဲဘော်အားလုံး ကြည်နူးပီတိဖြစ်နိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

လာပါ… ငါတို့ အတူတူရုန်းမယ်။

PRF for PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf

💬
m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။
#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
👍25❤21
ကိုဇင်ဇေမေးတဲ့ သင့်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကိုယ်ပိုင်နံပါတ်ရှိပြီးပြီလား ?

PDF အတွက် PRF ရှိနေမယ်။

#လာပါငါတို့အတူတူရုန်းမယ်
#PRF4PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -fb.me/prf4pdf
m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤30
💱 Currency Exchange Rates May 2024 💱

၂၀၂၄ ခုနှစ်၊ မေလ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုထားတဲ့ နိုင်ငံအလိုက်ငွေလဲနှုန်းထားများကို ဖော်ပြလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားများအနေနဲ့ မိမိတို့ ထည့်ဝင်လိုသည့်ပမာဏကို ထိုငွေလဲနှုန်းထားများအတိုင်း မိမိတို့၏ Fundraiser ထံသို့ ဆက်သွယ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ထောက်ပို့တပ်သား မဖြစ်သေးပါက မိမိတို့ ရောက်ရှိရာဒေသမှ နီးစပ်ရာ Fundraiser များနဲ့ ဆက်သွယ်ပြီး ပါဝင်အားဖြည့်နိုင်ပါတယ်။

ပြည်သူ့တော်လှန်‌ရေး မုချ အောင်ရမည်။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤24👍4🤝2
PRF - People Revolution Supply Family
Photo
We accept all major credit cards and debit cards.

Credit Card တွေ Debit Card တွေ အသုံးပြုပြီး ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ လစဉ် တာဝန်ထမ်းဆောင်လို့ ရနေပါပြီ။ အသုံးပြုပုံက ပုံမှန် Payment Service တွေမှာ လုပ်ဆောင်သလို လွယ်ကူရှင်းလင်းပါတယ်။
လစဉ်အလိုအလျောက် ပေးဆောင်မှုလည်း လုပ်လို့ရတာမလို့ တပ်သားတွေအနေနဲ့ သတိမေ့လျော့ပြီးတာဝန်မထမ်းဆောင်လိုက်ရမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ ပျက်ကွက်မှုမရှိ ထမ်းဆောင်နိုင်ပါပြီ။

အသေးစိတ်ကိုတော့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF messenger မှာ စုံစမ်းနိုင်ပါတယ်။ လက်ရှိမှာတော့ ထောက်ပို့တပ်သားအသစ်တွေအနေနဲ့ပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပြီး ဆက်လက်တိုးချဲ့လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။
ပွဲမြန်မြန်သိမ်းဖို့ ငါတို့တာဝန်ပိုယူကြမယ်

It’s not an option.It is "Duty”
Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်

မေလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
👍24❤11
Media is too big
VIEW IN TELEGRAM
• တော်လှန်ပုခုံးများ Ep - 3 •
❤24
PRF - People Revolution Supply Family
• တော်လှန်ပုခုံးများ Ep - 3 •
• တော်လှန်ပုခုံးများ Ep - 3 •

"မင်္ဂလာနှစ်သစ်ရောက်နိုင်ဖို့ နိုင်ရာအားနဲ့ ဒို့ထောက်ပို့” စကားဝိုင်းမှာ ပါဝင်ထားတဲ့ထဲက အပိုင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။

လာပါ... ငါတို့ အတူတူရုန်းကြစို့
PRF for PDF

It’s not an option. It’s “Duty”
Report your duty !

#prf4pdf
#တော်လှန်ပုခုံးများ
#မင်္ဂလာနှစ်သစ်ရောက်နိုင်ဖို့နိုင်ရာအားနဲ့ဒို့ထောက်ပို့
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤31
PRF - People Revolution Supply Family
Photo
ဒီကနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းမှု (၃) နှစ် မြောက်နေ့ ဖြစ်ပါတယ်။ PRF 4 PDF ဆိုတဲ့အတိုင်းပဲ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ရဲဘော်များအတွက် အခိုင်အမာ တည်ရှိနေတာ ဖြစ်လို့ အခုလို (၃) နှစ်တာခရီးမှာ အတူတကွပါဝင် ဖြတ်သန်းရတဲ့အတွက်လည်း ထောက်ပို့တပ်သားတဦးစီတိုင်းက ဂုဏ်ယူနေပါတယ်။

ဂုဏ်ယူရခြင်းနဲ့အတူ ခရီးလမ်းတလျှောက် ရောက်ခဲ့တဲ့ခရီး မှတ်ကျောက်တိုင်တွေအတွက် သုံးသပ်နိုင်စေဖို့ PDF Insight ရဲ့ ငါတို့ဘယ်လောက် ခရီးရောက်ခဲ့ပြီလဲ ဆိုတဲ့ ဆောင်းပါးကို အောက်မှာ ကူးယူဖော်ပြလိုက်ပါတယ်။

🔺 ငါတို့ ဘယ်လောက် ခရီးရောက်ခဲ့ပြီလဲ 🔺

ဒီနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းမှု (၃) နှစ် မြောက် နေ့ ဖြစ်တယ်။ ဒီနေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ဘယ်လောက် ခရီးရောက်ခဲ့လဲ။ ဘာတွေ အောင်မြင်ခဲ့လဲ၊ ဘာတွေ လုပ်ဆောင်နေလဲ သုံးသပ်ကြည့်ဖို့ လိုလာတယ်။

အာဏာသိမ်းမှုနောက်မှာ ဘာမှ မရှိတဲ့ အခြေအနေ၊ စစ်ပညာ၊ စစ်လက်နက် ဘာမှ မရှိတဲ့ အခြေအနေက စတင် ထူထောင်ခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ဒီနေ့ဆိုရင် (၃) နှစ်သား အရွယ်ကို ရောက်လာပါပြီ။ ဒီခရီးတလျောက်မှာ ရုန်းကန်ရမှုတွေ၊ လေ့လာသင်ယူရမှုတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရတယ်။ ဒီနေ့ ဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ စနစ်ကျတဲ့ တပ်၊ အင်အားတောင့်တင်းတဲ့ တပ်၊ အောင်ပွဲတွေ ရယူနေတဲ့ တပ် တခု မားမားမတ်မတ် ရပ်တည်နိုင်လာပြီ ဖြစ်တယ်။ ဒီလို ရပ်တည်နိုင်တာဟာ ခေါင်းဆောင်တွေ၊ သက်ဆိုင်ရာ မြေပြင် တပ်မှူး၊ တပ်သားတွေ၊ ကူညီထောက်ပံ့ပေးခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ပြည်သူတွေ ကျရာကဏ္ဍကနေ ကူညီပံ့ပိုးပေးခဲ့လို့ ဖြစ်တယ်။ အကြမ်းဖက် စစ်တပ်ဟာ စစ်ပညာ နဲ့ စစ်အတွေ့အကြုံ လုံးဝမရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို အထင်သေးခဲ့ကြပေမယ့်လဲ (၃) နှစ် ပြည့် ကာလ မှာ မလေးမစား မလုပ်ရဲတော့ဘူးဆိုတာ သေချာ နေပြီ ဖြစ်ပါတယ်။ စစ်တပ်ဟာ တိုက်တိုင်းရှုံး ဖြစ်နေတဲ့ ကာလမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တိုက်တိုင်းအောင် ဖြစ်နေပါပြီ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စတင် ထူထောင်ခါစ မှာ တပ်ရင်း၊ စစ်ကြောင်း အနည်းငယ်သာ ရှိခဲ့ပြီး လက်နက် တပ်ဆင်မှု သိပ်မရှိခဲ့ပေမယ့် ယနေ့ အခါ တပ်ရင်း နဲ့ စစ်ကြောင်း (၃၀၀) ရှိလာပြီ ဖြစ်ပြီး လက်နက် တပ်ဆင်မှု၊ လက်နက်ကြီး တပ်ဆင်မှု၊ ဒရုန်း အသုံးပြုမှု တွေ အတန်အသင့်ရှိလာပြီ ဖြစ်ပါတယ်။ စစ်ရေး အတွေ့အကြုံ လုံးဝမရှိတဲ့ အခြေအနေကနေ တိုက်စွမ်းရည်ပြည့်ဝတဲ့ တပ်၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွဲလာနိုင်တဲ့ တပ်၊ ကျေးလတ် နဲ့ မြို့ပြ ဒေသမှာပါ တိုက်ပွဲဝင်နိုင်တဲ့ တပ် အဖြစ် ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ နယ်မြေ စိုးမိုးမှု အရ ဆိုရင်လဲ လုံးဝ မရှိတဲ့ အခြေအနေကနေ စိုးမိုးနယ်မြေတွေ အထူးသဖြင့် အညာဒေသမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ တနိုင်ငံလုံး အတိုင်းအတာမှာ ပြန့်ကြဲ တည်ရှိနေတဲ့ စိုးမိုးနယ်မြေတွေ ကြား ချိတ်ဆက် နိုင်ရေး အတွက် ထု အင်အား တည်ဆောက်ပြီး မဟာဗျူဟာ ထိုးစစ် ဆင်နွဲဖို့ ပြင်ဆင်လျက်ရှိပါတယ်။ မဟာဗျူဟာ ထိုးစစ် အပြီး ရန်သူ လက်နက်ချ၊ ဒါမှ မဟုတ် အကြီးအကျယ် အထိနာပြီးတဲ့ နောက်မှာ ပြန့်ကြဲနေတဲ့ စိုးမိုးနယ်မြေတွေဟာ တဆက်စပ်တည်းသော စိုးမိုးနယ်မြေကြီးတွေ အဖြစ် ပေါ်ထွန်းလာမှာ ဖြစ်ပြီး ပြည်သူတွေ အနေနဲ့ လွတ်လပ်စွာ သွားလာ ရပ်တည်နိုင်လာမှာ ဖြစ်ပါတယ်။ ပြောက်ကျားပစ်ခတ်မှု နဲ့ စခန်းငယ်တွေကို တိုက်ခိုက်နိုင်တဲ့ အဆင့်ကနေ (၃) နှစ်ပြည့်တဲ့ ကာလမှာ ရန်သူ့ ဌာနချုပ် ဖြစ်တဲ့ နေပြည်တော် စစ်ရုံးချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်မဌာနချုပ်၊ လေတပ်စခန်း၊ လက်နက်ပစ္စည်း စက်ရုံတွေကို ပုံမှန် တိုက်ခိုက်နိုင်တဲ့ တပ်မတော် တရပ် ဖြစ်လာခဲ့ပါပြီ။
❤11👍11
PRF - People Revolution Supply Family
Photo
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စစ်ကြောင်းတွေရဲ့ ထူးခြားချက်ကတော့ တနိုင်ငံလုံးမှာ လှည့်ပတ် စစ်ဆင်တိုက်ခိုက်နိုင်မှု၊ တနိုင်ငံလုံး အတိုင်းအတာ လွမ်းခြုံ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ရန်သူကို နိုင်ငံ မြောက်ပိုင်းမှာ ချေမှုန်းလျက်ရှိသလို တောင်ပိုင်း ဒေသ ရာဘာတောတွေ၊ မြစ်ချောင်းတွေ၊ ပင်လယ် ကမ်းစပ်တွေမှာလဲ ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။ နိုင်ငံအနောက်ပိုင်းမှာ တိုက်ပွဲ ဝင်နေသလို အရှေ့ပိုင်း ရှမ်းကုန်းမြေပြင့်မှာလဲ တိုက်ပွဲ ဝင်လျက်ရှိပါတယ်။ အဓိကအားဖြင့် နိုင်ငံရဲ့ အလယ်ပိုင်း ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် လှုပ်ရှား တိုက်ခိုက်လျက်ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုကြီးတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ထူထောင်ပြီးတဲ့ ကာလမှာမှ ပထမဆုံးအကြိမ်ဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် သမိုင်းမှာ အဲဒီလိုမျိုး တခါမှ မပေါ်ပေါက်ဖူးသေးပါဘူး။ နောက်ထပ် ထူးခြားချက်ကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ နဲ့ လူတန်းစားပေါင်းစုံ စုစည်း ပါဝင်နေတဲ့ တပ်မတော် တရပ်လဲ ဖြစ်ပါတယ်။ မတူညီတဲ့ အင်အားစုတွေ၊ အတွေ့အကြုံတွေ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်လဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တီထွင်ဖန်တီးနိုင်မှုအားကောင်းတဲ့ တပ်မတော် တရပ်ဖြစ်လာပါတယ်။ ဒီ ဖြစ်ရပ်ကို ဒရုန်းတပ်ဖွဲ့များ စနစ်တကျ ဖွဲ့စည်းနိုင်မှု၊ ဒုံးကျည်ထုတ်လုပ်နိုင်မှု၊ မြို့ပြ ပြောက်ကျားစစ်ဆင်နိုင်မှု တွေမှာ တွေ့နိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ချမှတ်ထားတဲ့ မဟာဗျူဟာအတိုင်း တနိုင်ငံလုံးမှာ ကွက်ပြည့်နင်း တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိအောင် စည်းရုံးပြီးလဲ တိုက်ပွဲတွေ ဖော်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။ (၃) နှစ်ပြည့်ကာလမှာ နိုင်ငံရဲ့ ဒေသ အားလုံး နီးပါး မှာ စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့လို ရန်သူ ထိန်းချုပ်ထားတဲ့ မြို့မှာလဲ မြို့ပြ တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး မြို့ပြဒေသ ရန်သူ့ စိုးမိုး ထိန်းချုပ်နိုင်မှုကို အားပျော့အောင် လုပ်ဆောင်နိုင်နေပါတယ်။ တောင်တန်း ဒေသ၊ မြေပြန့် ဒေသ နဲ့ မြို့ပြ ဒေသ စစ်ရေး အခြေအနေတွေကို ကြည့်ရင် စစ်ရေး အရ အခြေအနေ ဖန်တီးနိုင်မှု နဲ့ လက်ဦးမှုဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မှာပဲ ရှိနေတာ သိသာထင်ရှားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်တဲ့ ပထမ (၃) နှစ်တာ ကာလ ဟာ တပ်စုဖွဲ့မှု၊ လေ့ကျင့်မှု၊ တပ်ဆင် ကွပ်ကဲမှု နဲ့ မဟာဗျူဟာ ခံစစ် ကာလ ဖြစ်ပြီး (၃) နှစ်ပြည့် ကာလ နောက်ပိုင်းမှာ လက်နက်ကြီး တပ်ဆင်မှု နဲ့ တပ်အင်အားကြီးကြီးမားမား စုဖွဲ့မှုတွေ ပြီးရင် မဟာဗျူဟာ ထိုးစစ် ကာလ ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မဟာဗျူဟာ ထိုးစစ်ကာလ ပြီးရင်တော့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့် ဆက်စပ်သွားမှာ၊ ရန်သူ့ စိုးမိုးနယ်မြေလျော့ကျသွားမှာ၊ ရန်သူ ရဲ့ နိုင်ငံရေး နဲ့ စစ်ရေး ရပ်တည်မှု အခြေယိုင်သွားတာ၊ ဒါမှမဟုတ် စစ်တပ်နဲ့ စစ်အာဏာရှင် တခုလုံး ချေမှုန်းခံရတာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ (၃) နှစ်ပြည့် ကာလမှာ အဆုံးသတ်‌ အောင်ပွဲ အတွက် အသင့်ဖြစ်နေပြီ ဖြစ်သလို စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ အကောင်းဆုံး အနေအထားကို ရောက်လာပြီ ဖြစ်ပါတယ်။

#PRF4PDF
#PDFInsight
👍27❤12🫡3🤝1
PRF - People Revolution Supply Family
Photo
🔺 မေလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ ရဲဘော် 🔺

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

မေလအတွက် ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ?

လာပါ... ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤29👍6🫡4
• PRF ထောက်ပို့တပ်သားတဦးချင်းစီတိုင်းအတွက် သီးသန့် Profile ပုံ •

PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားတွေအတွက် ရည်ရွယ်ပြီး အမှတ်တရ ဂုဏ်ပြုလက်ဆောင်တခု သီးသန့်ပို့ဆောင်ပေးလျက်ရှိပါတယ်။ တပ်သားတဦးချင်းစီရဲ့
- ကိုယ်ပိုင်နံပါတ်၊
- မိမိတာဝန်ထမ်းဆောင်ရာ တိုင်းနဲ့ပြည်နယ်တို့ ပါဝင်ပြီး PRF ထောက်ပို့တပ်သား ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိပါတယ်။

ဒီတပ်သားပုံလေးတွေကို ဧပြီလ နဲ့ မေလမှာ တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေကို ပို့ပေးလျက်ရှိတာ ဖြစ်ပြီး မရရှိသေးတဲ့ ထောက်ပို့တပ်သားများကိုလည်း အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ကိုယ့်အတွက် အမှတ်တရဖြစ်စရာ သီးသန့်ဖန်တီးမှုဖြစ်လို့ ထောက်ပို့တပ်သား အားလုံး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။ ပုံလေးတွေ ရရှိထားတဲ့ ရဲဘော်တို့လဲ လုံခြုံရေးအရ အဆင်ပြေရင် ဒီ Post အောက်မှာ ကိုယ့်ရဲ့ Profile ပုံလေးတွေ ဝေမျှနိုင်ပါတယ်။

ထောက်ပို့တပ်သားအားလုံးကို လေးစားဂုဏ်ယူလျှက် "လာပါ…ငါတို့ အတူတူရုန်းမယ်”

#PRF4PDF
#PRFပြည်သူ့တော်လှန်ရေးထောက်ပို့တပ်
❤59👍10