Spring University Myanmar
✔
6.39K subscribers
481 photos
10 files
530 links
Download Telegram
“Public Health Management in Crisis Settings” ကို စိတ်ဝင်စားသူတိုင်း တက်ရောက်သင့်တဲ့ နွေဦးတက္ကသိုလ်မှ ကျင်းပပြုလုပ်မယ့် အွန်လိုင်းဆွေးနွေးပွဲ

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကြားမှာ လူငယ်များနှင့် အနေဖြင့် မိမိရဲ့ ကျန်းမာရေးသာမက မိသားစု၊ အသိုင်းအဝိုင်းအပြင် ပြည်သူများအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းများကို သိရှိဖို့ လိုအပ်လာပါတယ်။

ယခုပြုလုပ်မယ့် အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲလေးရဲ့ ခေါင်းစဥ်ကတော့- Introduction to the Diploma in Public Health Management in Crisis Settings ဖြစ်ပြီး နွေဦးတက္ကသိုလ်မှာ မကြာမီ ဖွင့်လှစ်သွားမယ့် ဒီပလိုမာအတွက် သိရှိထားသင့်သည်များကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဦးဆောင်ဝေမျှ ဆွေးနွေးပေးသွားမယ့် Guest Speakers များကတော့ ပညာရပ်ပိုင်းမှာသာမက သင်ကြားရေးအတွေ့အကြုံများစွာ ရှိတဲ့ Public Helath Specialists များ ဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ “Public Health Management in Crisis Settings Diploma” ကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်၊ ဖွင့်လှစ်မယ့် ဒီပလိုမာနှင့်ပတ်သက်ပြီး စုံစမ်းလိုတယ်၊ သိရှိလိုတဲ့ မေးခွန်းများလည်း ရှိတယ်ဆိုရင် အွန်လိုင်းဆွေးနွေးပွဲကို မဖြစ်မနေတက်ရောက်ဖို့ အကြံပြုပါရစေ။

ကျင်းပပြုလုပ်မည့်နေရက်- Feburary 24th, 2024

အချိန်- မြန်မာစံတော်ချိန် မနက် ၁၀:၀၀ နာရီမှ နေ့လယ် ၁၂:၀၀ နာရီထိ

ကျင်းပပြုလုပ်မည့် ပလက်ဖောင်း- Zoom

တက်ရောက်လိုသူများအနေဖြင့် အောက်ပါ လင့်ခ်မှတဆင့် စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ် ခင်ဗျာ။

စာရင်းပေးသွင်းရန်လင့်ခ်- https://us06web.zoom.us/webinar/register/WN_ree-iIxxQg2e87aF-UlCMQ

မိမိအတွက်သာမက မိသားစု၊အသိုင်းအဝန်းနှင့် ပြည်သူတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို တဖက်တလမ်းကူညီစောင့်ရှောက်သွားနိုင်ဖို့အတွက် အွန်လိုင်းဆွေးနွေးပွဲမှာ အားလုံးကို စောင့်မျှော်နေပါ့မယ်။

#SpringUniversityMM
#SUM
❤15👍1😁1
အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့်
Virtual Exchange Program အစီအစဉ်လေးကို အားလုံးထံယူဆောင်လာပါပြီ။

အချိန်ကာလအားဖြင့် (၂) ပတ်ကြာ ပြုလုပ်သွားမယ့် အဆိုပါ Virtual camp လေးမှာဆိုရင်တော့

🎯 Pre-camp training for Myanmar students
🎯 Virtual camp for US and Myanmar students
🎯 Group Presentation and selection of sub-awardees
ဆိုပြီး အပိုင်းအခြား (၃) ခုဖြင့် ပညာရေး အစီအစဉ်များစွာ ပါဝင်သွားမှာဖြစ်ပါတယ်။

Virtual Camp အတွင်းမှာ မြန်မာကျောင်းသား (၁၅) ဦး နှင့် အမေရိကန်ကျောင်းသား (၁၅) ဦးတို့ကို ရွေချယ်တက်ရောက်စေမှာဖြစ်ပြီး အဓိကအားဖြင့်

📍 လူ့အခွင့်အရေးဆိုင်ရာ ပညာရပ်များ
📍 ဒီမိုကရေစီရေးရာ ပညာရပ်များ အပါအဝင်
၂၁ ရာစုတွင် မဖြစ်မနေ လေ့လာတတ်မြောက်ထားသင့်သည့် အခြားသော Soft skillsများဖြစ်သော
📍 Communication skillများ၊ Interpersonal skill များကို အမေရိကန်ကျောင်းသားများနှင့် မြန်မာကျောင်းသားများအကြား အပြန်အလှန်ဝေမျှရင်း လေ့လာ သင်ကြားသွားနိုင်မှာဖြစ်ပါတယ်။

အမေရိကန် နှင့် မြန်မာနိုင်ငံအကြား လူငယ်များအချင်းချင်း ပညာရပ်ဆိုင်ရာ အသိပညာများ ဖလှယ်ချင်တယ်၊ Network တည်ဆောက်ရင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးရာ ပညာရပ်များ လေ့လာရင်းဝေမျှချင်တယ်ဆိုရင်တော့ အဆိုပါ Virtual camp လေးကို ပါဝင်လျှောက်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

စိတ်ဝင်စားလို့ လျှောက်ထားလိုပါက အောက်ပါလင်ခ့်မှ တဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Link - https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525
❤14👍8❤‍🔥4👀3👏1
အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့် Virtual Exchange Program အစီအစဉ်လေးကို နွေဦးတက္ကသိုလ်မှာ ပြုလုပ်သွားမယ့် အချိန်နီးကပ်လို့ လာပါပြီ။

📚 The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်မယ့် Virtual Exchange Program မှာပါဝင်ဖို့ လျှောက်ထားသူများစွာထဲမှ မြန်မာကျောင်းသား (၁၅) ဦးကိုရွေးချယ်ကာ အမေရိကန်ကျောင်းသား (၁၅) ဦးတို့ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

📚 အချိန် (၂)ပတ်သာ ကြာမြင့်မယ့် ထိုအစီအစဥ်လေးကို Pre-Camp နှင့် Main Camp ဟူ၍ (၂)ပိုင်းခွဲကာ ပြုလုပ်သွားမှာပါ။ Pre-Camp မှာတော့ ရွေးချယ်ခံရသူ မြန်မာကျောင်းသား (၁၅) ဦးကို လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်ပေးသွားမှာဖြစ်ပြီး Main Camp မှာတော့ အမေရိကန်ကျောင်းသားများ၊ တာဝန်ရှိသူများနှင့်အတူ အမှန်တစ်ကယ် Virtual Exchange Program ကို တက်ရောက်ရပြီပဲ ဖြစ်ပါတယ်။

📚Camp မတိုင်ခင် မြန်မာကျောင်းသားများကို သီးသန့် Training ပေးသွားမည့် Pre-camp training ကာလမှာ
16.3.2024 မှ 17.3.2024 အထိ
မြန်မာစံတော်ချိန် (၉:၀၀ မှ ၅:၀၀ နာရီ) အထိ ဖြစ်ပါတယ်။
Main Camp ပြုလုပ်သွားမယ့် ကာလမှာ 22.3.2024 မှ 29.3.2024 ရက်နေ့အထိ ဖြစ်ပြီး မြန်မာစံတော်ချိန် (မနက် ၉:၃၀ နာရီ မှ ည ၇:၀၀ နာရီ ) အထိဖြစ်ပါတယ်။


အဆိုပါ Virtual camp လေးကို ပါဝင်ချတယ်ဆိုရင်တော့ အနည်းဆုံး English Language Proficiency (Intermediate level) ရှိထားဖို့ လိုအပ်ပါတယ်။

လျှောက်ထားရန်လင့်ခ်- https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525
❤15👍10
The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်မယ့် Virtual Exchange Program ကို ယနေ့ည နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါပြီ ။

အမေရိကန်ကျောင်းသားများ နှင့် မြန်မာကျောင်းသား တို့ကြား ပညာရပ်များ အပြန်အလှန် လေ့လာနိုင်မယ့် Virtual Exchange Program အစီအစဉ်မှာ ပါဝင်ဖို့ လျှောက်ထားရမှာ ယနေ့နောက်ဆုံး ဖြစ်တာမို့ အချိန်မဆွဲဘဲ အမြန်ဆုံး လျှောက်ထား အပ်နှံဖို့ တိုက်တွန်းလိုက်ရပါတယ်နော် ။

Register Link : https://ee-eu.kobotoolbox.org/single/24ac068f41b8fe07e03d1a50f1c7f525

#SpringUniversityMM
#SUM
👍2❤1
❤11🔥1
အားလုံးပဲ မင်္ဂလာပါ။

နွေဦးတက္ကသိုလ်ရဲ့ School of Health မှ Basic Data Management and Analysis using “R” ဆိုတဲ့ သင်တန်းလေးကို (Batch - 1) အနေနဲ့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဒီတခေါက်မှာဆိုရင်တော့ (Batch - 2) ကို ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

သင်တန်းလေးမှာ အလေးပေးသင်ကြားသွားရမယ့်အကြောင်းအရာတွေဟာဆိုရင်တော့ အဓိကအားဖြင့် ဆေးပညာနယ်နဲ့ သက်ဆိုင်တဲ့ သုတေသနတွေ ပြုလုပ်ရာမှာ လေ့လာထားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်တဲ့

✅ Data management နဲ့ analysis လုပ်ငန်းစဉ်အတွက် statistical software (R) ကို အသုံးပြုပြီး လုပ်ဆောင်တဲ့နည်းလမ်းတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးဟာဆိုရင်တော့ (၃) ပတ် ဝန်းကျင် ကြာမြင့်သွားမှာဖြစ်ပြီး ကျောင်းသားလူငယ်များအနေနဲ့ အချိန်ပေးပြီး တက်ရောက်လိုက်တာနဲ့

📌 သုတေသန လုပ်ဆောင်ရာမှာ Data management နဲ့ Analysis ပိုင်းတွေကို ကျွမ်းကျွမ်းကျင်ကျင်လုပ်ကိုင်တတ်ဖို့ အရေးပါတဲ့ Statistical software (R) ကို နားလည်ကျွမ်းကျင်စွာ အသုံးပြုသွားနိုင်မယ်။

📌 Data analysis အတွက်‌ သင့်တော်ကောင်းမွန်တဲ့ Statistical methods တွေကို ရွေးချယ်အသုံးပြုလာနိုင်မယ်။

📌 ဒါ့အပြင် သုတေသနလုပ်ငန်းစဉ်များမှ ရလာတဲ့ Data outputs တွေကိုလည်း ကျွမ်းကျင်စွာ interpret လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

သင်တန်းလေးဟာဆိုရင်တော့ March လ 9 ရက်နေ့ က စတင်သွားမှာဖြစ်ပြီး မနက် (၁၀:၀၀) နာရီ မှ နေ့လယ်(၁၂း၀၀) နာရီ အထိ သင်ကြားသွားမှာဖြစ်ပါတယ်။

အဆိုပါ သင်တန်းလေးကို တော့ အသုံးများပြီး open source ဖြစ်သည့် R statistical software ကိုအသုံးပြုပြီး data analysis လုပ်ရာမှာ စိတ်ဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပြီး Statistics အခြေခံရှိထားသူများနှင့် လက်တွေ့ data analysis လုပ်နေရသူများ၊ Master and Doctoral ဘွဲ့လွန်သင်တန်းတက်ရောက်နေသူများအတွက်အထူးပဲ သင့်တော်ပါတယ် ။

သင်တန်းလေးကို စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Link : https://ee-eu.kobotoolbox.org/single/tXqzIcDK?returnUrl=https://t.me/+OWWKDoZMNKVjNDM1

#SUM
👍9❤4
Scholarship အတန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာခြင်း

အားလုံးအတွက် သတင်းကောင်းလေးရှိပါတယ် …

မကြာသေးခင်က နွေဦးတက္ကသိုလ်ရဲ့ School of Ethnic Languages and Cultures” မှ ဖွင့်လှစ်ရန်ကြေညာထားရှိသော

(၁) Kachin Language Basic Course” နှင့်
(၂) Kachin Indigenous Lifestyle တန်းခွဲများကို ပညာဒါန Scholarship အတန်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကြေညာချက်အသစ် မထွက်မီ ကနဦးအနေနဲ့ တန်းခွဲလေးတွေအတွက် သင်တန်းကြေးပေးအပ်ခဲ့သူ ကျောင်းသား၊ကျောင်းသူများအတွက် သင်တန်းကြေးပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး အသစ်လျှောက်ထားလိုသူများအတွက်လည်း အခမဲ့ပညာဒါန သင်ကြားခွင့်ပေးသွားမှာဖြစ်ပါတယ်။

ကဲဒီတော့ …ကျောင်းသား၊ကျောင်းသူများအနေနဲ့

✅ ကချင်လူမျိုးစုတို့ရဲ့ ဘာသာစကားတွေကို လေ့လာလိုတယ်

✅ ဒါ့အပြင် ချစ်စရာကောင်းတဲ့ တန်ဖိုးထားဖွယ် ရိုးရာယဉ်ကျေးမှုဓလေ့များနဲ့ နေထိုင်မှုပုံစံများကိုလည်း စိတ်ဝင်တစားသင်ယူချင်တယ် ဆိုရင်တော့ သင်တန်းလေးတွေကို အမြန်ဆုံး လျှောက်ထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။

တန်းခွဲ(၁) ခုချင်းစီမှာ သင်တန်းသားဦးရေ အယောက်(၂၀) ပဲလက်ခံသင်ကြားသွားမှာဖြစ်လို့ အခုပဲ အမြန်ဆုံးစာရင်းသွင်းလိုက်တော့နော်။ l

Link -
Kachin Language Basic Course - https://ee-eu.kobotoolbox.org/single/aVmKGub5?returnUrl=https://t.me/+uw1VUsUwgyZhOGI1

Kachin Indigenous Lifestyle - https://ee-eu.kobotoolbox.org/single/BdeP6kd9?returnUrl=https://t.me/+uw1VUsUwgyZhOGI1

#SUM
❤18👍7
❤35👍1
အသစ်ထပ်မံဖွင့်လှစ်တော့မည့်
“မျှတသော တရားစီရင်ရေးစံနှုန်းများ နှင့် တရားဥပဒေစိုးမိုးရေး” သင်တန်း
✅ တစ်နေ့ တရားခွင်တွေ အမှုကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ တရားခွင်အတွင်း ဘယ်လိုပြုမူရမလဲ ဆိုတာ သိရှိလိုတယ်
✅ ဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီမျှမှုရှိဖို့ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုနိုင်မလဲ ဆိုတာတွေကို ကောင်းစွာနားလည်လိုတယ်ဆိုရင်တော့

နွေဦးတက္ကသိုလ်ရဲ့ Law School မှ မကြာခင်မှာထပ်မံဖွင့်လှစ်တော့မယ့် “Fair Trial Principle” တန်းခွဲလေးကို ဝေမျှပေးလိုက်ရပါတယ် ။

https://www.facebook.com/share/p/kQjdXjktBQ8zaXgD/?mibextid=WC7FNe


သင်တန်းလေးကိုတော့ April ၆ ရက်နေ့မှာ Orientation အနေနဲ့ စတင်သွားမှာဖြစ်ပြီး ကျောင်းသားဦးရေကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးလျှောက်ထားဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

စိတ်ဝင်စားလို့လျှောက်ထားချင်သူများအနေနဲ့ အောက်ပါလင့်ခ်မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါပြီ။

Link - https://ee-eu.kobotoolbox.org/single/bOlxcHuD?returnUrl=https://t.me/+3oZCOwFX9SMxN2Rl
❤18👍3
❤1👍1
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ့် နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop”

နိုင်ငံရေး၊စီးပွားရေး ကျပ်တည်းမှုတွေကြားမှာ၊ လောကဓံရဲ့ ရိုက်ခတ်မှုဒဏ်တွေကြားမှာ ကျွန်တော်တို့ဟာ အနည်းနဲ့အများဆိုသလို စိတ်ထိခိုက်မှု၊ ပင်ပန်းမှုတွေ ရှိတတ်ကြပါတယ်။

သို့သော်လည်း အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာ ကျွန်တော်တို့ စိတ်လေးကို အနားပေးရင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ကာ ကုစားပေးဖို့ နွေဦးတက္ကသိုလ်ရဲ့ “စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲ_Emotional Support Workshop” လေး ရောက်ရှိလို့ လာပါပြီ။

ဒီ Workshop လေးမှာတော့ အသက် ၁၈-၃၅ အတွင်း လူငယ် (၈)ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး ဒီအလုပ်ရုံဆွေးနွေးပွဲလေးကို တက်ရောက်ခွင့်ရမှာပါ။

ရွေးချယ်ခံရသူများမှာ ယခုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဆွေးနွေးပွဲလေးမှတစ်ဆင့်

အပြစ်တင်ဝေဖန်ခြင်းမရှိတဲ့ စိတ်လုံခြုံရာရပ်ဝန်းတစ်ခုမှာရှိခွင့်ရမယ်။
မိမိခံစားနေရတဲ့ စိတ်ပင်ပန်းမှုတွေကို မျှဝေခွင့်ရမယ်။
ဦးဆောင်သူအပါအဝင် တက်ရောက်လာသူများက ပေးအပ်တဲ့ ပံ့ပိုးမှုကို ရရှိနိုင်မယ်။
အရေးပါတဲ့ စိတ်ကျန်းမာရေးဆိုင်ရာအသိပညာအချို့ကိုမှတ်သားခွင့်ရမယ်။
နောင်အတွက်ပါအသုံးချနိုင်မယ့် စိတ်ငြိမ်သက်စေတဲ့လေ့ကျင့်ခန်းများနဲ့ မိမိကိုယ်ကို ဂရုစိုက်မှုပေးတဲ့လေ့ကျင့်ခန်းများကို လေ့ကျင့်နိုင်မယ့် အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

ပြုလုပ်သွားမယ့် နေ့ရက်ကတော့- ဧပြီလ (14) ရက်နေ့ မြန်မာစံတော်ချိန် 10 am မှ 12 pm အတွင်းဖြစ်ပြီး တက်ရောက်မည့်သူများဟာ အချိန်အပြည့်အဝ ပေးနိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

မိမိရဲ့စိတ်လေးကျန်းမာဖို့ လူငယ်များတက်ရောက်သင့်တဲ့ ဆွေးနွေးပွဲလေးဖြစ်လို့ အောက်ပါ Link မှတစ်ဆင့် အသေးစိတ်ကြည့်ရှုကာ စာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Link : https://ee-eu.kobotoolbox.org/single/Tsn8fVyC

#SpringUniversityMM
#SUM
❤26👍12🔥2
သတင်းအတုအယောင်၊ သတင်းအမှားတွေကို အခုချိန်ထိ သေချာ မခွဲခြားနိုင်သေးဘူးလား?

ကျွန်တော်တို့နေ့စဥ်ဘဝမှာ ဒီဂျစ်တယ်နည်းပညာတွေ၊ ဆိုရှယ် ပလက်ဖောင်းတွေကို အသုံးပြုလာတာနှင့်အမျှ တစ်ဆက်တည်းမှာပဲ လူတွေကို တုန်လှုပ်စေတဲ့ သတင်းအတုအယောင်၊ သတင်းအမှားတွေဟာလည်း များစွာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒါ့ကြောင့် ဆိုရှယ်ပလက်ဖောင်းများကို အသုံးပြုသူများအနေဖြင့် မိမိမျက်စိရှေ့ ရောက်လာတဲ့ သတင်းများကို ဘယ်လိုနည်းလမ်းများနှင့် အချက်အလက် မှန်/မမှန် စစ်ဆေးရမလဲဆိုတာ သိရှိထားဖို့ အရေးကြီးပါတယ်။

ထိုကဲ့သို့ လူကြီး၊လူငယ်မရွေး ပြည်သူ/သားတိုင်း သိရှိထားသင့်တဲ့ Media Literacy အကြောင်းကို နွေဦးတက္ကသိုလ်မှ “Digital Literacy Workshop” အမည်ဖြင့် ပညာဒါန ဆွေးနွေးပွဲလေးတစ်ခု ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေးတစ်ခု ယူဆောင်လာပါတယ်။

ယခု Workshop လေးပြီးဆုံးသွားတဲ့အခါ လူငယ်များအနေဖြင့် သတင်းအမှား၊ သတင်းအတုအယောင်များကို ခွဲခြားနိုင်သွားမယ့်အပြင် ပြည်သူတိုင်း သိသင့်သိထိုက်တဲ့ Media Literacy ကို နားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

ပညာဒါန Workshop လေးဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့်
-အသက် ၁၇-၂၈နှစ် အတွင်းဖြစ်ရပါမယ်။
-အင်တာနက်နှင့် ဖုန်း၊ကွန်ပျူတာ အစရှိတဲ့ ဒီဂျစ်တယ် ကိရိယာများ ရှိထားဖို့ လိုအပ်ပါတယ်။

ယခု ဆွေးနွေးပွဲကို ၄လ၊ ၂၂ရက် ရက်နေ့မှာ စတင်ပြုလုပ်သွားမှာဖြစ်ပြီး အချိန်အားဖြင့် (၄)ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

Link- https://ee-eu.kobotoolbox.org/single/Pbmw3m3n?returnUrl=https://t.me/+eqB1gS7G1qcyOTM1
❤19👍10🕊1