The Irrawaddy - Burmese
✔
75.5K subscribers
38.4K photos
2.45K videos
3 files
18.1K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

https://youtu.be/0BQhjm3fdlQ
#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #လူမျိုးတုံးသတ်ဖြတ်မှု #ICJ #မဘသ #သီတဂူဆရာတော် #ဥူးဝီရသူ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍68👎2
စစ်တပ်က သက်သေတွေကို ဖျောက်ဖျက်ခဲ့တယ်လို့ ICJ မှာတင်ပြ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၁၅ ၊ ၂၀၂၆

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံ ရှေ့နေက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ဇန်နဝါရီလ ၁၄ ရက်နေ့က တင်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအရ စစ်တပ်နဲ့ ရဲ နှစ်ဖွဲ့လုံးရဲ့ အကြီးအကဲဟာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့တပ်ဖွဲ့တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ တရားစွဲခံ ထားရတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ် တွေမှာ သတ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းတွေ ဖျောက်ဖျက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ရိုဟင်ဂျာတွေနေထိုင်ခဲ့တဲ့ ကျေးရွာတွေဖျက်ဆီးခဲ့ပြီး အဲဒီနေရာတွေမှာ အဆောက်အုံအသစ်တွေ၊နယ်ခြားစောင့်စခန်းတွေတည် ဆောက်ခဲ့တယ် လို့ တရားရုံးကို ဂမ်ဘီယာဘက်ကလျှောက်လဲခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/6t8kycMxfyI
#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #လူမျိုးတုံးသတ်ဖြတ်မှု #ICJ #တရားခွင် #ဂမ်ဘီယာနိုင်ငံ #WhathappensInMyanmar
👍61
စစ်တပ်ကျူးလွန်မှုတွေကို ထောက်ခံပွဲလုပ်ဖို့ မဘသတွေပြင်ဆင်နေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် ချီတက် ထောက်ခံပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပြုလုပ်ဖို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပြုလုပ်သွားမှာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ရဲ့ ကိုယ်စားပြု ဦးကိုကိုလှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ချေပချက် တွေကို ထောက်ခံကြောင်း နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ရှုတ်ချကြောင်း ဟောပြောပွဲတွေ လုပ်မှာလို့ ဆိုပါတယ်။

မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂနဲ့ အမျိုးသားရေး ညီကိုမောင်နှမများဆိုတဲ့ အဖွဲ့ နှစ်ဖွဲ့က ပူးပေါင်း လုပ်ကြမှာဖြစ်ပြီး ဒီပွဲဖြစ်မြောက်လာဖို့အတွက် နာမည်ကြီး အမျိုးသားရေးလှုပ်ရှားသူ ဝင်းကိုကိုလတ်နဲ့ သံဃာ ၂ ပါးက ဦးဆောင်ကာ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ အစည်းအဝေးလုပ် စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။

https://youtu.be/8iuZV_E05mI
#မြန်မာ #ဧရာဝတီ #ICJ #မဘသ #ထောက်ခံပွဲ #ဦးကိုကိုလှိုင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎52👍7
Media is too big
VIEW IN TELEGRAM
အာဏာရှင်တွေ သက်ဆိုးရှည်တာ ပထဝီနိုင်ငံရေးကြောင့်လား

ဧရာဝတီ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၆

ကမ္ဘာမှာအာဏာရှင်တွေ နည်းမျိုးစုံနဲ့ ဇာတ်သိမ်းခဲ့ပေမယ့် မြန်မာနိုင်ငံက အာဏာရှင်တွေအဖို့ ပထဝီအနေအထားအရ တရုတ်ရဲ့ဘေးကပ်ရပ်ရှိနေတာက ကံကောင်းစေတာလား။ အယ်ဒီတာ ကျော်စွာမိုး ရဲ့ Opinion Talk Episode — “မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ” အပြည့်အစုံ ကို အောက်ပါ link မှာ ကြည့်ရှုနိုင်ပါပြီ။

မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ
https://youtu.be/UY1QsclQb50

#မြန်မာ #အာဏာရှင် #ကဒါဖီ #ဆက်ဒမ်ဟူစိန် #မင်းအောင်လှိုင် #ခုံရုံး #စစ်ခေါင်းဆောင် #Myanmar #junta #US #military #MinAungHlaing #dictator #ICC #ICJ #OpinionTalk #WhatsHappeningInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍40👎3
ICJ အရေး ထောက်ခံမယ့်သူတွေကို စစ်တပ်သတိပေး (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီလ ၂၂၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရောက် မြန်မာကိုယ်စားလှယ် အဖွဲ့ကိုထောက်ခံပွဲလုပ်မယ့် သူတွေအနေနဲ့ လိုက်နာရမယ့် ကန့်သတ်ချက်တွေကိုစစ်ကော်မရှင် က ဇန်နဝါရီလ ၂၁ ရက် နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

တိုင်းရင်းသားအမျိုးအမည်မှာ မပါဝင်တဲ့၊ တိုင်းရင်းသားအဖြစ် မသတ်မှတ် ထားတဲ့ လူမျိုးအမည်ကိုသုံးစွဲပြီး အမုန်းစကားတွေ မပြောဖို့၊ ICJ တရားသူကြီးတွေနဲ့ ပတ်သက်တဲ့ ပြောစကားတွေ၊ လူမျိုးရေး ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့ လက်ကိုင်ဆိုင်းဘုတ်မလုပ်ဖို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ လျှောက်လဲချက်တွေကိုသာ ထောက်ခံဖို့ ကန့်သတ်လိုက်တာပါ။

ဒီထုတ်ပြန်ချက်ဟာ ICJ ရောက် ဦးကိုကိုလှိုင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထောက်ခံပွဲတွေလုပ်ဖို့ အမျိုး၊ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေ ပြင်ဆင်နေချိန်မှာပဲထွက်ပေါ်လာခဲ့တာပါ။

https://youtu.be/pa9S7VNfQDw
#မြန်မာ #ဧရာဝတီ #ICJ #အမုန်းစကား #ရိုဟင်ဂျာ #WhathappensInMyanmar
👎38👍2
𝐄𝐝𝐢𝐭𝐨𝐫𝐢𝐚𝐥 𝐓𝐚𝐥𝐤

Walk for Peace နဲ့ မြန်မာပြည်က ဘုန်းကြီးတွေ ဆန့်ကျင်ဘက်ဖြစ်နေ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆

ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ အမေရိကန်ပြည်ထောင်စုက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို အမေရိကန်တွေ ဘာလို့ ကြိုဆိုကြလဲ၊ ICJ မှာ သက်သေအဖြစ် နာမည်ဖော်ပြခံရတဲ့ထိ မြန်မာ ထေရဝါဒ ဗုဒ္ဓဘာသာ ပုံရိပ် ဘာလို့ ညှိုးနွမ်းသွားရလဲ၊ ရဟန်းပျိုတွေ ရွှေဝါရောင်လမ်းစဉ်လိုက်မလား၊ မဘသလမ်းစဉ်ထဲ ဆက်မျောမလား စတဲ့အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ အမှုဆောင် အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးထားပါတယ်။

https://youtu.be/N3edRWMeHtM
#မြန်မာ #ဧရာဝတီ #WalkforPeace #အမေရိကန် #ICJ #ထေရဝါဒ #EditorialTalk #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍58👎4
Media is too big
VIEW IN TELEGRAM
အမေရိကန်က အာဏာရှင်တွေကို ဘယ်လိုဖြုတ်ချသလဲ

ဧရာဝတီ၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆

အမေရိကန် အနေနဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရို လိုမျိုးအာဏာရှင်တွေကို ဝင်ဖမ်းပြီး ဖြုတ်ချတာမျိုး လုပ်တာ အခုမှမဟုတ်ပါဘူး။ မာဒူရို မတိုင်ခင် ရှေ့မှာလည်း အလားတူဖြစ်ရပ်တွေရှိဖူးပါတယ်။ သူတို့မလိုလားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ အမေရိကန် အနေနဲ့ ဘယ်လိုနည်းလမ်းတွေသုံးတတ်ပါသလဲ။ အယ်ဒီတာ ကျော်စွာမိုး က “မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ” Opinion Talk Episode အသစ်မှာဆွေးနွေးထားတာမို့ အောက်ပါ link မှာ ကြည့်ရှုနိုင်ပါပြီ။

မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ
https://youtu.be/UY1QsclQb50

#မြန်မာ #အာဏာရှင် #ကဒါဖီ #ဆက်ဒမ်ဟူစိန် #မင်းအောင်လှိုင် #ခုံရုံး #စစ်ခေါင်းဆောင် #Myanmar #junta #US #military #MinAungHlaing #dictator #ICC #ICJ #OpinionTalk #WhatsHappeningInMyanmar
👍53👎2
Media is too big
VIEW IN TELEGRAM
ကံဆိုးတဲ့ ကမ္ဘာ့အာဏာရှင်တွေ

ဧရာဝတီ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆

ကဒါဖီကစ မာဒူရိုထိ ကမ္ဘာပေါ်ကအာဏာရှင်တွေဟာ မြန်မာက ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ မင်းအောင်လှိုင်တို့လောက်တော့ အဆုံးသတ်မလှခဲ့ပါဘူး။ အယ်ဒီတာ ကျော်စွာမိုး က “မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ” Opinion Talk Episode အသစ်မှာဆွေးနွေးထားတာမို့ အောက်ပါ link မှာ ကြည့်ရှုနိုင်ပါပြီ။

မြန်မာအာဏာရှင်တွေ ဘာလို့ကံကောင်းနေတာလဲ
https://youtu.be/UY1QsclQb50

#မြန်မာ #အာဏာရှင် #ကဒါဖီ #ဆက်ဒမ်ဟူစိန် #မင်းအောင်လှိုင် #ခုံရုံး #စစ်ခေါင်းဆောင် #Myanmar #junta #US #military #MinAungHlaing #dictator #ICC #ICJ #OpinionTalk #WhatsHappeningInMyanmar
👍44👎3
ICJ အရေး ဆန္ဒပြဖို့ မဘသတွေကို စစ်ကော်မရှင် ခွင့်ပြုမိန့်ပေး (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၆၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး တရားစွဲဆိုထားတမှုအပေါ် ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ဖို့ စစ်ကော်မရှင်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ခွင့်ပြုမိန့်ပေးလိုက်တယ်လို့ ကာယကံရှင်တွေဘက်က ဧရာဝတီကို အတည်ပြုပါတယ်။

ဒီထောက်ခံပွဲကို အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ဝင်တွေဖြစ်ကြတဲ့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂနဲ့ အမျိုးသားရေး ညီကိုမောင်နှမများဆိုတဲ့ အဖွဲ့ နှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၇ ရက်နေ့ပြုလုပ်မယ့် ထောက်ခံပွဲကို စစ်ကော်မရှင်ပြည်ထဲ‌ရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ကျောက်တံတားမြို့နယ် တာဝန်ရှိသူတွေက ခွင့်ပြုပေးလိုက်တာလို့ အမျိုးသားရေး လှုပ်ရှားသူ ဦးဝင်းကိုကိုလတ် က ဧရာဝတီကို ပြောပါတယ်။

https://youtu.be/2TW-0xQvjsU
#မြန်မာ #ဧရာဝတီ #မဘသ #မျိုးချစ် #ICJ #ပြည်ထဲရေး #WhathappensInMyammar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎48👍6
ဂမ်ဘီယာကို မဘသ တွေက တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းဆန္ဒပြ (ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၆

နိုင်ငံတကာတရားရုံး (ICJ) မှာ စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့ရဲ့ ချေပချက်တွေကို ထောက်ခံပွဲတရပ် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ဒီထောက်ခံပွဲကို ပြုလုပ်ခဲ့တာပါ။

ဒီပွဲမှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ခေါင်းဆောင်တဦးက တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံအပေါ် တိရစ္ဆာန်နဲ့ နှိုင်းယှဉ်ကာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းဟောပြောခဲ့တာတွေ့ရပါတယ်။

စစ်ကော်မရှင်ဘက်က ဒီပွဲမတိုင်ခင်မှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ၊ အမုန်းစကားတွေနဲ့ တိုင်းရင်းသား အမည်မှာ မပါဝင်တဲ့ အသုံးအနှုန်းတွေကို မသုံးဖို့ ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာတော့ ဟန့်တားနိုင်ခြင်း မရှိတာကို တွေ့ရပါတယ်။

https://youtu.be/ij0lVQ0HCHI
#မြန်မာ #ဧရာဝတီ #အမုန်းစကား #မဘသ #ဂမ်ဘီယာ #HateSpeech #ICJ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎38👍4
ICJ မှာတင်သွင်းခဲ့တဲ့ တရားနဲ့ပတ်သက်ပြီး ကိစ္စမရှိဘူးလို့ သီတဂူဆရာတော်တုံ့ပြန်မိန့်ကြား(ရုပ်/သံ)

ဧရာဝတီ၊ ဇန်နဝါရီ ၂၈၊၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) မှာ သက်သေအဖြစ်တင်သွင်းခဲ့တဲ့တရားနဲ့ပတ်သက်ပြီး ကိစ္စမရှိဘူးလို့ သီတဂူဆရာတော် ဦးဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။

မန္တလေးမြို့မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်း ပြုလုပ်နေတဲ့ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးရဲ့ ၆၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲရဲ့ ဓမ္မသဘင် တရားဟောပွဲမှာ အခုလိုမိန့်ကြားခဲ့တာဖြစ်ပါတယ်။

ICJ နဲ့ပတ်သက်ပြီး မိန့်ကြားနေချိန်မှာပဲ သီတဂူဆရာတော် ဓမ္မသဘင် ဖေ့ဘုတ်စာမျက်နှာ ကနေ တရားပွဲ တိုက်ရိုက်တင်ဆက်မှုကို ရပ်တန့်လိုက်တာ တွေ့ရပါတယ်။

ICJ မှာ တရားလိုအဖြစ်တရားစွဲဆိုခဲ့တဲ့ ဂမ်ဘီယာနိုင်ငံက သီတဂူ ဆရာတော် ဟောကြားခဲ့တဲ့ တရားကို သက်သေအဖြစ် တင်သွင်းပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ လှုံ့ဆော်ခဲ့သူတွေအဖြစ် သီတဂူ ဆရာတော်အပြင် ဥူးဝီရသူကိုပါ သက်သေ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/M7tj8lVAVF4
#မြန်မာ #ဧရာဝတီ #သီတဂူ #တရားပွဲ #ICJ #WhathappensInMyanmar
👎70👍9
• ICJ အမှု ဘယ်ဘက်က အားသာနေလဲ
• မင်းဘူး ရဲစခန်းကို သိမ်းပိုက်လိုက်ပြီလို့ PDF ပြော
• မြန်မာစစ်တပ်ရွေးကောက်ပွဲကို အသိအမှတ်မပြုလို့ အာဆီယံကြေညာ
• စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းတိုး
• မူးယစ်ဆေးနဲ့ ရန်ပုံငွေမရှာဘူးလို့ NUG ပြော
• ICE ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ အမေရိကန်မှာ လုပ်မယ်

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၃၀၊ ၂၀၂၆
https://youtu.be/yrNKRWjZhsw

#မြန်မာ #ဧရာဝတီ #ICJ #မင်းဘူး #ရဲစခန်း #PDF #မူးယစ်ဆေး #ICE #IRWDailyNews #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍50👎1
ဘာမဆိုသူ့ကိုကျော်လို့ မရဘူးဆိုတဲ့ဥပဒေ (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၆

"အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ" က "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ကို ပြဋ္ဌာန်းလိုက်ကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ကြေညာချက်ကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

ပြဌာန်းရတဲ့ ရည်ရွယ်ချက်ဟာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့အတွက်လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေကို ဘာကြောင့် ပြဌာန်းလိုက်တာလဲ၊ ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်သလဲဆိုတာကို အပြည်ပြည် ဆိုင်ရာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို ဧရာဝတီကဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/eXd2mtn1p_A?si=8jKrBsrVhbxQTEO5
#မြန်မာ #ဧရာဝတီ #ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ #မင်းအောင်လှိုင် #ICJ #WhathappensInMyanmar
👎43👍4
ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ချေပခဲ့သူတွေကို စစ်ခေါင်းဆောင်ဂုဏ်ပြု (ရုပ်/သံ)

ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွက် ခုခံချေပခဲ့သူတွေကို အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့ပါတယ်။

ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုကို သွားရောက်ချေပခဲ့တဲ့ ဦးကိုကိုလှိုင်နဲ့ ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဖေဖော်ဝါရီလ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရုံးမှာ ဂုဏ်ပြုပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုလို အပြုအမှုဟာ သူ့ကို ထောက်ခံသူတွေအကြား ဝါဒဖြန့်စည်းရုံးရေးတခုဖြစ်သလို နိုင်ငံရေးသတ်ဖြတ်မှု တခုလည်းဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ဧရာဝတီကို ပြောပါတယ်။

https://youtu.be/HsKE9G4aJF0
#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #လူမျိုးတုံးသတ်ဖြတ်မှု #ဦးကိုကိုလှိုင် #ဒေါ်သီတာဦး #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👎47👍4
• စစ်တပ်ကို နိုင်မယ်ထင်လားလို့ KIO ကို တရုတ်မေးခွန်းထုတ်
• Walk for Peace သံဃာတွေကို ပါချုပ်ဆရာတော် အားပေး
• မြန်မာ ICJ အမှု အနာဂတ်အတွက် စံနမူနာလို့ဆို
• စစ်မှုထမ်းဥပဒေနဲ့ ၂ နှစ်အတွင်း အင်အား ၁ သိန်းကျော်စုဆောင်းခဲ့
• ထိုင်းရွေးကောက်ပွဲ မဲဝယ်ယူမှု တိုင်ကြားချက် ၁၀၀ ကျော် ထွက်ပေါ်
• ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

နေ့စဉ်သတင်း၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
https://youtu.be/fH9cGehC9hc

#မြန်မာ #ဧရာဝတီ #KIO #တရုတ် #ICJ #WalkforPeace #IRWDailyNews #နေ့စဉ်သတင်း #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
👍55
နိုင်ငံတကာစွဲချက်တွေနဲ့ ဝရမ်းထုတ်ခံထားရတဲ့ သမ္မတ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၈၊ ၂၀၂၆

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်တွင်းမှာ သူ့စိတ်ကြိုက် သမ္မတရာထူးကို ရယူထားပေမဲ့လည်း နိုင်ငံတကာစာမျက်နှာမှာတော့ သူဟာ စစ်ရာဇဝတ်ကောင်အဖြစ်နဲ့သာ ရှုမြင်ခံနေရတာပါ။

အာဂျင်တီးနားနိုင်ငံက ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့ INTERPOL ရဲ့ အကြောင်းကြားစာတွေ၊ ICC နဲ့ အာဆီယံနိုင်ငံတွေက တရားစွဲဆိုမှုတွေဟာ သူ့အတွက် တကယ့်ကို ဘေးကြပ်နံကြပ် အခြေအနေကို ဖော်ပြနေပါတယ်။

ရာထူးပြောင်းသွားရုံနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေက ပျောက်ကွယ်သွားမှာ မဟုတ်သလို နိုင်ငံတော်သမ္မတဆိုတဲ့ အမည်နာမဟာလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေတဲ့ နိုင်ငံတကာဥပဒေလက်တံတွေရဲ့အောက်မှာ အကာအကွယ် မပေးနိုင်တာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချင်းလူ့အခွင့်အရေးအဖွဲ့နဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေအပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ စစ်ခေါင်းဆောင်ကို တရားစီရင်နိုင်ဖို့အတွက် နိုင်ငံတကာတရားရုံးအသီးသီးမှာ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြဆဲ ဖြစ်ပါတယ်။

သမ္မတဆိုတဲ့ အကာအကွယ်နောက်ကွယ်မှာ ပုန်းရှောင်ဖို့ ကြိုးစားနိုင်နေပေမဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်တွေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေက သူ့ကို အချိန်မရွေး ဖမ်းဆီးအရေးယူနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါကြောင့် စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူအဖြစ် ကမ္ဘာက သတ်မှတ်ထားတဲ့ စစ်ခေါင်းဆောင်အတွက် ရှေ့ဆက်ရမယ့်လမ်းဟာ ဘယ်လိုရာထူးမျိုးနဲ့မှ မလုံခြုံနိုင်တော့ဘဲ တရားမျှတမှုရဲ့ တုံ့ပြန်မှုကို မလွဲမသွေ ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

https://youtu.be/yTKlPNihEAU
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဖမ်းဝရမ်း #INTERPOL #ICC #ICJ
👍58❤9😁4

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ Link လေးကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

https://www.youtube.com/channel/UCgEI7TvwuNGVGpd1M0icWJQ/join

#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #ဖမ်းဝရမ်း #INTERPOL #ICC #ICJ
❤27👍23😁7👎2
· ကိုးကန့် နယ်ခြားစောင့်တပ်ခေါင်းဆောင် အပါ ၃ ဦးကို တရုတ်သေဒဏ်ချ
· မြန်မာနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက် မကြာခင် ထွက်လာနိုင်တယ်လို့ IIMM ပြော
· စစ်တပ်က ငပြီကျွန်းကို ခြေကုပ်ယူဖို့ ကြိုးပမ်းနေချိန် AA က ကင်းစခန်းတွေဝင်သိမ်း
· သဘာဝဘေးလျစ်လျူရှုပြီး ဘုရားဖူးပြနေတဲ့ အာဏာသိမ်းသမ္မတ
· အာဏာသိမ်းသမ္မတရောက်နေချိန် တနင်္သာရီတိုင်း က စစ်တပ်စခန်း တိုက်ခိုက်ခံရ
· ကမ္ဘာ့ရေနံဈေးမြင့်တက်

နေ့စဉ်သတင်း၊ အောက်တိုဘာ ၁၃၊ ၂၀၂၆
https://youtu.be/0_3PnRHgbi8

#မြန်မာ #ဧရာဝတီ #ICJ #IIMM #DailyNews #WhatsHappensInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join button ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
👍48❤8😁2
Media is too big
VIEW IN TELEGRAM
မြန်မာ့နဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက် မကြာခင် ထွက်လာနိုင်တယ်လို့ IIMM ပြော

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ဟာ လာမယ့်လပိုင်းတွေအတွင်း ထွက်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအမှုဟာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်ပွားအောင် တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ မြန်မာနိုင်ငံဘက်က ပျက်ကွက်ခဲ့သလားဆိုတာကို အဓိက စစ်ဆေးနေတာ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ရိုဟင်ဂျာ #လူမျိုးတုံး #IIMM #ကုလသမဂ္ဂ #ICJ #WhatsHappeningInMyanmar
❤36👍20😁5👎1
• မြန်မာက ရိုဟင်ဂျာအမှု ICJ စီရင်ချက်ချမည့်ရက် ကြေညာ

• မိုးမိတ်က စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းပိုက်

• နယ်စပ်မှာ လေကြောင်းမတိုက်ဖို့ မြန်မာကို ထိုင်း သတိပေး

• စစ်အစိုးရကို ပြုတ်ကျအောင်လုပ်ဖို့လိုတယ်လို့ တာဘုန်းကျော်ပြော

• မြန်မာကလေးတွေ ဗုံးကြဲခံနေရတဲ့အကြောင်း ကမ္ဘာကျော်အဆိုတော် Zayn Malik ဝေမျှ

• အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်ပါတီ လွှတ်တော်နှစ်ရပ်လုံး ရှုံးနိမ့်

နေ့စဉ်သတင်း၊ နိုဝင်ဘာ ၄၊ ၂၀၂၆

https://youtu.be/QvWq761o3gM
#မြန်မာ #ဧရာဝတီ #ICJ #ရိုဟင်ဂျာ #နယ်စပ် #မိုးမိတ် #KIA #စစ်စခန်း #TNLA #UNICEF #ZaynMalik #တာဘုန်းကျော် #အမေရိကန် #ရွေးကောက်ပွဲ #နေ့စဉ်သတင်း #DailyNews #WhatsHappeningInMyanmar
❤27👍17😁1