PRF - People Revolution Supply Family
1.14K subscribers
882 photos
160 videos
488 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
ပြည်သူ့စစ် - စစ်တပ်ရဲ့ မအောင်မြင်မှု နောက်တခု
...........................................
တနိုင်ငံလုံး မှာ စစ်ရေးအရှုံးကြီးတွေ ရင်ဆိုင်လာရတဲ့ စစ်အာဏာရှင်တွေဟာ လိုအပ်တဲ့ စစ်သား ဖြည့်တင်းမှု လုပ်ဆောင်ဖို့ အတွက် ပြည်သူတွေကို အတင်းအဓမ္မ ပြည်သူ့ စစ် ဖွဲ့စည်းဖို့ ခြေလှမ်းပြင်လာပါတယ်။ ဘာအတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့စည်းရလဲ၊ ပြည်သူ့စစ်ဖွဲ့စည်းမှုဟာ အောင်မြင်မလား၊ ပြည်သူတွေ အနေနဲ့ ဘယ်လို တန်ပြန်သင့်သလဲ၊ ပြည်သူ့စစ် လားရာက ဘာဖြစ်မလဲ ဆိုတာတွေကိုရေးသားသွားမှာ ဖြစ်ပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid02JyNZF9qxYiqUp5kFENYedGWw1NQNiK8puYR7rnUsuLPhzFQ9LhSAbx2KxdYaAhral&id=100093147848816

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။

#PDFInsight
❤18👍6
PRF - People Revolution Supply Family
Photo
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စစ်ကြောင်းတွေရဲ့ ထူးခြားချက်ကတော့ တနိုင်ငံလုံးမှာ လှည့်ပတ် စစ်ဆင်တိုက်ခိုက်နိုင်မှု၊ တနိုင်ငံလုံး အတိုင်းအတာ လွမ်းခြုံ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ရန်သူကို နိုင်ငံ မြောက်ပိုင်းမှာ ချေမှုန်းလျက်ရှိသလို တောင်ပိုင်း ဒေသ ရာဘာတောတွေ၊ မြစ်ချောင်းတွေ၊ ပင်လယ် ကမ်းစပ်တွေမှာလဲ ချေမှုန်းတိုက်ခိုက်လျက်ရှိပါတယ်။ နိုင်ငံအနောက်ပိုင်းမှာ တိုက်ပွဲ ဝင်နေသလို အရှေ့ပိုင်း ရှမ်းကုန်းမြေပြင့်မှာလဲ တိုက်ပွဲ ဝင်လျက်ရှိပါတယ်။ အဓိကအားဖြင့် နိုင်ငံရဲ့ အလယ်ပိုင်း ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် လှုပ်ရှား တိုက်ခိုက်လျက်ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှုကြီးတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ထူထောင်ပြီးတဲ့ ကာလမှာမှ ပထမဆုံးအကြိမ်ဖြစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် သမိုင်းမှာ အဲဒီလိုမျိုး တခါမှ မပေါ်ပေါက်ဖူးသေးပါဘူး။ နောက်ထပ် ထူးခြားချက်ကတော့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ နဲ့ လူတန်းစားပေါင်းစုံ စုစည်း ပါဝင်နေတဲ့ တပ်မတော် တရပ်လဲ ဖြစ်ပါတယ်။ မတူညီတဲ့ အင်အားစုတွေ၊ အတွေ့အကြုံတွေ ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်လဲ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တီထွင်ဖန်တီးနိုင်မှုအားကောင်းတဲ့ တပ်မတော် တရပ်ဖြစ်လာပါတယ်။ ဒီ ဖြစ်ရပ်ကို ဒရုန်းတပ်ဖွဲ့များ စနစ်တကျ ဖွဲ့စည်းနိုင်မှု၊ ဒုံးကျည်ထုတ်လုပ်နိုင်မှု၊ မြို့ပြ ပြောက်ကျားစစ်ဆင်နိုင်မှု တွေမှာ တွေ့နိုင်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ချမှတ်ထားတဲ့ မဟာဗျူဟာအတိုင်း တနိုင်ငံလုံးမှာ ကွက်ပြည့်နင်း တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာအရ ပြည်သူတွေရဲ့ ထောက်ခံမှု ရရှိအောင် စည်းရုံးပြီးလဲ တိုက်ပွဲတွေ ဖော်ဆောင်နေနိုင်ပြီ ဖြစ်ပါတယ်။ (၃) နှစ်ပြည့်ကာလမှာ နိုင်ငံရဲ့ ဒေသ အားလုံး နီးပါး မှာ စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့လို ရန်သူ ထိန်းချုပ်ထားတဲ့ မြို့မှာလဲ မြို့ပြ တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး မြို့ပြဒေသ ရန်သူ့ စိုးမိုး ထိန်းချုပ်နိုင်မှုကို အားပျော့အောင် လုပ်ဆောင်နိုင်နေပါတယ်။ တောင်တန်း ဒေသ၊ မြေပြန့် ဒေသ နဲ့ မြို့ပြ ဒေသ စစ်ရေး အခြေအနေတွေကို ကြည့်ရင် စစ်ရေး အရ အခြေအနေ ဖန်တီးနိုင်မှု နဲ့ လက်ဦးမှုဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် မှာပဲ ရှိနေတာ သိသာထင်ရှားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်တဲ့ ပထမ (၃) နှစ်တာ ကာလ ဟာ တပ်စုဖွဲ့မှု၊ လေ့ကျင့်မှု၊ တပ်ဆင် ကွပ်ကဲမှု နဲ့ မဟာဗျူဟာ ခံစစ် ကာလ ဖြစ်ပြီး (၃) နှစ်ပြည့် ကာလ နောက်ပိုင်းမှာ လက်နက်ကြီး တပ်ဆင်မှု နဲ့ တပ်အင်အားကြီးကြီးမားမား စုဖွဲ့မှုတွေ ပြီးရင် မဟာဗျူဟာ ထိုးစစ် ကာလ ထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ မဟာဗျူဟာ ထိုးစစ်ကာလ ပြီးရင်တော့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့် ဆက်စပ်သွားမှာ၊ ရန်သူ့ စိုးမိုးနယ်မြေလျော့ကျသွားမှာ၊ ရန်သူ ရဲ့ နိုင်ငံရေး နဲ့ စစ်ရေး ရပ်တည်မှု အခြေယိုင်သွားတာ၊ ဒါမှမဟုတ် စစ်တပ်နဲ့ စစ်အာဏာရှင် တခုလုံး ချေမှုန်းခံရတာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ (၃) နှစ်ပြည့် ကာလမှာ အဆုံးသတ်‌ အောင်ပွဲ အတွက် အသင့်ဖြစ်နေပြီ ဖြစ်သလို စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ အကောင်းဆုံး အနေအထားကို ရောက်လာပြီ ဖြစ်ပါတယ်။

#PRF4PDF
#PDFInsight
👍27❤12🫡3🤝1
PRF - People Revolution Supply Family
Photo
အင်အား (၈၀၀) တပ်စွဲထားတဲ့ ခံတပ်မြို့ကို PDF သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။
………………………….

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပကဖ၊ ပူးပေါင်းတပ်တွေရဲ့ စွမ်းရည်ကို ပြည်သူ့ကာကွယ်ရေးထောက်ပို့တပ်သားတွေ သိရှိနိုင်ဖို့ PDF Insight ကနေ ကူးယူဖော်ပြလိုက်ပါတယ်။

အကြမ်းဖက် တပ်ဖွဲ့ဝင် အင်အား (၈၀၀) ခန့်တပ်စွဲထားတဲ့ ခံတပ်မြို့ ပင်လည်ဘူးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပကဖ၊ ပူးပေါင်း တပ်တွေက ၂၀၂၄ ခုနစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှာ သိမ်းယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ တပ်ရင်း (၈) ရင်းစာ တပ်စွဲထားသလို လေကြောင်းကနေ စစ်ကူ ချထားပေးတာ၊ လေကြောင်း ပစ်ကူကို အကြိမ် (၇၀၀) လုပ်ဆောင်တဲ့ ကြားက ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက် တိုက်ခိုက်နိုင်လိုက်တာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ ချေမှုန်းတိုက်ခိုက်နိုင်စွမ်းအားကို ရန်သူဟာ မြေပြန့် ဒေသမှာပါ ကောင်းကောင်းနားလည်သိရှိသွားပြီ ဖြစ်ပါတယ်။ ဒီနားလည်မှုကို ပင်လည်ဘူး စစ်မြေပြင်မှာ အကြမ်းဖက်တပ်ဖွဲ့တွေ ရရှိသွားတာဖြစ်ပါတယ်။ လာရောက်တိုက်ခိုက်မယ်ဆိုတာ သိရှိထားတဲ့ မြို့၊ (၄) ကြိမ် တိုင်တိုင် မြို့သိမ်းတိုက်ပွဲဆင်နွှဲခံထားရတဲ့ မြို့ကို လုံခြုံအောင် ကာကွယ်နိုင်ခြင်းမရှိတဲ့ အချက်ဟာ ဘီလီယံချီ ငွေကြေးအသုံးပြုကာ ဆယ်စုနှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်တိုက်နေတဲ့ စစ်အာဏာရှင် စစ်တပ်ရဲ့ စစ်တိုက်နိုင်မှု ကို အကြီးမားဆုံး စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ အင်အား တထောင်လောက် အခိုင်အမာ တပ်စွဲထားတဲ့ ခံတပ်မြို့ကိုတောင် မခုခံနိုင်ရင် တခြား မြို့ငယ်တွေ၊ မြို့လတ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် တကယ် တိုက်စစ်ဆင် သိမ်းပိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားရင် မသိမ်းနိုင်စရာ အကြောင်းမရှိဘူးဆိုတာကိုလည်း ပြနေပါတယ်။ ပင်လည်ဘူးမြို့ သိမ်းယူလိုက်ပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်း နဲ့ အညာဒေသက ရန်သူထိန်းချုပ်ထားတဲ့ မြို့ငယ်လေးတွေဟာ လုံခြုံမှု မရှိတော့ဘူး၊ အချိန်မရွေး တိုက်ခိုက် သိမ်းပိုက်ခံရနိုင်တယ်ဆိုတာပြသပါတယ်။ ပင်လည်ဘူး တိုက်ပွဲဟာ ရန်သူ့ရဲ့ ခံတပ်မြို့စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ပြီဖြစ်ပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ ရန်သူဘက်က ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နဲ့ ရှမ်းနီ SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်က ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့ပါဝင်ပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံးကာ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရထားသလို အလင်းဝင်ရောက်သူ (၄၈) ဦး၊ စစ်သုံ့ပန်း (၁၀၂) ဦး ထိရှိပါတယ်။ ဒီစာရင်းကိုကြည့်ရင် ရန်သူ့ဘက်က ထိခိုက်ဆုံးရှုံးမှု အလွန်အမင်း များပြားတာကို ပြသနေပါတယ်။ လက်နက်မျိုးစုံ (၄၀၀) ကျော်၊ ခဲယမ်းတွေ နဲ့ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းတွေ ရန်သူ့ထံမှ သိမ်းစည်း ရရှိခဲ့ပါတယ်။ ၂ လ နီးပါး ကြာကာလအတွင်း လေကြောင်း တိုက်ခိုက်မှု (၆၇၀) ကျော် လုပ်ဆောင်ကာ ဗုံးသီး (၅၀၀၀) ကြဲချတဲ့ကြားက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ရန်သူ့ခံတပ်မြို့ တခု ရှင်းလင်းသွားပြီဖြစ်ပါတယ်။ ပင်လည်ဘူးမြို့နားက ကောလင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေး တပ်မ‌ တော် တကြိမ် သိမ်းပိုက် တိုက်ခိုက်ထားပြီးတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိကာလမှာ ထီးချိုင့်မြို့၊ အင်းတော် မြို့တွေကို တိုက်ခိုက်လျက်ရှိပြီး အဲဒီမြို့တွေပါ သိမ်းယူပြီးရင် စစ်ကိုင်းအထက်ပိုင်း နယ်မြေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ တဆက်စပ်တည်းသော လွတ်မြောက်နယ်မြေတခုအဖြစ် ပေါ်ထွန်းလာမှာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တောင်တန်းဒေသမှာ စစ်တိုက်နိုင်တယ်ဆိုတာ ရှမ်းမန်းစစ်ဆင်ရေး၊ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၄ မတ်လ ကချင်ဒေသ တန်ပြန်ထိုးစစ်၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတွေနဲ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။ မြေပြန့်ဒေသမှာပါ အခိုင်အမာ ခံစစ်ဆင်နေတဲ့ ရန်သူကို ချေမှုန်းနိုင်တယ်ဆိုတာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြသလိုက်ပြီဖြစ်ပါတယ်။

#PRF4PDF
#PDFInsight
❤49👍10👏3