Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
နွေဦးတက္ကသိုလ် ရဲ့ ဘာသာစကားသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် School of Foreign Languages မှ August Intake အတွင်းတွင် ဘာသာစကား သင်တန်းများကို ဖွင့်လှစ်ထားလျက်ရှိပါပြီ။

အချိန်၊ နေရာမရွေး ဗီဒီယိုသင်ခန်းစာများဖြင့် လေ့လာနိုင်သည့် ပြင်သစ်နှင့် ဂျာမန် ဘာသာစကားအတန်းများ

https://www.facebook.com/100068345813298/posts/pfbid02bjaQ4gJekqP7iqUmRv4euz3ynBNmCkKu9DB89Qsd1CmASTyYLq1YXBwyCPundbzXl/?mibextid=cr9u03

ပြင်သစ်၊ စပိန်နှင့် ဂျာမန် ဘာသာစကားအတန်းများ

https://www.facebook.com/100068345813298/posts/pfbid02A2Xn4tYmZndh2XpvMg4vP79v7HNiW6YWTqrEKN7p3CZtyGtf6sWW7bd375Npzitwl/?mibextid=cr9u03

ထိုင်း၊ကိုရီးယားဘာသာစကားများကို အခြေခံမှတဆင့် သင်ယူလေ့လာနိုင်မယ့် အတန်းများ

https://www.facebook.com/100068345813298/posts/pfbid02TnpU1d5Vxt6q3UrZkuQSe5yGNSDiSbU2FkUrEnaruBstSeU9FNkGP2hnuMwTFzuUl/?mibextid=cr9u03

English ဘာသာစကားစွမ်းရည်များသာမက ကိုရီးယားဘာသာစကားများကိုပါ အခြေခံမှတဆင့်လေ့လာနိုင်မည့်အတန်းများ

https://www.facebook.com/100068345813298/posts/596891295932392/?mibextid=cr9u03

မိမိနှစ်သက်ရာ စိတ်ဝင်စားသည့် အတန်းများကိုရွေးချယ်တက်ရောက်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

#SpringUniversityMM
❤13👍2
နိုင်ငံတကာ အသိအမှတ်ပြု စာမေးပွဲများ ပြင်ဆင်ဖြေဆိုနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ “Center for College Preparation” အတန်းများမှ ကြိုဆိုလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ။ နွေဦးတက္ကသိုလ်ရဲ့ “Center for College Preparation” မှ တစ်ဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်။

သြဂုတ်လအတွင်း ဖွင့်လှစ်မယ့် တန်းခွဲများထဲမှာတော့ ကျောင်းသား/သူများ အနေဖြင့် မိမိကြိုက်နှစ်သက်ရာ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲကို ရွေးချယ်ပြင်ဆင်နိုင်မယ့်
✅IELTS (Foundation 1)
✅IELTS (Foundation 2)
✅IELTS (Preparation)
✅TOEFL IBT Foundation
✅Duolingo
✅GRE တို့နှင့်အတူ

အနာဂတ်မှာ ပညာသင်ဆု အခွင့်အလမ်းများ လျှောက်ထားလိုသူတွေ၊ မာစတာနှင့် အခြားသော အဆင့်မြင့်ဒီဂရီကို ယခုအချိန်တည်းက စတင်ပြင်ဆင်လိုသူများအတွက်

📌Pre-College Preparation (PCP)
📌Graduate Studies Preparation အစရှိတဲ့တန်းခွဲများကို စုံလင်စွာ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းသား/သူများအနေဖြင့် မိမိစိတ်တိုင်းကျ တန်းခွဲများမှာ ရွေးချယ်တက်ရောက်နိုင်ဖို့ အမြန်ဆုံး စာရင်းပေးအပ်နှံကြဖို့ တိုက်တွန်းပါရစေ။

အသေးစိတ်ဖတ်ရှူရန်: https://www.facebook.com/100068345813298/posts/pfbid025MUJWdf3WmW2M5cjx2rpk7r2brQ2QCLKS9iEmCUqSDJgPT9ZtxUUpi9iJqD9Lhdyl/?mibextid=cr9u03

#SpringUniversityMM
#SUM
👍8❤4🔥2
အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားနိုင်ငံရေး

IHRDG မှ “Labour Politics in Post-Coup Myanmar” အမည်ရှိသည့် Seminar တစ်ခုကို စက်တင်ဘာလ (၇) ရက်နေ့ ၊မြန်မာစံတော်ချိန် ၆ နာရီ အချိန်မှာ ပြုလုပ်သွားဖိုရှိပါသည်။

အဆိုပါ Seminarလေးမှာဆိုရင် အလုပ်ခွင်အသီးသီးတွင် လုပ်ငန်းဝင်နေကြသည့် မြန်မာ့ အခြေခံလုပ်သားများ၏ နေ့စဉ်ဘဝ လှုပ်ရှားရုန်းကန်မှု၊ ဖိနှိပ်မှုပေါင်းစုံနဲ့ လုပ်အားအမြတ်ထုတ် ခေါင်းပုံဖြတ်ခံရမှုတွေကြားက အလုပ်သမားနိုင်ငံရေး ဖြစ်စဉ်တွေကို ဆန်းစစ်လေ့လာသွားမှာ ဖြစ်ပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ နှင့် နိုင်ငံရေး ရေစီးကြောင်း ဆက်စပ်ပုံတွေကို လေ့လာလိုတယ်ဆိုရင် Seminar လေးကို မဖြစ်မနေ တက်ရောက်ပါဝင်ရန် တိုက်တွန်းလိုက်ရပါသည်။

https://us06web.zoom.us/webinar/register/WN_nWUTVNxVQlC4I9sq58OPnQ

အသေးစိတ်ကြည့်ရှုရန်: https://fb.me/e/7khCRCic6
❤10❤‍🔥4🥰1
လူထုလှုပ်ရှားမှုများကို မနုဿဗေဒမှန်ပြောင်းမှ တဆင့် လေ့လာကြည့်ကြရအောင်။

နွေဦးတက္ကသိုလ်ရဲ့ School of Social Sciences and Humanities မှ August Intake အတွက် “Anthropology of Social Movements” ဆိုတဲ့ သင်တန်းလေးကို ဖွင့်လှစ်သွားတော့မှာပဲဖြစ်ပါတယ်။

သင်တန်းလေးမှာဆိုရင်တော့ မနုဿဗေဒနပညာရပ်ဆိုင်ရာ ရှုထောင့်မှ လူထုလှုပ်ရှားမှုများနှင့်ပတ်သက်သော အခြေခံသဘောတရားများနှင့် သီအိုရီများကို ချဉ်းကပ် ဆန်းစစ်သွားမှာဖြစ်ပြီး သင်တန်းအကြောင်းအရာအသေးစိတ်ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02DLrYyNfzf9JBXuHYC7ZfMBe7Y19nNJhnRZxtwx8oThsNWFSLZ6r5GtHSZs5pyRanl/?mibextid=cr9u03

#SpringUniversityMM
👍4
နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းစစ် စာမေးပွဲတစ်ခု ဖြေဆိုဖို့ အချိန်ဘယ်လောက် ယူရမလဲ?

ကျောင်းသား၊လူငယ်တွေကြားမှာ IELTS, TOEFL လို အဂ်လိပ်အရည်အချင်းစစ် စာမေးပွဲတွေ ဖြေဆိုမှုတွေ ရှိကြသလို၊ Master နှင့် Doctoral Degrees တွေကို ဆည်းပူးဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေ ကြားမှာလည်း GRE စာမေးပွဲကို ဖြေဆိုလာကြပါတယ်။

ယခုလို ဖြေဆိုကြတဲ့နေရာမှာ အထက်ပါစာမေးပွဲတွေကို ဖြေဆိုဖို့ အချိန်ဘယ်လောက်ယူကြရမလဲ? ဆိုတဲ့ မေးခွန်းက ကျောင်းသား၊လူငယ်တိုင်းမှာ ရှိနေပါတယ်။

အဖြေကတော့- မိမိမှာ လက်ရှိ English စာကျွမ်းကျင် တတ်မြောက်ထားမှု Level နှင့် မိမိလိုချင်တဲ့ အမှတ်အပေါ်မူတည်နေပါတယ်။

English ကို Upper intermediate နှင့် Advanced Level အထိ ကျွမ်းကျင်တတ်မြောက်ထားတဲ့ ကျောင်းသား/သူတွေအတွက် IELTS Band-7 ဝန်းကျင်ရရှိဖို့ အချိန် (၃) လခန့်မျှ ယူရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် Intermediate Level ရှိတဲ့ ကျောင်းသားအနေနဲ့ ထိုထက်ပိုပြီး အချိန်ယူမှသာ စာမေးပွဲ စည်းမျဥ်းများနှင့် မေးခွန်းပုံစံများကို ရင်းနှီးလာပြီး ကောင်းမွန်စွာ ဖြေဆိုနိုင်မှာပါ။

ဒါ့ကြောင့် ထိုကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းစစ် စာမေးပွဲတွေကို ဖြေဆိုမယ်ဆိုရင် မိမိရဲ့ General English အခြေခံက ကောင်းနေဖို့ အရေးကြီးပါတယ်။

တစ်ဆက်တည်းမှာပဲ မိမိမျှော်မှန်းထားတဲ့ အမှတ်အပေါ်မူတည်ပြီးလည်း ပြင်ဆင်ကာလနှင့် ကြာချိန်များ ကွဲပြားနိုင်ပါတယ်။

ဥပမာ- သင့်အနေနဲ့ IELTS ကို Band-7 ရရှိဖို့ (၃)လ အချိန်ယူရမယ်ဆိုပါက ထိုထက်မြင့်တဲ့ အမှတ်တွေ ရရှိဖို့ ပိုမိုလေ့ကျင့်ချိန်၊ပြင်ဆင်ချိန် လိုအပ်လာပါတယ်။

IELTS သာမကဘဲ အခြားသော စာမေးပွဲများသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိအရည်အချင်းနှင့် လိုချင်တဲ့အမှတ်များ အပေါ်မူတည်ပြီး ကွဲပြားမှု ရှိနိုင်ပါတယ်။

မိမိအနေဖြင့် စာမေးပွဲရဲ့ အမှတ်ပေးစည်းမျဥ်း၊ မေးခွန်းပုံစံကို ရင်းနှီးထားပြီး အချိန်စီမံခန့်ခွဲမှုများကို စနစ်တကျ ပြုလုပ်နိုင်ဖို့တော့ လိုအပ်ပါတယ်။

နွေဦးတကသိုလ်ရဲ့ သြဂုတ်လမှာ ဖွင့်လှစ်မယ့် တန်းခွဲများထဲမှာ- နိုင်ငံတကာ အသိအမှတ်ပြု အရည်အချင်းစစ် စာမေးပွဲများဖြစ်တဲ့ IELTS, TOEFL နှင့် GRE တို့ကို ပြင်ဆင်နိုင်မယ့် တန်းခွဲများပါဝင်ပါတယ်။

ဒါ့အပြင် ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာသင်ဆုများကို အနာဂတ်မှာ လျှောက်ထားဖို့ ပြင်ဆင်ထားလိုသူများအတွက် “Pre-college Preparation” နှင့် “Graduate Studies Preparation” တန်းခွဲများလည်း ဖွင့်လှစ်ထားပါတယ်။

အသေးစိတ်ကို အောက်ပါ Link မှ တစ်ဆင့် အသေးစိတ်ကြည့်ရှုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Link- https://www.facebook.com/100068345813298/posts/597443285877193/?mibextid=cr9u03

ဒီလို အနာဂတ်ပညာသင်ကြားမှုတွေ ပြတ်တောက်မသွားဖို့ သင့်စိတ်ကြိုက် သင်တန်းများကို ရွေးချယ် တက်ရောက်နိုင်ပြီဖြစ်လို့ အမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

#SpringUniversityMM
#SUM
❤10👍1
အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားနိုင်ငံရေး

IHRDG မှ “Labour Politics in Post-Coup Myanmar” အမည်ရှိသည့် Seminar တစ်ခုကို စက်တင်ဘာလ ၇ ရက်နေ့ ၊မြန်မာစံတော်ချိန် ၆ နာရီ အချိန်မှာ ပြုလုပ်သွားဖိုရှိပါသည်။

အဆိုပါ Seminarလေးမှာဆိုရင် အလုပ်ခွင်အသီးသီးတွင် လုပ်ငန်းဝင်နေကြသည့် မြန်မာ့ အခြေခံလုပ်သားများ၏ နေ့စဉ်ဘဝ လှုပ်ရှားရုန်းကန်မှု၊ ဖိနှိပ်မှုပေါင်းစုံနဲ့ လုပ်အားအမြတ်ထုတ် ခေါင်းပုံဖြတ်ခံရမှုတွေကြားက အလုပ်သမားနိုင်ငံရေး ဖြစ်စဉ်တွေကို ဆန်းစစ်လေ့လာသွားမှာ ဖြစ်ပါသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များကို ခွဲခြမ်းစိတ်ဖြာရာတွင် အလုပ်သမားနှင့် လူတန်းစားအပေါ် အလေးပေး အာရုံစူးစိုက်မှု နည်းပါးခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခြင်းဖော်ပြခြင်းမျိုးဖြစ်သည်။ သို့သော်လည်း ယင်းအချက်သည် မြန်မာ့လူမှုရေး-နိုင်ငံရေး ရေစီးကြောင်ဖြစ်စဥ္များ၏ အရေးကြီးသော ရှုထောင့်ကို ချန်လှပ်ထားလျက်ရှီပေသည်။ ဤဟောပြောပွဲသည် အလုပ်သမား နိုင်ငံရေးမှသည် မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ နေ့စဉ်စားဝတ်နေရေး ရုန်းကန်လှုပ်ရှားမှုများအထိ ယခင် လျစ်လျူရှုခံထားရသော အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့နိုင်ငံရေး၏ ကွဲပြားသော ရှုထောင့်များကို ရှာဖွေဆန်းစစ်နိုင်ရန် အားထုတ်သွားမည်ဖြစ်သည်။

ထို့အပြင် ဟောပြောပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများသည် ပြည်ပရောက် migrants လုပ်သားများ၊ social reproduction labor များ နှင့် အလုပ်သမားများကိုယ်တိုင် စည်းရုံးခြင်းများအပါအဝင် လက်ရှိဖြစ်ပေါ်နေသော နွေဦးတော်လှန်ရေးအပေါ် အလုပ်သမားများ၏ ရှမြင်ပုံများနှင့် ပါဝင်လှုပ်ရှားပုံများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။တဆက်တည်းမှာပဲ အခြေခံ အလုပ်သမားများ၏ အတွေ့အကြုံများကို အလေးပေးဆွေးနွေးသွားမည်ဖြစ်၍ သမိုင်းတလျှောက် အခွင့်ထူးခံ ထိပ်တန်းနိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအကြောင်းပါ ပါဝင်သွားမည်ဖြစ်သည်။

ဟောပြောမည့်သူများအကြောင်း

ဤဆွေးနွေးပွဲတွင် မြန်မာသုတေသီများနှင့် တက်ကြွလှုပ်ရှားသူ သုံးဦး ပါဝင်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် မြန်မာနိုင်ငံ နှင့်ပြည်ပ နိုင်ငံများတွင် အလုပ်သမားအခွင့်အရေးဆိုင်ရာ စာတမ်း၊စာပေများကို ထုတ်ဝေခဲ့ကြပါသည်။

မခင်ဦးသဇင်သည် မြန်မာနိုင်ငံအတွင်းရှိ ရွေ့ပြောင်းအလုပ်သမားအရေးနှင့် စပ်လျဉ်း၍
ပညာရပ်ဆိုင်ရာ သုတေသန စာစောင်များရေးသားနေသည့် အလွတ်တမ်းသုတေသီတစ်ဦးဖြစ်သည်။

ကိုမောင်သည် အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊စည်းရုံးမှုများနှင့် စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းများထုတ်ဝေရေးသားခဲ့ဖူးသည့် အလွတ်တမ်းသုတေသီတစ်ဦးဖြစ်သညါ။

မရွှမ်းလဲ့သည် ကျားမတန်းတူညီမျှရေးအတွက် လှုပ်ရှားဆောင်ရွက်ခြင်းသုတေသီတစ်ဦး ဖြစ်ပြီး လူမျိုးစု သုတေသနဆိုင်ရာ မှတ်တမ်းတင်ဆောင်းပါးဖန်တီးသူတစ်ဦးလည်းဖြစ်သည်။

ဤ ဆွေးနွေးပွဲကို ဦးဆောင်သွားမည့်သူကတော့ Nanyang Technological University (NTU) in Singapore၊ လူမှုဗေဒနှင့် မနုဿဗေဒမဟာဌာန မှ လက်ထောက်ပါမောက္ခ Stephen Campbell ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ နှင့် နိုင်ငံရေး ရေစီးကြောင်း ဆက်စပ်ပုံတွေကို လေ့လာလိုတယ်ဆိုရင် Seminar လေးကို မဖြစ်မနေ တက်ရောက်ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါသည်။

စာရင်းပေးသွင်းရန်: https://us06web.zoom.us/webinar/register/WN_nWUTVNxVQlC4I9sq58OPnQ

အသေးစိတ်ဖတ်ရှုရန်: https://fb.me/e/7khCRCic6

#SpringUniversityMM #ihrdg
❤6👍1
❤7👍3