The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.45K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
အာဆီယံမှတဆင့် မြန်မာ့ဒီမိုကရေစီရေး တွန်းအားပေးရန် ကိုရီးယားကို SCEF တောင်းဆို

ဧရာဝတီ၊ နိုဝင်ဘာလ ၆၊ ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ကိုရီးယား-အာဆီယံ ဆက်ဆံရေးမှတဆင့် မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ပိုမိုတွန်းအားပေးဆောင်ရွက်ရန် ယမန်နေ့က တောင်ကိုရီးယား လွှတ်တော်၌ ပြုလုပ်သည့် “Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ကြောင်း SCEF က ယနေ့ ထုတ်ပြန်သည်။
ဆွေးနွေးပွဲကို ကိုရီးယားအမျိုးသားလွှတ်တော်အမတ်များဖြစ်သည့် အီယုန်ဆွန်းနှင့် ဂင်ဂျွန်းဟျောင်းတို့ ဦးဆောင်ခဲ့ပြီး Rebuilding Korea Party လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဂင်ဂျွန်ဟျောင်း အပါအဝင် လွှတ်တော်အမတ်များ တက်ရောက်ခဲ့ပြီး SCEF ကိုယ်စားလှယ်အဖွဲ့ဘက်မှ အတွင်းရေးမှူး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) Neineh Plo၊ ချင်းအမျိုးသားတပ်ဦး (CNF)အထွေထွေအတွင်းရေးမှူး Salai Thla Hei နှင့် NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် SCEF ကိုယ်စားလှယ်များက မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးထောက်ခံမှုအပြင် လက်တွေ့ကျသော အကူအညီများ ပေးအပ်ရန်နှင့် ပြည်တွင်း၊ နယ်စပ်ဒေသများရှိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူများထံ SCEF အဖွဲ့ဝင်များမှတဆင့် အကူအညီများ ရောက်ရှိစေရန် တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုရီးယားလွှတ်တော်အမတ်များက SCEF တွင် အဓိကအဖွဲ့အစည်းအချို့ မပါဝင်သေးသည့်အခြေအနေ၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖက်ဒရယ်အစိုးရ အာဏာများကို မည်သို့ ခွဲဝေသတ်မှတ်မည်ဆိုသည့်အချက်များကို မေးမြန်းခဲ့သည်။
ထို့ပြင် အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံပြောင်းလဲကာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေခြင်းကို မည်သို့တုံ့ပြန်မည်၊ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများကို ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းက ၎င်းတို့၏ ရေရှည်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း မည်သို့စည်းရုံးမည်၊ ကိုရီးယားလွှတ်တော်နှင့် အစိုးရထံမှ မည်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးတောင်းဆိုလိုသည်ဆိုသော မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။
အထက်ပါ မေးခွန်းများကို SCEF ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားရာတွင် တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဖက်ဒရယ်ယူနစ်များနှင့် တော်လှန်ရေးအင်အားစုများ အားလုံးနှင့် ဆွေးနွေးညှိနှိုင်းကာ ဘုံသဘောတူညီမှုဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်နေသည့် စစ်တပ်ကို နိုင်ငံတကာက အသိအမှတ်မပြုသည့် ရပ်တည်ချက် ဆက်လက်ထိန်းသိမ်းရန်၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန်၊ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် ကုလသမဂ္ဂသံအမတ်ကြီးကို ဆက်လက်ထောက်ခံပြီး လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် ကိုရီးယားအစိုးရနှင့် လွှတ်တော်ကို တောင်းဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- NUG Representative Office - Republic of Korea


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤33👍8😁6
❤33👍11😁3
တယ်လီနော တာဝန်ခံမှုရှိရေး ကြိုးပမ်းခဲ့သူ ဦးရဲလင်းမြင့် Magnitsky လူ့အခွင့်အရေးဆု ရရှိ

ဧရာဝတီ၊ နိုဝင်ဘာလ ၆၊ ၂၀၂၆
မြန်မာနိုင်ငံမှ ကာလရှည်ကြာ လူ့အခွင့်အရေးလှုပ်ရှားသူနှင့် Justice and Accountability Initiative (JAI) ဥက္ကဋ္ဌ ဦးရဲလင်းမြင့်သည် တယ်လီနောကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ လုပ်ရပ်များအပေါ် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းခဲ့မှုများကြောင့် ၂၀၂၆ ခုနှစ် Magnitsky လူ့အခွင့်အရေးဆု ရရှိခဲ့ကြောင်း ယမန်‌နေ့က ထုတ်ပြန်သည်။
ဦးရဲလင်းမြင့်သည် တယ်လီနောက မြန်မာသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို စစ်တပ်ထံ ပေးအပ်ခဲ့မှုနှင့် မြန်မာနိုင်ငံမှ လုပ်ငန်းထွက်ခွာရာတွင် တာဝန်ယူမှုရှိစေရေးအတွက် ဥပဒေကြောင်းအရ ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သူဖြစ်ပြီး လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် လန်ဒန်မြို့၌ ၎င်းကိုယ်တိုင် လက်ခံရယူမည်ဖြစ်သည်။
မြန်မာအရပ်ဘက်အဖွဲ့အစည်း ၄၇၄ ဖွဲ့နှင့် နယ်သာလန်အခြေစိုက် SOMO အဖွဲ့တို့ ပူးပေါင်းကာ တယ်လီနောကို နော်ဝေနိုင်ငံ၏ OECD အမျိုးသားဆက်သွယ်ရေးဌာနသို့ တိုင်ကြားရာတွင် ဦးရဲလင်းမြင့်က အဓိကပါဝင်ခဲ့သလို JAI အနေဖြင့် စစ်တပ်ထံ သတင်းအချက်အလက်မျှဝေခံခဲ့ရသည့် နစ်နာသူ တယ်လီနောသုံးစွဲသူ အနည်းဆုံး ၁,၂၅၃ ဦးကိုယ်စား နော်ဝေနိုင်ငံ၌ အစုအဖွဲ့လိုက် တရားစွဲဆိုမှုကို ဦးဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နော်ဝေ OECD အမျိုးသားဆက်သွယ်ရေးဌာနကလည်း တယ်လီနောသည် လူ့အခွင့်အရေးဆိုင်ရာ ကြိုတင်စိစစ်အကဲဖြတ်မှု လုံလောက်စွာ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် တွေ့ရှိခဲ့သည်။
ဦးရဲလင်းမြင့်က "ဒီဆုဟာ ကျနော့်တဦးတည်းအတွက် မဟုတ်ဘဲ Telenor ကို ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ အတူတကွ ပါဝင်ခဲ့ကြတဲ့ ထိခိုက်နစ်နာသူတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ မဟာမိတ်အားလုံးရဲ့ စုပေါင်းကြိုးပမ်းမှု ဖြစ်ပါတယ်။ ဒီဆုကို စစ်အုပ်စုရဲ့ ဖိနှိပ်မှုဒဏ်ခံနေရတဲ့ မြန်မာပြည်သူအားလုံးအတွက် ရည်စူးဂုဏ်ပြုပါတယ်" ဟု ပြောသည်။
Magnitsky လူ့အခွင့်အရေးဆုသည် ရုရှားအစိုးရ၏ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရင်း ၂၀၀၉ ခုနှစ်တွင် မော်စကိုအကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့သည့် ရုရှားရှေ့နေ Sergei Magnitsky ကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် နှစ်စဉ် ချီးမြှင့်လာခဲ့သည့် နိုင်ငံတကာဆု ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် လူ့အခွင့်အရေးလှုပ်ရှားသူ မသင်ဇာရွှန်းလဲ့ရည် ရရှိခဲ့ဖူးကာ ယခု ဦးရဲလင်းမြင့်သည် ဆု ရရှိသည့် ဒုတိယမြောက် မြန်မာနိုင်ငံသား ဖြစ်လာသည်။
ဓာတ်ပုံ-JAI


#WhatsHappeningInMyanmar
#RejectMilitaryCoup
❤40👍14😁2
Media is too big
VIEW IN TELEGRAM
စမ်းချောင်း ဂွဈေးအနီး လူငယ်တဦးကို အရပ်ဝတ်လူတစု အတင်းအဓမ္မ ဖမ်းဆီး


ရန်ကုန်မြို့က လူစည်ကားရာ စမ်းချောင်းမြို့နယ်၊ ဂွဈေးအနီးမှာ နိုဝင်ဘာ ၄ ရက် ညနေ ၇နာရီခွဲလောက်က လူငယ်တဦးကို အရပ်ဝတ်လူတစုက အတင်းအကြပ် ကားပေါ်တင်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။


ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်ထဲမှာ ဖမ်းဆီးခံရတဲ့ လူငယ်ဟာ ကားပေါ်ကို ဆွဲခေါ်မခံရခင်ချိန်မှာ သူ့ကို ကယ်ဖို့ လှမ်းအော်ပြီး အကူအညီတောင်းခံနေတာကို တွေ့ရပါတယ်။


#မြန်မာ #ဧရာဝတီ #စမ်းချောင်း #ဂွဈေး #ရန်ကုန် #လူငယ် #ဖမ်းဆီး #WhatsHappeningInMyanmar
😭21👎13😁3👍2😱2
မိုင်းလားနှင့် “ဝ” တို့ နိုင်ငံရေးဆန္ဒ ခြေ/ဥအောက်က ဆွေးနွေးနိုင်မည်

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆


မကြာမီကမှ ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အရှေ့မြောက်ဒေသ “ဝ”နှင့် မိုင်းလားထံ ဒုတိယအကြိမ်သွားပြီး နိုင်ငံရေး လိုလားချက်များကို ဆွေးနွေးရာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းကသာ ညှိနှိုင်းဆောင်ရွက်ဖို့ ပြောသည်။


နိုဝင်ဘာ ၁ ရက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းဦးဆောင်သည့်အဖွဲ့နှင့် မိုင်းလားမြို့၌ တွေ့ဆုံရာ ဒုဗိုလ်ချုပ်ကြီးရာပြည့်က အခြေခံဥပဒေနှင့်အညီ ၂၀၂၇ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဦးစားပေး ပြောသလို အထူးဒေသ ၄(မိုင်းလား)ကမူ အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် လိုလားသည်ဟု သိရ သည်။


အာဏာသိမ်းအစိုးရ၏ သတင်းထုတ်ချက်အရ မိုင်းလားဒေသအား အစိုးရအုပ်ချုပ်မှုအောက်မှနေ၍ ဒေသနှင့် သင့်လျော် သည့် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဆင့်အတန်း သတ်မှတ်ပေးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ ဆွေးနွေးကြောင်းဆိုထားသည်။


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက်ရှိ မိုင်းလားသည် ၁၉၈၉ ခုနှစ်ကတည်းက စစ်တပ်နှင့် ငြိမ်းချမ်း ရေး ယူထားသည့် တိုင်းရင်းသားလက်နက်ကိုင် NDAA အဖွဲ့က အုပ်ချုပ်ကာ ၂၀၀၈ အခြေခံ ဥပဒေတွင် အထူးဒေသအဖြစ် သတ်မှတ်ထားပြီး ယခုတိုင် စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံထားရသည်။


နိုဝင်ဘာ ၃ရက်တွင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့်အဖွဲ့သည် ပန်ဆန်းမြို့သို့ သွားကာ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့ပြီး အခြေခံဥပဒေ လိုက်နာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့သာ ဆွေးနွေးခဲ့ပြီးရွေးကောက်ပွဲကျင်းပရေး ကိစ္စကိုမူ ပြောဆိုခြင်းမရှိသည်ကို တွေ့ရသည်။


၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာပြီး အထူးဒေသများအဖြစ် စစ်တပ်က သတ်မှတ်ပေးထားသည့် မိုင်းလားနှင့် “ဝ” ဒေသတို့တွင် ရွေးကောက်ပွဲတကြိမ်တခါမှ ကျင်းပဖူးခြင်း မရှိပေ။


UWSA ၏ လိုလားချက်မှာ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းအဖြစ်မှ ပြည်နယ်အဆင့် သတ်မှတ်ခံရရေး ဖြစ် ပြီး နိုင်ငံရေးဆန္ဒကို အခြေခံဥပဒေနှင့်အညီ လေးစားလိုက်နာကာ ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှု မူဘောင်အတွင်းမှသာ ဆောင်ရွက်မည် ဖြစ်ကြောင်း UWSA ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ဆွေးနွေးပွဲတွင် ပြောသည်။


အခြေခံဥပဒေနှင့် အညီဆိုကာ အမြဲပြောဆိုလေ့ရှိသည့် မိုင်းလားနှင့် “ဝ” တို့သည် ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ဖြင့် ရပ်တည်နေသည့် ဒေသများဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော် အပစ်အခတ်ရပ်ထားသည့် မြန်မာစစ်တပ် လည်း အာဏာ မသက်ရောက်သည့်ဒေသများ ဖြစ်သည်။


ထိုသို့ နှစ်ပေါင်းများစွာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေးဖြင့်ရပ်တည်နေသည့် မိုင်းလားနှင့် “ဝ”တို့အား ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ဆွဲသွင်းကာ နိုင်ငံရေးအဆင့်အတန်းတိုးမြှင့်ပေးမည်မှာ လက်တွေ့တွင် အခက်အခဲများ စွာရှိနေပြီး ရွေးကောက်ပွဲအား ခွဲခြား၍ ကျင်းပမည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်မရှိသေးကြောင်း နိုင်ငံရေးလေ့လာသူတဦးက ပြောသည်။
၎င်းက “ မိုင်းလားဆိုရင် ကိုးကန့်အဖွဲ့အခြေတည်သွားတဲ့နေရာဖြစ်လို့ သူတို့အခဲကြေတာမဟုတ်ဘူး၊ ဒါကြောင့် စစ်အုပ်ချုပ် ရေးကြေညာတဲ့အခါ မိုင်းလားမြို့နယ်ကို ထည့်ကြေညာလိုက်တာပဲ၊ မိုင်းလားကို အဆင့်မြင့်အထူးဒေသပေးမယ်ပြောနေ ပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ဆွဲထည့်မယ်ဆိုရင် ပြဿနာတွေ အများကြီးပဲ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လက်နက်ကိုင်တပ်စတဲ့ ပြဿနာအများကြီးပဲ၊ မိုင်းလားမှာ ရွေးကောက်ပွဲလုပ်ဖို့ပြောပေမယ့် “ဝ” မှာပြော တာ မတွေ့ရဘူး၊ မိုင်းလား နဲ့ “ဝ” က တတွဲတည်း၊ အခုက ဝ မှာကျတော့ ရွေးကောက်ပွဲကိစ္စမပြောဘဲနဲ့ မိုင်းလားကို ဖဲ့ထုတ်ချင်ပုံရပါတယ်၊ အဲဒါက အလုပ်မဖြစ်နိုင်ဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်အုပ်စုအနေဖြင့် အာဏာသိမ်းအစိုးရဖွဲ့ပြီးနောက် ယခုကဲ့သို့ မိုင်းလားနှင့် “ဝ” အပါအဝင် တိုက်ပွဲ ဖြစ်ပွားမှုမရှိသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်သာ မကြာခဏတွေ့ဆုံပြနေခြင်းမှာ ၎င်းတို့ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နေသည်ဟု ပြသလိုခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) များနှင့်ပတ်သက်ပြီး အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကိုယ်တိုင်က ငြိမ်းချမ်းရေး ရယူပြီးပါက နိုင်ငံရေးပါဝင်ဆောင်ရွက်လိုလျှင် ပါတီထောင်၍ဆောင်ရွက်ရန်၊ စီးပွားရေးလုပ်လိုပါက ဥပဒေနှင့်အညီဆောင်ရွက်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ကာကွယ်ရေးတာဝန်ဆက်ယူမည်ဆိုက နယ်ခြားစောင့်တပ်အဖြစ်ရပ်တည်ရန်နှင့် သာမန် အရပ်သား အဖြစ်နေထိုင်လိုပါက ဥပဒေအောက်တွင်နေထိုင်သွားရန်သာ ထုတ်ဖော်ပြောဆိုထားသည်။


Website တွင် ဖတ်ရန်
😁30❤4
Media is too big
VIEW IN TELEGRAM
မြန်မာ့သနပ်ခါး ယူနက်စကို အမွေအနှစ် ကနဦးစာရင်းဝင်


မြန်မာ့ရိုးရာ သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းမှာ ကနဦးပါဝင်လာတယ်လို့ အာဏာသိမ်းအစိုးရ လက်အောက်က ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက နိုဝင်ဘာ ၅ ရက်နေ့မှာထုတ်ပြန်ပါတယ်။


မြန်မာ့ သနပ်ခါးယဉ်ကျေးမှု အဆိုပြုလွှာဟာ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိတယ်လို့ ကော်မတီက သုံးသပ် ထားပြီး လက်ရှိမှာတော့ UNSCEO ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ချက်မူကြမ်းတင်သွင်း ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။


#မြန်မာ #ဧရာဝတီ #သနပ်ခါး #ဒြပ်မဲ့ယဉ်ကျေးမှု #UNSCEO #WhatsHappeningInMyanmar
👍25❤7😁1
👍24😁1
နယ်စပ် လှေဂိတ်တချို့ ထိုင်းပြန်ဖွင့်

ဧရာဝတီ၊ နိုဝင်ဘာလ ၆၊ ၂၀၂၆
မြဝတီနယ်စပ်တိုက်ပွဲများမှကျည်များ ထိုင်းဘက်ခြမ်းသို့ မကြာခဏကျရောက်သဖြင့် ယာယီပိတ်ထားသည့် သဘာဝကမ်းကူးဂိတ်နှင့် မှောင်ခိုလမ်းတချို့ကို ထိုင်းအာဏာပိုင်များက ယနေ့ နံနက်ပိုင်း၌ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အမှတ် ၁ ချစ်ကြည်ရေးတံတားတောင်ဘက်မှ ဖုတ်ဖရမြို့နယ်ဘက်ခြမ်း မှောင်ခိုလမ်းကြောင်း၊ ကူးတို့ဆိပ်များနှင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသောလမ်းကြောင်းများကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ တပတ်ကြာ ပိတ်ထားခဲ့ပြီးနောက် ယနေ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
မြဝတီမြို့တောင်ဘက် မယ်ထော်သလေး၊ အင်ကြင်းမြိုင်မှ ဆုံဆည်းမြိုင်အထိ ကျေးရွာ ၁၀ ရွာကျော်သည် ဖလူးနှင့် မင်းလက်ပံဒေသ တိုက်ပွဲများကြောင့် မြဝတီ-ဝေါလေ လမ်းပိုင်း တနှစ်ခန့် ပိတ်ထားရသဖြင့် စားနပ်ရိက္ခာနှင့် ကုန်စည်များအတွက် ထိုင်းဘက်နှင့် ကုန်သွယ်ရာတွင် မှောင်ခိုလမ်းများနှင့် လှေဂိတ်များကိုသာ အဓိက အားထားနေရကြောင်း သိရသည်။


#WhatsHappeningInMyanmar
#RejectMilitaryCoup
👍28❤6😁1
😁18👍2
ပရဟိတလုပ်သည့် ထိုင်း အလှမယ်ဟောင်း အလှူငွေ အလွဲသုံးစားမှုဖြင့် အဖမ်းခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆
ထိုင်းနိုင်ငံ၏ ထင်ရှားသည့် အလှမယ်ဟောင်း သရုပ်ဆောင် Boom Panadda Wongphudee သည် သူမ၏ ပရဟိတဖောင်ဒေးရှင်းသို့ လှူဒါန်းထားသည့် အလှူငွေများကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ယနေ့ နံနက်ပိုင်းက ဘန်ကောက်မြို့၌ ဖမ်းဆီးခံလိုက်ရသည်။
အသက် (၅၀) အရွယ် Do Good Organisation Foundation ၏ ဥက္ကဋ္ဌ၊ သရုပ်ဆောင်နှင့် ရုပ်သံတင်ဆက်သူ ပနတ်ဒါသည် ပြည်သူလူထုအား လိမ်လည်မှု၊ ငွေကြေးခဝါချမှု နှင့် ထိုင်းနိုင်ငံ၏ ဆိုင်ဘာမှုခင်းဥပဒေ ချိုးဖောက်မှု စသည့် စွပ်စွဲချက် (၃) ခုဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
စီးပွားရေးမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ECSD) မှ အရာရှိများသည် ပနတ်ဒါအား ဘန်ကောက်မြို့ Bueng Kum ခရိုင် Nawamin လမ်းပေါ်ရှိ အိမ်ရာဝင်း၌ ဖမ်းဝရမ်းဖြင့် နံနက် ၆ နာရီ ၂၈ မိနစ်ခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ နေအိမ်အား ရှာဖွေပြီးနောက် ရဲတပ်ဖွဲ့က ပနတ်ဒါအား ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ဌာနချုပ်သို့ ခေါ်ဆောင်သွားစဉ် သတင်းထောက်များစွာ စောင့်ဆိုင်းနေကြပြီး ပနတ်ဒါက ထိုင်းရိုးရာ လက်အုပ်ချီ နှုတ်ဆက်ကာ ဥပဒေကြောင်းအရ ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် ယင်းအမှုနှင့် ဆက်စပ်၍ နေရာ (၄) ခုကို တပြိုင်နက်တည်း ဝင်ရောက်ရှာဖွေခဲ့ရာ ဘန်ကောက်ရှိ ပနတ်ဒါ၏ နေအိမ်၊ ပထုန်ဌာနီ ပြည်နယ်ရှိ သူမ၏ အမျိုးသား Atip Anantawan (Got) ပိုင်ဆိုင်မှု၊ Thanyaburi ခရိုင်ရှိ ဖောင်ဒေးရှင်း ရုံးခန်းနှင့် ဘန်ကောက် Bang Khen ဧရိယာရှိ နောက်ထပ်နေရာတခုတို့ ပါဝင်ပြီး ပနတ်ဒါ၏ အမျိုးသားဖြစ်သူ Atip ကိုလည်း စုံစမ်းစစ်ဆေးရန် CIB ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
အာဏာပိုင်များသည် ပနတ်ဒါနှင့် ဆက်စပ်သူများ၏ ဘဏ်အကောင့် ၁၇ ခုခန့်နှင့် ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ အိမ်၊ မြေ၊ မော်တော်ယာဉ်နှင့် အသုံးအဆောင် ပစ္စည်းများကို ငွေကြေးခဝါချမှုတားဆီးနှိမ်နင်းရေးရုံး (AMLO) နှင့် ပူးပေါင်းစစ်ဆေးနေပြီး ယင်းပိုင်ဆိုင်မှု အားလုံးသည် လှူဒါန်းငွေများဖြင့် ဝယ်ယူထားခြင်း ဟုတ်မဟုတ်ကိုမူ အတည် မပြုနိုင်သေးပေ။
ပနတ်ဒါသည် ၂၀၀၀ ပြည့်နှစ်တွင် Miss Thailand ရရှိခဲ့ပြီးနောက် အနုပညာလောကတွင် အောင်မြင်စွာ ရပ်တည်ခဲ့သူဖြစ်ကာ ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် အလှူငွေ ကောက်ခံပေးမှုများကြောင့် လူသိများခဲ့သူဖြစ်သည်။
လက်ရှိတွင် Do Good Organisation Foundation က ပနတ်ဒါ၏ ဥက္ကဋ္ဌတာဝန်အား ယာယီဆိုင်းငံ့ထားပြီး အလှူငွေ လက်ခံမှု အားလုံးကို ရပ်ဆိုင်းထားသည်။
ထိုင်းအမျိုးသားရဲတပ်ဖွဲ့ချုပ်က နိုဝင်ဘာ ၄ ရက်တွင် အလှူငွေ လိမ်လည်ကောက်ခံသည်ဟု သံသယဖြစ်ဖွယ်ဖောင်ဒေးရှင်းများနှင့် ထင်ရှားကျော်ကြားသူများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့များအား ညွှန်ကြားထားသည်။


ဓာတ်ပုံ-ဘန်ကောက်ပို့စ်
😁20❤4👍4
😁10👎1
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့်ဒေါ်လာ ယနေ့ ပေါက်ဈေး

ဧရာဝတီ၊ နိုဝင်ဘာလ ၆၊ ၂၀၂၆

ဆန်

အာဏာရှင်အစိုးရအဖွဲ့ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံးဆန်ကြမ်း ၁ အိတ်(အနိမ့်ဆုံး) ၇၂,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ (ရက် ၉၀) ဆန် ၁၀,၀၀၀၀ ကျပ်မှ ၁၁,၅၀၀၀ ကျပ် အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် ၂၁၀,၀၀၀ ကျပ်မှ ၂၃၀,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း နယ်စုံ ၁၇၅,၀၀၀ ကျပ်မှ ၁၉၈,၀၀၀ ကျပ်

ယင်းမှာ ဝါးတန်းလမ်းကုန်စည်ဒိုင်၏ လက်ကားဈေးဖြစ်ကာ ပြင်ပလက်ကား ဈေးမှာ ကြိုက်ရောင်းကြိုက်ဝယ် ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေပြီး ဆန်၏ အရည်အသွေး၊ ဆန်ကွဲပါဝင်မှု၊ ဆန် သစ်/ဟောင်း၊ ငွေပေးချေမှု၊ အိတ်ခွံ၊ နေရာအလိုက် သယ်ယူပို့ဆောင်မှုပေါ်မူတည်၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ကြောင်း သိရသည်။

စားအုန်းဆီ

အာဏာရှင်အစိုးရအဖွဲ့၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၇,၀၀၀ ကျပ်ကျော်တွင်ရှိနေ၊ လက်လီသတ်မှတ်ဈေးမှာ ၈,၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ၊ ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၂၀,၀၀၀ ကျပ်နှင့် အထက် တွင် ရှိနေပြီး ယင်းဆီဈေးနှုန်းမှာ ရန်ကုန်မြို့ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသအလိုက် ကွာခြားမှု၊ မြင့်တက်မှုများ ရှိနိုင်သည်။

စက်သုံးဆီ (ယခင်တပတ်ထက် ဓာတ်ဆီ ၉၂ တလီတာ ၁၀ ကျပ်၊ ၉၅ တလီတာ ၄၀ ကျပ်နှင့် ပရီမီယံဒီဇယ် တလီတာ ၄၀ ကျပ် ဈေးကျလာပြီး ဒီဇယ်တလီတာ ၄၀ ကျပ် ဈေးတက်လာကြောင်း တွေ့ရသည်။)

ဓာတ်ဆီ ၉၂ တလီတာလျှင် ၄,၅၃၀ ကျပ်
ဓာတ်ဆီ ၉၅ တလီတာလျှင် ၄,၅၅၀ ကျပ်
ဒီဇယ်တလီတာလျှင် ၄,၅၅၅ ကျပ်
ပရီမီယံဒီဇယ်တလီတာလျှင် ၅,၄၂၀ ကျပ်
ယင်းဈေးမှာ အာဏသိမ်းအစိုးရ၏ သတ်မှတ်ဈေးဖြစ်ပြီး ပြင်ပဈေးနှင့် စစ်ဖြစ်ပွားသည့် ဒေသများအပါဝင် ဝေးလံခေါင်ဖျားဒေသများတွင် ယင်းဈေးနှုန်းထက် အဆမတန် မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်မှုများကို အာဏာသိမ်းအစိုးရ ကန့်သတ်ခြင်းများ ရှိနေသည်။

ရွှေနှင့် ဒေါ်လာ

ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၇၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်ဟောင်း) ကျပ် ၁၀၁ သိန်း ဝန်းကျင်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်ဟောင်း) ကျပ် ၉၅ သိန်း ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား (စနစ်သစ်) ကျပ် ၁၀၀ သိန်း ကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား (စနစ်သစ်) ကျပ် ၉၄ သိန်း ကျော်တွင်ရှိနေ
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၄,၀၄၀
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီ သတ်မှတ်ဈေး စံချိန်မီ ရွှေ ၁ ကျပ်သား
(၁၆.၃၂၉၃၂၅ဂရမ်) ၇,၁၀၀,၀၀၀

အချိန်နှင့်အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
❤15👍9👎2😁1
😁23😭2❤1
"ထရမ့်က မင်းတို့ရဲ့ သမ္မတ ဖြစ်နေဆဲပဲ" ဟု နစ်ကီမီနတ်ခ်ျ ပြော

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆။

ဒေါ်နယ်ထရမ့်ကို အမာခံထောက်ခံသူ ရက်ပ်အဆိုတော် နစ်ကီမီနတ်ခ်ျ (Nicki Minaj) က ရီပတ်ဘလီကင်ပါတီ midterm ရွေးကောက်ပွဲမှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ဒီမိုကရက်တွေလက်ထဲ ရှုံးနိမ့်လွှဲပြောင်းပေးခဲ့ရပြီးနောက် နှုတ်ဆိတ်မနေတော့ဘဲ မှတ်ချက်ပြုလာပါတယ်။

သူမက အိမ်ဖြူတော်ရဲ့ တုံ့ပြန်ချက်အတိုင်း "ထရမ့်က မင်းတို့ရဲ့ သမ္မတ ဖြစ်နေဆဲပဲ" ဆိုပြီး X ပေါ်မှာ အချက် ၁၅ ချက် ရေးတင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ ရွေးကောက်ပွဲအောင်နိုင်သူတွေကို ဂုဏ်ပြုစကားဆိုခဲ့သလို၊ ရီပတ်ဘလီကင်ဘက်ကနေ ဒေါ်လာ သန်း ၄၄၀ ကျော် အကုန်အကျခံ ကူညီခဲ့တဲ့ အီလွန်မတ်စ်ခ်ကိုလည်း "အီလွန်ဟာ ဘီလျံနာကြီး ဖြစ်နေဆဲဖြစ်ပြီး မင်းတို့ကတော့ သူ့ဆော့ဖ်ဝဲလ်ပေါ်မှာပဲ စာတင်နေရတုန်း" လို့ ရေးပါတယ်။

ထရမ့်ကတော့ ဒီရွေးကောက်ပွဲမှာ သူ့နာမည် မပါလို့ ရှုံးရတာလို့ ပြောဆို ရှောင်လွှဲနေခဲ့ပြီး၊ မီနတ်ခ်ျက ထရမ့်ရဲ့ အမာခံထောက်ခံသူအဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။

"Anaconda" တို့ "Super Bass" တို့လို နာမည်ကြီးသီချင်းတွေနဲ့ လူသိများတဲ့ မီနတ်ခ်ျဟာ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာ ၂၅ ရက်တုန်းက မီချီဂန်မှာလုပ်တဲ့ သမ္မတရဲ့ မဲဆွယ်ပွဲကို တက်ရောက်ခဲ့ပြီး စင်ပေါ်ကနေ "ကျမ သူ့ကို အရမ်းချစ်တယ်" လို့ ပြောခဲ့ပါတယ်။

အဲဒီအတွက် ထရမ့်ကလည်း ပရိသတ်ကို "မီနတ်ခ်ျရဲ့ တင်ပါးကတော့ မမြင်ဘဲ မနေနိုင်လောက်အောင်ကို မိုက်လွန်းတယ်" ဆိုပြီး ပြန်ပြောခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပွဲတစ်ခုတုန်းကလည်း မီနတ်ခ်ျက "ကျမက သမ္မတရဲ့ နံပါတ်တစ် ပရိသတ်ဖြစ်နိုင်ပြီး အဲဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး" လို့ ပြောဖူးပါတယ်။

ကိုးကား။ ။ The Independent သတင်း Trump supporter Nicki Minaj breaks silence after midterms disaster

ပုံစာ - ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၅ ရက် မီချီဂန်ပြည်နယ်၊ ပေါ့တ်ဟူရွန်မြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ လူထုပရိသတ်ကို နှုတ်ဆက်နေသည့် နစ်ကီမီနတ်ခ်ျ/ AP
❤19😁10👍9😭1
Media is too big
VIEW IN TELEGRAM
ထရမ့်ရဲ့ MAGA ခေတ်ကုန်ပြီလား

နိုဝင်ဘာ ၆၊ ၂၀၂၆

အပြာရောင်ဆူနာမီလှိုင်းကြားက ထရမ့်အကြောင်း အယ်ဒီတာ့စကားဝိုင်းမှာ ​ပြောကြတာ မနက်ဖြန် မနက် စောင့်မျှော်အားပေးကြပါဦး။

#မြန်မာ #ဧရာဝတီ #Trump #midtermelections #MAGA
👍27❤2😁1
ထိုင်းပရဟိတမင်းသမီး အလှူငွေအလွဲသုံးမှုနဲ့ ဖမ်းဆီးခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆

ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်ကြာ ပရဟိတလုပ်နေတဲ့ မင်းသမီး ဘွမ် ပနတ်ဒါ ဟာ သူဦးဆောင်တဲ့ Good Deeds Foundation ရဲ့ အလှူငွေတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ ကွန်ပျူတာမှုခင်းဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၆ ရက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

အလှူရှင်ဟောင်းတဦးလည်းဖြစ်သလို Influencer တဦးလည်းဖြစ်တဲ့ အွိုင်စရီ ဆိုသူက အောက်တိုဘာ ၃၀ ရက်နေ့မှာ Good Deeds Foundation ရဲ့ အလှူငွေသုံးစွဲမှုနဲ့ပတ်သက်ပြီး ပြည်သူကို လိမ်လည်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ရဲတပ်ဖွဲ့ဆီတိုင်ကြားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တာဖြစ်ပါတယ်။

စီးပွားရေးမှုခင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ စုံစမ်းချက်အရ ဖောင်ဒေးရှင်းအတွက် လှူဒါန်းခဲ့တဲ့ ဘတ်သန်း ၉၀၀ ထဲမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ အမှန်တကယ်ရောက်ရှိခဲ့တယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

https://www.youtube.com/watch?v=eXsbLbqO6S0

#မြန်မာ #ဧရာဝတီ #ပရဟိတ #ထိုင်း
👍18❤2
• ဒေါ်အောင်ဆန်းစုကြည် ဖုန်းပြောခွင့်ရတဲ့အပေါ် ကြံ့ခိုင်ရေးအမတ် မေးခွန်းထုတ်
• မင်းအောင်လှိုင် အာဏာခိုင်မြဲရေး ခြေဥပြင်ဖို့ ကော်မတီဖွဲ့မယ်
• နာမည်ကျော်လူသုံးကုန်တွေ ဖြန့်ချိနေတဲ့ Unilever မြန်မာပြည်ကထွက်မယ်
• မူရင်းဆိုင်ခန်းပိုင်ရှင်တွေ အနားမကပ်နိုင်တော့တဲ့ မင်္ဂလာဈေး
• ရွေးကောက်ပွဲအပြီး ထရမ့်အစိုးရအဖွဲ့ ရာထူးအပြောင်းအလဲ ဖိအားတွေရှိလာ

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၆၊ ၂၀၂၆
https://youtu.be/FR54HOvS4SA

#မြန်မာ #ဧရာဝတီ #ဒေါ်အောင်ဆန်းစုကြည် #ဘူးလက်လှဆွေ #ကြံ့ခိုင်ရေး #USDP #ဖွဲ့စည်းပုံအခြေခံဥပဒေ #မင်းအောင်လှိုင် #ကော်မတီ #လူသုံးကုန် #Unilever #မင်္ဂလာဈေး #ရွေးကောက်ပွဲ #အမေရိကန် #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍20❤6👎1
Media is too big
VIEW IN TELEGRAM
လူတူရိုဘော့ ၆ ရုပ်ကို စတိုးဆိုင်မှာ ၂၄ နာရီလုံး အလုပ်လုပ်ကိုင်စေတဲ့စမ်းသပ်မှုကို တရုတ်မှာပြုလုပ်

နိုဝင်ဘာ ၆၊ ၂၀၂၆

တရုတ်အခြေစိုက် စက်ရုပ်နည်းပညာကုမ္ပဏီ AGIBPT ဟာ ရှန်ဟိုင်းမြို့က စတိုးဆိုင်တခုမှာ ဟာ G 2 အမျိုးအစား လူ‌တူရိုဘော့ ၆ ရုပ်ကို ၂၄ နာရီကြာ အလုပ်ဆင်းခိုင်းတဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ပြီး "Robots Never Clock Out" ဆိုတဲ့အမည်နဲ့ပါ တိုက်ရိုက် Live ထုတ်လွှင့်ပြသခဲ့ပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #robot #ConvenienceStore
👍19❤2👎2😁2😱1
ကြားဖြတ်ရွေးကောက်ပွဲ လာမည့်နှစ် မြို့နယ် ၅၀တွင် ကျင်းပမည်

သတင်း | ဧရာဝတီ၊ နိုဝင်ဘာ ၆၊ ၂၀၂၆

အာဏာသိမ်းအစိုးရက လွှတ်တော်သုံးရပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၅၅ ခုတွင် လာမည့်နှစ် ဧပြီ ၄ရက်၌ ကျင်းပရန်ထုတ်ပြန်ရာ ယခင်နယ်မြေမစိုးမိုးနိုင်၍ ချန်ထားသော မြို့နယ်များထဲမှ တွန်းဇံ၊ ဖလမ်း၊ နွားထိုးကြီး၊ စဉ့်ကူး၊ မိုးမိတ်၊ ထီးချိုင့်၊ အင်းတော်၊ ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ကောလင်း၊ ဗန်းမောက်၁၂ မြို့နယ် ပါဝင်သည်။

ထို ၁၂ မြို့နယ်မှာ ယခင်တော်လှန်ရေးတပ်များ သိမ်းထားခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်းတို့ကြောင့် စစ်တပ်က ၃ ပိုင်းခွဲ ကျင်းပသည့် ၂၀၂၅-၂၆ ရွေးကောက်ပွဲ၌ မပါဝင်ပေ။ ယခုကြားဖြတ်ရွေး ကောက်ပွဲတွင် ထည့်သွင်းလာခြင်းဖြစ်သော်လည်း စစ်တပ်က မြို့ပေါ်သာထိန်းနိုင်ပြီး ကျေးလက်ကို တော်လှန်ရေးတပ်များက စိုးမိုးထားရာ ကြားဖြတ်ရွေးကောက်ပွဲကို မြို့ပေါ် ရပ်ကွက်များသာ အဓိကလုပ်နိုင်မည်ဖြစ်၍ အပြည့်အဝကျင်းပနိုင်ခြင်းတော့ မဟုတ်ပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထုတ်ပြန်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲအား ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၄ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ ခု၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် ၁၆ ခု၌ ကျင်းပ မည်ဖြစ်ပြီး စုစုပေါင်း မြို့နယ် ၅၀ မှ ပြည်သူများ ပါဝင်မဲပေးကြရမည်ဖြစ်သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/11/06/417487.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
😁11❤2👎1