Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
အောက်တိုဘာလအတွင်း ကျောင်းသားများ ခေါ်ယူသွားမည့် နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းဖွင့်လှစ်သည့် သင်တန်းများ

နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ ပူးပေါင်းကာ ပိုမိုကောင်းမွန်သော ပညာရေး အစီအစဥ်သစ်များ ဖော်ဆောင်ဖို့ သဘောတူစာချွန်လွှာ ရေးထိုးခြင်းကို ပြည်သူများထံ နွေဦးတက္ကသိုလ်မှ ၂၀၂၃ မတ်လမှာ တရားဝင် ချပြခဲ့ပါတယ်။

ထိုကာလမှစတင်ကာ ပိုမိုကောင်းမွန်သော ပညာရေးဝန်ဆောင်မှုများ ကျောင်းသား/သူများထံ ပေးအပ်ရန်အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးညှိနိူင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ထိုအစီအစဥ်များကို
မကြာခင်ကာလအတွင်းမှာ အကောင်အထည် ဖော်ဖို့ အဆင်သင့်ရှိနေပြီ ဖြစ်ပါတယ်။

ပညာရေးအစီအစဥ်များအနေဖြင့် ရက်တို၊ရက်ရှည်သင်တန်းများအပြင် နွေဦးတက္ကသိုလ်နှင့် University of Arizona မှ ကျောင်းသားအချင်းချင်း ပူးပေါင်းလုပ်ဆောင်ရမည့် Program များ ပါဝင်သွားဖို့ ရှိပါတယ်။

လာမယ့် အောက်တိုဘာလအတွင်းမှာ နွေဦးတက္ကသိုလ်နှင့် University of Arizona တို့ပူးပေါင်းကာ ဖွင့်လှစ်မည့် သင်တန်းများအတွက် ကျောင်းသားများ စတင်ခေါ်ယူသွားတော့မှာဖြစ်လို့ ကျောင်းသား၊လူငယ်များအနေဖြင့် စောင့်မျှော်ပေးကြပါဦး ခင်ဗျာ။

#SpringUniversityMM
#SUM
❤73👍21🥰2
နွေဦးတက္ကသိုလ်နဲ့ The University of Arizona တို့ ပူးပေါင်းကာ ဖွင့်လှစ်မယ့် သင်တန်းအသေးစိတ်ကို အောက်ဖော်ပြပါ post မှာ အသေးစိတ်ကြည့်ရှူနိုင်ပါပြီခင်ဗျာ။

https://www.facebook.com/100068345813298/posts/pfbid07iuAkwvDUXVgEcWAZSKyTEGXeYMmyp61Vp99wfHYX2NP3GQ8macSu5joGLVHtoLYl/?mibextid=cr9u03
❤21👍1😁1
❤2👍2
"𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 𝐢𝐧 𝐑𝐞𝐬𝐞𝐚𝐫𝐜𝐡𝐢𝐧𝐠 𝐋𝐨𝐜𝐚𝐥 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐯𝐞 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞𝐬 𝐢𝐧 𝐏𝐨𝐬𝐭-𝐜𝐨𝐮𝐩 𝐌𝐲𝐚𝐧𝐦𝐚𝐫"

၂၀၂၁ ခုနှစ် မြန်မာ့စစ်တပ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် ဒေသအာဏာပိုင်များ၏ တုံ့ပြန်ပုံများကို Institute of Human Rights and Democratic Governance - IHRDG မှ ဦးဆောင်ပြုလုပ်မည့် ဤဆွေးနွေးပွဲတွင် အလေးပေးသွားမည် ဖြစ်ပြီး အဓိကအားဖြင့် အောက်ပါမေးခွန်းများကို ဆန်းစစ်သွားမည် ဖြစ်သည်။

(၁)စစ်တပ်အာဏာသိမ်းမှုအပေါ် ဒေသအာဏာပိုင်များအနေဖြင့် တုံ့ပြန်သည့် မတူညီသောနည်းလမ်းများကား အဘယ်နည်း၊ ၎င်းတို့၏ မတူညီသော တုံ့ပြန်မှုများက မည်သည့်အရာကို ဥိီးတည်စေသနည်း။
(၂) အာဏာသိမ်းပြီးနောက်ပိုင်း ကြီးထွားလာသော ပဋိပက္ခများအား တားဆီးကာကွယ်ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များက မည်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။
(၃) ဒေသဆိုင်ရာ အာဏာပိုင်များအပေါ် ဒေသခံ ရပ်မိရပ်ဖများ၊ တပ်မတော် အာဏာပိုင်များနှင့် ဒေသခံ တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ဝင်များက မည်သို့ ရှုမြင်ကြသနည်း။
ကျွန်ုပ်၏ သုတေသနပြုတွေ့ရှိချက်များအရ ဒေသအာဏာပိုင်များ၏ တုံ့ပြန်မှုသည် နယ်မြေများကို ထိန်းချုပ်မှုရှိသော လက်နက်ကိုင်အဖွဲ့များ၏ အမျိုးအစားများ၊ စစ်အစိုးရကို ဆန့်ကျင်သည့် အတိုင်အတာများ၊ ဒေသအာဏာပိုင်များ၏ နိုင်ငံရေးနှင့် ဆက်နွယ်မှု၊ ကျင့်ထုံးများနှင့် ဒေသခံပြည်သူများနှင့် ဆက်ဆံရေးများအပေါ် မူတည်၍ ကွဲပြားကြောင်း သက်သေပြလျက်ရှိသည်။ ထို့အပြင် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေများအပေါ်မူတည်၍ အချိန်နှင့်အမျှ တုံ့ပြန်မှုများသည်လည်း ပြောင်းလဲလျက်ရှိနေသည်။
ဤဆွေးနွေးပွဲတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေနိုင်သည့်အရာများအား လျှော့ချရန်နှင့် အာဏာသိမ်းပြီးကာလတွင် ၎င်းတို့၏ တစ်ဦးချင်း သို့မဟုတ်/နှင့် ရပ်ရွာ၏ အေးချမ်းလုံခြုံမှုကို အာမခံထောက်ပံ့နိုင်ရန် ဒေသအာဏာပိုင်များက အသုံးပြုသည့် ဖြေရှင်းနည်းဗျူဟာ အမျိုးမျိုးကို အလေးပေးကာ နိုင်ငံရေးအရ အမြင်ကွဲပြားလွန်းလှသောဒေသတွင်သုတေသနလုပ်ဆောင်ရာ ကြံတွေရသော ကျင့်ဝတ်၊ နည်းစနစ်ပိုင်းနှင့် လက်တွေ့ကျသော စိန်ခေါ်မှုများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ဟောပြောမည့်သူ
Ardeth Maung Thawnghmung သည် Massachusetts Lowell တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ တစ်ဥိီး ဖြစ်သည်။ သူမ၏ အထူးပြုသော ပညာရပ်နယ်ပယ္များမှာ မြန်မာ/အရှေ့တောင်အာရှ နိုင်ငံရေး၊ လူမျိုးစု နိုင်ငံရေးနှင့် နိုင်ငံရေးဘောဂဗေဒတို့ ဖြစ်သည်။
သူမသည် မြန်မာနိုင်ငံရှိ လူမျိုးစုနိုင်ငံရေး နှင့် နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာ စာအုပ်များနှင့် ဆောင်းပါးများစွာကို ရေးသားခဲ့ပြီး Jacques Bertrand နှင့် Alex Pelletier တို့နှင့်အတူ ရေးသားပြုစုခဲ့သော Winning by Process: The State and Neutralization of Ethnic Minorities in Myanmar (Cornell University Press, 2022) အပါအဝင် သူမ၏ တစ်ကိုယ်တည်းရေးသားသော Everyday Economic Survival in Myanmar (University of Wisconsin Press, 2019) ခေါ် စာအုပ်များကိုလည်း ရေးသားခဲ့သည်။
Ardeth သည် နိုင်ငံရေးသိပ္ပံဌာန၏ ဥက္ကဌအဖြစ် 2013 မှ 2021 ခုနှစ်အထိ တာဝန်ယူခဲ့ပြီး 2020-21 ပညာသင်နှစ်တွင်လည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး ပရိုဂရမ်အတွက် ကြားကာလညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထုိ့အပြင် သူမသည် International Peace Research Association Foundation မှ (၂၀၂၁-၂၀၂၂) ခုနှစ်များတွင် ပညာသင်ဆုနှင့် Research grant များရရှိခဲ့ပြီး၊ (၂၀၂၀-၂၀၂၁) တွင် Fulbright Public Policy Fellow အဖွဈလည်းကောင်း ၊(၂၀၁၀-၂၀၁၁)တွင် Fulbright-Hays Faculty Research Abroad နှင့် Singapore National University of Asian Research Institute မှ ပညာသင်ဆုများနှင့် သုတေသနထောက်ပံ့ကြေးများကို ရရှိခဲ့ပါသည်။ East West Center Washington DC နှင့် ISEAS-Yusof Ishak Institute of Southeast Asian study in the Singapore တို့တွင်လည်းပညာသင်ဆုများကို အသီးသီးရရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပြုလုပ်သွားမည့်အချိန်ကတော့ နိုဝင်ဘာလ (၂)ရက်နေ့ မြန်မာစံတော်ချိန်( ည - ၇ နာရီ) တွင် ပြုလုပ်သွားမည်ဖြစ်သည်။
စာရင်းပေးသွင်းရန်: https://us06web.zoom.us/webinar/register/WN_WX6itdZrSumaYssjkJDkSw

#IHRDG #SpringUniversityMM
❤12👍8
Diploma in English Language Teaching (DELT) အတန်း 2nd Semester အတန်းများကို စတင်လျှောက်ထားနိုင်ပါပြီ။

လျှောက်ထားရန်:
https://www.facebook.com/100068345813298/posts/pfbid02MbtbRUHdmiXE8wwqirTVp9NKEjs8H1gAjsEtrV2QqkV4xjaKkUxKzJLDvFrHdmLVl/?mibextid=cr9u03

#SpringUniversityMM
❤14🍓5👍4
“စကားရည်လုခြင်းယဉ်ကျေးမှု” ကို ယနေ့လူငယ်ထုအကြား ပြန်လည်မြှင့်တင်ဝေမျှရင်း သုတေသနပြုလုပ်ခြင်းစွမ်းရည်တွေကိုပါ ပေါင်းစပ် ဖြည့်ဆည်းပေးနိုင်ဖို့ နွေဦးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ ဦးစီးတည်ထောင်ထားသည့် Oceans Spring Debate Club နှင့် Debate and English Conversation Club (DECC) တို ပူးပေါင်းကျင်းပပြုလုပ်သည့်“Debate and Research Excellence” ဆိုတဲ့ Workshop လေးကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

အသေးစိတ်ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02QMfamgPDVVczxMoK8vufnoo5a86hzbmXQjxNTyLKrZv5VmkN27i3KPQAKbqqFNA9l/?mibextid=cr9u03

#SpringUniversityMM
❤19👍3
နွေဦးတက္ကသိုလ်မှ နိုဝင်ဘာလအတွင်းဖွင့်လှစ်မယ့် နိုင်ငံခြားဘာသာစကား တန်းခွဲများအတွက် စတင်စာရင်းပေး အပ်နှံနိုင်ပါပြီ။

အသေးစိတ်ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/pfbid02sMxYXXY3sdfzpYpu1bZwSeRiFRrP6qSdVTaT1PQT65CCD11TZTsmEAP9jY5ooYvl/?mibextid=adzO7l

#SpringUniversityMM
❤22👍12🌚2🍓1
❤1👍1
သင်ဟာ အပြောင်းအလဲကို ဖော်ဆောင်လိုသူတစ်ယောက် ဖြစ်ပါသလား။

Institute of Human Rights and Democratic Governance မှ ကိုးလတာကြာမြင့်မည့် အောက်ပါဒီပလိုမာတန်း သုံးခုကို ၂၀၂၄ ခုနှစ် မတ်လတွင် စတင်၍ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

📌Governance & Public Administration
📌Community Development
📌Human Rights

အဆိုပါ ဒီပလိုမာတန်းများနှင့် ပတ်သက်ပြီး လျှောက်ထားပုံများ အပြင် အခြားသော အကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် Open House Event ကို ထပ်မံကျင်းပသွားမှာပဲဖြစ်ပါတယ်။

Open House အတွင်း IHRDG Academic Team မှ သက်ဆိုင်ရာ တာဝန်ရှိသူများအား တိုက်ရိုက်မေးမြန်းနိုင်မှာ ဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ယခုပွဲကိုတော့ မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၆ ရက်နေ့၊ ညနေ (၆) နာရီ အချိန်တွင် ကျင်းပသွားမှာဖြစ်ပြီး Zoom Platform မှ တစ်ဆင့် တက်ရောက်ရမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူများအနေနှင့် ယခုဖော်ပြပါ လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။

စာရင်းပေးသွင်းရန် - https://shorturl.at/sAIMS

Event အကြောင်းဖတ်ရှုရန်: https://facebook.com/events/s/ihrdg-open-house/1092591935137520/?mibextid=RQdjqZ

#IHRDG
👍17❤16🍓2
Arizona State University နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူစာချွန်လွှာ ရေးထိုးပြီး ကျောင်းသားလူငယ်များရဲ့ ပညာရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည်။

ကျောင်းသားဗဟိုပြုပညာရေးအဖွဲ့အစည်းဖြစ်တဲ့ နွေဦးတက္ကသိုလ်ဟာ အမေရိကန်နိုင်ငံရှိ Public University တစ်ခုဖြစ်တဲ့ Arizona State University နှင့် တရားဝင် သဘောတူစာချွန်လွှာရေးထိုးခဲ့ကြောင်း ပြည်သူများထံ အသိပေးအပ်ပါတယ်။

ဤပူးပေါင်းမှုမှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားလူငယ်များအတွက် Arizona State University မှ ခရက်ဒစ်ရယူနိုင်သော ရက်တို/ရက်ရှည်သင်တန်းများ အပါအဝင် အခြားသော ပညာရေးဆိုင်ရာ အစီအစဥ်များကို အားသွန်ခွန်စိုက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ Arizona State Universityနှင့် ပူးပေါင်းကာ ပြုလုပ်သွားမည့် ပညာရေးအစီအစဥ်များကို နွေဦးတက္ကသိုလ်မှ ကျောင်းသား၊လူငယ်များအားလုံးထံ တရားဝင်ကြေညာသွားမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မကြာမီကာလအတွင်း ဖွင့်လှစ်မည့်သင်တန်းများအတွက် စောင့်မျှော်ပေးကြဖို့ တိုက်တွန်းရင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

#SpringUniversityMM
#SUM
❤67👍15
ကျောင်းသားလူငယ်များ၊ မိဘပြည်သူများ မင်္ဂလာပါခင်ဗျာ။

လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန်ညနေ ၇:၃၀ (8 PM ICT) မှာ နွေဦးတက္ကသိုလ်ရဲ့ မိတ်ဖက်တက္ကသိုလ်များနဲ့ အတူ “The Role of International Universities in Myanmar’s Education” ဆိုတဲ့ ဆွေးနွေးပွဲလေးတစ်ခုပြုလုပ်ဖို့ရှိပါတယ်။

ဆွေးနွေးပွဲမှာတော့ အဓိကအားဖြင့် မိတ်ဖက်တက္ကသိုလ်များမှ မြန်မာပြည်တွင်းကျောင်းသားလူငယ်များအတွက် ဒီဇိုင်းဆွဲထားတဲ့ ပညာရေးအစီအစဉ်များ၊ နွေဦးတက္ကသိုလ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပရိုဂရမ်များအကြောင်းနဲ့ ရှေ့လျှောက်စီစဉ်သွားမယ့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ ကျောင်းသားလူငယ်များ register လုပ်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။

Registration link - https://us06web.zoom.us/webinar/register/WN_ZHGjnwS4QIaql2vT63xW0w

#SUM
❤36👍11🥰2
နွေဦးတက္ကသိုလ်ကျောင်းခွဲတစ်ခုဖြစ်သည့် IHRDG မှ ဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းများ၏ ကျောင်းသား၊ ကျောင်းသူအတွေ့အကြုံများကို နားထောင်လိုသူများအတွက် “Exploring Learning at IHRDG: Student Insights and Beyond” ဆိုတဲ့ အစီအစဉ်ပြုလုပ်သွားဖိုရှိပါတယ်။

ယခုဆိုလျှင် ဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာများကို ခေါ်ယူလျက်ရှိရာ လျှောက်ထားဖို စိတ်ပါဝင်စားသူများအနေနဲ့ ဒီပလိုမာတန်းများနှင့်ပတ်သတ်ပြီး သင်ကြားရေးအတွေ့အကြုံများ၊ သင်ကြားပုံများ၊ လျှောက်လွှာဖြည့်သွင်းရာတွင် လိုအပ်တဲ့အကြောင်းအရာများအပြင် အခြားသော အကြောင်းအရာများကို သိရှိခွင့်ရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူဟောင်းများကိုလည်း သိလိုသည့် မည်သည့်အကြောင်းအရာမဆိုမေးမြန်းပြီး အကြံညဏ်များ ရနိုင်မှာဖြစ်ပါတယ်။

ဒီပလိုမာတန်းလျှောက်ထားရန်စိတ်ပါဝင်စားသူများအနေနှင့် တတ်ရောက်ကြဖို တိုက်တွန်းလိုပါတယ်။

လျှောက်ထားရန်: https://zoom.us/meeting/register/tJ0ocOyoqzgsHNND6gbGXpkDGUuGIBnnU92n#/registration

#ihrdg #SpringUniversityMM
👍39❤14🍓12❤‍🔥3🔥2
Comparative Politics Diploms Programme အကြောင်း အသေးစိတ်ကို Open House Event မှာ လေ့လာကြမယ်။

နွေဦးတက္ကသိုလ် ကျောင်းခွဲတစ်ခုဖြစ်သည့် IHRDG မှ ဇန်နဝါရီလ ၁၃ ရက်နေ့ ည (၉:၃၀) အချိန်တွင် Open House Event ပြုလုပ်ကျင်းပသွားဖို့ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာရေးသင်ကြားမှုရရှိစေရန်အတွက် ဒီပလိုမာတန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအချိန်တွင် Comparative Politics ဒီပလိုမာအတန်း နှင့်ပတ်သတ်ပြီး သင်ကြားရေးဆိုင်ရာ အကြောင်းအရာများ အပြင် အခြားသိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် Open House Event ကို ကျင်းပသွားမှာပဲဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေနှင့် ဖော်ပြပါလင်ခ့်မှ တစ်ဆင့် စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်။

ဖြည့်သွင်းရန်: http://bit.ly/41P7tGQ

#SUM #IHRDG #OpenHouse #DiploamProgrammes
❤15👍13
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ School of Federalism and Peace Studies မှ မကြာခင်အချိန်အတွင်းမှာ ဖက်ဒရယ်ရေးရာ သင်တန်း (၂) ခုကို ဖွင့်လှစ်သွားတော့မှာပဲ ဖြစ်ပါတယ်။

သင်တန်းလေးတွေကတော့
📌 Federalism and Political Parties
📌 Introduction to Federalism တို့ပဲဖြစ်ပြီး

သင်တန်းအကြောင်းအရာအသေးစိတ်တို့ကို အောက်ပါ link မှ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လေ့လာရန်: https://m.facebook.com/story.php?story_fbid=pfbid0YeTpjSasZ8UB11S3pfodEXKTjM3fb3BN16vh1duiKYNgwwvF9ja1ZfuBUTxxwMoGl&id=100076179033470&mibextid=adzO7l

#SFPS
❤11👍8🕊2