Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
“Diploma in Kachin Social Studies” အကြောင်း မိတ်ဆက်သွားမယ့် “Open House Event”

မကြာခင်မှာ ဖွင့်လှစ်တော့မယ့် နွေဦးတက္ကသိုလ်ရဲ့ “Diploma in Kachin Social Studies” ဒီပလိုမာသင်တန်းလေးအကြောင်း အသေးစိတ်သိရှိလိုပါသလား။

သင်တန်းမတက်ခင်မှာတည်းက ကိုယ့်ရဲ့ မျှော်မှန်းချက်တွေနဲ့ သင်တန််းရွေးချယ်မှု ထပ်တူကျ၊မကျ သိရှိလိုပါသလား။

ဒါဆိုရင်တော့ ဒီပလိုမှာသင်တန်းလေးနဲ့ ပက်သတ်ပြီး မိတ်ဆက်ပြောပြပေးသွားမယ့်် အဖွင့်မိတ်ဆက်ပွဲ “Open House Event” လေးကို တက်ရောက်ဖို့ အကြံပြုလိုပါတယ်။

အဖွင့်မိတ်ဆက်ပွဲ (Open House Event)လေးကိုတော့ July လ (၂၁)ရက်နေ့ ည(၈:၀၀) အချိန်မှာ အွန််လိုင်းမှတဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ရန်အတွက် Registration Form ရဲ့ နောက်ဆုံးမှာ Zoom Link ကို တပါတည်း ဖော်ပြထားပါတယ်။

အဆိုပါ “အဖွင့်မိတ်ဆက်ပွဲ” (Open House Event) လေးမှာဆိုရင်တော့ ကျောင်းသား၊ကျောင်းသူများအနေနဲ့
သင်ကြားရေးနည်းစနစ်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများအပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြားသော အသေးစိတ်အကြောင်းအရာ သိလိုသည်များကို မေးမြန်း​သွားနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အောက်ဖော်ပြပါလင့်မှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြောကြားရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။

စာရင်းပေးသွင်းရန် လင့်ခ် - https://us06web.zoom.us/meeting/register/tZIvf-mrqjMiGdd_0fAcAaKYQM1YiGw4dbpD

#SpringUniversityMM
#SUM
❤2🔥2👍1
အားလုံးပဲမင်္ဂလာပါ။

IHRDG မှ အသိပညာမျှဝေသည့်ဗဟိုချက်တစ်ခုဖော်ဆောင်ရန် ရည်ရွယ်၍ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၃ ရက်နေ့ ၊မြန်မာစံတော်ချိန် ည(၇) နာရီ တွင် “Revisiting the Polity: Making and Remaking of the Rohingya Identity in Myanmar” ခေါင်းစဉ်ဖြင့် ပြုလုပ်သွားဖို့ ရှိပါသည်။

မြန်မာ့ အမျိုးသားနိုင်ငံရေးလက္ခဏာသည် တိုင်းပြည်အတွင်းရှိ မြောက်မြားစွာသော လူမျိုးစုအသိုက်အဝန်းများနှင့် ရှုပ်ထွေးစွာ ဆက်စပ်လျက်ရှိသည်။အဆိုပါ လုပ်ငန်းစဉ်များတွင် တိုင်းပြည် အာဏာပိုင်များသည် လူနည်းစုများ၏ ပါဝင်တည်ရှိမှုများ အထူးသဖြင့် ရိုဟင်ဂျာအသိုက်အဝန်းနှင့် ၎င်းတို့၏ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဇာတိဖြစ်ကြောင်း ပြောဆိုချက်များကို အသေအချာ ငြင်းဆိုထားသည်။

သည်လိုနှင့် စစ်တပ်မှ နိုင်ငံရေးအခန်းကဏ္ဍသို့ စတင်ဝင်ရောက်လာချိန်မှစ၍ ရိုဟင်ဂျာအသိုက်အဝန်း အပေါ် ကျူးလွန်ခဲ့သည့် အဖွဲ့အစည်းဆိုင်ရာ မညီမျှမှုနှင့် အကြမ်းဖက်မှုများအား တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့ပြီး မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွဲချက်တင်မှုများ ဖြစ်ပွါးခဲ့သည်။

ဤဆွေးနွေးပွဲသည် အဆိုပါ အသိအမှတ်ပြုမခံရသေးသော ရိုဟင်ဂျာအသိုက်အဝန်းတစ်ခုလုံး၏ အမျိုးသားရေးလက္ခဏာကို ပြန်လည်လေ့လာသွားမည် ဖြစ်သည်။အထူးသဖြင့် နောက်ခံ ဒေသ၏သမိုင်းကြောင်းနှင့် အာဏာရှင်အစိုးရအဆက်ဆက်၏ နိုင်ငံရေးဝိသေသများအား ပုံဖော်ဆောင်ရွက်ခဲ့ပုံများကို အလေးပေးကာ အမျိုးသားရေးလက္ခဏာ ကိစ္စရပ်များကို ချဉ်းကပ် ဆန်းစစ်သွားမည်ဖြစ်သည်။

ထို့အပြင် ရှေးရိုးမူလအထိုင်ယူဆချက်ဆိုင်ရာ ဝါဒ နှင့် တည်ဆောက်ပြုပြင်ခြင်းသဘောမှရှုမြင်သောဝါဒ နှစ်မျိုးလုံးနှင့် ဆက်စပ်ကာ နိုင်ငံတော်တည်ဆောက်မှု ဖြစ်စဉ်အတွင်း “ငါနှင့်မတူ ငါ့ရန်သူ” သဖွယ် သမိုင်းဆိုင်ရာ ချုပ်ကိုင် ခြယ်လှယ်မှုများ မည်သို့ဖန်တီးခဲ့သည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။

အသေးစိတ်ကြည့်ရှုရန်: https://facebook.com/events/s/revisiting-the-polity-making-a/1708499466239090/
❤10👍5❤‍🔥3
ကျောင်းသားလူငယ်များရဲ့ အတွေးအခေါ်များ ရင့်သန်ထက်မြက်လာစေဖို့ စကားရည်လု ဒီဘိတ်ပြိုင်ပွဲကြီး ပြန်လည်ရောက်ရှိလာပါပြီ။

မနက်အိပ်ယာနိုးချိန်မှစလို့ အိပ်ယာဝင်ချိန်အထိ နေ့စဉ်ဘဝမှာ ဖြတ်သန်းရလေ့ရှိတဲ့ ဖြစ်ရပ်တွေ၊ ပညာရေး၊ စီးပွားရေး၊ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာအကြောင်းအရာကောက်နှုတ်ချက်များနှင့်စပ်လျဉ်းလို့ မတူညီသည့်ရှု ထောင့်များမှ အပြန်အလှန်ငြင်းခုံဖလှယ်ရင်း ကျိုးကြောင်းဆီလျော်မှုအရှိဆုံးအဖြေတစ်ခုကို ရွေးချယ်ကောက်
နှုတ်တတ်ခြင်း စွမ်းရည်ဟာ လူငယ်များအတွက် အရေးကြီးလှပါတယ်။

ဒါကြောင်မို့ ကျောင်းသားလူငယ်များအတွက် Debate ရဲ့ရပ်တည်ချက် (သို့မဟုတ်) အနှစ်သာရများကို ပြန်လည်အသက်သွင်းရင်း “စကားရည်လုခြင်းယဉ်ကျေးမှု၊ သုတေသနပြုလုပ်ခြင်းစွမ်းရည်တွေ၊ တင်ပြဟောပြောခြင်းစွမ်းရည်တွေကိုပါ လက်တွေ့လေ့လာနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ “School of Federalism and Peace Studies” မှ British Parliamentary Debate Tournament ပြိုင်ပွဲလေးကို ပြုလုပ်သွားတော့မှာပဲ ဖြစ်ပါတယ်။

အသေးစိတ်သိရှိရန်: https://www.facebook.com/100076179033470/posts/pfbid02jdVAtzkkTRruafarV9QEvbgisoiTyv47VmRhZpeX3UrLQ7Td6zrPk7Jrxs8Xb1Swl/?mibextid=cr9u03

#fps_sum
#SUM
❤7👍1
International IDEA MyConstitution နဲ့ နွေဦးတက္ကသိုလ် Law School တို ပူးပေါင်း ဖွင့်လှစ်တော့မယ့် စကောလားရှစ်သင်တန်း — Constitution Academy (Batch 2)
❤28👍12
Spring University Myanmar
Photo
နွေဦးတက္ကသိုလ်ရဲ့ “School of Health” မှ သြဂုတ်လအတွင်း ဖွင့်လှစ်မယ့် “ကျန်းမာရေးနှင့် သုတေတနဆိုင်ရာ” တန်းခွဲ (၄)ခုကို မိတ်ဆက်ပေးပါရစေ။

အားလုံးပဲ မင်္ဂလာပါ။ နွေဦးတက္ကသိုလ်ရဲ့ “School of Health” မှ အားလုံးကို တဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်။

သြဂုတ်လအတွင်းမှာ ဖွင့်လှစ်မယ့် သင်တန်းများကတော့-
📌Data Visualization Concepts and Applications
📌Data Analysis using SPSS in health research
📌Quantitative Study Designs in Health
📌Infant and Young Child Feeding (IYCF) တို့ဖြစ်ပြီး ဒေတာနှင့် သုသေတနဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားသူများအတွက် ကြိုဆိုလျက်ရှိပါတယ် ခင်ဗျာ။

အသေးစိတ် ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02MgD6FyRBKCMdV89jjvreiGqvJFocmh57mouFLQQA5PMG2m11NEkiQaybSdZ91Dngl/?mibextid=cr9u03

#SpringUniversityMM
#SUM
❤15👍1
လက်လွတ်မခံသင့်တဲ့ IHRDG ရဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ

Revisiting the Polity: Making and Remaking of the Rohingya Identity in Myanmar”

အားလုံးပဲမင်္ဂလာပါ။

IHRDG မှ လာမယ့် သြဂုတ်လ ၃ ရက်နေ့ ၊မြန်မာစံတော်ချိန် ည(၇) နာရီ တွင် “Revisiting the Polity: Making and Remaking of the Rohingya Identity in Myanmar” ခေါင်းစဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်သွားဖို့ ရှိပါတယ်။

ဆွေးနွေးပွဲလေးမှာတော့ အသိအမှတ်ပြုမခံရသေးတဲ့ ရိုဟင်ဂျာအသိုက်အဝန်းတစ်ခုလုံးရဲ့ အမျိုးသားရေးလက္ခဏာကို ပြန်လည်လေ့လာသွားမှာဖြစ်ပြီး တိုင်းပြည်အတွင်းမှာရှိတဲ့ လူမျိုးစုအသိုက်အဝန်းများစွာနဲ့ ရှုပ်ထွေးစွာ ဆက်စပ်လျက်ရှိနေတဲ့ အမျိုးသားနိုင်ငံရေး လက္ခဏာအကြောင်း အတူတကွ ဆန်းစစ်လေ့လာချင်တယ်ဆိုရင်တော့ အဆိုပါ ဆွေးနွေးပွဲလေးကို အချိန်မီ စာရင်းသွင်း တက်ရောက်ဖို့ တိုက်တွန်းအကြံပြုလိုပါတယ်။

စာရင်းသွင်းရန်: https://us06web.zoom.us/webinar/register/WN_8ExlaT1CTdGFJgcmFkAa3g

#SpringUniversityMM #ihrdg #seminarseries
❤6👍3
လူငယ်တွေအတွက် လေ့လာစရာ အခွင့်အလမ်းတစ်ခု ဖြစ်လာမယ့် “Young Policy Fellows Program”

“Young Policy Fellows Program” လို့အမည်ရပြီး အောက်ပါ သင်တန်း (၄) ခုဖြစ်တဲ့

(1) Introduction to Public Policy
(2) Social and emotional learning and Peace
(3) Peace and Conflict Studies
(4) Building Research Capacities ကို ကျောင်းသား၊လူငယ်များအနေဖြင့် ပညာဒါန တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ အတန်းများကို Zoom ပလက်ဖောင်း +နွေဦးတက္ကသိုလ်ရဲ့ Learning Management System (LMS) နှစ်မျိုးပေါင်းကာ ဝေမျှသွားမှာဖြစ်ပြီး လက်ခံနိုင်တဲ့ ကျောင်းသားဦးရေ ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံး စာရင်းပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဒါဆိုရင်တော့ အတန်းတစ်ခုချင်းစီရဲ့ အကြောင်းအရာအသေးစိတ်နှင့် အတန်းချိန်၊ နေ့ရက်များကို အတူတူ ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ။

ကြည့်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid029AC3dhVU1uDMLAEeLMyJSDDz422k48oQ9sPGMj1HjNvfZgunAoVXSaQuhymwMpyl/?mibextid=cr9u03

#SpringUniversityMM
#SUM
❤6👍2
နွေဦးတက္ကသိုလ်ရဲ့School of Social Sciences and Humanities မှ သြဂုတ်လအတွင်း ဖွင့်လှစ်မယ့် တန်းခွဲများကို မိတ်ဆက်ပေးလိုပါတယ်။

Intake System ဖြင့် စတင်ကျင့်သုံးလာတာ (၆) လ သက်တမ်းကို ရောက်ရှိလာပြီဖြစ်တဲ့ နွေဦးတက္ကသိုလ် ကျောင်းတော်ကြီးဟာ မကြာမီအတွင်းမှာ August intake ကို စတင် ဖွင့်လှစ်တော့မှာဖြစ်ပါတယ် ခင်ဗျာ။

ယခု သြဂုတ်လအတွင်း ကျောင်းသားလူငယ်များ ရွေးချယ်တက်ရောက်နိုင်မယ့် “Social Science and Humanities” တန်းခွဲများကတော့
📌Introduction to International Relations
📌21 st Century World Order
📌Comparative Politics
📌Geopolitics
📌Political Ideas and Ideologies
📌Positive Psychology
📌Master your emotions တို့ပဲဖြစ်ပါတယ်။

တန်းခွဲ (၇) ခုမှာ မတူညီသော ပညာရပ်များစုံလင်စွာ ပါဝင်တာမလို့ တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အတူတူ ကြည့်ရှုလိုက်ရအောင်။

ကြည့်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02eAEkp1V4ycSJDaWUswq3MmmSRTgZYCn5ZCpVpvyHYXjsXxEbWrieyFW1uBXyBnaVl/?mibextid=cr9u03

#SpringUniversityMM
#SUM
❤10👍2