Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
သတင်းအတုအယောင်၊ သတင်းအမှားတွေကို အခုချိန်ထိ သေချာ မခွဲခြားနိုင်သေးဘူးလား?

ကျွန်တော်တို့နေ့စဥ်ဘဝမှာ ဒီဂျစ်တယ်နည်းပညာတွေ၊ ဆိုရှယ် ပလက်ဖောင်းတွေကို အသုံးပြုလာတာနှင့်အမျှ တစ်ဆက်တည်းမှာပဲ လူတွေကို တုန်လှုပ်စေတဲ့ သတင်းအတုအယောင်၊ သတင်းအမှားတွေဟာလည်း များစွာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒါ့ကြောင့် ဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုသူများအနေဖြင့် မိမိမျက်စိရှေ့ ရောက်လာတဲ့ သတင်းများကို ဘယ်လိုနည်းလမ်းများနှင့် အချက်အလက် မှန်/မမှန် စစ်ဆေးရမလဲဆိုတာ သိရှိထားဖို့ အရေးကြီးပါတယ်။

ထိုကဲ့သို့ လူကြီး၊လူငယ်မရွေး ပြည်သူ/သားတိုင်း သိရှိထားသင့်တဲ့ Media Literacy အကြောင်းကို နွေဦးတက္ကသိုလ်မှ “Digital Literacy Workshop” အမည်ဖြင့် ပညာဒါန ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေးတစ်ခု ယူဆောင်လာပါတယ်။

ယခု Workshop လေးပြီးဆုံးသွားတဲ့အခါ လူငယ်များအနေဖြင့် သတင်းအမှား၊ သတင်းအတုအယောင်များကို ခွဲခြားနိုင်သွားမယ့်အပြင် ပြည်သူတိုင်း သိသင့်သိထိုက်တဲ့ Media Literacy ကို နားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

ပညာဒါန Workshop လေးဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့်
-အသက် ၁၇-၂၈နှစ် အတွင်းဖြစ်ရပါမယ်။
-အင်တာနက်နှင့် ဖုန်း၊ကွန်ပျူတာ အစရှိတဲ့ ဒီဂျစ်တယ် ကိရိယာများ ရှိထားဖို့ လိုအပ်ပါတယ်။

ယခု ဆွေးနွေးပွဲကို ၄လ၊ ၂၂ရက် ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး အချိန်အားဖြင့် (၄)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

Link- https://ee-eu.kobotoolbox.org/single/Pbmw3m3n?returnUrl=https://t.me/+eqB1gS7G1qcyOTM1
❤19👍10🕊1
လူကြီး၊လူငယ်မရွေး ပြည်သူ/သားတိုင်း သိရှိထားသင့်တဲ့ Media Literacy အကြောင်းကို နွေဦးတက္ကသိုလ်မှ ပညာဒါန အနေဖြင့် “Digital Literacy Workshop” ဆွေးနွေးပွဲလေးတစ်ခု ကို အခမဲ့ လျှောက်ထားနိုင်မယ့် အချိန်နီးကပ်လာခဲ့ပါပြီ ။

ပုံမှန်ပြုလုပ်နေကြနှင့်မတူဘဲ ယခု workshop လေးကို April 29 မှာ စတင်မှာဖြစ်ပြီး အချိန် ၄ ပတ်အတွင်း စုစုပေါင်း (၁၆) နာရီ ပေးကာ တက်ရောက်ရမှာပဲ ဖြစ်ပါတယ်။

ယခု Workshop လေးပြီးဆုံးသွားတဲ့အခါ လူငယ်များအနေဖြင့် သတင်းအမှား၊ သတင်းအတုအယောင်များကို ခွဲခြားနိုင်သွားမယ့်အပြင် ပြည်သူတိုင်း သိသင့်သိထိုက်တဲ့ Media Literacy ကို နားလည် သဘောပေါက်သွားမှာမို့

လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။

Link- https://ee-eu.kobotoolbox.org/single/Pbmw3m3n?returnUrl=https://t.me/+eqB1gS7G1qcyOTM1
❤26👍10
နွေဦးတက္ကသိုလ် တွင် တက်ရောက်လျှက်ရှိသော ကျောင်းသူကျောင်းသားများ အားလုံးမင်္ဂလာပါ။

နွေဦးတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများ၏ ဒစ်ဂျစ်တယ် အသုံးချမှု စွမ်းရည်များ တိုးတက်စေရန် အလို့ငှာ သင်တန်းများ ဖွင့်လှစ်ပို့ချရန် ဆောင်ရွက်လျှက်ရှိပါသည်။ သို့ရာတွင် ယခုကောက်ယူလျှက်ရှိသော စစ်တမ်းတွင် ကျောင်းသူကျောင်းသားများ၏ တစ်ဦးစီ ပါဝင်ဖြေကြားမှုများသည် နွေဦးတက္ကသိုလ် အတွက် အထောက်အပံ့ကောင်း တစ်ရပ်လည်းဖြစ်ပါသောကြောင့် ယခု စစ်တမ်းကို ပါဝင်ဖြေကြားပေးရန် ဖိတ်ခေါ်လိုပါသည်။

ဤစစ်တမ်း သည် ကျောင်းသူကျောင်းသားများ၏ အကျိုးစီးပွား၊လိုအပ်ချက်များနှင့်အညီ နွေဦးတက္ကသိုလ် မှ အံဝင်ခွင်ကျဖြစ်သော သင်ယူမှုသင်တန်းများ၊ အရင်းအမြစ်အသစ်များ ဖော်ဆောင်ရန် ရည်ရွယ်ပါသည်။

ပုံပါ QR code မှ တဆင့်လဲ ဖြေဆိုနိုင်သလို အောက်ပါ link မှလဲ ဝင်ရောက် ဖြေဆိုနိုင်ပါသည်။

https://forms.gle/wt69Uyk5rBNt4NSq9

ကျေးဇူးတင်ပါသည်။
❤23👍11
👍6❤1
ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုသူများအတွက် “Advanced Debate Workshop”

မြန်မာဘာသာစကားဖြင့် စကားရည်လုခြင်း အရည်အသွေး အစပျိုးပြီးသား ကျောင်းသား၊လူငယ်တွေ အနေဖြင့် နိုင်ငံတကာ Debate စင်မြင့်ထက်မှာပါ ကျွမ်းကျင်မှု အတွေ့အကြုံများ ရရှိစေဖို့ ရည်ရွယ်ကာ နွေဦးတက္ကသိုလ်မှ ပြုလုပ်သွားမယ့် အွန်လိုင်းဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။

ယခု “Advanced Debate Workshop” ကို အပိုင်း(၂) ခုခွဲကာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

📌 ပထမတစ်ပိုင်းမှာတော့ မြန်မာကျောင်းသား/သူများအနေဖြင့် ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ English Lanuage ကို ဘာသာစကားအတားအဆီးတစ်ခုအနေဖြင့် မဖြစ်စေဖို့ Mock Debate Rounds များဖြင့် စမ်းသပ် လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

📌 ကျန်ရှိတဲ့ ဒုတိယအပိုင်းမှာတော့ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များနှင့် ပက်သက်ပြီး အတွေ့အကြုံများစွာ ရှိထားတဲ့ စီနီယာများမှ နိုင်ငံတကာ စကားရည်လုခြင်း စင်မြင့်များတွင် ဆောင်ရန်၊ရှောင်ရန်နှင့် သင်ခန်းစာများကို ပြန်လည်ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။

အချိန်အားဖြင့် (၇) ရက်တာ ပြုလုပ်သွားမယ့် “Advanced Debate Workshop” ကို နွေဦးတက္ကသိုလ်မှာ တက်ရောက်နေဆဲ၊ တက်ရောက်ခဲ့တဲ့ ကျောင်းသား/သူများ၊ နယ်ပယ်အသီးသီးမှ တွေးခေါ်ပြောဆိုမှု စွမ်းရည်ကို အစပျိုးပြီးသား လူငယ်များ လျှောက်ထားနိုင်ပြီး အနည်းဆုံး English နှင့် Debate အရည်အချင်းမှာ Pre-intermediate Level ရှိဖို့ လိုအပ်ပါတယ်။

ရွေးချယ်ခံရသူတစ်ယောက်ချင်းစီတိုင်းကို ယခုအွန်လိုင်းဆွေးနွေးပွဲတက်ရောက်နိုင်ဖို့ Internet Allowance များလည်း ပေးအပ်သွားမှာပါ။
မေလ (၁၃) ရက်နေ့မှ စတင်ကာ မေလ(၂၃) ရက်အထိ တစ်ပတ်တာ ကြာမြင့်သွားမှာဖြစ်ပြီး Timetable အသေးစိတ်ကို ဖော်ပြပါ ပုံလေးမှတဆင့် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

ပြည်တွင်းမှာသာမက နိုင်ငံတကာ Debate စင်မြင့်ထက်ကို အရောက်လှမ်းလိုတဲ့ ကျောင်းသား၊ လူငယ်များအတွက် အခွင့်အရေးတစ်ခုဖြစ်လို့ လက်မလွတ်တမ်း လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Application Deadline ကတော့ မေလ ၈ ရက်နေ့ ဖြစ်တာမို့ အောက်ပါ Link မှတဆင့် အသေးစိတ်အချက်အလက်များ ဖြည့်ကာ လျှောက်ထားနိုင်ပါပြီ။

Link - https://ee-eu.kobotoolbox.org/single/GrgzIlkD?returnUrl=https://t.me/+WRSiyG36nPhkYmI1

#SpringUniversityMM
#SUM
👍20❤19
မိဘပြည်သူများနှင့် ကျောင်းသား၊လူငယ်များအားလုံး မင်္ဂလာပါ ။

နွေဦးတက္ကသိုလ်ရဲ့ “School of Health” မှ “Diploma in Public Health Management and Crisis Setting” တန်းခွဲကို မကြာမီအချိန်အတွင်း ဖွင့်လှစ်သွားတော့မယ့် အကြောင်း သတင်းကောင်းပါးပါရစေ။

ကနဦးအနေနဲ့ အဆိုပါ ဒီလိုမာတန်းခွဲလေး မဖွင့်လှစ်မီ မှာတော့ အဖွင့်မိတ်ဆက်ခြင်း - Open House Event ကို ပြုလုပ်သွားဖို့ရှိပါတယ်။ ဒါ့ကြောင့် “Diploma” အကြောင်း စိတ်ဝင်စားသူများအားလုံး တက်ရောက်ကြဖို့ အထူးပဲ တိုက်တွန်း ဖိတ်ခေါ်လိုက်ရပါတယ်။

Open House အစီအစဥ်လေးကို June လ (၁) ရက် နေ့၊ မြန်မာစံတော်ချိန် မနက် (၁၀) နာရီမှ (၁၁) နာရီအတွင်း ZOOM platform မှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေဖြင့် အောက်ပါဖော်ပြထားသော ZOOM Link တွင် တစ်ခါတည်း register လုပ်ပြီး တက်ရောက်နိုင်ပါတယ်ခင်ဗျာ။

ဒါ့ကြောင့် နွေဦးတက္ကသိုလ်အကြောင်းစိတ်ဝင်စားသော လူကြီးမင်းများ၊ “Diploma in Public Health Management and Crisis Setting” ကို တက်ရောက်ဖို့ စီစဥ်ထားသော ကျောင်းသား၊လူငယ်များအားလုံးကို ယခု ဒီပလိုမာတန်းခွဲလေးရဲ့ “Open House Event” လေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။

စာရင်းပေးသွင်းရန် ZOOM Link-

https://us06web.zoom.us/meeting/register/tZAkde6qpzIjEtcH7pdjlM5yrwB9xD0uiCS0
❤15👍7
❤21👍4
“Diploma in Public Health Management in Crisis Settings” အတန်းကို စတင်လျှောက်ထားနိုင်ပါပြီ။

အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်၏ School of Heath မှ
ပြည်သူ့ကျန်းမာရေးအကျပ်အတည်းများကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန် လေ့ကျင့်သင်ကြားပေးသွားမည့် “Diploma in Public Health Management in Crisis Settings”
ဒီပလိုမာ ပရိုဂရမ်ကိို ကျောင်းသား၊ကျောင်းသူများထံ ယူဆောင်လာခဲ့ပါပြီ။

ပြည်တွင်း၊ပြည်ပမှ ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်း၍ ဖွင့်လှစ်သော အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်ဖြစ်သည့်အလျောက် သင်တန်းကာလ အစ/အဆုံး တက်ရောက်ချိန် (၉) လ ကြာမြင့်မှာဖြစ်ပြီး ပရိုဂရမ်တလျှောက်တွင် သင်ကြားရေးကာလအပိုင်းအခြား (Semester) ၃ ခု ခွဲကာတက်ရောက်ရမှာဖြစ်ပါတယ်။

အဆင်မြင့်ပညာရပ် ဒီပလိုမာ ပရိုဂရမ်တက်ရောက်နေစဉ်အတွင်း နိုင်ငံတကာမှ သီအိုရီများကို အခြေခံ၍ မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော ကိစ္စရပ်များ၊ ပကတိအနေအထားများကို ဦးတည်ကာလေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး

သင်ရိုးညွန်းတမ်းများအနေဖြင့် အောက်ပါအတိုင်းပါဝင်သွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ တက်ရောက်လိုပါက အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link - https://ee-eu.kobotoolbox.org/single/YO4x51OO?returnUrl=https://t.me/+OWWKDoZMNKVjNDM1

#SUM
👍19❤17
❤11👍5🖕1
Public Administration ကို စိတ်ဝင်စားကြသူများနှင့် SEM မှ ဖွင့်လှစ်ခဲ့သော Certificate in Introductory Public Administration (CIPA) အတန်း Batch (1-6) ကိုတက်ရောက်ဖူးကြသူများအတွက် ထပ်မံပြီး ဒီ နယ်ပယ်ကို ပိုပြီး ထဲထဲဝင်ဝင် လေ့လာချင်ရင်တော့ ဒီ course လေးကို တက်ရောက်လေ့လာဖို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။

သင်တန်းလေးကိုတော့ ဇွန်လ 30 ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး သင်တန်းချိန်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မနက် 9 နာရီမှ 12 နာရီထိ ZOOM platform မှတစ်ဆင့် ၈ ပတ်ကြာ သင်ကြားပေးသွားမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ။

ဒါ့အပြင် scholarship လျှောက်ထားနိုင်မယ့် အခွင့်အရေးလဲ ရှိတာကြောင့် စိတ်ပါဝင်စားသူတိုင်း register လုပ်နိုင်ဖို့ မျှဝေပေးလိုက်ရပါတယ် ခင်ဗျာ ။

#SUM
👍12❤11🕊2😁1
❤15👍13🕊4
❤6👍6
[English version below]

UNIVERSITÀ DI PARMA နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်း
 
ကျောင်းသားဗဟိုပြုပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နွေဦးတက္ကသိုလ်ဟာ Italy နိုင်ငံရှိ Public University တစ်ခုဖြစ်တဲ့ UNIVERSITÀ DI PARMA နှင့် တရားဝင် သဘောတူစာချွန်လွှာရေးထိုးခဲ့ကြောင်း ကျောင်းသား၊ပြည်သူများထံအသိပေးအပ်ပါတယ်။
 
ဤပူးပေါင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားလူငယ်များအတွက် ပညာရေးဆိုင်ရာ အစီအစဥ်များကိုအားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မကြာခင်မှာပင် ခရက်ဒစ်ရယူနိုင်ပြီး စိတ်ဝင်စားစရာကောင်းသောအတန်းတခုကို ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း စီစဉ်နေကြပြီ ဖြစ်ပါတယ်။
 
ထိုကဲ့သို့ UNIVERSITÀ DI PARMA နှင့် ပူးပေါင်းကာပြုလုပ်သွားမည့် ပညာရေးအစီအစဥ်များကို နွေဦးတက္ကသိုလ်မှ ကျောင်းသား၊လူငယ်များအားလုံးထံ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် မကြာမီကာလအတွင်း ဖွင့်လှစ်မည့်သင်တန်းများ နှင့် ပညာရေးဆိုင်ရာအခွင့်အလမ်းများအတွက် စောင့်မျှော်ပေးကြဖို့ တိုက်တွန်းရင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

Spring University Myanmar (SUM) is proud to announce a new memorandum of understanding (MOU) with Universitàdi Parma in Italy.
 
This exciting partnership will bring more joint educational programs for the youth in Myanmar. We are already working on delivering an interesting and accredited program through the partnership. Stay tuned for more updates!
 
#SpringUniversityMM
#SUM
❤85👍25👏5
နွေဦးတက္ကသိုလ်နှင့် Artists' Shelter တို့ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိစေမယ့် တန်းခွဲသစ်များကို မကြာမီအချိန်အတွင်း ယူဆောင်လာပါတော့မယ်။

မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များအားလုံးကို သတင်းကောင်းလေးတစ်ခု မျှဝေပေးလိုပါတယ်။ ထိုသတင်းကောင်းလေးကတော့- နွေဦးတက္ကသိုလ်အနေဖြင့် Artists’ Shelter နှင့်ပူးပေါင်းကာ လူငယ်များအတွက် အကျိုးရှိပြီး စိတ်ဝင်စားမယ့် တန်းခွဲသစ်များကို ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

လူငယ်တွေ စိတ်ဝင်စားမှုများပြားတဲ့ Basic film editing နဲ့ Script writing လိုသင်တန်းမျိုးတွေ၊ Basic Classical Guitar Workshop များကို လွန်ခဲ့တဲ့ Batch များမှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်လို့ ယခုတစ်ခါမှာလည်း ဘယ်လို သင်တန်းမျိုးကို တက်ရောက်လိုသလဲဆိုတာ Comment မှာ ဖော်ပြပေးသွားပါဦးနော်။

မကြာမီအချိန်အတွင်းမှာ သင်တန်းအကြောင်းအရာ အသေးစိတ်ကို ယူဆောင်လာတော့မှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

#SpringUniversityMM
#SUM
👍90❤80👏15🎉5👎1
မင်္ဂလာပါခင်ဗျာ

နွေဦးတက္ကသိုလ်ရဲ့ August လအတွင်း စတင်သင်ကြားတော့မယ့် Diploma in Computer Science အစီအစဉ်မှာ တက်ရောက်ခွင့်ရတဲ့ ကျောင်းသားများကို email မှတဆင့် ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်ပါ၍ email များစစ်ပေးဖို့ ကျောင်းသား၊ ကျောင်းသူများကို တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
❤65👍55🥰30😁8🤮4
❤14👍3
သင့်ရဲ့အရေးအသားတိုင်းကို ယုံကြည်ချက်ရှိရှိဖြင့် ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ဖွင့်လှစ်မယ့် “Creative Writing Class”

Writing ကို ကျောင်းသားလူငယ်များ ကျွမ်းကျင်စွာ ရေးသားနိုင်ဖို့ နွေဦးတက္ကသိုလ်နှင့် U.S. Department of State တို့ပူးပေါင်းကာ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်လိုက်တဲ့ “Creative Writing Class” မှာ

📍မတူညီသော အရေးအသားပုံစံများကို ဘယ်လိုနည်းလမ်းများဖြင့် ချဥ်းကပ်ရမလဲဆိုတာ လေ့လာရမှာဖြစ်တဲ့အပြင်
📍 Writing မှာ အဓိက ဇာတ်ဆောင်အနေဖြင့် ပါဝင်နေတဲ့ Reading and Vocabulary Skills သင်ခန်းစာများလည်း ပါဝင်သွားမှာပါ။


✅ သင်တန်းချိန်အားလုံးကို Zoom Platform မှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပြီး သြဂုတ်လ (၂၄) ရက်နေ့မှ စတင်ကာ အပတ်စဥ် စနေနှင့်တနင်္ဂနွေနေ့များမှာ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၁၀ နာရီအတွင်း တက်ရောက် ရမှာ ဖြစ်ပါတယ်။ သင်တန်းကာလစုစုပေါင်း (၈)ပတ်တိတိကြာမြင့်မှာဖြစ်ပါတယ်။

✅ သတင်းကောင်းတစ်ခုအနေဖြင့် ယခု “English for Academic Purposes” သင်တန်းမှာ Scholarship တန်းခွဲဖြစ်လို့ လျှောက်ထားသူများမှာ ပညာဒါန အနေဖြင့် အစ/ဆုံး တက်ရောက်နိုင်မှာပါ။

စိတ်ဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် ဩဂုတ်လ ၂၀ ရက်နောက်ဆုံးထားပြီး စာရင်းပေးသွင်းအပ်နှံနိုင်ပါပြီ ခင်ဗျာ။

Link - https://ee-eu.kobotoolbox.org/single/OK9KHdR4?returnUrl=https://t.me/+HZWczecdkEo4ZmM1

#SpringUniversityMM
#SUM
❤58👍36❤‍🔥3🥰2👎1🔥1👏1