𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
324 subscribers
375 photos
4 videos
27 files
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
New Project 489 [74E3653].png
1.2 MB
စနစ်ကိုပြုပြင်ပါ၊ စွမ်းရည်ကို မြှင့်တင်ပါ၊ အနာဂတ်ကို ပိုင်ဆိုင်ပါ...ပြုပြင်ပြောင်းလဲမှုကိုဦးဆောင်သူမှာ အဲကွန်းအခန်းထဲကခေါင်းဆောင်ဖြစ်၍ နောက်ကွယ်ကချွေးနဲ့ ပေးဆပ်သူတွေဟာ အလုပ်သမားများဖြစ်၏။
အလုပ်သမားနေ့အား ဂုဏ်ပြုပါသည်။
❤3❤‍🔥2🏆1
New Project 493 [09DDAEF].png
2.1 MB
Good night....zap🫲👺
❤5🗿1
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
New Project 493 [09DDAEF].png
U Kyaw Thet, a leading figure of Myanmar liberalism, is known as the one who sowed the seeds of freedom for our liberal youth and supported the new liberal global order with his theories.
❤5
ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ????
❤5
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ????
အပိုင်း(၁)စာဖတ်သူတို့ရှည်လျှင်စာဖတ်တာပျင်းမှာစိုးရိမ်းသည့်အတွက် အပိုင်းဖြတ်တင်ဆက်လိုက်ပါသည်။

ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ...ကျွန်တော်တို့အမေရိကန်သမိုင်းလေ့လာတဲ့အခါ ကွန်တီနတယ်ကွန်ဂရက်တို့ ကွန်တီနတယ် တပ်မတော်တို့ဆိုတဲ့ စကားမျိုးကို ကြားဖူးနားဝ ရှိမယ်ထင်ကြပါတယ်။ဒါ‌ကြောင့် ကွန်တီနတယ် ကွန်ဂရက်ဆိုတဲ့အသုံးအနှုန်းကို အရပ်စကားနဲ့အလွယ်ကူဆုံးရှင်းပြရရင် ကျွန်တော်တို့အခုမြင်တွေ့နေတဲ့ အမေရိကန်ပြည်ထောင်စုကြီးရယ်လို့ စတင်ဖြစ်လာတော့မယ် နယ်မြေ၁၃ခု တစ်နည်းပြောရရင်အဲ့အခါက ဗြိတိသျှကိုလိုနီနယ်လို့လည်း ခေါ်တဲ့နယ်မြေ၁၃ခုက တော်လှန်ရေးတက်ကြွတဲ့ ကိုယ်စားလှယ်တွေစုပေါင်းပြီး ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအစည်းအ‌ဝေးကော်မတီကြီးရဲ့ လွှတ်တော်ဒါမှဟုတ် နယ်မြေစုပေါင်းညိလာခံကြီးအစုအဖွဲ့တစ်ခုလို့ပြောလို့ရပါတယ်။

ကွန်တီနတယ်ကွန်ဂရက်ဆိုတာက သာမန်အားဖြင့် နိုင်ငံသစ်တည်ထောင်ဖို့ထက် ဗြိတိသျှဆန့်ကျင်ဖို့အတွက်စတင်အသက်သွင်းခဲ့တာဖြစ်တယ်။သူရဲ့စတင်ပေါ်ပေါက်လာပုံကိုဆွေးနွေးရရင် အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်အလက်တွေရှိတယ်။ ဆိုတော့ ၁၇၇၀ခုနှစ်အလွန်ကာလတွေမှာ အမေရိကာတိုက်က ဗြိတိသျှကိုလိုနီ‌နယ်မြေတွေမှာ ဗြိတိသျှဘုရင်က အခွန်အတုပ်တွေတိုးကောက်ဖို့အမိန့်ပေးတယ် အခွန်မဆောင်တဲ့သူတွေကို ဖိနှိပ်တယ် ဒါတွေကို ကိုလိုနီ၁၃နယ်မြေက အမေရိကန်တွေက အရမ်းကိုစိတ်ပျက်နေကြတယ်။ ဗြိတိသျှတွေကငါတို့နယ်မြေထဲလူပါးဝကြတယ် အဲတော့ငါတို့တစ်ဦးတစ်ယောက်ထဲ လွတ်လပ်ခွင့်ပေးပါလို့ထအော်လို့ မရဘူး၊ ငါတို့နယ်မြေ၁၃ခုကအမေရိကန်တွေအတူတူစည်းလုံးပြီး လွတ်လပ်ခွင့်ရဖို့တစ်လေသံထဲထွက်ဖို့လိုနေပြီး ဆိုတဲ့အတွေးတွေဟာ အမေရိကန်ကိုလိုနီသား အတွက်အဓိကစည်းလုံးမှုဖြစ်လာတယ်။ ဒါကြောင့်ကိုလိုနီနယ်မြေ၁၃ခုပေါင်းစည်းဖို့အတွက် ၁၇၇၄ခုနှစ်လောက်မှာ နယ်မြေ၁၂ခု(ဂျော်ဂျီယာပြည်နယ်ကိုယ်စားလှယ်က ပထမအကြိမ်ကွန်တီနတယ်အစည်းအ‌ဝေးကိုပျက်ကွက်လို့ ပြည်နယ်၁၂ခုသာ မှတ်တမ်းတင်ထားပြီ ဒုတိယအကြိမ်မှသာတက်ရောက်လို့ သမိုင်းမှာနယ်မြေ၁၃ခုအကြမ်းဖျင်းမှတ်တမ်းတင်ထားပါတယ်)က ကိုယ်စားလှယ်တွေက ပထမဆုံးအကြိမ် စုဝေးပြီး ကွန်တီနတယ် ကွန်ဂရက်ကို ဖွဲ့စည်းလိုက်တယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံသစ်အတွက်စတင်ဖို့ လက်တွဲခဲ့ကြတဲ့အစပျိုးမှုတစ်ခုပါပဲ။

RAIDEN KT
Historian
#History #Kyawthet #RAIDEN_KT #Continental_Congress
❤5🏆1💋1
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
အပိုင်း(၁)စာဖတ်သူတို့ရှည်လျှင်စာဖတ်တာပျင်းမှာစိုးရိမ်းသည့်အတွက် အပိုင်းဖြတ်တင်ဆက်လိုက်ပါသည်။ ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ...ကျွန်တော်တို့အမေရိကန်သမိုင်းလေ့လာတဲ့အခါ ကွန်တီနတယ်ကွန်ဂရက်တို့ ကွန်တီနတယ် တပ်မတော်တို့ဆိုတဲ့ စကားမျိုးကို ကြားဖူးနားဝ ရှိမယ်ထင်ကြပါတယ်။ဒါ‌ကြောင့်…
ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ အပိုင်း၂
❤3
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
ကွန်တီနတယ် ကွန်ဂရက်ဆိုတာဘာလဲ အပိုင်း၂
Hello Hello ကျွန်တော်ဒီတခါကွန်တီနတယ် ကွန်ဂရက်ရဲ့အပိုင်း၂လေးကိုနိဂုံးချုပ်လိုက်ရအောင်
အပိုင်း၁မှာပြောပြသလို ကွန်တီနတယ် ကွန်ဂရက်ရဲ့ စိတ်ဝင်းစာစရာ ပေါ်ပေါက်လာပုံတွေကို ဖတ်ရှုရင်း စာဖတ်သူတို့ အခုအပိုင်း၂မှာပိုပြီး စိတ်ဝင်းစာကြမယ်လို့ ယူဆပါတယ်ခဗျာ...အခုကျွန်တော်တို့ ဆွေးနွေးလက်စ ကွန်တီနတယ် ကွန်ဂရက်ရဲ့ ပေါ်ပေါက်လာပုံရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဒီကွန်ဂရက်ကြီး ကဘာတွေလုပ်ခဲ့သလဲဆိုတာပြောပြပါ့မယ် တကယ်တော့ကွန်တီနတယ် ကွန်ဂရက်က အမေရိကန်သမိုင်းမှာ အရေးကြီးဆုံး အလုပ်တာဝန်နှစ်ခုကို အစပျိုး လုပ်ဆောင်ခဲ့ပါတယ်။ ဒါက အနာဂတ်လွှတ်တော်ဖြစ်လာမယ့် ကွန်ဂရက်ကြီးရယ်နဲ့ အခုကမ္ဘာမှာအဆင့်အမြင့်ဆုံး တပ်မတော်ကြီူရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လာပါတယ်။ ပထမဆုံးအနေနဲ့ ကွန်တီနတယ် ကွန်ဂရက်ရဲ့ပထမဆုံးတာဝန်ဟာ နယ်မြေ၁၃ခုစည်းပေါင်းကာ ၁၇၇၆ခုနှစ်မှာ ကိုလိုနီနယ်မြေကပညာတတ်လူငယ်များစုစည်းပြီး နိုင်ငံသစ်အတွက် ပထမဆုံး လွတ်လပ်ရေးကြေငြာစာတမ်းကို ရေးသားကာ ကွန်ဂရက် အများသုံးတဲ့ လွှတ်တော်ကြီးကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ခေတ်ပညာတတ်လူငယ်များက ဗြိတိသျှတို့ရဲ့ ဖိနှိပ်မှုကို အဆုံးအစွန်းမခံနိုင်သောအခါ ငါတို့ရဲ့ နယ်မြေ၁၃ခုက ဗြိတိသျှလက်အောက်ခံ မဟုတ်ဘူး၊ ငါတို့ကလွတ်လပ်တဲ့ နိုင်ငံတော် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ် လို့သူတို့စိတ်အားထက်သန်းခဲ့ကြတယ်။ ဒါကြောင့် နိုင်ငံရေးအရကွန်တီနတယ်ကွန်ဂရက်ရှိလာချိန်မှာ အမေရိကန်တွေကို ကာကွယ်ဖို့ စစ်တပ်တစ်ခုလိုအပ်နေတာသူတို့သတိထားမိလာတယ်။ ငါတို့ဟာ လွတ်လပ်မှုအတွက် ကွန်ဂရက်မှာ ဆွေးနွေးဖို့သာမက ကျယ်ပြန့်တဲ့နယ်မြေ‌တွေကို ထိန်းချုပ်ဖို့ စစ်တပ်လိုအပ်ကြောင်း အဆို့တင်သွင်းကြတယ်။ ထိုအခါ ကွန်တီနတယ် တပ်မတော်ကိုစတင် ဖွဲ့စည်းကာ ဗိုလ်ချုပ်ကြီူဂျော့ဝါရှန်တန်က ပထမဆုံးတပ်မှူးအဖြစ် တင်မြောက်ခံရပါတယ်။ ဒုတိယအချက်အနေနဲ့ ကွန်တီနတယ် တပ်မတော် အမေရိကန်ရဲ့ကိုလိုနီနယ်မြေတွေက တော်လှန်းရေးစိတ်အားထက်သန်းသူတွေ့ကိုစုစည်းပြီး ဖွဲ့စည်းလိုက်တယ်။ ကွန်တီနတယ် တပ်မတော်ကအမေရိကန်ရဲ့ လွတ်လပ်ရေးကို ဗြိတိသျှလက်ထဲက အမိအရ ရယူနိုင်ရုံတင်မကဘဲ အနာဂတ်အမေရိကန်စစ်တပ်၏အင်အားတောင့်တင်းမှုကို မျိုးစေ့ကြဲချခဲ့ကြပါတယ်။

အရမ်းအမျှော်အမြင်ရှိကြတဲ့အမေရိကန်နိုင်ငံရေးရဲ့ ပထမဆုံးပဒေသာပင်ကြီးဟာ ကွန်တီနတယ် ကွန်ဂရက်က နိုင်ငံရေးနှင့်အုပ်ချုပ်ရေးခိုင်မြဲအောင် အခြေခံကျကျ အုတ်မြစ်ချခဲ့သလို တစ်ဖက်က ကွန်တီနတယ် တပ်မတော်ကြီူကလည်း ကွန်တီနတယ် ကွန်ဂရက်ရဲ့ ဆုံးဖြတ်‌ချက်တွေ အုပ်ချုပ်ရေးစနစ်၊မူဝါဒတွေကို ကာကွယ်တဲ့ တာဝန်နဲ့ ခေတ်သစ်နိုင်ငံတစ်ခု၏အင်အားတောင့်တင်းလာမှုအပေါ် ထောက်ပံ့ပေးခဲ့ပါတယ်။ နိုင်ငံရေးဆိုတာက ကျွန်တော်တို့ထင်သလို ခေါင်းအေးအေးနဲ့ ထိုင်ပြီး ဆွေးနွေးနေကြတာမဟုတ်ဘူးဆိုတာကို ကွန်တီနတယ် ကွန်ဂရက်က သက်သေပြခဲ့ပါတယ်။ ဘာလိုဆိုရင် အဖွဲ့အစည်းတည်မြဲဖို့ဆိုရင် ဘဏ္ဌာရေးနဲ့ ငွေကြေးအကူညိ များစွာလြိအပ်ပါတယ်။ ဒါကြောင့် ကွန်တီနတယ် ကွန်ဂရက်ဟာ မိမိတို့၏ ကိုယ်ပိုင် ငွေကြေးစနစ်နဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထုတ်ဝေခဲ့ကြတယ်။ ဒါမယ် ကွန်တီနတယ်ရဲ့ ငွေတွေက တရားဝင် အဆင့်မရှိသေးဘဲ တန်ဖိုးမရှိသေးတော့ အမေရိကန်တွေအတွက်အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့တယ်။ ဒီစိန်ခေါ်မှုက ငွေကြေးတစ်ခုထဲအတွက် ခေါင်းခဲစရာလားဆိုတော့လည်မဟုတ်ပြန်ဘူး ဘာလိုဆိုရင် အမေရိကန်နိုင်ငံအတွက် လွတ်လပ်ရေးကို လိုချင်သူတွေက အများစုမပါဝင်ခဲ့တာလည်းရှိတယ်။ အကြောင်းတရားကအရမ်းရိုးရှင်းပါတယ် တချို့အမေရိကန်တွေက ဗြိတိသျှတွေနဲ့ ဆက်ဆံရေးရှိသလို သူတို့ရဲ့အကျိုးစီးပွားထိခိုက်မှာလည်းကြောက်ကြတာပေါ့။ ဒါပေမယ့် တချို့ကလည်း ငြိမ်းခံနေလို့မရဘူးဆိုတာသိလို့ တိုက်ချင်ကြတယ်။ ဒီလိုနဲ့ ကွန်တီနတယ် ကွန်ဂရက်ရဲ့ ကိုယ်စားလှယ်တွေက လူအမျိုးမျိုးနဲ့ ညှိယူခဲ့ကြတာပေါ့။ နောက်ဆုံးမှာအားလုံးက ဗြိတိသျှတွေရဲ့ အခွန်အခမတရားဖိနှိပ်မှုတွေ၊ နိုင်ထက်စီးနင်းမှုတွေကြောင့် အကျိုးအမြတ်ရလိုသူတွေကိုယ်တိုင်းပါ တိုက်ဖို့ဆန္ဒရှိလာကြတယ်။ ဒါကြောင့် ကွန်တီနတယ် ကွန်ဂရက်ရဲ့ဆုံဖြတ်ချက်အရ ကွန်တီနတယ်တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့အမေရိကန် တော်လှန်းရေး စစ်ပွဲကြီးစတင်ပါတော့တယ်။

RAIDEN KT
Historian
#History #Kyawthet #RAIDEN_KT #Continental_Congress
❤4🏆1
Psychologically, those who constantly criticize and attack you are more likely to be angry with you than those who have a personal disagreement.It could be just people who are providing support for your extreme mood.

-RAIDEN KT

#RAIDEN_KT #Kyawthet
❤6
ဒီရက်တွေRaidenခနနားအုံးမယ်⛄သတိရရင်အရင်က History တွေပြန်ဖတ်နော်...I'll be back tomorrow.
💋4❤3
အင်ပါယာချဲ့ထွင်ရေးဝါဒရဲ့ အဓိကအစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းကတော့... ငါတို့က မင်းတို့ရဲ့ သမိုင်းကြောင်းကို ပေးမယ်၊ မင်းတို့အတွက် ငါတို့က ရေးပေးမယ်၊ အတိတ်ကို ငါတို့ကပဲ အစီအစဉ်တကျ ပြန်ပြင်ဆင်ပေးမယ် ဆိုတာပဲ ဖြစ်တယ်။ အဲဒီထက် ပိုပြီးတော့ တကယ့်ကို ထိတ်လန့်စရာကောင်းတာကတော့... အမေရိကန်ပြည်ထောင်စုအတွက် အကျိုးရှိစေမယ့် အစီအစဉ်တစ်ခုကို ဖန်တီးဖို့အတွက် သမိုင်းကို ဖျက်ဆီးတာ၊ ပုံဖျက်တာနဲ့ နောက်ဆုံးမှာ အမြစ်ပြတ်ချေမှုန်းပစ်တာပဲ ဖြစ်ပါတယ်။

-Edward Said

#RAIDEN_KT #Edward_Said #Kyawthet #History
❤3🥰1
အေဗာရာဟင် ကာဟန်၏ နိုင်ငံရေးအယူအဆဆိုင်ရာ စကား၃ခွန်း
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
အေဗာရာဟင် ကာဟန်၏ နိုင်ငံရေးအယူအဆဆိုင်ရာ စကား၃ခွန်း
အေဗာရာဟင် ကာဟန်၏ နိုင်ငံရေးအယူအဆဆိုင်ရာ စကား၃ခွန်း

၁. ရုရှားတွေ သူတို့က နိုင်ငံ‌ကို စစ်ဓါးနဲ့ အုပ်ချုပ်တယ်။ အမ်း....ကျွန်တော်‌တို့ ဒီအမေရိကန်ကြီးမှာတော့ဖြင့် ဒေါ်လာ ကအုပ်ချုပ်တယ်။ တကယ်တမ်းတွေးကြည့်ရင် ဒေါ်လာမှာက ဓါးလို့ အသွားမရှိဘူးလို့ ခင်ဗျာတို့ ထင်ရလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ စစ်ဓားထက်တောင်မှ သူကပိုပြီး ထက်ရှပါသေးတယ်။


ရှင်းတမ်း>>>ကာဟန်ဟာ ဆိုရှယ်လစ်သမားတစ်ဦးပီပီ ရုရှားကို အာဏာရှင်နိုင်ငံတွေလို ခိုင်နှိုင်းပြီး သူတို့က နိုင်ငံသားတွေကို လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းတယ်လို့ဥပမာပြပေးတယ်။ စကားမဆုံးခင်တစ်ဖက် ဒီမိုကရေစီဆိုတဲ့ အမေရိကန်လို့ အရင်းရှင်စနစ်အခြေခံရှိတဲ့ သူတွေကလည်း ငွေကြေး ဒေါ်လာကို အာဏာအနေနဲ့ အသုံးပြုပြီး အလုပ်သမား လူတန်းစားတွေကို မမြင်ရတဲ့ နည်းတွေနဲ့ ကုတ်သွေးစုပ် ဖိနှိပ်တတ်တယ်ဆိုတာကို သူကပြတ်ပြတ်သားသား မီးမောင်းထိုးပြနေတဲ့ စကားဖြစ်ပါတယ်။

၂.စည်းလုံးညီညွတ်ခြင်းဟာ ရုန်းကန်ရပ်တည်ခြင်းအတွက် အားကောင်းတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ အလားတူ ဆိုရှယ်လစ်ဝါဒဟာလည်း လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်ရေးအတွက် သဘာဝတရားနဲ့အတူ ရုန်းကန်ရတဲ့ တိုက်ပွဲတစ်ခုမှာ အဲဒီ စည်းလုံးခြင်းကို လက်နက်တစ်ခုအဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။


ရှင်းတမ်း>>>ဒီစကားက ကာဟန်ရဲ့ ပါးနပ်လှတဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကိုတင်ပြထားတာဖြစ်ပါတယ်။ သူအဆို့အရ ဆိုရှယ်လစ်ဝါဒဆိုတာဟာ သာမန်နိုင်ငံရေးစနစ်တစ်ခုထက်ပိုပြီး အောက်ခြေလူတန်းစားတွေအချင်းချင်း စည်းလုံးညီညွတ်ခြင်းအားဖြင့် မိမိတို့ရဲ့ဘဝကို ပိုမိုမြှင့်တင်နိုင်ပြီး လောကဓံကို ကျော်လွှားနိုင်ရမယ်ဆိုတဲ့ မဟာဗျူဟာအဖြစ် သူကရှုမြင်ခဲ့တာကို ပြသရာရောက်ပါတယ်။

၃.ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ ချောမွေ့ပြေပြစ်လှတဲ့ မျက်နှာပြင်အောက်မှာ လူသားတွေရဲ့ ဆင်းရဲဒုက္ခကို မတရားမှုတွေ ပြည်နှက်နေတဲ့ ကြီးမားကျယ်ပြန့်ပြီး ဆူပွက်နေတဲ့ သမုဒ္ဒရာကြီးတစ်ခုရှိနေပါတယ်။


ရှင်းတမ်း>>>ဒီစကားဟာခေတ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အဓိကစိန်ခေါ်ချက်တစ်ခုကို သူကထောက်ပြထားတာဖြစ်တယ်။ ဘာလိုဆိုရင် ခေတ်တွေစနစ်တွေတိုးတက်လာပြီး မြို့ပြကြီးတွေ တိုးတက်လာတဲ့အခါ သူတို့ရဲ့တိုးတက်မှု အခြေခံအဆောက်အအုံကြီးတွေက ဘယ်လောက်ဘဲ ခမ်းနားနေပါစေ ထိုတိုးတက်မှု ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံအလုပ်သမားတွေဟာ စက်ရုံအလုပ်ရုံတွေထဲမှာ သူတို့ရဲ့အသက်တွေသွေးတွေချွေးတွေကိုရင်းပြီး ဆင်းရဲဒုက္ခ ပင်လယ်ဝေနေရတဲ့ အခြေခံအလုပ်သမားထုကြီးရဲ့ ပကတိအခြေအနေအမှန်ကို အုပ်ချုပ်သူလူတန်းစားတွေ မျက်ကွယ်မပြုမိစေဖို့ သူကသတိပေးနှိုးဆော်တဲ့ အထင်ကရမိန့်ခွန်းဖြစ်ပါတယ်။

Raiden kt
Historian
#RAIDEN_KT #Kyawthet #History
❤6
"ရှေ့ကနေ ဦးဆောင်လျှင် စံပြဖြစ်ရမည်၊ အလယ်ကနေ ဝန်းရံလျှင် စိတ်ဓာတ်ခွန်အား ပေးရမည်၊ နောက်ကနေ ပံ့ပိုးလျှင် တွန်းအားပေး မြှောက်ပင့်ရမည်။"


ဆရာဆိုတာ "အမိန့်ပေးသူ သာမန်အတန်းပိုင်" မဟုတ်ဘဲ ကလေးတစ်ယောက်ရဲ့ သဘာဝအတိုင်း ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးရတဲ့ "ဥယျာဉ်မှူး" နဲ့ တူပါတယ်။

ပညာရေးဆိုသည်မှာ ကလေးများ၏ အတွင်းသဘာဝအရည်အချင်းများ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် နောက်ကွယ်မှ ပံ့ပိုးကူညီပေးခြင်းသာ ဖြစ်သည်။


-Ki Hajar Dewantara
အင်ဒိုနီးရှားပညာရေးဖခင်

#History #RAIDEN_KT #Kyawthet
❤7🏆1
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
Video
Ki Hajar Dewani(၁၈၈၉-၁၉၅၉)သည် အင်ဒိုနီးရှား အမျိုးသားပညာရေး၏ အကြီးအကျယ်ဆုံးဆုံးဖခင် တစ်ဦးဖြစ်သည်။ သူ၏အထင်ရှားဆုံးစကားမှာ လွတ်လပ်မှုသည်အလင်းဖြစ်ပါကပညာရေးသည်လည်း ထိုအလင်းကိုလောင်ကျွမ်းစေသောမီးခွက်ဖြစ်သည်။ ဒါကြောင့်ပြည်သူများက သူကို အင်ဒိုနီးရှားရှိမီးခွက်ထိန်းသူတစ်ဦးKi Hajar Dewani အဖြစ်အသိမှတ်ပြုကြသည်။ သူသည်အမျိုးသားပညာရေး၏ရှေ့ဆောင်နှင့်အင်ဒိုနီးရှား နိုင်ငံပြန်လည်ရှင်သန်ရေးတွင်အရေးပါသောပုဂ္ဂိုလ်တစ်ဦးအဖြစ်လူသိများသည်။ သူဟာပညာရေးမှတဆင့် တော်လှန်ရေးတိုက်ပွဲကို အောင်နိုင်ပြီးလက်နက်များဖြင့် အမြဲတမ်းအနိုင်မယူနိုင်‌ကြောင်းယုံကြည်သည်။ သူ၏အဆိုအရပညာရေးသည်တိုင်းပြည်၏အသိပညာ၊ ဂုဏ်သိက္ခာနှင့်အနာဂတ်ကိုတည်ဆောက်ရန်နည်းလမ်းဖြစ်သည်။ သူဟာ၁၉၂၂ ခုနှစ်တွင် အင်ဒိုနီးရှားအမျိုးသားကျောင်းသားဥယျာဉ်ကိုတည်ထောင်ခဲ့ သည်။ ဤကျောင်းသည်ကိုလိုနီခေတ်တွင်အင်ဒိုနီးရှားပြည်သူများ ကိုပညာရေးပေးရန်ရည်ရွယ်ထားပြီး ထိုအချိန်ကဌာနေတိုင်းရင်းသားများအတွက်ပညာရေးကို အကန့်အသတ်ဖြင့်သာရရှိခဲ့သည်။

သူ၏လူသိများသောစကားမှာ
Ing ngarsa sung tulada
"ရှေ့ကနေ ဦးဆောင်တဲ့အခါ စံပြနမူနာပြရမည်။"
Ing madya mangun karsa
"အများကြားထဲမှာ ရှိနေတဲ့အခါ စိတ်ဓာတ်ခွန်အားနှင့် တက်ကြွမှုကို နှိုးဆွပေးရမည်။"
Tut wuri handayani
"နောက်ကွယ်ကနေ လိုက်ပါတဲ့အခါ လွတ်လပ်စွာ တိုးတက်အောင် ပံ့ပိုးတွန်းအားပေးရမည်။"

ဤမိန့်ခွန်းဟာ အင်ဒိုနီးရှား ပညာရေးလောက၏ဆောင်ပုဒ်ဖြစ်လာခဲ့သည်။

ထိုအပြင်သူဟာ ပညာရေးလောကအတွင်းသာမက ဒတ်ခ်ျကိုလိုနီအုပ်ချုပ်မှုအပေါ်ဝေဖန်သည့် အမျိုးသားခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သူ၏စာပေအရေးအသားများဟာ အမျိုးသားရေးစိတ်ဓါတ်နှင့် အင်ဒိုနီးရှားပြည်သူတို့၏ အခွင့်အရေးကို ကာကွယ်ရန် ပြယုဒ်ဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားပြည်သူများသူကို အင်ဒိုနီးရှားအမျိုးသားပညာရေး၏ဖခင်၊ ရိုးရာပညာရေးရှေ့ဆောင်‌၊ စံပြဆရာသခင်အဖြစ်ယနေ့တိုင်း ဂုဏ်ပြုထားကြသည်။ နှစ်စဉ် မေလ၂ရက်နေ့ကို အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားပညာရေးနေ့အဖြစ် ကျင်းပကြသည်။ သူသည်အမျိုးသားရေးတော်လှန်ရေးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သော်လည်း စစ်တပ်ကို ဦးဆောင်ခြင်းကိုငြင်းပယ်ကာ ပိုမိုကောင်းမွန်သောပညာရေးစနစ်ကိုသာ အခြေခံအုတ်မြစ်ချကာ နိုင်ငံ၏အနာဂတ်ကိုတည်ဆောက်ကာ အင်ဒိုနီးရှားဆရာ၊ဆရာမ များ၏စံပြဖခင်သဖွယ်သမိုင်း၌ကျန်ရစ်ခဲ့သော ပညာရေး၏ရှေ့ဆောင်တစ်ဦးဖြစ်သည်။

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History
❤5
မငိုပါနှင့် သား၊ သေဆုံးခြင်းကို ကြောက်ရွံ့ခြင်းမရှိပါနှင့်၊ အားလုံးသော လူသားတို့သည် တစ်နေ့နေ့တွင် သေဆုံးရမည်သာဖြစ်သည်။ သို့သော် မိမိနိုင်ငံအတွက် ဂုဏ်ယူစွာဖြင့် သေဆုံးရခြင်းမှာ အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။

-JosĂŠ Abad Santos
ဖိလစ်ပိုင်နိုင်ငံ၏ဖြောင့်မတ်ဆုံးခုံသမာဓိန်ဝန်ချုပ်

#Kyawthet #RAIDEN_KT #History
❤5
သမိုင်းပျောက်ရင် လူမျိုးပျောက်မည်။
လူမျိုးပျောက်ရင် ယဉ်ကျေးမှုပျက်သုဉ်းမည်။
ယဉ်ကျေးမှုပျောက်ရင် လူသားကွင်းဆက်တစ်ရပ်လုံး ဆင့်ကဲပြောင်းလဲမှုနှင့်ကြုံရမည်။


-RAIDEN KT
Historian
#Kyawthet #RAIDEN_KT #History #HistoryVibes
❤11
The reason I want to be elected as the President of the Republic of the Union of Myanmar is to protect the rights of minorities. The stairs I see are open to all classes.

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ သမ္မတအဖြစ် ကျွန်တော် ရွေးကောက်တင်မြှောက်ခံချင်တဲ့ အကြောင်းရင်းက လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ။ ကျွန်တော်တို့မြင်ရတဲ့ လှေကားထစ်တွေက လူတန်းစားအားလုံးအတွက် ဖွင့်လှစ်ထားပါတယ်။

-Kyaw Thet
ဒီမိုကရက်တစ်လူငယ်ခေါင်းဆောင်
#RAIDEN_KT #History #Kyawthet
❤7🏆1
အသားအရောင်ခွဲခြားမှု,lgbtနဲ့ အမျိုးသမီးနှိမ့်ချမှု‌တွေဟာ ငါတို့မြန်မာမှာနေရာမရှိဘူး...နောင်လည်မရှိလာနိုင်ဘူး....အခုမြန်မာမျိုးဆက်ကသင်တို့အတွက်စံပြဘဲ.....ငါတို့ ဒီမိုကရက်တစ်တွေကပဲခူးတိုင်း‌ဒေသကြီးတစ်ခုထဲကို အခိုင်အမာ‌ဒေသအဖြစ်သတ်မှတ်ထားတာမဟုတ်ဘူး၊ကျန်ရှိနေတဲ့ပြည်နယ်ဘက်တွေကို အနိုင်ယူနိုင်မယ်လို့ယုံကြည့်တယ်..ပြီးတော့အဲဒီကနေ ငါပြည်‌ထောင်စုအဆင့်ထိကို လှည့်အနိုင်ယူနိုင်မယ်ထင်တယ်။

-Kyaw Thet
ဒီမိုကရက်တစ်လူငယ်ခေါင်းဆောင်

#RAIDEN_KT #History
❤9
မင်းဟာ ကိစ္စတစ်ခုကို တက်တက်ကြွကြွနဲ့ တာဝန်ယူ ဦးဆောင်သူဖြစ်အောင် လုပ်ပါ၊ မင်းက ဦးမဆောင်နိုင်ရင်လည်း ဦးဆောင်မယ့်သူနောက်ကို သေသေချာချာ လိုက်ပါ၊ အဲဒီလိုမှမဟုတ်ဘဲ အလုပ်ကိုနှောင့်နှေးအောင် လမ်းအလယ်မှာ ပိတ်မရပ်ပါနဲ့။

-Ted Turner
Cartoon Networkတည်ထောင်သူ
#RAIDEN_KT #History #Kyawthet
❤7