Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
ရှမ်း

ရှမ်းဘာသာစကားဟာ ရှမ်းလူမျိုးတို့၏ တိုင်းရင်းသား ချက်မြှုပ် ဘာသာစကားဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းတွင် အများဆုံး ပြောဆိုကြပါတယ်။

ရှမ်းဘာသာစကားသည် တိုင်-ကဒိုင်ဘာသာစကား မျိုးနွယ်စုဖြစ်ပြီး ထိုင်းဘာသာစကားနှင့် အနည်းငယ်ဆက်စပ်မှု ရှိပါတယ်။ ရှေးအခါက ယွန်းရှမ်းစာကို ပါဠိစာ ရေးသားရာ၌ အသုံးပြုခဲ့ကြပါတယ်။ သို့သော် ရှမ်းစာများ၏ စာလုံးပေါင်းသတ်ပုံမှာ မျိုးနွယ်အလိုက် တူညီမှု မရှိကြပါဘူး။

ယခုအခါမှာတော့ ရှမ်းလူမျိုးအများစုဟာ ပြောဆိုဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေး လွယ်ကူစေရန်အတွက် အချင်းချင်း ဒေသသုံး ရှမ်းဘာသာစကားတို့ဖြင့် ပြောဆိုကြပါတယ်။

မြန်မာပြည်၌ ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် ရှမ်းလူမျိုးအနည်းငယ်သာ ရှမ်းစာကို ရေးတတ် ဖတ်တတ်ကြပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံသူ/သားများဟာ ရှမ်းစာနှင့် ဘာသာစကားကို အထိုက်ပြောဆိုတတ်သင့်ပါတယ်။

ဒီသင်တန်းလေးပြီးသွားပြီဆိုရင် သျှမ်းဘာသာစကားလေးနဲ့ နေ့စဥ်သုံးစကားလေးတွေ ပြောတတ်လာပါမယ်။ သျှမ်း လူမျိုးတွေနဲ့ ပြောဆိုတတ်လာပါမယ်။ ချစ်စရာရိုးရာဓ​ေလ့တွေ စားကောင်းသောက်ဖွယ်တွေ ပြည့်နှက်နေတဲ့ သျှမ်းပြည်နေရာအနှံ့ခြေဆန့်ရင်း လေ့လာစရာ မြောက်များစွာ ရှိတာမို့ join ဖို့မမေ့ပါနဲ့နော်။

ဤအတန်းကို အချိန် ၂ လတိတိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ Class ( 2 ) ခုခွဲထားမည်ဖြစ်ပြီး class တစ်ခုတွင် ကျောင်းသား ( 20 ) ဦး လက်ခံမည် ဖြစ်ပါတယ်။

သင်တန်းကြေးမှာ - 30,000 Ks တိတိ ဖြစ်ပါတယ်။

Registration Link- https://forms.gle/waEwXEkmkvjCxXSZ9
June 14 ရက်မှာ ဖွင့်လှစ်မယ့် Law School က Course 3 နဲ့ ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာနဲ့ Timetable ကို ဖော်ပြထားပါတယ်။ သင်တန်းအတွက် စာရင်းသွင်းမယ်ဆိုရင် အောက်ပါ Link ကတစ်ဆင့်စာရင်းပေးသွင်းနိုင်ပါတယ်။ https://forms.gle/o5q3CVzRBHLF3XRB6
တိုင်းရင်းသားဘာသာစကား (စကောကရင်) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
တိုင်းရင်းသားဘာသာစကား (အနောက်ပိုးကရင်) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
တိုင်းရင်းသားဘာသာစကား (ရှမ်း) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
တိုင်းရင်းသားဘာသာစကား (မွန်) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
တိုင်းရင်းသားဘာသာစကား (ကချင် ဂျိမ်းဖော) အတန်းနဲ့ပတ်သက်ပြီးတော့ တန်းခွဲများရဲ့ Timetable ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ အတန်းအတွက်စာရင်းသွင်းလိုပါက အောက်ပါ link ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
https://forms.gle/waEwXEkmkvjCxXSZ9
အသေးစိတ်ကို law school telegram channel link ကတစ်ဆင့် တင်ပေးမှာမလို့ Channel ကိုလည်း join ထားပါဦးနော် https://t.me/joinchat/jBuRsRmhQAM3Yzg1
SUM Logo ဖြစ်ပေါ်လာပုံလေး သိကြပြီးပြီလား ❓
ကျွန်တော်တို့ရဲ့ SUM ဆိုတဲ့ Logo လေးကို အဓိက
အားဖြင့် စက်ဝိုင်းလေးတွေနဲ့ အခြေခံပြီးရေးဆွဲထားတာဖြစ်ပါတယ်။ အချို့နေရာလေးတွေမှာတော့ ပွင့်ဖတ်လေးနဲ့ ပုံဖော်ထားတဲ့ Typography ပုံစံမျိုးလေးတွေကိုလဲ ဂရုတစိုက် ရေးဆွဲတန်ဆာဆင်ထားတာမို့ အသေးစိတ်ကျကျ တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ SUM Logo မှာ
ပါဝင်တဲ့ သင်္ကေတလေးတွေရဲ့ အကွာအဝေးကစလို့ Font Format တွေအထိ Myanmar Font, English Font ပါမကျန်နှစ်မျိုးစလုံးကို တစ်သတ်မတ်တည်း ရွေးချယ်အသုံးပြုလို့ရအောင် တိတိကျကျသတ်မှတ်ထားတာမို့ အရည်အသွေးပြည့်မှီတဲ့ နွေဦးတက္ကသိုလ် ကိုယ်စားပြုသင်္ကေတလေးတစ်ခုဖြစ်လာသည်အထိ ကြိုးစားပြီး ရေးဆွဲဖန်တီးထားပါတယ်ခင်ဗျာ။
ယခုထက်ပိုပြီး ပညာရေးတိုးတတ်မြှှင့်မားဖို့တွက် စဉ်းစားမိတိုင်း နွေဦးတက္ကသိုလ် သင်္ကေတလေးက ကျောင်းသူ၊သားများနဲ့အတူ အမြဲတမ်းရှိနေပါ့မယ်။
"ကဲ. Logo လေးရဲ့ ဖြစ်ပေါ်လာပုံကို သိသွားပြီဆိုတော့ နွေဦးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူဖို့ ဆန္ဒရှိတဲ့သူငယ်ချင်းတွေကိုလဲ မျှဝေပေးလိုက်ပါဦးနော်"
#SpringUniversityMyanmar
#SUM
Technology Landscape ကြောင့် အနာဂတ်မှာ ကိုယ့်ရဲ့ Career Development အတွက် လမ်းပျောက်နေပြီလား ❓
Advanced Technology ရဲ့ ရိုက်ခတ်မှုကြောင့် နိုင်ငံအသီးသီးရဲ့ တစ်ချို့အလုပ်အကိုင်တွေမှာ Manual လုပ်ကိုင်နေရာကနေ Automation ဘက်ကို စတင် ကူးပြောင်းနေပါပြီ။
Ecommerce, Mobile Banking, the internet of thing (IoT), Online Learning အစရှိတဲ့ Service & Products တွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်အခန်းကဏ္ဋတစ်ခုအဖြစ်တဖြည်းဖြည်း နေရာယူလာပါတယ်။
အခုလို Technology Landscape ကြောင့် အချို့သော နယ်ပယ်တွေမှာ Human Capital တောင်မလိုအပ်တော့ပါဘူး။ အနာဂတ်မှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်ပေါင်း 47 %လောက်က ပျောက်ကွယ်သွားနိုင်တယ်လို့ Oxford University က ခန့်မှန်းထားတာမို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ လမ်းပျောက်မသွားဖို့ အဓိက လိုအပ်ပါတယ်။
ဒါကြောင့်မို့ နွေဦးတက္ကသိုလ်မှတဆင့် ကမ္ဘာနှင့်တစ်ဝန်း Advanced ဖြစ်လာတဲ့ Technology နောက်ကို အမှီလိုက်နိုင်ဖို့၊ Manual တွေကနေ Automation ဖြစ်သွားတဲ့အခါ ကိုယ့်ရဲ့ Career Development တွက် ကြိုတင်ပြင်ဆင်ထားချင်တဲ့ ကျောင်းသား၊သူများတွက် STEM School ကို စတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။
ကဲ..
ဒါဆို 21 ရာစုရဲ့ Technology အရွေ့ကို အမှီလိုက်နိုင်ဖို့ ဘယ်လို တန်းခွဲတွေပါဝင်သွားမလဲဆိုတာ ကျွန်တော်နဲ့တူတူ ဆက်ကြည့်လိုက်ရအောင်နော် 🙆‍♂️
Basic Data Analytics and Visualization
လုပ်ငန်းခွင်တွေမှာ Planning ပိုင်းတွင်ဖြစ်စေ၊ကြုံတွေ့လာနိုင်တဲ့ Risk ကို မှန်းဆတဲ့အခါ စိတ်မှန်းထက် လက်တွေ့ဆန်တဲ့ အချက်အလက်တွေဖြစ်တဲ့ Data တွေပေါ်အခြေခံပြီး Constructive ကျကျ အဖြေရှာချင်တဲ့ကျောင်းသူ၊သားများတွက် Basic Data Analytics and Visualization တန်းခွဲလေးကို ဖွင့်လှစ်လိုက်ပါတယ်။
ဒီသင်တန်းမှာဆိုရင်တော့ ဒေတာအချက်အလက်တွေကို ဆန်းစစ်လေ့လာတဲ့ Data Analytic အခြေခံအကြောင်းအရာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Pie Chart, Barchart အစရှိတဲ့ Data Visualization တွေကို လည်း Tableau Software ကို အသုံးပြုပြီးတော့ ကိုယ်တိုင်ပြုလုပ်နိုင်မှာဖြစ်ပြီး ဒီ Visualization တွေကို အသုံးပြုပြီး ရရှိလာတဲ့ Insights တွေကို ဘယ်လိုမျိုး Storytelling လုပ်သွားနိုင်မလဲဆိုတာကိုပါ လေ့လာရမှာဖြစ်ပါတယ်။
July (3) ရက်နေ့မှာ စတင်မှာဖြစ်ပြီး သင်တန်းကာလအားဖြင့် တစ်ပတ်ကို (2) ရက်နဲ့ (5) ပတ် တာကြာမြင့်သွားမှာ ဖြစ်ပါတယ်။ တန်းခွဲတစ်ခုကို ကျောင်းသား၊သူ (50) သာ လက်ခံသွားမှာဖြစ်လို့ အမြန်ဆုံးအပ်နှံထားဖို့တော့ အကြံပြုပါရစေခင်ဗျာ။
အသေးစိတ် အချက်အလက်လေးတွေကို ဖော်ပြပါ form လေးထဲမှာ ထည့်သွင်းပေးထားတာမို့ ဂရုတစိုက် ကြည့်ပေးပါဦးနော်။
Registration form - https://forms.gle/DicjVm2CTKm5EaCp8
Data Science ကို The Sexiest Job of 21 Century လို့တောင် Harvard Business Review က တင်စားထားတာမို့ 2021 မှာ သေချာပေါက်လေ့လာထားသင့်တဲ့ Skill Set တစ်ခုပဲ ဖြစ်ပါတယ်။