Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
သင်ဟာ UX/UI Designer တစ်ယောက်ဖြစ်လိုပြီး ဘယ်ကနေစပြီးလေ့လာရမှန်းမသိဖြစ်နေပါသလား…

ဒါဆိုရင်တော့ နွေဦးတက္ကသိုလ်ရဲ့ STEM School မှ မကြာခင်မှာ ဖွင့်လှစ်တော့မယ့် (၁၀) ပတ်တာ UX/UI Design သင်တန်းကိုလျှောက်ထားပြီး UX (User Experience) နဲ့ UI (User Interface) Design တွေရဲ့ အခြေခံများကို ပြည့်ပြည့်စုံစုံသင်ကြားဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်။

သင်တန်းပြီးဆုံးပါက UX/UI Field ထဲကို အခြေခံကောင်းတွေနဲ့ ယုံကြည်မှုရှိရှိဝင်ရောက်နိုင်ဖို့အတွက် လျှောက်ထားလိုသူတွေအနေနဲ့
သင်တန်းအကြောင်းအရာအသေးစိတ်ကို အောက်ပါပုံမှတဆင့်ကြည့်နိုင်ပါတယ်။

သင်တန်းကာလအနေနဲ့ (၁၀) ပတ်ကြာမြင့်သွားမှာဖြစ်ပြီး

📌 UX/UI နယ်ပယ်ထဲကို ယုံကြည်မှု ရှိရှိနဲ့ ခြေလှမ်းစစေနိုင်ဖို့အတွက် အဓိကလိုအပ်မယ့် သိသင့်သိထိုက်တဲ့ သီအိုရီများ

📌 ကိုယ်တိုင် စမ်းသပ်လုပ်ဆောင်ခွင့်ရမယ့် လက်တွေ့လုပ်ဆောင်မှုများအတွက် အခြေခံသိရှိထားသင့်တဲ့ Adobe Illustrator, Figma , Photoshop တို့လို Tools အသုံးပြုပုံများအပါအဝင်

📌 UI/UX နယ်ပယ်အတွင်းမှာ သိထားရမယ့် ပညာရပ်ဆိုင်ရာ အခြားသော Tips and Tricks တွေကို လေ့လာသွားနိုင်မှာပဲဖြစ်ပါတယ်။
သင်တန်း လေးကို စတင်ဖွင့်လှစ်သွားမှာကတော့ November လ 9 ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး စနေ၊တနင်္ဂနွေ နေ့တိုင်းမှာ ညစဉ် (၆:၀၀) နာရီ မှ (၈:၀၀) နာရီအထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

စိတ်ဝင်စားလို့ တက်ရောက်ချင်တဲ့ကျောင်းသား၊ကျောင်းသူများအနေနဲ့ အောက်ပါလင့််ခ်လေးမှ တဆင့် လျှောက်ထားနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/UjEKDJGd?returnUrl=https://t.me/+eqB1gS7G1qcyOTM1
❤31👍18☃3🐳2
မကြာခင်မှာ ပြုလုပ်သွားမယ့် “သဘာဝပတ်ဝန်းကျင်ရေးရာ ဘာသာရပ်၏အရေးပါသော ကဏ္ဍ” Webinar

ကျောင်းသား၊ကျောင်းသူများခင်ဗျာ

နွေဦးတက္ကသိုလ်ရဲ့ STEM School မှ “The Importance of Environmental Education” ဆိုတဲ့ Webinar လေးတစ်ခုကို မကြာခင်အချိန်တွင်းမှာ ပြုလုပ်သွားဖို့ရှိပါတယ်။

Webinar လေးအတွင်းမှာတော့ အဓိကအားဖြင့်

📍 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ကို စဉ်ဆက်မပြတ်သင်ယူသင့်သည့် အကြောင်းအရင်းများ

📍 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်နှင့် ဒေတာများကို ခက်ခဲသောကာလများတွင် ရယူနိုင်မည့် နည်းလမ်းများ နှင့်

📍 သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ကိုလေ့လာရာမှာ သိထားသင့်တဲ့ ဒေတာအချက်အလက် ၊ Case studies များကို
လေ့လာသွားရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ ဖြန့်ဝေမြှင့်တင်ပေးရန် ဗဟုသုတများ ၊ သက်ဆိုင်ရာ သတင်းအချက်အလက်ရယူပုံနည်းလမ်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးလျှော့ချခြင်း လုပ်ငန်းစဉ်များကိုပါ လေ့လာသွားနိုင်မှာဖြစ်လို့ အချိန်မီ လျှောက်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။

Webinar လေးပြုလုပ်သွားမယ့် နေ့ရက် နဲ့ အချိန်တွေကတော့
November လ  28 နေ့ ည (၇:၀၀) နာရီ မှ (၈:၃၀) နာရီ အချိန်အထိပဲ ဖြစ်ပြီး စိတ်ဝင်စားလို့ လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှ တဆင့်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/OvXVnM1f?returnUrl=https://t.me/+Kquno5iMQAgyZmRl
❤31👍13🤣1
Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းကာ ကျောင်းသား/သူ (၃) ဦးကို Credit (24) ခုနှင့် ညီမျှသည့် တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမည့် အစီအစဥ်

ဒီနေ့မှာ နွေဦးတက္ကသိုလ်နှင့် MOU ရေးထိုးထားသော Arizona State University နှင့် ကျောင်းတော်ကြီးတို့ ပူးပေါင်းကာ ကျောင်းသား/သူ (၃) ဦးကို တစ်နှစ်တာ ပညာသင်ဆု ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ထိုပညာသင်ဆုကို ရရှိမည့် ကျောင်းသားများမှာ- Arizona State University မှ နိုင်ငံတကာ ကျောင်းသားများအတွက် ဖွင့်လှစ်သည့် အွန်လိုင်း တန်းခွဲ (၈) ခုကို မိမိစိတ်တိုင်းကျ ရွေးချယ်တက်ရောက်နိုင်ပြီး တန်းခွဲ (၁)ခုကို Credit (3) ခုနူန်းဖြင့် နိုင်ငံတကာအသိအမှတ်ပြု Credit (24) ခုကို ပညာသင်ဆုဖြင့် ရယူနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းသားများအနေဖြင့် ထိုတန်းခွဲ (၈) ခုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအတွင်း အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားများ ရွေးချယ် တက်ရောက်နိုင်သော တန်းခွဲအသေးစိတ်ကို အောက်ပါ Link မှ တစ်ဆင့် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Link- https://ea.asu.edu/courses-and-certificates/

ဒီလိုအခွင့်အရေးကောင်းတစ်ခုကို လျှောက်ထားလိုသော ကျောင်းသားများအနေဖြင့်-
(၁) ပထမအဆင့်- ဖော်ပြပါ Application Form ကိုဖြည့်ကာ လိုအပ်သော Essay များကို စနစ်တကျ တင်ပြဖို့ လိုအပ်ပါတယ်။
(၂) ဒုတိယအဆင့်- ပထမအဆင့် အောင်မြင်သော ကျောင်းသားများကို အင်တာဗျူးခေါ်ယူပြီး ဆက်လက်ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

လျှောက်ထားရန် Link- https://ee-eu.kobotoolbox.org/single/DyItJUW0

မြန်မာနိုင်ငံတစ်ဝန်းမှ ကျောင်းသား/သူ၊ လူငယ်များအနေဖြင့် ယခုလို ပညာသင်ဆု အခွင့်အရေးကို လက်မလွတ်တမ်း လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
❤37👍7
❤45👍18
Certificate in International finance

နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး သွင်းကုန်၊ ထုတ်ကုန်များနဲ့စပ်လျဉ်းလို့ ငွေကြေးအပြောင်းအလဲများ၊ စီးပွားရေးဆိုင်ရာ နိယာမများကို လေ့လာလိုတဲ့ ကျောင်းသူ၊ကျောင်းသားများအတွက် ‌နွေဦးတက္ကသိုလ်မှ Certificate in International Finance တန်းခွဲလေးကို စတင်မိတ်ဆက်လိုက်ပါတယ်။

ယခုတန်းခွဲကို မတ်လ (၈) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၄ နာရီမှ ၅ နာရီခွဲအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (5) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၄၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link -
https://ee-eu.kobotoolbox.org/single/ogiQuq2n?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤8👍4🥰2
Certificate in Innovation Management

ဆန်းသစ်ပြောင်းလဲခြင်း၊ တီထွင်ခြင်း” ကို စိတ်ပါဝင်စားပြီး လူထုအကျိုးပြု စီမံကိန်းတွေကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကျောင်းသား လူငယ်များအတွက် Certificate Course in Innovation Management တန်းခွဲလေးကို စတင်ဖွင့်လှစ်လိုက်ပါပြီ။

Innovation နှင့် Social Entrepreneurship ကြားက ဆက်စပ်မှုတွေကို သိရှိလာမယ်။

လူတွေရဲ့ လိုအပ်ချက်အရ အသုံးပြုနေတဲ့ ပစ္စည်းတွေကို ပိုပြီး သက်တောင့်သက်သာရှိတဲ့ အရာတွေအဖြစ် ဘယ်လိုနည်းလမ်းတွေနဲ့ ပြောင်းလဲနိုင်မလဲဆိုတာ အခြေခံအနေနဲ့ သိရှိလာမှာပဲ ဖြစ်ပါတယ်။

ယခုတန်းခွဲကို မတ်လ (6) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် ကြာသပတေးနေ့ ညနေ ၇း၃၀ မှ ၉နာရီ ခွဲအချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (5) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၄၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link-

https://ee-eu.kobotoolbox.org/single/9UXtT85T?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤7👍2
လုပ်ငန်းတစ်ခု ရေရှည်မှာကောင်းစွာရပ်တည်နိုင်ပြီး စနစ်ကျတဲ့ ငွေကြေးစီမံခန့်ခွဲမှု ၊စာရင်းကိုင် ပညာရပ်တွေနဲ့ လည်ပတ်နိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ School of Economics and Management မှ “Certificate in Financial accounting” ဆိုတဲ့ သင်တန်းလေးကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

Entry job level တွေအတွက် အခြေခံ စာရင်းကိုင် သဘောတရားတွေကို လေ့လာလိုတယ်ဆိုရင်တော့ ဒီသင်တန်းလေးကကျောင်းသား၊ကျောင်းသူများအတွက် အချိန်မှန်၊နေရာမှန်ပဲဖြစ်ပါတယ်။
ယခုတန်းခွဲကို မတ်လ (9) ရက်နေ့မှာ စတင်သွားမှာဖြစ်ပြီး အပတ်စဥ် တနင်္ဂနွေနေ့များတွင် ညနေ ၇း၀၀ မှ ၉း၀၀ အချိန်အတွင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ စုစုပေါင်း (၈) ပတ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၅၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
Link-
https://ee-eu.kobotoolbox.org/single/xruwemmq?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤12🥰1
Certificate in Financial Management

ဘဏ္ဍာရေး (သို့မဟုတ်) ငွေကြေးစီမံခန့်ခွဲမှု နယ်ပယ်ကို စတင်ဝင်ရောက်လိုသော လူငယ်များအတွက် အခြေခံမှ စတင်သင်ကြားပေးသွားမယ့် တန်းခွဲတစ်ခု ဖြစ်ပါတယ်။

ယခုအတန်းကိုတော့ အထက်တန်းပညာပြီးဆုံးထားပြီး Financial Management ကို စိတ်ဝင်စားတဲ့ လူကြီး/ငယ်မရွေး တက်ရောက်နိုင်ပါတယ်။

March လ (၈) ရက်နေ့မှာ ယခုတန်းခွဲကို စတင်မှာဖြစ်ပြီး ကျောင်းသား/သူများအတွက် စာသင်ကြားရာမှာ ကောင်းစွာအထောက်အကူဖြစ်စေဖို့ Class Activities တွေ၊ Quiz လေးတွေပါ ဖန်တီးပေးထားပါတယ်။

အပတ်စဥ် စနေနှင့် တနင်္ဂနွေနေ့များတွင် ညနေ ၇း၀၀ မှ ၉း၀၀ အချိန်အတွင်း တက်ရောက်ရမှာဖြစ်ပြီး သင်တန်းအစ/ဆုံး (၆၀,၀၀၀) တိတိကျသင့်မှာပါ။

စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။

Link-

https://ee-eu.kobotoolbox.org/single/sY1IZvAr?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤13👍1
Certificate in Social Entrepreneurship

ယခုကာလမှာ လူထုအကျိုးပြု စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လိုပြီး စွန့်ဦးတီထွင်သူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေစိတ်ထားနဲ့ လူမှုပတ်ဝန်းကျင်မှာ အကျိုးပြုပုံကို လေ့လာလိုတဲ့ ကျောင်းသားလူငယ်များစွာ တွေ့မြင်လာရတဲအ့တွက် ပီတိဖြစ်မိပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီလိုမျိုး စွန့်ဦးတီထွင်ခြင်းကို စိတ်ပါဝင်စားတဲ့ လူငယ်များအတွက် လူမှုအကျိုးပြု စွန့်ဦးတီထွင်ခြင်းဆိုင်ရာ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာသိရှိသွားနိုင်ဖို့အတွက် Certificate in Social Entrepreneurship နွေဦးတက္ကသိုလ်ရဲ့ “School of Economics and Management” မှ ဖွင့်လှစ်လိုက်ပါပြီ။

မတ်လ (၇) ရက်နေ့မှာ ယခုတန်းခွဲကို စတင်သွားမှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (၅) ပတ်ခန့် ကြာမြှင့်သွားမှာဖြစ်ပါတယ်။ အပတ်စဥ် သောကြာနေ့ ညနေ (၇း၃၀ မှ ၉ နာရီ) အချိန်အတွင်း တက်ရောက်ရမှာပါ။

လူငယ်များအတွက် သင်ယူ၊ လေ့လာစရာများပြားတဲ့ ပညာရပ်တစ်ခုဖြစ်တဲ့အတွက် လက်လွတ်မခံတော့ဘဲ အောက်ပါ Link မှ တစ်ဆင့် စာရင်းပေးသွင်းလိုက်ရအောင်။

Link -

https://ee-eu.kobotoolbox.org/single/kMGsUhNF?returnUrl=https://t.me/+N1ErJiJR8npjMTNl

#SpringUniversityMM
#SUM
❤12👍3
Diploma in English Language Teaching (DELT) Semester 2 အတွက် စတင်လျှောက်ထားနိုင်ပါပြီ။

အင်္ဂလိပ်ဘာသာစကား သင်ကြားရေးနယ်ပယ်မှာ ဘာသာရပ်ကို သင်ယူလေ့လာသူအဆင့်မှ သင်ကြားသူဆရာဖြစ်ဖို့ ဆရာအတတ်သင် လေ့လာမှုသိရှိထားမှုတွေဟာ မဖြစ်မနေလိုအပ်ပါတယ်။

ဒါ့ကြောင့် မိမိတို့ဝါသနာပါတဲ့ ဆရာလုပ်ငန်းကို အတတ်ပညာ ဝမ်းစာပြည့်၀စွာနဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်စေဖို့အတွက် နွေဦးတက္ကသိုလ်ရဲ့ “School of Foreign Languages and Cultures” မှ “Diploma in English Language Teaching (DELT) Batch 2 ရဲ့ Semester 2 အတန်းများကို စတင်ဖွင့်လှစ်သွားတော့မှာပဲဖြစ်ပါတယ်။

ကျောင်းသားလူငယ်များအနေနဲ့

📌 အင်္ဂလိပ် ဘာသာစကားဆိုင်ရာ သီအိုရီ နှင့် သင်ကြားရေးနည်းစနစ်တွေကို လက်တွေ့ မှာ ကောင်းစွာ ပြန်လည် အသုံးချရင်း ကျွမ်းကျင်သော ဆရာတစ်ဦးဖြစ်ဖို့ရန် အတတ်ပညာဝမ်းစာဖြည့်ထားချင်တယ်။

📌 ဘာသာစကားဆိုင်ရာ သင်ယူခြင်းနဲ့ သင်ကြားခြင်း နယ်ပယ်ကို သုတေသနရှုထောင့်မှတဆင့် ချဉ်းကပ်လေ့လာချင်တယ်။

📌 အင်္ဂလိပ်ဘာသာစကားကို အထိရောက်ဆုံး သင်ကြားပို့ချပေးနိုင်ဖို့အတွက် မဖြစ်မနေ သိရှိထားရမယ့် အခြေခံ သင်ကြားရေးနည်းစနစ်တွေကိုလည်း ဝါရင့် ပညာရှင်များထံမှ သင်ယူသွားချင်တယ်။

📌 ဒါ့အပြင် နောက်ဆုံးအနေနဲ့ ရွယ်တူသင်တန်းသားများအကြား အင်္ဂလိပ်ဘာသာစကား သင်ကြားရေးဆိုင်ရာ အခြေခံသဘောတရား ၊ နည်းစနစ်များကို အတွေးဖလှယ်ဆွေးနွေးကြရင်း အပြန်အလှန် သင်ယူသွားဖို့ဆန္ဒရှိတယ်ဆိုရင်တော့ အခုသင်တန်းလေးကို လက်လွတ်မခံဖို့ တိုက်တွန်းချင်ပါတယ်။

စာရင်းပေးသွင်းရန်လင့် -

https://ee-eu.kobotoolbox.org/single/fHCrDF3A?returnUrl=https://t.me/+hWedlKjnQfQ5OTNl
❤13👍4
ဉာဏ အသိပညာနဲ့ ပြုလုပ်ထားတဲ့ တီထွင်ဖန်တီးမှုတွေကို အကာအကွယ်ပေးနိုင်ဖို့ Intellectual Property Law သင်တန်း

ကျောင်းသား၊ကျောင်းသူများအနေနဲ့ ဒီသင်တန်းလေးကို အချိန်ပေးပြီးတက်ရောက်လိုက်တာနဲ့

📍 ဉာဏပစ္စည်း မူပိုင်ခွင့်အကြောင်း အခြေခံသဘောတရားတွေကိုလေ့လာသွားနိုင်မယ်

📍 ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်သားဖွယ်ဖြစ်ရပ်တွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျင့်သုံးနေကြတဲ့ ရှုထောင့်လုပ်ငန်းစဉ်တွေနဲ့ ချိန်ထိုးလေ့လာသွားနိုင်မယ်။

📍 ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက Cases studies များ ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ နဲ့ အတူ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံမှ အနီးကပ်လေ့လာသင်ကြားသွားနိုင်မယ့်အပြင် သင်တန်းအဆုံးမှာလည်း သင်တန်းတလျှောက် ဘာသာရပ်ဆိုင်ရာ နားလည်မှုအကဲဖြတ်ခြင်းများ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။

သင်တန်းလေးကိုဆိုရင်တော့ မတ်လ (၂၉) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်လေးတွေကတော့ အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာစံတော်ချိန် မနက် (၁၁:၀၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ကျောင်းသား၊ကျောင်းသူများအနေနဲ့ သင်တန်း လေးကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/Gtxu9JvZ?returnUrl=https://t.me/+ikO3gYb9Q05mNDJl
❤11
အင်္ဂလိပ်၊ ကိုးရီးယားနှင့် ဂျာမန် ဘာသာစကားတို့ကို နွေဦးတက္ကသိုလ်မှာ လေ့လာကြမယ်။

ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှ ဖြေးဖြေးမှန်မှန်ဖြင့် အစဥ်မပြတ် လေ့လာသွားဖို့ပဲ အရေးအကြီးဆုံးဖြစ်ပါတယ်။

ထိုကဲ့သို့ နိုင်ငံခြားဘာသာစကားသစ်များကို ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများသာမက ဝါသနာ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လေ့လာလိုသူများအတွက် နွေဦးတက္ကသိုလ်မှ မတ်လအတွင်း တန်းခွဲ (၄) ခု

German A 1.1
Emphasize Speaking and Listening English Class
General English Intermediate
Basic Korean 4 skills
Korean Level-1
English Reading Skills (Batch-1) ကို ဖွင့်လှစ်ထားတာမို့

ကျောင်းသားများအနေဖြင့် စိတ်ဝင်စားတဲ့ နိုင်ငံခြား ဘာသာစကားအပြင် မိမိလက်ရှိ အရည်အချင်းနှင့် ကိုက်ညီသည့် တန်းခွဲများကို ရွေးချယ်အပ်နှံရအောင် ဝေမျှပေးချင်ပါတယ် ခင်ဗျာ။

https://www.facebook.com/share/p/161fqUBfsy/?mibextid=wwXIfr

#SUM
❤31👍3🔥1
အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေသော လူငယ်များအတွက် နွေဦးတက္ကသိုလ်ရဲ့ “Unlocking Your Academic Future” Webinar

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နွေဦးတက္ကသိုလ်မှ အဆင့်မြင့်ပညာရေး လေ့လာဖို့ ကြိုးစားပြင်နေတဲ့ လူငယ်များအတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါတယ်။

လူငယ်အများစု ကောလိပ်နှင့် ဘွဲ့လွန်ပညာရေးကို ဆက်လက်တက်ရောက်နိုင်ဖို့ လူအား၊ ငွေအားနှင့်ရင်းပြီး အချိန်များစွာ ပြင်ဆင်မှုများစွာ ပြုလုပ်ရလျက်ရှိပါတယ်။

ထိုသို့ အင်အားစိုက်ထုတ်ရတာနှင့် ထိုက်တန်တဲ့ ပညာရေးပြန်လည်ရရှိဖို့ မှန်ကန်တဲ့ ကောလိပ်နှင့် ဘွဲ့လွန်ပညာရပ်တွေကို ရွေးချယ်ဖို့ လိုအပ်သလို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေမည့် ပညာသင်ဆုများ ရရှိစေဖို့ မှန်ကန်တဲ့ လမ်းညွှန််မှုများ လိုအပ်ပါတယ်။

နွေဦးတက္ကသိုလ် အနေဖြင့် ထိုကဲ့သို့ ကြိုးစားနေသည့် ကျောင်းသားလူငယ်များအတွက် “Unlocking Your Academic Future: College & Graduate School Readiness” အမည်ရတဲ့ Webinar လေးကို စီစဥ်လိုက်ပါတယ် ခင်ဗျာ။

ကျင်းပပြုလုပ်မည့်နေ့ရက်- မတ်လ (၂) ရက်နေ့
အချိန်- ညနေ ၇-၉ နာရီ (မြန်မာစံတော်ချိန်)
အသုံးပြုမည့်ပလက်ဖောင်း - Zoom

Register Here -

https://zoom.us/meeting/register/uXjge0tIRDOHQFQUQMjpAw

နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲများထဲမှ တစ်ခုဖြစ်တဲ့ “School of Foreign Language and Culture” မှ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပြီး

-မှန်ကန်တဲ့ ပညာရေးလမ်းကြောင်းကို ကျောင်းသားတွေ လျှောက်လမ်းနိုင်ဖို့၊
-ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာသင်ဆုများကို စနစ်တကျ ပြင်ဆင်နိုင်ဖို့၊
-ကျောင်းလျှောက်ပုံ အဆင့်ဆင့်ကို လူငယ်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ။

ဒါ့ကြောင့် သင်က ယခုအချိန်မှာ အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လက်မလွတ်တမ်း လာရောက် နားဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
🥰9👍6❤5
❤18👍2🤩1