Spring University Myanmar
✔
6.4K subscribers
481 photos
10 files
530 links
Download Telegram
“Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်းကို စတင်လျှောက်ထားနိုင်ပါပြီ။

အားလုံးပဲ မင်္ဂလာပါ။

ကျောင်းသူ၊ကျောင်းသားများအားလုံးစောင့်မျှော်နေကြသော နွေဦးတက္ကသိုလ်ရဲ့ “Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်း လျှောက်လွှာများကို ယခုအချိန်မှစတင်ကာ ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါသင်တန်းသည် အဆင့်မြင့်ပညာရပ်ဆိုင်ရာ ဒီပလိုမာ သင်တန်းဖြစ်သောကြောင့် သင်တန်းကာလ အစ/ဆုံး ၇လ ကြာမြင့်သွားမှာ ဖြစ်ပြီး Semester (၂) ခု ခွဲကာ တက်ရောက်ရမှာ ဖြစ်ပါတယ်။

Semester (၂) ခုကာလအတွင်း အဓိက သင်ကြားပေးသွားမယ့် သင်ခန်းစာအကြောင်းအရာများနဲ့ အချိန်ကာလ အပိုင်းအခြားကတော့-

✅ Semester 1 သည် (October 2023-January 2024) ထိဖြစ်ပြီး

(1)Introduction to International Relations
(2)Introduction to Political Institutions
(3)International Relations Theory
(4)Research Methodology in International Relations တို့ကိုသင်ကြားသွားမှာဖြစ်ပါတယ်။

✅ Semester 2 သည် (February 2024 to April 2024) ထိဖြစ်ပြီး

(1)Comparative Politics of Southeast Asia
(2)Foreign Policy and Diplomacy
(3)Introduction to International Political Economy
(4)Peace and Conflict Resolution တို့ကို သင်ကြားသွားမှာ ဖြစ်ပါတယ်။

✅ ဆက်လက်ပြီး ဒီပလိုမာသင်တန်းကာလတလျှောက် အောက်ဖော်ပြပါ အကြောင်းအရာ (၉) ခုနဲ့ စပ်လျဉ်းပြီး ပြည်တွင်း၊ပြည်ပ သက်ဆိုင်ရာပညာရှင်များရဲ့ သင်ကြားပို့ချခြင်း အစီအစဉ်များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

(1)International Relations Theory
(2)The Study of International Migration from IR perspective
(3)Migration in Peace and Conflict Constellation
(4)Gender Equality
(5)International Political Economy
(6)Diplomatic functions and Consulate Functions
(7)Environmental Issues
(8)International Law
(9)Political Philosophy

✅ ဒါ့အပြင် သင်တန်းကာလတလျောက် သုတေသနစာတမ်းငယ် ရေးသားပြုစုခြင်း တွေလေ့လာရမှာ ဖြစ်ပါတယ်။

ယခု ဒီပလိုမာသင်တန်းကို အချိန် ၇ လကြာ တက်ရောက်ပြီးတဲ့အခါ ကျောင်းသား/သူများ အနေဖြင့်

📌 ပြည်တွင်း၊ပြည်ပမှ ကျွမ်းကျင်ပညာရှင်များရဲ့ သင်ကြားပို့ချမှုများနဲ့အတူ နိုင်ငံတကာဆက်ဆံရေးပညာရပ် ဆိုင်ရာ အခြေခံသဘောတရားများကို နားလည်သိရှိလာမယ်။
📍စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးမှုများမှတဆင့် နိုင်ငံရေး ၊ စီးပွားရေး နဲ့ သံတမန်ရေးရာ ချိတ်ဆက်ဆောင်ရွက်မှုတွေကို လေးလေးနက်နက် တွေးခေါ် သိရှိလာနိုင်မယ်။
📍 ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးပညာရပ်အား သုတေသနရှုထောင့်မှ ဆန်းစစ်လေ့လာရင်း လက်ရှိ နိုင်ငံရေးအကျပ်အတည်းအတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံတကာပါဝင်မှုကိုပါ စနစ်တကျ ချိန်ထိုးစဉ်းစားတတ်လာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာဆက်ဆံရေးပညာရပ်နဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အသိပညာ၊ကျွမ်းကျင်မှုနှင့် အတွေးအခေါ် အယူအဆများကို စာတွေ့လက်တွေ့ ပေါင်းစပ်ကာသင်ယူလိုသူများ တက်ရောက်သင့်ပါတယ်။
သင်တန်းအစ/ဆုံး သင်တန်းကြေးစုစုပေါင်း (၂၀၀,၀၀၀) ကျပ်တိတိ ကျသင့်သွားမှာပါ။

ကျောင်းသား အရေအတွက် ကန့်သတ်ထားတာဖြစ်လို့ စိတ်ဝင်စားသူများအနေဖြင့် အမြန်ဆုံး စာရင်းပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

စာရင်းပေးသွင်းရန်လင့်ခ်- https://ee.humanitarianresponse.info/single/12NA2FhW?returnUrl=https://t.me/+JKXs7sf-9LE1NTY1


#SpringUniversityMM
#SUM
❤21👍7
👍4❤1
“Diploma in International Relations and Global Affairs” ဒီပလိုမာသင်တန်းအကြောင်း အကြိုမိတ်ဆက်သွားမယ့် “Open House Event”

အားလုံးပဲ မင်္ဂလာပါ။ ကမ္ဘာ့နိုင်ငံများနဲ့ နိုင်ငံ​တွေ အတူယှဥ်တွဲ​​နေထိုင်ရင်း အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုများနှင့်အတူ နိုင်ငံတကာဆက်ဆံရေးပညာရပ်ကို နည်းမှန်လမ်းမှန်လေ့လာရင်း ရှုထောင့်မျိုးစုံမှ ချိန်ထိုးဆန်းစစ်တတ်စေဖို့အတွက် နွေဦးတက္ကသိုလ်မှ Diploma in International Relations and Global Affairs အစီအစဉ်ကို မိတ်ဆက်ထားရှိပါတယ်။

ဒါဆို အဆိုပါ ဒီပလိုမာ မှာ ဘယ်လို ပညာရပ်တွေကို အဓိက လေ့လာသွားရမလဲ။ ဘယ်လိုသင်ကြားရေး နည်းစနစ်တွေနဲ့ဘယ်သူတွေက သင်ကြားပေးသွားမှာလဲ။ ဒီပလိုမာ သင်တန်းတစ်ခု ဖြစ်တာမို့ မိမိရည်မှန်းချက်နဲ့ကိုက်ညီမှု ရှိ၊မရှိ ကြိုတင်လေ့လာလိုသူများအတွက် ဒီပလိုမာ အစီအစဉ် အဖွင့် မိတ်ဆက်ပွဲ (Open House Event) ‌လေးကို စီစဉ်ထားရှိပါတယ်။

အထက်ပါ မိတ်ဆက်ပွဲ (Open House Event) လေးကိုတော့ စက်တင်ဘာလ (၁၆) ရက် စ​နေ​နေ့၊ ည​နေ (၇း၀၀ မှ ၈း၃၀) အချိန်မှာ အွန််လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်ဖို့ရန်အတွက် Registration Form ရဲ့ နောက်ဆုံးမှာ Zoom Link ကို တစ်ပါတည်း ဖော်ပြထားပါတယ်။

အဆိုပါ “အဖွင့်မိတ်ဆက်ပွဲ” (Open House Event) မှာသင်တန်းကာလအတွင်း သင်ကြားပို့ချသွားမယ့် ဘာသာရပ်များ၊ သင်ကြားရေးနည်းစနစ်များ၊ သင်ရိုးအတွင်းပါဝင်မည့်အကြောင်းအရာများ
အပါအဝင် ဒီပလိုမာသင်တန်းနှင့် သက်ဆိုင်တဲ့ အခြား အသေးစိတ်အကြောင်းအရာ သိလိုသည်များကိုလည်း မေးမြန်း​သွားနိုင်မှာဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုချက်ချင်းပဲ အောက်ဖော်ပြပါလင့်မှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပါကြောင်း ပြောကြားရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။

စာရင်းပေးသွင်းရန် လင့်ခ် - https://us06web.zoom.us/meeting/register/tZ0ofumtqD4tG9xyV5nDV2Lr0mWlKwUkwXu9

#SpringUniversityMM
#SUM
❤16👍12
❤6
သမိုင်းကြောင်းများနှင့် နိုင်ငံ- မြန်မာနိုင်ငံ၏ စုံလင်ကွဲပြားသော ပထဝီဝင် စစ်ပွဲများနှင့် နေ့စဉ်ဘဝ

နွေဦးတက္ကသိုလ်ကျောင်းတစ်ခုဖြစ်သည့် Institute of Human Rights and Democratic Governance - IHRDG မှ အောက်တိုဘာလ (၅) ရက်နေ့တွင် ဆွေးနွေးပွဲကျင်းပသွားဖို့ရှိပါတယ်။

မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် တော်လှန်မှုများသည် လူမှုရေးဆိုင်ရာ ဖြစ်စဉ်အပြောင်းလဲမှု များဖြင့် ပုံဖော်ထားပြီး ဆယ်စုနှစ်များစွာကြာ ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများကို ဖြစ်ပွါးစေခဲ့သည်ကို အားလုံးသိရှိထားကြပြီး ဖြစ်သည်။

သို့သော် ဆန့်ကျင်ဘက် အကြောင်းခြင်းရာ တစ်ခုအား နားလည်မှုနည်းကြသည် - ၎င်းမှာ “လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များက မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအတိုင်းအတာအထိ ပုံဖော်ထားလဲ” ဆိုသည့် မေးခွန်းပင်ဖြစ်သည်။

တဖန် မျိုးဆက်ပေါင်းများစွာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး ကြိုးပမ်းမှုများနှင့် အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ မြင့်တက်လာသည့် လက်နက်ကိုင် ပဋိပက္ခများ ကို အားလုံးသတိပြုမိကြပြီး “မတူကွဲပြားသည့် ပထဝီဝင် စစ်ပွဲများကြောင့် မြန်မာ့သမိုင်းနှင့် အနာဂတ်ကို မည်သို့ မည်ပုံ ဖြစ်မည်နည်း” ဆိုသည့် မေးခွန်းကိုမူ နားလည်အောင် ကြိုးပမ်းရာမှာ အားနည်းလျက်ရှိသည်။

ဤဆွေးနွေးပွဲတွင် အာဏာမသိမ်းမီကာလက ကရင်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြုလုပ်ခဲ့သော သုတေသနများအပေါ် ပြန်လည်သုံးသပ်ကာ ပဋိပက္ခလေ့လာမှုများကို လူမျိုးစုဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ ရှုထောင့်များမှတဆင့် ချဉ်းကပ်မှုသွားမည်ဖြစ်သည်။ ထို့အပြင် ပဋိပက္ခဖြစ်ပွားရာနေရာများ ကွဲပြားသော်လည်း ရန်သူဇာတ်ကောင် တစ်ဦးတည်းမှာ စစ်တပ်ဖြစ်၍အပြန်အလှန်ဆက်စပ်နေသည့် သဘောတရားကို နားလည်သဘောပေါက်ရန် အရေးကြီးပုံကို ဆွေးနွေးသွားမည်ဖြစ်သည်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်း သမိုင်းကြောင်းအရဖြစ်ပွါးခဲ့သော စစ်ပွဲများနှင့် အကြမ်းဖက် ဖြစ်စဉ်များအတွင်း ပါဝင်ပတ်သတ်ခဲ့သည့် အင်အားကြီးဇာတ်ကောင် လူပုဂ္ဂိလ်များ၊ ပဋိပက္ခများ နှင့်လူမှုဂေဟစနစ်ဆိုင်ရာ ဆက်ဆံရေးများအကြား ဆက်စပ်ပုံများ ၊ လူ့အဖွဲ့အစည်းများ အတွင်းရှိ ပါဝင်ပတ်သတ်သူများအကြား အပြန်အလှန် ဂရုစိုက်ကာ စည်းလုံးကြပုံများ စသည်တို့ပါဝင်သွားမည်ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံမှမဟုတ်သော သုတေသီများအနေဖြင့် စစ်ပွဲများများနှင့်အကြမ်းဖက်မှုများကြားက နေ့စဥ်ကြုံတွေ့နေရသည့် အတွေ့အကြုံများကို သိရှိနားလည်၍ ပြန်လည်သုံးသပ်စေခြင်းဖြင့် ဆွေး​နွေးပွဲကို နိဂုံးချုပ်မည်ဖြစ်သည်။

ဟောပြောမည့်သူ အကျဉ်း

ဒေါက်တာ Shona Loong သည် University of Zurich မှ အကြီးတန်းကထိကတစ်ဦးဖြစ်၍ နိုင်ငံရေးပထဝီဝင်ဘာသာရပ်တွင် ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို သင်ကြားပေးနေသူဖြစ်သည်။
Dr. Loong သည် ပဋိပက္ခအသွင်ပြောင်းရေး၊ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထူးပြု လေ့လာလျက်ရှိပြီး အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်များအကြောင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် ရေးသား ထုတ်ဝေခဲ့သည်။

Dr. Loong ၏ ပညာရပ်ဆိုင်ရာ စာပေ၊စာတမ်းများသည် ပထဝီဝင်၊ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဂျာနယ်များ၊ လူမှုရေးသိပ္ပံဂျာနယ်များ ၊ Geoforum နှင့် Transactions of the Institute of British Geographers တို့တွင် ဖော်ပြခြင်းခံရလေ့ရှိသည်။ထို့အပြင် သူမသည် Tea Circle၏ အယ်ဒီတာတစ်ဦးဖြစ်သလို မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ မူဝါဒများ အကြံပြုလေ့ရှိသူတစ်ဦးဖြစ်သည်။

ယခုဆွေးနွေးပွဲကို တတ်ရောက်ရန် စိတ်ပါဝင်စားပါက အောက်ဖော်ပြပါလင်ခ့်မှတစ်ဆင့်ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန်: https://bit.ly/3PmnqON

#SpringUniversityMM
❤14👍10
❤9👍2
နွေဦးတက္ကသိုလ် x Spring Normal University တို့၏ တထပ်တည်းကျခဲ့သော ခြေလှမ်းများ

နွေဦးတက္ကသိုလ်နှင့် Spring Normal University တို့ဟာ ပြီးခဲ့တဲ့ ကာလများအတွင်း တထပ်တည်းကျခဲ့တဲ့ ခြေလှမ်းများနဲ့ တူညီသော ပန်းတိုင်အတွက် တခရီးတည်း အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။

ဒီခရီးစဉ်တွေမှာဆိုရင်တော့ ပညာရေးကဏ္ဍ၊သုတေသန၊ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုရှိစေရေး နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ Public Lectures Series တွေကို အပတ်စဉ် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ်။

တပတ်နဲ့ တပတ် မတူညီတဲ့ ခေါင်းစဉ်များဖြင့်

📌 Problem Based Learning၊ Self-directed learning နှင့် သက်ဆိုင်သည့် Seminars များ

📌 A Brighter Tomorrowခေါ် Public Lecture Series အတွင်းပါဝင်ခဲ့သည့် Mental Health ဆိုင်ရာ Seminar များ

📌 Child Psychology နှင့် သက်ဆိုင်သော Seminar အပါအဝင် စုစုပေါင်း seminar (၂၀) ကျော်ကို ၅လ တိုင်တိုင် ပြုလုပ် ဝေမျှခဲ့ပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနေ့မှာတော့ အဆိုပါ ပညာရေးခရီးစဉ်တစ်လျှောက် ပါဝင်ခဲ့တဲ့ ကျောင်းသား၊လူငယ်၊ မိဘပြည်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ကြောင်းပြောကြားလိုပြီး နောင်လာမည့် ပိုမိုကောင်းမွန်သော ပညာရေးအစီအစဉ်သစ်တွေကိုလည်း စောင့်မျှော်ပေးကြဖို့ အသိပေးအပ်ပါတယ်။

#SpringUniversityMM
#SUM
❤24👍10
❤14
ကျောင်းသား၊ကျောင်းသူများခင်ဗျာ

နွေဦးတက္ကသိုလ်ရဲ့ LMS Platform မှ သင်တန်းလေးကို အချိန်မရွေး ၊ နေရာမရွေး စိတ်ကြိုက်သင်ယူနိုင်မယ့် Essentials for Digital Citizenship ဆိုတဲ့ သင်တန်းလေးကို ယူဆောင်လာပါပြီ။

ဒီသင်တန်းလေးမှာဆိုရင်တော့
📌Democratic Principles and Fundamental Freedoms
📌Religious Tolerance and Social Cohesion
📌Digital Media Literacy ဆိုတဲ့ သင်ရိုးအကြောင်းအရာ (၃)ခုပါဝင်သွားမှာဖြစ်ပြီး
ဒစ်ဂျစ်တယ်ခေတ်မှာ ဒီမိုကရေစီနည်းလမ်းများနှင့်တကွ နိုင်ငံကြီးသားပီသစွာပြုမူနေထိုင်စေနိုင်ရန် အခြေခံလိုအပ်ချက်များကိုဆွေးနွေးတင်ပြထားတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းသား၊ကျောင်းသူများအနေနဲ့
✔ဒီမိုကရေစီမူများနှင့် အခြေခံလွတ်လပ်ခွင့်များအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိရှိလိုတယ်။
✔ဘာသာရေးလွတ်လပ်ခွင့်များနှင့် လူမှုရေးစည်းလုံးညီညွတ်မှုအကြောင်းများကိုလည်း ဆက်စပ်လေ့လာချင်တယ်။
✔ဒါ့အပြင် ဒစ်ဂျစ်တယ်မီဒီယာများအကြောင်းနှင့် ၄င်းတို့၏ခြယ်လှယ်မှုများ အပါအဝင် ပလက်ဖောင်းများကို ကျင့်ဝတ်စံနှုန်းများနှင့်အညီ အကျိုးရှိရှိအသုံးပြုပုံများကို သဘောပေါက်နားလည်လိုတယ်ဆိုရင်တော့ Self -paced learning နဲ့ သင်ယူနိုင်မယ့် ဒီသင်တန်းလေးက အချိန်မှန်၊နေရာမှန်ပဲဖြစ်မှာ အသေအချာပါပဲ။

Link- https://sumlearn.springuniversitymm.com/course/view.php?id=72
❤22👍6🔥1
❤7👍2
အင်တာနက်နှင့် မကင်းလွတ်နိုင်တော့တဲ့ သင့်ရဲ့နေ့စဥ်ဘဝမှာ ဒီအကြောင်းအရာကိုတော့ သိရှိထားဖို့ လိုအပ်လာပါပြီ။

သင်တစ်နေ့တာအတွင်း ဆိုရှယ်ပလက်ဖောင်းပေါ်က သတင်းအမှား ဘယ်နှခုကို ယုံကြည်နေမိပြီလဲဲ?

နေ့စဥ်နဲ့အမျှ ကျွန်တော်တို့ ကြားနေ၊မြင်နေရတဲ့ သတင်းတွေထဲမှာ အမုန်းစကားတွေ၊ မီဒီယာများရဲ့ သဘောထားအမြင်တွေ၊ ကြိုးကိုင်ချယ်လှယ်မှုတွေ မပါဝင်ဘူးလို့ မည်သူမျှ အာမမခံနိုင်ပါဘူး။

ထိုကဲ့သို့သော အခြေအနေမျိုးမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦး၊တစ်ယောက်ချင်းစီအနေဖြင့် အမှား၊အမှန်ကို ခွဲခြား သိမြင်နိုင်ဖို့ “Essentials for Digital Citizenship” တန်းခွဲမှ ကြိုဆိုလိုက်ပါတယ်။

ဒီတန်းခွဲမှာ- Digital Media Literacy သာမက လူတိုင်း သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတများဖြစ်တဲ့ Democratic Principles and Fundamental Freedoms Religious Tolerance and Social Cohesion တို့ကိုပါ ထည့်သွင်း လေ့လာနိုင်ဦးမှာပါ။

မည်သူမဆို လေ့လာနိုင်ဖို့ ရည်ရွယ်ကာ အချိန်၊နေရာမရွေးကြည့်ရှုနိုင်မယ့် သင်ခန်းစာများဖြင့် နွေဦးတက္ကသိုလ်ရဲ့ LMS Platform ပေါ်မှာ ပညာဒါန အနေဖြင့် မျှဝေထားတာဖြစ်လို့ မဖြစ်မနေ တက်ရောက်ဖို့ တိုက်တွန်းပါရစေ။

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ LMS ပလက်ဖောင်းမှ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါပြီ ခင်ဗျာ။

Link- https://sumlearn.springuniversitymm.com/course/view.php…

#SpringUniveristyMM
#SUM
❤13👍4
အောက်တိုဘာလအတွင်း ကျောင်းသားများ ခေါ်ယူသွားမည့် နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းများ

နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ ပူးပေါင်းကာ ပိုမိုကောင်းမွန်သော ပညာရေး အစီအစဥ်သစ်များ ဖော်ဆောင်ဖို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်းကို ပြည်သူများထံ နွေဦးတက္ကသိုလ်မှ ၂၀၂၃ မတ်လမှာ တရားဝင် ချပြခဲ့ပါတယ်။

ထိုကာလမှစတင်ကာ ပိုမိုကောင်းမွန်သော ပညာရေးဝန်ဆောင်မှုများ ကျောင်းသား/သူများထံ ပေးအပ်ရန်အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ထိုအစီအစဥ်များကို
မကြာခင်ကာလအတွင်းမှာ အကောင်အထည် ဖော်ဖို့ အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။

ပညာရေးအစီအစဥ်များအနေဖြင့် ရက်တို၊ရက်ရှည်သင်တန်းများအပြင် နွေဦးတက္ကသိုလ်နှင့် University of Arizona မှ ကျောင်းသားအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရမည့် Program များ ပါဝင်သွားဖို့ ရှိပါတယ်။

လာမယ့် အောက်တိုဘာလအတွင်းမှာ နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းကာ ဖွင့်လှစ်မည့် သင်တန်းများအတွက် ကျောင်းသားများ စတင်ခေါ်ယူသွားတော့မှာဖြစ်လို့ ကျောင်းသား၊လူငယ်များအနေဖြင့် စောင့်မျှော်ပေးကြပါဦး ခင်ဗျာ။

#SpringUniversityMM
#SUM
❤73👍21🥰2
နွေဦးတက္ကသိုလ်နဲ့ The University of Arizona တို့ ပူးပေါင်းကာ ဖွင့်လှစ်မယ့် သင်တန်းအသေးစိတ်ကို အောက်ဖော်ပြပါ post မှာ အသေးစိတ်ကြည့်ရှူနိုင်ပါပြီခင်ဗျာ။

https://www.facebook.com/100068345813298/posts/pfbid07iuAkwvDUXVgEcWAZSKyTEGXeYMmyp61Vp99wfHYX2NP3GQ8macSu5joGLVHtoLYl/?mibextid=cr9u03
❤21👍1😁1
❤2👍2
"𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 𝐢𝐧 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡𝐢𝐧𝐠 𝐋𝐨𝐜𝐚𝐥 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐯𝐞 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐬 𝐢𝐧 𝐏𝐨𝐬𝐭-𝐜𝐨𝐮𝐩 𝐌𝐲𝐚𝐧𝐦𝐚𝐫"

၂၀၂၁ ခုနှစ် မြန်မာ့စစ်တပ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် ဒေသအာဏာပိုင်များ၏ တုံ့ပြန်ပုံများကို Institute of Human Rights and Democratic Governance - IHRDG မှ ဦးဆောင်ပြုလုပ်မည့် ဤဆွေးနွေးပွဲတွင် အလေးပေးသွားမည် ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါမေးခွန်းများကို ဆန်းစစ်သွားမည် ဖြစ်သည်။

(၁)စစ်တပ်အာဏာသိမ်းမှုအပေါ် ဒေသအာဏာပိုင်များအနေဖြင့် တုံ့ပြန်သည့် မတူညီသောနည်းလမ်းများကား အဘယ်နည်း၊ ၎င်းတို့၏ မတူညီသော တုံ့ပြန်မှုများက မည်သည့်အရာကို ဥိီးတည်စေသနည်း။
(၂) အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာသော ပဋိပက္ခများအား တားဆီးကာကွယ်ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များက မည်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။
(၃) ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် ဒေသခံ ရပ်မိရပ်ဖများ၊ တပ်မတော် အာဏာပိုင်များနှင့် ဒေသခံ တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ဝင်များက မည်သို့ ရှုမြင်ကြသနည်း။
ကျွန်ုပ်၏ သုတေသနပြုတွေ့ရှိချက်များအရ ဒေသအာဏာပိုင်များ၏ တုံ့ပြန်မှုသည် နယ်မြေများကို ထိန်းချုပ်မှုရှိသော လက်နက်ကိုင်အဖွဲ့များ၏ အမျိုးအစားများ၊ စစ်အစိုးရကို ဆန့်ကျင်သည့် အတိုင်အတာများ၊ ဒေသအာဏာပိုင်များ၏ နိုင်ငံရေးနှင့် ဆက်နွယ်မှု၊ ကျင့်ထုံးများနှင့် ဒေသခံပြည်သူများနှင့် ဆက်ဆံရေးများအပေါ် မူတည်၍ ကွဲပြားကြောင်း သက်သေပြလျက်ရှိသည်။ ထို့အပြင် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေများအပေါ်မူတည်၍ အချိန်နှင့်အမျှ တုံ့ပြန်မှုများသည်လည်း ပြောင်းလဲလျက်ရှိနေသည်။
ဤဆွေးနွေးပွဲတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေနိုင်သည့်အရာများအား လျှော့ချရန်နှင့် အာဏာသိမ်းပြီးကာလတွင် ၎င်းတို့၏ တစ်ဦးချင်း သို့မဟုတ်/နှင့် ရပ်ရွာ၏ အေးချမ်းလုံခြုံမှုကို အာမခံထောက်ပံ့နိုင်ရန် ဒေသအာဏာပိုင်များက အသုံးပြုသည့် ဖြေရှင်းနည်းဗျူဟာ အမျိုးမျိုးကို အလေးပေးကာ နိုင်ငံရေးအရ အမြင်ကွဲပြားလွန်းလှသောဒေသတွင်သုတေသနလုပ်ဆောင်ရာ ကြံတွေရသော ကျင့်ဝတ်၊ နည်းစနစ်ပိုင်းနှင့် လက်တွေ့ကျသော စိန်ခေါ်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ဟောပြောမည့်သူ
Ardeth Maung Thawnghmung သည် Massachusetts Lowell တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ တစ်ဥိီး ဖြစ်သည်။ သူမ၏ အထူးပြုသော ပညာရပ်နယ်ပယ္များမှာ မြန်မာ/အရှေ့တောင်အာရှ နိုင်ငံရေး၊ လူမျိုးစု နိုင်ငံရေးနှင့် နိုင်ငံရေးဘောဂဗေဒတို့ ဖြစ်သည်။
သူမသည် မြန်မာနိုင်ငံရှိ လူမျိုးစုနိုင်ငံရေး နှင့် နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာ စာအုပ်များနှင့် ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး Jacques Bertrand နှင့် Alex Pelletier တို့နှင့်အတူ ရေးသားပြုစုခဲ့သော Winning by Process: The State and Neutralization of Ethnic Minorities in Myanmar (Cornell University Press, 2022) အပါအဝင် သူမ၏ တစ်ကိုယ်တည်းရေးသားသော Everyday Economic Survival in Myanmar (University of Wisconsin Press, 2019) ခေါ် စာအုပ်များကိုလည်း ရေးသားခဲ့သည်။
Ardeth သည် နိုင်ငံရေးသိပ္ပံဌာန၏ ဥက္ကဌအဖြစ် 2013 မှ 2021 ခုနှစ်အထိ တာဝန်ယူခဲ့ပြီး 2020-21 ပညာသင်နှစ်တွင်လည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး ပရိုဂရမ်အတွက် ကြားကာလညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထုိ့အပြင် သူမသည် International Peace Research Association Foundation မှ (၂၀၂၁-၂၀၂၂) ခုနှစ်များတွင် ပညာသင်ဆုနှင့် Research grant များရရှိခဲ့ပြီး၊ (၂၀၂၀-၂၀၂၁) တွင် Fulbright Public Policy Fellow အဖွဈလည်းကောင်း ၊(၂၀၁၀-၂၀၁၁)တွင် Fulbright-Hays Faculty Research Abroad နှင့် Singapore National University of Asian Research Institute မှ ပညာသင်ဆုများနှင့် သုတေသနထောက်ပံ့ကြေးများကို ရရှိခဲ့ပါသည်။ East West Center Washington DC နှင့် ISEAS-Yusof Ishak Institute of Southeast Asian study in the Singapore တို့တွင်လည်းပညာသင်ဆုများကို အသီးသီးရရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်သွားမည့်အချိန်ကတော့ နိုဝင်ဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန်( ည - ၇ နာရီ) တွင် ပြုလုပ်သွားမည်ဖြစ်သည်။
စာရင်းပေးသွင်းရန်: https://us06web.zoom.us/webinar/register/WN_WX6itdZrSumaYssjkJDkSw

#IHRDG #SpringUniversityMM
❤12👍8
Diploma in English Language Teaching (DELT) အတန်း 2nd Semester အတန်းများကို စတင်လျှောက်ထားနိုင်ပါပြီ။

လျှောက်ထားရန်:
https://www.facebook.com/100068345813298/posts/pfbid02MbtbRUHdmiXE8wwqirTVp9NKEjs8H1gAjsEtrV2QqkV4xjaKkUxKzJLDvFrHdmLVl/?mibextid=cr9u03

#SpringUniversityMM
❤14🍓5👍4
“စကားရည်လုခြင်းယဉ်ကျေးမှု” ကို ယနေ့လူငယ်ထုအကြား ပြန်လည်မြှင့်တင်ဝေမျှရင်း သုတေသနပြုလုပ်ခြင်းစွမ်းရည်တွေကိုပါ ပေါင်းစပ် ဖြည့်ဆည်းပေးနိုင်ဖို့ နွေဦးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဦးစီးတည်ထောင်ထားသည့် Oceans Spring Debate Club နှင့် Debate and English Conversation Club (DECC) တို ပူးပေါင်းကျင်းပပြုလုပ်သည့်“Debate and Research Excellence” ဆိုတဲ့ Workshop လေးကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02QMfamgPDVVczxMoK8vufnoo5a86hzbmXQjxNTyLKrZv5VmkN27i3KPQAKbqqFNA9l/?mibextid=cr9u03

#SpringUniversityMM
❤19👍3