၄နှစ်ပြည့် မြန်မာလုပ်သားတို့ နေရပ်မပြန်ရဘဲ အလုပ်ဆက်လုပ်ခွင့် ထိုင်းစီစဉ်
သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
ထိုင်းနိုင်ငံ၏ လုပ်သားရှားပါးမှုကို ဖြေရှင်းရန်နှင့် နိုင်ငံခြားသားလုပ်သားများ အပေါ် ကန့်သတ်ချက်များ လျှော့ချပေးရန် ရည်ရွယ်၍ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၂ဒသမ ၃ သန်းကျော်၏ အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းကို ၂၀၂၉ ခုဖေဖော်ဝါရီလအထိ တိုးပေးရန် စီစဉ်နေကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ချူလာပန် အမွန်ဝီဝတ်က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် သီးခြားအစည်းအဝေး၌ နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲမှု မူဝါဒဆိုင်ရာကော်မတီ၏ MoU -U TURN အဆိုပြုချက်အပါအဝင် ရွှေ့ပြောင်းလုပ်သားဆိုင်ရာအဆိုပြုချက်များကို မူအားဖြင့် အတည်ပြုခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့သည်။
MoU U-TURN ဟု လူသိများသည့် ထိုအစီအစဉ်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၇ ဒီဇင်ဘာ ၃၁ ရက်အတွင်း MoU ၄ နှစ် သက်တမ်းပြည့်မည့် မြန်မာနှင့် လာအို လုပ်သားများသည် ရက် ၃၀ ခွင့်ယူရန် မလိုဘဲ ဆက်လက် အလုပ်လုပ် ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/12/417585.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation

ဧရာဝတီ
၄နှစ်ပြည့် မြန်မာလုပ်သားတို့ နေရပ်မပြန်ရဘဲ အလုပ်ဆက်လုပ်ခွင့် ထိုင်းစီစဉ်
“ပြည်တွင်းပြန်ဝင်ပြီး ပြန်ထွက်ရမယ်ဆိုရင် ဘတ်ပဲ ရိုက်ရမလားစဉ်းစားနေတာ။ စာအုပ်ပြန်လုပ်ရမှာတွေရှိလာမှာ။ ကုန်ကျစရိတ်ရော အလုပ်ပျက်မှာတွေရောနဲ့ အကုန်ထိခိုက်နိုင်တာ၊ အခုလို ၄နှစ်ပြည့်တွေ နေရပ်ပြန်စရာမလိုဘူးဆိုတော့ အသက်ရှုပေါက်တော့ ရသွားတာပေါ့”ဟု ပထုန်ဌာနီတွင် MoU…
👍40❤10😁1
ကျောက်ဖြူအထူးစီးပွားရေးဇုန် ပင်မစီမံကိန်း ရေးဆွဲခဲ့သည့် စင်ကာပူကုမ္ပဏီ မြန်မာပြည်မှ ထွက်ခွာမည်
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ပင်မစီမံကိန်းရေးဆွဲပေးခဲ့သည့် စင်ကာပူနိုင်ငံအခြေစိုက် အခြေခံအဆောက်အအုံ အကြံပေးကုမ္ပဏီ၏ Surbana International Consultants (Myanmar) သည် မြန်မာနိုင်ငံရှိလုပ်ငန်းခွဲကို ဖျက်သိမ်းကာ တရားဝင် ထွက်ခွာတော့မည်ဟု အာဏာသိမ်းအစိုးရ လက်အောက်ခံ ယနေ့ထုတ် သတင်းစာများ၌ ကြေညာထားသည်။
အဆိုပါကုမ္ပဏီသည် စင်ကာပူအစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု Temasek Holdings လက်အောက်ခံ Surbana Jurong ၏ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲတခုဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်ငန်းများ အပြီးသတ် ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Surbana Jurong သည် နိုင်ငံပေါင်း ၄၀ ကျော်တွင် လုပ်ငန်း လည်ပတ်နေသည့် အာရှ၏ ထိပ်တန်း မြို့ပြစီမံကိန်းနှင့် အခြေခံ အဆောက်အအုံ အကြံပေး ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် ဝင်ရောက်ခဲ့ကာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအပြင် ဒဂုံဆိပ်ကမ်းမြို့သစ်ပင်မစီမံကိန်းနှင့် အခြား အိမ်ရာ ဖွံ့ဖြိုးရေး စီမံကိန်းများစွာတွင် အကြံပေးအဖြစ် ပါဝင် လုပ်ကိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်အဏ္ဍဝါပြတိုက်အသစ်အတွက် ဒီဇိုင်းနှင့် စီမံကိန်းစီမံခန့်ခွဲမှုပိုင်းအတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သလို၊ Polo Club Residence စီမံကိန်း စီမံခန့်ခွဲမှုအတိုင်ပင်ခံ၊ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) နှင့်လည်း နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးခဲ့သလို ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အခြေခံ အဆောက်အအုံ အကြံပေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
ယင်းကုမ္ပဏီအနေဖြင့်၂၀၂၀ ပြည့်နှစ် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ (Liquidator) အဖြစ် ဦးဆလိုင်းဂျိုးဇက်အား ခန့်အပ်ခဲ့ပြီး၊ ရရန်ရှိသည့် ကြွေးမြီအထောက်အထားနှင့် တောင်းဆိုချက်များကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ လာမည့် ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံးထား၍ တင်ပြကြရန် ကုမ္ပဏီက အသိပေးထားသည်။
ယခုလို ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းသည် ကြွေးမြီ မဆပ်နိုင်၍ ဒေဝါလီခံခြင်း မဟုတ်ဘဲ အစုရှယ်ယာရှင်များ၏ သဘောတူ ဆုံးဖြတ်ချက်အရ လုပ်ငန်းရပ်ဆိုင်းကာ ဥပဒေနှင့်အညီ စာရင်းဇယားများ အပြီးသတ်ရှင်းလင်း၍ ပြန်လည် ထွက်ခွာခြင်း ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
လုပ်ငန်းဖျက်သိမ်းရသည့် အကြောင်းရင်း အသေးစိတ်ကိုမူ ကုမ္ပဏီဘက်က ထုတ်ပြန်ခြင်း မရှိသော်လည်း လက်ရှိ မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အကြီးစားအခြေခံ အဆောက်အအုံ စီမံကိန်းသစ်များ လျော့နည်း ရပ်တန့်နေခြင်းကြောင့် ယခုကဲ့သို့ ပြန်လည် ရုပ်သိမ်းခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ထားကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👍39❤4😁2🤔1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊ နိုဝင်ဘာလ ၁၂၊ ၂၀၂၆
ဆန်
အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ် (အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး
ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်
ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးပြီး ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊
အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။
စားအုန်းဆီ
အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊
လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက်တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၃၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၅၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၂၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို
အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၈၈၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၃ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၇ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၁ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၃,၉၅၇
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား (၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀
အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး

👍25❤4👎2😁1
လက်ဖက်ရည်ဆိုင် ထိုင်နိုင်ကြသေးရဲ့လား
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
လက်ဖက်ရည်တခွက်ရဲ့ဈေးနှုန်းဟာ ကျပ် ၂၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်အထိ မိုးထိုးတက်သွားပါပြီ။ တရက်ကို အနည်းဆုံးလုပ်ခလစာ ၇၈၀၀ ကျပ်နဲ့တွက်မယ်ဆိုရင်တော့ လက်ဖက်ရည်တခွက်ရဲ့ တန်ဖိုးက တရက်လုပ်အားခရဲ့ ထက်ဝက်နီးပါးအထိ ဖြစ်လာတာပါ။ ဝင်ငွေထွက်ငွေကို ချင့်ချိန်ပြီးတော့ သုံးနေရတဲ့ပြည်သူတွေအတွက်တော့ လက်ဖက်ရည်ဆိုင်တွေကို မဖြစ်မနေ ကျောခိုင်းလာကြရပါပြီ။
ဒါ့ကြောင့် "လက်ဖက်ရည်ဆိုင် ထိုင်နိုင်ကြသေးရဲ့လား" ဆိုတဲ့ မေးခွန်းရဲ့ နောက်ကွယ်မှာ လက်ဖက်ရည်တခွက် သောက်နိုင်၊ မသောက်နိုင်ဆိုတဲ့ ကိစ္စထက် ပိုမိုနက်ရှိုင်းတဲ့ လူမှုစီးပွားနဲ့ နိုင်ငံရေးပြိုလဲမှုရဲ့ ကပ်ဘေးကြီးကို တွေ့ရမှာပါ။
အာဏာသိမ်း ၆ နှစ်တာအတွင်း ကုန်ဈေးနှုန်းတွေ ၁၀ ဆနီးပါး ခုန်တက်ပြီး လူဦးရေရဲ့ သုံးပုံတပုံနီးပါး စားနပ်ရိက္ခာ မလုံလောက်မှုဘေးနဲ့ ရင်ဆိုင်နေရချိန်မှာ၊ တချိန်က ပြည်သူ့လူမှုဘဝရဲ့ အသက်သွေးကြောဖြစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေဟာလည်း အကျပ်အတည်းတွေကြား တဖြည်းဖြည်း လူသူနည်းပါးလာနေပါပြီ။
https://youtu.be/IwZaDxbSqc0
#မြန်မာ #ဧရာဝတီ #လက်ဖက်ရည် #စမူဆာ #အီကြာကွေး #WhatsHappensInMyanmar

YouTube
လက်ဖက်ရည်ဆိုင် ထိုင်နိုင်ကြသေးရဲ့လား | The Irrawaddy
လက်ဖက်ရည်တခွက်ရဲ့ဈေးနှုန်းဟာ ကျပ် ၂၀၀၀ ကနေ ၄၀၀၀ ဝန်းကျင်အထိ မိုးထိုးတက်သွားပါပြီ။ တရက်ကို အနည်းဆုံးလုပ်ခလစာ ၇၈၀၀ ကျပ်နဲ့တွက်မယ်ဆိုရင်တော့ လက်ဖက်ရည်တခွက်ရဲ့ တန်ဖိုးက တရက်လုပ်အားခရဲ့ ထက်ဝက်နီးပါးအထိ ဖြစ်လာတာပါ။ ဝင်ငွေထွက်ငွေကို ချင့်ချိန်ပြီးတော့ သုံးနေရတ…
👍47😭12❤4😁2
စစ်တပ်ထိပ်ပိုင်း အပြောင်းအလဲနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အာဏာ
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
အခုအချိန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အာဏာ စပြီး စုစည်းတာမျိုး ရှိနိုင်ပေမဲ့ အခု သတင်းထွက်လာသလို ရှိရင်းစွဲ ဖွဲ့စည်းပုံက လူတဒါဇင်နီးပါးကို ပြောင်းပြီး တည်ဆောက်တာမျိုး လုပ်ဖို့ စောသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။
လက်ရှိ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးမှာရှိတဲ့ ဗိုလ်ချုပ်တွေကလည်း ဦးမင်းအောင်လှိုင် နေရာချထားခဲ့တဲ့ သစ္စာခံတွေ ဖြစ်နေပါသေးတယ်။ ဒီသစ္စာခံတွေက ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထက် ဦးမင်းအောင်လှိုင်ကြောင့် ဒီရာထူးနဲ့ နေရာကို ရောက်လာတဲ့ စတုတ္ထမျိုးဆက် အရာရှိကြီးတွေ ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်က အင်စတီကျူးရှင်းသဘောတရားအရ နှစ်နှစ်ကနေ ငါးနှစ်အတွင်း တပ်နဲ့ တဖြည်းဖြည်း ဝေးကွာသွားမယ့် သဘောရှိပေမဲ့ လက်ရှိမှာတော့ တပ်ချုပ်သစ်အပေါ်ရော၊ ထိပ်ပိုင်းအရာရှိတွေအပေါ်မှာပါ အာဏာစက် ဆက်ရှိနေသေးဟန် ဖြစ်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ပုဂ္ဂိုလ်ရေး အာဏာတည်ဆောက်ဖို့ အကန့်အသတ် ရှိနေသေးသလို စတုတ္ထမျိုးဆက် အရာရှိကြီးတွေရဲ့ တပ်ကို ပုံဖော်လိုတဲ့ စိတ်ကူးစိတ်သန်းအသစ်တွေလည်း မြင်လာရဖို့ စောနေပါသေးတယ်။
https://youtu.be/cKzlEESD10M
#မြန်မာ #ဧရာဝတီ #ရဲဝင်းဦး #မင်းအောင်လှိုင် #WhatsHappensInMyanmar

စစ်တပ်ထိပ်ပိုင်း အပြောင်းအလဲနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ အာဏာ | The Irrawaddy
အခုအချိန်မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အာဏာ စပြီး စုစည်းတာမျိုး ရှိနိုင်ပေမဲ့ အခု သတင်းထွက်လာသလို ရှိရင်းစွဲ ဖွဲ့စည်းပုံက လူတဒါဇင်နီးပါးကို ပြောင်းပြီး တည်ဆောက်တာမျိုး လုပ်ဖို့ စောသေးတယ်လို့ သုံးသပ်နိုင်ပါတယ်။
လက်ရှိ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးမှာရှိတဲ့ ဗိုလ်ချုပ်တွေကလည်း…

👍22😁12❤8👎1
• နောင်အနှစ် ၂၀ ထိ လျှပ်စစ်မီး ပုံမှန်ရဖို့ မသေချာဘူးလို့ စစ်အစိုးရပြော
• မြန်မာမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့ ကမ္ဘာ့အင်အားကြီး G7 အဖွဲ့ပြော
• ရိုဟင်ဂျာအရေး နိုင်ငံရေးစနစ်တခုလုံး တာဝန်ခံရမယ်လို့ NUG ဝန်ကြီးပြော
• နမ့်ခမ်းမြို့နယ်ကို အထူးဒေသ ၁ အဖြစ် သတ်မှတ်ချက် MNDAA ရှင်းလင်း
• အညာဒူဘိုင်းက KTV တွေပိတ်ဖို့ ပခုက္ကူခရိုင် ပကဖ သတိပေး
• နောက်ထပ် အမျိုးသမီးတဦးနဲ့ ထပ်မံ သတင်းထွက်ပေါ်လာတဲ့ NVIDIA CEO
နေ့စဉ်သတင်း၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
https://youtu.be/Ed17Al2BH2c

👍26😁9❤4👎3
နိုင်ငံခြားငွေလည်ပတ်မှု ချောမွေ့စေရန် ပို့ကုန်ရငွေထားခွင့် ဗဟိုဘဏ် အနည်းငယ်လျှော့ပေး
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
အမေရိကန် ၁ ဒေါ်လာ ကျပ် ၅ထောင်နား ကပ်လာချိန် ဗဟိုဘဏ်က နိုင်ငံခြားငွေလည်ပတ်မှု အဆင်ပြေချောမွေ့စေရန်ဆို ကာ နိုင်ငံခြားငွေဘဏ်စာရင်း၌ ပို့ကုန်ရငွေထားခွင့်ကို ရက် ၃၀မှ နောက်ထပ် ၁၅ရက်တိုးကာ ၄၅ ရက်အထိ တိုးပေးလိုက် သည်။
နိုဝင်ဘာ ၉ ရက် ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းနှင့် ပြည်ပသို့ ငွေပေးချေခြင်းတို့အတွက် အချိန်ပိုမိုရရှိစေရန်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများကြား နိုင်ငံခြားငွေလည်ပတ်မှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း ဆိုထားသည်။
“အရင်ထက်စာရင်တော့ နည်းနည်းလေး အသက်ရှူချောင်တာပေါ့။ ပို့ကုန်သမားတွေက သွင်းကုန်သမားတွေကို ပြန်မှီခို နေရတာ။ သွင်းကုန်သမားက ဈေးပိုပေးတဲ့အပေါ်မှာ သွားရတာဆိုတော့ အခု ၁၅ ရက်လောက် အချိန်ပိုရတော့ နည်းနည်း လေး သက်သာတာပေါ့။ ဒါပေမယ့် နိုင်ငံခြားငွေ တည်ငြိမ်ဖို့ဆိုတာက အများကြီးလိုပါသေးတယ်။ ဒီအစီအမံတခုတည်းနဲ့ တော့ ဈေးကွက်အပေါ် သက်ရောက်မှုအရမ်းကြီး မဖြစ်နိုင်ပါဘူး” ဟု ပြည်တွင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ဧရာဝတီကို ပြောသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ အရ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြည်တွင်းရှိ နိုင်ငံခြားငွေ ဘဏ်စာရင်းများ၌မဖြစ်မနေ ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားရာ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင်
ပုဂ္ဂလိကဘဏ်စာရင်း၌ ရက် ၃၀ သာ ထားရမည်ဟု သတ်မှတ်လိုက်သည်။
ယခုလို ဗဟိုဘဏ်၏ လုပ်ဆောင်မှုက အမေရိကန်ဒေါ်လာဈေး အဆမတန်တက်ခြင်း၊ ကျခြင်းများ မဖြစ်အောင် ထိန်း ညှိခြင်းသာ ဖြစ်နိုင်ပြီး ဈေးကွက်သဘောအရ အတက်အကျ လုံးဝချုပ်ကိုင်ထားရန် မဖြစ်နိုင်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ထိုသို့ ဒေါ်လာဈေးနှုန်းမြင့်ပြီး နိုင်ငံခြားငွေဈေးကွက် မတည်ငြိမ်မှုများကြားတွင် ဗဟိုဘဏ်က ဈေးကွက်ထိန်းညှိ ရေးဆိုင်ရာ အစီအမံများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် သွင်းကုန်လုပ်ငန်းရှင်များကို နိုင်ငံခြားငွေ ရာခိုင်နှုန်း အချိုးအစားဖြင့် အဆင့်လိုက် ရောင်းချပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သလို နိုဝင်ဘာ ၅ ရက်တွင်လည်း တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်သူများနှင့် သတ်မှတ်ငွေလဲနှုန်းအတိုင်း အရောင်းအဝယ် မလုပ်သူများကို ဥပဒေအရ အရေးယူ မည်ဟု သတိပေး ထုတ်ပြန်ခဲ့သည်။
ယင်းအစီအမံများနှင့် ပတ်သက်၍ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်းရှိ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ငန်းရှင်တဦးက “သူတို့ (အာဏာသိမ်းအစိုးရ) ကတော့ ဈေးတက်တာကို ထိန်းဖို့ လုပ်နေတာပေါ့။ ဒါပေမယ့် ထိရောက်မှု သိပ်မရှိဘဲ ဈေးကွက်မှာ ဆက်တက်နေတာပဲ။ ဝန်ကြီးဌာနတခုနဲ့တခု မချိတ်မိသလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗဟိုဘဏ်က ဒေါ်လာဈေးထိန်းရန် လုပ်ဆောင်နေသော်လည်း အခြားတဖက်တွင် လာမည့်လ၌ ပြုလုပ်မည့် ကုန်စည်ပြပွဲ များအတွက် ကုန်ကြမ်းသွင်းကုန်လိုင်စင်များ ချပေးနေသဖြင့် သွင်းကုန်လုပ်ငန်းရှင်များက ဒေါ်လာလိုက်လံရှာဖွေနေပြီး၊ ဒေါ်လာကို ပြင်ပပေါက်ဈေးထက် တဒေါ်လာလျှင် ၂၃၀ ကျပ်မှ ၂၆၀ ကျပ်အထိ ပိုပေးကာ ဝယ်ယူနေရသဖြင့် ဈေးဆက် တက်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ မြေပြင်အခြေအနေနှင့်ပတ်သက်ပြီး ဆက်လက်၍ ၎င်းက “အခုက အဖမ်းအဆီး အစစ်အဆေးတွေ ရှိနေတော့ သတိထားပြီး လုပ်နေရတယ်။ ဈေးကွက်မှာ အရောင်းအဝယ်တော့ အေးတယ်” ဟု ပြောသည်။
ယနေ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ပြင်ပဈေးကွက်၌ ကန်တဒေါ်လာလျှင် ၄,၈၃၀ ကျပ်အထိ ဆက်လက်မြင့်တက် နေပြီး အာဏာသိမ်းအစိုးရ၏ စစ်ဆေးမေးမြန်း ဖမ်းဆီးမှုများကြောင့် ဈေးကွက်အတွင်း ယုံကြည်စိတ်ချရသူ အချင်းချင်း ကြားတွင်သာ သတိထား အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/12/417600.html

ဗဟိုဘဏ်က ပို့ကုန်လုပ်ငန်း ရှင်များ ကိုယ်တိုင်သုံးစွဲနိုင်သည့် ပို့ကုန်ရငွေအား နိုင်ငံခြားငွေဘဏ်စာရင်း၌ ထားရှိခွင့်ကာလအား ယခင် ရက် ၃၀ မှ ယခု ၄၅ ရက်အထိ တိုးမြှင့်ပေးလိုက်ကြောင်း
😁24👍7❤3😭1
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် အာဏာသိမ်းသမ္မတ နေပြည်တော်မှာ တွေ့၊ အကြမ်းဖက်မှု လျှော့ချဖို့ တိုက်တွန်း
ဧရာဝတီ၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်သည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလို နေပြည်တော်သို့ ယနေ့ ရောက်လာပြီး အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အရပ်သားပြည်သူများအပေါ် ထိခိုက်နေသည့် အကြမ်းဖက်မှုများ လျှော့ချရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးအပ်နိုင်ရေးအပါအဝင် အပြုသဘောဆောင်သော တိုးတက်မှုများ ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် အပြုသဘောဆောင်သည့် ထိတွေ့ ဆက်ဆံမှုများအပေါ် ထိုင်းနိုင်ငံက ဆက်လက်ထောက်ခံကြောင်းလည်း ထပ်မံအတည်ပြုပြောဆိုသည်။
နေပြည်တော်ခရီးစဉ်တွင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်၊အမှတ် (၃) စစ်တိုင်းမှူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း လိုက်ပါကာ ထိုင်း- မြန်မာနယ်စပ်တလျောက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရန်၊ ထိုင်းဘက်ခြမ်း နယ်စပ်တလျောက်နေ ပြည်သူတို့ ဘေးကင်းလုံခြုံမှု သေချာစေရန်နှင့် ထိုင်းဘက်ခြမ်းနေ ပြည်သူများကို ထိခိုက်မှုများ မရှိစေဖို့ အတတ်နိုင်ဆုံး သတိထား ဆောင်ရွက်ပေးရန် မြန်မာဘက်သို့ တောင်းဆိုခဲ့ကြောင်း ဆိုသည်။
ထို့ပြင် တရားမဝင်မူးယစ်ဆေးနှင့် ကျားဖြန့်လိမ်လည်မှုများ ပူးပေါင်းတိုက်ဖျက်မှု တိုးမြှင့်ရန်၊ ထိုင်း- မြန်မာ နှစ်နိုင်ငံလုံးရှိ လူမှုအသိုက် အဝန်းကို ထိခိုက်စေသည့် နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများ ညစ်ညမ်းမှုအလေးထားဖြေရှင်းရန်၊ မြစ်ချောင်းများ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပသွားရန် ဆွေးနွေးသည်။
ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့်ပတ်သက်၍ လွယ်ကူချောမွေ့ရန်နှင့် အလုပ်သမား စီမံခန့်ခွဲရေးနှင့် စွမ်းအင်ဖူလုံရေး ကိစ္စရပ်များလည်းပါဝင်ကြောင်း သိရသည်။
ဓာတ်ပုံ- ထိုင်းနိုင်ငံခြားရေးဝန်ကြီး

😁30👍14👎4❤3
ဒီမိုကရက်တွေရဲ့အောင်ပွဲ မြန်မာအာဏာရှင်တွေအတွက်သတင်းဆိုးလား
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆
အမေရိကန်နိုင်ငံရေးအပြောင်းအလဲက မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာမလား၊ မြန်မာ့ဒီမိုကရေစီရေးအတွက်ရော အခွင့်အလမ်းသစ်တွေ ပွင့်လာနိုင်မလား။ အမေရိကန်ဒီမိုကရေစီနဲ့မြန်မာအရေးအကြောင်းကို ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။
https://youtu.be/_V7OuPAwG2s
#မြန်မာ #အမေရိကန် #ဒီမိုကရက် #နေပြည်တော် #မင်းအောင်လှိုင် #ထရမ့် #ဒီမိုကရေစီ #US #Myanmar #MinAungHlaing #Trump #military #myanmar #Naypyitaw #BlueTsunami #midterm #election #democracy #republican #IRWENG
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆
အမေရိကန်နိုင်ငံရေးအပြောင်းအလဲက မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာမလား၊ မြန်မာ့ဒီမိုကရေစီရေးအတွက်ရော အခွင့်အလမ်းသစ်တွေ ပွင့်လာနိုင်မလား။ အမေရိကန်ဒီမိုကရေစီနဲ့မြန်မာအရေးအကြောင်းကို ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။
https://youtu.be/_V7OuPAwG2s
#မြန်မာ #အမေရိကန် #ဒီမိုကရက် #နေပြည်တော် #မင်းအောင်လှိုင် #ထရမ့် #ဒီမိုကရေစီ #US #Myanmar #MinAungHlaing #Trump #military #myanmar #Naypyitaw #BlueTsunami #midterm #election #democracy #republican #IRWENG
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ဒီမိုကရက်တွေရဲ့အောင်ပွဲ မြန်မာအာဏာရှင်တွေအတွက်သတင်းဆိုးလား | The Irrawaddy
အမေရိကန်နိုင်ငံရေးအပြောင်းအလဲက မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် အကျပ်ရိုက်စရာ ဖြစ်လာမလား၊ မြန်မာ့ဒီမိုကရေစီရေးအတွက်ရော အခွင့်အလမ်းသစ်တွေ ပွင့်လာနိုင်မလား။ အမေရိကန်ဒီမိုကရေစီနဲ့မြန်မာအရေးအကြောင်းကို ဒီတစ်ပတ် Opinion Talk မှာ အယ်ဒီတာ ကျော်စွာမိုးက သုံးသပ်ဆွေးနွေးထားပါတယ်။…
👍20❤2😁2
MNDAA ထိန်းချုပ်မှုအောက်က လူမျိုးစုအခွင့်အရေး (အပိုင်း-၁)
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေမှာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု လွှမ်းမိုးလာတဲ့ အပေါ် ဒေသခံလူမျိုးစုတွေကြား သဘောထားကွဲလွဲမှုနဲ့ တင်းမာမှုတွေ ရှိလာနေပါတယ်။
ကိုးကန့်လူမျိုးတွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ထိန်းသိမ်းခွင့်လည်းရှိသလို တဖက်မှာလည်း နယ်မြေခံ လူမျိုးစုတွေရဲ့အခွင့်အရေးအပေါ် ထိခိုက်မှုမဖြစ်ရအောင် ဘယ်လိုမျှမျှတတ ညှိနှိုင်းသင့်သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဒါ့အပြင် ဖက်ဒရယ်စနစ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အခြေခံမူတွေအပေါ်မှာရော ဒီအခြေအနေက ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ၊ လက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဘယ်လိုချဉ်းကပ်သင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ သိနိုင်ဖို့ ဥပဒေအထောက် အကူပြု ကွန်ရက် (LAN) တည်ထောင်သူ ဦးအောင်ထူးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/p2uPufE3xhg
#မြန်မာ #ဧရာဝတီ #ဦးအောင်ထူး #ကိုးကန့် #MNDAA #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေမှာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု လွှမ်းမိုးလာတဲ့ အပေါ် ဒေသခံလူမျိုးစုတွေကြား သဘောထားကွဲလွဲမှုနဲ့ တင်းမာမှုတွေ ရှိလာနေပါတယ်။
ကိုးကန့်လူမျိုးတွေဟာ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ထိန်းသိမ်းခွင့်လည်းရှိသလို တဖက်မှာလည်း နယ်မြေခံ လူမျိုးစုတွေရဲ့အခွင့်အရေးအပေါ် ထိခိုက်မှုမဖြစ်ရအောင် ဘယ်လိုမျှမျှတတ ညှိနှိုင်းသင့်သလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ဒါ့အပြင် ဖက်ဒရယ်စနစ်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ အခြေခံမူတွေအပေါ်မှာရော ဒီအခြေအနေက ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ၊ လက်ရှိဖြစ်နေတဲ့ တင်းမာမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဘယ်လိုချဉ်းကပ်သင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ သိနိုင်ဖို့ ဥပဒေအထောက် အကူပြု ကွန်ရက် (LAN) တည်ထောင်သူ ဦးအောင်ထူးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/p2uPufE3xhg
#မြန်မာ #ဧရာဝတီ #ဦးအောင်ထူး #ကိုးကန့် #MNDAA #WhatsHappensInMyanmar
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
MNDAA ထိန်းချုပ်မှုအောက်က လူမျိုးစုအခွင့်အရေး (အပိုင်း-၁) | The Irrawaddy
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်မြေတွေမှာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု လွှမ်းမိုးလာတဲ့ အပေါ် ဒေသခံလူမျိုးစုတွေကြား သဘောထားကွဲလွဲမှုနဲ့ တင်းမာမှုတွေ ရှိလာနေပါတယ်။
ကိုးကန့်လူမျိုးတွေဟာ မိမိတို့ရဲ့…
ကိုးကန့်လူမျိုးတွေဟာ မိမိတို့ရဲ့…
❤4😭1
ဂျန်ဆန်ဟွမ်း အရှုပ်တော်ပုံကို “မြင်ရတာ စိတ်မကောင်းစရာ” ဟု ထရမ့် ပြော
ဧရာဝတီ၊ နိုဝင်ဘာ ၁၃၊ ၂၀၂၆
လွန်ခဲ့သော ၃၃ နှစ်က ပူးတွဲတည်ထောင်ခဲ့ပြီး ဉာဏ်ရည်တု (AI) နည်းပညာဖွံ့ဖြိုးမှုကို မောင်းနှင်ပေးသည့် ဒေါ်လာ ၄ ထရီလီယံတန် ကုမ္ပဏီကြီးအဖြစ် တည်ဆောက်ခဲ့သော Nvidia ချစ်ပ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) ရာထူးမှ ဂျန်ဆန်ဟွမ်း နုတ်ထွက်ကြောင်း ကုမ္ပဏီက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
ဘဏ္ဍာရေးအရာရှိချုပ် (CFO) ကိုလတ်ခရက်စ် Colette Kress အား ယာယီ CEO အဖြစ် ခန့်အပ်လိုက်ပြီး ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုများ အနှောင့်အယှက်မရှိ ဆက်လက်လည်ပတ်နိုင်မည်ဟု ဒါရိုက်တာအဖွဲ့က ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။ အမြဲတမ်း CEO အသစ်ကို ကုမ္ပဏီတွင်းနှင့် ပြင်ပမှ ကိုယ်စားလှယ်လောင်းများထဲမှ ရှာဖွေသွားမည်ဖြစ်သည်။
AI ကဏ္ဍတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မှုကြောင့် လျှင်မြန်စွာ အောင်မြင်ကျော်ကြားလာခဲ့သည့် အသက် ၆၃ နှစ်အရွယ် ဂျန်ဆန်ဟွမ်း သည် အမေရိကန်ထောက်လှမ်းရေးက တရုတ်သူလျှိုဟု ယူဆထားသည့် စီးပွားရေးလုပ်ငန်းရှင် အဲလစ်ဟွမ်းနှင့် ဖောက်ပြန်ခဲ့မှု၊ ထို့အပြင် ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ကင်မ်ဘာလီ ပိုဝဲလ် နှင့်လည်း သီးခြားအချစ်ရေးပတ်သက်မှု ရှိခဲ့ကြောင်း သတင်းများ ပေါ်ထွက်လာပြီးနောက် ရာထူးမှ ချက်ချင်းဆင်းပေးရသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဤအရှုပ်တော်ပုံသည် ဂျန်ဆန်ဟွမ်း နှင့် အထူးရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး အမေရိကန်၏ AI မူဝါဒများနှင့် တရုတ်သို့ ချစ်ပ်တင်ပို့ခွင့်ကိစ္စများတွင် ၎င်း၏အကြံဉာဏ်များကို အလေးထားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်အပေါ်တွင်လည်း အာရုံစိုက်စရာ ဖြစ်လာစေသည်။ "အဲဒါ တကယ့်ကို ဆိုးရွားတဲ့ ကိစ္စကြီးပါပဲ! အဲဒီလို ဖြစ်သွားတာကို မြင်ရတာ တကယ်ပဲ စိတ်မကောင်းစရာပါ” ဟု ထရမ့်က ပြောသည်။ တဖက်တွင်လည်း ဂျန်ဆန်ဟွမ်းသည် အမေရိကန်လွှတ်တော်သို့ လာရောက်ဖြေကြားရန် ဆန္ဒရှိကြောင်း အချက်ပြထားသည်ဟု လွှတ်တော်အမတ်များက ပြောကြားသည်။
ဂျန်ဆန်ဟွမ်း နုတ်ထွက်သည့် သတင်းကြောင့် ကြာသပတေးနေ့ ဈေးကွက်ဖွင့်ချိန်တွင် Nvidia ၏ ရှယ်ယာများ ၁၄.၃၅ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၆၀၀ ဘီလီယံခန့် ဆုံးရှုံးခဲ့သော်လည်း ဝယ်လိုအားအချို့ ပြန်တက်လာသဖြင့် ဈေးကွက်ပိတ်ချိန်တွင် ၄.၃၄ ရာခိုင်နှုန်း (တန်ဖိုး ဒေါ်လာ ၁၈၂ ဘီလီယံခန့်) ကျဆင်းမှုဖြင့် အဆုံးသတ်ခဲ့သည်။ Nvidia နှင့် ဆက်နွယ်နေသည့် CoreWeave ၏ ရှယ်ယာများလည်း ၆.၈၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ပြိုင်ဘက်ချစ်ပ်ကုမ္ပဏီများဖြစ်သည့် AMD နှင့် Broadcom တို့၏ ရှယ်ယာများမှာမူ ၅ ရာခိုင်နှုန်းကျော်စီ မြင့်တက်ခဲ့သည်။
ခြုံငုံကြည့်လျှင် Nvidia ၏ ရှယ်ယာတန်ဖိုးသည် အောက်တိုဘာ ၆ ရက်နေ့က စံချိန်တင် အမြင့်ဆုံးဈေးနှုန်းမှ စတင်၍ ၃၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စုစုပေါင်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၇၆ ထရီလီယံခန့် ဆုံးရှုံးထားပြီး ဖြစ်သည်။
ကိုးကား။ ။ CNBC၊ CNN နှင့် BBC သတင်းများ
ပုံစာ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က အိမ်ဖြူတော်တွင် ကျင်းပခဲ့သော Science: A New Golden Age ထိပ်သီးဆွေးနွေးပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့်က ဂျန်ဆန်ဟွမ်းကို အမျိုးသားသိပ္ပံဆုတံဆိပ် (National Medal of Science) ချီးမြှင့်ခဲ့သည်

😁11❤2
Media is too big
VIEW IN TELEGRAM
တိုက်တန်းနစ်သင်္ဘောထက် ပိုကြီးတဲ့ ဂန္တ၀င်အပျော်စီးသင်္ဘောကြီးကို လူလုပ်သန္တာကျောက်တန်းဖြစ်လာစေဖို့ နှစ်မြှုပ်
တိုက်တန်းနစ်သင်္ဘောထက်တောင် ပိုကြီးမားပြီး တချိန်က ကမ္ဘာ့အမြန်ဆုံးအပျော်စီးသင်္ဘောကြီးအဖြစ်ကျော်ကြားခဲ့တဲ့ ဂန္တ၀င် သင်္ဘောကြီး SS United States ကို ဒီမနက်ကပဲ မက္ကဆီကိုပင်လယ်ကွေ့မှာနှစ်မြှုပ်လိုက်ပြီဖြစ်ပါတယ်။
ဒီသင်္ဘောကြီးကို ကမ္ဘာ့အကြီးဆုံး လူလုပ်သန္တာကျောက်တန်းကို ပင်လယ်ကြမ်းပြင်ပေါ်မှာ ဖန်တီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ အထဲကို ရေတွေပေး၀င်ပြီး ဖြည်းဖြည်းချင်းနှစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။
တိုက်တန်းနစ်သင်္ဘော #ဂန္တ၀င်အပျော်စီးသင်္ဘော #သန္တာကျောက်တန်း #မက္ကဆီကို #ပင်လယ်ကွေ့ #SSUnitedStates

👍14❤7😱3