Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
နွေဦးတက္ကသိုလ်ရဲ့ July လ ခရီးစဉ်ကို အားလုံးသိရှိအောင် မျှဝေပေးလိုက်ရပါတယ်။
တော်လှန်ရေးကာလမှာ ရက်စက်ကြမ်းကြုတ်ပြီး လူသားချင်းစာနာမှုမရှိတဲ့ စစ်အာဏာရှင် လက်အောက်၌ ပညာမသင်ကြားလိုတဲ့ လူငယ်တွေ သင်ယူလေ့လာမှုများ ရပ်တန့် မသွားစေရန်နှင့် CDM ထောက်တိုင်ကြီး ပြိုမလဲသွားစေရန်အတွက် အဆုံးထိထောက်ပံ့သွားဖို့က နွေဦးတက္ကသိုလ်ရဲ့ အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
နွေဦးတက္ကသိုလ်မှာ ကျောင်းခွဲမြောက်များစွာရှိပြီး တက်ရောက်နေသော ကျောင်းသား/သူများမှာလဲ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ တော်လှန်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်တော်လှန်နေတာပဲ ဖြစ်ပါတယ်။
ယခုလို နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူများရဲ့ သင်တန်းကြေးအလှူငွေတွေ၊ ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ မတည်ငွေများကို စုပေါင်းပြီး July လအတွက် အလှူငွေ သိန်း ၂၂၀ ကျော် (22,664,200 ကျပ်တိတိ) ကို လှူဒါန်းနိုင်ခဲ့ပါတယ်။
ထိုရရှိခဲ့သောအလှူငွေများမှ ၄၄သိန်းကျော် (4,496,600) ကျပ်ကို CDM ဝန်ထမ်းများအတွက် လည်းကောင်း၊ SUMCares မှ နေပြီး သိန်း၅၀ (5,000,000 ကျပ်တိတိ) ကို COVID-19 ခံစားရသော လှူနာများအားလည်းကောင်း၊ Federal School မှ ၅သိန်း (500,000) ကျပ် ၊ Law School မှ တစ်သိန်းခွဲ (150,000) ကျပ်နှင့် Ethnic School မှ ၂သိန်းကျော် (294,000) ကျပ်ကို အခြားလိုအပ်သော နေရာများသို့ အသီးသီးလှူဒါန်းခဲ့ပါတယ်။
ယခုလက်ရှိမှာလည်း COVID အတွက်လိုအပ်နေသူများကို SUMCares မှ ဆက်လက်လှူဒါန်းလျက်ရှိပြီး အမှန်တစ်ကယ် လိုအပ်သူများ လာရောက်ပြောကြား နိုင်ကြောင်း သတင်းကောင်းပါးပါရစေ။
ထိုမျှမက နွေဦးတက္ကသိုလ်ရဲ့ Community Development Programs အနေဖြင့်
1️⃣ First Aid သင်တန်းဖွင့်လှစ်ပြီး ရရှိခဲ့တဲ့ ရန်ပုံငွေ (8,000,000) ကျပ်တိတိကို ကျန်းမာရေးအားနည်းသော ကျေးလက်ဒေသများသို့လည်းကောင်း၊
2️⃣ CDM ဆရာ/မ များအတွက် ပညာဒါနအနေဖြင့် ပြုလုပ်ခဲ့သော STEM TOT course အတွက် (3,000,000) ကျပ်တိတိ လှူဒါန်းခဲ့ပြီး
3️⃣ လက်ရှိနွေဦးတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများထဲမှ ငွေကြေးချို့တဲ့ပြီး ထူးချွန်သော ကျောင်းသားများကို ပညာသင်ဆုအနေဖြင့် (1,223,600) ကျပ်တိတိ ပေးအပ်ခဲ့ပါတယ်။
ယခုလို အာဏာရှင်ကိုတော်လှန်ကာ နွေဦးတက္ကသိုလ်ရှိ ကျောင်းများ၌ တက်ရောက်ပြီး ပါဝင်လှူဒါန်းပေးကြသော အလှူရှင် တစ်ယောက်ချင်းစီကို နွေဦးတက္ကသိုလ်မှ ကျေးဇူးအထူးပင်တင်ရှိကြောင်း ပြောကြားလိုပါတယ်။
လာမယ့်အနာဂတ်ကာလမှာလဲ ယခုထက်ပိုပြီး ကျောင်းသား/သူများရဲ့ ပညာရေးကို မြှင့်တင်ပေးကာ
CDM ထောက်တိုင်ကြီးကို အဆုံးထိ ယိုင်မလဲသွားအောင် နွေဦးတက္ကသိုလ်ဘက်မှ ကြိုးစားပေးသွားမှာ ဖြစ်လို့
ကျွန်တော်တို့အားလုံးလဲ နွေဦးတက္ကသိုလ်ရဲ့ ခရီးစဉ်မှာပါဝင်ပြီး တော်လှန်ရေးအရှိန်အဟုန် တောက်လောင်စေဖို့ မီးစာများအနေဖြင့် စစ်အာဏာရှင်များကို အဆုံးထိတော်လှန်ကြရအောင်။
#SpringUniversityMM
#SUM
❤1
Fact Checking အကြောင်းသိပြီးပြီလား မသိသေးဘူးဆိုရင်တော့ အောက်ပါ Link ကနေတစ်ဆင့်လေ့လာနိုင်ပါတယ်နော်
https://www.facebook.com/springuniversitymm/posts/131952475765116
နွေဦးတက္ကသိုလ်ရဲ့ တောင်းဆိုမှုအများဆုံးနဲ့ တက်ရောက်တဲ့သင်တန်းသား အများဆုံးဖြစ်တဲ့ “Centre for College Preparation” အတန်းကို နောက်တစ်ကြိမ် ပြန်လည်စတင်တော့မှာပဲ ဖြစ်ပါတယ်။

ယခုလို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းပေးကြသူ တစ်ယောက်စီတိုင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ။

ယခုအတန်းကို တက်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် သင်ဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ တော်လှန်ရေးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်သွားပြီဖြစ်ပြီး သင်ရဲ့သင်တန်းကြေး အလှူငွေသည်လည်း CDM ဝန်ထမ်းများထံသို့ တိုက်ရိုက် လှူဒါန်းနိုင်တာပဲ ဖြစ်ပါတယ်။ 

ယခုဖွင့်လှစ်မယ့် “Centre for College Preparation” အတန်း အကြောင်းအသေးစိတ်နှင့် Registration Form ကို မကြာမီအချိန်အတွင်း ကြေညာသွားမှာဖြစ်လို့ အားလုံးပဲ တက်ရောက်ဖို့ အဆင်သင့်ပြင်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အောက်ပါဖော်ပြထားတဲ့ “Pre-Registration Form” ကို ကြိုတင်ဖြည့်ထားလိုက်ရင်တော့ နွေဦးတက္ကသိုလ်မှ သင်တက်ရောက်လိုသော အတန်းများပြန်လည်ဖွင့်လှစ်တဲ့ အခါ အလိုအလျောက် အကြောင်းကြားပေးသွားမှာလို့ Form လေးကို ဖြည့်သွားနိုင်ပါတယ်။ 

Pre-Registration Form - https://forms.gle/rZPveNjR9sYxuvLC7  

#SpringUniversityMM
#SUM
ဘာကြောင့်ဖက်ဒရယ်နိုင်ငံတွေ ချမ်းသာကြတာလဲ ?
အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/springuniversitymm/posts/135271582099872
Centre for College Preparation ကနေပြီးတော့ September လအတွက် IELTS, TOEFL, Duolingo Class တွေကိုပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ တခြားအတန်းသစ်တွေလည်းမကြာမီဖွင့်လှစ်တော့မှာပါ။ အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်။ အတန်းတွေအတွက်စာရင်းသွင်းရင်း CDM တွေကိုလည်း သွေးမအေးဘဲအတူတူထောက်ပံ့ကြရအောင်။

https://www.facebook.com/springuniversitymm/posts/137362388557458
တော်လှန်ရေးအတွက်လှူရင်း Scholarship အိမ်မက်ကိအကောင်အထည်ဖော်ကြမယ်။ ယခုလိုအခြေအနေမှာ တော်လှန်ရေးမှာအားကြိုးမာန်တက် ပါဝင်ရင်း ပုံမှန် အခြေအနေပြန်လည် ရောက်ရှိလာတဲ့အခါ တက္ကသိုလ်အိမ်မက် အကောင်အထည်ဖော်ဖို့ နွေဦးတက္ကသိုလ်ရဲ့ Pre-College Preparation နှင့် Graduate Studies Preparation အတန်းများ ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။ အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့် ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/springuniversitymm/posts/138030215157342
PCP, GSP တက်ရောက်မယ့် ကျောင်းသူ၊သားများတွက် IELTS Diagnosis Free Test ပါမယ့်အကြောင်းသိပြီးပြီလား? မသိသေးဘူးဆိုရင် link ကတစ်ဆင့်ကြည့်ကြည့်လိုက်ပါဦးနော်
https://www.facebook.com/springuniversitymm/posts/139329608360736
အာဏာခွဲဝေအုပ်ချုပ်ရေးဆိုတာဘာလဲ? ကောမန့်မှာအသေးစိတ်ဆွေးနွေးလိုက်ကြရအောင်
https://www.facebook.com/springuniversitymm/posts/139941471632883
School of Economics and Management ကနေပြီးတော့ ပထမဦးဆုံးအနေနဲ့ Course 2 ခုကို ဖွင့်လှစ်လိုက်ပါပြီ။ အသေးစိတ်ကို အောက်ပါ Link ကတစ်ဆင့် ကြည့်ရှုနိုင်ပါတယ်၊
https://www.facebook.com/springuniversitymm/posts/141997068093990
ဘယ်လိုမျိုး English စာကိုပြင်ဆင်ထားသင့်လဲသိထားပြီးပြီလား?
မသိသေးဘူးဆိုရင် အောက်ပါ Link ကတစ်ဆင့် SUM Podcast ကိုနားဆင်နိုင်ပါတယ်။
https://fb.watch/7Q2gLtMS3d/
နွေဦးတက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ခြင်း။

https://www.facebook.com/102470788713285/posts/149134204046943/
အခုချိန်မှာ လူတိုင်းသိထားသင်တဲ့ citizen Journalism

သတင်းအမှားများ မဖြန့်ဝေခြင်းဖြင့်လည်း တော်လှန်ရေးမှာ ပါဝင်ပေးကြပါ။

https://www.facebook.com/102470788713285/posts/129338419359855/
ဒီ Page ကတော့ Spring University Myanmar - SUM ရဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့ SUM - School of Federalism and Peace Studies ရဲ့ Page လေးပါ။
ကျွန်တော်တို့အားလုံး ချီတက်နေတဲ့ Federal ပြည်ထောင်စုကြီးဆီသွားတဲ့လမ်းတစ်လျှောက်မှာ သင့်ရဲ့အိမ်လို၊ သင့်ရဲ့ မိတ်ဆွေလို ရှိနေပေးမှာ ဖြစ်ပြီး မကြာခင်ကာလမှာ သင်တန်းများ၊ ဗဟုသုတရစရာ ဆောင်းပါးများလည်း တင်ပေးမှာ ဖြစ်လို့ Page ကို like လုပ်ပေးထားဖို့ မေတ္တာရပ်ခံပါတယ်။

https://web.facebook.com/fps.sum
#fps_sum
#SUM
SUM - School of Federalism and Peace Studies ရဲ့ ပညာရေးရည်မှန်းချက်ပန်းတိုင်နဲ့ အတူလိုက်ပါဖို့အဆင်သင့်ပဲလား။

မကြာခင် ဘယ်လို scholarship courses တွေ ကြေငြာသွားမလဲ? အတူတူဆက်လက်စောင့်ကြည့်ကြရအောင်။

https://www.facebook.com/107814711654677/posts/108190211617127/
Federal ကျောင်းက အတန်းများက ဒီလကစပြီး rolling basis ဖြစ်သွားပါပြီ။ application form ပေါ်ကြည့်ပြီးရွေးချယ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်းလျှောက်ထားဖို့ တိုက်တွန်းပါတယ်ခင်ဗျာ

https://www.facebook.com/107814711654677/posts/108975314871950/

https://www.facebook.com/102470788713285/posts/157725143187849/
Law School မှ အတန်းများက မနက်ဖြန်ဆိုရင် registration form ပိတ်ပါပြီခင်ဗျာ။

တော်လှန်ရေးမှာလည်း ပါဝင်၊ ဥပဒေအကြောင်းကိုလည်း လေ့လာနိုင်မှာပါ။

https://www.facebook.com/102470788713285/posts/155781773382186/
လူတိုင်းမှာ လူ့အခွင့်အရေးရှိနေပြီလား။

https://www.facebook.com/102470788713285/posts/159060686387628/