ဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းအဖြစ် ရပ်တည်လိုတဲ့ ဆရာ/မများတွက် “Diploma in Teaching”စတင် ဖွင့်လှစ် လိုက်ပြီ။
အားလုံးပဲ မင်္ဂလာပါ။
မိမိသင်ယူထားသည့် ပညာရပ်များကို အခြားသူများကို မျှဝေခြင်းဟာ မွန်မြတ်တဲ့ပညာ
ရပ်တစ်ခု ဖြစ်သလို တစ်ဖက်မှာလည်း ဒီလို စာသင်ကြားခြင်း၊ ပညာရပ်ဗဟုသုတများကို မျှဝေခြင်းမှတဆင့် စနစ်တကျ အသက်မွေးဝမ်းကြောင်းပြုလိုသူ ဆရာ/မ များစွာလည်း ရှိကြမယ်ထင်ပါတယ်။
မိမိရဲ့ တပည့်များ အတော်ဆုံး၊ အတတ်ဆုံး၊ ထွန်းလင်းတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့က ဆရာ/မ များရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုဖြစ်သလိုဒီလိုစနစ်တကျ ပျိုးထောင်နိုင်ဖို့ ဆရာတစ်ဦးအနေဖြင့် အတွေးအခေါ် ဒသနပိုင်းဆိုင်ရာ၊ စိတ်ပညာပိုင်းဆိုင်ရာ သာမက လူမှုဗေဒနှင့်ဆိုင်သော အခြေခံပညာရပ် ဗဟုသုတတွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် လူငယ်များအနေဖြင့် မိမိဝါသနာပါရာ ဆရာ/မတစ်ဦးအနေဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်စေဖို့အတွက် နွေဦးတက္ကသိုလ်ရဲ့ “School of Education” မှ “Diploma in Teaching” အတန်းကို စတင်ဖွင့်လှစ်လိုက်ပါပြီ။
အဆင့်မြင့်ပညာရပ် ဒီပလိုမာ သင်တန်းဖြစ်သောကြောင့် သင်တန်းကာလ အစ/ဆုံး ၉လ ဝန်းကျင် ကြာမြင့်သွားမှာ ဖြစ်ပြီး Semester (၃) ခု ခွဲကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဓိက သင်ကြားပေးသွားမယ့် သင်ခန်းစာခေါင်းစဥ်ကြီးနှင့် အချိန်ကာလ အပိုင်းအခြားကတော့-
✅ Semester 1: Foundation of Education (October to December)
✅ Semester 2: Method of Teaching (February to April)
✅ Semester 3: Educational Assessments, Guiding and Counseling (June to August) တို့ပဲ ဖြစ်ပါတယ်။
ယခု ဒီပလိုမာသင်တန်းကို အချိန် ၉ လကြာ တက်ရောက်ပြီးတဲ့အခါ ကျောင်းသား/သူများ အနေဖြင့်
📌 Philosophy နှင့် ပညာသင်ကြားက အချိတ်အဆက်ကို သိရှိလာပြီး ထို Teaching Philosophy ကို လက်တွေ့စာသင်ကြားမှု ပတ်ဝန်းကျင်မှာ ပြန်လည် အသုံးချလာနိုင်မယ်။
📌 ကျောင်းသားတွေကို စာသင်ကြားမှု ပတ်ဝန်းကျင်မှာ Educational Psychology ရဲ့ အရေးပါပုံကို သိရှိလာမယ်။
📌 မိမိသင်ကြားရမယ့် သင်ရိုးညွှန်းတမ်းကို ကောင်းစွာနားလည်ပြီး ဘာသာရပ်အလိုက် ပညာသင်ကြားမှု နည်းစနစ်ကောင်းတွေ သိရှိလာမယ်။
📌 စာသင်ကြားမှုကဏမှာ သာမက တတ်မြောက်မှု ပြန်လည်စစ်ဆေးရာမှာ အသုံးချနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို သဘောပေါက်နားလည် သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆရာအတတ်ပညာနှင့်ပတ်သတ်ပြီး အခြေခံကျသော အသိပညာ၊ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာသင်ယူလိုသူများ တက်ရောက်သင့်ပါတယ်။ သင်တန်းအစ/ဆုံး သင်တန်းကြေးစုစုပေါင်း (၁၅၀,၀၀၀) ကျပ်တိတိ ကျသင့်သွားမှာပါ။
သင်ကြားရေးပိုင်းမှာ ကျွမ်းကျင်မှုရှိတဲ့ ဆရာ/မများက အချင်းချင်း ဆွေးနွေးဝေမျှတဲ့ နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပြီး ကျောင်းသား အရေအတွက် ကန့်သတ်ထားတာဖြစ်လို့ စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးဖို့ လိုအပ်ပါတယ်။
စာရင်းပေးသွင်းရန်လင့်- https://ee.humanitarianresponse.info/single/uMbAz2hZ?returnUrl=https://t.me/+lnIy5uOSUCphYzg1
မိမိရဲ့ ဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုလိုတဲ့ ဆနကို ဖြည့်ဆည်းဖို့ “Diploma in Teaching” ဆိုတဲ့ အတန်းက အသင့်ရှိနေပါပြီ။
သင့်ပတ်ဝန်းကျင်မှာ စာသင်ရတာစိတ်ဝင်စားသူ၊ ဆရာ/မအဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ ရှိလျှင်လည်း သတင်းကောင်းပါးဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။
#SpringUniversityMM
#SUM

ee-eu.kobotoolbox.org
Enketo Express for KoboToolbox
👍5❤4
“Diploma in Teaching” အကြောင်း အကြိုမိတ်ဆက်သွားမယ့် “Open House Event”
အားလုံးပဲ မင်္ဂလာပါ။ လွန်ခဲ့ရက်များမှာတော့ မိမိဝါသနာပါရာ သင်ကြားရေးပညာရပ်ကို အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် ရပ်တည်လိုတဲ့ ဆရာ၊ဆရာမများအတွက် သင်ကြားရေးဆိုင်ရာ အခြေခံပညာရပ် ဗဟုသုတများကို လေ့လာသွားနိုင်ဖို့ နွေဦးတက္ကသိုလ်ရဲ့ “School of Education” မှ “Diploma in Teaching” ကို ဖွင့်လှစ်ထားရှိပါတယ်။
ဒါဆို အထက်ပါ Diploma တန်းခွဲလေးအကြောင်းကို အသေးစိတ် သိရှိလိုသူတစ်ယောက်လား။ဘယ်လို သင်ကြားရေး ပညာရပ်တွေကို လေ့လာသွားရမလဲ။ သင်တန်းစတင် မတက်ရောက်ခင် မိမိမျှော်မှန်းချက်နဲ့ ကိုက်ညီမှုရှိမရှိ ကြိုတင်လေ့လာသိရှိလိုသူတစ်ယောက်လား။
အစရှိတဲ့ မေးခွန်းများနဲ့အတူ တန်းခွဲလေးအကြောင်းကို အသေးစိတ်သိရှိလိုသူများအတွက်တန်းခွဲအဖွင့်မိတ်ဆက်ပွဲ (Open House Event)လေးကိုတော့ စက်တင်ဘာလ (၄) ရက်နေ့၊ ည(၈:၃၀) အချိန်မှာ အွန််လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ရန်အတွက် Registration Form ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ပါတည်း ဖော်ပြထားပါတယ်။
အဆိုပါ “အဖွင့်မိတ်ဆက်ပွဲ” (Open House Event) လေးမှာဆိုရင်တော့ သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမယ့် သင်ကြားရေးနည်းစနစ်များ၊ ဆရာ၊ဆရာမများအပြင် ယခင်တက်ရောက်သူ အတန်းသားများရဲ့ အကြံပြုချက်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများအပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြားသော အသေးစိတ်အကြောင်းအရာ သိလိုသည်များကို မေးမြန်းသွားနိုင်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အောက်ဖော်ပြပါလင့်မှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြောကြားရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။
စာရင်းပေးသွင်းရန် လင့်ခ် - https://us06web.zoom.us/meeting/register/tZAsdumgrDsjG9L8lqxp_3aQ19sR6Uo2rt8S

Zoom
Welcome! You are invited to join a meeting: Diploma in Teaching Open House. After registering, you will receive a confirmation…
❤10👍3
“Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်းကို စတင်လျှောက်ထားနိုင်ပါပြီ။
အားလုံးပဲ မင်္ဂလာပါ။
ကျောင်းသူ၊ကျောင်းသားများအားလုံးစောင့်မျှော်နေကြသော နွေဦးတက္ကသိုလ်ရဲ့ “Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်း လျှောက်လွှာများကို ယခုအချိန်မှစတင်ကာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
အဆိုပါသင်တန်းသည် အဆင့်မြင့်ပညာရပ်ဆိုင်ရာ ဒီပလိုမာ သင်တန်းဖြစ်သောကြောင့် သင်တန်းကာလ အစ/ဆုံး ၇လ ကြာမြင့်သွားမှာ ဖြစ်ပြီး Semester (၂) ခု ခွဲကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။
Semester (၂) ခုကာလအတွင်း အဓိက သင်ကြားပေးသွားမယ့် သင်ခန်းစာအကြောင်းအရာများနဲ့ အချိန်ကာလ အပိုင်းအခြားကတော့-
✅ Semester 1 သည် (October 2023-January 2024) ထိဖြစ်ပြီး
(1)Introduction to International Relations
(2)Introduction to Political Institutions
(3)International Relations Theory
(4)Research Methodology in International Relations တို့ကိုသင်ကြားသွားမှာဖြစ်ပါတယ်။
✅ Semester 2 သည် (February 2024 to April 2024) ထိဖြစ်ပြီး
(1)Comparative Politics of Southeast Asia
(2)Foreign Policy and Diplomacy
(3)Introduction to International Political Economy
(4)Peace and Conflict Resolution တို့ကို သင်ကြားသွားမှာ ဖြစ်ပါတယ်။
✅ ဆက်လက်ပြီး ဒီပလိုမာသင်တန်းကာလတလျှောက် အောက်ဖော်ပြပါ အကြောင်းအရာ (၉) ခုနဲ့ စပ်လျဉ်းပြီး ပြည်တွင်း၊ပြည်ပ သက်ဆိုင်ရာပညာရှင်များရဲ့ သင်ကြားပို့ချခြင်း အစီအစဉ်များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။
(1)International Relations Theory
(2)The Study of International Migration from IR perspective
(3)Migration in Peace and Conflict Constellation
(4)Gender Equality
(5)International Political Economy
(6)Diplomatic functions and Consulate Functions
(7)Environmental Issues
(8)International Law
(9)Political Philosophy
✅ ဒါ့အပြင် သင်တန်းကာလတလျောက် သုတေသနစာတမ်းငယ် ရေးသားပြုစုခြင်း တွေလေ့လာရမှာ ဖြစ်ပါတယ်။
ယခု ဒီပလိုမာသင်တန်းကို အချိန် ၇ လကြာ တက်ရောက်ပြီးတဲ့အခါ ကျောင်းသား/သူများ အနေဖြင့်
📌 ပြည်တွင်း၊ပြည်ပမှ ကျွမ်းကျင်ပညာရှင်များရဲ့ သင်ကြားပို့ချမှုများနဲ့အတူ နိုင်ငံတကာဆက်ဆံရေးပညာရပ် ဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သိရှိလာမယ်။
📍စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးမှုများမှတဆင့် နိုင်ငံရေး ၊ စီးပွားရေး နဲ့ သံတမန်ရေးရာ ချိတ်ဆက်ဆောင်ရွက်မှုတွေကို လေးလေးနက်နက် တွေးခေါ် သိရှိလာနိုင်မယ်။
📍 ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးပညာရပ်အား သုတေသနရှုထောင့်မှ ဆန်းစစ်လေ့လာရင်း လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံတကာပါဝင်မှုကိုပါ စနစ်တကျ ချိန်ထိုးစဉ်းစားတတ်လာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာဆက်ဆံရေးပညာရပ်နဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အသိပညာ၊ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာသင်ယူလိုသူများ တက်ရောက်သင့်ပါတယ်။
သင်တန်းအစ/ဆုံး သင်တန်းကြေးစုစုပေါင်း (၂၀၀,၀၀၀) ကျပ်တိတိ ကျသင့်သွားမှာပါ။
ကျောင်းသား အရေအတွက် ကန့်သတ်ထားတာဖြစ်လို့ စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။
စာရင်းပေးသွင်းရန်လင့်ခ်- https://ee.humanitarianresponse.info/single/12NA2FhW?returnUrl=https://t.me/+JKXs7sf-9LE1NTY1

❤21👍7
“Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်းအကြောင်း အကြိုမိတ်ဆက်သွားမယ့် “Open House Event”
အားလုံးပဲ မင်္ဂလာပါ။ ကမ္ဘာ့နိုင်ငံများနဲ့ နိုင်ငံတွေ အတူယှဥ်တွဲနေထိုင်ရင်း အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို နည်းမှန်လမ်းမှန်လေ့လာရင်း ရှုထောင့်မျိုးစုံမှ ချိန်ထိုးဆန်းစစ်တတ်စေဖို့အတွက် နွေဦးတက္ကသိုလ်မှ Diploma in International Relations and Global Affairs အစီအစဉ်ကို မိတ်ဆက်ထားရှိပါတယ်။
ဒါဆို အဆိုပါ ဒီပလိုမာ မှာ ဘယ်လို ပညာရပ်တွေကို အဓိက လေ့လာသွားရမလဲ။ ဘယ်လိုသင်ကြားရေး နည်းစနစ်တွေနဲ့ဘယ်သူတွေက သင်ကြားပေးသွားမှာလဲ။ ဒီပလိုမာ သင်တန်းတစ်ခု ဖြစ်တာမို့ မိမိရည်မှန်းချက်နဲ့ကိုက်ညီမှု ရှိ၊မရှိ ကြိုတင်လေ့လာလိုသူများအတွက် ဒီပလိုမာ အစီအစဉ် အဖွင့် မိတ်ဆက်ပွဲ (Open House Event) လေးကို စီစဉ်ထားရှိပါတယ်။
အထက်ပါ မိတ်ဆက်ပွဲ (Open House Event) လေးကိုတော့ စက်တင်ဘာလ (၁၆) ရက် စနေနေ့၊ ညနေ (၇း၀၀ မှ ၈း၃၀) အချိန်မှာ အွန််လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ရန်အတွက် Registration Form ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ပါတည်း ဖော်ပြထားပါတယ်။
အဆိုပါ “အဖွင့်မိတ်ဆက်ပွဲ” (Open House Event) မှာသင်တန်းကာလအတွင်း သင်ကြားပို့ချသွားမယ့် ဘာသာရပ်များ၊ သင်ကြားရေးနည်းစနစ်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများ
အပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြား အသေးစိတ်အကြောင်းအရာ သိလိုသည်များကိုလည်း မေးမြန်းသွားနိုင်မှာဖြစ်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အောက်ဖော်ပြပါလင့်မှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြောကြားရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။
စာရင်းပေးသွင်းရန် လင့်ခ် - https://us06web.zoom.us/meeting/register/tZ0ofumtqD4tG9xyV5nDV2Lr0mWlKwUkwXu9

Welcome! You are invited to join a meeting: Diploma in International Relations and Global Affairs - Open House . After registering…
❤16👍12
သမိုင်းကြောင်းများနှင့် နိုင်ငံ- မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ပထဝီဝင် စစ်ပွဲများနှင့် နေ့စဉ်ဘဝ
နွေဦးတက္ကသိုလ်ကျောင်းတစ်ခုဖြစ်သည့် Institute of Human Rights and Democratic Governance - IHRDG မှ အောက်တိုဘာလ (၅) ရက်နေ့တွင် ဆွေးနွေးပွဲကျင်းပသွားဖို့ရှိပါတယ်။
မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် တော်လှန်မှုများသည် လူမှုရေးဆိုင်ရာ ဖြစ်စဉ်အပြောင်းလဲမှု များဖြင့် ပုံဖော်ထားပြီး ဆယ်စုနှစ်များစွာကြာ ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပွါးစေခဲ့သည်ကို အားလုံးသိရှိထားကြပြီး ဖြစ်သည်။
သို့သော် ဆန့်ကျင်ဘက် အကြောင်းခြင်းရာ တစ်ခုအား နားလည်မှုနည်းကြသည် - ၎င်းမှာ “လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များက မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအတိုင်းအတာအထိ ပုံဖော်ထားလဲ” ဆိုသည့် မေးခွန်းပင်ဖြစ်သည်။
တဖန် မျိုးဆက်ပေါင်းများစွာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးပမ်းမှုများနှင့် အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ မြင့်တက်လာသည့် လက်နက်ကိုင် ပဋိပက္ခများ ကို အားလုံးသတိပြုမိကြပြီး “မတူကွဲပြားသည့် ပထဝီဝင် စစ်ပွဲများကြောင့် မြန်မာ့သမိုင်းနှင့် အနာဂတ်ကို မည်သို့ မည်ပုံ ဖြစ်မည်နည်း” ဆိုသည့် မေးခွန်းကိုမူ နားလည်အောင် ကြိုးပမ်းရာမှာ အားနည်းလျက်ရှိသည်။
ဤဆွေးနွေးပွဲတွင် အာဏာမသိမ်းမီကာလက ကရင်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သော သုတေသနများအပေါ် ပြန်လည်သုံးသပ်ကာ ပဋိပက္ခလေ့လာမှုများကို လူမျိုးစုဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ ရှုထောင့်များမှတဆင့် ချဉ်းကပ်မှုသွားမည်ဖြစ်သည်။ ထို့အပြင် ပဋိပက္ခဖြစ်ပွားရာနေရာများ ကွဲပြားသော်လည်း ရန်သူဇာတ်ကောင် တစ်ဦးတည်းမှာ စစ်တပ်ဖြစ်၍အပြန်အလှန်ဆက်စပ်နေသည့် သဘောတရားကို နားလည်သဘောပေါက်ရန် အရေးကြီးပုံကို ဆွေးနွေးသွားမည်ဖြစ်သည်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း သမိုင်းကြောင်းအရဖြစ်ပွါးခဲ့သော စစ်ပွဲများနှင့် အကြမ်းဖက် ဖြစ်စဉ်များအတွင်း ပါဝင်ပတ်သတ်ခဲ့သည့် အင်အားကြီးဇာတ်ကောင် လူပုဂ္ဂိလ်များ၊ ပဋိပက္ခများ နှင့်လူမှုဂေဟစနစ်ဆိုင်ရာ ဆက်ဆံရေးများအကြား ဆက်စပ်ပုံများ ၊ လူ့အဖွဲ့အစည်းများ အတွင်းရှိ ပါဝင်ပတ်သတ်သူများအကြား အပြန်အလှန် ဂရုစိုက်ကာ စည်းလုံးကြပုံများ စသည်တို့ပါဝင်သွားမည်ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံမှမဟုတ်သော သုတေသီများအနေဖြင့် စစ်ပွဲများများနှင့်အကြမ်းဖက်မှုများကြားက နေ့စဥ်ကြုံတွေ့နေရသည့် အတွေ့အကြုံများကို သိရှိနားလည်၍ ပြန်လည်သုံးသပ်စေခြင်းဖြင့် ဆွေးနွေးပွဲကို နိဂုံးချုပ်မည်ဖြစ်သည်။
ဟောပြောမည့်သူ အကျဉ်း
ဒေါက်တာ Shona Loong သည် University of Zurich မှ အကြီးတန်းကထိကတစ်ဦးဖြစ်၍ နိုင်ငံရေးပထဝီဝင်ဘာသာရပ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို သင်ကြားပေးနေသူဖြစ်သည်။
Dr. Loong သည် ပဋိပက္ခအသွင်ပြောင်းရေး၊ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထူးပြု လေ့လာလျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်များအကြောင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရေးသား ထုတ်ဝေခဲ့သည်။
Dr. Loong ၏ ပညာရပ်ဆိုင်ရာ စာပေ၊စာတမ်းများသည် ပထဝီဝင်၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဂျာနယ်များ၊ လူမှုရေးသိပ္ပံဂျာနယ်များ ၊ Geoforum နှင့် Transactions of the Institute of British Geographers တို့တွင် ဖော်ပြခြင်းခံရလေ့ရှိသည်။ထို့အပြင် သူမသည် Tea Circle၏ အယ်ဒီတာတစ်ဦးဖြစ်သလို မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မူဝါဒများ အကြံပြုလေ့ရှိသူတစ်ဦးဖြစ်သည်။
ယခုဆွေးနွေးပွဲကို တတ်ရောက်ရန် စိတ်ပါဝင်စားပါက အောက်ဖော်ပြပါလင်ခ့်မှတစ်ဆင့်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
လျှောက်ထားရန်: https://bit.ly/3PmnqON

❤14👍10
နွေဦးတက္ကသိုလ် x Spring Normal University တို့၏ တထပ်တည်းကျခဲ့သော ခြေလှမ်းများ
နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ဟာ ပြီးခဲ့တဲ့ ကာလများအတွင်း တထပ်တည်းကျခဲ့တဲ့ ခြေလှမ်းများနဲ့ တူညီသော ပန်းတိုင်အတွက် တခရီးတည်း အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။
ဒီခရီးစဉ်တွေမှာဆိုရင်တော့ ပညာရေးကဏ္ဍ၊သုတေသန၊ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုရှိစေရေး နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ Public Lectures Series တွေကို အပတ်စဉ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။
တပတ်နဲ့ တပတ် မတူညီတဲ့ ခေါင်းစဉ်များဖြင့်
📌 Problem Based Learning၊ Self-directed learning နှင့် သက်ဆိုင်သည့် Seminars များ
📌 A Brighter Tomorrowခေါ် Public Lecture Series အတွင်းပါဝင်ခဲ့သည့် Mental Health ဆိုင်ရာ Seminar များ
📌 Child Psychology နှင့် သက်ဆိုင်သော Seminar အပါအဝင် စုစုပေါင်း seminar (၂၀) ကျော်ကို ၅လ တိုင်တိုင် ပြုလုပ် ဝေမျှခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာတော့ အဆိုပါ ပညာရေးခရီးစဉ်တစ်လျှောက် ပါဝင်ခဲ့တဲ့ ကျောင်းသား၊လူငယ်၊ မိဘပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး နောင်လာမည့် ပိုမိုကောင်းမွန်သော ပညာရေးအစီအစဉ်သစ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ အသိပေးအပ်ပါတယ်။

❤24👍10
ကျောင်းသား၊ကျောင်းသူများခင်ဗျာ
နွေဦးတက္ကသိုလ်ရဲ့ LMS Platform မှ သင်တန်းလေးကို အချိန်မရွေး ၊ နေရာမရွေး စိတ်ကြိုက်သင်ယူနိုင်မယ့် Essentials for Digital Citizenship ဆိုတဲ့ သင်တန်းလေးကို ယူဆောင်လာပါပြီ။
ဒီသင်တန်းလေးမှာဆိုရင်တော့
📌Democratic Principles and Fundamental Freedoms
📌Religious Tolerance and Social Cohesion
📌Digital Media Literacy ဆိုတဲ့ သင်ရိုးအကြောင်းအရာ (၃)ခုပါဝင်သွားမှာဖြစ်ပြီး
ဒစ်ဂျစ်တယ်ခေတ်မှာ ဒီမိုကရေစီနည်းလမ်းများနှင့်တကွ နိုင်ငံကြီးသားပီသစွာပြုမူနေထိုင်စေနိုင်ရန် အခြေခံလိုအပ်ချက်များကိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေနဲ့
✔ဒီမိုကရေစီမူများနှင့် အခြေခံလွတ်လပ်ခွင့်များအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိရှိလိုတယ်။
✔ဘာသာရေးလွတ်လပ်ခွင့်များနှင့် လူမှုရေးစည်းလုံးညီညွတ်မှုအကြောင်းများကိုလည်း ဆက်စပ်လေ့လာချင်တယ်။
✔ဒါ့အပြင် ဒစ်ဂျစ်တယ်မီဒီယာများအကြောင်းနှင့် ၄င်းတို့၏ခြယ်လှယ်မှုများ အပါအဝင် ပလက်ဖောင်းများကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ အကျိုးရှိရှိအသုံးပြုပုံများကို သဘောပေါက်နားလည်လိုတယ်ဆိုရင်တော့ Self -paced learning နဲ့ သင်ယူနိုင်မယ့် ဒီသင်တန်းလေးက အချိန်မှန်၊နေရာမှန်ပဲဖြစ်မှာ အသေအချာပါပဲ။
Link- https://sumlearn.springuniversitymm.com/course/view.php?id=72

❤22👍6🔥1
အင်တာနက်နှင့် မကင်းလွတ်နိုင်တော့တဲ့ သင့်ရဲ့နေ့စဥ်ဘဝမှာ ဒီအကြောင်းအရာကိုတော့ သိရှိထားဖို့ လိုအပ်လာပါပြီ။
သင်တစ်နေ့တာအတွင်း ဆိုရှယ်ပလက်ဖောင်းပေါ်က သတင်းအမှား ဘယ်နှခုကို ယုံကြည်နေမိပြီလဲဲ?
နေ့စဥ်နဲ့အမျှ ကျွန်တော်တို့ ကြားနေ၊မြင်နေရတဲ့ သတင်းတွေထဲမှာ အမုန်းစကားတွေ၊ မီဒီယာများရဲ့ သဘောထားအမြင်တွေ၊ ကြိုးကိုင်ချယ်လှယ်မှုတွေ မပါဝင်ဘူးလို့ မည်သူမျှ အာမမခံနိုင်ပါဘူး။
ထိုကဲ့သို့သော အခြေအနေမျိုးမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦး၊တစ်ယောက်ချင်းစီအနေဖြင့် အမှား၊အမှန်ကို ခွဲခြား သိမြင်နိုင်ဖို့ “Essentials for Digital Citizenship” တန်းခွဲမှ ကြိုဆိုလိုက်ပါတယ်။
ဒီတန်းခွဲမှာ- Digital Media Literacy သာမက လူတိုင်း သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတများဖြစ်တဲ့ Democratic Principles and Fundamental Freedoms Religious Tolerance and Social Cohesion တို့ကိုပါ ထည့်သွင်း လေ့လာနိုင်ဦးမှာပါ။
မည်သူမဆို လေ့လာနိုင်ဖို့ ရည်ရွယ်ကာ အချိန်၊နေရာမရွေးကြည့်ရှုနိုင်မယ့် သင်ခန်းစာများဖြင့် နွေဦးတက္ကသိုလ်ရဲ့ LMS Platform ပေါ်မှာ ပညာဒါန အနေဖြင့် မျှဝေထားတာဖြစ်လို့ မဖြစ်မနေ တက်ရောက်ဖို့ တိုက်တွန်းပါရစေ။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ LMS ပလက်ဖောင်းမှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါပြီ ခင်ဗျာ။
Link- https://sumlearn.springuniversitymm.com/course/view.php…
#SpringUniveristyMM

❤13👍4
အောက်တိုဘာလအတွင်း ကျောင်းသားများ ခေါ်ယူသွားမည့် နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းများ
နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ ပူးပေါင်းကာ ပိုမိုကောင်းမွန်သော ပညာရေး အစီအစဥ်သစ်များ ဖော်ဆောင်ဖို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်းကို ပြည်သူများထံ နွေဦးတက္ကသိုလ်မှ ၂၀၂၃ မတ်လမှာ တရားဝင် ချပြခဲ့ပါတယ်။
ထိုကာလမှစတင်ကာ ပိုမိုကောင်းမွန်သော ပညာရေးဝန်ဆောင်မှုများ ကျောင်းသား/သူများထံ ပေးအပ်ရန်အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ထိုအစီအစဥ်များကို
မကြာခင်ကာလအတွင်းမှာ အကောင်အထည် ဖော်ဖို့ အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။
ပညာရေးအစီအစဥ်များအနေဖြင့် ရက်တို၊ရက်ရှည်သင်တန်းများအပြင် နွေဦးတက္ကသိုလ်နှင့် University of Arizona မှ ကျောင်းသားအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရမည့် Program များ ပါဝင်သွားဖို့ ရှိပါတယ်။
လာမယ့် အောက်တိုဘာလအတွင်းမှာ နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းကာ ဖွင့်လှစ်မည့် သင်တန်းများအတွက် ကျောင်းသားများ စတင်ခေါ်ယူသွားတော့မှာဖြစ်လို့ ကျောင်းသား၊လူငယ်များအနေဖြင့် စောင့်မျှော်ပေးကြပါဦး ခင်ဗျာ။

❤73👍21🥰2
နွေဦးတက္ကသိုလ်နဲ့ The University of Arizona တို့ ပူးပေါင်းကာ ဖွင့်လှစ်မယ့် သင်တန်းအသေးစိတ်ကို အောက်ဖော်ပြပါ post မှာ အသေးစိတ်ကြည့်ရှူနိုင်ပါပြီခင်ဗျာ။
https://www.facebook.com/100068345813298/posts/pfbid07iuAkwvDUXVgEcWAZSKyTEGXeYMmyp61Vp99wfHYX2NP3GQ8macSu5joGLVHtoLYl/?mibextid=cr9u03

Facebook
Spring University Myanmar - SUM
နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ ပူးပေါင်းကာ ပထမဦးဆုံးဖွင့်လှစ်မည့် “Refugee Studies: Analysing the Rohingya Crisis and Humanitarian Response” တန်းခွဲအတွက် စတင်...
❤21👍1😁1