Spring University Myanmar
✔
6.4K subscribers
481 photos
10 files
530 links
Download Telegram
CDM ကိုလဲ Support ရင်း မြန်မာနိုင်ငံမှာတစ်နှစ်ကို Scholarship ရတဲ့သူ 25 % ထဲ သင်ရောပါချင်ပါသလား။

မေလမှာ IELTS Batch 1 မတတ်လိုက်ရတဲ့ ကျောင်းသား၊ သူတွေအတွက် IELTS အပြင် Scholarship Counselling တွေနဲ့အတူ Langauge Level ကို Upgarde မြှင့်ပေးမယ့် ထိရောက်တဲ့ ဘာသာရပ်တွေနဲ့ နွေဦးတက္ကသိုလ်အဖြစ် ပြန်လာခဲ့ပါပြီနော်။ Batch 1 မှ ရရှိသော သိန်း (၅၀) ကို PiTi နှင့် The Movement ကို လှူဒါန်းခဲ့ပါတယ်။

နောက်ပြီး သတင်းကောင်းတစ်ခုအနေနဲ့ ပထမဆုံးလာရောက် အပ်နှံတဲ့ အယောက် ၅၀ ကို တန်းခွဲ ၁ ခုတတ်တိုင်း နောက်တစ်ခုအတွက် 10,000 MMK အထိ Discount ပေးသွားမှာ ဖြစ်လို့ အရင်တစ်ခါလို နောက်ကျသွားတာမျိူး မဖြစ်ရအောင် စောစောအပ်ထားဖို့ အကြံပြုပါရစေခင်ဗျာ။

IELTS ကတော့ Placement Test တစ်ခု ဖြေဆိုဖို့လိုအပ်ပါတယ်။
သင်တန်းအချိန်ကာလအားဖြင့် 4 weeks to 5 weeks ကြာမြှင့်မှာဖြစ်ပြီး အသေးစိတ်ကိုတော့ ဖော်ပြပါ Google Form လေးထဲမှာကြည့်ရှူနိုင်ပါတယ်။

နောက်ထပ်သတင်းကောင်းလေးတစ်ခုက အခုလက်ရှိ နွေဦးတော်လှန်ရေးသူရဲကောင်းတွေအားလုံး စိတ်၀◌င်စားနေတဲ့ Course ( 3 ) ခုဖြစ်တဲ့ IELTS, Duolingo နှင့် GRE အတွက် SUM ကကျောင်းသားများကို “Exam Fees Scholarship” ပေးမှာ ဖြစ်ပါတယ်။ Exam Fees Scholarship ကို အသေးစိတ်ကို နောက်ထပ် post မှာ အသေးစိတ်ကြေငြာပေးမှာ ဖြစ်ပါတယ်။

ကျောင်းသား၊သူ တွေရဲ့ သင်တန်းကြေးအားလုံးကိုလဲ အမှန်တကယ် လိုအပ်နေတဲ့ CDM သူရဲကောင်းတွေကို လှူဒါန်းသွားမှာဖြစ်လို့ ကုသိုလ်လဲရ၊ ပညာလဲရတဲ့ နွေဦးတက္ကသိုလ်မှာ ဘယ်လိုသင်တန်းတွေပါသွားမလဲ ဆိုတာ ကျွန်တော်နဲ့အတူတူဆက်ကြည့်လိုက်ရအောင်နော်။

#SpringUniversityMyanmar
#SUM
CDM ကိုလဲ Support ရင်း နွေဦးတက္ကသိုလ်ရဲ့ ပထမဆုံးတန်းခွဲလေးမှာပါ၀င်ဖို့ ( 5 ) ရက်ပဲလိုပါတော့တယ်နော် 📣

နွေဦးတက္ကသိုလ်မှ June လ 1 ရက်နေ့က စတင်မိတ်ဆက်ခဲ့တဲ့ IELTS, Duolingo, GRE, Pre-College Counselling, Graduate Studies Preparation တန်းခွဲလေးတွေရဲ့ F&Q လေးတွေကို အားလုံးနဲ့
တူတူမျှ‌‌ဝေပေးပါရစေခင်ဗျ 🙆‍♂️

အတန်းတွေက ဘယ်တော့စမှာလဲ ❓

GRE နဲ့ Duolingo တန်းခွဲကိုတော့ June လ (၉) ရက်နေ့၊ Pre-College Preparation နဲ့ Graduate Studies Preparation တန်းခွဲလေးကိုတော့ June လ (၁၀) ရက်နေ့၊ IELTS တန်းခွဲကိုတော့ June လ (၁၂) ရက်နေ့ စသဖြင့် အသီးသီးဖွင့်လှစ်သွားမှာဖြစ်ပါတယ်ခင်ဗျ။

Payment က ဘယ်လို လွှဲပေးလို့ရလဲ ❓

ဖော်ပြပါ Telegram Link လေးမှတဆင့်ဝင်ရောက်ပြီး ဘယ်လို Payment Gateway တွေရှိလဲ၊ ဘယ်ကနေတဆင့် ပေးဆောင်ရမလဲဆိုတာကို အသေးစိတ်ကြည့်ရှူနိုင်ပါတယ်။

https://t.me/joinchat/7-C96cDX8PI0ZWJl

Payment က ဘယ်တော့လွှဲပေးရမှာလဲ ❓

ဟုတ်။ မိမိတက်ရောက်မည့် တန်းခွဲရဲ့ Application Form လေးကို ဖြည့်စွက်ပြီးတာနဲ့ Payment ကို Telegram Channel မှတဆင့် လွှဲအပ်ပေးလို့ရပါပြီခင်ဗျ။

https://t.me/joinchat/7-C96cDX8PI0ZWJl

အတန်းချိန်တွေ ဘယ်လိုရှိလဲ ❓

IELTS, GRE, Pre-College Preparation, Graduate Studies Preparation တန်းခွဲလေးတွေကိုတော့ တစ်ပတ်မှာသုံးရက်နဲ့ တစ်နေ့ကို (၂)နာရီ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Duolingo တန်းခွဲလေးမှာတော့ တစ်ပတ်ကို နှစ်ရက်နဲ့ တစ်နေ့ကို ( ၂ ) နာရီ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျောင်းသူ၊သားများအားလုံး အဆင်ပြေမည့်အချိန်ကို အမြဲဦးစားပေးထားတာမို့ သင်ကြားမည့်ရက်နဲ့ Time Table အသေးစိတ်ကိုတော့ Chat Box ကနေတဆင့် အလွယ်တကူ ရယူနိုင်ပါတယ်ခင်ဗျ။

Placement Test က သင်တန်းကြေးသွင်းပြီးမှ ဖြေရမှာလား ❓

ဟုတ်။ Placement Test က သင်တန်းကြေးသွင်းပြီးမှ ဖြေရမှာဖြစ်ပါတယ်။ အတန်းအပ်ပြီးတဲ့ခါမှ ကိုယ်ရဲ့ Level အလိုက် Test ဖြေဆိုပြီး အတန်းခွဲပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

Application Form လေးမတွေ့လို့ ဘယ်ကနေရနိုင်မလဲ❓

ဟုတ်။ သက်ဆိုင်ရာတန်းခွဲတစ်ခုချင်းဆီရဲ့ Application Form လေးတွေကိုလဲ အောက်ဖော်ပြပါ Link တွေကနေတစ်ဆင့် Register လုပ်လို့ရပါတယ်ခင်ဗျ။

IELTS - https://forms.gle/oadkRmfsBBF1Rq2L7

Duolingo - https://forms.gle/ieLv63voCWqRkZnR7

GRE - https://forms.gle/pHE5wuH7qGbGrmZGA

Pre College Counselling - https://forms.gle/X374cCNJ3JRZEXvK7

GSP - https://forms.gle/JZ9VstLfxR4UAXCC8

တန်းခွဲတစ်တန်းထက်ပိုပြီး စာရင်းပေးတက်ရောက်လို့ရလား❓

ဟုတ်။ တန်းခွဲတစ်တန်းထက်ပိုပြီး စာရင်းပေးတက်ရောက်လို့ရပါတယ်ခင်ဗျ။

တန်းခွဲတစ်တန်းနဲ့တစ်တန်း အချိန်ကိုက်နေတာမျိူးရှိလား❓

ကျောင်းသူ၊သားများ အဆင်ပြေစေနိုင်ဖို့တွက် အတန်းခွဲ တစ်ခုနဲ့တစ်ခု အချိန်ကိုက်နေနိုင်တာမျိုး
မရှိရအောင် စီစဉ်ပေးထားပါတယ်ခင်ဗျ။ မိမိတက်ရောက်လိုတဲ့ တန်းခွဲရဲ့ သင်ကြားမည့်ရက်နဲ့ Time Table အသေးစိတ်ကိုတော့ Chat Box ကနေ တဆင့် အလွယ်တကူ ရယူနိုင်ပါတယ်ခင်ဗျ။

အခြားဘယ်လိုတန်းခွဲတွေရော ဖွင့်သွားဖို့ရှိလဲ❓

ကျောင်းသား၊သူ များတွက် အမှန်တကယ် အထောက်အကူဖြစ်စေမယ့် တန်းခွဲများကို ကြိုးစားပြီး ဆက်လက်ဖွင့်လှစ်ပေးသွားမှာမို့ ဘယ်လိုတန်းခွဲတွေပါဝင်သွားမလဲဆိုတာ စောင့်ကြည့်ပေးပါဦးနော်။

တခြားသောမေးချင်တဲ့မေးခွန်းများရှိရင်လည်း Page Chat Box ကတစ်ဆင့်မေးမြန်းလို့ရပါတယ် ❤️

ရရှိလာသမျှအလှူငွေအားလုံးကိုလည်း အမှန်တကယ်လိုအပ်နေတဲ့ CDM Heros များထံ လှူဒါန်းသွားမှာမို့ ကုသိုလ်လဲယူရင်း ကိုယ်ရဲ့အိပ်မက်တွေကိုလဲ အခုပဲ အကောင်အထည်ဖော်လိုက်ရအောင်နော် 💪

#SpringUniversityMyanmar
#SUM
👍1
ဥပဒေမဲ့လုပ်ရပ်ဆိုးတွေကို ခါးသီးပြီး နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနှင့်အတူ နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်တွေကို လေ့လာလိုသူတစ်‌ယောက်လား ❓
တိုင်းရင်းသား ညီအစ်ကိုသွေးချင်းတွေပေါ် လူမျိုးရေးခွဲခြားဆက်ဆံမှူ၊ မထိမဲ့မြင် စော်ကားမှူတွေကို ရွံမုန်းပြီး " တန်းတူညီမျှမှုဆိုတာ လူသားတိုင်းအတွက် " ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားသူတစ်ယောက်ဆိုရင်တော့ နွေဦးတက္ကသိုလ်ရဲ့ ဥပဒေပညာသင်တန်းခွဲက သင့်အတွက်ပါပဲ။
တနေ့တခြား ဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို မင်းမဲ့စရိုက်ဆန်စွာ မြင်တွေ့နေရတာမို့ ဒီလို လုပ်ရပ်ဆိုးတွေ ရပ်တန့်သွားဖို့ အလျင်အမြန်လိုအပ်နေပါတယ်။
ဒီလို လူအခွင့်အရေးချိုးဖောက်ခံရမူတွေကို ယခုပစ္စပ္ပုန်မှာရော၊ အနာဂတ်မှာပါ ထပ်မဖြစ်လာဖို့
ဥပဒေကျွမ်းကျင်ကျောင်းသူ၊သားများရဲ့ စုပေါင်းအင်အားနဲ့ အချိန်မှီ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်ပြီး နွေဦးတက္ကသိုလ်ရဲ့ ဥပဒေပညာတန်းခွဲကို ဖွင့်လှစ်လိုက်ပါတယ်ခင်ဗျာ။
သင်တန်းကာလအားဖြင့် 5 ပတ်အထိ ကြာမြှင့်သွားမှာ ဖြစ်ပြီး အသေးစိတ်ကိုတော့ တန်းခွဲတစ်ခုချငိးဆီ
ထဲမှာ ကြည့်ရှူနိုင်ပါတယ်။
သင်တန်းတက်ရောက်ဖို့တွက် ဘယ်လိုအချက်လေးတွေ လိုအပ်မလဲ ❓
1.Second Year နှင့်အထက် ကျောင်းသူ၊သားတွေ၊
2.Lectures အကုန်လုံးက English ဘာသာစကားကို အသုံးပြုသွားမှာဖြစ်တဲ့တွက် English အခြေခံရှိသူတွေ၊
3.သင်တန်းစတင်တက်ရောက်သည့်အချိန်မှစပြီး ဆုံးခန်းတိုင်သည်ထိ တတ်ရောက်ဖို့ Commitment ရှိသူတွေ။
ဖော်ပြပါ အချက်(၃) ချက်နဲ့ ပြည့်စုံပြီး ဉပဒေပညာကို စိတ်၀င်စားတဲ့ မည့်သည့်ကျောင်းသူ၊သားများမဆို
လျှောက်ထားလို့ရပါတယ်ခင်ဗျာ။
ပုံမှန်သင်တန်းတွေလို ဆရာက စာရှင်းပြ၊ ကျောင်းသားက စာကျက်၊ Assignment တင် ပုံစံမျိုးပဲလား ❓
လုံးဝမဟုတ်ပါဘူး။ အားလုံးက ကိုယ်ရဲ့ ယုံကြည်ရာကို အချက်အလက်ကျကျ ဥပဒေနည်းနာတွေနဲ့ လွတ်လပ်စွာ တင်ပြပြီး မတူညီတဲ့အတွေးအမြင်တွေကို စည်းလုံးမှုတစ်ခုအဖြစ် ဖော်ဆောင်သွားမယ့် နွေဦးတော်လှန်ရေး ဥပဒေပညာသင်တန်းမှာ ဘယ်လိုတန်းခွဲတွေပါ၀◌င်သွားမလဲ ကျွန်တော်နဲ့တူတူ ဆက်ကြည့်လိုက်ရအောင်နော် 🙆‍♂️
#SpringUniversityMyanmar
#SUM
SUM Logo ဖြစ်ပေါ်လာပုံလေး သိကြပြီးပြီလား ❓
ကျွန်တော်တို့ရဲ့ SUM ဆိုတဲ့ Logo လေးကို အဓိက
အားဖြင့် စက်ဝိုင်းလေးတွေနဲ့ အခြေခံပြီးရေးဆွဲထားတာဖြစ်ပါတယ်။ အချို့နေရာလေးတွေမှာတော့ ပွင့်ဖတ်လေးနဲ့ ပုံဖော်ထားတဲ့ Typography ပုံစံမျိုးလေးတွေကိုလဲ ဂရုတစိုက် ရေးဆွဲတန်ဆာဆင်ထားတာမို့ အသေးစိတ်ကျကျ တွေ့မြင်နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပြယုဒ်တစ်ခုဖြစ်တဲ့ SUM Logo မှာ
ပါဝင်တဲ့ သင်္ကေတလေးတွေရဲ့ အကွာအဝေးကစလို့ Font Format တွေအထိ Myanmar Font, English Font ပါမကျန်နှစ်မျိုးစလုံးကို တစ်သတ်မတ်တည်း ရွေးချယ်အသုံးပြုလို့ရအောင် တိတိကျကျသတ်မှတ်ထားတာမို့ အရည်အသွေးပြည့်မှီတဲ့ နွေဦးတက္ကသိုလ် ကိုယ်စားပြုသင်္ကေတလေးတစ်ခုဖြစ်လာသည်အထိ ကြိုးစားပြီး ရေးဆွဲဖန်တီးထားပါတယ်ခင်ဗျာ။
ယခုထက်ပိုပြီး ပညာရေးတိုးတတ်မြှှင့်မားဖို့တွက် စဉ်းစားမိတိုင်း နွေဦးတက္ကသိုလ် သင်္ကေတလေးက ကျောင်းသူ၊သားများနဲ့အတူ အမြဲတမ်းရှိနေပါ့မယ်။
"ကဲ. Logo လေးရဲ့ ဖြစ်ပေါ်လာပုံကို သိသွားပြီဆိုတော့ နွေဦးတက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူဖို့ ဆန္ဒရှိတဲ့သူငယ်ချင်းတွေကိုလဲ မျှဝေပေးလိုက်ပါဦးနော်"
#SpringUniversityMyanmar
#SUM
Diploma program များပါဝင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ မေလ Intake
အားလုံးပဲ မင်္ဂလာပါ။ 

နွေဦးတက္ကသိုလ်ရဲ့ မေလ Intake မှာတော့
✅ ကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ သဘောတရားများကို အခြေခံမှစပြီး လုပ်ငန်းခွင်အထိ အကျိုးရှိစွာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားသည့်အပြင် တခြား ပညာရပ်ခွဲများကိုလည်း နားလည်သဘောပေါက်စေရန် သင်ကြားပေးမယ့် Higher Diploma in Computer Science ✅ ပဋိပက္ခဖြေရှင်းခြင်း နှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သဘောတရားများကို နည်းလမ်းတကျ လေ့လာတတ်မြောက်နိုင်မယ့် Diploma in Federalism and Peace Studies  တို့ကို ဖွင့်လှစ်အပ်နှံနိုင်မှာဖြစ်ပြီး

အတန်းများရဲ့ အသေးစိတ်အချက်အလက်များကို မကြာခင် နွေဦးတက္ကသိုလ်မှ ဖော်ပြသွားမှာဖြစ်လို့ ကြိုတင်ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ။ 

#SpringUniversityMyanmar
#နွေဦးတက္ကသိုလ်
#SUM
❤49👍2🎉1🕊1
မေ ၁ တွင် ကျရောက်သော အလုပ်သမားနေ့ကို ကျွန်တော်တို့ နွေဦးတက္ကသိုလ်အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာ ကြိုဆိုပါတယ်ခင်ဗျာ။

နွေဦးမှစတင်ပြီး အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့ကြသော အလုပ်သမားပြည်သူများ၏ ဝိုင်းဝန်းဖေးမမှုနှင့် အားထုတ်မှုများကိုလည်း ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှ လေးစားဂုဏ်ယူလျက်ပါခင်ဗျာ။

#SpringUniversityMyanmar
#SUM
❤54👍4🏆4🤔1