Spring University Myanmar
✔
6.4K subscribers
481 photos
10 files
530 links
Download Telegram
The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်မယ့် Virtual Exchange Program ကို ယနေ့ည နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါပြီ ။

အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့် Virtual Exchange Program အစီအစဉ်မှာ ပါဝင်ဖို့ လျှောက်ထားရမှာ ယနေ့နောက်ဆုံး ဖြစ်တာမို့ အချိန်မဆွဲဘဲ အမြန်ဆုံး လျှောက်ထား အပ်နှံဖို့ တိုက်တွန်းလိုက်ရပါတယ်နော် ။

Register Link : https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525

#SpringUniversityMM
#SUM
👍2❤1
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ့် နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop”

နိုင်ငံရေး၊စီးပွားရေး ကျပ်တည်းမှုတွေကြားမှာ၊ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကြားမှာ ကျွန်တော်တို့ဟာ အနည်းနဲ့အများဆိုသလို စိတ်ထိခိုက်မှု၊ ပင်ပန်းမှုတွေ ရှိတတ်ကြပါတယ်။

သို့သော်လည်း အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာ ကျွန်တော်တို့ စိတ်လေးကို အနားပေးရင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကာ ကုစားပေးဖို့ နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop” လေး ရောက်ရှိလို့ လာပါပြီ။

ဒီ Workshop လေးမှာတော့ အသက် ၁၈-၃၅ အတွင်း လူငယ် (၈)ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲလေးကို တက်ရောက်ခွင့်ရမှာပါ။

ရွေးချယ်ခံရသူများမှာ ယခုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲလေးမှတစ်ဆင့်

အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာရှိခွင့်ရမယ်။
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ်။
ဦးဆောင်သူအပါအဝင် တက်ရောက်လာသူများက ပေးအပ်တဲ့ ပံ့ပိုးမှုကို ရရှိနိုင်မယ်။
အရေးပါတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာအချို့ကိုမှတ်သားခွင့်ရမယ်။
နောင်အတွက်ပါအသုံးချနိုင်မယ့် စိတ်ငြိမ်သက်စေတဲ့လေ့ကျင့်ခန်းများနဲ့ မိမိကိုယ်ကို ဂရုစိုက်မှုပေးတဲ့လေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်မယ့် အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

ပြုလုပ်သွားမယ့် နေ့ရက်ကတော့- ဧပြီလ (14) ရက်နေ့ မြန်မာစံတော်ချိန် 10 am မှ 12 pm အတွင်းဖြစ်ပြီး တက်ရောက်မည့်သူများဟာ အချိန်အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

မိမိရဲ့စိတ်လေးကျန်းမာဖို့ လူငယ်များတက်ရောက်သင့်တဲ့ ဆွေးနွေးပွဲလေးဖြစ်လို့ အောက်ပါ Link မှတစ်ဆင့် အသေးစိတ်ကြည့်ရှုကာ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Link : https://ee-eu.kobotoolbox.org/single/Tsn8fVyC

#SpringUniversityMM
#SUM
❤26👍12🔥2
ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုသူများအတွက် “Advanced Debate Workshop”

မြန်မာဘာသာစကားဖြင့် စကားရည်လုခြင်း အရည်အသွေး အစပျိုးပြီးသား ကျောင်းသား၊လူငယ်တွေ အနေဖြင့် နိုင်ငံတကာ Debate စင်မြင့်ထက်မှာပါ ကျွမ်းကျင်မှု အတွေ့အကြုံများ ရရှိစေဖို့ ရည်ရွယ်ကာ နွေဦးတက္ကသိုလ်မှ ပြုလုပ်သွားမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။

ယခု “Advanced Debate Workshop” ကို အပိုင်း(၂) ခုခွဲကာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

📌 ပထမတစ်ပိုင်းမှာတော့ မြန်မာကျောင်းသား/သူများအနေဖြင့် ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ English Lanuage ကို ဘာသာစကားအတားအဆီးတစ်ခုအနေဖြင့် မဖြစ်စေဖို့ Mock Debate Rounds များဖြင့် စမ်းသပ် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

📌 ကျန်ရှိတဲ့ ဒုတိယအပိုင်းမှာတော့ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များနှင့် ပက်သက်ပြီး အတွေ့အကြုံများစွာ ရှိထားတဲ့ စီနီယာများမှ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များတွင် ဆောင်ရန်၊ရှောင်ရန်နှင့် သင်ခန်းစာများကို ပြန်လည်ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

အချိန်အားဖြင့် (၇) ရက်တာ ပြုလုပ်သွားမယ့် “Advanced Debate Workshop” ကို နွေဦးတက္ကသိုလ်မှာ တက်ရောက်နေဆဲ၊ တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူများ၊ နယ်ပယ်အသီးသီးမှ တွေးခေါ်ပြောဆိုမှု စွမ်းရည်ကို အစပျိုးပြီးသား လူငယ်များ လျှောက်ထားနိုင်ပြီး အနည်းဆုံး English နှင့် Debate အရည်အချင်းမှာ Pre-intermediate Level ရှိဖို့ လိုအပ်ပါတယ်။

ရွေးချယ်ခံရသူတစ်ယောက်ချင်းစီတိုင်းကို ယခုအွန်လိုင်းဆွေးနွေးပွဲတက်ရောက်နိုင်ဖို့ Internet Allowance များလည်း ပေးအပ်သွားမှာပါ။
မေလ (၁၃) ရက်နေ့မှ စတင်ကာ မေလ(၂၃) ရက်အထိ တစ်ပတ်တာ ကြာမြင့်သွားမှာဖြစ်ပြီး Timetable အသေးစိတ်ကို ဖော်ပြပါ ပုံလေးမှတဆင့် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုတဲ့ ကျောင်းသား၊ လူငယ်များအတွက် အခွင့်အရေးတစ်ခုဖြစ်လို့ လက်မလွတ်တမ်း လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Application Deadline ကတော့ မေလ ၈ ရက်နေ့ ဖြစ်တာမို့ အောက်ပါ Link မှတဆင့် အသေးစိတ်အချက်အလက်များ ဖြည့်ကာ လျှောက်ထားနိုင်ပါပြီ။

Link - https://ee-eu.kobotoolbox.org/single/GrgzIlkD?returnUrl=https://t.me/+WRSiyG36nPhkYmI1

#SpringUniversityMM
#SUM
👍20❤19
[English version below]

UNIVERSITÀ DI PARMA နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်း
 
ကျောင်းသားဗဟိုပြုပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နွေဦးတက္ကသိုလ်ဟာ Italy နိုင်ငံရှိ Public University တစ်ခုဖြစ်တဲ့ UNIVERSITÀ DI PARMA နှင့် တရားဝင် သဘောတူစာချွန်လွှာရေးထိုးခဲ့ကြောင်း ကျောင်းသား၊ပြည်သူများထံအသိပေးအပ်ပါတယ်။
 
ဤပူးပေါင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ အစီအစဥ်များကိုအားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မကြာခင်မှာပင် ခရက်ဒစ်ရယူနိုင်ပြီး စိတ်ဝင်စားစရာကောင်းသောအတန်းတခုကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း စီစဉ်နေကြပြီ ဖြစ်ပါတယ်။
 
ထိုကဲ့သို့ UNIVERSITÀ DI PARMA နှင့် ပူးပေါင်းကာပြုလုပ်သွားမည့် ပညာရေးအစီအစဥ်များကို နွေဦးတက္ကသိုလ်မှ ကျောင်းသား၊လူငယ်များအားလုံးထံ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် မကြာမီကာလအတွင်း ဖွင့်လှစ်မည့်သင်တန်းများ နှင့် ပညာရေးဆိုင်ရာအခွင့်အလမ်းများအတွက် စောင့်မျှော်ပေးကြဖို့ တိုက်တွန်းရင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

Spring University Myanmar (SUM) is proud to announce a new memorandum of understanding (MOU) with Universitàdi Parma in Italy.
 
This exciting partnership will bring more joint educational programs for the youth in Myanmar. We are already working on delivering an interesting and accredited program through the partnership. Stay tuned for more updates!
 
#SpringUniversityMM
#SUM
❤85👍25👏5
နွေဦးတက္ကသိုလ်နှင့် Artists' Shelter တို့ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိစေမယ့် တန်းခွဲသစ်များကို မကြာမီအချိန်အတွင်း ယူဆောင်လာပါတော့မယ်။

မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များအားလုံးကို သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုပါတယ်။ ထိုသတင်းကောင်းလေးကတော့- နွေဦးတက္ကသိုလ်အနေဖြင့် Artists’ Shelter နှင့်ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိပြီး စိတ်ဝင်စားမယ့် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

လူငယ်တွေ စိတ်ဝင်စားမှုများပြားတဲ့ Basic film editing နဲ့ Script writing လိုသင်တန်းမျိုးတွေ၊ Basic Classical Guitar Workshop များကို လွန်ခဲ့တဲ့ Batch များမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ ယခုတစ်ခါမှာလည်း ဘယ်လို သင်တန်းမျိုးကို တက်ရောက်လိုသလဲဆိုတာ Comment မှာ ဖော်ပြပေးသွားပါဦးနော်။

မကြာမီအချိန်အတွင်းမှာ သင်တန်းအကြောင်းအရာ အသေးစိတ်ကို ယူဆောင်လာတော့မှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

#SpringUniversityMM
#SUM
👍90❤80👏15🎉5👎1
သင့်ရဲ့အရေးအသားတိုင်းကို ယုံကြည်ချက်ရှိရှိဖြင့် ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ဖွင့်လှစ်မယ့် “Creative Writing Class”

Writing ကို ကျောင်းသားလူငယ်များ ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ “Creative Writing Class” မှာ

📍မတူညီသော အရေးအသားပုံစံများကို ဘယ်လိုနည်းလမ်းများဖြင့် ချဥ်းကပ်ရမလဲဆိုတာ လေ့လာရမှာဖြစ်တဲ့အပြင်
📍 Writing မှာ အဓိက ဇာတ်ဆောင်အနေဖြင့် ပါဝင်နေတဲ့ Reading and Vocabulary Skills သင်ခန်းစာများလည်း ပါဝင်သွားမှာပါ။


✅ သင်တန်းချိန်အားလုံးကို Zoom Platform မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့မှ စတင်ကာ အပတ်စဥ် စနေနှင့်တနင်္ဂနွေနေ့များမှာ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၁၀ နာရီအတွင်း တက်ရောက် ရမှာ ဖြစ်ပါတယ်။ သင်တန်းကာလစုစုပေါင်း (၈)ပတ်တိတိကြာမြင့်မှာဖြစ်ပါတယ်။

✅ သတင်းကောင်းတစ်ခုအနေဖြင့် ယခု “English for Academic Purposes” သင်တန်းမှာ Scholarship တန်းခွဲဖြစ်လို့ လျှောက်ထားသူများမှာ ပညာဒါန အနေဖြင့် အစ/ဆုံး တက်ရောက်နိုင်မှာပါ။

စိတ်ဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် ဩဂုတ်လ ၂၀ ရက်နောက်ဆုံးထားပြီး စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ခင်ဗျာ။

Link - https://ee-eu.kobotoolbox.org/single/OK9KHdR4?returnUrl=https://t.me/+HZWczecdkEo4ZmM1

#SpringUniversityMM
#SUM
❤58👍36❤‍🔥3🥰2👎1🔥1👏1
သင့်ရဲ့ စိတ်ကလေး ကျန်းမာကြည်လင်နေစေဖို့ ဒီအလေ့အကျင့်ကောင်းများကို မမေ့မလျော့ သတိပြုပေးပါခင်ဗျာ။ 

နေ့စဥ်ဘဝရဲ့ စိန်ခေါ်မှုတွေရဲ့ကြား၊ မသေချာ မရေရာမှုတွေရဲ့အလယ်မှာ ကျွန်တော်တို့အားလုံး အရေးမကြီးပါဘူးလို့ ယူဆပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေရဲ့ အနောက်ကိုပို့ထားကာ မေ့လျော့နေကြတဲ့ အရာကတော့- စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ပါပဲ။ 

မိမိထက်ပိုမို ခက်ခဲနေတဲ့သူတွေကို မြင်ယောင်ကာ ကိုယ့်ရဲ့ အဆင်မပြေမှုတွေကို မဖော်ပြတော့ဘဲ မိမိထက် ပိုအောင်မြင်နေသူတွေကို ကြည့်ရှုကာ အံကြိတ်ကာ ကြိုးစားနေကြတဲ့ ပြည်သူတွေအနေဖြင့် စိတ်ကျန်းမာရေးရဲ့ အရေးပါမှုကို မလျော့တွက်သင့်ပါဘူး ခင်ဗျာ။ 

စိတ်ကျန်းမာရေးလို့ ပြောလိုက်ရင် နေ့စဥ်အချိန် နာရီများစွာ ပေးပြီး လုပ်ဆောင်ရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ နေ့စဥ်ဘဝမှာ သေးငယ်တဲ့အရာလေးတွေက နေ့စဥ် လုပ်ဆောင်မှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတာဖြစ်လို့ ဒီနေ့မှာတော့ စိတ်ကိုကြည်လင်စေပြီး တစ်နေ့တာ သင့်စိတ်လေး အေးချမ်းနေစေဖို့ ပြည်သူတိုင်း အလွယ်တကူလုပ်ဆောင်နိုင်တဲ့ အချက်အချို့ကို နွေဦးတက္ကသိုလ်မှ အကြံပြုလိုက်ပါတယ်။ 

#SpringUniversityMM
#SUM
❤22👍4
Certificate in International finance

နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး သွင်းကုန်၊ ထုတ်ကုန်များနဲ့စပ်လျဉ်းလို့ ငွေကြေးအပြောင်းအလဲများ၊ စီးပွားရေးဆိုင်ရာ နိယာမများကို လေ့လာလိုတဲ့ ကျောင်းသူ၊ကျောင်းသားများအတွက် ‌နွေဦးတက္ကသိုလ်မှ Certificate in International Finance တန်းခွဲလေးကို စတင်မိတ်ဆက်လိုက်ပါတယ်။

ယခုတန်းခွဲကို မတ်လ (၈) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၄ နာရီမှ ၅ နာရီခွဲအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (5) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၄၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link -
https://ee-eu.kobotoolbox.org/single/ogiQuq2n?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤8👍4🥰2
Certificate in Innovation Management

ဆန်းသစ်ပြောင်းလဲခြင်း၊ တီထွင်ခြင်း” ကို စိတ်ပါဝင်စားပြီး လူထုအကျိုးပြု စီမံကိန်းတွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကျောင်းသား လူငယ်များအတွက် Certificate Course in Innovation Management တန်းခွဲလေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Innovation နှင့် Social Entrepreneurship ကြားက ဆက်စပ်မှုတွေကို သိရှိလာမယ်။

လူတွေရဲ့ လိုအပ်ချက်အရ အသုံးပြုနေတဲ့ ပစ္စည်းတွေကို ပိုပြီး သက်တောင့်သက်သာရှိတဲ့ အရာတွေအဖြစ် ဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲနိုင်မလဲဆိုတာ အခြေခံအနေနဲ့ သိရှိလာမှာပဲ ဖြစ်ပါတယ်။

ယခုတန်းခွဲကို မတ်လ (6) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် ကြာသပတေးနေ့ ညနေ ၇း၃၀ မှ ၉နာရီ ခွဲအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (5) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၄၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link-

https://ee-eu.kobotoolbox.org/single/9UXtT85T?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤7👍2
လုပ်ငန်းတစ်ခု ရေရှည်မှာကောင်းစွာရပ်တည်နိုင်ပြီး စနစ်ကျတဲ့ ငွေကြေးစီမံခန့်ခွဲမှု ၊စာရင်းကိုင် ပညာရပ်တွေနဲ့ လည်ပတ်နိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ School of Economics and Management မှ “Certificate in Financial accounting” ဆိုတဲ့ သင်တန်းလေးကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Entry job level တွေအတွက် အခြေခံ စာရင်းကိုင် သဘောတရားတွေကို လေ့လာလိုတယ်ဆိုရင်တော့ ဒီသင်တန်းလေးကကျောင်းသား၊ကျောင်းသူများအတွက် အချိန်မှန်၊နေရာမှန်ပဲဖြစ်ပါတယ်။
ယခုတန်းခွဲကို မတ်လ (9) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် တနင်္ဂနွေနေ့များတွင် ညနေ ၇း၀၀ မှ ၉း၀၀ အချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (၈) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၅၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link-
https://ee-eu.kobotoolbox.org/single/xruwemmq?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤12🥰1
Certificate in Financial Management

ဘဏ္ဍာရေး (သို့မဟုတ်) ငွေကြေးစီမံခန့်ခွဲမှု နယ်ပယ်ကို စတင်ဝင်ရောက်လိုသော လူငယ်များအတွက် အခြေခံမှ စတင်သင်ကြားပေးသွားမယ့် တန်းခွဲတစ်ခု ဖြစ်ပါတယ်။

ယခုအတန်းကိုတော့ အထက်တန်းပညာပြီးဆုံးထားပြီး Financial Management ကို စိတ်ဝင်စားတဲ့ လူကြီး/ငယ်မရွေး တက်ရောက်နိုင်ပါတယ်။

March လ (၈) ရက်နေ့မှာ ယခုတန်းခွဲကို စတင်မှာဖြစ်ပြီး ကျောင်းသား/သူများအတွက် စာသင်ကြားရာမှာ ကောင်းစွာအထောက်အကူဖြစ်စေဖို့ Class Activities တွေ၊ Quiz လေးတွေပါ ဖန်တီးပေးထားပါတယ်။

အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၇း၀၀ မှ ၉း၀၀ အချိန်အတွင်း တက်ရောက်ရမှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၆၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link-

https://ee-eu.kobotoolbox.org/single/sY1IZvAr?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤13👍1
Certificate in Social Entrepreneurship

ယခုကာလမှာ လူထုအကျိုးပြု စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လိုပြီး စွန့်ဦးတီထွင်သူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ လူမှုပတ်ဝန်းကျင်မှာ အကျိုးပြုပုံကို လေ့လာလိုတဲ့ ကျောင်းသားလူငယ်များစွာ တွေ့မြင်လာရတဲအ့တွက် ပီတိဖြစ်မိပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလိုမျိုး စွန့်ဦးတီထွင်ခြင်းကို စိတ်ပါဝင်စားတဲ့ လူငယ်များအတွက် လူမှုအကျိုးပြု စွန့်ဦးတီထွင်ခြင်းဆိုင်ရာ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာသိရှိသွားနိုင်ဖို့အတွက် Certificate in Social Entrepreneurship နွေဦးတက္ကသိုလ်ရဲ့ “School of Economics and Management” မှ ဖွင့်လှစ်လိုက်ပါပြီ။

မတ်လ (၇) ရက်နေ့မှာ ယခုတန်းခွဲကို စတင်သွားမှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (၅) ပတ်ခန့် ကြာမြှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဥ် သောကြာနေ့ ညနေ (၇း၃၀ မှ ၉ နာရီ) အချိန်အတွင်း တက်ရောက်ရမှာပါ။

လူငယ်များအတွက် သင်ယူ၊ လေ့လာစရာများပြားတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့အတွက် လက်လွတ်မခံတော့ဘဲ အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းလိုက်ရအောင်။

Link -

https://ee-eu.kobotoolbox.org/single/kMGsUhNF?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤12👍3
မြန်မာဘာသာစကားနဲ့ ဆွေးနွေးနိုင်မယ့် British Parliamentary Debate Club

ဒီဘိတ်ပညာကို စိတ်အားထက်သန်စွာ လေ့လာသင်ယူလိုပြီး အငြင်းပွားဖွယ် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ပညာရပ်ဆိုင်ရာ ရှုထောင့်မျိုးစုံကနေ အပြန်အလှန် ငြင်းခုံဖလှယ်လိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး “Debate ပညာသင်ယူရာ ရပ်ဝန်း”တစ်ခုကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းသားလူငယ်ထုအနေနဲ့ ဒီဘိတ်ပညာရပ်ကို အသုံးချရင်း မိမိတို့ရဲ့တွေးဆမျှော်မှန်းနိုင်မှုစွမ်းရည် နဲ့ ရှုထောင့်မျိုးစုံမှ ပညာရပ်ဆိုင်ရာ ဆန်းစစ်အဖြေရှာခြင်းစွမ်းရည်တွေကို မြှင့်တင်လိုတယ်ဆိုရင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် “ British Parliamentary Debate Club” မှာ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

British Parliamentary Debate Club အစီအစဉ်လေးဟာဆိုရင် March 27 ရက်နေ့မှ စတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရက်များမှာ ညစဉ် မြန်မာစံတော်ချိန် (၆:၃၀) နာရီမှ (၉:၀၀) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားလို့ ပါဝင်လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်လေးမှ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။

Registration Link -

https://ee-eu.kobotoolbox.org/single/AU5UK93K?returnUrl=https://t.me/+WRSiyG36nPhkYmI1

Registration deadline မှာ March လ 22 ရက်နေ့ဖြစ်တာမို့ အမြန်ဆုံးလျှောက်ထားကြဖို့လည်း အကြံပြုလိုပါတယ်။

#SpringUniversityMM
#SUM
❤14👍6🥰2🍓1
အသံထွက်မှန်မှန်ကန်ကန်နဲ့ စကားပြောတတ်လိုသူများအတွက် “Introduction to International Phonetic Alphabet”

အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ် ရဲ့ Department of Foreign Languages မှ စီစဉ်ဖွင့်လှစ်တဲ့ Webinar လေးတစ်ခုနဲ့ ကျောင်းသားလူငယ်များကို မိတ်ဆက်ပေးပါရစေ။

ဘာသာစကားတစ်ခုကို စနစ်တကျလေ့လာချင်ပြီး အသံထွက်အမှန်နဲ့ နားလည်တတ်ကျွမ်း စွာ ပြောဆိုတတ်ချင်သူတွေ အတွက်

“Introduction to International Phonetic Alphabet” Webinar မှ တစ်ဆင့် တက်ရောက်လေ့လာနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ် ။

ဒီ Webinar မှာတော့ ဘာသာစကားတစ်ခုတည်း ကို လေ့လာရမှာမဟုတ်ဘဲ ဘာသာစကားတွေကို ပြောဆိုတဲ့နေရာမှာ အသုံးဝင်တဲ့ Phonetic system အကြောင်းကိုပါ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Webinar အတွင်းမှာ ကျောင်းသားလူငယ်များအနေနဲ့

📌Voiced and Unvoiced Consonant Sounds

📌Vowels and Diphthongs

📌Phrases and Pauses

📌Linking Words

📌Rhythm စတာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ “Introduction to International Phonetic Alphabet” Webinar လေးကိုတော့ June 28 နဲ့ 29 ရက်နေ့မှာ ည (၇)နာရီမှ (၉)နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ အမြန်ဆုံးစာရင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်ဗျ။

Registration link -

https://us06web.zoom.us/webinar/register/WN_oDBYcXl5Q-mJ_vnTkq3_rg

#SpringUniversityMM

#SUM
❤71☃3
ကလေးတိုင်းဟာ စာသင်ခန်းထဲမှာ ရှိနေဖို့ ထိုက်တန်ပါတယ်။

ကလေးအလုပ်သမား ပြဿနာသည် တစ်ကမ္ဘာလုံးအတွက် ဆိုးရွားတဲ့ လူ့အဖွဲ့အစည်းပြဿနာ တစ်ခုဖြစ်ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးသူငယ်အလုပ်သမား ဆန့်ကျင်ရေးနေ့တွင် ကျွန်တော်တို့ အားလုံးအနေနဲ့ ကလေးတွေကို ကာကွယ်ရန်လိုအပ်ကြောင်း ပြောလိုပါတယ်။

ကျွန်တော်တို့ မသိသလို ဟန်ဆောင်လို့မရတဲ့ အချက်အလက်တွေက ၂၀၂၃ မှာ တစ်ကမ္ဘာလုံးမှာ ကလေးငယ် သန်း ၁၆၀ ဟာ အလုပ်သမားအဖြစ် အသုံးချခံနေရပါတယ်။ တစ်ကမ္ဘာလုံးတွင် ကလေး ၁၀ ယောက် မှာ ၁ ယောက်ဟာ အလုပ်လုပ်နေရပါတယ်။ ပဋိပက္ခဒေသများမှာ ကလေးသူငယ်များ ကျောင်းမတတ်နိုင်မှုတွေက သုံးဆ မြင့်တတ်နေပြီး ဒီအဖြစ်အပျက်တွေက သူတို့ကို ကလေးအလုပ်သမားဖြစ်အောင် တွန်းပို့နေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ မတရားသဖြင့် အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ မတည်ငြိမ်တာတွေ၊ စီးပွားရေးကျဆင်းမှုများ နဲ့ ပဋိပက္ခများကြောင့် သောင်းနဲ့ချီတဲ့ ကလေးငယ်များသည် ကျောင်းနှင့် မသက်ဆိုင်တဲ့ အခြေအနေဖြစ်လာပါတယ်။ ကလေးများသည် ကျောင်းစာသင်ခန်းအစား ပိုက်ဆံရှာဖို့ ဖိအားပေးခံရတဲ့ အခြေအနေကို ရောက်မှန်းမသိ ရောက်လာခဲ့ကြပါတယ်။

တစ်ချို့ကလေးငယ်များသည် စက်မှုဇုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ နယ်စပ်များတွင် အပြစ်အနာပေါင်းများစွာနဲ့အတူ အလုပ်လုပ်နေရပါတယ်။

“ စာသင်ခန်းထဲရှိတဲ့ ကလေးတစ်ယောက်က အလုပ်ခွင်မှာရှိနေတဲ့ ကလေးထက် ပိုလုံခြုံပါတယ်။ “

ဒီဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ကလည်း တတ်နိုင်တဲ့နေရာကနေ
မိဘများကို မိမိရဲ့ကလေးပညာရေးအား ဦးစားပေးဖို့ ပညာပေးရပါမယ်။
လူအဖွဲ့အစည်းတွေကလည်း ကလေးအလုပ်သမား အသုံးချမှုကို ဆန့်ကျင်ရပါမယ်။
အစိုးရနှင့် အဖွဲ့အစည်းများကလည်း ပညာရေးဖွံ့ဖြိုးရေးနှင့် ကလေးအလုပ်သမား ကင်းစင်ရေးကို တာဝန်ယူရပါမယ်။

“ ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ဝိုင်းဝန်းကာကွယ်ပေးကြရအောင် ”

#SpringUniversityMM
#SUM
❤62🥰9👍2
ကျောင်းသားလူငယ်များအတွက် SUM နှင့် SDB မှ ပူပေါင်းယူဆောင်လာတဲ့ Study Saver Program

အားလုံးပဲ မင်္ဂလာပါ။

ပညာရပ်ပေါင်းစုံကို နွေဦးတက္ကသိုလ်နဲ့အတူ လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်၊ မိဘပြည်သူများအတွက် Spring University Myanmar နှင့် Spring Development Bank မှ ပြုလုပ်သော Study Saver Program လေးကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးပါရစေ။

Study Saver Program သည် ပညာလေ့လာနေသော ကျောင်းသား၊ကျောင်းသူများကို အထောက်အကူဖြစ်စေဖို့ နွေဦးတက္ကသိုလ်နှင့် SDB မှ ပူးပေါင်းစီစဉ်တဲ့ Program ဖြစ်ပါတယ်။

ဒီ Program မှာ ကျောင်းသား၊ကျောင်းသူများအတွက် နွေဦးတက္ကသိုလ်ရဲ့ June Intake တွင် ဖွင့်လှစ်တော့မယ့် Short course များကို ပထမဆုံးလာရောက်အပ်နှံသူ အယောက် ၂၀၀ အတွက် Spring Development Bank နှင့် ပေးချေပါက scholarship discount 15% ရရှိမှာဖြစ်ပါတယ်။

Study Saver Program သည် နွေဦးတက္ကသိုလ်တွင် လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်တွေ အနည်း နှင့် အများ ပိုမိုအဆင်ပြေသော ပညာရေးရပ်ဝန်းတစ်ခုဖြစ်စေရန် ရည်ရွယ်ပါတယ်ခင်ဗျ။

ဒါကြောင့် နွေဦးတက္ကသိုလ် နှင့် SDB မှ ပြုလုပ်တဲ့ Study Saver Program အခွင့်အရေးကို အမိရယူလိုက်ဖို့ အားလုံးကို တိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM
#SUM
❤37🥰6
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ ကျောင်းသားလူငယ်များအတွက် Webinar လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ Center for College Preparation မှ “ Ethical and Philosophical Foundations of AI in Research and Academic Writing “ နာမည်ဖြင့် Webinar လေး တစ်ခု စီစဉ်ထားပါတယ်။

ဒီ Webinar လေး မှာတော့

📌Academic Writing များတွင် ChatGPT လို AIကို အကျိုးရှိရှိ အသုံးချတတ်ဖို့
📌ဘာသာစကား၊ နေရာဒေသ၊ ပညာရေးအခွင့်အရေးများအတွက် AI ကို ဘယ်လိုအသုံးပြုမလဲ
📌AI ကို မိမိရဲ့ ပညာရေးလမ်းကြောင်းအတွက် အကျိုးရှိရှိအသုံးပြုတတ်စေဖို့နဲ့
📌 လူငယ်တွေရဲ့ AI အသုံးပြုပုံကို လမ်းကြောင်းမှန်မှန်နဲ့ တိုးတက်စေဖို့
ဒီ Webinar လေးက ရည်ရွယ်ပါတယ်။

Webinar လေးကတော့ Zoom ကနေ ပြုလုပ်သွားမှာဖြစ်ပြီး တတ်ရောက်လာသူများအတွက် Questions and Answers Session များလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒီ "Ethical and Philosophical Foundations of AI in Research and Academic Writing" webinar လေးကိုတော့

🗓 ၂၀၂၅၊ ဇွန်လ ၂၉ ရက်
⏱️ ည ၇:၀၀ နာရီ မှ ၉:၀၀ နာရီ ( မြန်မာစံတော်ချိန် ) မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကျောင်းသားလူငယ်၊ မိဘပြည်သူများအနေနဲ့ လက်မလွှတ်တမ်း တက်ရောက်သင့်တဲ့ Webinar တစ်ခုဖြစ်လို့ အချိန်မီ Register လုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျ။

Registration Link - https://us06web.zoom.us/meeting/register/dn7ugtzPT0qN2qnl0MLJrA

#SpringUniversityMM
#SUM
❤34👍1🔥1🥰1😁1💘1
အားလုံးပဲမင်္ဂလာပါ ။

နိုင်ငံတကာပညာရေး အခွင့်အလမ်းများကို ရယူလိုတဲ့ ကျောင်းသားလူငယ်များအတွက် လိုအပ်တဲ့ ဘာသာစကားဆိုင်ရာတွေကို လေ့လာသင်ယူနိုင်ဖို့ရာ

နွေဦးတက္ကသိုလ်ရဲ့ Department of Foreign Languages မှ ဘာသာစကား အတန်းသစ်များကို ဖွင့်လှစ်လိုက်ပါပြီ ။

သင်တန်းများနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အောက်ပါ link မှ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျ။

https://www.facebook.com/share/1AiHsdXSFC/?mibextid=wwXIfr

#SpringUniversityMM
#SUM
❤27👍1🥰1
ကွန်ပျူတာသိပ္ပံနည်းပညာကို စိတ်ဝင်စားရုံတင်မကဘဲ ပညာရပ်တခုအနေနဲ့ လေ့လာလိုသူများ၊ Career အဖြစ် တည်ဆောက်ချင်သူများအတွက် နွေဦးတက္ကသိုလ် ရဲ့ STEM School မှ Diploma in Computer Science (Batch - 3) ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Computer Science နဲ့ IT နယ်ပယ်ထဲ စနစ်တကျဝင်ရောက်ချင်သူ၊ Programming နဲ့ Software and Web Development ကို လေ့လာလိုသူ၊ နည်းပညာအခြေပြု Career တစ်ခု တည်ဆောက်လိုသူ လူငယ်တွေအတွက် ဒီ Diploma Program က အခြေခံကနေ သီအိုရီရော လက်တွေ့ပရောဂျက်များပါ လေ့လာနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

အတန်းလေးရဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါပုံများကို ထောက်ကြည့်ပြီး အသေးစိတ်လေ့လာနိုင်ပါတယ်။

Program Overview လေးကို အောက်က Drive ကနေလဲ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://drive.google.com/file/d/1HLITKqLVPoRckXudeO9UbFBK-NkBU0Jv/view?usp=sharing

Registration Link - https://ee-eu.kobotoolbox.org/single/pFwMkrkA?returnUrl=https://t.me/+7YujBE0ACXxjMDU1

ကဲ ကိုယ့်ရဲ့ Tech Journey ကို STEM ရဲ့ Diploma In Computer Science (Batch-3) ကနေ စတင်လိုက်ကြရအောင်။

#SpringUniversityMM #SUM
❤23
နွေဦးတက္ကသိုလ် ရဲ့ STEM School ကနေ ဖွင့်လှစ်ထားတဲ့ Diploma in Computer Science (Batch - 3) ကနေ ကျောင်း၊ ကျောင်းသူများကို ထပ်မံကြိုဆိုလိုက်ပါတယ်။


၁၀ လတာ Program မှာ Python, C++, JavaScript၊ Web Development၊ Database၊ Cybersecurity နဲ့ AI & Machine Learning အထိ အခြေခံမှစ၍ လက်တွေ့ Project များဖြင့် စနစ်တကျ သင်ယူရမှာ ဖြစ်ပါတယ်။ Junior Software Developer, Web Developer, IT Specialist အစရှိတဲ့ ခိုင်မာတဲ့ လမ်းကြောင်းများဆီ ရောက်ရှိဖို့ နောက်ဆုံး အခွင့်အရေး ပဲ ဖြစ်ပါတယ်။


Registration Deadline ကို September 12 မှာ ပိတ်သိမ်းမှာဖြစ်လို့ ရက်ပိုင်းပဲ ကျန်ပါတော့တယ်။


Diploma in Computer Science (Batch - 3) အတန်းလေးကတော့ September 21, 2026 မှာ စတင်မှာဖြစ်ပြီး June 21, 2027 မှာ ပြီးဆုံးမှာ ဖြစ်ကာ 9လ တာကြာမြင့်ပြီး အပတ်စဉ် Mon, Tue, Wed နှင့် Thur နေ့တိုင်း ညနေ 6:30 pm မှ 8:30 pm အထိဖြစ်ပါတယ်။


Program Overview


https://drive.google.com/.../1HLITKqLVPoRckXudeO9.../view…


Registration Link


https://ee-eu.kobotoolbox.org/single/pFwMkrkA?returnUrl=https://t.me/+7YujBE0ACXxjMDU1


#SpringUniversityMM #SUM
❤22