Shwe Phee Myay News Agency
✔
37.4K subscribers
19.5K photos
193 videos
6 files
9.4K links
News Company
Download Telegram
😢7❤1😁1
🟢ပြည်သူ့စစ်လုပ်ဖို့ သိန္နီမြို့မှာ MNDAA က တစ်ရွာကို တပ်သား ၅ ယောက်နှုန်းနဲ့ ခေါ်ယူ

ရွှေဖီမြေ၊ နိုဝင်ဘာ ၅ ရက်၊ သိန္နီ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ပြည်သူ့စစ်လုပ်ဖို့အတွက် ကျေးရွာဥက္ကဌနဲ့ အုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်က အစည်းအဝေး ခေါ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

"တစ်ရွာကို ၅ ယောက်ခေါ်မယ်ပြောတယ်။ အရင်တုန်းက ပြည်သူ့စစ်လို့ ခေါ်ယူတုန်းက အခုဆို စစ်သားအဖြစ်နဲ့ သင်တန်းတက်နေရတာ။ အဲကြောင့် အဲဒီပြည်သူ့စစ်နေရာမှာ ပြန်လုပ်ဖို့ တစ်ရွာကို ၅ ယောက်ပြန်ကောက်တာ”

ကျေးရွာတစ်ရွာကို အနည်းဆုံး ၅ ဦး သွားရမှာဖြစ်ပြီး ကျေးရွာတချို့နဲ့ မိသားစုတချို့က သွားဖို့ အဆင်မပြေကြောင်း ပြောဆိုမှု ရှိနေတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

"သူတို့အစည်းအဝေးခေါ်တာ တစ်နေရာနဲ့ တစ်နေရာမတူဘူး။ ဘာလို့လဲဆိုတော့ အုပ်ချုပ်ရေးမှူးက ရွာထဲမှာ လူမရှိဘူးလို့ပြောရင် သူတို့က အိမ်ထောင်စုစာရင်း တောင်းကြည့်တယ်"

သိန္နီမြို့အပြင် ကိုးကန့်တပ်ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် မုံးစီး၊ မုံးဟွမ်၊ ဟိုဖျက်၊ တကနိုင်းတို့ဘက်မှာလည်း စစ်မှုထမ်းဖို့ ခေါ်ယူနေတာပဲ ဖြစ်ပါတယ်။

သိန္နီမြို့ကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းဖြစ်တဲ့ ၂ဝ၂၄ ဇန်နဝါရီ ၇ ရက်မှာ ကိုးကန့်တပ်နဲ့ ပူးပေါင်းတပ်က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ MNDAA ကသာ အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
#ဓာတ်ပုံ - The Kokang
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Telegram
https://t.me/spmnewsagency2019
👎3👏1😁1🤮1
👎6😁2😢1
🟢ကောလင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အရပ်သား‌ ဆေးရုံ လေကြောင်းကနေ ဗုံးကြဲခံရပြီး ဆရာဝန် အပါအဝင် ၁၂ ဦး သေဆုံး

မိရိုး၊ နိုဝင်ဘာ ၅၊ ကောလင်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အရပ်သား ဆေးရုံတစ်ရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ၁၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီခန့်က ကောလင်းမြို့နယ် အရှေ့တောင်ခြမ်း ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာ လမ်းမကြီးအနီး ပေပင်ချောင်ကျေးရွာနဲ့ လျှော်ဖြူကုန်းကျေးရွာကြားမှာရှိတဲ့ အဲဒီဆေးရုံကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို လေကြောင်းတိုက်ခိုက်တာကြောင့် အသက် ၃၅ နှစ်အရွယ် ဆရာဝန် ဒေါက်တာဇာနည်ထွန်း (ခ) ဒေါက်တာပွကြီး၊ အသက် ၂၀ အရွယ် အလုပ်သင် ဝန်ထမ်း အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးနဲ့ အရပ်သားတွေ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံလူနာ အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။

“လေယာဉ်လာလို့ ဗုံးခိုကျင်းထဲ ဝင်ပုန်းကြတာကို ကျင်းပေါ်တည့်တည့် ဗုံးက ကျသွားတာ။ ဆရာအပါအဝင် အာ့မှာ အစုလိုက်အပြုံလိုက်ပါပဲ။ ဆရာက ပြည်သူတွေကို တောက်လျှောက်ကုပေးနေတဲ့ ဆရာဝန်ပါ။ ကောလင်းနယ်က ပြည်သူတွေအတွက်နဲ့ တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သေဆုံးခဲ့တဲ့ ဒေါက်တာဇာနည်ထွန်းဟာ ကောလင်းအရှေ့ခြမ်းတစ်ခုလုံး အပါအဝင် နီးစပ်ရာမြို့နယ်တွေမှာ ပြည်သူ‌တွေကို ဆေးကုသပေးနေပြီး ဒေသခံတွေ အားထားရသူတစ်ဦး ဖြစ်ပါတယ်။

အဲ့ဒီ ကောလင်းမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး လက်ရှိမှာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးလျက်ရှိပါတယ်။

ဒါ့အပြင် အနီးနားရှိ အင်းတော်မြို့နယ်နဲ့ မော်လူးမြို့‌တွေမှာလည်း စစ်ရေးတင်းမာနေသလို လေကြောင်းတိုက်ခိုက်တာတွေဆဆက်လက်ရှိနေတယ်လို့ သိရပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
 
YouTube
https://youtube.com/@ShwePheeMyayNewsAgency
 
Telegram
https://t.me/spmnewsagency2019
😢7😁3🤬2❤1👏1
😢8😁4🤬2👏1
🟢 မိုးကြိုး ပစ်ခံရလို့ ပင်လောင်းမြို့နယ် ထီတလိရွာခံတစ်ဦး သေဆုံး ၂ ဦး ဒဏ်ရာရ

SSF ၊ နိုဝင်ဘာ ၅ ရက်၊ ပင်လောင်း

ရှမ်းတောင် ပင်လောင်းမြို့နယ် ထီတလိရွာခံ ၃ ဦးဟာ တောင်ယာထဲ မိုးကြိုး ပစ်ခံရလို့ တစ်ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ထီတလိရွာနေ ခွန်မိုးသိန်းဇော်၊ ခွန်မိုးသိန်းလှိုင်နဲ့ ဇနီး နန်းခမ်းသွေးတို့ဟာ ဒီနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ် ၁ နာရီခန့်မှာ ပင်လောင်း-ထီတလိ ကားလမ်းဘေးရှိ ခြံအတွင်း ခရမ်းချဉ်သီး ခူးရင်း မိုးရွာလာလို့ တဲထဲ မိုးခိုနေချိန် မိုးကြိုးစက်ကွင်း ထိသွားတာပဲ ဖြစ်ပါတယ်။

မိုးကြိုး ပစ်မှုကြောင့် ခွန်မိုးသိန်းဇော် (၃၃ နှစ်)ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာ သေဆုံးသွားခဲ့ပြီး ခွန်းမိုးသိန်းဇော်ရဲ့အစ်ကို ခွန်မိုးသိန်းလှိုင်နဲ့ ဇနီးကတော့ ဒဏ်ရာ ရရှိတာကြောင့် ပင်လောင်းဆေးရုံဘက် ပို့ဆောင်လိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တစ်ယောက် ဆုံးတယ်။ နှစ်ယောက်ကတော့ အခုပင်လောင်းဆေးရုံမှာပဲ ရှိသေးတယ်။ သေဆုံးသူက ခွန်မိုးသိန်းဇော်၊ ဒဏ်ရာ ရတာကတော့ သူ့အစ်ကို ခွန်မိုးသိန်းလှိုင်နဲ့ ဇနီး။ မိုးရွာလို့ တဲထဲမှာ မိုးခိုနေတုန်း မိုးကြိုး ထိသွားတာ” လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကလည်း ဒဏ်ရာ ပြင်းထန်တာကြောင့် ညပိုင်းအထိ ဆေးရုံတင်ထားရဆဲ ဖြစ်တယ်လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ဒဏ်ရာက ပြင်းတယ်။ ဓာတ်လိုက်ခံရသလိုမျိုးပဲ။ အခုထိ ဆေးရုံ မဆင်းရသေးဘူး။ အဲဒီနေရာနားမှာက အရင်လကလည်း ခြံသွားတဲ့သူကို မိုးကြိုး တစ်ခါပစ်ဖူးတယ်" လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မှာ အခု မိုးကြိုးပစ်တဲ့နေရာရဲ့ ခြံကပ်ရပ်နေရာမှာ မိုးကြိုးပစ်လို့ ရင်းမှီးရွာဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ဖူးပြီး အဲဒီ ၄ ဦးကိုလည်း ထီတလိရွာခံတွေက ပင်လောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ ပင်လောင်းမြို့နယ် ဘုရားမဲရွာမှာ နေအိမ်တစ်အိမ် မိုးကြိုး ပစ်ခံခဲ့ရပါတယ်။

"ဘုရားမဲရွာ ဦးမောင်အေးအိမ်ကို မိုးကြိုးစက်ကွင်း ထိသွားတာပါ။ အိမ်ကတော့ ထိတဲ့နေရာမှာ မီးလောင်သလို မဲမဲတွေ ဖြစ်သွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး" ဆိုပြီး ဖြစ်စဉ်ကိုသိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်မှာလည်း ပင်လောင်းမြို့နယ် ကြေးတောင်ရွာအနီးမှာ မိုးကြိုးစက်ကွင်း ထိမှန်လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

#ဓာတ်ပုံ - Local (မိုးကြိုး ပစ်ခံရတဲ့ ပင်လောင်းမြို့နယ် ဘုရားမဲရွာက နေအိမ်)
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

YouTube
https://youtube.com/@ShwePheeMyayNewsAgency

Telegram
https://t.me/spmnewsagency2019
😢5
🔥4
🟢လာမယ့် ၂၀၂၇ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၅၅ ခုကို စစ်ကောင်စီထုတ်ပြန်

ရွှေဖီမြေ၊ နိုဝင်ဘာ ၆ ရက်

ကြားဖြတ်ရွေးကောက်ပွဲအဖြစ် မြို့နယ် ၅၅ ခုမှာ ကျင်းပပြုလုပ်သွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့ နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅ နေရာနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၁၆ နေရာ ပါဝင်ပါတယ်။

အဲဒီထဲမှာ ရှမ်းမြောက် ကျောက်မဲမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နဲ့ တရုတ်ရဲ့ အကူအညီနဲ့ တအာင်းတပ် (TNLA) ထံကနေ စစ်ကောင်စီတပ် ပြန်လည်ရယူခဲ့တဲ့ မိုးကုတ်မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့ ပါဝင်တာ တွေ့ရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့လည်း ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေထဲ ပါဝင်လာသလို တော်လှန်ရေးတပ်တွေ လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေလည်း ပါဝင်လာပါတယ်။

အထွေထွေရွေးကောက်ပွဲကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်းခွဲပြီး မြို့နယ်ပေါင်း ၂၆၀ ကျော်မှာ ကျင်းပခဲ့ပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
 
YouTube
https://youtube.com/@ShwePheeMyayNewsAgency
 
Telegram
https://t.me/spmnewsagency2019
🤮3❤1😁1💩1
💩4👎3😁1🤮1
🟢မူဆယ် ရွှေလီမြစ်ထဲ ရေနစ်သေဆုံးတဲ့ ၁၁ နှစ်အရွယ်ကလေးရဲ့ အလောင်းကို ၃ ရက်အကြာမှ ပြန်တွေ့

ရွှေဖီမြေ၊ နိုဝင်ဘာ ၆ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့ ရွှေလီမြစ်ထဲ ရေနစ်ပျောက်ဆုံးခဲ့တဲ့ ၁၁ နှစ်အရွယ်ကလေးငယ်ရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ မူဆယ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ မူဆယ်မြို့ ရွှေလီမြစ်ထဲ ရေနစ်ပျောက်ဆုံးခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ရဲ့ ရုပ်အလောင်းကို ၃ ရက်အကြာမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ကယ်ဆယ်ရေးတွေက နေ့တိုင်းရှာတယ်။ အလောင်းက ရွှေလီမြစ်ထဲမှာပဲ ပြန်တွေ့တာ။ ရေနစ်သေဆုံးတာက ခဏခဏဖြစ်နေတာ။ မြစ်က ရေစီးသန်တော့ သတိထားဖို့ လိုတယ်”

ရွှေလီမြစ်ထဲ အသက် ၁၁ နှစ်အရွယ်(အမျိုးသား)နဲ့ အသက် ၁၀ နှစ်အရွယ်(အမျိုးသမီး) မောင်နှမတို့ ရေဆော့ကစားရာကနေ ရေနစ်ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းကလည်းရေနစ်ပျောက်ဆုံးသွားတဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦးရဲ့အလောင်းကို စက်တင်ဘာ ၃၀ ရက် ညနေပိုင်းမှာသာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
#ဓာတ်ပုံ - နှလုံးလှလူမှုကူညီရေးအသင်း
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
 
YouTube
https://youtube.com/@ShwePheeMyayNewsAgency
 
Telegram
https://t.me/spmnewsagency2019
👍1😁1
👍1😁1
🟢ပင်လောင်းမှာ တစ်ရက်တည်း မိုးကြိုး ၃နေရာ ပစ်လို့ ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရ

SSF ၊ နိုဝင်ဘာ ၆ ရက်၊ ပင်လောင်း

ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ တစ်ရက်တည်း မိုးကြိုး ၃ နေရာပစ်မှုဖြစ်ပွားရာမှာ ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအုပ်စု ထီတလိကျေးရွာနေ ခွန်မိုးသိန်းဇော်၊ ခွန်မိုးသိန်းလှိုင် နဲ့ ဇနီး နန်းခမ်းသွေးတို့ဟာ မနေနိုဝင်ဘာ ၅ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ ပင်လောင်း-ထီတလိ ကားလမ်းဘေးရှိ ခြံအတွင်း ခရမ်းချဉ်သီးခူးရင်း မိုးရွာလာလို့ တဲထဲမှာမိုးခိုနေချိန် မိုးကြိုးစက်ကွင်းထိသွားတာဖြစ်ပါတယ်။

အဲ့ဒီမိုးကြိုးပစ်မှုကြောင့် ခွန်မိုးသိန်းဇော် အသက် ၃၃ နှစ်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ခွန်မိုးသိန်းဇော်ရဲ့ အစ်ကို ခွန်မိုးသိန်းလှိုင်နဲ့ ဇနီးကတော့ ဒဏ်ရာရရှိတာကြောင့် ပင်လောင်းဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"ခွန်မိုးသိန်းဇော်က ဆုံးသွားတယ်။ မိုးကြိုးပစ်တဲ့အချိန်မှာ ကားတစ်စီးပါ စက်ကွင်းထိသွားတာ။ အဲ့ကားပါ မောင်းလို့မရတော့ဘူး"လို့ ထီတလိဒေသခံတစ်ဦးက‌ ပြောပါတယ်။

ဒါ့အပြင် မနေ့ကပဲ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု ဘုရားဖြူရွာမှာလည်း နေ့လည် ၁ နာရီခန့်မှာ မိုးကြိုးပစ်လို့ အာလူးခြံထဲမှာ အလုပ်လုပ်နေတဲ့ ဒေသခံတစ်ဦး မိုးကြိုးထိ သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဘုရားဖြူကျေးရွာနေ ဦးအောင် အသက် ၅၇ နှစ်ဟာ မနေ့က အားလူးခြံထဲမှာ အလုပ်လုပ်နေရင်း မိုးကြိုးစက်ကွင်းထိပြီး သေဆုံးသွားတာဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

“ဦးအောင်ကတော့ ဖြစ်တဲ့နေရာမှာပဲ သေသွားပါတယ်။ ကျန်တဲ့ အမျိုးသမီးနှစ်ယောက်ကတော့ တီကျစ်ဆေးရုံကို ပို့လိုက်တယ်။ နောက်ထပ် ကလေးတစ်ယောက်ကတော့ ဒဏ်ရာရတာမဟုတ်ပဲ ထိတ်လန့်သွားတာပေါ့။ ဒါပေမယ့် ဆေးထိုး ဆေးကုတာတော့ လုပ်လိုက်ရတယ်”လို့ သူကပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ဒီကနေ့မှာ သက်သာလာပြီဖြစ်ကြတယ်လို့လည်း သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် မနေ့နေ့မှာပဲ ပင်လောင်းမြို့နယ် ဘုရားမဲကျေးရွာမှာ နေအိမ်တစ်အိမ်ကို မိုးကြိုပစ်မှု ဖြစ်ပွားခဲ့ပါတယ်။

"ဘုရားမဲရွာ ဦးမောင်အေးအိမ်ကို မိုးကြိုးစက်ကွင်းထိသွားတာပါ။ အိမ်ကတော့ ထိတဲ့နေရာမှာ မီးလောင်သလို မဲမဲတွေဖြစ်သွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး"လို့ ဖြစ်စဉ်ကိုသိရှိတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့နယ်နဲ့ ထိစပ်တဲ့ ကလောမြို့နယ် ဘောနင်းအုပ်စု ချောင်နီတောင်ကျေးရွာမှာ ဒေသခံ ၂ဦးဟာလည်း တောင်ယာသွားနေရင်း မိုးကြိစက်ကွင်းထိလို့ သတိမေ့မျောသွားတဲ့အထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

"သူတို့၂ယောက်ကတော့ ဖြစ်တဲ့အချိန်က သတိမေ့သွားတယ်။ ဒါပေမယ့် မနေ့ကတည်းက ဟဲဟိုးဆေးရုံမှာပို့လိုက်ကြတယ်။ မနေ့ညကတည်းက သတိပြန်ရပြီး သက်သာလာပြီ"လို့ သူကပြောပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့မှာလည်း ပင်လောင်းမြို့နယ် ကြေးတောင်ရွာအနီးမှာ မိုးကြိုးစက်ကွင်း ထိမှန်လို့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
#ဓာတ်ပုံ - Local
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
 
YouTube
https://youtube.com/@ShwePheeMyayNewsAgency
 
Telegram
https://t.me/spmnewsagency2019
❤1👍1😁1
😁1😢1
🟢 ဟော်မုဇ်ရေလက်ကြားမှာ ဆီတင်သင်္ဘောတွေ တိုက်ခိုက်ခံရ
 
ရွှေဖီမြေ၊ နိုဝင်ဘာလ ၆ ရက်
 
ပင်လယ်ကွေ့စစ်ပွဲ မပြီးဆုံးသရွေ့ ရေကြောင်းကုန်သွယ်မှုများ အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း အမေရိကန် ရွေးကောက်ပွဲအပြီး အီရန်က သတိပေးလိုက်ပြီး ဟော်မုဇ်ရေလက်ကြားမှာ ဆီတင်သင်္ဘော သုံးစီး ထပ်မံ ပျက်စီးခဲ့ကြောင်း နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
 
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပဘလစ်ကန်ပါတီ ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့် ဆုံးရှုံးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် ဝါရှင်တန်မှာ စစ်ပွဲကုန်ကျစရိတ်အပေါ် ပြန်လည်သုံးသပ်မှုတွေ ထွက်ပေါ်လာခဲ့ပြီး ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပါတီ ရှုံးနိမ့်ရခြင်းမှာ အီရန်စစ်ပွဲကြောင့်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
 
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကီရာကာလီဘတ်ဖ်က ဂျေဒီဗန့်စ်ရဲ့ ပြောဆိုချက်ကို လှောင်ပြောင်ခဲ့ပြီး ထပ်မံတိုက်ခိုက်မှုဖို့ ဒေါ်နယ်ထရမ့်ကို ‘ရှုံးမဲမဲနေသူ’ လိုမျိုး ပြုမူခွင့်ပေးထားတယ်လို့ စွပ်စွဲပါတယ်။

အီရန်စစ်ပွဲဟာ အမှားတစ်ခုဖြစ်ကြောင်း ဗန့်စ်အနေနဲ့ ယုံကြည်ပါက ဒေါ်နယ်ထရမ့်ကို စစ်ပွဲရပ်တန့်ဖို့ နားချသင့်ကြောင်း ၎င်းက ပြောပါတယ်။
 
အီရန် တာဝန်ရှိသူတွေဟာ စစ်ပွဲအဆုံးသတ်ရေး အဆိုပြုချက်ကို ဆွေးနွေးဖို့ ကာတာ စေ့စပ်ညှိနှိုင်းသူတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့ပေမယ့် နှစ်ဘက်စလုံးက ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အဓိက အချက်တွေမှာ သဘောထားကွဲလွဲခဲ့ပါတယ်။

ဗြိတိန် ရေကြောင်းလုံခြုံရေးအဖွဲ့ UKMTO ရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနေ့နောက်ပိုင်း သင်္ဘော ငါးစီးထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး အောက်တိုဘာလအတွင်း သင်္ဘော ၃၅ စီး တိုက်ခိုက်ခံခဲ့ရတဲ့အထိ စံချိန်တင်ခဲ့ပါတယ်။
 
အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဆီတင်သင်္ဘောနှစ်စီးမှာ ရေမိုင်းထိမှန်ခဲ့ပြီး အခြားတစ်စီးမှာ မီးလောင်ကျွမ်းခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အီရန် ထိပ်သီးခေါင်းဆောင် အာယာတိုလာ မိုဂျတာဘာခါမေနီက အမေရိကန်အပေါ် အနည်းငယ်မျှ လိုက်လျောမှုမျိုး မရှိသင့်ကြောင်း၊ ဘယ်ပါတီ အနိုင်ရသည်ဖြစ်စေ အမေရိကန်က အီရန်အပေါ် ရန်လိုနေမည်ဖြစ်ကြောင်း ပြောပါတယ်။
 
ဒေါ်နယ်ထရမ့်က စစ်ပွဲစတင်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပြီး အီရန် နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တားဆီးဖို့ အရေးကြီးတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ ရေလက်ကြားရဲ့ အနာဂတ်၊ အီရန် ဆိပ်ကမ်းတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှု၊ အရေးယူမှုတွေနဲ့ နျူကလီးယား အစီအစဉ် ဆွေးနွေးရေးတို့အပေါ် မူတည်နေပါတယ်။
 
News & Photo: Reuters
 
#SPM #အီရန် #အမေရိကန် #ဟော်မုဇ်ရေလက်ကြား #ဆီတင်သင်္ဘော #စစ်ပွဲ #နိုင်ငံတကာသတင်း
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။
 
YouTube
https://youtube.com/@ShwePheeMyayNewsAgency
 
Telegram
https://t.me/spmnewsagency2019
🔥1😁1
👎1😁1
😢1