PRF - People Revolution Supply Family
1.14K subscribers
882 photos
160 videos
488 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
၂၀၂၄ ခုနစ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသကို ထိုးဖောက် တိုက်ခိုက်ရေး အခြေခံကောင်းတွေ၊ ရန်သူ့စိုးမိုးနယ်မြေကို စိမ့်ဝင် တည်ဆောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်သူ့ စစ်ဌာနချုပ်တွေ၊ အရေးကြီး စစ်နယ်မြေတွေ အားလုံး အနီးမှာ ကိုယ့်တပ်တွေကို တပ်ဖြန့် နိုင်လိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ် မှာ အဲဒီလို တပ်ဖြန့်ထားမှုတွေကနေ ရန်သူ့ နောက်ဆုံးလက်ကျန် နယ်မြေတွေ၊ စခန်းတွေကို ချေမှုန်းတိုက်ခိုက်နိုင်တော့မှာ ဖြစ်ပါတယ်။ တပ်တည်ဆောက်မှုနဲ့ ပတ်သတ်ရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို လေ့ကျင့်သားပြည့်ဝပြီး လက်နက်တပ်ဆင်မှုကောင်းမွန်တဲ့ ကျစ်လစ်တဲ့ တပ်တခု အဖြစ် ပြောင်းလဲ ထူထောင်ရမှာဖြစ်ပါတယ်။ တော်လှန်စစ်အစ ကာလမှာ ရန်သူကို ပြောက်ကျားစစ် နဲ့ အနိုင်ယူခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိကာလမှာ ခံစစ်နေရာတွေမှာ အထိုင်ချပြီး ခုခံနေမယ့် ရန်သူကို တနိုင်ငံလုံး အတိုင်းအတာ ဟန်ချက်ညီ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ကျစ်လစ်တဲ့ တပ်တွေ လိုလာပြီ ဖြစ်ပါတယ်။ အဲဒီတပ်တွေဟာ ထု အင်အားလည်း ရှိရမှာဖြစ်သလို ဖြစ်ပေါ်လာတဲ့ စစ်ရေးအခြေအနေ နဲ့ အညီ လိုက်လျောညီထွေ စစ်ကစားနိုင်ရေး သက်ဆိုင်ရာ စစ်တိုင်းကွပ်ကဲရေး၊ စစ်ဒေသကွပ်ကဲရေး၊ စစ်ရုံးချုပ် ကွပ်ကဲရေးတွေ အချိန်နဲ့ တပြေးညီ ဆက်သွယ်ရေးစနစ်တွေ ထူထောင်ထားရှိရမှာ ဖြစ်ပါတယ်။ လေ့ကျင့်သားမပြည့်ဝ၊ အမိန့်ပေးကွပ်ကဲမှု မကောင်းမွန်၊ လက်နက် တပ်ဆင်မှု မကောင်းတဲ့တပ်တွေနဲ့ ဒီလို တာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ အခြေအနေမှာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တချို့နဲ့ လက်တွဲတိုက်ခိုက်ပြီး တချို့သော PDF တပ်ရင်း၊ စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ အဖြစ် စတင် အသွင်ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ အဲဒီလို ကျစ်လစ်တဲ့ တပ်တွေဟာ PDF တပ်မတော်တခုလုံး နဲ့ ပကဖ တဖွဲ့လုံးမှာ ဖြစ်ပေါ်လာစေရေး ဆက်လက် လုံးပန်း ရအုံးမှာ ဖြစ်ပါတယ်။ ကျစ်လစ်တဲ့တပ်တွေဟာ စစ်အုပ်စု ရဲ့ နောက်ဆုံး လက်ကျန် နောက်တန်းစခန်းတွေ၊ ခံစစ်နယ်မြေတွေကို အပြီးသတ် သိမ်းပိုက် အနိုင်ယူရေး အတွက် လိုအပ်ပါတယ်။ ၂၀၂၄ ခုနစ်မှာတင်ကို တချို့ PDF တပ်ရင်း စစ်ကြောင်းတွေဟာ ကျစ်လစ်တဲ့ တပ်တွေ၊ လက်နက်တပ်ဆင်မှုကောင်းတဲ့ တပ်၊ Chain of Command ကောင်းတဲ့တွေ ဖြစ်လာတဲ့အတွက် စစ်ကြောင်းချေမှုန်းရေး၊ အတွင်းပိုင်း နယ်မြေ မြို့တိုက်ခိုက်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ပဲခူးရိုးမလို ရန်သူ ပတ်ခြာလည် ဝိုင်းနေတဲ့ စစ်နယ်မြေ၊ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးက နယ်မြေတွေမှာပါ ရန်သူ့စစ်ကြောင်းလုံး ပြုတ်အောင် ချေမှုန်းနိုင်ခဲ့ပါတယ်။ မြင်းခြံခရိုင်လို နိုင်ငံ အတွင်းပိုင်း နယ်မြေတွေမှာပါ မြို့သိမ်း တိုက်ပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။ စိုးမိုးနယ်မြေ ကျယ်ပြန့်လာပြီး ကျစ်လစ်တဲ့ တပ်တွေ အင်ပြည့်အားပြည့်နဲ့ ပေါ်ထွက်လာရင် ရန်သူကို နေရာပေါင်းစုံကနေ လက်ဦးမှု ရှိရှိနဲ့ ချေမှုန်းရေး ပိုမို လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသမှာ စုဖွဲ့ထားတဲ့ အင်အားထောင်ချီ ပါဝင်တဲ့ တပ် တတပ်ဟာ ရက်ပိုင်း အတွင်း မကွေးတိုင်း အောက်ပိုင်းမှာ သွားရောက်စစ်ဆင်တာမျိုး၊ တောင်တန်း ဒေသမှာစုဖွဲ့ထားတဲ့ PDF တပ်တွေ အတွင်းပိုင်းဒေသ ကို ရုတ်တရက် ဝင်ရောက်ပြီး ရန်သူ့စစ်ကြောင်းချေမှုန်းရေး လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ ရန်သူဟာ အင်အားကို နည်းပါးစွာ ဖြန့်ခွဲထားရတဲ့အတွက် နယ်မြေတခုမှာ PDF အင်အား ထောင်ချီ ရုတ်တရက် စုစည်းပြီး တိုက်ခိုက်နိုင်ရင် ရန်သူ့ အနေနဲ့ အထိနာချေမှုန်းခံရမှာဖြစ်ပါတယ်။ ဒီလိုလားရာတွေကို ၂၀၂၅ ခုနစ်တွင်း ပိုမို မြင်တွေ့လာရဖို့များပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ်ဟာ မြေပြန့်ဒေသတိုင်းတွေ အားလုံးပြည့်မှာ ပေါ်ထွက်လာပြီး မြို့ပြဒေသ အများစု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ဝိုင်းရံ တိုက်ခိုက်လာနိုင်မယ်ဆိုရင် စစ်အာဏာရှင်တွေ ချေမှုန်းခံရမယ့်ရက် မဝေးတော့ပါဘူး။ လက်ရှိမှာကို ဧရာဝတီတိုင်းမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပြီ ဖြစ်သလို မကွေးအောက်ပိုင်း နဲ့ ပဲခူး တိုင်းတွင်းမှာလဲ ခုခံမှုတွေ အားကောင်းလာပြီ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်း မဟာဗျူဟာအရ တနိုင်ငံလုံး အတိုင်းအတာ နဲ့ စစ်ရေးလှုပ်ရှားမှုကို နေရာစုံ ဖော်ဆောင်နိုင်လာတာ ဖြစ်ပါတယ်။ ဒီလိုဖော်ဆောင်တဲ့အခါမှာ လူထု နဲ့ အရပ်သားတွေ ဘေးအန္တရာယ် ကင်းရှင်းရေးကို အကောင်းဆုံး ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
❤26
PRF - People Revolution Supply Family
Photo
စစ်အင်အား မလုံမလောက် ဖြစ်နေတဲ့ စစ်အုပ်စုဟာ မြေပြန့်ဒေသတိုင်းအားလုံးမှာ ခုခံမှု အရှိန်ပိုမြင့်လာရင် ကောင်းမွန်စွာ ခံနိုင်မှာ မဟုတ်ပါဘူး။ အဲဒီကနေ စစ်အုပ်စု တခုလုံး ပြိုလဲမှု ဖြစ်လာတော့မှာပါ။ လက်ရှိမှာကို လမ်းပိုင်းတွေ နဲ့ မြို့ပြ တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ စိုးမိုးထားတဲ့အတွက် အရပ်ဝတ်နဲ့ သွားလာတဲ့ စစ်တပ်အရာရှိတွေ၊ စစ်အုပ်စုက အရပ်ဘက် အရာရှိကြီးတွေပါ ဖမ်းဆီးခံနေရပြီဖြစ်ပါတယ်။ စစ်အုပ်စုဘက်မှာ အနာဂတ် မရှိတော့ဘူးဆိုတာ သေချာသွားတဲ့ တနေ့မှာ စစ်တပ်အရာရှိကြီးတွေ နဲ့ အရပ်ဘက် အရာရှိတွေပါ အလုံးအရင်းလိုက် လက်နက်ချ အလင်းဝင်လာမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ စစ်ရေးဖိအား နဲ့ နိုင်ငံရေး ဖိအား (၂) မျိုးပေါင်းပြီး စစ်အာဏာရှင် နောက်ဆုံးနေ့ရက်တွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနစ်တွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေဟာ မြေပြန့်ဒေသ ထိုးဖောက်ရေးကို သိသိသာသာ စတင်လုပ်ဆောင်လာနိုင်ပြီး လာတော့မယ် စစ်ရေးလှုပ်ရှားမှုတွေ အတွက် လိုအပ်တဲ့ အခြေအနေကောင်းတွေကို မြေပြန့်ဒေသမှာပါ တည်ထောင်လိုက်နိုင်တာကို တွေ့ရပါတယ်။ လာမယ့်နှစ်ဟာ အောင်ပွဲဆီကို ဆက်လက်ချီတက်မယ့်နှစ်ပဲ ဖြစ်ပါတယ်။

လာပါ…ငါတို့ အတူတူရုန်းမယ်။

PRF for PDF

အရေးတော်ပုံ အောင်ရမည်။

#PRF4PDF
❤58👍6
PRF - People Revolution Supply Family
Photo
💱 Currency Exchange Rates February 2025 💱

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုထားတဲ့ နိုင်ငံအလိုက်ငွေလဲနှုန်းထားများကို ဖော်ပြလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားများအနေနဲ့ မိမိတို့ ထည့်ဝင်လိုသည့်ပမာဏကို ထိုငွေလဲနှုန်းထားများအတိုင်း မိမိတို့၏ Fundraiser ထံသို့ ဆက်သွယ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ထောက်ပို့တပ်သား မဖြစ်သေးပါက မိမိတို့ ရောက်ရှိရာဒေသမှ နီးစပ်ရာ Fundraiser များနဲ့ ဆက်သွယ်ပြီး ပါဝင်အားဖြည့်နိုင်ပါတယ်။

ပြည်သူ့တော်လှန်‌ရေး မုချ အောင်ရမည်။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤41
PRF - People Revolution Supply Family
Video
"ပခုံးထက်က သမိုင်းပေးတာဝန်တခု ဘာ့အတွက်ကြောင့် မဆိုင်သလိုနေဦးမလဲ?"

"လာပါ… အတူတူရုန်းကြမယ်”လို့ ဒီရုပ်သံထဲက ထောက်ပို့တပ်သားတွေကတော့ ခေါ်နေကြပါပြီ ရဲဘော်တို့ရေ… စစ်ရေးစွမ်းရည်အပြည့်နဲ့ ပြည်သူ့တပ်သား PDF တွေကို မြေပြင်အရောက် ထောက်ပို့ဖို့ ဘာကိုတွေဝေနေဦးမလဲ ?

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

သီချင်းထဲကလို အတူတူ ပါဝင်ရုန်းကြဖို့အတွက် ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါအတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤47
PRF - People Revolution Supply Family
Photo
🔺 ဖေဖော်ဝါရီလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ ရဲဘော် 🔺

တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လိုနေရာဒေသမရွေးကနေမဆို သင်ကိုယ်တိုင် ပါဝင်ဖို့ နည်းလမ်းတွေ ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်းလည်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

ဖေဖော်ဝါရီလအတွက် ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ?
လာပါ... ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤57👍4❤‍🔥2
PRF - People Revolution Supply Family
Photo
• ၂၀၂၅ ဇန်နဝါရီလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် •

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဇန်နဝါရီလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့
- ထောက်ပို့တပ်သားဦးရေ
- ထောက်ပို့ငွေပမာဏ တို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ တင်ပြလိုက်ပါတယ်။

ဇန်နဝါရီလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်ခင်ဗျာ။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပို့တပ်သားရဲဘော်အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဖေဖော်ဝါရီလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -

fb.me/prf4pdf
m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤54🥰4👍1
PRF - People Revolution Supply Family
Photo
၂၀၂၅ ခုနစ် ဇန်နဝါရီလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များ

ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။

၂၀၂၅ ခုနစ် ဇန်နဝါရီလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

It’s not an option.It is "Duty”
Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဖေဖော်ဝါရီလအတွက် တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤45👍6🍓1