Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
အနာဂတ်သက်မွေးဝမ်းကြောင်းပညာရပ်များအတွက် လက်မလွတ်သင့်တဲ့ စီးပွားရေးတန်းခွဲများကို စာရင်းသွင်းပြီပြီလား။

အားလုံးပဲ မင်္ဂလာပါ။ ၂၁ ရာစုကို ရောက်ရှိလာသည်နှင့်အမျှ မည်သည့်နယ်ပယ်မှာမဆို အသုံးဝင်တဲ့ စီးပွားရေး
ပညာရပ်များဟာ အနာဂတ် သက်မွေးဝမ်းကြောင်းအလုပ်အကိုင်အခွင့်အလမ်းများအတွက် များစွာ အထောက်အကူပြုပါတယ်။

ဒါကြောင့်မို့ ကျောင်းသားလူငယ်များအနေဖြင့် စီးပွားရေးဆိုင်ရာအခြေခံဘာသာရပ်များဖြစ်ကြတဲ့ မားကတ်တင်း၊ ငွေကြေးစီမံခန့်ခွဲမှု၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ခြင်းဆိုင်ရာ စီးပွားရေးပညာရပ်များကို တစ်နေရာတည်းမှာ
စုစည်းလေ့လာနိုင်ဖို့ နွေဦးတက္ကသိုလ်မှာ အောက်ပါ တန်းခွဲများကို ဖွင့်လှစ်ထားရှိပါတယ်။

စာရင်းပေးသွင်းတက်ရောက်ဖို့ အချိန်ကလည်း နီးကပ်နေပြီဖြစ်တာမို့ မိမိအနာဂတ်သက်မွေးဝမ်းကြောင်း
အခွင့်အလမ်းများအတွက် အမြန်ဆုံး စာရင်းသွင်းတက်ရောက်ကြဖို့ ထပ်မံတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

1.Certificate in Marketing Management
2.Finance for Startups and Small Business Batch 2
3.Statistics and its Interpretation Foundation (LMS)
4.Business Start-up (LMS)

အတန်းချိန်၊ နေ့ရက်နှင့် တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ပါ Link လေးမှတဆင့် အတူတူကြည့်ရှုလိုက်ရအောင်။

Link : https://www.facebook.com/100068345813298/posts/pfbid0ZbdpoDrLA6VkTUTs8FaD26qHTB4iASHWRUUaKdAN8F5ruPV6htHCjuZXS4AbKQgKl/?mibextid=cr9u03

#SpringUniversityMM
#SUM
❤11👍7💩1
“Labor in Politics” Seminar လေးမှာဆုံကြမယ်။

ကျောင်းသား၊ကျောင်းသူများခင်ဗျာ…

September လ (၆)ရက်နေ့ ၊မြန်မာစံတော်ချိန် (၆) နာရီမှာ နွေဦးတက္ကသိုလ် ကျောင်းခွဲတစ်ခုဖြစ်တဲ့ Institute of Human Rights and Democratic Governance - IHRDG သင်တန်းကျောင်းမှ “Labor in Politics” ဆိုတဲ့ Seminar လေးကို ပြုလုပ်သွားဖို့ရှိကြောင်း ထပ်မံအသိပေးလိုက်ရပါတယ်။

အဆိုပါ Seminarလေးမှာဆိုရင် အလုပ်ခွင်အသီးသီးမှာ လုပ်ငန်းဝင်နေကြတဲ့ မြန်မာ့ အခြေခံလုပ်သားများရဲ့ နေ့စဉ်ဘဝ လှုပ်ရှားရုန်းကန်မှု၊ ဖိနှိပ်မှုပေါင်းစုံနဲ့ လုပ်အားအမြတ်ထုတ် ခေါင်းပုံဖြတ်ခံရမှုများကြားက အလုပ်သမားနိုင်ငံရေး ဖြစ်စဉ်တွေကို ဆန်းစစ်လေ့လာသွားမှာ ဖြစ်ပါသည်။ဒါ့ကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ နှင့် နိုင်ငံရေး ရေစီးကြောင်း ဆက်စပ်ပုံတွေကို လေ့လာလိုတယ်ဆိုရင်၊ အလုပ်သမားအရေး ဆွေးနွေးလိုတယ်ဆိုရင် Seminar လေးကို မဖြစ်မနေ တက်ရောက်ပါဝင်ဖို့ အကြံပြုလိုက်ပါတယ်။

အားလုံးပဲ “Labor in Politics” Seminar လေးမှာဆုံကြပါမယ်။

စိတ်ပါဝင်စားလို့ စာရင်းသွင်းလိုပါက အောက်ပါလင့်ခ်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယိ။

Link - https://us06web.zoom.us/webinar/register/WN_nWUTVNxVQlC4I9sq58OPnQ

အသေးစိတ်ဖတ်ရှုရန် - https://fb.me/e/7khCRCic6

#SpringUniversityMM #ihrdg
❤12👍2
❤3👍2
နေရာလွတ်အနည်းငယ်သာကျန်တော့တဲ့ ပညာဒါန Young Policy Fellows Program

မကြာသေးခင်က နွေဦးတက္ကသိုလ်မှ ကြေညာထားတဲ့ ပညာဒါန Young Policy Fellows Program အတွက် လျှောက်ထားတက်ရောက်နိုင်မည့် နေရာလွတ် အနည်းငယ်သာကျန်ပါတော့တယ်။

အဆိုပါ Program လေးမှာဆိုရင်တော့ သင်တန်း (၄) ခု ပါဝင်သင်ကြားသွားမှာဖြစ်ပြီး သက်ဆိုင်ရာ သင်ရိုးအကြောင်းအရာတွေကတော့

(1) ပြည်သူ့ရေးရာ မူဝါဒ ရေးဆွဲအကောင်အထည်ဖော်ပုံများကို အခြေခံကျကျ သင်ကြားပေးသွားမယ့်
📍 Introduction to Public Policy

(2) မငြိမ်းချမ်းခြင်းမှဖြစ်ပေါ်လာသော ဆိုးကျိုးများကို မိမိကိုယ်တွင်းနှင့် မိမိပတ်ဝန်းကျင်မှ အတတ်နိုင်ဆုံး လျှော့ချစေရန် ရည်သန်ဖွင့်လှစ်မယ့်
📍 Social and emotional learning and Peace

(3) ငြိမ်းချမ်းရေးနှင့် ပဋိပက္ခပညာရပ်ဆိုင်ရာ သဘောတရားများကို ရှင်းလင်းဝေမျှပေးသွားမယ့်
📍 Peace and Conflict Studies နှင့်

(4) နည်းစနစ်ကျတဲ့ သုတေသနပြုခြင်းဆိုင်ရာ အရည်အသွေးများကို ဖြည့်ဆည်းပေးသွားမယ့်
📍 Building Research Capacities တို့ပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ သက်ဆိုင်ရာသင်တန်း(၄)ခုကို ဖွင့်လှစ်သွားမည့်ပုံစံကတော့ Zoom platform နဲ့ Learning Management System နှစ်မျိုးကို ပေါင်းစပ်ကာ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး သင်တန်းအကြောင်းအရာ တစ်ခုချင်းစီကို ပျှမ်းမျှကြာချိန် (၁၀) ပတ်ကျော်အထိ ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

ကဲ…ဒီတော့ နောက်ဆုံးအနေနဲ့ Young Policy Fellows Program အတွက် လျှောက်ထားရန် နေရာလွတ် အနည်းငယ်သာကျန်ပါတော့ကြောင်း သတိပေးရင်း အခုချက်ချင်းပဲ အချိန်မီလျှောက်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။

သင်တန်းအကြောင်းအရာအသေးစိတ်နှင့် လျှောက်ထားရန်လင်ခ့် - https://www.facebook.com/100068345813298/posts/594006972887491

#SpringUniversityMM
❤15👍2
ဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုတဲ့ ဆရာ၊ဆရာမများအတွက် ဒီပလိုမာ တန်းခွဲတစ်ခု မကြာခင် ဖွင့်လှစ်တော့မည်။

အားလုံးပဲ မင်္ဂလာပါ။ ကိုယ်သင်ယူထားတဲ့ ပညာရပ်တွေကို မျှဝေသင်ကြားရင်း မိမိရဲ့ တပည့်များ အတော်ဆုံး၊ အတတ်ဆုံး၊ ထွန်းလင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့က ဆရာ/မ များရဲ့ အဓိက ရည်ရွယ်ချက်တစ်ခု ဖြစ်သလို တပည့်များရဲ့အောင်မြင်မှုများက ဆရာ၊ဆရာမများရဲ့ ပီတိဖြစ်ပါတယ်။

📌 ဒါဆို ဒီလိုမျိုး ကျောင်းသား၊သူတွေအတွက် လက်တွေ့အသုံးဝင်တဲ့ ဘယ်လို သင်ကြားရေးနည်းစနစ်တွေကို ကျင့်သုံးလိုက်နာသင့်လဲ။

📌 ဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်နိုင်ဖို့ ဘယ်လို ပညာရပ်တွေကို ကြိုတင်လေ့လာထားသင့်လဲ။

📌 ဘယ်လို သင်ရိုးညွှန်းတမ်းတွေကို ဖန်တီးရေးဆွဲပြီး ကျောင်းသား၊ကျောင်းသူများရဲ့ နားလည်နိုင်စွမ်းကို တိုးမြှင့်လို့ရနိုင်မလဲ။

အစရှိတဲ့ မေးခွန်းများနဲ့အတူ နွေဦးတက္ကသိုလ်ရဲ့ “School of Education” မှ ဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုတဲ့ ဆရာ၊ဆရာမများအတွက် ဒီပလိုမာ တန်းခွဲတစ်ခု မကြာခင် ဖွင့်လှစ်ပါတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

#SpringUniversityMM
#SUM
❤7👍1
အွန်လိုင်းစာသင်ခန်းများမှာ အတူတကွ အပြန်အလှန်ဆွေးနွေးရင်း နွေးထွေးတဲ့စာသင်ခန်းတစ်ခုအဖြစ် ပြောင်းလဲတတ်စေဖို့ အခမဲ့ ပညာဒါနဆွေးနွေးပွဲ။

အားလုံးပဲ မင်္ဂလာပါ။

ယနေ့ခေတ်မှာတော့ အွန်လိုင်းပေါ်မှ Virtual စာသင်ခန်းများဟာ ကျောင်းသား၊ကျောင်းသူ
များအတွက်သာမကပဲ သင်ကြားသူဆရာ၊ဆရာမများအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာပါတယ်။ အွန်လိုင်းပေါ်မှ ကျောင်းသားများနှင့်အတူ အပြန်အလှန်ဆွေးနွေးမှုတွေ၊ ကျောင်းသားများရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်မှု၊ ဒီဂျစ်တယ်သင်ယူမှုပိုင်းဆိုင်ရာ အချက်အလက်များဟာလည်း သင်ကြားသူ ဆရာ၊ဆရာမများအတွက် များစွာအရေးပါလာပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှတဆင့် အွန်လိုင်း Virtual စာသင်ခန်းများမှတဆင့် သင်ကြားလျက်ရှိနေတဲ့ ဆရာ၊ဆရာမများအတွက် ကျောင်းသားများနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုအားပေးရင်း အပြန်အလှန်ဆွေးနွေးကြတဲ့ နွေးထွေးတဲ့စာသင်ခန်းတစ်ခု အသွင်ဖော်ဆောင်နိုင်ဖို့ Unlocking Curiosity: Mastering Inquiry-Based Teaching for Online Educator ဆိုတဲ့ ပညာဒါန ဆွေးနွေးပွဲလေးကို စတင်မိတ်ဆက်လိုက်ပါတယ်။

အဆိုပါဆွေးနွေးပွဲ‌လေးမှတဆင့် ဆရာ၊ဆရာမများအနေဖြင့်လည်း မိမိရဲ့ ကျောင်းသူ၊ကျောင်းသားများနှင့်အတူ အပြန်အလှန်ဆွေးနွေးခြင်း၊ လမ်းညွှန်သင်ကြားတတ်ခြင်း၊ ဒစ်ဂျစ်တယ်သင်ကြားရေးဆိုင်ရာ ပညာရပ်များကို အတွေ့အကြုံရှိပညာရှင်များမှ ဆွေးနွေးမျှဝေသွားမှာမို့ များစွာ အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။

အထက်‌‌ဖော်ပြပါ ဆွေးနွေးပွဲလေးကိုတော့ စက်တင်ဘာလ ၁၆၊ ၁၇ ၊ ည (၇) နာရီမှ (၉) နာရီအထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ လျှောက်ထားသူများအနေနှင့် ဆွေးနွေးပွဲ (၂)ရက်လုံးပါဝင် တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။

English ဘာသာစကားဖြင့် မျှဝေသွားမှာဖြစ်ပြီး တက်ရောက်နိုင်မယ့် လူဦးရေကလည်း (၃၀) ဦးသာ ကန့်သတ်ထားရှိတာမို့ ‌အောက်ပါ အမြန်ဆုံး စာရင်းပေးသွင်းထားဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Link : https://ee.humanitarianresponse.info/single/fdf225d1805d03e7bc5f058bf559409a

အွန်လိုင်းစာသင်ခန်းများမှာ အတူတကွ အပြန်အလှန်ဆွေးနွေးရင်း နွေးထွေးတဲ့စာသင်ခန်းတစ်ခုအဖြစ် ပြောင်းလဲတတ်စေဖို့ အခုပဲ တက်ရောက်လေ့လာလိုက်ရအောင်။

#SpringUniversityMM
#SUM
❤14👍4
ဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုတဲ့ ဆရာ/မများတွက် “Diploma in Teaching”စတင် ဖွင့်လှစ် လိုက်ပြီ။

အားလုံးပဲ မင်္ဂလာပါ။

မိမိသင်ယူထားသည့် ပညာရပ်များကို အခြားသူများကို မျှဝေခြင်းဟာ မွန်မြတ်တဲ့ပညာ
ရပ်တစ်ခု ဖြစ်သလို တစ်ဖက်မှာလည်း ဒီလို စာသင်ကြားခြင်း၊ ပညာရပ်ဗဟုသုတများကို မျှဝေခြင်းမှတဆင့် စနစ်တကျ အသက်မွေးဝမ်းကြောင်းပြုလိုသူ ဆရာ/မ များစွာလည်း ရှိကြမယ်ထင်ပါတယ်။

မိမိရဲ့ တပည့်များ အတော်ဆုံး၊ အတတ်ဆုံး၊ ထွန်းလင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့က ဆရာ/မ များရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်သလိုဒီလိုစနစ်တကျ ပျိုးထောင်နိုင်ဖို့ ဆရာတစ်ဦးအနေဖြင့် အတွေးအခေါ် ဒသနပိုင်းဆိုင်ရာ၊ စိတ်ပညာပိုင်းဆိုင်ရာ သာမက လူမှုဗေဒနှင့်ဆိုင်သော အခြေခံပညာရပ် ဗဟုသုတတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် လူငယ်များအနေဖြင့် မိမိဝါသနာပါရာ ဆရာ/မတစ်ဦးအနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်စေဖို့အတွက် နွေဦးတက္ကသိုလ်ရဲ့ “School of Education” မှ “Diploma in Teaching” အတန်းကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

အဆင့်မြင့်ပညာရပ် ဒီပလိုမာ သင်တန်းဖြစ်သောကြောင့် သင်တန်းကာလ အစ/ဆုံး ၉လ ဝန်းကျင် ကြာမြင့်သွားမှာ ဖြစ်ပြီး Semester (၃) ခု ခွဲကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဓိက သင်ကြားပေးသွားမယ့် သင်ခန်းစာခေါင်းစဥ်ကြီးနှင့် အချိန်ကာလ အပိုင်းအခြားကတော့-

✅ Semester 1: Foundation of Education (October to December)
✅ Semester 2: Method of Teaching (February to April)
✅ Semester 3: Educational Assessments, Guiding and Counseling (June to August) တို့ပဲ ဖြစ်ပါတယ်။

ယခု ဒီပလိုမာသင်တန်းကို အချိန် ၉ လကြာ တက်ရောက်ပြီးတဲ့အခါ ကျောင်းသား/သူများ အနေဖြင့်

📌 Philosophy နှင့် ပညာသင်ကြားက အချိတ်အဆက်ကို သိရှိလာပြီး ထို Teaching Philosophy ကို လက်တွေ့စာသင်ကြားမှု ပတ်ဝန်းကျင်မှာ ပြန်လည် အသုံးချလာနိုင်မယ်။

📌 ကျောင်းသားတွေကို စာသင်ကြားမှု ပတ်ဝန်းကျင်မှာ Educational Psychology ရဲ့ အရေးပါပုံကို သိရှိလာမယ်။

📌 မိမိသင်ကြားရမယ့် သင်ရိုးညွှန်းတမ်းကို ကောင်းစွာနားလည်ပြီး ဘာသာရပ်အလိုက် ပညာသင်ကြားမှု နည်းစနစ်ကောင်းတွေ သိရှိလာမယ်။

📌 စာသင်ကြားမှုကဏမှာ သာမက တတ်မြောက်မှု ပြန်လည်စစ်ဆေးရာမှာ အသုံးချနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို သဘောပေါက်နားလည် သွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆရာအတတ်ပညာနှင့်ပတ်သတ်ပြီး အခြေခံကျသော အသိပညာ၊ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာသင်ယူလိုသူများ တက်ရောက်သင့်ပါတယ်။ သင်တန်းအစ/ဆုံး သင်တန်းကြေးစုစုပေါင်း (၁၅၀,၀၀၀) ကျပ်တိတိ ကျသင့်သွားမှာပါ။

သင်ကြားရေးပိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ ဆရာ/မများက အချင်းချင်း ဆွေးနွေးဝေမျှတဲ့ နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသား အရေအတွက် ကန့်သတ်ထားတာဖြစ်လို့ စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးဖို့ လိုအပ်ပါတယ်။

စာရင်းပေးသွင်းရန်လင့်- https://ee.humanitarianresponse.info/single/uMbAz2hZ?returnUrl=https://t.me/+lnIy5uOSUCphYzg1

မိမိရဲ့ ဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုလိုတဲ့ ဆနကို ဖြည့်ဆည်းဖို့ “Diploma in Teaching” ဆိုတဲ့ အတန်းက အသင့်ရှိနေပါပြီ။

သင့်ပတ်ဝန်းကျင်မှာ စာသင်ရတာစိတ်ဝင်စားသူ၊ ဆရာ/မအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ ရှိလျှင်လည်း သတင်းကောင်းပါးဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

#SpringUniversityMM
#SUM
👍5❤4
❤6👍1
“Diploma in Teaching” အကြောင်း အကြိုမိတ်ဆက်သွားမယ့် “Open House Event”

အားလုံးပဲ မင်္ဂလာပါ။ လွန်ခဲ့ရက်များမှာတော့ မိမိဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်လိုတဲ့ ဆရာ၊ဆရာမများအတွက် သင်ကြားရေးဆိုင်ရာ အခြေခံပညာရပ် ဗဟုသုတများကို လေ့လာသွားနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ “School of Education” မှ “Diploma in Teaching” ကို ဖွင့်လှစ်ထားရှိပါတယ်။

ဒါဆို အထက်ပါ Diploma တန်းခွဲလေးအကြောင်းကို အသေးစိတ် သိရှိလိုသူတစ်ယောက်လား။ဘယ်လို သင်ကြားရေး ပညာရပ်တွေကို လေ့လာသွားရမလဲ။ သင်တန်းစတင် မတက်ရောက်ခင် မိမိမျှော်မှန်းချက်နဲ့ ကိုက်ညီမှုရှိမရှိ ကြိုတင်လေ့လာသိရှိလိုသူတစ်ယောက်လား။

အစရှိတဲ့ မေးခွန်းများနဲ့အတူ တန်းခွဲလေးအကြောင်းကို အသေးစိတ်သိရှိလိုသူများအတွက်တန်းခွဲအဖွင့်မိတ်ဆက်ပွဲ (Open House Event)လေးကိုတော့ စက်တင်ဘာလ (၄) ရက်နေ့၊ ည(၈:၃၀) အချိန်မှာ အွန််လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ရန်အတွက် Registration Form ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ပါတည်း ဖော်ပြထားပါတယ်။

အဆိုပါ “အဖွင့်မိတ်ဆက်ပွဲ” (Open House Event) လေးမှာဆိုရင်တော့ သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမယ့် သင်ကြားရေးနည်းစနစ်များ၊ ဆရာ၊ဆရာမများအပြင် ယခင်တက်ရောက်သူ အတန်းသားများရဲ့ အကြံပြုချက်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများအပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြားသော အသေးစိတ်အကြောင်းအရာ သိလိုသည်များကို မေးမြန်း​သွားနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အောက်ဖော်ပြပါလင့်မှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြောကြားရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။

စာရင်းပေးသွင်းရန် လင့်ခ် - https://us06web.zoom.us/meeting/register/tZAsdumgrDsjG9L8lqxp_3aQ19sR6Uo2rt8S

#SpringUniversityMM
#SUM
❤10👍3