Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
Spring University Myanmar
Photo
နွေဦးတက္ကသိုလ်ရဲ့ April Intake မှာ ဖွင့်လှစ်မယ့် တန်းခွဲများကို စုစည်းဖော်ပြပေးလိုပါတယ်။

Intake System ကို စတင်ပြောင်းလဲ ကျင့်သုံးခဲ့တဲ့ နွေဦးတက္ကသိုလ်ဟာ (၃)လတစ်ကြိမ် တန်းခွဲအသစ်များကို ဖွင့်လှစ်ခြင်းဖြင့် ကြားကာလ ပညာသင်ကြားမှုကို ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်။

မကြာခင်အတွင်း ဖွင့်လှစ်တော့မယ့် ဧပြီလ တန်းခွဲမှာတော့- နွေဦးတက္ကသိုလ်ရှိ ကျောင်းပေါင်း (၆) ကျောင်းမှ တန်းခွဲစုစုပေါင်း (၃၄) တန်းအထိ ဖွင်လှစ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

https://m.facebook.com/story.php?story_fbid=pfbid0RoCkWSizTPTAGJwumkbBGiPcM8YZ5pw7j14ABeJUr9s3birMw2erihZk9rHE1Svjl&id=100068345813298&mibextid=unz460
❤16👍7
April လ Intake အတွက် School of Foreign Languages မှ ဘာသာစကားဆိုင်ရာ တန်းခွဲ (၁၅) ခုကို လျှောက်ထားနိုင်ပြီ။

https://m.facebook.com/story.php?story_fbid=pfbid0T593Y7xce1asKrQv7azibm9cSERu8XwvwWimcrn8eS5Yh4dURCmygL32hZoq64r7l&id=100068345813298&mibextid=qC1gEa
❤16👍6😁3
👍4🔥3👎1
Spring University Myanmar
Photo
Center For College Preparation ကျောင်းခွဲမှ နိုင်ငံတကာပညာသင်ယူနိုင်မှု အခွင့်အလမ်းများအတွက် တန်းခွဲများစွာ ဖွင့်လှစ်လိုက်ပြီ။

https://m.facebook.com/story.php?story_fbid=pfbid02wGTAVMP28hFaQKEW6Ys8oKZj8WTBcSVCRcniTN35qtX8oNQGw5XHaVN9mk5AQSYFl&id=100068345813298&mibextid=qC1gEa
❤15👍3
🤩10❤2👍1
Spring University Myanmar
Photo
နွေဦးတက္ကသိုလ်နဲ့ အတူ
“အပျော်သင်္ကြန်” မဟုတ်တဲ့ “တော်လှန်သင်္ကြန်” ဆင်နွှဲကြမယ် ။

အားလုံးပဲ မင်္ဂလာပါ။ တစ်နေ့တာမှာ အချိန်ကို အကျိုးရှိစွာ အသုံးချရင်း အနာဂတ်ပညာရေး၊အလုပ်အကိုင် အခွင့်အလမ်းများအတွက် စဉ်ဆက်မပြတ် သင်ယူလေ့လာနေခြင်းဟာ မိမိကိုယ်ကို တိုးတက်ခြင်းရဲ့ လမ်းစ
တစ်ခုပါပဲ။

ဒါကြောင့်မို့ ကျွန်တော်တို့ နွေဦးတက္ကသိုလ်အနေဖြင့် ကျောင်းသူ၊ကျောင်းသားများ ပညာသင်ယူရေး ရပ်တန့်မသွားအောင်၊ မိမိလေ့လာလိုတဲ့ ဘာသာရပ်များကို လေ့လာသင်ယူရင်း အနာဂတ် ပညာရေး၊
အလုပ်အကိုင်အခွင့်အလမ်းများကို အရယူနိုင်ဖို့ တန်းခွဲများစွာကို စဉ်ဆက်မပြတ်ဖွင့်လှစ်ထားရှိပါတယ်။

ယခုလာမယ့် နှစ်သစ်ကူးကာလမှာဆိုရင်လည်း
ကျောင်းသားလူငယ်တွေ အနေနဲ့ နွေဦးတက္ကသိုလ်ရဲ့ အောက်ဖော်ပြပါ သင်တန်းတွေမှာ ပညာသင်ရင်း
“အပျော်သင်္ကြန်” မဟုတ်တဲ့ “တော်လှန်သင်္ကြန်”ကို အတူတူ ဆင်နွှဲကြဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်။

နွေဦးတက္ကသိုလ်ရဲ့ School of Social Sciences & Humanities ကျောင်းခွဲမှ
📌 Introduction to Ethical and Moral Reasoning (ကျင့်ဝတ်နှင့်နီတိဆိုင်ရာ ဆင်ခြင်တွေးခေါ်ခြင်း မိတ်ဆက်သင်တန်း)

နွေဦးတက္ကသိုလ်ရဲ့ Law School ကျောင်းခွဲမှ
📌Certificate Course in Free Trial Principle

နွေဦးတက္ကသိုလ်ရဲ့ School of Economics & Management ကျောင်းခွဲမှ
📌 Certificate Course in Marketing Management
📌 Certificate Course in Financial Management
📌 Certificate in Statistical Methods and Decision Making (Advanced course)
📌 Certificate Course in Public Policy Process: Theory, Concepts and Models

နွေဦးတက္ကသိုလ်ရဲ့ School of Health ကျောင်းခွဲမှ
📌 Qualitative Research in Health for Beginners
📌 Research Methodology in Health

တဆက်တည်းမှာ နွေဦးတက္ကသိုလ်ရဲ့ School of Foreign Languages ကျောင်းခွဲမှလည်း ဘာသာစကားတန်းခွဲများ စွာကို ဖွင့်လှစ်ထားရှိတာမို့ ေကျာင်းသားလူငယ်များအနေဖြင့် မိမိနှစ်သက်ရာ တန်းခွဲများကို နှစ်သစ်ကူးကာလမှာ အနားယူ ရွေးချယ်တက်ရောက်ရင်း “အပျော်သင်္ကြန်” မဟုတ်တဲ့
“တော်လှန်သင်္ကြန်” မှာ ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
❤52👍11❤‍🔥3
ဧပြီလအတွင်း နိုင်ငံခြားဘာသာစကားသင်တန်းများ တက်ရောက်လိုသူများအနေနဲ့ သက်ဆိုင်ရာ Deadline များ မတိုင်မီ စာရင်းပေးဖို့ တိုက်တွန်းပါရစေ။

တန်းခွဲစုစုပေါင်း (၁၅) ခုတိတိဖွင့်လှစ်မယ့် ဧပြီလရဲ့ တန်းခွဲများကို တက်ရောက်ဖို့ စီစဥ်ထားသူများအတွက် ပြောင်းလဲသတ်မှတ်ထားသော တန်းခွဲအချို့ရဲ့ Deadline များကို ဖော်ပြပေးလိုပါတယ်။

Chinese HSK Level-1 တန်းခွဲရဲ့ Deadline မှာ ဧပြီ (၁၈) မှ ဧပြီ (၂၇) သို့လည်းကောင်း၊

Korean Language Level-2 အတန်းရဲ့ Deadline ကိုတော့ ဧပြီ (၂၄) မှ ဧပြီ (၂၈) သို့လည်းကောင်း၊

Korean Speaking class ရဲ့ Deadline ကို ဧပြီ (၂၀) မှ ဧပြီ (၂၇) သို့လည်းကောင်း အသီးသီး ပြောင်းလည်းသတ်မှတ်ထားကြောင်း သတင်းကောင်းပါးပါရစေ။

ဒါ့အပြင် ကျန်ရှိသော တန်းခွဲအသီးသီးရဲ့ စာရင်းပေးသွင်းမှုကိုတော့ ကြိုတင်ကြေညာထားသည့်အတိုင်း မပြောင်းမလဲ လက်ခံသွားမှာဖြစ်ပါတယ်။

ဖွင့်လှစ်သွားမယ့် တန်းခွဲတစ်ခုချင်းစီအကြောင်း အသေးစိတ်ကို အောက်ပါ Link များမှတစ်ဆင့် အသေးစိတ်ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Link- https://www.facebook.com/100068345813298/posts/pfbid02X6rp1xTsb3PsDb9tmrmkQ8YnVotU95PrkXnNsXvCnkvTjZXdHhhb4wp3C1SHvgbwl/?mibextid=tejx2t

#SpringUniversityMM
#SUM
❤12👍11👏3🥱2
ပညာရပ်ဗဟုသုတများစွာ မျှဝေပေးနေတဲ့ နွေဦးတက္ကသိုလ်- School of Economics and Mangement” ရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုက ဘာဖြစ်မလဲ?

မိဘပြည်သူ၊ ကျောင်းသား/သူများ အားလုံး မင်္ဂလာပါ။ စီးပွားရေး၊ စီမံခန့်ခွဲမှုနှင့် ပြည်သူ့ရေးရာနှင့် သက်ဆိုင်သော ပညာရပ်များကိုမျှဝေပေးလျက်ရှိတဲ့ “School of Economics and Management” မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

Intake တိုင်း မတူညီသော ပညာရပ် ဗဟုသုတများကို ဝေမျှရန်အတွက် တန်းခွဲများကို ဖွင့်လှစ်ပေးလျက်ရှိပြီး ယခုတစ်ခါမှာတော့ တစ်မူထူးခြားသော ပညာရေးအစီအစဥ်တစ်ခုကို မကြာမီအချိန်အတွင်း မိဘပြည်သူ၊ ကျောင်းသား/လူငယ်များထံ မိတ်ဆက်ပေးသွားဖို့ စီစဥ်ထားပါတယ်။

ထိုပညာရေးအစီအစဥ်သစ်ကိုလည်း မိဘပြည်သူများနှင့်၊ ကျောင်းသားလူငယ်များ အားလုံး စိတ်ကျေနပ်မှု ရရှိမယ်လို့ ယုံကြည်ပါတယ်။

ဒါ့ကြောင့် School of Economics and Mangement မှ မိတ်ဆက်ပေးသွားမယ့် ပညာအစီအစဥ်သစ်က ဘာဖြစ်မလဲ?

မကြာမီအချိန်အတွင်းမှာ ထိုပညာရေးအစီအစဥ်ကို ချပြသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM
#SUM
❤28👍11👏1
Spring University Myanmar
Photo
ကျန်းမာရေးစောင့်ရှောက်မှုတွေမှာရော သုတေသန (Qualitative Research) ဆိုတာ လိုအပ်ရဲ့လား။

အားလုံးပဲ မင်္ဂလာပါ။ ဒေသတစ်ခုရဲ့ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ထိန်းသိမ်းမှု၊ လူမှုအကျိုးပြုအဖွဲ့အစည်း
များအနေဖြင့်စီမံကိန်းတွေ ဖော်ဆောင်ကြရာမှာ အချို့သော ကျန်းမာရေးနယ်ပယ်မှာ ရှုပ်ထွေးတဲ့ဖြစ်စဉ်များကို ကြုံတွေ့ရလေ့ရှိပါတယ်။

လူထုကျန်းမာရေးအတွက် ပိုမိုအကျိုးပြုစေဖို့ ကျန်းမာရေး စီမံခန့်ခွဲမှုများ သုတေသန (သို့မဟုတ်) ဒေတာစု‌ဆောင်းခြင်းနည်းလမ်းများ၊ ဒေတာကောက်ယူသည့် ကိရိယာများသာမက လူတွေရဲ့ တွေးခေါ်ယူဆချက်များ၊ ဖြစ်ရပ်တစ်ခုရဲ့ ဖြစ်စဉ်၊ ဖြစ်စေသောအကြောင်းရင်း စတာတွေကို အသေးစိတ် အရင်းအမြစ်ကျကျသိရှိလေ့လာဖို့လိုအပ်ပါတယ်။

ဒီလို ဒေတာစုဆောင်းမှုတွေ၊ ကောက်ယူမှုနည်းစနစ်တွေပေါ်မူတည်ပြီး ရလဒ်များစွာပြောင်းလဲသွားနိုင်
တာမို့ ကျန်းမာရေးနယ်ပယ်မှာ ဝင်ရောက်အားဖြည့်လျက်ရှိတဲ့ ကျောင်းသူ၊ကေျာင်းသားများအနေဖြင့် အထူး
ဂရုပြုလေ့လာဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲသစ် “School of Health”မှ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရပ်များ သာမက မွေးကင်းစကလေးငယ်အတွက် ထိန်းသိမ်းစောင့်ရှောက်စရာ သိမှတ်ဖွယ် ဗဟုသုတ ပညာရပ်များကို မျှဝေသွားနိုင်ဖို့ School of Health မှ အောက်ပါတန်းခွဲများမှတဆင့် “Qualitative Research in Health for Beginners” ဆိုတဲ့ အတန်းကို ဖွင့်လှစ်ထားရှိပါတယ်။ အဆိုပါသင်တန်းကိုတော့ မေလ (၆)ရက်နေ့ မှာ စတင်သွားမှာ ဖြစ်ပြီးတော့ လျှောက်ထားလိုသူများအနေနှင့် မေလ (၄)ရက်နေ့အထိနောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

အသေးစိတ်ကို ဖော်ပြပါ Link လေးမှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

https://www.facebook.com/photo/?fbid=526168389671350&set=pcb.526168779671311

#SpringUniversity
#SUM
👍23