Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
“ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး” လို့ ကြွေးကြော်ရင်း ဖယ်ဒရယ်စကားဝိုင်းတွေမှာလဲ အချက်ကျကျ ပါဝင်ဆွေးနွေးလိုသူတစ်ယောက်လား။

ဖယ်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ နိုင်ငံသားတိုင်း တန်းတူညီမျှရေးကို ပြေးမြင်ကြမယ်ထင်ပါတယ်။

ဒီလို နိုင်ငံသားတိုင်းအခွင့်အရေးရရှိလာတာနဲ့တပြိုင်နက် ကျွန်တော်တို့ နိုင်ငံရေးအသိပညာ ပြည့်ဝနေဖို့လိုအပ်ပါတယ်။ အကြောင်းက နိုင်ငံရေးအသိမပြည့်ဝတဲ့ အရေအတွက်များလာတဲ့အခါ ဘယ်လောက်ပဲ ဖယ်ဒရယ် ပြောပြော သွားသလောက် ခရီးရောက်မှာမဟုတ်ပါဘူး။

ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်း အိပ်မက်တစ်ခုဖြစ်တဲ့ ဖယ်ဒရယ်စနစ်ကို လူတိုင်း နားလည်ဖို့
လိုအပ်ပါတယ်။ ထို့နည်းတူစွာ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်ပြီး အမှန်တရားဘက်က မားမားမတ်မတ်
ရပ်တည်နိုင်ဖို့ Introduction to Federalism တန်းခွဲလေးနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီတန်းခွဲလေးမှာ ဖယ်ဒရယ်စနစ်ရဲ့အခြေခံသဘောတရားတွေ၊ ဖယ်ဒရယ်အစိုးရများရဲ့ အာဏာခွဲဝေမှုပုံစံတွေ၊ စုံလင်ကွဲပြားမှုတွေကို ဘယ်လို စံမံခန့်ခွဲပြီး ဖွံ့ဖြိုးတိုးတက်မှုကိုမောင်းနှင်သွားမလဲစတဲ့ အကြောင်းအရာတွေကို သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

💡 ဘယ်သူတွေက သင်ကြားပို့ချပေးသွားမှာလဲ?

ဒီတန်းခွဲလေးမှာ အတွေ့အကြုံရှိ ဝါရင့်ပညာရှင်နှစ်ဦးမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

ပထမတစ်ဦးကတော့ EAOs, CSOs တွေအပြင် နိုင်ငံရေးပါတီတွေနဲ့ လက်တွဲပြီး ငြိမ်းချမ်းရေး၊ Politics & Federalism စတဲ့ အခန်းကဏ္ဋတွေမှာ ရာစုနှစ်တစ်ခုကျော်ထိ ပါဝင်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ Australia နိုင်ငံ၊ Innsbruck University မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဖယ်ဒရယ်စနစ် နှင့် အီတလီနိုင်ငံ၊ Bozen မှာရှိတဲ့ Eurac Research - Institute for Regional Development တို့ မှာ လေ့လာသင်ကြားခဲ့သူတစ်ဦး အဖြစ်လဲ ပါဝင်ခဲ့ပါတယ်၊

ဒုတိယတစ်ဦးကတော့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုပြည်နယ်မှ Bachelor Degree ကိုရရှိခဲ့ပြီး Master Degree ကို Williams College မှာ တက်ရောက်ရရှိခဲ့ပါတယ်။ ကျောင်းသူ၊သားများအတွက် အမေရိကန်
ပညာရေးရဲ့ တက္ကသိုလ်တွေမှာ Director of Admissions နဲ့ အကဲဖြတ်သူတစ်ဦးအဖြစ်လဲ လုပ်ဆောင်ခဲ့ပါတယ်။

ဒါအပြင် Think Tanks အဖွဲ့အစည်းတွေမှာလဲ အလုပ်အမှူဆောင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်
ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

💡 ကဲ...ဒါဆိုရင် ဒီတန်းခွဲလေးကို တက်ရောက်လိုက်တာနဲ့ ယခင်ကထက် ဘာတွေပြောင်းလဲသွားမလဲ ?

✅ ဖယ်ဒရယ်စနစ်ရဲ့ အခြေခံသဘောတရားတွေမှ စတင်လို့ ဖယ်ဒရယ်ဆိုတာဘာလဲ၊ အာဏာရှင် စနစ်ကို တွန်းလှန်ပြီး တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပြည်နယ်တွေကြား အာဏာခွဲဝေမှုပုံစံကို နားလည်သဘောပေါက်သွားမယ်။

✅ ဖယ်ဒရယ်စနစ်ကို ကြေကြေညက်ညက် နားလည်ရုံမကဘဲ ဖယ်ဒရယ်စနစ်ရဲ့ လည်ပတ်ပုံနဲ့ စပ်လျဉ်းပြီး အားနည်းချက်၊ အားသာချက်တွေကို သိရှိနားလည်သွားမယ်။

✅ တိုင်းရင်းသားညီအစ်ကိုသွေးချင်းနဲ့အတူ တန်းတူညီမျှရေးကို ရှေးရူပြီး နိုင်ငံရေးစကားဝိုင်းတွေရဲ့ ပြောကြားချက်တွေကို ကွင်းဆက်မိမိ ချိတ်ဆက်နိုင်သွားမယ်။

ဒါ့အပြင် ကျောင်းသား၊သူများရဲ့ အတွေးအမြင်တွေ ရင့်သန်တိုးတက်စေဖို့ အားလုံးပါဝင်ဆွေးနွေးလို့ရမယ့် Debate ဆန်ဆန်စကားဝိုင်းတွေ၊ ဆွေးနွေးချက်တွေနဲ့ အခြားမျှောင့်လင့်မထားတဲ့အစီစဉ်တွေလဲ ပါဝင်သွားမယ်။

💡 သင်ကြားရမည့် သင်ခန်းစာများအသေးစိတ်ကို ဖော်ပြပါ Poster လေးထဲမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ။

July (19) ရက်နေ့မှ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (5) ပတ်ခန့်ကြာမြှင့်သွားမှာဖြစ်ပါတယ်။

တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး ညနေ(၇) နာရီ မှ (၉)နာရီ အထိ အပတ်စဉ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

တန်းခွဲတစ်ခုကို သင်တန်းသား (၄၀) ပဲ လက်ခံသွားမှာဖြစ်လို့ ဖော်ပြပါ Link လေးမှ တဆင့် အမြန်ဆုံး
စာရင်းပေးထားဖို့ အကြံပြုပါရစေခင်ဗျာ။

Registration form : https://forms.gle/7EJhLBrS1FzE2v5h7

Payment Method နဲ့ပတ်သက်ပြီး အသေးစိတ်ကို Registration Form လေးထဲက Telegram Channel Link လေးထဲမှာ ဖော်ပြပေးထားတာမို့ Join ထားဖို့ မမေ့ပါနဲ့နော်။

ဖယ်ဒရယ်လို့ ပြောရင် ရာဇဝတ်မှူတစ်ခုလို ဖြစ်ခဲ့တဲ့ကာလကနေ ခုချိန်မှာတော့ စစ်မှန်တဲ့ ဖယ်ဒရယ်စနစ်
ပိုမိုကျယ်ပြန့်လာနိုင်ဖို့ သူငယ်ချင်းမိတ်ဆွေတွေကိုလဲ မျှဝေလိုက်ရအောင်။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ အသစ်သစ်သော အကြောင်းအရာတွေကို မျက်ခြေမပြတ်ဖို့တွက် Telegram Channel လေးကိုလဲ Join ထားပေးကြပါဦးနော်။
အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုးတက်မှုက မြန်မာနိုင်ငံကို ရိုတ်ခတ်လာရင် ဘယ်လိုပြင်ဆင်ထားသင့်လဲ။

China က မြန်မာနိုင်ငံရဲ့ အဓိက Exporter တစ်ခုဖြစ်သလို Total FDI ရဲ့ 31 % က China ဖြစ်တဲ့တွက်
မြန်မာနိုင်ငံတွက် ဒုတိယအကြီးဆုံး Investor ပါ။ China ရဲ့ Garment & Textile လုပ်ငန်းတွေကလဲ လူဦးရေ ၄ သိန်းလောက်ကို အလုပ်အကိုင်ပေးထားနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတင်မကဘဲ ကမ္ဘာကိုပါ ခြေဆန့်နိုင်ခဲ့ပါတယ်။

US လို ဒိတ်ဒိတ်ကြဲ နိုင်ငံတောင် China ရဲ့ Trade တိုးတက်မှုကြောင့် 2016 ကနေ 2018 အတွင်း အလုပ်အကိုင် 3.7 Million လောက် ပျောက်ဆုံးခဲ့ရပါတယ်။

ဒါလို အန္တရာယ်ကြီးလှတဲ့ တရုတ်နိုင်ငံနဲ့ မြေမျက်နှာသွင်ပြင်အရထိစပ်နေတဲ့ ဖွံဖြိုးဆဲ မြန်မာနိုင်ငံတစ်ခုအနေနဲ့ သတိကြီးကြီးထားသင့်ပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ်မှ ကျောင်းသူ၊သားများတွက် “Role of China in Myanmar Affairs” ဆိုတဲ့ တန်းခွဲလေးကို ယူဆောင်လာခဲ့ပါတယ်။

ဒီတန်းခွဲမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်၊ မြန်မာနိုင်ငံနဲ့ မြေမျက်နှာသွင်ပြင်အရ နိုင်ငံရေး၊စီးပွားရေး ကူးလူးဆက်ဆံပုံတွေကို ကြိုတင်ပြင်ဆင်နိုင်အောင် အတွင်းကျကျ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

💡 ဘယ်သူတွေက သင်ကြားပို့ချပေးသွားမှာလဲ ?

ဒီတန်းခွဲလေးမှာ အတွေ့အကြုံရှိ ဝါရင့်ပညာရှင်နှစ်ဦးမှ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။

ပထမတစ်ဦးကတော့ တရုတ်ဘာသာဆိုင်ရာ မဟာဘွဲ့ကို Rinmen University of China မှ ရရှိခဲ့ပြီး
ပြည့်သူ့ရေးရာ မဟာဘွဲ့ကိုလဲ Lee Kuan Yew School of Public Policy မှာ တက်ရောက်ရရှိခဲ့သူ
တစ်ဦးပဲ ဖြစ်ပါတယ်။

ဒုတိယတစ်ဦးကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံကြားက နိုင်ငံရေးအခင်းအကျင်းတွေကို အထူးပြု
လေ့လာသူတစ်ဦးဖြစ်ပြီး ဒေသဆိုင်ရာ Think Tank အဖွဲ့အစည်းတွေမှာလဲ သုတေသီအဖြစ်
လည်းကောင်း၊ အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

💡 ကဲ...ဒါဆိုရင် ဒီတန်းခွဲလေးကို တက်ရောက်လိုက်တာနဲ့ ယခင်ကထက် ဘာတွေပြောင်းလဲသွားမလဲ ?

✅ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ အစိုးရတွေရဲ့ အုပ်ချုပ်မှူဆိုင်ရာ ဖွဲ့စည်းလည်ပတ်ပုံတွေကို အချက်ကျကျ ဆွေးနွေးသွားနိုင်မယ်။

✅ ၁၉၄၈ မှ စလို့ မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွေအပြင် အခြားအိမ်နီးချင်းနိုင်ငံများထဲမှ မြန်မာကို ဘာကြောင့် စိတ်ဝင်စားရလဲ အကြောင်းရင်းတွေကို ကိုယ်တိုင်လေ့လာသိရှိသွားမယ်။

✅ မြန်မာနိုင်ငံနှင့် မြေမျက်နှာသွင်ပြင်ထိစပ်နေမှူအရ နိုင်ငံရေး၊ စီးပွားရေး ကူးလူးဆက်ဆံပုံတွေအပြင်
နွေဦးတော်လှန်ရေးမှာ တရုတ်ပါဝင်ပတ်သက်မှူတွေ၊ အနာဂတ်မှာ နိုင်ငံရေးအခင်းအကျင်းဘယ်လိုဖြစ်လာနိုင်လဲ ဆွေးနွေးသုံးသပ်လာနိုင်မယ်။

ဒီသင်တန်းမှာ ကျောင်းသူ၊သားတွေရဲ့ စဉ်းစားနိုင်စွမ်းကို တိုးတက်စေဖို့ Debate တွေ၊ Group Discussion တွေအပြင်အခြား Activities တွေနဲ့ လက်တွေ့ကျကျ လေ့လာသွားရမှာဖြစ်ပါတယ်။

💡 သင်ကြားရမည့် သင်ခန်းစာများအသေးစိတ်ကို ဖော်ပြပါ Poster လေးထဲမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ။

July (၂၄) ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် (၆) ပတ်ခန့်ကြာမြှင့်သွားမှာ
ဖြစ်ပါတယ်။

စနေနဲ့ တနင်္ဂနွေ နေ့လည် (၁၀) နာရီမှ (၁၂) နာရီ အတွင်းအပတ်စဉ် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

တန်းခွဲတစ်ခုကို သင်တန်းသားဦးရေ (၄၀) သာ လက်ခံသွားမှာဖြစ်လို့ လူနည်းနည်းနဲ့ ထိထိရောက်ရောက်
လေ့လာလိုတဲ့ ကျောင်းသူ၊သားများအနေနဲ့ အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ အကြံပြုပါစေခင်ဗျာ။

Registration form : https://forms.gle/Czf35stn4Brj9ojr9

Payment Method နဲ့ပတ်သက်ပြီး အသေးစိတ်ကို Registration Form လေးထဲက Telegram Channel Link လေးထဲမှာ ဖော်ပြပေးထားတာမို့ Join ထားဖို့ မမေ့ပါနဲ့နော်

အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ တိုးတက်မှုက မြန်မာနိုင်ငံကိုဘယ်ရိုက်ခတ်လာနိုင်မလဲ အားလုံးတူတူဆွေးနွေး
အဖြေရှာသွားဖို့အတွက် အဆင်သင့်ဖြစ်ပြီလားဗျို့။

ဆက်လက်ပြီး နွေဦးတက္ကသိုလ်ရဲ့ အသစ်သစ်သော အကြောင်းအရာတွေကို မျက်ခြေမပြတ်ဖို့တွက် Telegram Channel လေးကိုလဲ Join ထားပေးကြပါဦးနော်။
First Aid သင်တန်းမှ ကျောင်းသားများရဲ့ လှူဒါန်းမှုကြောင့် ကျေးလက်ဒေသတွေဆီ ထောက်ပံ့ဖို့ သိန်း (၈၀) ပြည့်သွားခဲ့ပါပြီ။

ကျွန်တော်တို့ နွေဦးတက္ကသိုလ်ဘက်မှ ကျန်းမာရေး အားနည်းသော ကျေးလက်ဒေသများသို့ ဆေးပစ္စည်းနှင့် အထောက်အပံ့များ လှူဒါန်းရန်အတွက် First Aid သင်တန်းဖွင့်လှစ်ကာ Fundraising ပြုလုပ်ခဲ့ပါတယ်။

ကျောင်းသား/သူများ၏ ရက်ရောမှုကြောင့်သော်လည်းကောင်း၊ သဒ္ဒါတရားထက်သန်သော အလှူရှင်များကြောင့်သော် လည်းကောင်း သတ်မှတ်ထားသော ပမာဏ ရောက်ရှိသွားသောကြောင့် နွေဦးတက္ကသိုလ်ဘက်မှ အလွန်ပင် ဝမ်းမြောက်မိပါတယ်။

သတ်မှတ်ထားသော ပမာဏပြည့်သွားသော်လည်း နွေဦးတက္ကသိုလ်၌ First Aid သင်တန်းကို ဖွင့်လှစ်ထားဆဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တန်ဖိုးရှိသော လူ့အသက်တစ်ချောင်းကို ကယ်တင်ရန် ဆန္ဒရှိသူများ တက်ရောက်နိုင်ကြောင်း ပြောကြားလိုပါတယ်။

ယခု First Aid သင်တန်းအကြောင်း အသေးစိတ်ကို အောက်ပါ Link မှာကြည့်ရှုပြီး တက်ရောက်ဖို့ Register လုပ်နိုင်ပါတယ်။

Link-https://www.facebook.com/102470788713285/posts/121645840129113/?d=n

#SpringUniversityMM
#SUM
နွေဦးတက္ကသိုလ်ရဲ့ “Foreign Language Courses” အတွက် Survey လေးကောက်ခွင့်ပြုပါရှင်။

ယခုလို အားလုံးခက်ခဲနေတဲ့ ကာလကြီးထဲမှာ ကျောင်းသား လူငယ်အများစုဟာ မိမိမှာရှိတဲ့ မုန့်ဖိုး၊ လုပ်အားခတွေကို ချွေတာပြီး သုံးစွဲရသည်ကို နွေဦးတက္ကသိုလ်မှ နားလည် သဘောပေါက်ပါတယ်။

ဒါ့ကြောင့် ယခုဖွင့်လှစ်မယ့် Foreign Language Course မှာတော့ စျေးနူန်းသက်သာစွာနှင့် အရည်အသွေးပြည့်ဝတဲ့ အတန်းများဖွင့်လှစ်ရန် ရည်ရွယ်ထားပါတယ်။

နွေဦးတက္ကသိုလ်ဟာ လူငယ်များရဲ့ဆန္ဒကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် တက်ရောက်မယ့် ကျောင်းသား/သူများ အနေဖြင့် သင်တို့ လိုချင်သော အတန်းပုံစံ၊ တက်ရောက်ချင်တဲ့ Foreign Language တွေကို ကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။

ကျောင်းသား/သူများရဲ့ တောင်းဆိုချက်အပေါ်မူတည်ပြီး နွေဦးတက္ကသိုလ်ဘက်မှ လိုအပ်ချက်များ မရှိရလေအောင် အသေးစိတ် ဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလဲ CDM ထောက်တိုင်ကြီးမပြိုလဲအောင် နွေဦးတက္ကသိုလ်မှ ကြိုးစားပြီး လှူဒါန်းပေးနေတာဖြစ်လို့ ကိုယ်တက်ချင်တဲ့ Language လေးသင်ပြီး CDM ကို တစ်ပါတည်း Support ခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုဖော်ပြထားတဲ့ Form လေးကနေတစ်ဆင့် “ကိုယ်က ဘယ် Foreign Language ကို စိတ်ဝင်စားလဲ” ဆိုတာ ဖြည့်သွားပေးပါဦးနော်။

ကိုယ်ဖြစ်စေချင်တဲ့ အတန်းပုံစံမျိုးကိုလဲ Comment မှာ လွတ်လွတ်လပ်လပ် ရေးသွားစေချင်ပါတယ်။

Survey Link - https://forms.gle/eB7BUK2WyCkbZNUHA

ကိုယ့်ရဲ့ Foreign Language စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြပေးလိုက်ရအောင်။

#SpringUniversityMM
#SUM
ငယ်ရွယ်နုပျိုမှုတွေနှင့်အတူ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည် အမြင့်မားဆုံးအချိန်မှာ ဘာသာစကားတစ်ခုကို ပိုင်ပိုင်နိုင်နိုင် လေ့လာထားသင့်ပါတယ်။
လူငယ်ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ အနှစ်သာရတစ်ခုကို ပြောပါဆိုလျှင် သူငယ်ချင်းတွေနဲ့အတူတူ ဘာသာစကားတစ်ခုကို လေ့လာရတာပဲ ဖြစ်ပါလိမ့်မယ်။ အရင်တည်းက သူငယ်ချင်းတွေစုပြီး သင်တန်းတွေ တက်ရောက်ကြတာဟာ လူငယ်ဆိုတဲ့ ခံစားမှုကို အပြည့်အဝရရှိတာပဲ ဖြစ်ပါတယ်။
ထိုအနှစ်သာရကို ပျောက်မသွားရလေအောင် နွေဦးတက္ကသိုလ်မှ ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်/ပြောတတ်ချင်သူတွေ အတွက် Foreign Language Course လေး ဖွင့်လှစ်ပေးလိုက်ပါပြီ။
ဘာသာစကား ၁ ခုကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ထားခြင်းဟာ နေ့စဉ်ဘဝမှာအသုံးဝင်တဲ့အပြင် အလုပ်လျှောက်တဲ့နေရာမှာလည်း ပိုပြီးအဆင်ပြေမှာ အမှန်ပါပဲ။
ကိုယ့်ကိုယ်ကို အခြေခံကနေ စတင် တက်ရောက်ရမှာဆိုပြီး အားငယ်နေစရာမလိုပါဘူး။ ယခုအချိန်က စပြီး သေသေချာချာ ကြိုးစားပြီး သင်ယူလိုက်ရင် သေချာပေါက် ကျွမ်းကျင်အဆင့်ကို အချိန်တစ်ခုအတွင်း ရောက်ရှိနိုင်ပါတယ်။
ဒါ့အပြင် ယခုသင်တန်းမှရရှိသောအလှူငွေများကို CDM ဝန်ထမ်းများအား ကူညီပေးသွားမှာဖြစ်တဲ့အတွက် သင်တန်းလဲတက်ရင်း CDM ထောက်တိုင်ကြီး ပြိုမလဲသွားအောင်ပါ ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ် သင်တန်းလေးပဲ ဖြစ်ပါတယ်။
ယခု နွေဦးတက္ကသိုလ်ဘက်မှ ဖွင့်လှစ်မယ့် Foreign Language Course မှာ ဘာသာစကား (၄) မျိုး ပါဝင်မှာ ဖြစ်ပါတယ်။
ဘာသာရပ်အလိုက် အချိန်ဇယား၊ နေ့ရက်နှင့် ဖွင့်လှစ်မယ့် အချိန် အပိုင်းအခြား မတူညီတဲ့အတွက်ကြောင့် မိမိတက်ရောက်လိုသော ဘာသာစကား တစ်ခုချင်းစီကို သေချာကြည့်ရှုဖို့ တိုက်တွန်းပါရစေ။
Language တစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ဖော်ပြပါပုံများတွင် တစ်ပုံချင်းကြည့်ရှုနိုင်ပါတယ်။
အားလုံးရဲ့တောင်းဆိုမှုအတိုင်း သင်တန်းကြေးသက်သာစွာနဲ့ အရည်အသွေးပြည့်ဝတဲ့ အတန်းတွေကို စီစဉ်ထားတာကြောင့် တွေဝေမနေဘဲ အခုပဲတက်ရောက်ဖို့ စာရင်းသွင်းလိုက်ကြရအောင်။
#SpringUniversityMM
#SUM
Korean 🇰🇷

လူငယ်တွေကြားထဲ ယခုနောက်ပိုင်းမှာ စိတ်ဝင်စားမှု မြှင့်တက်နေလာတဲ့ Foreign Language လေးတစ်ခုကတော့ Korean Language ပဲ ဖြစ်ပါတယ်။

K-drama ရဲ့လွှမ်းမိုးမှုကြောင့်သော်လည်းကောင်း၊ K-Pop လောကရဲ့ အောင်မြင်မှုကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံရှိ လူငယ်အများစုဟာ Korean Language နဲ့ အတော်လေး ရင်းနှီးမှု ရှိတာကို တွေ့ရှိရပါတယ်။

ယခုလိုရင်းနှီးမှုရှိပြီးသား Language တစ်ခုကို စိတ်ပါဝင်စားစွာ လေ့လာပါက အချိန်တိုအတွင်း တက်မြောက်သွားမှာ အမှန်ပါပဲ။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Korean Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A မှာ Weekday အတန်းအတွက်ဖြစ်ပြီး
Class B မှာတော့ Weekend အတန်းအတွက် ဖြစ်ပါတယ်။

✅ Weekday အတန်းကို July 20 မှစတင်ကာ အပတ်စဉ် (5:30-7 PM) အချိန်၌ သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ Weekend အတန်းကိုတော့ July 24 မှစတင်ကာ အပတ်စဉ် (2-3:30PM) အချိန်၌ သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၁လခွဲ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

ဒီအတန်းကို တက်ရောက်ပြီးသွားတာနဲ့ သင်ဟာ Daily Life, Greeting, Introducing, Date and Time အစရှိတာတွေကို Korean Language ဖြင့် တက်မြောက်သွားမှာပဲ ဖြစ်ပါတယ်။

ယခုလို သင်တန်းကြေး သက်သက်သာသာနဲ့ ကိုယ်နဲ့အဆင်ပြေတဲ့အချိန် ရွေးချယ်တက်ရောက်လို့ ရတဲ့အတွက် အခုပဲ စာရင်းပေး တက်ရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Registration Form- https://forms.gle/fzrYNB2MCc5UjyAa9
Japanese 🇯🇵

ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှလူငယ်များ လေ့လာကြတဲ့ Foreign Language တစ်ခုကတော့ Japanese Language ပဲ ဖြစ်ပါတယ်။

ယခုအချိန်အထိ စိတ်ဝင်စားမှု မြှင့်တက်လျက်ရှိတဲ့ Japanese Language ကို နွေဦးတက္ကသိုလ်မှာ စတင် လေ့လာနိုင်ပါပြီ။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Japanese Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 20 မှစတင်ကာ အပတ်စဉ် Tuesday & Wednesday (10-12AM) အချိန်၌ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅ Class B ကိုတော့ July 24 မှစတင်ကာ အပတ်စဉ် Saturday & Sunday (5-7PM) အချိန်၌ သင်ကြားပေးမှာဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်တွင် တက်ရောက်နိုင်ပါတယ်။

✅ သင်တန်းကာလမှာ၂လ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Registration Form- https://forms.gle/GEGdRoReAKy9Ma6S9

ဒီအတန်းလေးပြီးဆုံးသွားတဲ့အခါမှာတော့
ယခုအတန်းမှာ Basic Level အတွက်ဖြစ်ပြီး Intermediate Level ရှိသော အတန်းများကို ဆက်လက်ဖွင့်လှစ်ဖို့ ရှိသေးပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
❤1
French 🇫🇷

Bonjour လို့အစချီလိုက်တာနဲ့ ကျွန်တော်တို့အားလုံး Paris မြို့က Eiffel Tower ကြီးကို ပြေးမြင်ကြမယ် ထင်ပါတယ်။

ဒီလိုလှပလွန်းတဲ့ Paris လိုမြို့ကြီးမှာ အသုံးပြုလျက်ရှိတဲ့ ဘာသာစကားကို သင်ယူချင်ကြသူတွေအတွက် နွေဦးတက္ကသိုလ်မှ French Language ကို ဖွင့်လှစ်လိုက်ပါတယ်။

French Language ကို အခြေခံမှ စတင်လေ့လာမယ့်သူတွေ အတွက် အကောင်းဆုံးအတန်း ဖြစ်ပါလိမ့်မယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 21 မှစတင်ကာ အပတ်စဉ် Wednesday & Thursday (10-11 AM) အချိန်၌ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅ Class B ကိုတော့ July 21 မှစတင်ကာ အပတ်စဉ် Wednesday & Thursday (4-5 PM) အချိန်၌ သင်ကြားပေးမှာဖြစ်လို့ မိမိအဆင်ပြေတဲ့ အချိန်တွင် တက်ရောက်နိုင်ပါတယ်။

✅ သင်တန်းမှာ 21 July မှ August 25 အထိ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၁လ ဖြစ်ပြီး သင်တန်းကြေးမှာ 15,000Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Western Language ဖြစ်လို့ သင်ယူရခက်ခဲမှာ မစိုးရိမ်ပါနဲ့။ Instructors တွေက သေသေချာချာ သင်ကြားပေးမှာဖြစ်လို့ ကိုယ့်ဘက်က အဆုံးထိလေ့လာဖို့တော့ လိုပါမယ်နော်။

Registration Form- https://forms.gle/FJr2B2kA3CP6A81t7
Mandarin Chinese 🇨🇳

Chinese Language ကို အခြေခံမှစတင် လေ့လာလိုတဲ့သူတွေအတွက် 4 Skills လုံးကို Chinese ရဲ့ ပင်ရင်းဖြစ်တဲ့ Mandarin Chinese Language ကို လေ့လာရမှာပဲ ဖြစ်ပါတယ်။

ယခု နွေဦးတက္ကသိုလ်မှ ဖွင့်လှစ်မယ့် Chinese Language Course ဟာဆိုရင် အခြေခံမှစတင်လေ့လာမယ့် သူတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။

✅ Basic Level မှ စတင်သင်ကြားပေးမှာဖြစ်ပြီး အတန်း ၂ တန်းခွဲကာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

✅ Class A ကို July 24 မှစတင်ကာ အပတ်စဉ် Saturday (10:30-12 AM) & Sunday (10:30-12 AM) အချိန်တွင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

✅ Class B ကိုလည်း July 24 မှစတင်ကာ အပတ်စဉ် Saturday (6:30-8 PM) & Sunday (6:30-8 PM) အချိန်တွင် သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

✅ သင်တန်းကာလမှာ ၂လ ဖြစ်ပြီး သင်တန်းကြေးမှာ 23,000 Ks တိတိသာ ကျသင့်မည် ဖြစ်ပါတယ်။

Chinese Language အတန်းတွေကို Weekend အတန်းတွေမှာပဲ ဖွင့်လှစ်ထားတာဖြစ်လို့ အားလုံး အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

Registration Form- https://forms.gle/PZcufBbuy83UfJGL6
❤1