PVTV Myanmar
11.9K subscribers
29K photos
588 videos
2 files
12.9K links
Public Voice is Public Power.
Download Telegram
👍4👏2
ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၉၇၁၁) တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကျင်းပပြီးစီး

အောက်တိုဘာ ၂၃ ၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ် (၉၇၁၁) တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၉၇၁၁) တပ်ဖွဲ့ရဲ့ လက်နက်တင်ဆင်ပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် အမှတ် (၉၇၁၁) တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို အတည်ပြုဖတ်ကြားခဲ့ပြီး တာဝန်ရှိသူတွေက ရဲဘော်တွေကို လက်နက်တွေ တပ်ဆင်ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်ကို အလေးပြုတာ၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဦးညွှတ်တာတွေအပြင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူတွေက အမှာစကားပြောကြားခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တပ်တည်ဆောက်ရေးနဲ့ တပ်ဖွဲ့တွေ ပိုမိုကျစ်လျစ်ခိုင်မာလာရေး လုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေသလို စစ်အာဏာရှင်စနစ်ကို ချေမှုန်းနိုင်ရေးအတွက်လည်း စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ ကာကွယ်ရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။

#SpringRevolution
#PVTV
#PVTVMyanmar
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
❤5👍1
❤8🥰1
NLD အစိုးရ မန္တလေးလျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင် ပြန်လည်လွတ်မြောက်

အောက်တိုဘာ ၂၃၊ ၂၀၂၆

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ မန္တလေးဒေသ၊ လျှပ်စစ်နှင့်ဆောက်လုပ်ရေး၊ စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင် ဒီကနေ့ မနက်ပိုင်းမှာ အိုးဘိုအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

ဝန်ကြီး ဦးဇာနည်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်မှာ မန္တလေးဒေသ၊ အစိုးရရဲ့ လျှပ်စစ်နှင့်ဆောက်လုပ်ရေး၊ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၁ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းစဉ်မှာ မတရားဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအင်ဝန်ကြီး ပြန်လည်လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး " ဒီနေ့ပဲ ပြန်လွတ်လာပါတယ်။ အခုထိတော့ သူနဲ့တိုက်ရိုက်အဆက်အသွယ်မရသေးဘူး "လို့ ဝန်ကြီးရဲ့ မိသားစုနဲ့ ရင်းနှီးသူတဦးက PVTV ကို အတည်ပြုပြောဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက မန္တလေးဒေသ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ကို မတရားဖမ်းဆီးပြီး အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရုံး မြေနေရာနှစ်ခုအတွက် အာဏာအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲကာ အဂတိအမှု ၂ မှု အပါအဝင် သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မတွေနဲ့ပါ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အိုးဘိုထောင်တွင်း အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အထူးတရားရုံးကနေ အဂတိအမှုနှစ်ခုလုံးအတွက် တစ်မှုကို ထောင်ဒဏ် ၃ နှစ်နဲ့ စုစုပေါင်း ထောင်ဒဏ် ၆နှစ် ချုပ်ရက်ခံစားခွင့်မပေးဘဲ မတရားအမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မန္တလေးဒေသ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇာနည်အောင်ဟာ ၂၀၁၉ ခုနှစ်အတွင်း ဝန်ကြီးအဖြစ်တာဝန်ယူချိန်မှာ မန္တလေးဒေသ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအရ ဆေးကုသမှု ခံယူနေချိန်မှာ ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ရသူလည်းဖြစ်ပါတယ်။

#SpringRevolution
#PVTV
#PVTVMyanmar
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
👍4
👍2
ပုလောမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ သာသနိကအဆောက်အအုံတွေ ပျက်စီး

အောက်တိုဘာ ၂၃ ၊ ၂၀၂၆

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ ဘုန်းကြီးကျောင်းနဲ့ ကဒဲလမ်းဆုံးနေရာတွေကို အကြမ်းဖက်စစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းရှိ သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ PDF မြိတ်ခရိုင် တပ်ရင်း (၁) မှ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၂ ရက်၊ မနက် ၁၁ နာရီခွဲ အချိန်ခန့်မှာ စက်တပ်လေထီး ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။

အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိပေမယ့်၊ ကဒဲကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သာသနိကအဆောက်အအုံများစွာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကင်းဝေးနိုင်ဖို့ အထူးသတိထားနေထိုင်ကြရန်ဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။

#SpringRevolution
#PVTV
#PVTVMyanmar
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တတပ်တအား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
👍1