Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
နွေဦးတက္ကသိုလ်ကျောင်းခွဲတစ်ခုဖြစ်သည့် IHRDG မှ ဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းများ၏ ကျောင်းသား၊ ကျောင်းသူအတွေ့အကြုံများကို နားထောင်လိုသူများအတွက် “Exploring Learning at IHRDG: Student Insights and Beyond” ဆိုတဲ့ အစီအစဉ်ပြုလုပ်သွားဖိုရှိပါတယ်။

ယခုဆိုလျှင် ဒီပလိုမာသင်တန်းများအတွက် လျှောက်လွှာများကို ခေါ်ယူလျက်ရှိရာ လျှောက်ထားဖို စိတ်ပါဝင်စားသူများအနေနဲ့ ဒီပလိုမာတန်းများနှင့်ပတ်သတ်ပြီး သင်ကြားရေးအတွေ့အကြုံများ၊ သင်ကြားပုံများ၊ လျှောက်လွှာဖြည့်သွင်းရာတွင် လိုအပ်တဲ့အကြောင်းအရာများအပြင် အခြားသော အကြောင်းအရာများကို သိရှိခွင့်ရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူဟောင်းများကိုလည်း သိလိုသည့် မည်သည့်အကြောင်းအရာမဆိုမေးမြန်းပြီး အကြံညဏ်များ ရနိုင်မှာဖြစ်ပါတယ်။

ဒီပလိုမာတန်းလျှောက်ထားရန်စိတ်ပါဝင်စားသူများအနေနှင့် တတ်ရောက်ကြဖို တိုက်တွန်းလိုပါတယ်။

လျှောက်ထားရန်: https://zoom.us/meeting/register/tJ0ocOyoqzgsHNND6gbGXpkDGUuGIBnnU92n#/registration

#ihrdg #SpringUniversityMM
👍39❤14🍓12❤‍🔥3🔥2
Comparative Politics Diploms Programme အကြောင်း အသေးစိတ်ကို Open House Event မှာ လေ့လာကြမယ်။

နွေဦးတက္ကသိုလ် ကျောင်းခွဲတစ်ခုဖြစ်သည့် IHRDG မှ ဇန်နဝါရီလ ၁၃ ရက်နေ့ ည (၉:၃၀) အချိန်တွင် Open House Event ပြုလုပ်ကျင်းပသွားဖို့ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့်မြင့်ပညာရေးသင်ကြားမှုရရှိစေရန်အတွက် ဒီပလိုမာတန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအချိန်တွင် Comparative Politics ဒီပလိုမာအတန်း နှင့်ပတ်သတ်ပြီး သင်ကြားရေးဆိုင်ရာ အကြောင်းအရာများ အပြင် အခြားသိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် Open House Event ကို ကျင်းပသွားမှာပဲဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများအနေနှင့် ဖော်ပြပါလင်ခ့်မှ တစ်ဆင့် စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုပါတယ်။

ဖြည့်သွင်းရန်: http://bit.ly/41P7tGQ

#SUM #IHRDG #OpenHouse #DiploamProgrammes
❤15👍13
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ School of Federalism and Peace Studies မှ မကြာခင်အချိန်အတွင်းမှာ ဖက်ဒရယ်ရေးရာ သင်တန်း (၂) ခုကို ဖွင့်လှစ်သွားတော့မှာပဲ ဖြစ်ပါတယ်။

သင်တန်းလေးတွေကတော့
📌 Federalism and Political Parties
📌 Introduction to Federalism တို့ပဲဖြစ်ပြီး

သင်တန်းအကြောင်းအရာအသေးစိတ်တို့ကို အောက်ပါ link မှ တဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လေ့လာရန်: https://m.facebook.com/story.php?story_fbid=pfbid0YeTpjSasZ8UB11S3pfodEXKTjM3fb3BN16vh1duiKYNgwwvF9ja1ZfuBUTxxwMoGl&id=100076179033470&mibextid=adzO7l

#SFPS
❤11👍8🕊2
ဇန်နဝါရီလ (၃၀) ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်မည့် Diploma ပရိုဂရမ် (၄) ခု

နွေဦးတက္ကသိုလ်၏ IHRDG မှ Diploma ပရိုဂရမ် (၄) ခုကို မကြာခင်အချိန်အတွင်းဖွင့်လှစ်သွားတော့မှာဖြစ်ပါတယ်။

Diploma ပရိုဂရမ်များကတော့

(၁) Diploma in Comparative Politics
(၂) Diploma in Community Development
(၃) Governance and Public Administration Diploma Program
(၄) Human Rights Diploma Program တို့ပဲဖြစ်ပါတယ်။

အဆိုပါ အဆင့်မြင့်ဒီပလိုမာပရိုဂရမ်များသည် (၉) လကြာမြင့်သွားမှာဖြစ်ပြီး စာသင်ကာလ အပိုင်းအခြား (၃)ခုဖြင့် သင်ကြားသွားမှာဖြစ်ပါတယ်။

ပရိုဂရမ်အသီးသီး၏ လျှောက်လွှာပိတ်ရက်မှာ January လ 31 ရက်နေ့ဖြစ်တာကြောင့် အမြန်ဆုံးလျှောက်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။

လျှောက်ထားရန်: https://bit.ly/477d7VY

#SUM #SpringUniversityMM
👍21❤12
Diploma in Public Policy

လျှောက်လွှာများ ခေါ်ယူခြင်း

ကျောင်းသားကျောင်းသူများခင်ဗျာ

နွေဦးတက္ကသိုလ် ၊ School of Economics and Management မှ မကြာခင်အချိန်အတွင်း Diploma in Public Policy ပရိုဂရမ်ကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ကြေညာထားရှိပြီး ယခုအခါမှာဆိုရင်တော့ Early admission ကာလ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

သည့်တိုင် Regular admission ကာလ ကျန်ရှိသေးသည့်အတွက် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဒီပလိုမာ ပရိုဂရမ် ဝင်ခွင့်လျှောက်လွှာများကို ဆက်လက်စာရင်းသွင်းလျှောက်ထားနိုင်သေးကြောင်း အသိပေးလိုက်ရပါတယ်။

Regular admission ကာလ ပြီးဆုံးမည့်ရက်မှာ Feburary 29 ရက်နေ့ ဖြစ်တာကြောင့် အချိန်မီလျှောက်ထားကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။

#SUM

အသေးစိတ်သိရှိလိုပါက အောက်ပါပို့စ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ။

https://www.facebook.com/share/p/jb9yfUNch31fj9ED/?mibextid=WC7FNe
👍14❤4
Arizona State University မှ အွန်လိုင်းတန်းခွဲ သုံးခုကို အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေး

နွေဦးတက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချွန်လွှာ ရေးထိုးထားသော Arizona State University မှ အွန်လိုင်း တန်းခွဲ (၃) ခု ဖြစ်တဲ့

📌CIS 105: Computer Applications and Information Technology
📌CIS 194: Business Technology Fundamentals
📌SOC 101:Introductory Sociology တို့ကို ဖွင့်လှစ်သင်ကြားတော့မှာပဲ ဖြစ်ပါတယ်။

အထက်ပါ တန်းခွဲတစ်ခုစီဟာ (၈) ပတ်ကြာလေ့လာရမယ့် Self Paced-အချိန်၊နေရာမရွေးတက်ရောက်နိုင်မယ့် သင်တန်းများဖြစ်တဲ့ အပြင် တက်ရောက်သော ကျောင်းသားလူငယ်များအနေဖြင့် တက်ရောက်ဖို့ စာရင်းပေးသည့် အချိန်မှစ၍ တစ်နှစ်အထိ အချိန်ယူကာ ပြီးဆုံးသည်အထိ မိမိအားလပ်ချိန်များတွင် တက်ရောက်နိုင်ပါတယ်။

အခုဆိုရင် တန်းခွဲတစ်ခုချင်းဆီတိုင်းအတွက် စာရင်းသွင်းတက်ရောက်နိုင်မည့်ရက်မှာလည်း တစ်ဖြည်းဖြည်းနီးကပ်လာပြီဖြစ်တာမို့ နောက်ကျသွားတာမျိုးမဖြစ်ရလေအောင် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

#SpringUniversityMM
#SUM
❤32👍5
“Public Health Management in Crisis Settings” ကို စိတ်ဝင်စားသူတိုင်း တက်ရောက်သင့်တဲ့ နွေဦးတက္ကသိုလ်မှ ကျင်းပပြုလုပ်မယ့် အွန်လိုင်းဆွေးနွေးပွဲ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကြားမှာ လူငယ်များနှင့် အနေဖြင့် မိမိရဲ့ ကျန်းမာရေးသာမက မိသားစု၊ အသိုင်းအဝိုင်းအပြင် ပြည်သူများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းများကို သိရှိဖို့ လိုအပ်လာပါတယ်။

ယခုပြုလုပ်မယ့် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲလေးရဲ့ ခေါင်းစဥ်ကတော့- Introduction to the Diploma in Public Health Management in Crisis Settings ဖြစ်ပြီး နွေဦးတက္ကသိုလ်မှာ မကြာမီ ဖွင့်လှစ်သွားမယ့် ဒီပလိုမာအတွက် သိရှိထားသင့်သည်များကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဦးဆောင်ဝေမျှ ဆွေးနွေးပေးသွားမယ့် Guest Speakers များကတော့ ပညာရပ်ပိုင်းမှာသာမက သင်ကြားရေးအတွေ့အကြုံများစွာ ရှိတဲ့ Public Helath Specialists များ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ “Public Health Management in Crisis Settings Diploma” ကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်၊ ဖွင့်လှစ်မယ့် ဒီပလိုမာနှင့်ပတ်သက်ပြီး စုံစမ်းလိုတယ်၊ သိရှိလိုတဲ့ မေးခွန်းများလည်း ရှိတယ်ဆိုရင် အွန်လိုင်းဆွေးနွေးပွဲကို မဖြစ်မနေတက်ရောက်ဖို့ အကြံပြုပါရစေ။

ကျင်းပပြုလုပ်မည့်နေရက်- Feburary 24th, 2024

အချိန်- မြန်မာစံတော်ချိန် မနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိ

ကျင်းပပြုလုပ်မည့် ပလက်ဖောင်း- Zoom

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ လင့်ခ်မှတဆင့် စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ် ခင်ဗျာ။

စာရင်းပေးသွင်းရန်လင့်ခ်- https://us06web.zoom.us/webinar/register/WN_ree-iIxxQg2e87aF-UlCMQ

မိမိအတွက်သာမက မိသားစု၊အသိုင်းအဝန်းနှင့် ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို တဖက်တလမ်းကူညီစောင့်ရှောက်သွားနိုင်ဖို့အတွက် အွန်လိုင်းဆွေးနွေးပွဲမှာ အားလုံးကို စောင့်မျှော်နေပါ့မယ်။

#SpringUniversityMM
#SUM
❤15👍1😁1
အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့်
Virtual Exchange Program အစီအစဉ်လေးကို အားလုံးထံယူဆောင်လာပါပြီ။

အချိန်ကာလအားဖြင့် (၂) ပတ်ကြာ ပြုလုပ်သွားမယ့် အဆိုပါ Virtual camp လေးမှာဆိုရင်တော့

🎯 Pre-camp training for Myanmar students
🎯 Virtual camp for US and Myanmar students
🎯 Group Presentation and selection of sub-awardees
ဆိုပြီး အပိုင်းအခြား (၃) ခုဖြင့် ပညာရေး အစီအစဉ်များစွာ ပါဝင်သွားမှာဖြစ်ပါတယ်။

Virtual Camp အတွင်းမှာ မြန်မာကျောင်းသား (၁၅) ဦး နှင့် အမေရိကန်ကျောင်းသား (၁၅) ဦးတို့ကို ရွေချယ်တက်ရောက်စေမှာဖြစ်ပြီး အဓိကအားဖြင့်

📍 လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များ
📍 ဒီမိုကရေစီရေးရာ ပညာရပ်များ အပါအဝင်
၂၁ ရာစုတွင် မဖြစ်မနေ လေ့လာတတ်မြောက်ထားသင့်သည့် အခြားသော Soft skillsများဖြစ်သော
📍 Communication skillများ၊ Interpersonal skill များကို အမေရိကန်ကျောင်းသားများနှင့် မြန်မာကျောင်းသားများအကြား အပြန်အလှန်ဝေမျှရင်း လေ့လာ သင်ကြားသွားနိုင်မှာဖြစ်ပါတယ်။

အမေရိကန် နှင့် မြန်မာနိုင်ငံအကြား လူငယ်များအချင်းချင်း ပညာရပ်ဆိုင်ရာ အသိပညာများ ဖလှယ်ချင်တယ်၊ Network တည်ဆောက်ရင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာ ပညာရပ်များ လေ့လာရင်းဝေမျှချင်တယ်ဆိုရင်တော့ အဆိုပါ Virtual camp လေးကို ပါဝင်လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

စိတ်ဝင်စားလို့ လျှောက်ထားလိုပါက အောက်ပါလင်ခ့်မှ တဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525
❤14👍8❤‍🔥4👀3👏1
အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့် Virtual Exchange Program အစီအစဉ်လေးကို နွေဦးတက္ကသိုလ်မှာ ပြုလုပ်သွားမယ့် အချိန်နီးကပ်လို့ လာပါပြီ။

📚 The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်မယ့် Virtual Exchange Program မှာပါဝင်ဖို့ လျှောက်ထားသူများစွာထဲမှ မြန်မာကျောင်းသား (၁၅) ဦးကိုရွေးချယ်ကာ အမေရိကန်ကျောင်းသား (၁၅) ဦးတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

📚 အချိန် (၂)ပတ်သာ ကြာမြင့်မယ့် ထိုအစီအစဥ်လေးကို Pre-Camp နှင့် Main Camp ဟူ၍ (၂)ပိုင်းခွဲကာ ပြုလုပ်သွားမှာပါ။ Pre-Camp မှာတော့ ရွေးချယ်ခံရသူ မြန်မာကျောင်းသား (၁၅) ဦးကို လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပြီး Main Camp မှာတော့ အမေရိကန်ကျောင်းသားများ၊ တာဝန်ရှိသူများနှင့်အတူ အမှန်တစ်ကယ် Virtual Exchange Program ကို တက်ရောက်ရပြီပဲ ဖြစ်ပါတယ်။

📚Camp မတိုင်ခင် မြန်မာကျောင်းသားများကို သီးသန့် Training ပေးသွားမည့် Pre-camp training ကာလမှာ
16.3.2024 မှ 17.3.2024 အထိ
မြန်မာစံတော်ချိန် (၉:၀၀ မှ ၅:၀၀ နာရီ) အထိ ဖြစ်ပါတယ်။
Main Camp ပြုလုပ်သွားမယ့် ကာလမှာ 22.3.2024 မှ 29.3.2024 ရက်နေ့အထိ ဖြစ်ပြီး မြန်မာစံတော်ချိန် (မနက် ၉:၃၀ နာရီ မှ ည ၇:၀၀ နာရီ ) အထိဖြစ်ပါတယ်။


အဆိုပါ Virtual camp လေးကို ပါဝင်ချတယ်ဆိုရင်တော့ အနည်းဆုံး English Language Proficiency (Intermediate level) ရှိထားဖို့ လိုအပ်ပါတယ်။

လျှောက်ထားရန်လင့်ခ်- https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525
❤15👍10
The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်မယ့် Virtual Exchange Program ကို ယနေ့ည နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါပြီ ။

အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့် Virtual Exchange Program အစီအစဉ်မှာ ပါဝင်ဖို့ လျှောက်ထားရမှာ ယနေ့နောက်ဆုံး ဖြစ်တာမို့ အချိန်မဆွဲဘဲ အမြန်ဆုံး လျှောက်ထား အပ်နှံဖို့ တိုက်တွန်းလိုက်ရပါတယ်နော် ။

Register Link : https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525

#SpringUniversityMM
#SUM
👍2❤1