PRF - People Revolution Supply Family
1.14K subscribers
882 photos
160 videos
488 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
• PRF ထောက်ပို့တပ်သားတဦးချင်းစီတိုင်းအတွက် သီးသန့် Profile ပုံ •

PRF ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားတွေအတွက် ရည်ရွယ်ပြီး အမှတ်တရ ဂုဏ်ပြုလက်ဆောင်တခု သီးသန့်ပို့ဆောင်ပေးလျက်ရှိပါတယ်။ တပ်သားတဦးချင်းစီရဲ့
- ကိုယ်ပိုင်နံပါတ်၊
- မိမိတာဝန်ထမ်းဆောင်ရာ တိုင်းနဲ့ပြည်နယ်တို့ ပါဝင်ပြီး PRF ထောက်ပို့တပ်သား ယူနီဖောင်းဝတ်ထားတဲ့ Profile ပုံလေးတွေကို Email ကနေ ပို့ပေးလျက်ရှိပါတယ်။

ဒီတပ်သားပုံလေးတွေကို အောက်တိုဘာလမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေကို ပို့ပေးသွားမှာဖြစ်ပြီး မရရှိသေးတဲ့ ထောက်ပို့တပ်သားများကိုလည်း အသုတ်လိုက်ခွဲပြီး အရောက်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ ကိုယ့်အတွက် အမှတ်တရဖြစ်စရာ သီးသန့်ဖန်တီးမှုဖြစ်လို့ ထောက်ပို့တပ်သား အားလုံး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

ထောက်ပို့တပ်သားအားလုံးကို လေးစားဂုဏ်ယူလျှက် "လာပါ…ငါတို့ အတူတူရုန်းမယ်”

#PRF4PDF
#PRFပြည်သူ့တော်လှန်ရေးထောက်ပို့တပ်
❤42
PRF - People Revolution Supply Family
Video
"ပခုံးထက်က သမိုင်းတာဝန်တခု ဘာ့အတွက်ကြောင့် မဆိုင်သလိုနေဦးမလဲ?"

"လာပါ… အတူတူရုန်းကြမယ်”လို့ ဒီရုပ်သံထဲက ထောက်ပို့တပ်သားတွေကတော့ ခေါ်နေကြပါပြီ ရဲဘော်တို့ရေ… စစ်ရေးစွမ်းရည်အပြည့်နဲ့ ပြည်သူ့တပ်သား PDF တွေကို မြေပြင်အရောက် ထောက်ပို့ဖို့ ဘာကို တွေဝေနေဦးမလဲ ?

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

သီချင်းထဲကလို အတူတူ ပါဝင်ရုန်းကြဖို့အတွက် ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါအတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤36
PRF - People Revolution Supply Family
Photo
🔺 အောက်တိုဘာလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ ရဲဘော် 🔺

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

အောက်တိုဘာလအတွက် ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ?

လာပါ... ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤43👍3
PRF - People Revolution Supply Family
Photo
အင်အား (၈၀၀) တပ်စွဲထားတဲ့ ခံတပ်မြို့ကို PDF သိမ်းပိုက်နိုင်လိုက်ပြီ ဖြစ်ပါတယ်။
………………………….

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပကဖ၊ ပူးပေါင်းတပ်တွေရဲ့ စွမ်းရည်ကို ပြည်သူ့ကာကွယ်ရေးထောက်ပို့တပ်သားတွေ သိရှိနိုင်ဖို့ PDF Insight ကနေ ကူးယူဖော်ပြလိုက်ပါတယ်။

အကြမ်းဖက် တပ်ဖွဲ့ဝင် အင်အား (၈၀၀) ခန့်တပ်စွဲထားတဲ့ ခံတပ်မြို့ ပင်လည်ဘူးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပကဖ၊ ပူးပေါင်း တပ်တွေက ၂၀၂၄ ခုနစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှာ သိမ်းယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ တပ်ရင်း (၈) ရင်းစာ တပ်စွဲထားသလို လေကြောင်းကနေ စစ်ကူ ချထားပေးတာ၊ လေကြောင်း ပစ်ကူကို အကြိမ် (၇၀၀) လုပ်ဆောင်တဲ့ ကြားက ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက် တိုက်ခိုက်နိုင်လိုက်တာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရဲ့ ချေမှုန်းတိုက်ခိုက်နိုင်စွမ်းအားကို ရန်သူဟာ မြေပြန့် ဒေသမှာပါ ကောင်းကောင်းနားလည်သိရှိသွားပြီ ဖြစ်ပါတယ်။ ဒီနားလည်မှုကို ပင်လည်ဘူး စစ်မြေပြင်မှာ အကြမ်းဖက်တပ်ဖွဲ့တွေ ရရှိသွားတာဖြစ်ပါတယ်။ လာရောက်တိုက်ခိုက်မယ်ဆိုတာ သိရှိထားတဲ့ မြို့၊ (၄) ကြိမ် တိုင်တိုင် မြို့သိမ်းတိုက်ပွဲဆင်နွှဲခံထားရတဲ့ မြို့ကို လုံခြုံအောင် ကာကွယ်နိုင်ခြင်းမရှိတဲ့ အချက်ဟာ ဘီလီယံချီ ငွေကြေးအသုံးပြုကာ ဆယ်စုနှစ်ပေါင်းများစွာကြာ ပြည်တွင်းစစ်တိုက်နေတဲ့ စစ်အာဏာရှင် စစ်တပ်ရဲ့ စစ်တိုက်နိုင်မှု ကို အကြီးမားဆုံး စိန်ခေါ်လိုက်ပြီ ဖြစ်ပါတယ်။ အင်အား တထောင်လောက် အခိုင်အမာ တပ်စွဲထားတဲ့ ခံတပ်မြို့ကိုတောင် မခုခံနိုင်ရင် တခြား မြို့ငယ်တွေ၊ မြို့လတ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် တကယ် တိုက်စစ်ဆင် သိမ်းပိုက်မယ်လို့ စိတ်ပိုင်းဖြတ်ထားရင် မသိမ်းနိုင်စရာ အကြောင်းမရှိဘူးဆိုတာကိုလည်း ပြနေပါတယ်။ ပင်လည်ဘူးမြို့ သိမ်းယူလိုက်ပြီးတဲ့နောက်မှာ စစ်ကိုင်းတိုင်း နဲ့ အညာဒေသက ရန်သူထိန်းချုပ်ထားတဲ့ မြို့ငယ်လေးတွေဟာ လုံခြုံမှု မရှိတော့ဘူး၊ အချိန်မရွေး တိုက်ခိုက် သိမ်းပိုက်ခံရနိုင်တယ်ဆိုတာပြသပါတယ်။ ပင်လည်ဘူး တိုက်ပွဲဟာ ရန်သူ့ရဲ့ ခံတပ်မြို့စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ပြီဖြစ်ပါတယ်။

ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ ရန်သူဘက်က ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နဲ့ ရှမ်းနီ SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား (၇၇၂) ဦးထိ ရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက်က ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှား တပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း-၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့ပါဝင်ပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်က (၇၀) ခန့် သေဆုံးပြီး (၂၇၅) ဦး ပျောက်ဆုံးကာ (၂၂၅) ဦး ထိခိုက်ဒဏ်ရာရထားသလို အလင်းဝင်ရောက်သူ (၄၈) ဦး၊ စစ်သုံ့ပန်း (၁၀၂) ဦး ထိရှိပါတယ်။ ဒီစာရင်းကိုကြည့်ရင် ရန်သူ့ဘက်က ထိခိုက်ဆုံးရှုံးမှု အလွန်အမင်း များပြားတာကို ပြသနေပါတယ်။ လက်နက်မျိုးစုံ (၄၀၀) ကျော်၊ ခဲယမ်းတွေ နဲ့ မူးယစ်ဆေးဝါး၊ ကျောက်စိမ်းတွေ ရန်သူ့ထံမှ သိမ်းစည်း ရရှိခဲ့ပါတယ်။ ၂ လ နီးပါး ကြာကာလအတွင်း လေကြောင်း တိုက်ခိုက်မှု (၆၇၀) ကျော် လုပ်ဆောင်ကာ ဗုံးသီး (၅၀၀၀) ကြဲချတဲ့ကြားက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီးတဲ့ နောက်မှာ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ရန်သူ့ခံတပ်မြို့ တခု ရှင်းလင်းသွားပြီဖြစ်ပါတယ်။ ပင်လည်ဘူးမြို့နားက ကောလင်းမြို့ဟာ ပြည်သူ့ကာကွယ်ရေး တပ်မ‌ တော် တကြိမ် သိမ်းပိုက် တိုက်ခိုက်ထားပြီးတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိကာလမှာ ထီးချိုင့်မြို့၊ အင်းတော် မြို့တွေကို တိုက်ခိုက်လျက်ရှိပြီး အဲဒီမြို့တွေပါ သိမ်းယူပြီးရင် စစ်ကိုင်းအထက်ပိုင်း နယ်မြေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ တဆက်စပ်တည်းသော လွတ်မြောက်နယ်မြေတခုအဖြစ် ပေါ်ထွန်းလာမှာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ တောင်တန်းဒေသမှာ စစ်တိုက်နိုင်တယ်ဆိုတာ ရှမ်းမန်းစစ်ဆင်ရေး၊ ၁၀၂၇ စစ်ဆင်ရေး၊ ၂၀၂၄ မတ်လ ကချင်ဒေသ တန်ပြန်ထိုးစစ်၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးတွေနဲ့ ပြသခဲ့ပြီး ဖြစ်ပါတယ်။ မြေပြန့်ဒေသမှာပါ အခိုင်အမာ ခံစစ်ဆင်နေတဲ့ ရန်သူကို ချေမှုန်းနိုင်တယ်ဆိုတာ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြသလိုက်ပြီဖြစ်ပါတယ်။

#PRF4PDF
#PDFInsight
❤49👍10👏3
• စက်တင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် •

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ စက်တင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့
- ထောက်ပို့တပ်သားဦးရေ
- ထောက်ပို့ငွေပမာဏ တို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ တင်ပြလိုက်ပါတယ်။

စက်တင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်ခင်ဗျာ။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပို့တပ်သားရဲဘော်အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

လာပါ... ငါတို့ အတူတူရုန်းမယ်။

အောက်တိုဘာလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤24👍9
Media is too big
VIEW IN TELEGRAM
"သူတို့ပြောတဲ့ PRF အကြောင်း"
❤27
PRF - People Revolution Supply Family
"သူတို့ပြောတဲ့ PRF အကြောင်း"
"သူတို့ပြောတဲ့ PRF အကြောင်း"

🔺မအိသဉ္ဇာမောင်
🔺CDM ဗိုလ်ကြီး ကိုထက်မြက် နဲ့
🔺 ကိုဘုန်းဆက်သွင် တို့ ပါဝင်ထားတဲ့ PRF ရဲ့ တော်လှန်ပခုံးများ Ep - 5 ထဲက ရုပ်သံအပိုင်းလေး ဖော်ပြလိုက်ပါတယ်။

လာပါ... ငါတို့ အတူတူရုန်းမယ်

PRF for PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
👍22❤11
PRF - People Revolution Supply Family
Photo
"လာပါ ငါတို့အတူတူ ရုန်းမယ်"

မိသားစုတွေ ပြန်လည်ဆုံစည်းကြတဲ့ သီတင်းကျွတ်အချိန်အခါမှာ တောထဲက PDF ရဲဘော်တွေ ဘယ်လ်ိုဖြတ်သန်းကြလဲဆိုတာ မနက်ဖြန်မှာ ရုပ်သံတခုနဲ့ ဖော်ပြပေးပါမယ်။

တော်လှန်သီတင်းကျွတ်က အများထင်သလို အိမ်လွမ်းဝမ်းနည်းစရာတွေပဲတော့ မဟုတ်ပါဘူး။ ဘယ်လိုအရာတွေရော ပါဝင်နေမလဲဆိုတာ စောင့်ကြည့်ပါဗျို့။

လာပါ… ငါတို့အတူတူ ရုန်းမယ်

PRF for PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤30👍2
PRF - People Revolution Supply Family
Video
"ဖြတ်သန်းရဲရင့် တော်လှန်သီတင်းကျွတ်၊ ထောက်ပို့မပျက်တမ်း အိမ်ပြန်လမ်း"

အားလုံးသိတဲ့အတိုင်း သီတင်းကျွတ်ဆိုတာ မိသားစုတွေ၊ ချစ်ရတဲ့သူတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ဆုံစည်းရတဲ့ ပျော်စရာ အချိန်အခါသမယ ဖြစ်ပါတယ်။

ဒီအချိန်မှာတော့ PDF ရဲဘော်တွေရော PRF ထောက်ပို့တပ်သားအချို့ရော မိသားစုတွေအချင်းချင်း ဝေးကွာနေကြရတဲ့ တော်လှန်သီတင်းကျွတ်ကို ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ စိတ်ညစ်ညူးစရာအတိတော့ မဟုတ်ပါဘူး။ တချိန်မှာ ပြန်ပြောင်းပြောပြစရာ ဘဝထဲက ဖြတ်သန်းမှုတွေပဲ ဖြစ်ပါတယ်။

ဒီရုပ်သံထဲက အဓိပ္ပါယ်ပါလွန်းတဲ့ စကားလေးလိုပါပဲ

“ရဲဘော်တွေဟာ ဒီအချိန်မှာ အင်အားအပြည့်နဲ့ တော်လှန်ဆီမီးကို ထွန်းညှိရင်း၊ တဦးကို တဦး ဖေးမကူညီရင်း၊ ရဲရင့်တောက်ပစွာ အတူဖြတ်သန်းကြရင်း နေ့ရက်တိုင်းမှာလည်း ခွန်အားအပြည့်နဲ့ ဖြတ်သန်းလျက်ရှိကြပါတယ်။” တဲ့

ကိုယ်နဲ့ရင်ဘက်ချင်းတူတဲ့ ရဲဘော်ရဲဘက်တွေ ဝန်းရံပြီး တော်လှန်သီတင်းကျွတ်ကို တက်နိုင်သရွေ့ အပျော်ရွှင်ဆုံး အရဲရင့်ဆုံး ဖြတ်သန်းနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ရဲဘော်တို့။

နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်။ လာပါ... ငါတို့ အတူတူ ရုန်းမယ် ရဲဘော်ရေ။

#PRF4PDF
#တော်လှန်သီတင်းကျွတ်
❤34👍1