ထို့အပြင် သျှမ်းလူမျိုးများသာမက လူမျိုးစုအားလုံး ပါဝင်နိုင်မည့် ပိုမိုကျယ်ပြန့်သော ဆွေးနွေးညှိနှိုင်းမှုတစ်ခုအတွက် ယခုကြေညာစာတမ်းကို အစပြုရာအဖြစ် အသုံးပြုရမည်။
ဤအခြေအနေသည် သျှမ်းပြည်တစ်ခုတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ အနာဂတ်နှင့်လည်း သက်ဆိုင်နေသည်။
အပြန်အလှန်လေးစားမှုနှင့် ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရေးဆိုင်ရာ CSSU ၏ မူဘောင်ကို အခြေခံပြီး သျှမ်းပြည်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် ပုံစံတစ်ရပ်ကို တည်ဆောက်နိုင်လျှင် ကျန်နိုင်ငံတစ်ဝန်းလုံးအတွက်လည်း အလားတူ လုပ်ဆောင်နိုင်ကြောင်း စံနမူနာပြသနိုင်မည်ဖြစ်သည်။
အမှန်တကယ် ဖက်ဒရယ်စနစ်ကျင့်သုံးသော၊ အမှန်တကယ် ဒီမိုကရေစီကျသော၊ အမှန်တကယ် သဟဇာတဖြစ်သော ပြည်နယ်တစ်ခုကို တည်ဆောက်ရန် ကျွန်ုပ်တို့တွင် အခွင့်အရေးရှိနေသေးသည်။
သို့သော် အခွင့်အရေးတံခါင်းပေါက် မပိတ်သွားမီနှင့် အကြမ်းဖက်မှုသံသရာတဖန် မစတင်မီ ထိုအခွင့်အရေးကို ဆုပ်ကိုင်အသုံးချရမည်။ မိမိတို့ကိုယ်တိုင် အခွင့်အရေးတကြိမ် ပေးကြည့်သင့်ပါ၏။
ထိုမှသာ ငြိမ်းချမ်းရေးအတွက်လည်း အခွင့်အရေးတခု ရရှိလာမည်ဖြစ်သည်။
ဤဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အတွေးအမြင်နှင့် အာဘော်သာဖြစ်သည်။
ဤဆောင်းပါးသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ TIME TO RETURN TO THE ROOTS: The CSSU Manifesto as Blueprint for Shan Harmony and a Federal Democratic Union အင်္ဂလိပ်ဘာသာ ဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
https://burmese.shannews.org/archives/54633
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#CSSU #SSJAC #peace #Shanstate

သျှမ်းသံတော်ဆင့်
ညီညွတ်ရေးနှင့် ဖက်ဒရယ်အနာဂတ်ကို ပြန်လည်တည်ဆောက်ခြင်း - CSSU ကြေညာစာတမ်း - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
ထိုင်းနိုင်ငံတွင် အမှတ်တံဆိပ် အတု ကုန်ပစ္စည်းဂိုဒေါင်ကို ဝင်ရောက်စီးနင်း၊ မြန်မာနှင့် တရုတ်နိုင်ငံသား ၉ဉီးဖမ်းဆီးရမိ
သျှမ်းသံတော်ဆင့်၊ ၂၀၂၆ နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမှတ်တံဆိပ်အတု ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းမှ ဝယ်ယူသူများထံ ပို့ဆောင်ရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံသား ၈ဉီးနှင့် တရုတ်နိုင်ငံသားတဉီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယမန့်နေ့ ( နိုဝင်ဘာ ၃)ရက် မွန်းလွဲ ၁နာရီတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ဘန်ကောက်မြို့ ဘန်ဘွန်ရဲစခန်းမှ တာဝန်ရှိသူများက အမှတ်တံဆိပ်တု ကုန်ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်တခုကို ဝင်ရောက်စစ်ခဲ့သည်။
အဆိုပါ ဂိုဒေါင်ထဲတွင် သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ အသားအရေ ထိန်းသိမ်းရေး လိမ်းဆေး၊ ရေမွှေးနှင့် အခြားအလှကုန်ပစ္စည်းများအပါအဝင် အမှတ်တံဆိပ်အတုကုန်ပစ္စည်း ၁၅,၀၀၀ ကျော်တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
ထိုဂိုဒေါင်ပိုင်ရှင်သည် တရုတ်နိုင်ငံသားဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံပြင်ပသို့ ထွက်ခွာသွားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှုသည် ထိုင်းနိုင်ငံကုန်အမှတ်တံဆိပ်ဥပဒေ ပုဒ်မ ၁၀၈ နှင့် ငြိစွန်းနိုင်ပြီး ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၄နှစ်ထက် မပိုသော ပြစ်ဒဏ်ဖြစ်စေ။ ဘတ်ငွေ ၄သိန်း ထက်မနည်းပိုသော ငွေဒဏ်ဖြစ်စေ ၊ ပြစ်ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
https://burmese.shannews.org/archives/54636
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#အမှတ်တံဆိပ်တု #ထိုင်းနိုင်ငံ #WhatHappeningInThailand

ထိုင်းနိုင်ငံတွင် အမှတ်တံဆိပ်အတု ကုန်ပစ္စည်းဂိုဒေါင်ကို ဝင်ရောက်စီးနင်း၊ မြန်မာနှင့် တရုတ်နိုင်ငံသား ၉ဉီးဖမ်းဆီးရမိ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံတွင် အမှတ်တံဆိပ်အတု ကုန်ပစ္စည်းဂိုဒေါင်ထဲ မြန်မာနှင့် တရုတ်နိုင်ငံသား ၉ဉီးဖမ်းဆီးရမိ
သျှမ်းသံတော်ဆင့်၊ ၂၀၂၆ နိုဝင်ဘာ ၄
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမှတ်တံဆိပ်အတု ကုန်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အွန်လိုင်းမှ ဝယ်ယူသူများထံ ပို့ဆောင်ရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံသား ၈ဉီးနှင့် တရုတ်နိုင်ငံသားတဉီးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ယမန့်နေ့ ( နိုဝင်ဘာ ၃)ရက် မွန်းလွဲ ၁နာရီတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ဘန်ကောက်မြို့ ဘန်ဘွန်ရဲစခန်းမှ တာဝန်ရှိသူများက အမှတ်တံဆိပ်တု ကုန်ပစ္စည်းများသိုလှောင်ထားသည့် ဂိုဒေါင်တခုကို ဝင်ရောက်စစ်ခဲ့သည်။
#ShannewsBurmese
#SHANBurmese
#Shannews
#WhatHappeningInThailand

ရပ်စောက်တွင် တရက်ကြာ ပျောက်ဆုံးနေသည့် ၈ နှစ်အရွယ် ကလေး သေဆုံးလျက် တွေ့ရှိ
သျှမ်းသံတော်ဆင့်၊၂၀၂၆ နိုဝင်ဘာလ ၄ ရက်
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာအုပ်စု လင်းလေအင်းကျေးရွာမှ အသက် (၈)နှစ်အရွယ် ကျောင်းသူတဉီး ပျောက်ဆုံးခဲ့ပြီး သေဆုံးလျက်ပြန်တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နိုဝင်ဘာလ (၃)ရက်နေ့တွင် အသက် (၈)နှစ်အရွယ် မလှိုင်းဝတီသည် ကျောင်းသို့သွားခဲ့ပြီး ကျောင်းဆင်းချိန်၌ နေအိမ်သို့ ပြန်လည်မရောက်ရှိသောကြောင့် ဒေသခံများက ဝိုင်းဝန်းရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေရာမှ ယနေ့ နိုဝင်ဘာလ (၄)ရက်တွင် ကျေးရွာအနီးတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး မည်သို့ သေဆုံးခဲ့ကြောင်းကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“မနေ့ကတည်းက ရှာတာ မတွေ့ဘူး ဒီနေ့တော့ အသက်မပါတော့ဘူး ပြန်တွေ့တာ၊ ကလေးမှာပါသွားတဲ့ နားကပ်လည်း မပျောက်သွားဘူး၊ ဘာကြောင့် ဒီကလေးကို သတ်လိုက်တာလဲမသိဘူး။ ကလေးတွေတောင် မလုံခြုံတော့ဘူး။”ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ခေတ်ကာလပျက်ယွင်းနေမှုနှင့် ဥပဒေစိုးမိုးမှု အားနည်းသည်ကို အခွင့်ကောင်းယူ၍ လူသတ်မှု မုဒိမ်းမှုများနှင့် ပြန်ပေးဆွဲသတ်ဖြတ်မှုများ မကြာခဏ ဖြစ်လာသောကြောင့် လုံခြုံမှုမရှိတော့ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
ကလေးငယ်တစ်ဦး အသတ်ခံရမှုအပေါ် တရားမျှတမှုရရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးသင့်ကြောင်းနှင့် စစ်တပ်မှ တာဝန်ရှိသူများက တရားခံမဖမ်းဆီးပေးနိုင်လျှင် ပြည်သူများ၏ ယုံကြည်မှုများလည်း လျော့နည်း သွားနိုင်သည်ဟု ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒီအမှုကို ဒီတိုင်းတော့ မပြီးသွားစေချင်ဘူး၊ လူသတ်သမားက ကလေးငယ်ကိုတွေ ပစ်မှတ်ထားသတ်နေအုံးမှာပဲ ဆေးသမားတွေ များလာတော့ ကလေးရော လူကြီးပါ မလုံခြုံတော့ဘူး၊ ဒီကိစ္စ တရားခံ မဖော်ထုတ်နိုင်ရင်တော့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ယုံကြည်မှုကိုတော့ စစ်တပ်က ဘာမှ အာမခံချက် မပေးနိုင်တော့ဘူးဆိုတာ သေချာသွားပြီ။”ဟု ရပ်စောက်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယခုလက်ရှိ ရပ်စောက်မြို့နယ်တွင် စစ်ကော်မရှင်တပ် ၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA )တို့လှုပ်ရှားသည့် နယ်မြေဖြစ်သည်။
https://burmese.shannews.org/archives/54641
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#ရပ်စောက် #ကလေးသေဆုံး #CrimeNews #Crime

ရပ်စောက်တွင် တစ်ရက်ကြာ ပျောက်ဆုံးနေသည့် ၈ နှစ်အရွယ် ကလေး သေဆုံးလျက် တွေ့ရှိ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
❤2
ပင်လောင်းတွင် မိုးကြိုးပစ်အမျိုးသမီးတဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ နိုဝင်ဘာ ၄ ရက်
သျှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ကြက်သွန်စိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး ၃ ဦး မိုးကြိုးပစ်ခတ်ခံရပြီး တဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ပင်လောင်းမြို့နယ်၊ ကြေးတောင်ကျေးရွာရှိ ကြက်သွန်စိုက်ခင်း၌ အလုပ်လုပ်ကိုင်နေစဉ် မိုးရွာလာသဖြင့် အမျိုးသမီး ၃ ဦးသည် သစ်ပင်အောက်၌ မိုးခိုနေခဲ့ရာမှ မိုးကြိုးပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးပစ်ခတ်မှုကြောင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးနှစ်ဦးသည် ဒဏ်ရာရရှိခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သစ်ပင်အောက်မှာ မိုးခိုနေတဲ့အချိန် မိုးကြိုးပစ်တာပါ။ သူတို့သုံးယောက်လုံး သစ်ပင်အောက်မှာ ရှိနေကြတာ။ မိုးကြိုးပစ်ခံရပြီး တစ်ယောက်က ချက်ချင်းဆုံးသွားတယ်။ သူက အသက်ငယ်ငယ်လေးပဲ ရှိသေးတာ” ဟု ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မိုးကြိုးပစ်ခတ်ခံရသည့် အမျိုးသမီး ၃ ဦးသည် ပင်လောင်းမြို့နယ်၊ လွယ်မောကျေးရွာအုပ်စု၊ မိုးနဲရွာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
မိုးရွာသွန်းပြီး မိုးကြိုးလက်နေချိန်တွင် ဖုန်းအသုံးပြုခြင်းနှင့် သစ်ပင်အောက်၌ မိုးခိုခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်းလည်း ၎င်းက သတိပေးပြောဆိုသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်ကလည်း ပင်လောင်းမြို့နယ်အတွင်းရှိ ယာခင်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၄ ဦး မိုးကြိုးပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မိုးကြိုးအန္တရာယ်သည် ရာသီဥတု ရုတ်တရက်ပြောင်းလဲသည့်အချိန်များတွင် ဖြစ်ပွားနိုင်ပြီး မိုးဦးကာလဖြစ်သည့် ဧပြီနှင့် မေလများအပြင် မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်လည်း ပိုမိုသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသဆိုင်ရာ လေ့လာသူများက သတိပေးထားသည်။
https://burmese.shannews.org/archives/54644
#ShannewsBurmese
#SHANBurmese
#သျှမ်းသံတော်ဆင့်
#Shannews
#မိုးကြိုးပစ် #ပင်လောင်း

ပင်လောင်းတွင် မိုးကြိုးပစ် အမျိုးသမီးတဉီး သေဆုံး၊နှစ် ဦး ဒဏ်ရာရ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
ကုန်ဈေးနှုန်းမြင့်တက်မှုကြား ဝင်ငွေနည်းပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ
သျှမ်းသံတော်ဆင့်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာဈေးနှုန်း ၄,၈၀၀ ကျပ်ကျော်အထိ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်၌ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများပါ မြင့်တက်လာသဖြင့် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာကြောင်း စုံစမ်းသိရသည်။
အထူးသဖြင့် နေ့စားအလုပ်သမားများ၊ လက်လီစျေးသည်များနှင့် ဝင်ငွေနည်း အိမ်ထောင်စုများသည် အလုပ်အကိုင် နှင့် ဝင်ငွေမမှန်ခြင်း၊ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းနှင့် ဝယ်ယူနိုင်စွမ်း ကျဆင်းခြင်းတို့ကြောင့် စီးပွားရေး ဖိအားများ ပိုမို ရင်ဆိုင်နေရသည်။
ယနေ့ (နိုဝင်ဘာ ၄) ရက် ပြင်ပငွေကြေးဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၄,၇၈၀ ကျပ်နှင့် ရောင်းဈေး ၄,၈၈၀ ကျပ်ဝန်းကျင်ရှိနေပြီး ပုဂ္ဂလိကဘဏ်များ၏ အွန်လိုင်းထရိတ်ဒင်းဈေးနှုန်းမှာ ဝယ်ဈေး ၃,၆၆၀ ကျပ်နှင့် ရောင်းဈေး ၃,၆၇၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပြင်ပဈေးကွက်နှင့် အွန်လိုင်းထရိတ်ဒင်းဈေးအကြား တစ်ဒေါ်လာလျှင် ကျပ် ၁,၁၁၀ မှ ၁,၂၂၀ အထိ ကွာဟနေသည်။
အလားတူ တရုတ်ယွမ်ငွေဈေးမှာ ယွမ် ၁၀၀ လျှင် ကျပ် ၇၃,၀၀၀ ဝန်းကျင်ရှိပြီး ထိုင်းဘတ်ငွေဈေးကွက်တွင်လည်း မြန်မာကျပ်ငွေမှ ထိုင်းဘတ်သို့ လဲလှယ်သည့် MM to Thai နှုန်းမှာ ကျပ်တစ်သိန်းလျှင် ၆၇၀ ဘတ်ဝန်းကျင်၊ ထိုင်း-မြန်မာ ငွေလဲဈေးကွက်တွင် ၇၃၀ ဘတ်ဝန်းကျင်ရှိကြောင်း သိရသည်။
နိုင်ငံခြားငွေဈေးနှုန်း အတက်အကျဖြစ်နေသည့်အပြင် ပြည်တွင်းလက်လီဈေးကွက်တွင်လည်း ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာပြီး အချို့ပစ္စည်းများ ဝယ်ယူရရှိရန် ခက်ခဲလာကြောင်း တောင်ကြီးမြို့ခံ ဈေးသည်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အကုန်ပစ္စည်းတွေ အရမ်းတက်တယ်။ တော်တော်လေးကို တက်တာ။ အခုရေသန့်တွေလည်း ဈေးထပ်တက်ပြီ။ ဈေးတက်တဲ့အပြင် ပစ္စည်းလည်း မရှိဘူး။ အိမ်မှာရောင်းရင် ရေသန့်တဘူး ၁,၀၀၀ ကျပ်၊ ပွဲတွေမှာဆို ၁,၀၀၀ ကျော်၊ တချို့ဆိုင်တွေမှာ ၁,၂၀၀ ကျပ်အထိ ဖြစ်နေပြီ” ဟု ၎င်းက ပြောသည်။
ကုန်ဈေးနှုန်းမြင့်တက်လာသော်လည်း ဝယ်ယူသူနည်းပါးလာခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းများ ထိခိုက်နေကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဝယ်တဲ့သူလည်း သိပ်မရှိဘူး။ ပိုက်ဆံက ရှားသလို ဖြစ်နေတာ။ ကော်ဖီ Sunday တထုပ်ကို ၈၀၀ ကျပ်၊ တပါကင်ကို ၂၂,၀၀၀ ကျပ် ဖြစ်သွားပြီ။ အထုပ် ၃၀ ကုန်မှ အမြတ် ၂,၀၀၀ ကျပ်လောက်ပဲ ရတယ်။ ဒါတောင် ခွဲတမ်းနဲ့ ရောင်းနေရတယ်။ ရေသန့်လည်း ထပ်မှာတာ မရဘူး” ဟု ဈေးသည်တစ်ဦးက ပြောသည်။
တဖက်တွင်လည်း နေ့စားအလုပ်သမားများမှာလည်း အလုပ်အကိုင်မမှန်ခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း တို့ကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုချွေတာနေရကြောင်း ပြောသည်။
“အရင်က နှစ်ထောင်၊ သုံးထောင်ကုန်ရင် အခု တသောင်းလောက် ကုန်တယ်။ အခုတော့ ချင့်ချိန်ပြီး ချွေတာစားနေရတာပေါ့။ နေ့စားခ သုံးသောင်းရပေမယ့် နေ့တိုင်းအလုပ်ရှိတာ မဟုတ်ဘူး။ တသောင်းဖိုး စားဖို့သောက်ဖို့ ဝယ်လိုက်ရင် နှစ်သောင်းပဲ ကျန်တော့တယ်။ မလွယ်ပါဘူး” ဟု နေ့စားအလုပ်သမားတဦးက ပြောသည်။
နေ့စားအလုပ်သမားများသည် အလုပ်ရှိသည့်ရက်နှင့် မရှိသည့်ရက် မတူညီသဖြင့် ပုံမှန်ဝင်ငွေမရရှိကြောင်း သိရသည်။
ယခင်က ကျပ် ၂,၀၀၀ မှ ၃,၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနိုင်သည့် နေ့စဉ်သုံးပစ္စည်းများအတွက် ယခုအခါ ကျပ် ၁၀,၀၀၀ ခန့် သုံးစွဲနေရကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။
နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုနှင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုအပေါ် ဈေးကွက်အတွင်း လုပ်ကိုင်သူများက အကြောင်းရင်း အမျိုးမျိုးကို ထောက်ပြကြသည်။
ထို့အပြင် နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ FATF က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိခြင်းနှင့် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုများအပေါ် စိစစ်မှုတင်းကျပ်လာနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့ပြီး FATF ၏ စုံညီအစည်းအဝေးအတွင်း မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ငွေကြေးလွှဲပြောင်းမှုများကို ယခင်အတိုင်း တိုးမြှင့်စိစစ်မှုအောက်တွင် ဆက်လက်ထားရှိကာ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများကိုလည်း ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားပြီး ပိုမိုတင်းကျပ်စွာ စိစစ်ရန် တိုက်တွန်းထားသည်။
၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံဘက်မှ တိုးတက်မှုမရှိပါက ပိုမိုပြင်းထန်သည့် အရေးယူမှုများကို စဉ်းစားသွားမည်ဟုလည်း FATF က ထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေး ၄,၈၀၀ ကျပ်ကျော်အထိ မြင့်တက်လာချိန်တွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေဈေးကွက်အတွင်း လုပ်ကိုင်သူအချို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်ကြောင့် နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ငန်းများကို သတိထားလုပ်ကိုင်နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

နိုင်ငံခြားငွေဈေးကွက် မတည်ငြိမ်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြားတွင် ဝင်ငွေမမှန်သည့် နေ့စား အလုပ်သမားများ၊ ဝင်ငွေနည်းအိမ်ထောင်စုများနှင့် လက်လီဈေးသည်များသည် အဓိကစီးပွားရေးဖိအားကို ရင်ဆိုင်နေရသည်။
ငွေကြေးဈေးကွက်အတွင်း အတက်အကျများသည် နိုင်ငံခြားငွေလဲလှယ်မှုအပေါ်သာမက ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းနှင့် အိမ်ထောင်စုအသုံးစရိတ်များအပေါ်ပါ သက်ရောက်နေပြီး နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာစေကြောင်း သိရသည်။
https://burmese.shannews.org/archives/54646
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#ကုန်စျေးနှုန်း #ဝင်ငွေနည်း #စားဝတ်နေရေး

ကုန်ဈေးနှုန်းမြင့်တက်မှုကြား ဝင်ငွေနည်းပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
SSPP အခြေခံစစ်သင်တန်း အမှတ်စဉ် ၅၄ သင်တန်းဆင်းပွဲ တက်ရောက်သူ ၁,၀၀၀ ကျော်ရှိ
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ နိုဝင်ဘာ ၄ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းတွင် အခြေခံစစ်သင်တန်း အမှတ်စဉ် (၅၄) သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း (နိုဝင်ဘာ ၄ ရက်) တွင် ထုတ်ပြန်ထားသည်။
အဆိုပါ သင်တန်းဆင်းပွဲကို ယမန်နေ့ (နိုဝင်ဘာ ၃ ရက်) မနက် ၈ နာရီတွင် ဝမ်ဟိုင်းဌာနချုပ်ရှိ စစ်သင်တန်းကျောင်း အမှတ် (၁) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထိုပဲအခမ်းအနားကို အဖွဲ့အစည်းခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ စစ်သင်တန်းကျောင်း တာဝန်ရှိသူများ၊ သင်တန်းသားများနှင့် စစ်သင်တန်းဆရာများ အပါအဝင် တက်ရောက်သူ ၁,၀၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စဝ်ပန်ဖက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းသားများအား အခြေခံစစ် ပညာသင်တန်းကို ကြိုးစားသင်ယူပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ပြုခဲ့သည်။
ထို့အပြင် ပါတီ၏ သမိုင်းကြောင်းနှင့် အမျိုးသားရေးဆိုင်ရာ အသိပညာများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့လုပ်ငန်းများတွင် ကြိုးစားလုပ်ဆောင်ကြရန်လည်း သင်တန်းသားများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
သင်တန်းသားများအနက် သေနတ်ပစ်ခတ်မှုစွမ်းရည် နှင့် သျှမ်းစာပေဘာသာရပ်တွင် ထူးချွန်သူများကို ဆုများချီးမြှင့်ခဲ့ပြီး သျှမ်းစာပေသင်ကြားပေးသည့် ဆရာများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
https://burmese.shannews.org/archives/54651
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#SSPP #ဝမ်ဟိုင်း

SSPP အခြေခံစစ်သင်တန်း အမှတ်စဉ် ၅၄ သင်တန်းဆင်းပွဲ တက်ရောက်သူ ၁,၀၀၀ ကျော်ရှိ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
Media is too big
VIEW IN TELEGRAM
သီပေါတံတားပိတ်ဆိုင်းမှုကြောင့် ကားလမ်းပိတ်ဆို့မှုကြုံနေရ
စိုင်းဆိုင်လျန် ၊ ၂၀၂၆ နိုဝင်ဘာ ၄
ဝါထွက်ပြီးနောက်ပိုင်း ခရီးသွားလာမှုများပြားလာတာကြောင့် သီပေါမြို့မှာ ကားတွေ ပိတ်ဆို့နေပါတယ်။
ပိတ်ဆို့ရတဲ့အကြောင်းရင်းကတော့ သီပေါတံတားပိတ်ထားလို့ ဒုဋ္ဌဝတီမြစ်ကိုဖြတ်သန်းဖို့ စစ်လှေကိုစောင့်ဆိုင်းရတာ အချိန်ကြာမြင့်လို့ပဲဖြစ်ပါတယ်။
ယခုနိုဝင်ဘာလစပိုင်းမှာတင် သီပေါမြို့ကိုဖြတ်သန်းပြီးသွားလာရမဲ့ခရီးသည်တွေအားလုံးဟာ သီပေါမြို့အတွင်း ဒုဋ္ဌဝတီမြစ်ကိုဖြတ်သန်းဖို့အတွက် စက်လှေကိုစောင့်ဆိုင်းရင် တစ်နေကုန်အချိန်ကုန်နေတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လောင်းကစားကြွေးကြောင့် အသက်ဆုံးရှုံးနေရ
စိုင်းဆိုင်လျန် ၊ ၂၀၂၆ နိုဝင်ဘာ ၀၄
အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တစ်ဝှမ်းမှာ လောင်းကစားတွေဟာ ပေါ်ပေါ်တင်တင်ပေါများလာခဲ့ပါတယ်။ တချို့ဘုရားပွဲတွေ ၊ ဈေးရောင်းပွဲတွေ ၊ ပွဲတိုင်းလိုလိုမှာ လောင်းကစားဝိုင်းတွေပါဝင်လာခဲ့ပါတယ်။
လောင်းကစားဝိုင်းတွေပေါများလာတာကြောင့် ကစားတဲ့သူတွေကလည်း နေ့စဉ်နဲ့အမျှရှိနေပါတယ်။ အလားတူ လောင်းကစားကြောင့် အကြွေးတွေထူလာပြီး မဆပ်နိုင်တော့တာကြောင့် ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့သူတွေလည်း အများပြားရှိနေပါတယ်။

ပင်းတယတွင် ဗုဒ္ဓရုပ်ပွားတော် နင်းချေပြသည့် အောက်လမ်းဆရာကို ဖမ်းဆီးပြီး ပြန်လွှတ်ပေး
သျှမ်းသံတော်ဆင့်၊ ၂၀၂၆ နိုဝင်ဘာ ၅
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ထယ်သွန်းရပ်ကွက်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဉီးခေါင်းဖြတ်ပြီး ခြေဖြင့် နင်းချေပြသခဲ့သည့် အောက်လမ်းဆရာတဉီးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီးနောက် ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ ဖြစ်ချိန်ကို အခွင့်ကောင်းယူကာ အောက်လမ်းပညာ၊ အစီအရင်နှင့် အယူသီးမှုများကို အသုံးချပြီး ငွေကြေး ရှာဖွေလာကြောင်း ပင်းတယ ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက် တွင် အောက်လမ်းဆရာ ဟိန်းဇေယျာအောင် ဆိုသူ က ဗုဒ္ဓရုပ်ပွားတော်ကို ဉီးခေါင်းဖြတ်ပြီး ခြေဖြင့်နင်းချေပြသနေသည့် ဗီဒီယိုဖိုင်တခုသည် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။
ထိုဗီဒီယိုနှင့်ပတ်သက်ပြီး ပြည်သူအများကြားဝေဖန်မှုများမြင့်တက်လာကာ ၎င်းအောက်လမ်းဆရာကို အရေးယူပေးရန် တောင်းဆိုမမှုကြောင့် နိုဝင်ဘာ ၂ရက်တွင် ပင်းတယ ရဲစခန်း တာဝန်ရှိသူများက သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ကြောင်း ပင်းတယမြို့ ထယ်သွန်းရပ်ကွက်နေ ဒေသခံ အမျိုးသမီး တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ဒီအောက်လမ်းဆရာကို တခါမှတော့ မမြင်ဖူးဘူး၊ လိုင်းပေါ်မှတော့ တွေ့လိုက်တယ်၊ လိုင်းပေါ်မှာ အာရုံစိုက်ခံ ရအောင် လုပ်တာလားပေါ့။ ပင်းတယရဲစခန်းက လာဖမ်းသွားပြီး သိပ်မကြာဘူး ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်။”ဟု ၎င်းအမျိုးသမီး ပြောသည်။
အောက်လမ်းဆရာ ဟိန်းဇေယျာအောင်သည် ထယ်သွန်းရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်လာသည်မှ တနှစ်ကျော်သာရှိသေးပြီး ယခင်တွင် ပင်းတယမြို့နယ် ဆင်ခေါင်းကျေးရွာတွင် နေထိုင်ခဲ့ကြောင်းသိရသည်။
လက်ရှိကာလသည် နိုင်ငံရေးအခြေနေမတည်ငြိမ်မှု၊ စီးပွားရေး အဆင်မပြေမှုများကြောင့် အချို့ပြည်သူများသည် မျှော်လင့်ချက်မဲ့နေချိန်တွင် အထက်လမ်း၊ အောက်လမ်းဟု ယူဆသည့် အစီအရင်များကို အားကိုးလာသည်။
ထိုအခြေအနေကို အခွင့်ကောင်းယူပြီ အထက်လမ်း၊ အောက်လမ်း ဆရာများကလည်း ပြည်သူယုံကြည်မှု အလွဲသုံးစားလုပ်ကာ ငွေကြေးရှာဖွေသူများလည်း ယခင်ကထက် ပိုများလာကြောင်း ပင်းတယ ဒေသခံအမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် အောက်လမ်းနည်းဖြင့် ပြုလုပ်ထားသည်ဟုဆိသည့် အရုပ်များကို အွန်လိုင်းပေါ်မှ တဆင့် ရောင်းချသူများထံ ဝယ်ယူပြီး ယုံကြည်ကိုးကွယ်ကာ ကျွေးမွေးထားသူများလည်းရှိကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။
“အခုခေတ်က နဲနဲစီးပွားရေး အဆင်မပြေတဲ့အချိန်ဆိုတော့ ဝင်ငွေကောင်းအောင်ဆိုပြီး အောက်လမ်းတွေ ယတြာတွေလုပ်ခိုင်းတာ။ လူတွေကလည်း ယုံကြည်လာတယ်။ အခုခေတ် ဒီနည်းလမ်းက ငွေရှာကောင်းဆုံးပဲ ဟု ၎င်းအမျိုးသားက ဆိုသည်။
ထို အောက်လမ်း ယတြာချေနည်းသည် စီးပွားရေး အကျပ်အတည်းကြား ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည်မှုကို အခြေခံပြီး အကျိုးအမြတ်ရှာဖွေသူများအတွက် အခွင့်အလမ်းတခုဖြစ်လာသည်။
https://burmese.shannews.org/archives/54656
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#ပင်းတယ #အောက်လမ်းဆရာ #whathappeninginshan

ပင်းတယတွင် ဗုဒ္ဓရုပ်ပွားတော် နင်းချေပြသည့် အောက်လမ်းဆရာကို ဖမ်းဆီးပြီး ပြန်လွှတ်ပေး - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
ရွာငံတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းလျှင် စစ်တပ် ဖမ်းဆီးငွေညစ်နေ
သျှမ်းသံတော်ဆင့်၊၂၀၂၆ နိုဝင်ဘာလ ၅ ရက်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတည်း အတူစီးနင်းလျှင် စစ်တပ်ဂိတ်၌ ဖမ်းဆီးစစ်ဆေးပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းမှုများရှိနေကြောင်း ဒေသခံများထံသတင်းရရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင် က နိုင်ငံတဝန်းရှိ ဒေသအချို့တွင် အမျိုးသားနှစ်ဉီး ဆိုင်ကယ်တစီးတည်း အတူစီးနင်းခြင်းကို ကန့်သတ်ခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်သည် လက်ရှိအချိန်ထိ ဒေသအချို့ က ဆက်လက်ကျင့်သုံးနေခြင်းဖြစ်သည်။
ထို့ကြောင့် ရွာငံမြို့နယ်အတွင်း ယခု နိုဝင်ဘာလအစပိုင်းတွင် အဆိုပါ ကန့်သတ်ချက်ကို အကြောင်းပြကာ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်က စစ်ဆေးဖမ်းဆီးမှု ဆက်ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။
အဆိုပါ အမျိုးသားနှစ်ဉီး ဆိုင်ကယ်တစီးကို အတူစီးနင်းပြီး စစ်ကော်မရှင်ဂိတ်ကို ဖြတ်သန်းလျှင် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူကို ဂိတ်၌ ခေါ်ယူ ဖမ်းဆီးထားကာ ငွေပေးမှ ပြန်လွှတ်ပေးကြောင်း ရွာငံမြို့မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အရေးကြီးလို့ဆိုပြီး ရွာငံမြို့ပေါ်ကို ညီလေးနဲ့ ဆေးသွားဝယ်တာ ဂိတ်ရောက်တော့ ညီလေးကို ဆင်းခိုင်းပြီး စစ်သားတွေက ဆူတာ ပြီးတော့ ပေးမသွားဘူး။ တနေ့လုံးအဲ့ဂိတ်မှာ ဖမ်းထားတယ်၊ ညနေမှ ပိုက်ဆံ သုံးသိန်းလောက်နဲ့ သွားရွေးထားရတယ် ၊ ယောကျာ်းလေးနဲ့ မိန်းကလေးစီးရင်တော့ ရတယ် ခုတလော စစ်ဆေးတာလည်း တင်းကြပ်ထားတယ်။”ဟု ၎င်းအမျိုးသားက ပြောသည်။
စစ်တပ်ဂိတ်များတွင် တာဝန်ကျစစ်သားများ အလှည့်ကျပြောင်းရွှေ့ချိန် ကန့်သတ်ချက်များ ပိုတင်းကျပ်လာသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ နှင့် ပျူစောထီးများက ရွာငံ -အောင်ပန်းလမ်းပိုင်းတွင် ရှောင်တခင် စစ်ဆေးမှုများ နေ့စဉ်ပြုလုပ်နေပြီး၊ ရွာငံသို့ လာရောက်မည်ဆိုလျှင် စစ်တပ်ဂိတ် (၅)ဂိတ်နှင့် ရှောင်တခင် စစ်ဆေးသည့် (၃)ဂိတ်တို့ကို ဖြတ်ကျော်နေရသည်ဟု ခရီးသွား အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရွာငံမှာ အပေါဆုံးက စစ်တပ်ဂိတ်နဲ့ စစ်ဆေးရေးတင်းကြပ်တာပဲ၊ လမ်းမှာလည်း ရဲတွေ စစ်သားတွေ အုပ်စုလိုက် စောင့်စစ်တာ၊ အမျိုးသားတွေပါရင် အချိန်ကြာရစ်တယ်၊ သူတို့က ဆိုင်ကယ်လည်း အကုန်စစ် ကားလဲအကုန်ဖောက်စစ်တာ ခုတလော ရီးသွားလာရ အဆင်မပြေဘူး။”ဟု ၎င်းခရီးသွား အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နောက်ဆုံးပတ်တွင်လည်း ရွာငံ-မန္တလေး မြို့ကြီးလမ်းမှ စစ်တပ်ဂိတ်တွင် ခရီးသွားယာဉ်များကို စစ်ဆေးမှုတင်းကြပ်ထားပြီး အချိန်(၃)နာရီကျော်ကြာ ကားများစောင့်ဆိုင်းနေရကြောင်း သိရသည်။
ယခုလက်ရှိ ရွာငံစစ်တပ်ဂိတ်နှင့် ပင်းတယမြို့နယ် ကျုံးကျေးရွာမှ စစ်တပ်ဂိတ်တွင် လူငယ်အမျိုးသားများကို ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
https://burmese.shannews.org/archives/54659

ရွာငံတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနင်းလျှင် စစ်တပ် ဖမ်းဆီးငွေညစ်နေ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်သူ အမျိုးသမီး (၄)ဉီးကို UWSA တရားစီရင်
သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ နိုဝင်ဘာ ၅
UWSA ထိန်းချုပ်သည့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည့် အမျိုးသမီး (၄) ဉီး ကို ယမန်နေ့ (နိုဝင်ဘာ ၄) ရက်တွင် ထောင်ဒဏ်ချမှတ်ခဲ့ “ဝ” ပြည်နယ် တရားစီရင်ရေးဌာန က ထုတ်ပြန်ခဲ့သည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ဟွမ်ရှောက်ရှန်း (Huang Xiaoxiang)၊ယေ့ချင်း(Ye Qing)၊ ယေ့ရုန်း( Ye Rong) နှင့် အိုမင် (Ouming) တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီး(၄)ဉီးသည် တရားမဝင် ဘာသာရေး အဖွဲ့အစည်း ဖွဲ့စည်းမှုနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုများဖြင့် အရေးယူခဲ့ကြောင်း သိရသည်။
ထိုထဲတွင် ဟွမ်ရှောက်ရှန်းသည် တရားမဝင် ဘာသာရေး ဖွဲ့စည်းမှုဖြင့် ထောင်ဒဏ် (၇)နှစ် ၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်မှုဖြင့် ထောင်ဒဏ် )၆)နှစ်ချမှတ်ခဲ့ရသည်။
ထို့ပြင် ကျန်ရှိသည့် အမျိုးသမီး (၃)ဉီးကိုမူ ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး ဇူလိုင် ၃၀ရက်မှ သြဂုတ် ၂၀ရက်အထိ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူ ၄၂ဉီးကို ထိန်းသိန်းခဲ့ကြောင်း၊ ၎င်းတို့၏ ဖုန်း ၃၈လုံးနှင့် လက်တော့ တလုံးကိုလည်းသိမ်းဆည်းရမိခဲ့သည်။
ထိုအမှုနှင့် သက်ဆိုင်ခြင်းမရှိသည့် ၃၈ဉီးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
လက်ရှိ အနေအထားအရ UWSA သည် ဒေသအခေါ် “ယေရှု တရုတ်မဂိုဏ်း” ဟုခေါ်သည့် ဘာသာရေး အဖွဲ့တခုဝင်ရောက်လှုပ်ရှားနေသည်ဟုဆိုကာ ပြီးခဲသည့် သြဂုတ်လ ဒုတိယပတ်မှစတင်ပြီး ဒေသတွင်း နေရာ ၄ခုရှိ ခရစ်ယာန် ဘုရားကျောင်းများကို ယာယီပိတ်သိမ်းခဲ့ပြီး နှစ်လခန့်အကြားတွင် ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့သည်။
https://burmese.shannews.org/archives/54661
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#UWSA #ဒေသအတွင်း #ခရစ်ယာန်

ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေသည့် စည်းရုံးလှုံ့ဆော်သူ (၄)ဉီးကို UWSA တရားစီရင် - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
သျှမ်းပြည် ကျားဖြန့်လုပ်ငန်းများ ၆ လအတွင်း ရှင်းလင်းရန် စစ်ကော်မရှင် ပြင်ဆင်နေ
စိုင်းဆိုင်အိုက်၊ ၂၀၂၆ နိုဝင်ဘာ ၅ ရက်
သျှမ်းပြည် အရှေ့ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို ၆ လအတွင်း အမြစ်ပြတ်ရှင်းလင်းနိုင်ရန် စစ်ကော်မရှင်ဘက်က ပြင်ဆင်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် စစ်ကော်မရှင် အရာရှိများ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အပြင် ဆက်စပ်ပတ်သက်မှုရှိသည့် ကျားဖြန့်လုပ်ငန်းများကို ၆ လအတွင်း အမြစ်ပြတ်ရှင်းလင်းနိုင်ရန် စီစဉ်နေကြောင်း ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည့် သတင်းရင်းမြစ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သျှမ်းပြည်မှာ ကျားဖြန့်တွေက အလုပ်တွေ ဆက်ပြီးလည်ပတ်ကြနေတာပဲ။ဒါပေမဲ့ စစ်တပ်ကလည်း ဒီနောက်ပိုင်း တင်းကြပ်တယ်။ ကျားဖြန့်တွေကို ဖမ်းမယ်ဆိုတာမျိုး စီစဉ်နေကြတော့ အရာရှိတွေ အပြောင်းအရွှေ့ တာမျိုးရှိတယ်။ တချို့ သွားလာပြောင်းရွှေ့ဖို့ပြင်တဲ့ ကျားဖြန့်တွေကလည်း ခက်နေကြတယ်” ဟု ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တရုတ်နယ်စပ်မှတဆင့် တရာမဝင် တရုတ်နိုင်ငံသားများကို တာချီလိတ်နှင့် မြဝတီအထိ သွားလာရာတွင် စစ်တပ်အကြီးအကဲများ၏ ခွင့်ပြုချက် သို့မဟုတ် ပါဝင်မှုမရှိဘဲ သွားလာရန် ခက်ခဲပြီး၊ စစ်ကော်မရှင်၏ အရာရှိများ အဓိကပါဝင်ပတ်သက်မှုရှိကြောင်း ၎င်းက ပြောသည်။
ထို့အပြင် စစ်ကော်မရှင်၏ သက်ဆိုင်ရာအာဏာပိုင်များအချင်းချင်း စောင့်ကြည့်မှုများရှိနေပြီး ကျားဖြန့် လုပ်ငန်းများကို ရှင်းလင်းရန် ပြင်ဆင်နေသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သျှမ်းပြည်အတွင်း ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်မှုများ ရှိနေသရွေ့ အဆိုပါလုပ်ငန်းများကို အမြစ်ပြတ်ရှင်းလင်းရန် မဖြစ်နိုင်သလောက် ခက်ခဲနိုင်ကြောင်း ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ဖူးသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးက သုံးသပ်ပြောဆိုသည်။
“ဒီကျားဖြန့်တွေနဲ့ သူတို့က ပတ်သက်မှုရှိနေသရွေ့တော့ ပပျောက်ဖို့ မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ ဒီအလုပ်ကြောင့် စစ်တပ်ကလည်း ပိုက်ဆံရနေတာပဲလေ။ တရားမဝင် ဝင်လာတဲ့ တရုတ်တွေကို ရှင်းရင်တော့ ရှင်းနိုင်မယ်။ ဒီလုပ်ငန်းကို အမြစ်ဖြတ်ဖို့တော့ မလွယ်လောက်ဘူး ထင်တယ်” ဟု ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ဖူးသူ အသက် ၃၀ ဝန်းကျင် အမျိုးသားတဦးက ပြောသည်။
အခြားတစ်ဖက်တွင်လည်း သျှမ်းပြည်အရှေ့ပိုင်း၌ အခြေစိုက်သည့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းတိုက်ဖျက်ရန် ဆောင်ရွက်နေပြီး နည်းပညာဆိုင်ရာ စုံစမ်းရရှိထားသည့် အချက်အလက်များကိုလည်း အပြန်အလှန်မျှဝေနေကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ ထိုင်း-မြန်မာနယ်စပ်အပါအဝင် အရှေ့တောင်အာရှဒေသအတွင်းရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၁ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်တွင် ထိုင်းနိုင်ငံသား ၈၃ဉီး ကို ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ နိုင်ငံတကာ၏ နှိမ်နင်းရေးကြိုးပမ်းမှုများ ရှိလာသည့်နောက် စစ်ကော်မရှင်ဘက်ကလည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်သူများကို ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ၆ နှစ်တာကာလအတွင်း သျှမ်းပြည်အတွင်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများသည် ၂၀၂၆ ခုနှစ်အထိ နေရာအနှံ့ ပိုမိုကျယ်ပြန့်လာပြီး လုပ်ငန်းလည်ပတ်မှုများလည်း ပိုမိုများပြားလာသည်ကို တွေ့နေရသည်။
https://burmese.shannews.org/archives/54664
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#whathappeninginshan
#Onlinegambing #gambling #ကျားဖြန့် #Military #အွန်လိုင်းလိမ်လည်မှု

သျှမ်းပြည် ကျားဖြန့်လုပ်ငန်းများ ၆ လအတွင်း ရှင်းလင်းရန် စစ်ကော်မရှင် ပြင်ဆင်နေ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
၂၀၂၇ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၅ ခု၌ ကျင်းပမည်
သျှမ်းသံတော်ဆင့်၊ ၂၀၂၆ နိုဝင်ဘာလ ၆ ရက်
၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ လွှတ်တော်မဲဆန္ဒနယ် ၅၅ ခု ပါဝင်မည်ဖြစ်ပြီး သျှမ်းပြည်မှ ကျောက်မဲ၊ မိုင်းဖြတ်နှင့် မိုင်းပန်မြို့နယ်တို့လည်း ပါဝင်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ နိုဝင်ဘာလ ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါကြေညာချက်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေသည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်နှင့် မဲဆန္ဒနယ်စာရင်းကို UEC က သတ်မှတ်ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ဖြင့် မဲဆန္ဒနယ် ၃၄ ခု၊ အမျိုးသားလွှတ်တော်အတွက် ၅ ခုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၁၆ ခု ပါဝင်သည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်စာရင်းတွင် သျှမ်းပြည်မှ ကျောက်မဲ၊ မိုင်းဖြတ်နှင့် မိုင်းပန်မြို့နယ်တို့ ပါဝင်ပြီး အခြားဒေသများတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ်များ ပါဝင်သည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် သတ်မှတ်ထားသည့် မဲဆန္ဒနယ် ၁၆ ခုတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ မြို့နယ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ နှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ (ဂ)၊ နည်းဥပဒေ ၁၆ (က) တို့အရ ကျင်းပရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပင်လောင်းတွင် ခြံလုပ်သားတဉီး မိုးကြိုးပစ်ခံရ
စိုင်းဆိုင်အိုက်၊ ၂၀၂၆ နိုဝင်ဘာလ ၆ ရက်
သျှမ်းပြည် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ခြံအတွင်း အမျိုးသားတဉီး အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်) နေ့လယ် ၁ နာရီဝန်းကျင်တွင် ပင်လောင်း - ထီတလိ ကားလမ်းဘေးရှိ ခရမ်းချဉ်သီးခြံ၌ အလုပ်လုပ်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတဦးတို့သည် မိုးရွာလာသဖြင့် တဲအတွင်း မိုးခိုနေစဉ် မိုးကြိုးပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ခြံထဲမှာ အသီးခူးရင်း မိုးဝင်ခိုတဲ့အချိန် မိုးကြိုးပစ်ခံရတာ။ နှစ်ယောက်ကတော့ ဒဏ်ရာရတယ်။ ဖြစ်ဖြစ်ချင်း ဆေးရုံပို့ကြတယ်တဲ့။ ဒါပေမဲ့ မရတော့ဘူး၊ မိုးကြိုးပစ်ခံရတာနဲ့ ချက်ချင်းဆုံးသွားတာ။ ရာသီဥတုကြောင့် ဖြစ်တယ်ပဲ ပြောရမှာပေါ့။ ဒီပင်လောင်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးတယ်ဆိုတာမျိုး မရှိဖူးဘူး” ဟု ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) ပင်လောင်းမြို့နယ် ဘုရားမဲကျေးရွာတွင်လည်း နေအိမ်တစ်လုံး မိုးကြိုးပစ်ခတ်ခံခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဘုရားမဲရွာဘက်မှာလည်း အိမ်တစ်အိမ် မိုးကြိုးပစ်ခံရတယ်။ အိမ်က တိုက်အိမ်ဖြစ်နေလို့ မီးတော့ မလောင်သွားဘူး၊ တော်သေးတယ်။ လူထိခိုက်တာတွေလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။
အလားတူ ပြီးခဲ့သည့် (နိုဝင်ဘာလ ၂ ရက်)တွင် ပင်လောင်းမြို့နယ်၊ ကြေးတောင်ကျေးရွာရှိ ကြက်သွန်စိုက်ခင်း၌ အလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦး မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံးခဲ့သည်။
မိုးကြိုးအန္တရာယ်သည် ရာသီဥတု ရုတ်တရက်ပြောင်းလဲသည့်အချိန်များတွင် ဖြစ်ပွားနိုင်ပြီး မိုးဦးကာလဖြစ်သည့် ဧပြီနှင့် မေလများအပြင် မိုးနှောင်းကာလဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင်လည်း ပိုမိုသတိပြုရန် လိုအပ်ကြောင်း မိုးလေဝသဆိုင်ရာ လေ့လာသူများက သတိပေးထားသည်။
https://burmese.shannews.org/archives/54667
#ShannewsBurmese
#SHANBurmese
#Shannews
#သျှမ်းသံတော်ဆင့်
#မိုးကြိုးပစ်

ပင်လောင်းတွင် ခြံလုပ်သားတဉီး မိုးကြိုးပစ်ခံရ - သျှမ်းသံတော်ဆင့်
လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
❤1
This media is not supported in your browser
VIEW IN TELEGRAM
ကျားဖြန့်တွေ တကယ်အမြစ်ဖြတ်နိုင်လား
စိုင်းဆိုင်လျန် ၊ ၂၀၂၆ နိုဝင်ဘာ ၀၆
ကျားဖြန့်တွေအများပြားရှိနေတဲ့ သျှမ်းပြည်အရှေ့ပိုင်းကို စစ်ကောင်မရှင်က ၆ လအတွင်း အပြီးအမြစ် ပြတ်ရှင်းလင်းနိုင် ဖို့ စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။
အမြစ်ပြတ်ရှင်းလင်းမဲ့ထဲမှာ စစ်ကော်မရှင်အရာရှိ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချိုရဲ့ ဆက်စပ်မှုရှိနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကိုပါ အမြစ်ပြတ်ရှင်းလင်းသွားမယ်လို့ဆိုပါတယ်။
ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်မှုရှိနေတဲ့သူတဦးကတော့ သျှမ်းပြည်အရှေ့ပိုင်းက ကျားဖြန့်တွေကိုရှင်းလင်းဖို့ စစ်ကော်မရှင်က စီစဉ်နေတဲ့ချိန်မှာ အရာရှိတွေကို အပြောင်းအရွေ့တွေရှိနေတယ်လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။