Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
လက်ရှိမြန်မာ့စီးပွားရေး အကျပ်အတည်းနှင့် စပ်လျဥ်းပြီး နိုင်ငံတကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပညာရပ်တွေကို လေ့လာလိုပါသလား?

ဒါဆိုရင်တော့ မကြာမီအချိန်အတွင်း နွေဦးတက္ကသိုလ်ရဲ့ “School of Economics and Management” မှ ဖွင့်လှစ်သွားမယ့် တန်းခွဲများမှာ တက်ရောက်ပြီး မိမိရဲ့ စီးပွားရေးဆိုင်ရာ ပညာရပ် ဗဟုသုတတွေကို မြှင့်တင်လိုက်ပါ။

ကျွန်တော်တို့ လက်ရှိနေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံဟာ အခြေအနေအမျိုးမျိုးကြောင့် စီးပွားရေးနှင့် စားဝတ်နေရေး အခက်အခဲတွေ အပါအဝင် နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုများ ပိတ်ဆို့ခံရတဲ့အခါ
📍 ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်မလဲ?
📍 ဘာ့ကြောင့်ဒီလိုဖြစ်တာလဲ?
📍 ဘယ်လိုနည်းလမ်းတွေက စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းရာမှာ အထောက်အကူပြုမလဲ? ဆိုတဲ့ အကြောင်းအရာတွေကို လေ့လာလိုသူတွေအတွက် “International Economics” နှင့် “International Trade and Development” ဆိုတဲ့အတန်းတွေမှာ လေ့လာသွားကြရမှာ ဖြစ်ပါတယ်။

✅ သတင်းကောင်း တစ်ခုအနေနှင့် ကျောင်းသား/သူများရဲ့ တောင်းဆိုမှုများကြောင့် International Trade and Development အတန်းကို Deadline တိုးမြှင့်လိုက်ပြီး အောက်တိုဘာ (၂၉) ရက်နေ့အထိ စာရင်းပေးအပ်နှံနိုင်ပါပြီ။

ဒါ့အပြင် စီးပွါးရေးလုပ်ငန်းတွေမှာ သာမက Data Science မှာပါ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေတဲ့ Statistics ပညာရပ်က “Career for the Future- အနာဂတ်မှာ ထင်ရှားလာမယ့် အလုပ်အကိုင်” အဖြစ် အသိအမှတ်ပြုခံ ထားရပြီး လူငယ်တွေအတွက် ယခုအချိန်မှာ လေ့လာထားသင့်ရဲ့ ပညာရပ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒါ့ကြောင့် Statistics ကို အခြေခံအကျဆုံး သင်ခန်းစာမှ စတင်သင်ယူလိုသူတွေအတွက် “Foundation Course for Statistics and its Interpretation” အတန်းကိုပါ ဖွင့်လှစ်ထားပါတယ်။

တန်းခွဲ (၃) ခုလုံးအတွက် အသေးစိတ်အကြောင်းအရာများကို အောက်ပါ Link မှတစ်ဆင့် ကြည့်ရှုစာရင်းပေးနိုင်ပါပြီ။

Link- https://m.facebook.com/story.php?story_fbid=pfbid0eRonR5XmFeTSjCNYzL76WZAmokiETSqZQJanBDFvBe4PhozU8tVEJ4BC5oEshiUBl&id=100068345813298

#SpringUniveristyMM
#SUM
👍9❤7
မိမိနှစ်သက်ရာ နိုင်ငံခြားဘာသာစကားတစ်ခုကို Level အလိုက် နွေဦးတက္ကသိုလ်မှာ သင်ယူနိုင်ပါပြီ။

https://m.facebook.com/story.php?story_fbid=pfbid028LCAW7sGHAXKkq3aWHMCrPhYY5aMLo65vTqUvCodHNwXJCpuSrtQ3Z5Kq2PJSRXWl&id=100068345813298&mibextid=1DJ7Ir
❤22
နွေဦးတက္ကသိုလ်ကျောင်းခွဲတစ်ခုဖြစ်တဲ့ IHRDG မှ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် "Moral Combat in Myanmar: Just Guerilla Warfare and Post-Coup Resistance” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း ထပ်မံ အသိပေးလိုက်ရပါသည်။

Registration မပြုလုပ်ရသေးတဲ့သူများအနေနှင့် ယခု လင်ခ့်မှ တစ်ဆင့် စာရင်းသွင်းပေးနိုင်ပါတယ်။
https://forms.gle/nXernX8zBa2L8R8s7

ဆွေးနွေးပွဲအကြောင်းအသေးစိတ်: https://fb.me/e/3Mw61NlMp

#IHRDG #SpringUniversityMM
👍6❤3
SUM Weekly Newspaper October 16th-29th, 2022.pdf
1.2 MB
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်မှ အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နှစ်ပတ်တာ ပညာရေးသတင်းများနှင့် လက်ရှိနိုင်ငံတကာ ဆိုင်ရာ သတင်းများကို summary ပြန်ရေးပေးထားပါတယ်။ မိမိသူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို တိုက်တွန်းလိုက်ရပါတယ်။

ယခုအပတ်မှာတော့ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ ကျောင်းရဲ့Women and Youth in Peace building သင်တန်း မှ ထုတ်နှုတ်ရေးသားထားသော "Global actions to promote women’s participation" ဆောင်ပါး ၏အား ဆင်ခြင်သုံးသပ်နိုင်ရန် ထည့်သွင်းရေးသားထားပါသည်။

အကြံပေးလိုသည်များ ရှိပါက comms.office@springuniversitymm.com သို ဆက်သွယ်နိုင်ပါတယ်။
👍9❤3
ဆွေးနွေးပွဲကို မကြာခင်အချိန်အတွင်းကျင်းပသွားမှာဖြစ်ပါတယ်။

IHRDG မှ ပြုလုပ်ကျင်းပသွားမယ့် "Moral Combat in Myanmar: Just Guerilla Warfare and Post-Coup Resistance" ဆွေးနွေးပွဲကို ယနေ့ ည (၇) နာရီ တွင်ပြုလုပ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနှင့် ဖော်ပြပါ Zoom Link မှတစ်ဆင့် တက်ရောက်နိုင်ပါတယ်။

https://us06web.zoom.us/j/88240497140?pwd=Ky9zQzhzMFk2S0R4QllZRGdPK1ROQT09

Meeting ID : 882 4049 7140
Passcode: 567537

#IHRDG #SpringUniversityMM #seminar
👍9👏5❤4🥰2
လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအုပ်ချုပ်မှုသင်တန်းကျောင်း (IHRDG)အနေနဲ့ ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ အောက်ပါဘာသာရပ်ဆိုင်ရာ ဒီပလိုမာသင်တန်းများကို ဒုတိယအသုတ်အနေနဲ့ စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

📌Governance & Public Administration
📌Community Development
📌 Peace Studies & Federalism
📌Human Rights

ဒီပလိုမာတန်းများကို တက်ရောက်ဖို့ စိတ်ပါ၀င်စားသူတွေအနေနှင့် အသေးစိတ် အကြောင်းအရာများကို ပိုမိုသိရှိနိုင်စေရန် အတွက် IHRDG ရဲ့ Open House Event ကို နိုဝင်ဘာလ ၁၂ ရက်နေ့ (စနေနေ့) တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲမိတ်ဆက်အစီအစဉ်ကို မြန်မာစံတော်ချိန် ညနေ (၆:၀၀) နာရီမှ (၇:၃၀) နာရီအထိ Zoom မှတစ်ဆင့် ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်လိုသူတွေအနေနဲ့ အောက်ဖော်ပြပါ registration form တွင် ဖြည့်သွင်းရန် လိုအပ်ပါတယ်။

Registration form link: https://bit.ly/3NgKFIL

#IHRDG #SpringUniversityMM #OpenHouse
❤13👍4
နွေဦးတက္ကသိုလ်ရဲ့ Center for College Preparation” မှ ကျောင်းသာလူငယ်များရဲ့ အနာဂတ်ပညာရေးခရီးလှမ်းအတွက် ခြေလှမ်းတစ်လှမ်း စတင်နိုင်စေဖို့ ကြိုတင်ပြင်ဆင်လေ့လာထားသင့်တဲ့ နိုင်ငံတကာ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲများဖြစ်တဲ့ IELTS, Duolingo နှင့် အင်္ဂလိပ်အရေးအသားများ ပိုမိုတိုးတက်လာစေဖို့အတွက် Academic Writing Class စသဖြင့် တန်းခွဲများစွာကို ဖွင့်လှစ်ထားရှိပါတယ်။

ယခုဆိုရင်တော့ အဆိုပါသင်တန်းလေးမှာ စာရင်သွင်းတက်ရောက်နိုင်ဖို့ အချိန်အနည်းငယ် သာကျန်ရှိပါတော့တယ်။

Undergraduate, Post Graduate ကေျာင်းသားလူငယ်များသာမက အနာဂတ်ပညာရေးအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု တည်ဆောက်ထားလိုတဲ့ လူငယ်များအတွက် ကြိုတင်ပြင်ဆင်လေ့လာထားသင့်တဲ့ ပညာရပ်များကို ဝါရင့်အတွေ့အကြုံရှိပညာရှင်များနဲ့အတူ အပတ်စဉ် စနစ်တကျလေ့လာသွားရမှာဖြစ်ပါတယ်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Link : https://bit.ly/3TcM2cL

ကဲ..ဒါဆို အနာဂတ်ပညာရေးခရီးလှမ်းအတွက် အခုပဲ ခြေတစ်လှမ်းခန့် စတင်နိုင်စေဖို့ ကြိုတင်ပြင်ဆင်လိုက်ရအောင်။

#SpringUniversityMM #SUM
❤15👍5❤‍🔥4
နွေဦးတက္ကသိုလ်ရဲ့ “School of Foreign Languages” မှ အင်္ဂလိပ်စကားပြောနှင့် အခြေခံ ကိုးရီးယား ဘာသာစကားအတန်းများကို ထပ်မံ ဖွင့်လှစ်လိုက်ပါပြီ။

https://m.facebook.com/story.php?story_fbid=pfbid0WZyPHr4V2bzLhWPMqdUvddFbSG8xDXRsYoTPJTBdH53hH4mR7B3LSga7QKi9U2zil&id=100068345813298
❤‍🔥10❤5👍1
SUM Weekly Newspaper October 30th- November 11th, 2022.pdf
4.6 MB
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်မှ အောက်တိုဘာ ၃၀ ရက်နေ့မှ နို၀င်ဘာလ ၁၁ ရက်နေ့အထိ နှစ်ပတ်တာ ပညာရေးသတင်းများနှင့် လက်ရှိနိုင်ငံတကာ ဆိုင်ရာ သတင်းများကို summary ပြန်ရေးပေးထားပါတယ်။ မိမိသူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို တိုက်တွန်းလိုက်ရပါတယ်။

အကြံပေးလိုသည်များ ရှိပါက comms.office@springuniversitymm.com သို ဆက်သွယ်နိုင်ပါတယ်။
❤13👍4
IHRDG Open House Event ကျင်းပသွားတော့မှာဖြစ်ပါတယ်။

ယခု နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၆) နာရီတွင် IHRDG မှ Open House Event ကို စတင်နေပြီဖြစ်ပါတယ်။ ဒီပလိုမာတန်းများနှင့်ပတ်သတ်သော အကြောင်းအရာတွေအပြင် အခြား သိလိုရာကိုမေးမြန်းခွင့် ရရှိမှာပဲဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနှင့် ယခု zoom link မှ ဝင်ရောက်နိုင်ပါတယ်။

https://us06web.zoom.us/j/83348590578?pwd=Q1RqSEUvbGg5SmJFUEpnd2hFbjNpZz09

Meeting ID : 833 4859 0578
Password : 168599

#IHRDG #SpringUniversityMM #OpenHouse
❤8👍1
အားလပ်ချိန်ကို စနစ်တကျစီမံခန့်ခွဲရင်း အချိန်မရွေး၊ နေရာမရွေးသင်ယူနိုင်မယ့် နွေဦးတက္ကသိုလ်မှ ပညာဒါနအတန်းများ။

https://m.facebook.com/story.php?story_fbid=pfbid02nc7fUTA83CN1dbmrkqoJvgPbEZBismPpsF6tywF2Z3W3Nx72hMvLmKKPJ4Go7kAXl&id=100068345813298

#SpringUniversityMM
#SUM
❤25👍9🥰3
စီးပွားရေး၊ စီမံခန့်ခွဲမှုတို့အပြင် Public Policy နှင့်ဆိုင်သော ပညာရပ်များကို နွေဦးတက္ကသိုလ်မှာ လေ့လာနိုင်ပါပြီ။

https://www.facebook.com/100068345813298/posts/pfbid033NeqRPP8H7buzUAhLfKbggsQrkgYgwCyccGhB8w4XANfEHjiV7TQP5NqP3hqUbaAl/
❤12👎2
အားလုံးပဲ မင်္ဂလာပါ 🙏
နွေဦးတက္ကသိုလ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ယခုတစ်ခါမှာတော့ ကျောင်းသား/သူများ၊ လူငယ်များ၊ ဆရာ/မများနှင့် မိဘပြည်သူများ အားလုံးအတွက် နွေဦးတက္ကသိုလ်မှ ICT4Educators ဆိုတဲ့ ပညာဒါန ပရောဂျက်လေးတစ်ခုနှင့် မိတ်ဆက်ပေးလိုပါတယ်။

https://m.facebook.com/story.php?story_fbid=pfbid024ybMxnUoGoWotFjNqkgcsPVPrD7edqo7NQbr2EyRL9CANcfy8u7Lmtz3pGRk7d5Dl&id=100068345813298&mibextid=qC1gEa
❤15👍2
သုတေသနစွမ်းရည်နဲ့အတူ စကားရည်လုစွမ်းရည်များပါ တိုးမြှင့်ပေးသွားမယ့် လေ့ကျင့်ရေးစခန်း။

https://m.facebook.com/story.php?story_fbid=pfbid02AFpUDY346rH2pTRPtjLV5fpzikr6WgUdt5ToNrX7N5sPnpmbF3KeqVf9cX5n84egl&id=100076179033470&mibextid=qC1gEa
❤8👏3🍓2😁1
မြန်မာနိုင်ငံ၏ ပထဝီဒေသအခင်းအကျင်းအရ သဘောထားကွဲလွဲမှုများ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု အတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာဆိုရင် မကြုံစဖူး အတိုင်းအတာနဲ့ ပိုမိုအင်အားကောင်းလျက်ရှိနေပါတယ်။ People’s Defence Forces (PDFs) (ခေါ်) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည်လည်း အရှေ့တောင်အာရှ နိုင်ငံများတစ်လျှောက် လူသတ်စစ်တပ်ကို ခုခံတိုက်ခိုက်ရန်နှင့် စစ်အစိုးရကိုဖြုတ်ချနိုင်ရန်အတွက်လက်နက်ကိုင်ဆောင်တိုက်ခိုက်မှုများရှိနေပါတယ်။ ထို လက်နက်ကိုင်အင်အားစုများနှင့်လည်း မြန်မာနိုင်ငံ၏ အချို့နေရာတစ်ဝန်းများတွင် တိုက်ပွဲများ ပိုမိုပြင်းထန်မှုများရှိနေပါတယ်။

ဒါ့အပြင် စစ်အစိုးရနှင့် စစ်အစိုးရ ဆန့်ကျင်သော အင်အားစုများအကြားတွင် သာမက အကြမ်းဖက်မှုကို ဆန့်ကျင်သော အရပ်သားပြည်သူများ အကြားတွင်လည်း ပဋိပက္ခများ တစ်နေရာနှင့် တစ်နေရာ ကွဲပြားမှုများရှိနေပါတယ်။

ဒီလို မတူညီတဲ့ ပြောင်းလဲမှုများကို ကျွန်တော်တို့ ဘယ်လို အကောင်းဆုံး နားလည်နိုင်မလဲ?

ဒါ့အပြင် ဘာကြောင့် ဒီလို ပြောင်းလဲမှုတွေက အရေးကြီးတာပါသလဲ?

နွေဦးတက္ကသိုလ် ကျောင်းခွဲတစ်ခုဖြစ်တဲ့ IHRDG မှ မြန်မာနိုင်ငံ၏ ပထဝီဒေသအခင်းအကျင်း သဘောထားကွဲလွဲမှုများ ကို အခြေခံပြီး ဆွေးနွေးပွဲပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ယခုလို မတူညီတဲ့ မြန်မာနိုင်ငံ၏ ပဋိပက္ခပထဝီဝင်အနေအထားများ ကို နားလည်ရန် အတွက် ယခုဟောပြောပွဲမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) နှင့် တပ်မတော်တို့အကြား ယခင်ပြည်တွင်းစစ် ပထဝီဝင်အနေအထားများနှင့် အကျိုးသက်ရောက်မှုများကို အလေးထား ပြောကြာသွားမှာဖြစ်ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များအကြား ဆက်ဆံရေးနှင့် ပြည်တွင်းစစ်အတွင်း ကွဲလွဲနေသော အကြောင်းအရာများကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ယခုလိုဆွေးနွေးသွားမည့် အကြောင်းအရာများဟာဆိုရင် မတူညီသော သတ်မှတ်ချက်များကို နားလည်နိုင်စေရန်နှင့် နွေဦးတော်လှန်ရေး အောင်မြင်နိုင်စေရန်အတွက် မဓိက သော့ချက်ဖြစ်သည့် မြန်မာ့လက်နက်ကိုင် တော်လှန်ရေး၏ စည်းလုံးညီညွတ်မှုများ ကို သဘောပေါက်စေရန်အတွက် အရေးပါတဲ့ ဆွေးနွေးပွဲတစ်ခုပဲဖြစ်ပါတယ်။

ယခု ဆွေးနွေးပွဲကို ဒီဇင်ဘာလ (၅) ရက် နေ့ ည (၇) နာရီ တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေနှင့် ယခုဖော်ပြပါ လင်ခ့်မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

https://forms.gle/4ZiopV6PkxAEK5Nk7
❤15👍4
“စျေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ”ကို အခြေခံမှ စတင်လေ့လာလိုသူများ တက်ရောက်သင့်တဲ့ နွေဦးတက္ကသိုလ်ရဲ့ “Marketing Management” တန်းခွဲသစ်။

https://m.facebook.com/story.php?story_fbid=pfbid022nND3Kh4bfna8TMdErXNd8T7uhP4pn6eCngygMYsGyqVyLrPs4MtQF59q9kTgEVrl&id=100068345813298&mibextid=qC1gEa
❤7👍5
ကိုရီယားအခြေခံဘာသာစကား စာရင်းပေးသွင်းနိုင်မယ့်ရက် ထပ်မံ တိုးမြှင့်လိုက်ပါပြီ။

မကြာသေးခင်က နွေဦးတက္ကသိုလ်ရဲ့ School of Languages မှ ကျောင်းသားလူငယ်များအတွက် ကိုးရီးယား ဘာသာစကားကို အခြေခံမှတဆင့် စနစ်တကျ လေ့လာနိုင်ဖို့ Korea Basic Class တန်းခွဲလေးကို ဖွင့်လှစ်ထားရှိပါတယ်။

အဆိုပါတန်းခွဲကို နောက်ဆုံးထားစာရင်းပေးသွင်းနိုင်မယ့်ရက်များကို နိုဝင်ဘာလ (၂၂) ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့အထိ အသီးသီး တိုးမြှင့်လိုက်ပါပြီခင်ဗျာ။

ကျောင်းသားလူငယ်များအနေဖြင့်လည်း မိမိနှစ်သက်ရာတန်းခွဲများကို ရွေးချယ်တက်‌‌ရောက်နိုင်ရုံသာမက ကိုရီးယားဘာသာစကားကို တက်ရောက်သင်ကြားဖို့ ဝါသနာတူ သူငယ်ချင်းများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးပါဦးနော်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်‌ရောက် ကြည့်ရှုနိုင်ပါတယ်။

Link : https://cutt.ly/E1w9xfQ

#SpringUniversityMM
#SUM
❤11👍6👎1
ဧရာဝတီဥပဒေပညာသင်ကျောင်းမှ ကြားကာလ ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပညာရေး သပိတ်ပိုမိုခိုင်မာစေရန်ရည်ရွယ်၍ ကြားကာလ ပညာရေးအစီအစဉ်များအကြောင်းကို နိုဝင်ဘာလ (၂၇) ရက်နေ့ မနက် (၁၀) နာရီမှ နေ့လယ် (၁) နာရီအထိ ဆွေးနွေးပွဲပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
နွေဦးတက္ကသိုလ်မှလည်း အဆိုပါ ဆွေးနွေးပွဲတွင် တစ်စိတ်တစ်ပိုင်းပါဝင်ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

စိတ်ပါဝင်စားတက်ရောက်လိုသူများအနေနှင့် ယခုဖော်ပြပါလင်ခ့်မှ တစ်ဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။
Event Registration- https://forms.gle/yzbtrTqFomcbXSsq7

ဆွေးနွေးပွဲအကြောင်း အသေးစိတ် - https://cutt.ly/I1rydAb

#SpringUniversityMM
👍12❤11